Saturday, May 31, 2014

အိမ်ရှင် နှင့် ဧည့်သည်



တစ်ခါတုန်းက တဲအိမ်လေးတစ်အိမ် ရှိတယ်။
အဲဒီတဲအိမ်လေးမှာ အိမ်ရှင်တစ်ယောက်ရှိတယ်။ အိမ်ရှင်ရဲ့ နာမည်က
ဦး……………ဖြစ်တယ်။ အိမ်ရှင်က ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းနေတယ်။
ဘဝမှာ ဗိုက်ပြည့်ရုံ အစာစားနိုင်ရင် စားဖို့အတွက်လုံလောက်ပြီ၊

“ခရိုနီကြီးငယ်တို့ လူမိုက်ဂိုဏ်းတွေ သုံးနေပြီလား”

Su Su Nway's status update.Su Su Nway's photo.Su Su Nway added 2 new photos — with Nyi Han and 18 others.
၁၉၉၄/၉၅ ခုနှစ်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ထုံးဘိုကျေးရွာတွင်
ကော်ဖီစိုက်ခင်းစီမံကိန်းအတွက်ဟုဆိုကာ ရွာသူရွာများပိုင် ခြံမြေများကို အဓမ္မသိမ်းယူ၍ ဦးလှသန်း ဆိုသူကို လုပ်ပိုင်ခွင့် ချထားပေးခဲ့ပါသည်။
ထိုသို့သိမ်းယူစဉ်က ခြံမြေများအပေါ်ရှိ စိုက်ပျိုးသီးနှံများနှင့် ခြံမြေများအတွက်ပါ မည်သည့်လျော်ကြေး၊ နစ်နာကြေးမှ ပေးအပ်ခဲ့ခြင်းမရှိပါ။
ကော်ဖီစိုက်ခင်းစီမံကိန်းအတွက်ဟုဆိုကာ သိမ်းယူခဲ့ခြင်းဖြစ်သော်လည်း
မည်သည့်အပင်မှ စိုက်ပျိုးလုပ်ကိုင်ခဲ့ခြင်းမရှိပါ။

သစ်ထူးလွင် သတင်းစုစည်းမှု (၃၁-၅)

သစ်ထူးလွင်


Friday, May 30, 2014

မစို့မပို့ ရူးသူများ

ရွာမှာ ကျွန်တော်နဲ့ ငယ်ငယ်တည်းက ပေါင်းလာခဲ့တဲ့ အေးနိုင်ဆိုတဲ့ ဘော်ဒါတစ်ယောက်ရှိတယ်။ သူက ကလေးတည်းက နိုင်ငံတကာရေးရာတွေ စိတ်ဝင်စားတယ်။ လူစုံရင် (အထူးသဖြင့် ကျွန်တော်နဲ့တွေ့ရင်) အပြည်ပြည်ဆိုင်ရာ သိပပ္ပံပညာတွေ၊ စက်မှုလက်မှုတွေ သူသိသမျှ ရှယ်ယာတော့တာပဲ။

ကဲ ပညာရေးဝန်ကြီး ဒီလိုဖြစ်နေတယ်နော်

ကဲ ပညာရေးဝန်ကြီး ဒီလိုဖြစ်နေတယ်နော်

ကျောင်းသားလေးများတွေ့က
တင် ပေးစေချင် ပါတယ်

ခရီးက ဝေး
ဘဝကလဲ စက်ဘီးတောင် မရှိသေးလို့
ရွာဦးက မျှော်ကာ
ကျောင်းသွားရဖို့ရာ
ရောက် ကတည်းကတားတဲ့ကား
တစ်စီးမှမရပ်ပေးပါလား''''''''
~
အများထက်စောကာ
ကျောင်းရောက်ချင် ပါလဲ
မရပ်ပေးတဲ့ကားများရယ်
ပိုက်ဆံတောင်းလဲ
မုန့်မဝယ်စားပဲပေးပါ့မယ်''''''''
~
နီးလာပေါ့ကျောင်းတက် ချိန် ရယ်
ကားမျှော်ကာမျက် ရည် ဝိုင်းလာတယ်
ရပ်ပေးပါတော့လားဦးဦးတို့ရယ်တဲ့
~
ကိုးနာရီရယ် ထိုးလို့သာ
နောက်ဆုံးမှာ လာတဲ့ကား
ကန် တော့လို့တောင်းပန်သော်ငြားလဲ
မရပ်ပဲ မောင်းကာသွားတော့
မျက် ရည်ဝိုင်းလို့သာ
အိမ် ကိုသာပြန် ရ တော့မယ်
နောက် နေ့မှပေါ့ကွယ်။

လင်းရောင်ခြည်

Ko Myo

ကျောင်းသားလေးများတွေ့က
တင် ပေးစေချင် ပါတယ်
ခရီးက ဝေး
ဘဝကလဲ စက်ဘီးတောင် မရှိသေးလို့

အခုထိလွဲနေကြတုန်းလား

Myo Swe Than's photo.
Myo Swe Than added 2 new photos.

Clean Tex က ညီလင်းဆက်က ၁၉၇၇၊မေ(၂၉) ဒီလိုနေ့ မျိုးမှာ
ဒေါက်တာဘမော် သေဆုံးခဲ့တယ်လို့ ကြိုးကြိုးစားစားပြောရှာတယ်
မှတ်ချက်တွေက ဒေါက်တာဘမော် ချောလိုက်တာတဲ့
ဟယ်မိုက်တယ်တော့တဲ့၊ ဖိုတိုရှော့များသုံးထားသလားတဲ့၊
နေတိုးနဲ့ တူတယ်တဲ့၊ ဘယ်ဌာနကလည်းတဲ့၊
အခုလည်း ချောတယ်တော့ မှတ်ချက်ပေးနိုင်ပါတယ်၊

နေခဲ့ဦးတော့ ... ယုဇန

သံလျင်တံတား အမှတ် (၂) ဆီက
ဓါတ်ကြိုးကြီးတွေ ထမ်းထားတဲ့ တာဝါတိုင်များ
တိမ်မည်းတွေ ဖုံးလွှမ်းခံလိုက်ရတဲ့ လတစ်စင်းနဲ့အတူ
ဖဲကြိုးဝါတွေ မစည်းနှောင်နိုင်ခဲ့တဲ့ ယုဇန
နေခဲ့ဦးတော့ ယုဇန…
နေ… နေခဲ့ဦးတော့ …

ဤမှန်သောစကားကြောင့်........



မြန်မာပြည်တွင်ခေတ်အဆက်ဆက်တက်လာသော သမ္မတများသည်.. .ကောင်းကြောင်း..အတုယုစံပြုစရာစိတ်ထား. ကိုယ်ကျင့်တရား များကို မည်သည့် ကျမ်းဂမ်လည်းမ၇ှိသလို စာအုပ်လည်းမရှိ၊ ဖတ်ဖူးခြင်းလည်းမရှိလို့ ဟုဆင်ခြေပေးအံ့....။

သစ်ထူးလွင် သတင်းစုစည်းမှု (၃၀-၅)

သစ်ထူးလွင်


Thursday, May 29, 2014

ရင်သွေးငယ်တွေရဲ့ နှလုံးသားကို တီးခေါက်မိကြပါစေ


ဒီခေါင်းစဉ်လေးပေးပြီး ဆောင်းပါးလေးတစ်ပုဒ်ရေးဖို့ အတွေးရလာရသည့် မူရင်းအခြေခံကြသူဆရာမ ခင်ခင်ထူးအား ကျေးဇူးတင်ကြောင်းပြောချင်ပါသည် ။ ညက ဆရာမခင်ခင်ထူးရဲ့ စာပေဟောပြောပွဲ အခွေလေးကို နားထောင်မိရာက ဆရာမပြောသွားသည့် စကားလုံးများထဲမှ ဒီဆောင်းပါးခေါင်းစဉ်လေးကို ရခဲ့ပါသည် ။ ဒီအတွက် ဆရာခင်ခင်ထူးအား လေးစားစွာဖြင့် အထူးပင် ကျေးဇူးတင်ရှိကြောင်း ဒီဆောင်းလေးကနေ မှတ်တမ်းတင်ပြောကြားပါရစေ ဆရာမရှင့် ။

နှလုံးသားမြို့တော်

နှလုံးသားမြို့တော်
============
 အရှိန်လျှော့၍ ရပ်လိုက်သော ဆိုင်ကယ်ပေါ်မှ ဆယ်ကျော်သက်အရွယ် စုံတွဲတစ်တွဲ တစ်ဦးနှင့်တစ်ဦး ကျီစားရင်း ခြံဝင်းအတွင်းသို့ ဝင်သွားသည်။ သူတို့ဝင်သွားသော နေရာက ‘အချစ်မရှိ မလာရသည့် ချစ်သူတို့ရွာ’။

ယင်းနေရာမှာ ကျေးရွာမဟုတ်။ စားသောက်ဆိုင်တစ်ဆိုင်၏ နာမည်သာ ဖြစ်သည်။ သို့သော် ထိုစားသောက်ဆိုင်သည် သာမန် စားသောက်ဆိုင်ကဲ့သို့ စားပွဲနှင့်ထိုင်ခုံများ ခင်းကျင်းထားခြင်း မဟုတ်။ လိုက်ကာ ကာရံထားသည့် ဝင်ပေါက်မှလွဲ၍ လုံခြုံစွာ ကာထားသော ပျဉ်ထောင်သက်ငယ်မိုး ခြောက်ပေပတ်လည်ခန့် တဲအိမ်လုံးချင်း ၁၉ အိမ်ခန့်ရှိသော စားသောက်ဆိုင် ဖြစ်သည်။

အဆိုပါနေရာမှာ တက္ကသိုလ်ကျောင်းများ တည်ရှိနေသည့်အပြင် ကဗျာဆရာ မောင်ချောနွယ်၊ စာရေးဆရာ ဒဂုံရွှေမျှား အပါအဝင် အထင်ကရ စာပေနှင့် အနုပညာရှင်များ ပေါ်ထွက်ရာ ပြည်မြို့  မြို့ပြင် လူနေအိမ်ကျဲပါးစွာ တည်ရှိသော ဘုရင့်နောင်လမ်းမ တစ်နေရာတွင် ဖြစ်သည်။ ပြည်မြို့သူမြို့သားများ အတွက်မူ ယင်းကဲ့သို့သော ဆိုင်လေးများမှာ မဆန်းကျယ်လှပေ။

အဘယ့်ကြောင့်ဆိုသော် ပြည်မြို့ မြို့ရှောင်လမ်းများ၊ လူနေရပ်ကွက်များဖြင့် ဝေးသည့် နေရာများတွင် ယင်းကဲ့သို့သော ဆိုင်လေးများကို တွေ့ရတတ်ခြင်းကြောင့် ဖြစ်သည်။ စားပွဲဝိုင်းတစ်ဝိုင်းနှင့် တစ်ဝိုင်း မတွေ့ရရုံ ကာရံထားသည့် ဆိုင်များမှစ၍ နှစ်ဦးတည်း သီးသန့်တွေ့နိုင်သည့် လုံးချင်း တဲအိမ်လေးများအထိ ရှိသည်။ ဆိုင်အချို့တွင် အခန်းဝန်ဆောင်ခ သီးသန့် သတ်မှတ်ထားသည်။ အစားအသောက် လာပို့ချိန်မှလွဲ၍ နှောင့်ယှက်မည့်သူ မရှိသဖြင့် တဲအိမ်လေးများမှာ ချစ်သူတို့အတွက် ကောင်းကင်ဘုံ ဖြစ်သည်။

“အခန်းခအတွက် တစ်ထောင်ပေးရတယ်။ အခန်းထဲမှာ အခန်းကိုကာဖို့အတွက် စောင်တစ်ထည်၊ နောက်စောင် အပိုတစ်ထည်၊ စားပွဲခုံတစ်လုံး ပေးထားတယ်။ လျှပ်စစ်မီးတော့ မရှိဘူး။ ဒီလိုနေရာကိုတော့ သမီးရည်းစားတွေပဲ လာတာများတာပေါ့” ဟု ကိုယ်တိုင် သွားရောက်ခဲ့သည့် အသက် ၂၀ အရွယ် ကိုဇော်နောင် (အမည်လွှဲ) က ဆိုသည်။

ယခုကဲ့သို့ ချစ်သူစုံတွဲတို့များကို ပစ်မှတ်ထားကာ နှစ်ဦးတည်း သီးသန့်တွေ့ဆုံခွင့် ရနိုင်ရန် စားသောက်ဆိုင်၊ အအေးဆိုင်များအသွင် ဖန်တီး၍ သီးသန့် ဝန်ဆောင်မှု ပေးထားသည့် အခန်းများကို ငှားရမ်းနိုင်သည့် စားသောက်ဆိုင် အသွင်ယူစီးပွားရေး ဈေးကွက်တစ်ခုမှာ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းမှစ၍ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာကြောင်း တက္ကသိုလ် ကျောင်းသား အသိုင်းအဝိုင်းမှ သိရသည်။

မြန်မာတစ်နိုင်ငံလုံးတွင် တက္ကသိုလ်၊ ကောလိပ်ပေါင်း ၁၆၄ ခုရှိပြီး  ယင်းကျောင်းများ အနီးသို့မဟုတ် ကျောင်းသွားရာလမ်း သို့မဟုတ် ကျောင်းသားများကို အဓိက ပစ်မှတ်ထားကာ လူနေကျဲပါးသည့် နေရာများတွင် သီးသန့်တဲများရှိသည့် ဆိုင်ငယ်များ မည်ရွေ့မည်မျှ ရှိမည်ကိုမူ အချက်အလက် ကောက်ယူထားခြင်း မရှိသည့်အတွက် မှန်းဆရန် ခက်ခဲနေဆဲ ဖြစ်သည်။ သို့သော် ထိုဆိုင်ငယ်များ ဖွင့်လှစ်မှုသိသာစွာ များပြားလာသည်မှာမူ ငြင်းမရသော အခြေအနေတစ်ခု ဖြစ်သည်။

