Thursday, February 28, 2013

ချီးကျူးပါတယ်။ ငါတို့်တွေကော ဒီလိုလုပ်နိုင်ပြီလား

Photo: Israel အမျိုးသမီး တစ်ယောက် Palestine ကောင်လေးကို ကာကွယ်ခဲ့တဲ့ သတင်းဟာ ကမ္ဘာ့ လူသား သန်းပေါင်းမြောက်များစွာကို အမြင်သစ်ပေးခဲ့ပါတယ်။ ထိုမျှမက နှစ်ပေါင်းများစွာ ရန်သူလို ဆက်ဆံနေခဲ့ကြတဲ့ Israel နဲ့ Palestine ကြားမှာ ငြိမ်းချမ်းရေး ဆေးတစ်ခွက်လဲ ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့သော မေလ ၂၀၊ ၂၀၁၂ နေ့၊ ဂျေရုဆလင်နေ့မှာ ဖြစ်ခဲ့တာပါ။ အစ္စရေးတွေဟာ ဂျေရုဆလင် နေ့ (Jerusalem day) အရမ်းကို အလေးအနက်ထားပါတယ်။ သူတို့ရဲ့ နေ့ထူးနေ့မြတ်အနေနဲ့ ကျင်းပတာပါ။ အဲဒီနေ့ ရောက်တိုင်း ပါလက်စတိုင်းလူမျိုးတွေရဲ့ လှုပ်ရှားမှု မှန်သမျှ လုံးဝ ခွင့်မပြုပါဘူး။ သူတို့ အစ္စရေးအလံတွေကို လွင့်ထူပြီး နိုင်ငံတော် သီချင်းများ ဆိုကြပါတယ်။

အဲဒီနေ့ မတိုင်ခင်နေ့များမှာ ပါလက်စတိုင်း လူမျိုးအချို့က အစ္စရေး တိုးချဲ့အိမ်ရာ စီမံကိန်းများကို သပိတ်မှောက်နေခဲ့တာဖြစ်ပါတယ်။

အဲဒီနေ့မှာ ၁၀ နှစ်သားအရွယ် ပါလက်စတိုင်း ကောင်လေးတစ်ယောက်ဟာ ပါလက်စတိုင်း အလံကိုင်လျှက် ပွဲကြည့်နေတုန်း၊ အစ္စရေး လူမျိုးရေးဝါဒီ တစ်ယောက်က သူ့အလံကို လုယူပေးခဲ့ပါတယ်။ ကောင်လေးက ပြန်လုရင်း ရုန်းရင်းဆန်ခတ် ဖြစ်နေတုန်း နယ်ခြားစောင့်ရဲ တစ်ယောက်က စိတ်ဆိုးမာန်ဆိုးနဲ့ ကလေးကို လက်ဖမ်းတာခံရပါတယ်။ 

ကောင်လေးကို ခြေထောက်နဲ့ကန်တယ်၊ မညှာမသာ လုပ်လာတဲ့အခါမှာ အနားမှာ ရှိနေခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် အစ္စရေး တက္ကသိုလ် ကျောင်းသူ တစ်ယောက်က အဆိုပါ ရဲကို ၀င်လုံးပြီး ကောင်လေးကို ထွက်ပြေးစေခဲ့ပါတယ်။

အစ္စရေး လူမျိုးနဲ့ ပါလက်စတိုင်း လူမျိုးဆိုတာ ရာဇ၀င် လိုက်ပြီး ရန်ဖြစ်နေခဲ့တဲ့ လူမျိုးတွေပါ။ အခုလို အဖြစ်ကို မြင်ရတော့ အားလုံး အံ့အားသင့်ခဲ့ရပါတယ်။ လူမျိုးနှစ်မျိုးကြား ငြိမ်းချမ်းရေး ရလာတော့မလား ဆိုပြီးလဲ ပြောဆိုလာကြပါတယ်။

သို့သော်လည်း၊ သူ့လူမျိုး (အစ္စရေး) အချင်းချင်း တွေရဲ့ ဝေဖန် ကဲ့ရဲ့ခြင်းများကိုလဲ ခံရပါတယ်။ ဘာပဲ ဖြစ်ဖြစ် ပါလက်စတိုင်းသားတွေရဲ့ facebook တွေမှာတော့ ဒီ အမျိုးသမီးကို တော်တော် ချီးကျူးထားတာ တွေ့ရပါတယ်။ ဒါဟာ ပါလက်စတိုင်းတွေ အစ္စရေး တစ်ယောက်အပေါ် အကောင်းမြင်လာတဲ့ ရှားရှားပါးပါး ကောမ်မန့်လေးတွေပါ။

