Sunday, December 14, 2014

ဂေါတမဘုရားရှင်ရဲ့ အသံတော်ကိုရှာတွေ့ပြီ


ဘုရားရှင် တကယ်ရှိခဲ့မယ်ဆိုရင် သူရဲ့အသံတော်ဟာ လေထဲမှာပဲ ရှိလိမ့်ဦးမယ်ဆိုပြီး ရှာဖွေကြတာ အခု ဟိမဝန္တာတောကြီးရဲ့ အနီးတစ်ဝိုက်မှာ ရှာလို့တွေ့ပြီ။ ဘုရားရှင်ရဲ့ စွယ်တော်ကိုစစ်တော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၆၀၀ ဝန်းကျင်ခန့်ကလို့ ဥရောပ သိပ္ပံပညာရှင်တွေက အတည်ပြုပေးကြပါတယ်။ DNA က သာမန်လူ တစ်ယောက်ရဲ့ DNA မျိုး မဟုပ်ဘူးလို့ ပြောပြီး ဘုရားရှင်ရှိခဲ့တဲ့အကြောင်းကို လက်ခံခဲ့ကြတယ်။
ငရဲကိုရှာကြတာ အခု ရုရှားနိုင်ငံ ဆိုက်ဘေးရီးယား တောက်နက်ကြီးရဲ့အောက်မှာ တွေ့ပြီ။ ဒေါက်တာ အဂ္ဂါမစ်ချယ်ဆိုတဲ့ ပုဂ္ဂိုလ်ကြီးက နတ်ကိုရှာတာ အခုတွေ့ပြီ။ နတ်သားတစ်ပါးက ပေ ၃၀ ဝန်းကျင်ခန့် ရှိတယ်လို့ ကွန်ပျူတာက အဖြေထုပ်ပေးတယ်။ အမေရီကန်နဲ့ ရုရှားနိုင်ငံက သိပ္ပံပညာရှင်တွေဟာ သစ္ဆေသရဲတွေကို ရှာဖွေတွေ့ရှိကြောင်း အလျှင် ၅၀၀၀နှုန်းရှိသော ကင်မရာဖြင့် ရိုက်ကူးပြီး တွေ့ရှိကြောင်း သစ္ဆေသရဲများ၏ ခန္ဓာကိုယ်သည် အက်တိုပလာဇာမ်ခေါ်သော အလွန်နုညံ့သည့် ဒြပ်နှင့် တည်ဆောက်ထားပြီး ဖရီကွမ်စီ နှစ်သောင်းကျော်အသံလွန် လှိုင်းဒဏ်ဖြင့် သုတ်သင်လျှင် ၎င်းတို့၏ ခန္ဓာကိုယ်ပြိုကွဲပြီး အသံ၊ အလင်းနှင့် ဒုတ်၊ ဓား၊ လက်နှက်များကို ကြောက်ပြီး အမဲသား၊ နှမ်း၊ မုန့်ညှင်းဆီနှင့် အသားမျိုးစုံကို အလွန်ကြိုက်နှစ်သက်ကြကြောင်း အစရှိတဲ့ သရဲနှင့်ပတ်သက်သော အကြောင်းအရာများကို ရှာဖွေဖော်ထုပ်ပြီး ဘုရားရှင်ဟောကြားခဲ့သော တစ္ဆေ သရဲများမှာ အမှန်တကယ်ရှိကြောင်းကို အတည်ပြုပေးခဲ့ကြသည်။ လူတွေမှာ ရောင်ခြည်းရှိကြောင်းကို ဓာတ်ပုံဖြင့် ဖော်ပြပေးပြီး ဂေါတမဘုရားရှင် ရောင်ခြည်တော် ခြောက်သွယ်ကွန့်မြူးတာ ဖြစ်နိုင်ကြောင်း ဂျာမနီနိုင်ငံမှ သိပ္ပံပညာရှင် ဗွန်ရိုက်ခင်းဘက်က အဆိုပြုတင်သွင်းခဲ့သည်။ ဘုရားရှင် တကယ်ရှိခဲ့ရင် သူနေထိုင်တဲ့ နေရာတွေကိုရှာဖွေရင် သိနိုင်လောက်တယ်ဆိုပြီး အင်္ဂလိပ် ကျောက်စာဝန် မစ္စတာကန်နင်ဂန်က အန္ဒိယအစိုးရကို အကူညီတောင်းပြီး ရှာတာ ဒီကနေ့ ဗုဒ္ဓဂါယာဆိုပြီး ပေါ်ပေါက်လာခဲ့ပါတယ်။ ဗုဒ္ဓဘာသာအမည်ခံပြီး ဘာသာသာသနာကို စောင့်ရှောက်နေကြပါတယ်လို့ အော်ဟစ်နေကြတဲ့ အွန်လိုင်းပေါ်က မိတ်ဆွေတွေကော ဂေါတမဘုရားရှင်အကြောင်းကို ဘယ်လောက်သိပြီး ဘုရားရှင် ဿသနာတော်ကြီးကို ဘယ်လိုများစောင့်ရှောက်နေကြပါသလဲ တရားတော်တွေ့တိုင်း လက်ညှိုးလေးတစ်ချောင်းစိုက်ပြီး၊ ရှဲပြီး ကုသိုလ်ယူလိုက်ကြပါစို့။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...