တောင်ငူမြို့မှ ၁၃ မိုင်ခန့်အကွာတွင် ရှိသည့် နည်းပညာ တက္ကသိုလ်နှင့် ၂ မိုင်ခန့် အကွာတွင်ရှိသော ကွန်ပျူတာ တက္ကသိုလ်တို့ တည်ရှိရာနေရာ ဝန်းကျင်ဖြစ်သည့် ကေတုမတီမြို့သစ်နှင့် ထီးလှိုင် လမ်းတွင် အအေးဆိုင်၊ ကော်ဖီဆိုင်ဟုဆိုကာ သီးသန့် တဲအိမ်လုံးချင်းများ ငါးအိမ်မှ ၁၅ အိမ်ကြားရှိသည့် ဆိုင်များရှိကြောင်း၊ တက္ကသိုလ်များ တည်ရှိပြီး နောက်ပိုင်းတွင် တည်းခိုခန်းများ အလျှိုလျှို ပေါ်ပေါက်လာခဲ့ကာ ပုံမှန် ကျောင်းတက်ရက်များတွင် စနေ၊ တနင်္ဂနွေမှလွဲ၍ လူရှင်းတတ်သော်လည်း အဝေးသင် တက္ကသိုလ် ကျောင်းသားများ ကျောင်းတက်ရာသီတွင် ရက်သတ္တတစ်ပတ်လုံး စည်ကားလျက် ရှိကြောင်း မြို့ခံများက ပြောဆိုသည်။

သီးသန့်ကာရံကာ လုံခြုံမှုပေးထားသည့် အဆိုပါ တဲအိမ်များတွင် သမီးရည်းစား စုံတွဲများ တွေ့ဆုံပါက ဆိတ်ကွယ်ရာတွင် ငယ်ရွယ်သူချင်း တွေ့ဆုံကြသည့်အတွက် မလိုလားအပ်သည့် နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပွားနိုင်သောကြောင့် သက်ကြီးနှင့် သက်လတ်ပိုင်း အရွယ်များက ပြောဆို ဝေဖန်ကြသော်လည်း လူငယ်အများစုမှာမူ နှစ်ခြိုက် လက်ခံလျက် ရှိကြသည်။

“ဟိုတယ်၊ တည်ခိုခန်း သွားရတာကတော့ လူတွေအမြင်မှာတော့ ရိုင်းတာပေါ့။ ဈေးကလည်း အနည်းဆုံး ၈ ထောင်လောက် ရှိတယ်။ ဒီလိုအခန်းလေးတွေ ရှိတော့လည်း ချိန်းတွေ့ရတာ အဆင်ပြေတယ်” ဟု ကိုဇော်နောင်က ပြောဆိုသည်။

အချို့စုံတွဲများမှာ သီးသန့် တဲအိမ်လေးများ ရှိသည့် နေရာများကို ရွေးချယ်တတ်ကြပြီး အချို့မှာ အချိန်ပိုင်း ငှားရမ်းကြသည့် တည်းခိုခန်းများကိုသာ ရွေးချယ်၍ အချိန်ဖြုန်းတတ်ကြကြောင်း တက္ကသိုလ် ကျောင်းသားများ အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

မြို့ ပြင်ရောက် တက္ကသိုလ်များအနီးတွင် နိုင်ငံသား စိစစ်ရေးကတ်ပြားပေးရန် မလိုသည့် အချိန်ပိုင်းငှားရမ်းသည့် တည်းခိုခန်းများတွင် တက္ကသိုလ် ယူနီဖောင်းများဖြင့် ပေါ်ပေါ်ထင်ထင် သွားလာနေကြကြောင်း၊ ယင်းကို တည့်မတ် ထိန်းကျောင်းပေးရန် လိုအပ်နေကာ ဒေသအာဏာပိုင်များ ကိုယ်တိုင် တားဆီးမှုမရှိဘဲ တက္ကသိုလ် ကျောင်းသားများ စာရိတ္တ ပျက်စီးစေရန်နှင့် ပညာရေးပုံရိပ်၊ တက္ကသိုလ်ကျောင်းသား ပုံရိပ်များကို ကျဆင်းအောင် ပြုလုပ်နေသကဲ့သို့ ဖြစ်နေကြောင်း တက္ကသိုလ် ကျောင်းသားများ လမ်းလွှဲရောက်ကာ ပညာရေး နှောင့်နှေးနေရမှုနှင့် ပတ်သက်ပြီး မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်မှ အငြိမ်းစား ပါမောက္ခချုပ်လည်းဖြစ်သူ စာရေးဆရာ ကြည်မင်းက ဝမ်းနည်းစွာ ပြောကြားသည်။

“တက္ကသိုလ်တွေကို မြို့စွန်ပို့တယ်။ အားတဲ့အချိန်မှာ တည်းခိုခန်း သွားကြတယ်။ တက္ကသိုလ် ကျောင်းသားပုံရိပ်ဆိုတာ ဒီလို အတန်းအစားပါလို့ ထင်ရအောင် လုပ်နေတယ်လို့ မြင်တယ်။ နာရီပိုင်း တည်းခိုခန်းတွေ ပေါ်လာတယ်။ လယ်သမား မြေတောင် သိမ်းသေးတာပဲ။ ဒီလိုတည်းခိုခန်းတွေကို ဘာကြောင့် မသိမ်းရမှာလဲ” ဟု ၎င်းကထောက်ပြသည်။

၁၉၄၀ ပြည့်နှစ်များတစ်ဝိုက်က အင်္ဂလိပ် အစိုးရလက်ထက်တွင် မက်ထရစ် စာမေးပွဲဟု ခေါ်ခဲ့ကြသည့် ဆယ်တန်းစာမေးပွဲမှာ အောင်မြင်ရန် ခဲယဉ်းလှသဖြင့် အောင်မြင်ပြီး ရန်ကုန်တက္ကသိုလ် တက်ရပါက လူတကာ အထင်ကြီး ဂုဏ်ယူခဲ့ကြသည်အထိ အစဉ်အလာ ကြီးမားခဲ့လှပါသော တက္ကသိုလ် ကျောင်းသားဘဝမှာ တဖြည်းဖြည်း နိမ့်ကျလာခဲ့ပြီး ၁၉၉၆ ခုနှစ်နောက်ပိုင်းတွင် တက္ကသိုလ်များ မြို့ပြင်ရောက်ခဲ့ကာ တက္ကသိုလ် ကျောင်းသားများလည်း မြို့ပြင်ထွက်ခဲ့ကြရသည်။

ပြောင်းလဲခံလိုက်ရသော စနစ်အောက်တွင် သားကောင် ဖြစ်ရသည့် တက္ကသိုလ် ကျောင်းသားများမှာ နိုင်ငံရေးမှလွဲ၍ ကျန်ရှိသည်များကို လုပ်ဆောင်နိုင်သည့် အခြေအနေတစ်ခုသို့ ရောက်လာခဲ့သည်။ ကျောင်းသား၊ ကျောင်းသူများမှာ တက္ကသိုလ် အဆောင်များ မထားရှိတော့သဖြင့် ပြင်ပအဆောင်များတွင် အထိန်းအကွပ်မဲ့ လွတ်လပ်စွာ နေထိုင်ခဲ့ကြသည်။

လက်ရှိတွင် မြို့ပြင်၌ ဖွင့်ထားသည့် တက္ကသိုလ်များကြောင့်  ပြင်ပအဆောင်များအပြင် နာရီပိုင်း တည်းခိုခန်းများ၊ လုံးချင်းတဲအိမ်များ၊ ဘီယာဆိုင်၊ KTV၊ ဘီလိယက်ခုံ၊ တီဗီဂိမ်းဆိုင်များ  ထပ်မံဖွင့်လှစ်ထားကြပြီး ကျောင်းသားထုကို ဆွဲဆောင်ထားကြသည်။

ယင်းကဲ့သို့သော ဆိုင်အချို့မှာ သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာ နယ်နိမိတ်ပြင်ပတွင် ရှိနေကြပြီး မြို့နယ်တွင်းရှိ စားသောက်ဆိုင်၊ အအေးဆိုင်များမှာ သတ်မှတ်ထားသော အင်္ဂါရပ်နှင့် မညီညွှတ်ဘဲ အကာအရံ အပြည့်ပုံစံမျိုးဖြင့် ဖွင့်လှစ်ခွင့် မရှိကြောင်း ပြည်မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

“တက္ကသိုလ်နားမှာ ဆိုင်ဖွင့်ရင် အအေးဆိုင်နဲ့ စားသောက်ဆိုင်နဲ့အတူ ဘာလုပ်နေလဲ ဆိုတာကို ကျောင်းနဲ့အစိုးရက သိဖို့လိုတယ်။ တချို့ကတော့ သက်သောင့်သက်သာရှိဖို့ ရည်ရွယ်ပေမယ့် ဒီကိစ္စတွေအတွက် ဖြစ်သွားတာမျိုး ရှိတယ်။ ကျောင်းသူ၊ ကျောင်းသားတိုင်း ဒီလိုဖြစ်နေတာ မဟုတ်ပေမယ့် တက္ကသိုလ်ကို အရိပ်မည်းဖြစ်စေတဲ့ အရာတွေကိုတော့ တားသင့်တယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက မှတ်ချက်ပြု ပြောဆိုသည်။

၁၉၈၈ ခုနှစ် မတိုင်ခင်က တက္ကသိုလ် ကျောင်းသားဘဝများကဲ့သို့ ပျော်ပွဲရွှင်ပွဲများ၊ စာကြည့်တိုက်၊ အနုပညာ အသင်းများဖြင့် မိသားစုကဲ့သို့ စည်းစည်းလုံးလုံးဖြင့် လုပ်ဆောင်ခဲ့ကြသည့် ဘဝများကို ယခုခေတ် တက္ကသိုလ် ကျောင်းသားများကို ပြန်လည်ရစေချင်ပြီး တက္ကသိုလ် များကိုလည်း မူလနေရာတွင် ပြန်ထားစေချင်ကြောင်း ဒေါ်ဖြူဖြူသင်းက ဆိုသည်။

“ယူနီဖောင်းနဲ့လည်း တည်ခိုခန်း သွားနေတာကို မြင်နေရတာပဲ။ သန်လျင် GTC၊ စီးပွားရေး တက္ကသိုလ်တွေ နားမှာလည်း ရှိနေတာပဲ” ဟု ရူပဗေဒဘွဲ့ဖြင့် ကျောင်းပြီးထားသူတစ်ဦးက ပြောဆိုသည်။

မကြာသေးမီ ကာလအတွင်းကလည်း နည်းပညာကျောင်းရှိ စာသင်ခန်းထဲတွင် ချစ်သူနှစ်ဦးတို့၏ အတူနေဗီဒီယိုဖိုင် အင်တာနက်ပေါ်တွင် ပျံနှံ့သွားခဲ့သည်။ ယင်းကိစ္စအပေါ် တက္ကသိုလ်များ မြို့ပြင် ရောက်ရခြင်းကြောင့်ဟု ဝေဖန်သူများ ရှိသကဲ့သို့ ကျောင်းပညာရေး နိမ့်ပါးမှုများ၊ ခိုးရိုက်သူကို အပြစ်တင်ကြသည့် ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပြီး နောက်ဆုံးတွင် ထိုစုံတွဲမှာ ကျောင်းတစ်ပိုင်း တစ်စနှင့်ပင် တရားဝင် လက်ထပ်လိုက်ရသည်။

တက္ကသိုလ်တစ်ဝိုက်တွင် ကျောင်းသားများ၏ စာရိတ္တကို ယိမ်းယိုင်စေသည့်ဆိုင်များ အများအပြား ရှိနေခြင်းကို သက်ဆိုင်ရာက ဖယ်ရှားသင့်ကြောင်း၊ ကျောင်းသားများ အတွက်လည်း အထိန်းအချုပ် ကောင်းမွန်သည့် အဆောင်များ ထားပေးရန် မျှော်လင့်မိကြောင်း  ရန်ကုန်တက္ကသိုလ်ရှိ ဆရာများထံမှ သိရသည်။

လူငယ်များအကြား ယခုလက်ရှိ ဖြစ်ပေါ်လျက် ရှိသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ၎င်းတို့၏ စူးစမ်းလိုသည့်စိတ်ကို အားကစားနှင့် လူမှုရေးနယ်ပယ်များသို့ ရောက်ရန် တည့်မတ်သင့်ကြောင်း မြန်မာစာဌာန (တွဲဖက်ပါမောက္ခ) ဦးမျိုးသန့်က မှတ်ချက်ပြုသည်။

“လူငယ်တွေကို ပရဟိတနဲ့ သက်ဆိုင်တာတွေ သင်မယ်။ ပြည်သူ့နီတိကို ခေတ်မီအောင်ပြင်ပြီး သင်ကြားမယ်။ တာဝန်ယူတတ်တဲ့ စိတ်ဓာတ်တွေရှိဖို့ လိုမယ်။ ဗုဒ္ဓအဆုံးအမနဲ့ မြန်မာ့ယဉ်ကျေးမှုက ခွဲခြားလို့ မရဘူး။ ပျက်စီးခြင်းလမ်းမကို ရောက်နေတဲ့ လူငယ်တွေကို အားကစားတို့ လူမှုရေးဘက်တို့ ပြန်ရောက်အောင် လုပ်ဖို့လိုမယ်။ စီးပွားရေး သမားတွေကလည်း ကိုယ့်အတွက်ကိုယ်ပဲ ကြည့်တဲ့ အတ္တစိတ် ဖြစ်နေတယ်” ဟု ၎င်းက ထောက်ပြသည်။