လူတစ်ဦး တစ်ယောက်ရဲ့ စိတ်ထားမှန်ကန်စွာ ပြုမူလိုက်ခြင်းသည် လူအများအတွက် ကောင်းကျိုးများစွာ ဖြစ်စေတယ် ဆိုတာ ဒီအဖြစ်က သက်သေပြနေပါတယ်။ မကောင်းမှုကို သိရက်နဲ့ ကိုယ့်အမျိုးမို့ အားပေး၊ အားမြောက်ပြုခြင်းကို ကိုယ့်ဘာသာကိုယ် တော့ အမှားအမှန် မသိနိုင်ပေမယ့် အပြင်လူ တစ်ယောက်အနေနဲ့ ကြည့်လိုက်မှ မသင့်တော်မှန်း သိရတဲ့ အဖြစ်မျိုးတွေရှိကောင်းရှိမှာပါ။ 

ဘယ်နေရာ မဆို အမှန်တရား ဘက်က ရပ်တည်နိုင်တဲ့ စိတ်ထားဟာ လူတစ်ယောက်ရဲ့ တန်ဖိုးပါပဲ။
Israel အမျိုးသမီး တစ်ယောက် Palestine ကောင်လေးကို ကာကွယ်ခဲ့တဲ့ သတင်းဟာ ကမ္ဘာ့ လူသား သန်းပေါင်းမြောက်များစွာကို အမြင်သစ်ပေးခဲ့ပါတယ်။ ထိုမျှမက နှစ်ပေါင်းများစွာ ရန်သူလိုဆက်ဆံနေ ခဲ့ကြတဲ့ Israel နဲ့ Palestine ကြားမှာ ငြိမ်းချမ်းရေး ဆေးတစ်ခွက်လဲ ဖြစ်ခဲ့ပါတယ်။

အင်းလေးကန်ငါးများ

ပင်လုံစာချုပ်နှင့် ၁၉၄၇ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ

by Aung Zaw Bo on Thursday, February 28, 2013 at 2:38am ·


ပင်လုံစာချုပ်

၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးရဲ့ အားနည်းချက်တွေကို မဆန်းစစ်ခင်မှာ ဘာဖြစ်လို့ ပင်လုံစာချုပ်လက်မှတ်ထိုးဖို့ လိုအပ်သလဲံဆိုတာကို နည်းနည်းလေးပြန်ဆန်းစစ်ကြည့်ချင်ပါတယ်။

“ဓာတုအဆိပ်သင့်မှု ကင်းရန် အသီးအရွက်မချက်မီ ဆားရည်စိမ်ထားသင့်”

KhingKhing Su and Hlaing Bwa Maung shared Royal Hero Media's photo.
“ဓာတုအဆိပ်သင့်မှု ကင်းရန် အသီးအရွက်မချက်မီ ဆားရည်စိမ်ထားသင့်”

အသီးအရွက်များ မချက်ပြုတ်မီ ဓာတုအဆိပ်သင့်မှု ကင်းရန်အတွက် ဆားရည်ဖြင့် အနည်းဆုံးနာရီဝက်ခန့် စိမ်ပေးသင့်ကြောင်း စားသုံးသူ ကာကွယ်ရေးအသင်းမှ သိရသည်။

”အခုသုံးနေတဲ့ ပိုးသတ်ဆေးတွေက ပင်လုံးပျံ့ပိုးသတ်ဆေးတွေ။ အပင်မကဘူး အမြစ်အထိပါပျံ့နှံ့ပြီး နောက်ဆုံးမှာ မြေဆီလွှာပါပျက်စီး တယ်။ မစားရင် အကောင်း ဆုံးပဲ”ဟု ၄င်းအသင်းမှ ဦးဗအုပ်ခိုင်က ပြောသည်။ သီးနှံများတွင် မှိုသတ်ဆေး၊ ပိုးသတ်ဆေးများသုံးခြင်းသည် မြန် မာနိုင်ငံတွင် တွင်ကျယ် နေသည်မှာ အချိန်ကာလအားဖြင့် မခန့်မှန်းနိုင် လောက်အောင် ကြာပြီ ဖြစ်သော် လည်း ယခုအခါ၌ သီးနှံဓာတု အဆိပ်သင့်ခြင်းများသည် ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ မုန်ညင်းထုပ်များ တွင် အများဆုံးဖြစ်တတ်ပြီး ၄င်းတို့ တွင် ပင်လုံးပျံ့ ပိုးသတ်ဆေးများအား အသုံးပြုကြကြောင်း သိရသည်။

