Saturday, December 27, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၂၇-၁၂)

သစ်ထူးလွင်


Posted: 27 Dec 2014 07:28 AM PST
ထိုင်းနိုင်ငံတောင်ပိုင်းမှာ လာမယ့် ရက်ပိုင်းတွေ အတွင်း မိုးကလျှော့မယ့်ပုံ မရှိဘဲ တောင်ပိုင်းက အနည်းဆုံး ပြည်နယ် ၇ ပြည်နယ်မှာ ရုတ်တရက် ရေကြီးမှုတွေ ဖြစ်နိုင်တယ်လို့ ဒီကနေ့ သတိပေး ချက်ထုတ်ပြန်သွား ပါတယ်။ ပတ္တလောင်၊ စံခရ၊ ပတ္တနီ၊ ရာလာနဲ့ နာရသီဝပ်ခရိုင်တွေမှာ မိုးက ပိုကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနက ခန့်မှန်းချက်ထုတ်ထားတာပါ။ နိုင်ငံတောင်ပိုင်းနဲ့ ထိုင်းပင်လယ်ကွေ့မှာ မုတ်သုန်မိုးရွာသွ
Posted: 27 Dec 2014 07:26 AM PST
NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင် ဆန်းစုကြည်ဟာ လာမယ့် ဇန်န၀ါရီလ ၃ ရက်နေ့ ပဲခူး မြို့ရွှေမော်ဓေါ ဘုရားကွင်းမှာ ကျင်းပမယ့် ဗိုလ်ချုပ် အောင် ဆန်း နှစ်တစ်ရာပြည့် မွေးနေ့အကြို အခမ်းအနားမှာ တက်ရောက် မိန့်ခွန်းပြောမယ်လို့ ပါတီ ဗဟိုအလုပ် အမူဆောင်တစ်ဦးဖြစ်သူ ဦးစံဦးက ပြောပါတယ်။ "ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် အခမ်းအနား ရှိတယ်လေ၊ အဲ့ဒီမှာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီးတော့ချီးမြှ
Posted: 27 Dec 2014 07:17 AM PST
ပုံစာ -ဆိုင်းဘုတ်ထောင်ထားသည့် ဥဒေါင်းနယ်မြေရဲကင်းမြေနေရာ။ ဒီဇင်ဘာ - ၂၇ - ၂၀၁၄ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ဥဒေါင်း ကျေးရွာတွင် နယ်မြေ ရဲကင်း အတွက် သိမ်းယူ ထားသည့် မြေနေရာကို ပြန်လိုချင်သည်ဟု မူလအမည်ပေါက် ပိုင်ရှင်များက ပြောဆိုပြီး ၎င်းကိစ္စရပ်များ အတွက် ပြည်သူ့ လွတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစေအွာနှင့် ဆက်သွယ် ဆောင်ရွက်မှုများ ပြုလုပ်နေသည်ဟု သိရှိရသည်။ မူလအမည်ပေါက်ပိုင်ရှင်များမှာ ဦးပုတို-နောင်
Posted: 27 Dec 2014 07:11 AM PST
မြောက်ကိုရီးယားအင်တာနက် ပြတ်တောက်မှု မြောက်ကိုရီးယားနိုင်ငံမှာ အခု ရက်ပိုင်းတွေ အတွင်း အင်တာနက်လိုင်း ပြတ်တောက်မှုတွေရဲ့တရားခံဟာ အမေရိကန် ပြည်ထောင်စု ဖြစ်တယ်လို့ မြောက်ကိုရီးယား အစိုးရက စွပ်စွဲသွားပါတယ်။ Sony Pictures ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ အင်တာနက်စံနစ်ထဲကို အွန်လိုင်းကနေ ထိုးဖောက် ဝင်ရောက်မှုနဲ့ ပတ်သက်ပြီး သူတို့နှစ်နိုင်ငံ အချင်းများ နေကြတာပါ။ ဒီ သီတင်းပတ်အစောပိုင်းတုန်းက အင်တာနက်လိုင်း ပြ