ပြောင်းလဲလာသည့် ခေတ်နှင့်အညီ လိုက်ပါ ပြောင်းလဲလာသည့် ဝတ်စားဆင်ယင်မှု၊ အတွေးအခေါ်၊ လူနေမှုစရိုက်များနှင့် ပတ်သက်ပြီး ဝေဖန်မှုများ ကျယ်လောင်စွာ ထွက်ပေါ်လျက်ရှိသည်။ တရှိန်ထိုး သွားနေသည့် ပြောင်းလဲမှုကို မည်သူမျှ ရပ်တန့်နိုင်မည် မဟုတ်သော်လည်း လမ်းမှန်ရောက်ရန် မည်ကဲ့သို့ ထိန်းကျောင်း တည့်မတ်ပေးမည်လဲ ဆိုသည့် အချက်မှာ စဉ်းစားရန် လိုအပ်လာပြီ ဖြစ်သည်။

အမှောင်မှာ တစ်စထက်တစ်စ ကြီးစိုးလာသည်။ ယင်းအချိန်တွင် တစ်ဦးခါးတစ်ဦး တင်းကျပ်စွာ ဖက်လျက် စကားတီးတိုးပြောရင်း ချစ်သူနှစ်ဦး တဲအိမ်အတွင်းမှ ထွက်လာကြသည်။ တစ်နေ့တာအတွက် အဆိုပါ တဲအိမ်ကို အသုံးပြုခအဖြစ် ကျပ်တစ်ထောင် အပါအဝင် အခြားကျသင့်ငွေများကို အဆိုပါ စုံတွဲရှင်း၍ ပြန်ရန်ပြင်နေစဉ် အခြားစုံတွဲ နှစ်တွဲ တဲအိမ်များဆီသို့ ဦးတည် ဝင်ရောက်သွားကြသည်။
အဆိုပါတဲအိမ်လေးများတွင် နေ့စဉ် ချစ်သူစုံတွဲများ ဝင်လာမစဲ တစ်သဲသဲပင်။

Written by  မြတ်နိုးခင်
The Voice Weekly

အရှိန်လျှော့၍ ရပ်လိုက်သော ဆိုင်ကယ်ပေါ်မှ ဆယ်ကျော်သက်အရွယ် စုံတွဲတစ်တွဲ တစ်ဦးနှင့်တစ်ဦး ကျီစားရင်း ခြံဝင်းအတွင်းသို့ ဝင်သွားသည်။ သူတို့ဝင်သွားသော နေရာက ‘အချစ်မရှိ မလာရသည့် ချစ်သူတို့ရွာ’။

ဂျပန်တွင် အသက် ၁၀ နှစ်ပြည့်မှ စာမေးပွဲ ဖြေရသည့်အကြောင်း

ဂျပန်တွင် အသက် ၁၀ နှစ်ပြည့်မှ စာမေးပွဲ ဖြေရသည့် အကြောင်း

ဂျပန်နိုင်ငံမှာ ၃ တန်းအရွယ် (အသက် ၉ နှစ် အရွယ်) အထိ ဘာ စာမေးပွဲ မှ ဖြေစရာ မရှိပါဘူး။ 

ကျောင်းတက်ရပါတယ်။ စာလုပ်ရပါတယ်။ သို့ပေမယ့် စားမေးပွဲ မဖြေရပါ ဘူး။ အကြောင်းကတော့ ကျောင်းတက်တဲ့ ပထမ ၃ နှစ်တာကာလရဲ့   မျော်မှန်းချက်ဟာ ပညာမဟုတ်ပဲ အကျင့်စာရိတ္ထဖြစ်လို့ ဖြစ်ပါတယ်။ ယင်း ပထမ ၃ နှစ်အတွင်းမှာ စာ ထက် ကိုယ်အမူအရာ၊ နှုတ်အမူရာ၊ လူမှု ဆက်ဆံ ရေး အစရှိသဖြင့် ကိုယ်ကျင့်တရားနဲ့ သက်ဆိုင်တဲ့ စာတွေ ကိုသာ အလေးပေး သင်ကြားပါတယ်။ 

ရည်ရွယ်ချက်ကလည်း အကျင့်စာရိတ္ထများ ကောင်းမွန်လာစေဖို့ ဖြစ်ပါတယ်။ ဂျပန်တို့ ခံယူချက်က ပညာနဲ့ အကျင့်စာရိတ္ထ ယှဉ်ရင် အဓိက နေရာမှာ အကျင့်စာရိတ္ထက ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကျောင်းနေအရွယ်က စလို့ ၃ တန်း အရွယ်အထိ ဘာစာမေးပွဲမှ မရှိပဲ အကျင့်စာရိတ္ထကိုသာ ပိုမို အလေးပေး သင်ကြားစေခြင်း ဖြစ်ကြောင်း သိရပါတယ်။ 
--
Ref: techblog

အောင်ခမ်း ( ရိုးရာလေး )

www.yoyarlay.com/international-news/asia/39292-why-japan-teach-moral-in-youth-life

.

ဂျပန်နိုင်ငံမှာ ၃ တန်းအရွယ် (အသက် ၉ နှစ် အရွယ်) အထိ ဘာ စာမေးပွဲ မှ ဖြေစရာ မရှိပါဘူး။
ကျောင်းတက်ရပါတယ်။ စာလုပ်ရပါတယ်။ သို့ပေမယ့် စားမေးပွဲ မဖြေရပါ ဘူး။ အကြောင်းကတော့ ကျောင်းတက်တဲ့ ပထမ ၃ နှစ်တာကာလရဲ့  မျော်မှန်းချက်ဟာ ပညာမဟုတ်ပဲ အကျင့်စာရိတ္ထဖြစ်လို့ ဖြစ်ပါတယ်။

ဆြာဒင်၏ ရယ်နေလျက်နှင့်ငိုလေခြင်း

Min Din
၃၀။၀၅၊၂၀၁၄ နေ့ထုတ် ဆဲဗင်းဒေးနေ့စဉ်သတင်းစာ။

http://7daydaily.com/story/11947#.U4fx-Cior90

ဆြာဒင်၏ရယ်နေလျက်နှင့်ငိုလေခြင်း

မင်းဒင်

(၁)
နေညိုချိန်လေနုအေးကား တသွဲ့သွဲ့နော့နေဆဲကို။
ရုပ်၊နာမ်၊ခန္ဓာ၊အာယတနတည်းဟူသော သံသရာစက်ကို လေးတန်သောမဂ်ဖြင့် ချိုးဖဲ့ဖျက်ဆီးတော်မူပြီး၍ အရဟံတည်းဟူသည့် ဂုဏ် တော်အထူးကိုခံယူတော်မူထိုက်သောဘုရားရှင်၏အဆုံးအမအတိုင်း ကိလေသာတို့မှလွတ်ရာလွတ်ကြောင်း ကျင့်ကြံကြိုးကုတ်အား ထုတ်လိုပါသော်ငြား သဒ္ဓမ္မဂဝေသီ ဘုရားပစ္စေကအရိယာတို့ ရှာမှီး၊ရညောင်းသူတော်ကောင်းတရားနှင့် မယဉ်ပါးသေးသည့် ဆြာဒင်မှာ ဖူးခက်မြို့ပါတောင်ကမ်းခြေမှ အကိုကာလသားများသဘောကျနှစ်ခြိုက်လေသည့် ယိုးဒယားမော်ဒယ် အလှပဂေးတို့၏ အဖော်အချွတ် ရှိုးပွဲများဆီသို့ မကြာခဏရောက်နေဆဲဖြစ်ရာ ရုတ်ခြည်းသော် ဆြာဒင့်အားလူ့အန္ဓစာရင်းဝင်သူဟု ထင်မြင်စရာရှိပေ၏။

သို့သော်ငြား အဆိုပါပွဲ၊အနှီပွဲများသို့ စွပ်ကယ်စွပ်ကယ်ရောက်ရခြင်းမှာ ဆြာဒင်၏ဝါသနာအရင်းခံကြောင့် မဟုတ်မူပဲ၊သာစွဌာနေ ဖူးခက်မြေနဂရဆီသို့ အပန်းဖြေအလည်ခရီးအလို့ငှာ ရံဖန်ရံခါရောက်လာတတ်ကြသည့် ရပ်ဝေးရပ်နီးမှ ဧည့်သည်ကြီးငယ် အသွယ် သွယ်တို့၏နားပူနားဆာတိုက်တွန်းဆော်ဖန်မှုကြောင့် ပါရမီဖြည့်ဆည်းသူနတ်လမ်းညွန်အဖြစ် မလွှဲမရှောင်သာရောက်ခဲ့ရခြင်းသာဖြစ်၍ မြင်ဆဲခဏ၌ သွားရည်တောက်တောက်ကျခဲ့သော်ငြား အပြန်လမ်းတွင်မူ ဤရုပ်နာမ်တို့သည် အပုပ်ကောင်ချည်းပါတကားဟု ဆင်ခြင်ခဲ့ သည်ကို၊ချစ်သော စာရှုသူတို့သိပါမူ ဆြာဒင့်အပေါ် ကောင်းစွာနားလည်ခွင့်လွှတ်ကြပေလိမ့်မည်။

စင်စစ်ဆြာဒင်သည် ဝိပဿနာတည်းဟူသော ရုပ်နာမ်ဓမ္မသခါင်္ရကို အထူးအားဖြင့်ရှုမှတ်ခြင်း၊ပဋိပတ္တိအလုပ်တွင် ဇွဲမနှစ်နိုင်သေးသော် ငြား ဖူးခက်မြို့အမ်မခန်အရပ်ရှိ အိမ်အိုကြီး၌ အချိန်ရလျှင်ရသလို မှတ်ဖွယ်ရာရာ၊ထိုထိုစာကို ရှာ၍မပြတ်အိမ်တွင်ဖတ်ဟူသော အဆုံး အမနှင့်အညီ ဗုဒ္ဓစာပေကျမ်းဂန်တို့ကိုလေ့လာဖတ်ရှုလေ့ရှိသည်ဖြစ်ရာ ဘာသာတရားနှင့်ကင်းကွာသူဟူ၍တော့ ဆိုနိုင်မည်မဟုတ်ချေ။
ယခုလတ်တလောဆြာဒင်၏ဖတ်လက်စ စာအုပ်မှာ မင်းပူးဦးသြဘာသ စီရင် ရေးသားတော်မူအပ်သည့် ဇာတ်ကြီးဆယ်ဘွဲ့ ဘုတ်အုပ် ထူကြီးဖြစ်ပြီး ဖတ်ရှုနေဆဲအခန်းမှာ သုဝဏ္ဏသာမဇာတ်တော်ဖြစ်၏။

"သုဝဏ္ဏသာမ ၁၆-နှစ်သို့ရောက်လာသည့်တိုင်အောင် အမိအဖတို့သည် အစဉ်စောင့်ရှောက်လျက် ကျောင်းသင်္ခမ်း၌ နေစေလျက် မိမိတို့အလိုလိုသာလျှင် တောသစ်သီး သစ်မြစ်တို့ကို ရှာအံ့သောငှာ တောသို့သွားကြလေကုန်၏။တနေ့တွင် အချိန်လွန်သည့်တိုင်အောင် ကျောင်းသင်္ခမ်းသို့ ရသေ့များပြန်မလာသဖြင့် အရွယ်ရောက်ပြီဖြစ်သော သုဝဏ္ဏသာမသည် စိတ်ပူလာသောကြောင့်၊တောထဲသို့ အရဲစွန့် ကာ လိုက်ရှာရင်း "အဖေ၊အမေ" ဟု အော်ခေါ်လေ၏။ တနေရာသို့ရောက်လျှင် ရသေ့တို့သည် သစ်သီးရှာရင်း လေကြီးမိုးကြီးကျ၍ သစ်ပင်အောက် မိုးဝင်ခိုပြီး တောင်ပို့ပေါ်ထိုင်လိုက်သည့်အခါ တောင်ပို့ထဲက မြွေဆိုး၊ အခိုးလွှတ်သဖြင့် အဆိပ်ငွေ့သင့်ပြီး မျက်စိ ကွယ်ကြောင်း ပြောကြကုန်၏။ ထိုအခါ သုဝဏ္ဏသာမသည် ငိုလဲငို၏၊ ရယ်လဲရယ်၏။(ငိုရခြင်းအကြောင်းကား ငယ်ငယ်ရွယ်ရွယ်နှင့် မျက်စိကွယ်ရခြင်းကြောင့်တည်း။ရယ်ရခြင်းအကြောင်းကား မိဘတို့ကို လုပ်ကျွေးခွင့် ရခြင်းကြောင့်တည်း။) ဟု ဆို၏။"
(၂)
အိမ့်အနောက်ဖက်က၊တောအုပ်မှာ ကျေးငှက်မျိုးစုံတို့၏အသံတို့ဖြင့် စီစီညံလျက်ရှိ၏။မာဂဓဘာသာနှင့်ကျွမ်းဝင်ရင်းနှီးမှုမရှိသောကြောင့် အဓိပ္ပါယ်အပြည့်အစုံကို ဆြာဒင်အတိအကျဘာသာပြန်ဆို၊မဖော်ပြနိုင်သော်ငြား လူတို့ဘာဝအားဖြင့်ဆိုလျှင် တေးသီနေကြခြင်းဖြစ်တန် ရာပါ၏။ချစ်တေးလော၊လွမ်းတေးလောဟူသည်ကား ဆြာဒင်မဝေခွဲနိုင်။မည်သို့ဆိုစေကာမူ သာတောင့်သာယာရှိလှသော ညနေဆည်း ဆာချိန်ပေတည်း။ လောကဓာတ်တခွင်၏အေးချမ်းတိတ်ဆိတ်မှုသည် ဆြာဒင့်စိတ်အား၊ သုဝဏ္ဏံသျှံဇာတ်တော်တွင် နစ်မျောစေခြင်း ငှာ အထောက်အပံ့သဖွယ်ဖြစ်တော့သည်။