အသီးအနှံ၊ အရွက်များတွင် အသုံးပြုနေသော ပိုးသတ်ဆေး၊ မှိုသတ်ဆေးသည် သုံးမျိုးရှိပြီး ၄င်းသုံးမျိုးမှာ ထိသေပိုးသတ်ဆေး၊ တစ်ဖက်ပေါက် ပိုးသတ် ဆေးနှင့် ပင်လုံးပျံ့ ပိုးသတ်ဆေးတို့ ဖြစ် သည်။

ထို့ကြောင့် စိုက်ပျိုးထုတ်လုပ် သည့်သူများ အသိပညာကြွယ်ဝ စေရန်နှင့် ၄င်းပိုးသတ်ဆေးများ၏ ဆိုးကျိုးများကို သိထားသင့်ကြောင်း ဦးဗအုပ်ခိုင်က ပြောသည်။

”ဒီလိုသာ ဆက်ပြီးသွားနေ မယ်ဆိုရင်သီးနှံဓာတု အဆိပ်သင့် တာတွေက လျော့သွားဖို့ မရှိဘူး။ တိုးလာဖို့ပဲရှိတယ်။ လူတွေကလည်း organic ကို ရွေးပြီးစားမယ့်သူက အင်မတန် နည်းနေသေးတယ်”ဟု ၄င်းက ထပ်မံ ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ ရက်တွင်လည်း ခန္တီးခရိုင်၊ ဟုမ္မလင်း မြို့နယ် ထမံသီ စံပြကျေးရွာအုပ်စု ယက်ပရွာရှိ သစ်ပါးလွှာစက်ရုံတွင် ဂေါ်ဖီထုပ်ကြောင့် ၃၂ ဦးအစာ အဆိပ်သင့်ခဲ့ပြီး နှစ်ဦးသေဆုံးခဲ့ ကြောင်း သိရသည်။

မိုးငယ် - Popular Myanmar News Journal

အသီးအရွက်များ မချက်ပြုတ်မီ ဓာတုအဆိပ်သင့်မှု ကင်းရန်အတွက် ဆားရည်ဖြင့် အနည်းဆုံးနာရီဝက်ခန့် စိမ်ပေးသင့်ကြောင်း စားသုံးသူ ကာကွယ်ရေးအသင်းမှ သိရသည်။

သူရဲကောင်းဓား သံချေးမတက်ပါ

Thein Moe shared Maha Mingyi's photo.
သူရဲကောင်းဓား သံချေးမတက်ပါ

ဂိုလ်ရှယ်လေး

သူရဲကောင်းရဲ့ ဓါးသည် သံချေး ဘယ်သောအခါမှ မတက်တတ်ပါ၊ သူရဲကောင်းသည် ရန်ကုန်
မော်တင် ကမ်းနားလမ်းဈေး၏ ညသန်းကောင်တွင် စက္ကန့်မလပ် ဖေါက်ဖွားလာသော
ခြင်ကောင်များကဲ့သို့ မဟုတ်ပါ။

သူရဲကောင်းတို့သည် ဖိနှိပ်မှုမှန်သမျှအား လောကဓံတရားဟု ကောက်ချက်မဆွဲ၊
တုန့်ပြန်ရန် လက်ရဲဇက်ရဲရှိသော ၊ မတွေဝေသော သူများဖြစ်၏။

မြန်မာပြည်တွင် သူရဲကောင်းဆိုသူအား မျှော်လင့်နေတတ် စောင့်စားနေတတ်ကြသည်။
တကယ်အစစ်မှန်သူရဲကောင်းသည် မိမိ၏ ၀ိဥာင် မှာပင် ရှိနေပြီး မိမိသာလျှင်
သူရဲကောင်းဖြစ်နေသည်။

သက္ကရာဇ် ၁၄၇၈ တွင် မြန်မာဘုရင်၏ပိုင်နက်ကို ကျူးကျော်တိုက်ခိုက်လာသော တရုတ်စစ်သည်တို့ကို မြန်မာဘုရင် မင်းခေါင် (မင်းရဲကျော်စွာ)၏ အကျဉ်းသားအဖြစ် အဖမ်းခံနေရသော မွန်သူရဲကောင်း သမိန်ဗရမ်းသည် မြန်မာစစ်သည်တို့တွင် ထိုးသတ်မည့်သူ မရှိသဖြင့် တရုတ်စစ်သူကြီး ဂါမဏိအား စီးချင်း ထိုးရန် လက်ခံဖို့ စဉ်းစားချိန် တရက်သာရခဲ့၏၊။