Posted: 27 Dec 2014 07:01 AM PST
၂၀၁၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုနဲ့ အမျိုးသမီး ဇာတ်ဆောင်ဆု တွေကို ရုပ်ရှင်သရုပ်ဆောင် ပြေတီဦးနဲ့ ၀တ်မှုံရွှေရည် တို့ ရရှိသွားပါတယ်။ ၀၁၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် အကယ်ဒမီပေးပွဲအခမ်းအနားကို ရန်ကုန်မြို့ Myanmar Event Part (MEP) ခန်းမမှာ ကျင်းပပြုလုပ်ခဲ့တာပါ။ ရုပ်ရှင်သရုပ်ဆောင် ပြေတီဦးနဲ့ ၀တ်မှုံရွှေရည် တို့ကတော့ ဒါရိုက်တာဝိုင်း ရိုက်ကူးတဲ့ နင်စေရင် ဇာတ်ကားနဲ့ အ
Posted: 27 Dec 2014 06:59 AM PST
ဒီဇင်ဘာလ ၂၄ ရက်နေ့က မျိုးနွယ်စုပြောက်ကျားတပ်လို့ သံသယရှိသူတွေ အပြန်အလှန် လက်စားချေ တိုက်ခိုက်မှုအတွင်း လူ ၅၁ ယောက် သေဆုံး အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်မှာ ဒီတပတ် အနည်းဆုံး လူ ၈၀ လောက် သေနတ်ပစ်သတ်ခံရလို့ သေဆုံးသွားရတာကြောင့်  အဲဒီဒေသခံ စစ်သွေးကြွတွေကို ပြန်တိုက်ခိုက်ဖို့ မြန်မာ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ပူးပေါင်းဆောင်ရွက်ပေးဖို့ အကူအညီ တောင်းထားတယ်လို့ ဒီိဇင်ဘာလ ၂၆ ရက်နေ့က တာဝန်ရှိသူေ
Posted: 27 Dec 2014 06:58 AM PST
အမျိုးသား ပညာရေး ဥပဒေကို အလိုမရှိကြောင်း ကန့် ကွက်တဲ့အနေနဲ့ ဗမာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအဖွဲ့ချုပ်က စတစ်ကာဖြန့်ဝေတဲ့ လှုပ်ရှားမှုကို ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဒီကနေ့ ညနေပိုင်းက ပြု လုပ်ခဲ့ပါတယ်။ ဒီမိုကရေစီပညာရေးလှုပ်ရှားမှုကော်မတီရဲ့ တောင်းဆို ချက်တွေကို ရက်ပေါင်း ၆၀ အတွင်း ဆောင်ရွက်ပေး ဖို့ တောင်းဆိုထားတာကို အစိုးရဘက်က အခုအချိန်အထိ တစ်စုံတရာ တုံ့ပြန်မှု မရှိသေးတာကြောင့် အခုလို စတ
Posted: 27 Dec 2014 06:43 AM PST
ဒလမြို့နယ်အတွင်း စည်ပင်သာယာ ရွေးကောက်ပွဲ လာရောက်မဲပေးသူ မဲဆန္ဒရှင် ပြည်သူတစ်ဦး။ (ဒီဇင်ဘာ ၂၇၊ ၂၀၁၄) ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် အဆင့်ဆင့် ရွေးကောက်ပွဲတွေကို ဒီကနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။ ဒီရွေးကောက်ပွဲမှာ လာရောက် မဲပေးသူဦးရေ နည်းတာ၊ မဲစာရင်းမှာ အမည်မပါလို့ မဲမပေးရတဲ့သူတွေ ရှိတာတွေအတွက် အငြင်းပွားစရာ ဖြစ်ရတယ်လို့လည်း ကိုယ်စားလှယ်လောင်းတွေ နဲ့ မဲဆန္ဒရှင် ပြည်သူေ