သို့သော် သဗ္ဗညုတရှင်တော်မြတ်ဘုရားပင်လျှင် ပုဒိအာတည်းဟူသော ရွှေဉာဏ်တော်ကိုရသည်နှင့် မာရ်နတ်အဖျက်ရန်ပေါ်လာလေဖူး သည့်ထုံးနည်းအတိုင်း ဆြာဒင်၏အေးချမ်းကြည်နူးမှုကို ဖျက်ဆီးမည့် အဖျက်အမှောင့်သည် ရုတ်တရက်ပေါ်လာပြန်ချေသည်တမုံ့။ 

'ဟား ဟား ဟား။ ဟီး ဟီး ဟီး။ အဟားဟား ဟားဟား"
ပါးစပ်နှင့်နားရွက်တက်ချိတ်လုနီးပါး အသံကုန်အော်ဟစ်ရယ်မောလျက် ဆြာဒင်၏အခန်းတွင်းသို့ ရုတ်ခြည်းဝင်လာသူကား ဆြာဒင်၏ တပည့်ကျော်လေမင်းသား ပေတည်း။သူသည် Samsung Note2 ကို လက်ဖြင့်ပွတ်ရင်း မနားတမ်းရယ်မောလျက်ရှိရာ ရယ်နေရင်း အသက်ထွက်သွားမည်ကိုစိုးရိမ်မိသဖြင့် ဆြာဒင့်မှာ ခပ်ထန်ထန်ဟန့်လိုက်ရချေသည်။
"ဖြေးဖြေးသက်သာ ရယ်လည်းရပါတယ်ကိုရင်။ဘဇာကြောင့် ဤသို့ခွက်ထိုးခွက်လှန်ရယ်မောလေသနည်း"

လေမင်းသားကား ဆြာဒင့်အမေးကို နှုတ်ဖြင့်မဖြေ သူ့လက်ထဲမှ နုတ်တူးကိုသာ ကမ်းလေသဖြင့် ဆြာဒင်သည်  ဘတ်နှစ်သောင်းကျော် တန် Police တံဆိပ်မျက်မှန်ကိုကျော်ဖြတ်ကြည့်ရှုမိသောအခါတွင် နုတ်တူးဖလ်သားပြင်၌ အောက်ပါစာသားကို ဖတ်ရှုရလေသည်။
အမြန်လမ်း သေဆုံးသူများလျော်ကြေးပေးအပ်ပွဲတွင် ဒုဝန်ကြီး ဦးမောင်မောင်သိန်းက "ပရီမီယံကြေးက သုံးရာပဲ ရှိတယ် မုန့်ဟင်းခါး တစ်ပွဲ ဖိုးပဲ ရှိတယ်။ လျော်ကြေးက အဆတစ်သောင်း ပေးတယ် ကမ္ဘာမှာ မြန်မာပြည်ပဲရှိတယ် " "အာမခံ တစ်ခုဝယ်ရင် သိန်းသုံးဆယ် နှစ်ခု ဝယ်ရင် သိန်း ၆၀ ရမည်ဟုဆို"
ပီအိတ်ခ်ျဒီဒေါက်တာဘွဲ့ရဒုဝန်ကြီး၏ "အမြန်လမ်းမကြီးပေါ်မှာ၊ကာလနာသာအတိုက်ခံ၊ငွေများများရမယ်"။"အာမခံများများဝယ်ပြီး မြန်မြန်သေ၊ လျော်ကြေးများများထုတ်"ဟူသော အနက်အဓိပ္ပါယ်ဆောင်သည့် အဆိုပါစာကိုဆုံးအောင် ဖတ်ပြီးသည်နှင့်တပြိုင်နက် ဆြာဒင်သည်၊တခွီးခွီးနှင့်တံတွေးသီးအောင်ရယ်မိလေတော့၏။အားရပါးရရယ်မိ၏။ နှစ်မိနစ်ခန့်ဆက်တိုက်ရယ်မောခြင်းပြီးဆုံး သည့်အခါ တွင်မူ ဆြာဒင့်မျက်ဝန်းအိမ်တွင် ပြိုတော့မည့်မိုးကဲ့သို့ မျက်ရည်စို့ နေလေပြန်သည်။ 

(၃)
ဤလောကကြီး၌အချို့သောအကြောင်းတရားတို့သည် တခါတရံတွင် မရည်ရွယ်မထင်မှတ်ပါပဲလျက် ဆက်တိုက်ဆင့်ကာ ကြုံရတတ် သည်ကား ထူးဆန်းအံ့သြဖွယ်ကောင်းလေစွ။ "ဗျို့ဆြာဒင် "ဟူသော ကျယ်လောင်သည့်အော်ခေါ်သံကြီးနှင့်အတူ ဆြာဒင့်ရှေ့ မှောက်သို့ရောက်လာပြန်သူကား ကပ္ပလီဖြစ်၏။သူသည်လည်း "ဟေးဟေးဟေး၊ အဟေဟေ့ ဟေ၊ဟေဟေဟေ့" ဟူသောရယ်သံ ရှည်ကြီး ဖြင့် ဆက်တိုက်ရယ်ရင်း အူတက်မသွားစေရန်အလို့ငှာ ဝမ်းဗိုက်ကို ညာလက်ဖြင့် နှိပ်ထားချေ၏။ကျန်ဝဲဘက်လက်တွင်ကား ဂျာနယ်တစ်စောင်ကိုကိုင်လျက်ရှိ၏။ဆြာဒင်သည် ကျလုလုမျက်ရည်စ တို့ကို သတိတရားဖြင့်ထိန်းရင်း ကပ္ပလီကို မေးခွန်းထုတ်ရ ပြန်သည်။

"ဘာဖြစ်လာပြန်ပြီတုန်းကပ္ပလီငယ်၊အရယ်ကိုခေတ္တရပ်၍ ရယ်ရခြင်းကို ရှင်းပါလေ"
ကပ္ပလီငယ်သည်လည်း လေမင်းသား၏နည်းနှင်နှင် နှုတ်ဖြင့်တုန့်ပြန်စကားမဆို လက်ထဲမှဂျာနယ်ကိုသာ ဆြာဒင့်ထံထိုးပေးရင်း သူရယ်ရ သည့်စာမျက်နှာကိုညွှန်းလေရာ ဆြာဒင်ဖတ်ရသည်မှာ SALAI NAING HTOO ၏လက်ရာကာတွန်း တစ်ကွက်ဖြစ် ၏။သရုပ်ဖော်ပုံမှာ သွက်သွက်ခါအောင် ရူးနေသည့် အရူးတစ်ယောက်က တိုက်ပုံဝတ်လူကြီးလူကောင်းတစ်ယောက် ရှေ့တွင် နှုတ်မှတွေ့ကရာစကားတို့ကို ရေရွတ်အော်ဟစ်နေပုံဖြစ်ပြီးအဆိုပါအရူးစကားမှာအောက်ပါအတိုင်းဖြစ်လေ၏။
"တိုင်ပတ်တော့ တပ်ပိုင်။နို့သောက်တော့နောက်သို့။သုံးသိန်း သိမ်းတုန်း။တောပျောက်တော့ သောက်ပြော၊ပတ်မ ဖောက်၊ ဘတ်ဂျက် ပျောက်။မပြင်မပြင် နောက်လှည့်ပြီးနောက်မပြင်"ဟူ၏။

သရုပ်ဖော်ပုံနှင့်စာသားသည့် ဟတ်စပ်လှသည်ဖြစ်လေသောကြောင့် ဆြာဒင်သည် ဟီး ဟီး ဟီးဟီး တဟီးဟီးနှင့် ဟီးလေးတိုက် ရယ်မိ ပြန်တော့သည်။အရယ်လွန်သောကြောင့် ဆြာဒင့်မှာ တံတွေးသီးရုံမက ချောင်းခြောက်ပါဆိုးလာတော့၏။ အဟွတ်၊အဟွတ်၊အဟွတ်၊ ထိုအဟွတ်အဆုံးတွင်ကား ဆြာဒင်သည်ရယ်ခြင်းကို ချက်ခြင်းရပ်ကာ တစ်ကိုယ်လုံးသိမ့်၍သိမ့်၍တုန်အောင် ကျိတ်၍ကျိတ်၍ ရှိုက်၍ ရှိုက်၍ ငိုလေ၏။
(၄)
ဆြာဒင်၏ငိုခြင်းရယ်ခြင်းဒုက္ခကား ဤတွင်ဆုံးခန်းမတိုင်သေးချေ။တပည့်ကျော်ဖေကြည် ပေါက်ချလာပြန်ချေပြီ။ဖေကြည်သည်လည်း ပါးဖြဲနားဖြဲပြုံးဖြဲဖြဲနှင့်ရယ်မောလျက် ဝင်လာ၏။မုတ်ဆိတ်မွှေးတိုနံ့နံ့နှင့်မို့ သူ့ရယ်သံမှာ ဆိတ်အော်သံနှင့်တူနေသည်ဟု ဆြာဒင်ထင်မိ သည်။

"ဗျို့ဆြာဒင်၊ ဆြာဒင့်ဆိုင်မှာ ကိုကိုလှိုင်ရှိလားဗျ။ဒီနေ့လုပ်ခက ဉာဏ်ထွန်းပဲရတာမို့ အကြွေးလုပ်ဗျာ။ဆန်ရောဆီပါဝယ်ရမှာမို့ ပိုက်ဆံပြတ် တော့မယ်။ကျနော်က သိန်းစိန်ကိုမကြိုက်ဘူး။တော်ကြာမနက်ညပေါင်းပြီး မြင့်လှိုင် လုပ်နေရမယ်၊ထိုင်းရဲကလည်း work permit မှာ အလုပ်ရှင်နာမည်မတူလို့ လစဉ်ကြေးမပေးရင် အုန်းမြင့်မယ်ချည်း ပြောနေပြီဗျ။ကြံပါအုံးဆြာဒင်ရယ်၊လုပ်ကိုင်စားရတာ ဟန်မကျချက်ကတော့ အောင်သိန်းလင်းချင်ပြီဆာဒင်ရေ့"
ဖေကြည်ခေါ်အာရုံ၏ ပဟေဠိဆန်လှသော စကားတို့ကို ဆြာဒင်နားမရှင်းချေရကား မရှက်မဝံ့ပင်၊ဝန်ခံမေးမြန်းသမှုပြုရပြန်လေရာ ဖေကြည် ငယ်ရှင်းလင်းသမှုပြုသောအနက်ကား အောက်ပါအတိုင်းဖြစ်၍ မူရင်းဗမာ့သားကောင်းအမည်ရှိ ဖေ့စ်ဘွတ်စာမျက်နှာမှ ချယ်မှုန်းချက်ကို နည်းမှီသည်ဟုဆို ပါ၏။

လျှပ်စစ်မီးမလာလျှင် ဖယောင်းတိုင်ထွန်းခြင်းဖြင့်မီးလင်းစေသည့် နိုင်ငံတော်အကြံပေး၏ မဟာရွှေဥာဏ်တော်အရ ၎င်းအား ဖယောင်းတိုင် ဖြင့် တင်စားသည်ဟုဆို၏။မိသားတစ်စုတစ်နေ့လျှင် ကျပ်နှစ်ထောင်ဖြင့်လုံလောက်ပြီ ဟု မြွက်ကြားလေသည့် ဒုသမ္မတမင်းအား ကျပ်နှစ်ထောင်နှင့် ပမာပြု သည်ဆို၏။ထမင်းတစ်နပ်လျော့စားခြင်းဖြင့် လယ်သမားတို့အကြွေးဆပ်ကြပါကုန်ဟူသော ပညာရှိဝန်မင်းကိုမူ ထမင်းတနပ်ဖြင့်ရသ အလင်္ကာမြောက် ခေါ်ဝေါ်သမှုပြုသည့်နည်းတူ၊အားရှိစေရန်အရက်အစား နွားနို့သောက်စေ သည့် မဟာဂရုဏာရှင်သမ္မတကြီးအား နွား နို့၊တိုင်းပြည်အနှံ့လှည့်လည်၍လက်စွမ်းပြလိုသည့် ကျေးလက်ဝန်မင်း၏အမည်ကို ပါးရိုက်၊ပြောင်းဖူးတချောင်း ထောင်ပြလျက် ၊မြစ်ဆုံစီမံ ကိန်းကို မဖြစ်မနေပြန်လည်စတင်ရမည်ဆိုလေသည့် မြို့တော်ဝန်ဟောင်း အမတ်မင်း အား ရူးသွပ်သည့် စကားပမာဖြင့်လည်းကောင်း ခိုင်းနိုင်းဖလှယ်ပြက်ရယ်ပြုကြသည်ဟုဆိုပါသည်။ 
 
ဤခက်ဆစ်အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ကြားရသည်တွင်လည်း ဆြာဒင်သည် ထိမိလှသော အဆိုပါသရော်ချက်ကို လွန်စွာနှစ်ခြိုက် သဘောကျမိပြန်ရကား တဟက်ဟက်နှင့်၊ဟက်ဟက်ပက်ပက် အသံထွက်အောင် ရယ်ရပြန်ပြီးသည်၏နောက်တွင်ကား ခုနစ်အိမ်ကြား ရှစ်အိမ်ကြား အသံပြဲကြီးဖြင့် တဟီးဟီးနှပ်ချေးပါထွက်အောင် ငိုချင်းရှည်ကြီးဖြင့်ချုံးပွဲချငိုမိပြန်လေသည်။
တပည့်ကျော်တို့ကား ဆြာဒင်၏ထူးဆန်းထွေပြားလှသော တပြိုင်တည်းရယ်ခြင်းငိုခြင်းအပြုအမူကြောင့် အံ့သြခြင်းကြီးစွာ ဖြစ်ကြရုံမျှမက နောက်ဆက်တွဲစိုးရိမ်ပူပန်မှုတို့ပါ စွက်လာခဲ့ချေပြီ။သို့ကြောင့် ဆရာသခင်အား ပေကလပ်ပေကလပ် မျက်လုံးများဖြင့် ကြည့်ရှုရင်း အမေးပုစ္ဆာထုတ်ကြပါကုန်၏။

(၅)
"အို။ချစ်ခင်လေးမြတ်ရသောဆြာဒင်၊ရယ်ခြင်းငိုခြင်းအမှုကို အဘယ်ကြောင့် တပြိုင်တည်းပြုလေသနည်း"
"ဆြာဒင်၊ ဇီးယိုသည် နေပြင်းသည့်အချိန် စိတ်ဂယောင်ခြောက်ချားဖြစ်ခြင်းအား သက်သာပျောက်ကင်းသည်ဟု တပည့်ကြားဖူးပါ၏"
"ဆြာဒင်၏ စိတ်အခြေအနေကို စစ်ဆေးရန်အလို့ငှာ ဖူးခက်မြို့ရှိဆေးရုံဆေးခန်းသို့ ပြသသင့်သည်ဟု ရိုးသားစွာထင်မြင်ပါ၏။စိတ်ကို ထိန်းသင့် ပါသည်ဆြာ"

ထိုသို့လျှင် တပည့်ကျော်အသီးအသီးက စိုးရိမ်တကြီးမျက်ကလဲဆန်ပြာမေးလာသည့်အခါတွင်ကား ဆြာဒင်သည် ငိုခြင်းရယ်ခြင်းကို ရပ်တန့်လျက် ကြီးစွာသောဣနြေ္ဒကိုဆောင်ကာ၊သင်းတို့သုံးဦးအား ရင်ဝယ်သားကဲ့သို့ သနားကြင်နာ၊မဟာဂရုဏာဖြင့် ကြည့်ရှု ရင်း ဆိုရေးရှိက ဆိုအပ်လှ၏ဟူသော လောကီပညာရှိတို့၏မိန့်မှာချက်နှင့်အညီ ယင်းတို့သိလိုသော အဖြေကို ရှင်းလင်းမိန့်မြွက်ရလေ၏။

"အိုအချင်းတို့။အထက်က သင်တို့သယ်ဆောင်လာသည့် သတင်းစကားတို့၏ ဇစ်မြစ်ကား ယူနီဖောင်းချွတ်စစ်ဗိုလ်တို့၏အမြင်အသီးသီး ဖြစ်ချေ၏။အဆိုပါပုဂ္ဂိလ်တို့သည် ဒီမိုကရေစီခေတ်ဆီသို့ ဦးတည်နေပြီဆိုလေသော ဤကာလ၌ပင် ကျဉ်းမြောင်းသေးသိမ်သော ဦးနှောက် ကိုယ်စီဖြင့်သာ ဟိတ်ဟန်မပျက်၊အကျင့်စရိုက်မပျက် ခရီးရှေ့ဆက်နေကြဆဲပင်ဖြစ်လေရာ ၎င်းတို့ပြုမူပြောဆိုအပ်သမျှ အရာ မှန်သမျှ ရယ်ဖွယ်လိလိ ဟာသရသမြောက်လှချေ၏။သို့အတွက် ဆြာဒင်ရယ်သတည်း"

"နောက်တမူလည်း ဤမျှ ညံ့ဖျင်းနုံချာလှသော စစ်ခေါင်းဆောင်တို့သည် ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်သစ်ကြီးဆီသို့ဟူသည့် ကြွေးကြော်သံကို ဟန်ပြအသံကောင်းဟစ်လျက်၊ကိုယ်ကျိုးရှာခဲ့သည်မှာ သစ်တောဖုံးလွှမ်းသည့်ဗမာတပြည်လုံးငုတ်တိုချည်းကျန်သည့် အခြေဆိုက်ရ၏။တရုတ်တရက်တို့၏သြဇာခံဘဝရောက်ခဲ့ရ၏။အိမ်နီးချင်းနိုင်ငံတို့နှင့်နှိုင်းယှဉ်လျှင်ပင် ပညာရေးကျန်းမာရေး၊အမျိုးသား ရေးသိက္ခာတို့တွင် ဓားမနောက်ပိတ်ခွေးဘဝရောက်ခဲ့ကြရ၏။သင်းတို့၏အမျှော်အမြင်ဉာဏ်နည်းလွန်းလှသော လုပ်ရပ်တို့ကြောင့် မှန် ကင်းအစစ်မှ ထင်းဖြစ်ရလေသည့် ဗမာပြည်ဗမာလူမျိုးတို့၏ဘဝကို ယူကြုံးမရအပူလုံးကြွမိသည်ဖြစ်သောကြောင့်၊သည်လိုပုံနှင့်မိုးကြီး ချုပ်လျှင်ဖြင့် တိုင်းပြည်ရှေ့ရေးကို ဆက်မတွေးဝံ့သည်ကြောင့် ဆြာဒင်ငိုသတည်း"

တပည့်ကျော်သုံးဦးကား ဆြာဒင်၏ရှင်းလင်းဖြေကြားမှုကို နှစ်ထောင်းအားရရှိလှသော အမူအယာကိုယ်စီဖြင့် ခေါင်းကို တညိမ့်ညိမ့် ဆတ်ကြရင်း ...
"ဆြာဒင် ဤသို့ဆိုပါမူ ထိုသို့သော ငိုရခြင်းရယ်ရခြင်းတို့မှ လွတ်မြောက်ရာသည်မရှိပြီလော၊ကျွန်ုပ်တို့မည်သို့လျှင် ရှေ့ခရီးဆက်ကြပေအံ့ နည်း။ကျွန်ုပ်တို့သည်ဒီမိုကရေစီနှင့်ဝေးပြီလော"

ဟု အထွန့်တက်၊အမေးကွန့်လာသည်တွင်ကား ဆြာဒင်သည် တိုက်ရိုက်ပြန်လည်ဖြေကြားခြင်းမပြုတော့ပဲ တေးပြုစာဆိုမြို့မငြိမ်း၏ လက်ရာ၊မူရင်းအဆိုရှင်ကိုအံ့ကြီး၏ ကိုယ့်ဒူးကိုယ်ချွန်ခေတ်ဟောင်းတေးသီချင်းကို ကိုအံ့ကြီးပင်လိုက်မမှီသည့် အောင်မြင်ခန့်ငြားသော အသံဝါကြီးဖြင့် ဌာန်ကရိုဏ်းကျစွာသီဆိုရင်း တုန့်ပြန်သမှုပြုခဲ့ရပေတော့သည်တကား။

"(ယောက်ျားကောင်းအတောင်နှစ်ဆယ်ဆိုတာ ကောင်းကင်ကကြယ်မလွတ်စတမ်းသာ၊ဝီရိယလုံ့လကိုသာ ထာဝစဉ်ရှိဖို့ သတိယှဉ်ပါ)၂
အထက်ကိုချိန်ကာ ဝတိံသာခေါင်ထိပ်၊မောင့်စိတ်တံခွန်တလူလူဖြာ၊သူများအားကိုး ခါးကျိုးနလန်မထူ တကဲ့လူဆိုတာ၊ အတ္တဟိ အတ္တ နော နာထော မိမိကိုယ်သာကိုးကွယ်ရာ။
ဇနက္ကဇာတ်တော်အလာ၊ကိုယ်ရေးကြုံတဲ့အခါ ရဲဝံ့တည်ကြည် ဘယ်ဆီသောင်ကမ်း လမ်းမမြင်ပါ၊ကူးလျက်သမုဒ်ပြင်မှာ ခုနစ်ရက်ပတ် လုံးသာ အားထုတ်ယုံကြည်ဇာနည်သွေးမို့အရေးအောင်တာ၊ အို၊ အတ္တဟိအတ္တနော မိမိကိုယ်သာကိုးကွယ်ရာ"
....................................
(၁)
နေညိုချိန်လေနုအေးကား တသွဲ့သွဲ့နော့နေဆဲကို။
ရုပ်၊ နာမ်၊ ခန္ဓာ၊ အာယတနတည်းဟူသော သံသရာစက်ကို လေးတန်သောမဂ်ဖြင့် ချိုးဖဲ့ဖျက်ဆီးတော်မူပြီး၍ အရဟံတည်းဟူသည့် ဂုဏ် တော်အထူးကို ခံယူတော်မူထိုက်သော ဘုရားရှင်၏အဆုံးအမအတိုင်း ကိလေသာတို့မှလွတ်ရာလွတ်ကြောင်း ကျင့်ကြံကြိုးကုတ်အား ထုတ်လိုပါသော်ငြား သဒ္ဓမ္မဂဝေသီ ဘုရားပစ္စေကအရိယာတို့ ရှာမှီး၊ရညောင်း သူတော်ကောင်း တရားနှင့် မယဉ်ပါးသေးသည့် ဆြာဒင်မှာ

ဟောက်...

May 28, 2014 at 1:53pm

သူ. အင်တာဗျူး
 အနော်ရထာဘျင်ကြီးအကြောင်းသင်ရတော့
သမီးရလိုက်တဲ့ သင်ခန်းစာကတော့ပေါ့နော်
ဟွာလေ. . . . သူ့ရုပ်ထု ပုံကြီးကြည့်ရတာ
ဗလအဖုကြီးတွေနဲ့မို့. .ဖက်ရှင်အောက်နေလား

ကျနော့ ဥယျာဉ်တော် သို့ အဝင်

-----------------------------------
ကျနော့ ဥယျာဉ်တော် သို့ အဝင်
-----------------------------------

ကျနော် သူ့မျက်လုံးကို စိုက်ကြည့်တော့ - ပြာဝင်းလဲ့ရောင် မြင်ရတယ်။ အပြာ ဟာ ကောင်းကင်။ ဝင်းလဲ့မှုက ကြယ်စင်။ ကောင်းကင်နဲ့ ကြယ်စင် ဆိုတာ မြေလွှာပေါ်က ခြေတစ်ဖက် ကြွရင် လှလှပပ ကကြတဲ့ ကညာပျိုတွေ ဖြစ်တယ်။ စည်းလိုက် ဝါးလိုက် ဂီတရဲ့ အလစ် အငိုက် မှာ ခြေဖမိုးသားလေး လက်လို့။

ကျနော် သူ့ရင်ထဲကို စိုက်ကြည့်တော့ - နူးညံ့ရွှန်းစိုနေတာ တွေ့တယ်။ နူးညံ့မှုက မေတ္တာ။ ရွှန်းစိုမှု က အကြင်နာ။ မေတ္တာ နဲ့ အကြင်နာ ဟာ ရင်နှစ်လွှာကြားက ပန်းစုံပွင့်တဲ့ ပျိုးခင်းဥယျာဉ်ပဲ ဖြစ်တယ်။ လေညှင်းပဲ သုတ်သုတ်၊ လေပြင်းပဲ ဆွေဆွေ မွှေးရနံ့တွေ သီနေအောင် လွင့်လာတတ်ကြတာ ချည်းပဲ။ မြတ်နိုးစိတ်နဲ့ ကျနော် ပျိုးသူ - တူးဆွ ပေါင်းသင် ပုံဖော်လို့။

ဒီကနေ့ဟာ ကောင်းကင်နဲ့ ကြယ်စင် - မြေပြင်ပေါ် ကြွေကြတဲ့ နေ့ ဖြစ်ပါတယ်။ ယုံချင်ယုံ မယုံချင်နေပါပဲ မိတ်ဆွေ -- ရှင်သန်တဲ့ နား - ရွှင်လန်းတဲ့ နှလုံး - အေးမြတဲ့ အသံသာတွေကြောင့် အဆွေ နားထောင်ကြည့်ရင် ကြားရပါလိမ့်မယ်။ မြန်မာ့စောင်းသံ၊ တံတျာတေချိုး၊ အစပျိုးနေတဲ့ လက်စမ်းသံတွေကိုလည်း ကြားရမယ်။ ထင်းရှူးပင်တွေ ယိမ်းက၊ ကောင်းချီးဩဘာသံလည်း ကြားရမယ်။ ဟိုအဝေးနားက ကြင်ဖော်မောင်နှံ ငှက်ကလေးတွေ တေးသီနေကြတယ်။ အဲ့ဒါကိုလည်း ကြည်ကြည်နူးနူး မိတ်ဆွေ ကြားရပါလိမ့်မယ်။ မေတ္တာနဲ့ အကြင်နာ ပန်းပေါင်းစုံကလည်း တသင်းသင်း၊ သစ္စာစကားသံနဲ့ မြဲမြံတဲ့ လက်ဖဝါးချင်းဟာ - တညှင်းညှင်း ချစ်တင်းဆိုလို့ တည်နေသေးတယ်။

ကျနော် ဆိုတဲ့ သစ္စာကို ဒီနေရာမှာ ပျိုးခဲ့ပါတယ်။ ဒီပျိုးဥယျာဉ်မြေမှာ ကျနော် ရှင်သန်လို့၊ ဒီပန်းရနံ့ကို ကျနော် ရှူရှိုက်တယ်။ ဒီမြေမှာ ဘဝဆုံးတိုင် ခေါင်းချပစ်လိုက်မယ်လို့။

............................................
To My Beloved, Ma, Lin Lin Latt
Dec 31, 2012 at 9:00 PM

စကားမစပ် - ခင်လေးငယ်ဝါဒီက "မဂ္ဂ" တို့ ဘာတို့ ဆိုတော့ - ဇေယျဝါဒီကလည်း "ဥယျာဉ်တော်" တို့ ဘာတို့ လုပ်ဖို့ သင့်တာပေါ့လေ... နော့... =D

ကျနော် သူ့မျက်လုံးကို စိုက်ကြည့်တော့ - ပြာဝင်းလဲ့ရောင် မြင်ရတယ်။ အပြာ ဟာ ကောင်းကင်။ ဝင်းလဲ့မှုက ကြယ်စင်။ ကောင်းကင်နဲ့ ကြယ်စင် ဆိုတာ မြေလွှာပေါ်က ခြေတစ်ဖက် ကြွရင် လှလှပပ ကကြတဲ့ ကညာပျိုတွေ ဖြစ်တယ်။ စည်းလိုက် ဝါးလိုက် ဂီတရဲ့ အလစ် အငိုက် မှာ ခြေဖမိုးသားလေး လက်လို့။

*** အမုန်းစိတ်၏ ထွက်ပေါက် ***

True Man was tagged in Ko Ko Swe's photo.