Posted: 27 Dec 2014 05:50 AM PST
တရက်ကြို ပေါက်ကြားခဲ့သော ၂၀၁၄ ရုပ်ရှင်အကယ်ဒမီဆု စာရင်းသည် အကယ်ဒမီဆု ၆ ဆု အားလုံး အတိအကျ မှန်ကန်သည်ကို တွေ့ရသည်။ အသံဆု၊ ဇာတ်ကားဆုနှင့် ဓါတ်ပုံဆု ချီးမြှင့်ခြင်း မရှိပေ။ News Watch(စောင့်ကြည့်သတင်းဂျာနယ်) https://www.facebook.com/NewsWatchJournal
Posted: 27 Dec 2014 05:18 AM PST
ရန်ကုန်စည်ပင်သာယာရေး ကော်မတီ ကိုယ်စားလှယ် ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၇ရက်က ရန်ကုန်တမြို့လုံးမှာ တပြိုင်နက်ကျင်းပ ပြုလုပ်ခဲ့ပြီး မြို့လူထု လာရောက်မဲပေးမှု နည်းခဲ့ပါတယ်။ မဲပေးသူ နည်းရတဲ့အထဲ မဲလာပေးသူ အတော်များများလည်း မဲစာရင်းမှာ နာမည် မပါလို့ မဲမပေးကြရဘဲ ဒီကိစ္စနဲ့ပတ်သက်ပြီး မြို့နယ်တချို့မှာ ကန့်ကွက်ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။ 12မြို့တော်စည်ပင်သာယာအဆင့်၊ ရန်ကုန်မြောက်ပိုင်းခရိုင် ကိုယ်စားပြု 
Posted: 27 Dec 2014 05:15 AM PST
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲကို ဒီဇင်ဘာ (၂၇)နေ့တွင် ကျင်းပလျက်ရှိပြီး မဲစာရင်းများတွင် သေဆုံးသူများ ပါဝင်နေခြင်း၊ မဲပေးပိုင်ခွင့်ရှိသူများ မဲစာရင်းတွင် မပါဝင်ခြင်း တို့ ကြုံတွေ့နေရကြောင်း သိရသည်။ ''မဲစာရင်း လာကောက်လားတော့ မသိဘူး။ အခု သန်းခေါင်စာရင်းပါတယ်။ မှတ်ပုံတင်ပါတယ်။ မဲရုံလာတော့ မဲစာရင်း မှာမပါလို့ မဲမထည့်ရဘူး။ သေနေတဲ့လူက ပါပြီး ကျွန်တော်တို့ကျတော့ မပါဘူး။
Posted: 27 Dec 2014 04:53 AM PST
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ မြို့တော် ဒါကာမှာ ပေ ၃၀၀ နက်တဲ့ ပိုက်ထဲကို ပြုတ်ကျ ပိတ်မိနေတဲ့ ၄ နှစ်သား ယောက်ျားလေး ဇီယောကို ကယ်ဖို့ ညလုံးပေါက် ကြိုးစား နေကြပြီး ရာနဲ့ ချီတဲ့ လူတွေ ဒီဇင်ဘာလ ၂၆ ရက်နေ့ညက  စောင့်ကြည့်နေကြပါတယ်။ အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့တွေနဲ့ ရုပ်သံဌာနတွေက ရိုက်ကူးရေး အဖွဲ့ဝင်တွေရဲ့ မီးရောင်တွေ အောက်မှာ မီးသတ်သမားတွေက ရှာဂျာဟန်ပါမြို့နယ်အတွင်း ပေ ၃၀၀ နက်တဲ့ စွန့်ပစ်ရေတွင်းထဲက ရေ
Posted: 27 Dec 2014 04:53 AM PST