တို့တတွေစိတ်ထဲမှာ ဒေါသဆိုတဲ့ အလိုမကျမှု၊ တစ်ဦးတစ်ယောက်ကို မုန်းတီးမှုဆိုတာ
ကိုယ့်သန္တာန်မှာ ဖြစ်နေလို့ရှိရင် စိတ်နှလုံးဟာ ပူလောင်နေရပါတယ်။ အဲဒီ ပူလောင်မှုတွေကို မလို
ချင်ဘူး၊ ထာဝရ အေးချမ်းနေတာကို လိုချင်တယ်ဆိုရင် မေတ္တာနဲ့ အစားထိုးလိုက်ပါ။ မေတ္တာဟာ
အမုန်းစိတ်၏ တကယ့်ထွက်ပေါက်ပါ။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၉-၅)

သစ်ထူးလွင်


အခုရှုပ်မှနောင်ရှင်း သရ၀ဏ်(ပြည်)

 
ကျွန်တော် ကြံ.ခိုင်ဖွံ.ဖြိုးရေးပါတီထဲသို.၀င်တော.မည် ။ ဘယ်သူတွေဘာထင်ထင် ကျွန်တော်ဝင်မည် ။ ဒီခေတ်မှာနိုင်ငံရေးပါတီတစ်ခုတော.နောက်ခံရှိထားမှဖြစ်မည် ။ သူများတွေဝင်သောပါတီထဲသို.လည်း အုတ်အရောရောကျောက်အရောရော သူများလုပ်တိုင်းလိုက်လုပ်ကာ ရောတိရောရာ မလုပ်ချင် ။

"ရမ်းချထားသော ဟာသများ"

Thanlay Ko's status.
=============
1. ဆံပင်ပေါက်ဆေး
=============
အာမခံနဲ့ရောင်းတဲ့ ဆံပင်ပေါက်ဆေး ဆိုင်ထဲကို ထိပ်ပြောင်းကြီးတစ်ယောက် ဒေါကြီးမောကြီးနဲ့ ဝင်လာပြီး ပြောတယ်... ...
"မင်းတို့ပြောတော့ ဆေးနှစ်ပုလင်းကုန်ရင် ဆံပင်ပြန်ပေါက်မယ်ဆို၊ ဒီမယ်ကြည့်စမ်း င့ါခေါင်းကို"
"စိတ်လျှော့ပါ နောင်ကြီး၊ ဆေးဖိုး ၁ဝ ဆပြန်လျော်ပါ့မယ်"

Wednesday, May 28, 2014

“ဥမ္မာဒန္တီ ” (ရုပ်အဆင်းကို ပေးလှူသူ)


အ၀တ်သင်္ကန်းကို လှူဒါန်းတဲ့ပုဂ္ဂိုလ်သည်ကား ရုပ်အဆင်းကို ပေးလှူနေတဲ့ပုဂ္ဂိုလ် ဖြစ်ပါပေ၏။
အလွန် လှပတဲ့ပုဂ္ဂိုလ်တစ်ဦး ဖြစ်ချင်ဖြစ်ပါစေ၊ ဒီပုဂ္ဂိုလ်မှာ အ၀တ်အစားမရှိဘူးဆိုလျှင် ကြည့်ရတာ အင်မတန် အရုပ်ဆိုးသွားပါတယ်။ အရုပ်ဆိုးနေတဲ့ပုဂ္ဂိုလ်တစ်ဦးပင် ဖြစ်ချင်ဖြစ်ပါစေ၊ သင့်တင့်လျောက်ပတ် တဲ့ အ၀တ်တန်ဆာကလေးတွေကို ဆင်မြန်း ၀တ်ဆင်လိုက်တဲ့အခါမှာ ထိုပုဂ္ဂိုလ်ဟာ ရှုချင်စဖွယ်ဖြစ်လာ
တယ်။

အတွေ့အကြုံ ၊ ကျွမ်းကျင်မှု ၊ နှင့် ဥာဏ်ရည်ဥာဏ်သွေး


ကျွန်မ အသက် ၂၈ နှစ်အထိ မြန်မာပြည်မှာ နေခဲ့ပါတယ်။ သင်္ချာနှင့်အင်္ဂလိပ်စာကို သူငယ်တန်းကတည်းက သင်ခဲ့ရပြီး အင်္ဂလိပ်လိုရေးထားတဲ့ ပြဌာန်းစာအုပ်များကို အသုံးပြု၍ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ စီးပွားရေးပညာမဟာဘွဲ့ကို ၂၀၀၆ ခုနှစ်မှာ ရရှိခဲ့ပါတယ်။ အင်္ဂလိပ်လိုရေးထားတဲ့ ဝတ္ထုတချို့ ဖတ်ဖူးခဲ့တဲ့၊ အင်္ဂလိပ်စကားပြော ရုပ်ရှင်ဇာတ်ကား တော်တော်များများကြည့်ဖူးခဲ့တဲ့ကျွန်မ ၂၈နှစ်အတွင်း နိုင်ငံခြားသားတယောက်တလေနဲ့မှ အင်္ဂလိပ်လိုစကားမပြောဖူးခဲ့ပါ။ အလွန်တရာ ပြည့်စုံလှသော မိသားစုမှ မွေးဖွားခဲ့ခြင်းမဟုတ်သော၊ အလွန်တရာဥာဏ်ရည်မြင့်မားသူတစ်ဦးလည်း မဟုတ်သော ကျွန်မကို မြန်မာပြည်၏ သာမန်လူတန်းစား (Average population) ကို ကိုယ်စားပြုနိုင်သူတစ်ဦးအဖြစ် ဦးစွာမှတ်ယူပြီး ကျွန်မဘဝ၏ပညာရေးနှင့်ဆက်နွယ်သော အတွေ့အကြုံအချို့ကို မျှဝေလိုပါတယ်။

ရပ်တော်မူပါဦး ကုန်ဈေးနှုန်း

Posted by Popular Myanmar News Journal in ဆောင်းပါးများ
ရပ်တော်မူပါဦး ကုန်ဈေးနှုန်း

Posted by Popular Myanmar News Journal in ဆောင်းပါးများ

 ဧပြီလမှစ၍ ကုန်ဈေးနှုန်းများ သိသိသာသာတက်လာသောကြောင့် ယခင်လို ဈေးဝယ်ရတာ အဆင်မပြေတော့။ လက်ထဲတွင်ပါသော တစ်နေ့ စရိတ်နှင့် ဝယ်ခြမ်းရမည့် ဟင်းစားကို တော်တော် စဉ်းစားရသည်။ ယခင်နှစ်များကမူ သင်္ကြန် ကျော်ပါက ဈေးပြန်ကျလေ့ရှိသော်လည်း ယခုနှစ်တွင် ဘယ်သို့ဖြစ်သည်မသိ။ ဈေးက လုံးဝပြန်မ ကျေ တာ့သောကြောင့် တစ်ခါဈေးဝယ်လျှင် လက်ထဲမှာပါသည့် ငွေနှင့် ဟင်းစား လောက်ငအောင် တွက်ရသည့်အချိန်က ပိုလာသည်ဟု ရန်ကင်းမှ အိမ်ရှင် မတစ်ဦးဖြစ်သည့် မသီတာက ပြောသည်။

 ”ဈေးသွားရင် ငွေပိုယူသွားရတယ်၊ အရင်ကလိုတစ်နေ့ ငါးထောင်နဲ့လောက်တယ်ဆိုပြီး ယူသွားလို့ကတော့ အဲဒီငွေက အသားငါးဝယ်တာနဲ့တင်ကုန်ပြီ။ ဒါတောင် ဆန်၊ ဆီ၊ ဆားတွေ မပါသေးဘူး ” ဟု ၎င်းကစိတ်ပျက်စွာ ပြောသည်။

အိမ်နီးချင်း ထိုင်းနိုင်ငံတွင်တစ်နေ့ လုပ်အားခဘတ် ၃ဝဝ သတ်မှတ်ပေးထားသော်လည်း မြန်မာနိုင်ငံတွင်မူ တစ်နေ့ လုပ်အားခ မသတ်မှတ်ရသေးပါ။ လုပ်ငန်း များအလိုက် ဝင်ငွေရရှိမူ မတူညီကြသော်လည်း ကုန်ဈေးနှုန်းမြင့်မားခြင်း ဒဏ်ကိုတော့ အယုတ်အလတ်အမြတ်မရွေး တူညီစွာခံစားကြရသည်။

ဆန်ဈေးမြင့်တက်

မြန်မာလူမျိုးတို့အတွက် မရှိမဖြစ်စားကုန်ဖြစ်သော ဆန်ဈေးနှုန်းများ မေလဆန်းမှစ၍ မြင့်တက်လာပြီး ဆန်ချောတစ်အိတ်လျှင် ကျပ်၂ဝဝဝ မှ ၃ဝဝဝ အထိ မြင့်တက်သွား သည်။အလား တူ ဆန်ကြမ်းဈေးလည်း မြင့်တက်လျက် ရှိပြီး တစ်အိတ်လျှင် ကျပ် ၇ဝဝ မှ ၈ဝဝ အထိ ဈေးတက်နေကြောင်း ဝါးတန်းရှိ ဆန်ကုန်သည်တစ်ဦးက ပြောသည်။ ယမန်နှစ်များကလည်း ဆန်ဈေးတက်လေ့ ရှိသည်။ သို့သော် ဆန်ချောတစ်အိတ်လျှင် ကျပ် ၁ဝဝဝ ဝန်းကျင်သာ တက်လေ့ရှိပြီး ယခုနှစ်တွင်မူ ဈေးပိုတက်လာသည်ဟု ၎င်း က ပြောသည်။ ထိုသို့ဈေးတက်ရခြင်းမှာ ကြိတ်ခွဲခ နှင့် သယ်ယူစရိတ်များကြောင့်ဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။

ရန်ကုန်ဆန်ဈေးကွက်အတွင်းသို့ ပုသိမ်၊ မြောင်းမြ၊ ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲ၊ မော်ကျွန်း၊ ရွှေဘိုတို့မှ ဆန် များဝင်ရောက်လျက်ရှိပြီး လက်ရှိဈေး ထက် ထပ်မံမြင့်တက် ဖွယ်ရာရှိသည်ဟု အထက်ပါကုန်သည်ကဆိုသည်။ ”ထမင်းကောင်းတဲ့ဟာ (ဆန်ချော)ကနည်းနည်းရှားတယ်၊ ဒီနှစ်က ထပ်တက်ဖို့များတယ်” ဟု ၎င်းကဆိုသည်။ ဆန်ကြမ်းဈေး တက်မတက်မှာမူ တင်ပို့မှုအပေါ် မူတည်ကြောင်း၊ တင်ပို့ မှုများပါက ဆန်ကြမ်းဈေးလည်းတက် ဖွယ်ရာရှိကြောင်း ၎င်းကဆိုသည် ။

” Export ဝင်လာပြီဆိုရင် ငါးမတ်ဆန် (ဆန်ကွဲရော)က တန်းတက်သွားရော၊ ဒါပေမဲ့ သူက ဆန်ချောလောက်တော့ အတက်အကျ မကြမ်းပါဘူး”ဟု ၎င်းကပြောသည်။ ဆန်ဈေးမြင့်တက်ခြင်းကြောင့် ပုံမှန် ဆန်ချောစားသူများပင် ဆန်ကြမ်းနှင့် ရောနှောစားလာသည်ကို တွေ့ရကြောင်း ၎င်းကပြောသည်။ကမာရွတ်မြို့နယ်မှ အိမ်ရှင်မတစ် ဦးဖြစ်သည့် ဒေါ်မေမျိုးခိုင်က ယခင်က ၁၉ဝဝ တန် ဆန်တစ်ပြည်လျှင် ကျပ် ၂၂ဝဝ အထိ ဈေးတက်သွားကြောင်း၊ ဟင်းသီးဟင်းရွက်၊ သားငါး အပါအဝင် ဆိုပါက တစ်နေ့ လျှင် ကျပ်တစ်သောင်း အထက်ပါမှသာ အဆင်ပြေတော့ကြောင်း ပြောသည်။

”ကလေးမုန့်ဖိုးကို မနှစ်က ငါးရာ၊ တစ်ထောင်ပေးလို့ ရတယ်။ အခုက ၁၅ဝဝ၊ ၂ဝဝဝ လောက်မှ။ အိမ်က သားဆိုရင် သူ့ကို တစ်နေ့တစ်ထောင် ပေးရင် ဘာပြောလဲ ဆိုတော့ မေမေတဲ့၊ အာလူးကြော်တစ်ထုပ်တောင် ၂ဝဝ ရှိ တယ်။ အအေးတစ်ဘူးက ၇ဝဝ ရှိတယ်၊ အဲ တစ်ထောင်နဲ့ဆိုရင် မုန့်နှစ်မျိုးတောင် ကောင်းကောင်းစားရမှာ မဟုတ်ဘူးတဲ့”ဟု ဒေါ်မေမျိုးခိုင်က အိမ်သုံးစရိတ်များ မြင့်တက်လာခြင်းကို ပြောပြသည်။

ဆီဈေးငြိမ်

ဆန်ဈေး မြင့်တက်နေသော်လည်း ဆီဈေးမတက်ကြောင်း မြောက်ဒဂုံရှိ ကလေးနှစ်ဦးမိခင် ဒေါ်စိုးစိုးက ပြောသည်။ ဧပြီလအတွင်းက ထိုင်းမှဝင်သော ဆီပုံးများ ဈေးမြင့် ခဲ့သော်လည်း လက်ရှိ အချိန်တွင်မူ ပုံမှန်ပြန်ဖြစ်ပြီဟု ညောင်ပင် လေးဈေးမှ ဆီရောင်းသူတစ်ဦးကပြော သည်။ မကွေး၊ မြင်းခြံတို့မှ ဆီများကို အများဆုံးရောင်းချသော အဆိုပါ ဆီ ဈေးကွက်တွင် ပဲဆီ၊ နှမ်းဆီဈေးများ အတက်အကျမရှိကြောင်း ၎င်းကပြောသည်။ လက်ရှိတွင် လက်လီဈေးကွက်အတွင်း ပဲဆီ တစ်ပိဿာလျှင်ကျပ် ၄ဝဝဝ နှင့် စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၂ဝဝဝ ဈေးဖြင့် ရောင်းချနေကြောင်း သိရသည်။ ဆီဈေးနှုန်းသည် အလှူ အတန်းများသော ပွဲတော်ရက်များတွင် တက်လေ့ ရှိကြောင်း၊ ပြည် တွင်းထုတ် ပဲဆီများသာမက မလေးရှားမှပို့သော စားအုန်းဆီ၊ ထိုင်းမှဝင်သောပုစွန်နှစ်ကောင် ဆီတို့ကိုအသုံးများကြောင်း သိရသည်။

ကြက်သားဈေးမြင့်

ကြက်သား တစ်ပိဿာလျှင်ကျပ် တစ်ထောင်ကျော် ဈေးမြင့်လာကြောင်း အသားလက်လီ ရောင်းချသူများထံ မှသိရသည်။ ထိုသို့ဈေးမြင့်ရခြင်းမှာ ရာသီဥတုပူ၍ ကြက်ေ သနှုန်းများလာခြင်းကြောင့်ဖြစ်ကြောင်း အသားတိုး ကြက် ထုတ်လုပ်မွေးမြူရောင်းချသူများ အသင်းမှ ဦးခင်မောင်လွင်က ပြောသည်။ ထို့အပြင် အခြားသားငါးများ အဝင် နည်းနေသောကြောင့် ကြက်သားဈေး မြင့်နေခြင်းဖြစ်ပြီး လက်ရှိတွင် ခြံဖမ်းဈေး တစ်ပိဿာလျှင် ကျပ် ၃၉ဝဝ ဈေးရှိပြီး လက်လီရောင်းဈေးမှာ တစ်ပိဿာလျှင် ကျပ် ၄၂ဝဝ ဈေးရှိ သည်။ သို့သော် ရပ်ကွက်ဈေးများတွင်မူ ကြက်သား တစ်ပိဿာလျှင် ကျပ်ခြောက်ထောင်ဈေး ရှိနေသည်ဟု  အိမ်ရှင်မဒေါ်စိုးစိုးကပြောသည်။

”ဒိုင်မှာဈေးတက်လို့ ဒီမှာတက်တာ လို့ပြောတယ်”ဟု ၎င်းကပြောသောကြောင့် ၃၈ လမ်းဈေးရှိ ကြက်သားသည်တစ်ဦး ကိုမေးမြန်းကြည့်ရာ လက်လီဈေး တက်ေ သာကြောင့် ဈေးတက်ရောင်းရခြင်း ဖြစ်သည်ဟု ဆိုသည်။ လက်ရှိ ကြက်သားဈေးသည် အိမ် နီးချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံနှင့် နှိုင်း ယှဉ် ပါက မြင့်ေ နပြီး  မွေးမြူသူများ အတွက်မူ တွက်ခြေကိုက်ကြောင်း၊  ဈေးထိုးကျသွားပါက စားသုံးသူများ အတွက် တွက်ခြေကိုက်သော်လည်း ရောင်းချသူများအရှုံးပေါ်ကြောင်း၊ ကြက်သားပို ထုတ်လုပ်နို င် ပါက မွေးမြူသူ နှင့် စားသုံးသူ နှစ်ဦးနှစ်ဖက် တွက်ခြေ ကိုက်သော အခြေအနေရရှိနိုင်ကြောင်း ၎င်းကပြောသည်။

”ထိုင်းမှာကတစ်ခြံကို အနည်းဆုံး အကောင်ရေတစ်သိန်းလောက် မွေးတာ၊ ဒီမှာက ရာဂဏန်းပဲ မွေးနိုင်ကြတယ်။ အဲဒီလိုသာ ထုတ်လုပ်နိုင်မယ်ဆို နှစ်ဖက် စလုံး တွက်ခြေကိုက်မှာ”ဟု ၎င်းက ပြောသည်။ မင်္ဂလာတောင်ညွန့် ကြက်ဘဲဒိုင်မှ ကိုဇော်ဝင်းကမူ  အပူရှိန်လျော့သွားပြီ ဖြစ်၍ ကြက်သားဈေး ကျဖို့သာရှိသည်ဟု သုံးသပ် သည်။ ”လက်ကားဈေးမှာ တစ်ပိဿာ    ခြောက်ထောင်၊ ခုနစ်ထောင်ဖြစ်နေ တော့ စားသုံးသူတွေအတွက် တော်တော်ကြီးတဲ့ နှုန်းထားဖြစ်နေတယ်”ဟု ၎င်းကဆိုသည်။

ဧပြီလမှစ၍ ကြက်သားဈေးများ သိသာစွာ မြင့်တက်လာခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် လက်ကားဈေးကျ ဆင်းခြင်းမရှိသေးကြောင်း သိရသည်။  အင်းစိန်မြို့နယ်မှ အသ က်ခြောက် ဆယ်ဝန်းကျင်ရှိ အိမ်ရှင်မတစ်ဦးက ”ကြက်သားတစ်ဆယ်သားကို ခုနစ်ရာ ဈေးရှိတယ်၊ အစိတ်သားလောက်ဝယ်မှ အိမ်ကမိသားစုနဲ့ လောက်ငအောင်စား ရ တယ်” ဟု တွက်ချက်ပြသည်။

ဝက်သား၊ အမဲသားဈေးတက်  

ကြက်သားကဲ့သို့ပင် ဝက်သားဈေးလည်းမြင့်တက်နေပြီး လက်ကားဈေးကွက်တွင် တစ်ပိဿာလျှင် ကျပ်နှစ်ထောင်အထိ ဈေးမြင့်လာသည်။ အလားတူ အမဲသားလည်း ဈေး တက်နေပြီး တစ်ပိဿာလျှင် ကျပ် ၂ဝဝဝ အထိဈေးမြင့်လာကြောင်းသိရ သည်။ ဝက်သား တစ်ပိဿာလျှင် ကျပ် ၇ဝဝဝ ဈေးရှိနေပြီး အမဲသားတစ်ပိဿာလျှင် ကျပ် ၉ဝဝဝ ဈေး ရှိနေကြောင်း သိရ သည်။ ထိုသို့ဖြစ်ရခြင်းမှာ အိမ်နီးချင်း တရုတ်နိုင်ငံသို့ ကျွဲ၊ နွား၊ ဆိတ် အရှင်များ တရားမဝင်လမ်းကြောင်းမှတင်ပို့နေခြင်း ကြောင့်ဖြစ်ကြောင်းသိရသည်။ ကျွဲ၊ နွား တင်ပို့ရောင်းချသူတစ်ဦးက ”အဲဒီလို တရားမဝင်သွားနေတာတွေကို ထိန်းချုပ်ပြီး တရားဝင်သတ်မှတ်ပေးမယ်ဆိုရင် ပြည်တွင်းဈေးနှုန်း တည်ငြိမ်မယ်၊ အစိုးရက အဲဒါကိုကူညီပေးဖို့လိုတယ်”ဟု မှတ်ချက်ပြုသည်။

အင်းစိန်မြို့နယ်မှ အသက်လေးဆယ် ဝန်းကျင်ရှိ အိမ်ရှင်မတစ်ဦးက အမဲသား များ ဈေးတက်လာသောကြောင့် ယခင် ထက်လျှော့ဝယ်နေ ရကြောင်း ပြော သည်။”တစ် ခါ စားရင် ဟင်းသေးနှစ်တုံး ထည့်ပေးတာတောင် အိမ်က ကလေးက မဝလို့ သူ့ကိုထည့်ပေးတာ နည်းတယ် ဆိုပြီး ဂျီကျတယ်၊ အမဲသားတစ်ဆယ် သား ကိုး ရာဈေးဖြစ်ေ နတော့ အရင်လို အများကြီး မဝယ်နိုင်တော့ဘူး”ဟု ၎င်းက စိတ်ပျက်စွာ ပြောသည်။

ငါးဈေးမြင့်

လက်ကားဈေးတွင် ငါးဈေးမြင့် တက်လျက်ရှိပြီး  ငါးကြင်း၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် ယခင်ထက် ကျပ်တစ် ထောင်ကျော် မြင့်တက်လာသည်ဟု သိ ရသည်။ ငါးဒိုင်ဖြစ်သည့် ကြည့်မြင်တိုင် ဗဟိုစံပြ ငါးဈေးတွင် ဈေးမတက်သော် လည်း လက်ကားဈေးကွက်တွင် ဈေး တက်လျက်ရှိကြောင်း အဆိုပါဈေးရုံးအဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးကဆိုသည်။ ထိုသို့ ဈေးတက်ရခြင်းသည် သယ်ယူစရိတ်နှင့် ရေခဲဈေး မြင့်တက်ခြင်းတို့ကြောင့်ဖြစ်ကြောင်း အင်းစိန်ရှိငါးရောင်းသူတစ်ဦး ကပြောသည် ။ငါးမြစ်ချင်းတစ်ပိဿာလျှင် ဒိုင်မှ ကျပ် ၂၇ဝဝ ဈေးဝယ်ရသော်လည်း ပြန်ရောင်းသည့်အခါ ကျပ် ၃၅ဝဝ၊ ၄ဝဝဝ ဈေးရောင်းချကြောင်း၊ မီတာခများတက် ၍ရေခဲတစ်တုံးလျှင် ကျပ်ငါးရာဈေးတက်သောကြောင့် လက်ကားဈေးကွက်တွင် ငါးဈေးများမြင့်လာခြင်း ဖြစ်ကြောင်း ၎င်းကပြောသည် ။

ကြည့်မြင်တိုင် ဗဟိုစံပြငါးဈေးမှ ဈေးသည်တစ်ဦးကမူ ”လက်ကားဈေး မှာက တစ်ခါလောက် ဈေးတက်သွားတာ နဲ့ တော်တန်ရုံဈေးပြန်မကျတော့ဘူး၊ သူ တို့ကိုမေးရင် လက်လီဈေးမှာကိုက ဈေး တက်နေတာလို့ပြောကြတယ်”ဟု ပြောသည်။ မိုးရာသီရောက်ပြီဖြစ်၍ ငါးဈေး များ အကျဘက်သာ ရှိလာနိုင်ကြောင်း၊ ကုန်အဝင်ပေါ်မူ တည် ၍  ဈေးအတက်အ ကျရှိကြောင်း၊ လက်ရှိတွင် ဗဟိုစံပြငါး ဈေးသို့ တစ်ရက်လျှင် ငါးပိဿာချိန် ပေါင်း နှစ်သိန်းဝန်းကျင် ဝင်ရောက်ပြီး နယ်များသို့ တစ်ရက်လျှင် ပိဿာချိန် နှစ်သောင်း ဝန်းကျင် တင်ပို့နေရကြောင်း သိရသည်။ ငါးကဲ့သို့ပင် ရေထွက်ကုန် ဖြစ်သော ပုစွန်လည်း ဈေးမြင့်လျက် ရှိပြီး တစ်ပိဿာလျှင် ကျပ်နှစ်ထောင်မှ သုံး ထောင် အထိ ဈေး တက်ေ နကြောင်း သိရသည်။ ”ဘာငါးပဲဖြစ်ဖြစ် ဈေးတက်နေတာ၊ ချဉ်ဟင်းချက်သောက်တဲ့ ငါးခေါင်းတောင် တစ်ထောင်ဖိုးဝယ်မှရောင်း တဲ့ေ ခတ် ဖြစ် နေပြီ” ဟု မြောက် ဂုံ မှ အသက်ငါးဆယ်ကျော် အိမ်ရှင်မတစ်ဦးက ပြောသည်။

ဟင်းသီးဟင်းရွက်ဈေးတက်

မေလအတွင်း မိုးရွာသွန်းမှုကြောင့် ကုန်စိမ်းဈေးများမြင့်တက်လျက်ရှိပြီး ကုန် အဝင်လည်း နည်းနေသည်ဟု တညင်း ကုန်းဈေးမှသိရသည်။ ဘူးသီးတစ်လုံး လျှင် ကျပ် ၃ဝဝ မှ ကျပ်၂ဝဝဝ ထိလည်း ကောင်း၊ ဂေါ်ဖီတစ်ထုပ်လျှင် ကျပ် ၃ဝဝ၊ ၄ဝဝ မှ ကျပ် ၁ဝဝဝ၊ ၁၂ဝဝ ထိလည်း ကောင်း ဈေးမြင့်တက်လျက်ရှိပြီး ကုန် အဝင်ပေါ်မူ တည်ပြီး ဈေးကစားကြ ကြောင်း အဆိုပါဈေးမှ ကုန်စိမ်းရောင်း ချသူ တစ်ဦးကပြောသည်။ ထို့အပြင် ယခင်က ဟိုင်းလတ်ကားများဖြင့် ကုန် တင်ပို့ကြပြီး ဧပြီလမှစ၍ ဟိုင်း လတ်များ ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အ တွင်း ဝင်ရောက်ခွင့်မရှိတော့၍ ဒိုင်နာ များဖြင့် ကုန်တင်ပို့ကြကြောင်း၊ တစ်နေ့ လျှင်  ဟိုင်းလတ်အစီး နှစ်ဆယ်ခန့်ဝင်ရာမှ ဒိုင်နာ ၁၂ စီးခန့်သာ ဝင်တော့သော ကြောင့် ကုန်အဝင်နည်းပြီး ဈေးတက်လာ ခြင်းဖြစ်ကြောင်း တညင်းကုန်းဈေးဌာနခွဲ (၂)မှ ဦးသိန်းလွင်ကပြောသည်။ ထို့အပြင် ၎င်းက ”ဟိုင်းလတ်ကားနဲ့တုန်းက ကျပ် ၅ဝဝတန် ပစ္စည်းတစ်ထုပ်ကို ခုလိုက် ထရပ်ကားက ၁ဝဝဝ၊ ၁၅ဝဝ ကျပ် ယူတယ်။ လူကိုလည်းအဲဒီလိုပဲ။ တစ်ဆလောက်ကို တက် သွား တယ်”ဟုသုံးသပ်ပြောသည်။