လစ်ဗျားနိုင်ငံ အရှေ့ပိုင်းက အကြီးဆုံး ရေနံဆိပ်ကမ်း မြို့ဖြစ်တဲ့ အက်စ်ဆိုက်ဒါမြို့မှာ ရေနံ သိုလှောင် ကန်ကြီးတခု ဒီဇင်ဘာလ ၂၅ ရက်နေ့က တိုက်ခိုက်မှုတွေ အတွင်း ဒုံးကျည်ထိမှန်ပြီး မီးစွဲလောင် နေပါ တယ်။ ၂၀၁၁ ခုနှစ်က အာဏာရှင်ကဒါဖီးကို ဖြုတ်ချခဲ့ကြတဲ့ သူပုန်တပ်ဖွဲ့တွေက ကိုယ်ပိုင် အစိုးရတွေ ခွဲထွက်ထူထောင်ထားကြပြီး နိုင်ငံရဲ့ရေနံမြေတွေနဲ့ ရေနံဆိပ်ကမ်းတွေကို စိုးမိုးခွင့်ရရေး တိုက်ခိုက်နေကြတာပါ။ ဒီဇင်ဘာလ
Posted: 27 Dec 2014 04:48 AM PST
ရန်ကုန်၊ ဒီဇင်ဘာ ၂၇ ၂၆.၁၂.၂၀၁၄ ရက်နေ့ ၁၄၃၀ အချိန်တွင် တွံတေးမြို့နယ်၊ တွံတေး-ဒလ ကားလမ်း အတိုင်း အနောက်မှ အရှေ့သို့ ယာဉ်မောင်း ဇော်ကြီး(ခ)၀င်းဇော်ထွန်း မောင်းနှင်လာသော အုတ်ခဲများတင် ဆောင်လာသည့် ထော်လာဂျီယာဉ်သည် တလုတ္ထော်တံတား အနီးအရောက် အရှိန်မထိန်းနိုင်ဘဲ တစ်ဘက်ယာဉ်ကြောသို့ ရောက်ရှိကာ တိမ်းမှောက်သွားခဲ့ပြီး ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်သွား ခဲ့ပါသည်။ ထော်လာဂျီယာဉ် တိမ်းမှောက်မှုကြောင့် ၎င်းယာ
Posted: 27 Dec 2014 04:45 AM PST
ရန်ကုန်၊ဒီဇင်ဘာ ၂၇ ၂၆.၁၂.၂၀၁၄ ရက်နေ့ ၀၇၃၀ အချိန်တွင် ထန်းတပင်မြို့နယ်၊ ရေပေါ်သောင် ကားလမ်းအတိုင်း ထန်းတပင်ဘက်မှ မှော်ဘီဘက်သို့ ထန်းတပင်မြို့နယ်နေ ယာဉ်မောင်း ကိုရဲကိုနိုင် မောင်းနှင်လာသော 2G---- SUZUKI Carry ကိုယ်ပိုင်ယာဉ်သည် သံတဇာကျေးရွာ အနီးအရောက် ယာဉ်၏ ယာဘက်နောက်ဘီး ကျွတ်ထွက်သွားကာ တိမ်းမှောက်သွားခဲ့ပြီး ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင် သွားခဲ့ပါသည်။ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပျက်စီးခဲ့
Posted: 26 Dec 2014 11:58 PM PST
Photo: Nay Thwae/RFA ပြီးခဲ့တဲ့ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ လက်ပံတောင်းတောင် အရေးအခင်းမှာ ရဲတပ်ဖွဲ့ ရဲ့ပစ်ခတ်မှုကြောင့် ဒေါ်ခင်ဝင်းသေဆုံးပြီး လယ်သမား ၄ဝ လောက် ဒဏ်ရာ ရခဲ့တာနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို အရေးယူပေးဖို့  မန္တလေးမြို့မှာ ဒီနေ့မနက်က ဆန္ဒပြ ခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ ၇၃ လမ်းမကြီးဘေးမှာ ရှိတဲ့ မင်္ဂလာဈေးကနေပြီး တရုတ်ကောင် စစ်ဝန်ရုံးကို ချီတက်ဆန္ဒပြ ခဲ့ကြတာပါ။ တရုတ်ကောင်စစ်ဝန်ရုံးရှေ့ကိုဆန္ဒပြ
Posted: 26 Dec 2014 11:39 PM PST
မှန်လုံယာဉ်နှင့် တယ်လီဖုန်းကြိုးများ ငြိပြီး ဆရာတော် တစ်ပါးပေါ်သို့ ဖုန်းတိုင် လဲကျခဲ့ရာ ဆရာတော် ပျံလွန်တော်မူ သွားကြောင်း မုံရွာ မြို့မ ရဲစခန်းမှ သိရသည်။ ယခုလ(၂၆) ရက်နေ့၊ နံနက် (၆) နာရီ အချိန်က အားကစား ပြိုင်ပွဲဝင်မည့် ကျောင်းသား ကျောင်းသူများ တင်ဆောင် လာသော အဆိုပါ မှန်လုံယာဉ်မှာ မုံရွာမြို့၊ အေးသာယာ ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ အလက (၂) ကျောင်းခွဲ အနီးရှိ ဖုန်းကြိုးနှင့် ငြိခဲ့ခြင်း ဖြစ်သည်။ 
Posted: 26 Dec 2014 09:32 PM PST
တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း လျောင်နင်းပြည်နယ်မှာ ဒေသခံရဲတွေက ကြောင်တွေကိုခိုးပြီး ကုန်ကူးဖို့ စီစဉ်သူတွေလို့ သံသယရှိတဲ့ တအုပ်စုကို ဖမ်းမိခဲ့ပါတယ်။ အခိုးခံ ကြောင်ကောင်ရေ တထောင်ကျော် ရှိပြီး ပိုင်ရှင် တွေကို စောင့်နေတယ်လို့ ဒေသခံရဲတွေက ပြောပါတယ်။ အိမ်မွေးနဲ့ တောရိုင်းကြောင်တွေကို တခြားပြည်နယ်တွေက လူ ၆ ယောက်က ခိုးယူခဲ့တယ်လို့ ဆိုပါတယ်။ တခြားနေရာတွေမှာ စားဖို့နဲ့အသုံးအဆော
Posted: 26 Dec 2014 09:29 PM PST
ပြည်မြို့နယ်၊ ဘန့်ပြင်အုပ်စု၊ ပေါင်းတရာကျေးရွာမှာ လူ ၃၀ လောက် ၀မ်းပျက်၊ ၀မ်းလျှော ဖြစ်ခဲ့ပြီး ဒီဇင်ဘာ ၂၅ ရက်နေ့က အမျိုးသမီး တဦး သေဆုံးသွားခဲ့ပါတယ်။ သေဆုံးသူကအသက် ၂၅ နှစ်အရွယ် အမျိုးသမီး ဖြစ်ပြီး ဒီဇင်ဘာ ၂၄ ရက်နေ့က ၀မ်းဗိုက်ရစ်နာပြီး အန်တာကြောင့် ဆေးရုံပို့လိုက်ရပြီးနောက်   ပြည်ဆေးရုံကြီးမှာ  သေဆုံးသွားခဲ့တာပါ။ ဒါ့အပြင် ရွာထဲက လူ ၃၀ လောက်လည်း ၀မ်းပျက်ဝမ်းလျှော ဖြစ်လို့၊ ကျေးလက်ကျန်းမာေ
Posted: 26 Dec 2014 09:27 PM PST
လက်ရှိဥက္ကဋ္ဌ ဦးတင်အေးဟာ ပြည်ခိုင်ဖြိုးပါတီ ထိပ်တန်း ခေါင်းဆောင် တစ်ယောက် ဖြစ်ခဲ့ဖူးပြီး ပါတီက နုတ်ထွက်လို့ ကော်မရှင်ဥက္ကဋ္ဌ ဖြစ်လာသူ တစ်ဦးဖြစ်ပါတယ် … ပါတီပေါင်းစုံ အကြိတ်အနယ် ယှဉ်ပြိုင်ကြရမယ့်၂၀၁၅ ရွေးကောက်ပွဲကြီးမှာ ပါတီရဲ့ ထိပ်သီးခေါင်းဆောင် တစ်ယောက်ဟာ ဘက်မလိုက်၊ သမာသမတ်ကျရ မယ့် ရွေးကောက်ပွဲကော် မရှင် ဥက္ကဋ္ဌတစ်ယောက် ဖြစ်ပါရဲ့လား ဆိုတာ မေးခွန်းထုတ်စရာ ကောင်းနေ … ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Posted: 26 Dec 2014 09:23 PM PST
ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး။ ဒီကနေ့ ဒီဇင်ဘာလ ၂၇ ရက် စနေနေ့ဟာ ရန်ကုန်မြို့ရဲ့ စည်ပင် သာယာရေး ကော်မတီ အတွက် ကော်မတီဝင် အဆင့်ဆင့် ရွေးကောက်ပွဲ ကျင်းပတဲ့နေ့ ဖြစ်ပါတယ်။ မနေ့ကတော့ စည်ပင်ရွေးကောက်ပွဲ ကော်မရှင်က မဲရုံ စစ်ဆေးမှုတွေနဲ့ ရွေးကောက်ပွဲ အတွက် လိုအပ်တာတွေကို ပြင်ဆင်ခဲ့ကြသလို ၀င်ရောက် အရွေးခံမယ့် ကိုယ်စားလှယ် လောင်းတွေကလည်း သူတို့ခရိုင် အလိုက် နောက်ဆုံး မဲဆွယ်မှုတွေကို ပြုလုပ်