ဟင်းသီး ဟင်းရွက်ဒိုင်များတွင် ဈေးတက်သည်ဟုဆိုကာ လက်ကားဈေး ရောင်းသူများကလည်း ဈေးတင်ရောင်း ကြသောကြောင့် ဟင်းသီးဟင်းရွက်ဈေး များ သိသာစွာ မြင့် တက်လာခြင်းဖြစ် ကြောင်း တညင်းကုန်းဈေးရှိ ကုန်စိမ်းသည် တစ်ဦးကပြောသည်။ ရန်ကင်းမြို့နယ်မှ အိမ်ရှင်မ မသီ တာကမူ ”ကန်စွန်းရွက်တစ်စည်း နှစ်ရာ ဖြစ်နေပြီ၊ အသားဟင်းတစ်မျိုး အရွက် ကြော်တစ်မျိုးတည်း ချက်စားဖို့တောင် မလွယ်တော့ပါဘူး”ဟု ညည်းတွား ပြောဆိုသည်။

ဈေးတွေ ဘာကြောင့်တက်

အစိုးရက လိုငွေပြ၍ ငွေစက္ကူရိုက်ထုတ်ခြင်းကြောင့်လည်းကောင်း၊ စီးပွား ရေးဖွံ့ဖြိုးလာ၍လည်းကောင်း ကုန်ဈေး နှုန်းတက်လေ့ရှိပြီး မြန်မာနိုင်ငံတွင် လက် ရှိဖြစ်ပေါ်နေသောအခြေအနေမှာ စီးပွားရေးဖွံ့ဖြိုးမှုကြောင့်ဖြစ်ကြောင်း သမ္မတ၏ စီးပွားရေးအကြံပေး ဒေါက်တာဇော်ဦးက သုံးသပ်သည်။Tradingeconmics.com တွင် ဖော်ပြ ထားသော မြန်မာနိုင်ငံဗဟိုစာရင်းအင်းအဖွဲ့မှ ယခုနှစ်ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ ငွေဖောင်းပွမှုနှုန်းသည် ၂ဝ၁ဝ မှ ၂ဝ၁၄ အတွင်း ပုံမှန်အားဖြင့် ၅ ဒသမ ဝ၂ သာရှိေ သ်ာလည်း ၂ဝ၁၄ ဖေဖော်ဝါရီတွင်မူ ငွေဖောင်းပွမှုနှုန်း ၆ ဒသမ ဝ၃ ဖြစ်နေကြောင်း သိရသည်။

”စီးပွားရေးတက်လာလို့ ကုန်ဈေးနှုန်းတက်လာတယ်။ ဒါပေမဲ့ စီးပွားရေးတက်တာက လူတစ်စုထဲ အကျိုးခံစားခွင့် ရှိနေတယ်။ ပြည်သူတွေရဲ့ဝင်ငွေက တက်မလာဘူး” ဟု ဒေါက်တာဇော်ဦးက ပြောသည်။ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန် ပုံငွေအဖွဲ့ (IMF) အကြီးအကဲ Mr.Matt Davies က ယခုနှစ် ဇန်နဝါရီတွင် မြန်မာ နိုင်ငံသို့ လာရောက်ခဲ့ရာ မြန်မာ့ငွေဖောင်း ပွမှုနှုန်းသည် ၂ဝ၁၅ မတ်လအထိ ၆ ရာခိုင်နှုန်းတက်နိုင်ကြောင်း ပြောကြားခဲ့သည်။

ဈေးကွက်မှရရှိသော အချက်အ လက်များအရ သားငါးဟင်းသီး ဟင်းရွက် ဈေးတက်သည်ဆိုသော်လည်း လက်လီ ဒိုင်များတွင် ကုန်အဝင်ပေါ်မူတည်ပြီး သာ ဈေး တက်ခြင်းဖြစ်သည်။ သို့သော် လည်း လက်ကားဈေးများတွင်မူ ကုန် အဝင်မည်သို့ပင်ဖြစ်စေ၊ အချိန်ပြည့် ဈေး တက်နေသည်ကို တွေ့ရ သည်။ ထိုသို့ဖြစ် ရခြင်းမှာ ကားခ၊ ဆိုက်ကားခ၊ ထမ်းပိုးခစသည့်တစ်ဆင့်သယ်ယူစရိတ်များကြောင့် ဖြစ်နိုင်ကြောင်း ဈေးကွက်ကျွမ်းကျင်သူများက သုံးသပ်သည်။  တညင်းကုန်းဈေးရှိ ခရမ်းသီးရောင်း ချ သည့် အသက်သုံးဆယ်အရွယ် အမျိုး သားဈေးသည်တစ်ဦးက ”ဒီမှာ ခရမ်းသီး အရှည်ကြီးတစ်လုံးမှ ကျပ် ၅ဝ ၊ ၇ဝ လောက်ရောင်းကြတာ။ ရပ်ကွက်မှာ အဲဒီတစ်လုံးကို ၁၅ဝ ကျပ် အထိရောင်းနေကြတာဗျ။ ရပ်ကွက်ကဈေးသည်တွေ တော် တော်လေး အမြတ်ကြီးစားကြတယ်” ဟု နှိုင်းယှဉ်ပြောသည်။

ဈေးမတက်အောင် ဘယ်လိုလုပ်မလဲ

ထိုပြဿနာကို ဖြေရှင်းရန်အတွက် ပြည်သူများ၏ ဝင်ငွေတက်လာအောင် အစိုးရကလုပ်ဆောင်ပေးရန် လိုအပ်ကြောင်း၊ စီးပွားရေး တိုးတက်သလို     ပြည်သူတစ်ရပ်လုံး ဝင်ငွေတက်လာရန် ဆောင်ရွက်သင့်ကြောင်း ဒေါက်တာဇော် ဦးက ပြောသည်။ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌဦးသန်းလွင် (ငြိမ်း)ကမူ ထိုသို့ဖြစ်ရခြင်းမှာ အစိုးရက စစ် တမ်းကောက်ယူမှု နည်းခြင်းကြောင့် ဖြစ်ကြောင်း၊ အခြားနိုင်ငံများတွင် ပေါ်လစီတစ်ခုခု ပြောင်းတော့မည်ဆိုလျှင် ဖြစ် လာနိုင်သည့် ကောင်းကျိုး၊ ဆိုးကျိုးကို စစ် တမ်းကောက်ယူကာ ကုန်သည်လုပ် ငန်းရှင်များ၊ ပြည်သူများသို့ ချပြလေ့ရှိ ကြောင်း ပြောသည်။

ထိုသို့စီစဉ်ခြင်းကြောင့် ကုန်သည်များသည် ဈေးကစားခြင်းကို မလုပ်ဝံ့ကြ တော့ကြောင်း၊ မြန်မာနိုင်ငံတွင်မူ ထိုသို့ အစီအမံမရှိသောကြောင့် ဈေး ကစားမှုများ ဖြစ်ပေါ်ေ နခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ ”အစိုးရက ကြိုမြင်ဖို့လိုတယ်။ ကြို မြင်ထားရင် ကာကွယ်လို့ရတယ်။ ဘတ် ဂျက်ဆွဲရင်လည်းကြိုမြင်ထားရမယ်၊ တက်တာကို ဘယ် လိုကာကွယ်မလဲ၊ အ ကျိုးယုတ်မှုအနည်းဆုံးဖြစ်အောင် ဘယ် လိုလုပ်မလဲ၊ လုပ်ပြီးပြီဆိုရင်လည်း ကျွန်တော်တို့တော့ ဒီလို လုပ်ထားပါတယ်ဆိုပြီး ကြေညာရမယ်” ဟု ဦး သန်းလွင်က အကြံ ပြုသည်။

ထို့ပြင် ကုန်ဈေးနှုန်းနှင့်ဆက်စပ်နေသော တိကျသည့် စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေမရှိခြင်း၊  စားသုံးသူ အကာကွယ်ပေးရေး အဖွဲ့အစည်း နည်း ပါးခြင်း သည် လည်း ပြဿနာတစ်ရပ်ဖြစ် ကြောင်း ၎င်းကဆိုသည်။ ”နိုင်ငံခြားတွေမှာဆို ကုန်ဈေးနှုန်းတက်ပြီဆို မီဒီယာကို ပြောလိုက်တာနဲ့ရပ်သွားတာ၊ သူတို့ဆီမှာဥပဒေ အရပေါ် လာတဲ့ အဖွဲ့အစည်းများတယ်၊ ဒီမှာ အဲဒီလိုအဖွဲ့မရှိဘူး”ဟု ၎င်းက ထပ်လောင်း ပြောသည် ။

မြန်မာ့နိုင်ငံရေးတွင် ကုန်ဈေးနှုန်း တက်ခြင်း၊ ငွေစက္ကူများသိမ်းခြင်းကြောင့် နိုင်ငံရေးပဋိပက္ခများဖြစ်ပွားခဲ့သည့် သာဓက များရှိ၍ အစိုးရသည် ကုန်ဈေးနှုန်း ပြဿနာကို လျစ် လျူမရှုသင့်ဟု ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဒေါ်မာမာဦးက ထောက်ပြသည်။ ”ကုန်ဈေးနှုန်းကိစ္စကိုအစိုးရက တာ ဝန်မယူဘူးဆိုရင်တော့ အ လား အလာ မကောင်းနိုင်ဘူး၊ ရှေ့မှာလည်း သာဓက တွေရှိခဲ့ပါတယ်”ဟု ၎င်းက မှတ်ချက်ပြု သည်။

အဝတ်အစား၊ အသုံးအဆောင်ကို ခြိုးခြံချွေတာ၍ ရနိုင်သော်လည်း အစားအသောက်မှာမူ အာဟာရစုံအောင် စားရန်လိုအပ်ပေသည်။ ကုလသမဂ္ဂကလေးများ ရန်ပုံငွေ အဖွဲ့(ယူနီဆက်)၏ ထုတ် ပြန်ချက်အရ အရှေ့တောင်အာရှ၏ အာ ဟာရချို့တဲ့မှုနှုန်း အမြင့်ဆုံးနိုင်ငံ စာရင်း တွင် မြန်မာနိုင်ငံသည် တတိယနေရာ၌ ရပ်တည်လျက်ရှိသည်။ အာဟာရ ချို့တဲ့မှု ပြဿနာသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင်ကြုံတွေ့နေရသည့် အကြီး မားဆုံး ပြဿနာများထဲမှ တစ်ခုဖြစ်သည်။

ယင်းကြောင့် မြန်မာနိုင်ငံရှိ အသက် ငါးနှစ်အောက် ကလေးသူငယ် စုစုပေါင်း ၏ သုံးပုံတစ်ပုံမှာ ပုညှက်နေပြီး ၎င်းတို့ ထဲမှ ရှစ်ရာခိုင်နှုန်းခန့်သည် အသက် အရွယ်နှင့် မလိုက်အောင် ဆိုးဆိုးရွားရွား စိုးရိမ်ဖွယ် ပိန်သေးနေကြောင်း ယူနီဆက်မှသိရသည်။ ”အရင်လို ဟင်းနှစ်မျိုး စားရဖို့ တောင်မလွယ်တော့ဘူး၊ တစ်ရက်ဟင်း ကောင်း စား ရင် နောက်တစ်ရက်ကိုဖြစ်သလိုစားပုံစံမျိုးနဲ့ပဲသွားနေရတယ်”ဟု ရန်ကင်းမှ မသီတာက ပြောသည်။

မေဇင်ဝင်းနှင့် ထက်ထက်မိုးမြင့် စုစည်းတင်ပြသည်

ဧပြီလမှစ၍ ကုန်ဈေးနှုန်းများ သိသိသာသာတက်လာသောကြောင့် ယခင်လို ဈေးဝယ်ရတာ အဆင်မပြေတော့။ လက်ထဲတွင်ပါသော တစ်နေ့ စရိတ်နှင့် ဝယ်ခြမ်းရမည့် ဟင်းစားကို တော်တော် စဉ်းစားရသည်။ ယခင်နှစ်များကမူ သင်္ကြန် ကျော်ပါက ဈေးပြန်ကျလေ့ရှိသော်လည်း ယခုနှစ်တွင် ဘယ်သို့ဖြစ်သည်မသိ။

ကောက်ကျစ်မှုကို ရှောင်ရှားနိုင်အောင်


လွန်ခဲ့တဲ့ အပတ်လောက် က လူ တစ်ယောက် ရုပ်ရှင်ကြည့်ဖို့ သွားခဲ့တယ်.
အဲ့ဒီမှာဘဲ သူထိုင်တဲ့ ထိုင်ခုံကနေ တခုခု က စူးသလို ခံစားလို့ သေချာ
ကြည့်တော့ ဆေးထိုးအပ် ဖြစ်နေတာကို တွေ့ ရတယ်. အဲ့ဒီ အပ်နဲ့အတူ သူ
တွေ့တာ ကတော့ "ခင်ဗျား HIV ပိုးအကိုက်ခံရပြီ" ဆိုတဲ့ စာလေးပါဘဲ !
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...