Posted: 26 Dec 2014 08:51 PM PST
ရှေ့နေ ဦးမြသွေး သာသနာ ညှိုနွမ်းစေမှုနဲ့ တရားစွဲ ခံထားရတဲ့ နယူးဇီလန် နိုင်ငံသား Mr Philip ဘက်နေ အမှုလိုက် ပေးနေတဲ့ ရှေ့နေကို ဖေ့စ်ဘုတ် လူမှုကွန်ရက်ကနေ တဆင့် အသက်အန္တရာယ် အတွက် ခြိမ်းခြောက်တာတွေ ခံခဲ့ရတယ်လို့ ဆိုပါတယ်။ Mr Philip အတွက် အမှုလိုက်ပေးနေတဲ့ ရှေ့နေ ဦးမြသွေးက တတိယမြောက် ရုံးချိန်မှာ  သူ့အသက်ကို သတ်ပစ်မယ်ဆိုပြီး ဖေ့စ်ဘွတ်ခ် စာမျက်နှာတွေကနေ ခြိမ်းခြောက်ခဲ့တယ်လို့  မီဒီယာတွေကို
Posted: 26 Dec 2014 08:48 PM PST
လက်ပံတောင်းတောင် အဓိကရုဏ်း အတွင်းမှာ ရဲတပ်ဖွဲ့က ပစ်ခတ်လို့ ဒေသခံ ဒေါ်ခင်ဝင်း သေဆုံးခဲ့မှုနဲ့ ပက်သက်လို့ ကန့်ကွက်တဲ့ အနေနဲ့ မန္တလေးမြို့ တရုတ်ကောင်စစ်ဝန်ရုံး ရှေ့မှာ ပြည်သူတွေ ဒီကနေ့ စနေနေ့မှာ သွားရောက် ဆန္ဒပြ ခဲ့ပါတယ်။ ဆန္ဒပြပွဲကို မန္တလေးက သံဃာတော်တွေနဲ့ ပြည်သူ ၅၀၀ ကျော် ပါဝင်ခဲ့ပြီး ရဲတပ်ဖွဲ့က တရုတ်ကောင် စစ်ဝန်ရုံးရှေ့ကို မသွားနိုင်အောင် စည်းတားမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ပထမစည်းကို 
Posted: 26 Dec 2014 08:42 PM PST
ဆိုနီကုမ္မဏီကို အကြပ်ရိုက်စေပြီး မြောက်ကိုရီးယား သမ္မတ ကင်ဂျုံအွန်ကို သရော်ထားတဲ့ အင်တာဗျူး ဆိုတဲ့ ရုပ်ရှင်ကားအစ အဆုံး ကြည့်နိုင်ပါပြီ။ ရုပ်ရှင်ထဲမှာ အမေရိကန် ထောက်လှမ်းရေးက အသစ် ခန့်ထားခဲ့တဲ့ သတင်းထောက် ၂ ယောက်က မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းကို လုပ်ကြံတဲ့ ဟာသကား ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုပြရင် အကြမ်းဖက်မှု ရှိနိုင်တယ်လို့ ခြိမ်းခြောက်မှုတွေ ရှိနေတာမို့ အမေရိကန် ရုပ်ရှင်ရုံလုပ်ငန်းရှင် အ
Posted: 26 Dec 2014 05:37 PM PST
ထိုင်းနိုင်ငံ ခိုထောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ်သမား နှစ်ဦးကို ဒီနေ့ Koh Samui ခရိုင်တရားရုံးမှာ ရုံးထုတ်ရာ နှစ်ဖက်သက်သေစာရင်းကို တင်ပြခဲ့တယ်လို့ သိရပါတယ်။ တရားလိုဖြစ်တဲ့ ထိုင်းအစိုးရဘက်က သက်သေ ၆၂ ဦးနဲ့ သက်သေခံပစ္စည်းတွေတင်ပြပြီး မြန်မာအလုပ်သမား ၂ ဦးဘက်က သက်သေ ၂၇ ဦး တင်ခဲ့တယ်လို့ တရားရုံးကိုတက်ရောက်ခဲ့တဲ့ မြန်မာသံရုံးအထူးအဖွဲ့က ရှေ့နေ ဦးေ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...