မြန်မာဘုရင်မင်းခေါင်းက သူ့တွင် သူရဲကောင်း ရှားနေပြီး တိုင်းပြည်အား လက်နက်အင်အား လူသူအင်းအားဖြင့်သာ အုပ်ချုပ် နေထိုင်ခဲ့သောကြောင့် ယ္ခု တ၇ုတ် စစ်သည်တို့ ၀င်ရောက်လာမှုအား ဖြေရှင်းရန် အကြီးကျယ် အခက်တွေ့နေ၏။ သို့သော် ဘုရင်မင်းခေါင်မှ သူ၏တိုင်ပြည်အား ကာကွယ်ရန် သူကိုယ်တိုင်ပင် မ၀ံ့သာသောအခြေနေအား သမိန်ဗရမ်းမှချက်ခြင်း သတိရကာ
အင်အားရစေခဲ့သည်။
သမိန်ဗရမ်းသည် မွန်လူမျိုးတဦးဖြစ်သော်ငြား တိုင်ပြည် အရေးတွင် မိမိ၏ တာဝန်သိ သစ္စာရှိသော သတ္တိက သူရဲကောင်းတဦး၏ စံ ဟုပင် နားလည် ပြီး တရုတ်စစ်သူကြီး ဂါမဏိနှင့် စီးချင်းထိုးနိုင်ရန် အသင့်ဖြစ်ကြောင်း အကြောင်းပြန်ခဲ့သည်။

သမိန်ဗရမ်းအဖို့ သူ့ထက် အစစ အရာရာ ချပ်ဝတ် လက်နက် အားအင် အစစအရာရာ
သာလွန်သော ဂါမဏိအား အကျဉ်းစံနေသော နေရာမှ လေ့ကျင့်ချိန် မရပဲ တရူးထိုး စဉ်းစား
ဆုံးဖြတ်ခဲ့သည် အသိဥာဏ်မဲ့သူ မဟုတ်ခဲ့ပါ။ သမိန်ဗရမ်း လေ့ကျင့်သော နေရာသည်
သူ့အားချုပ်နှောင်ထားသော ၁၀ ပေမျှလောက်သာ ကျယ်ဝန်းပြီး အမြင့် ၁၅ ပေလောက်ရှိသော
သုံးဖက်ပိတ်မြေကျဉ်းသည် သူ၏ သုံးရက်မျှလောက်သာ ကျန်တော့သည့်ကာလအတွက်
စစ်ရေးလေ့ကျင့် ကွင်းကလေးသဖွယ် လေ့ကျင့်ခဲ့ရသည်။

သမိန်ဗ၇မ်း၏ အားသာချက်သည် မျက်လုံးအမြင်အား အလွန်သာလွန်ကောင်းမွန်ပြီး ၊
တုန်လှုပ်ခြောက်ခြားမှု ကင်းသော စိတ်တည်ငြိမ်မှုရှိသူဖြစ်သည်။ သမိန်ဗရမ်းတွင်
အများထက်ထူးကဲသော လက်ဝဲလက်ယျာ လက်ဖျံရိုးတို့ တချောင်းစီသာ ပါသော ပါရမီထူးဖြစ်ပြီး၊ သေးငယ်သော အရာများကိုပင် သူ၏လှံဖျားဖြင့် မလွတ်တမ်း ထိခိုက်အောင်
စွမ်းဆောင်နိုင်သူဖြစ်သည်။

သမိန်ဗရမ်းက သူနှင့် စီးချင်း စစ်ယှဉ်ထိုးရမည်ဖြစ်သော ဂါမဏိအား မတွေ့ဘူးမမြင်ဘူးခဲ့ပါ။
သို့သော် သူ၏ ယုံကြည်ချက်သည် သူသည် အမှန်းတရားကို မြတ်နိုးပြီး အမှန်တရားဘက်တွင်သာ အမြဲရပ်လို နေလိုသော ဆုံးဖြတ်ချက်ဖြင့် ရှင်သန်နေသည်ဟု သူက ယူဆလေ့ရှိသောကြောင့်
ဘာကိုမှ သူမမှုပဲ ရိုးရိုး၇ှင်းရှင်းသာ နေထိုင်တတ်သူဖြစ်သည်။

သမိန်ဗရမ်းအား စီးချင်းထိုးမည့်နေ့တွင် တွေ့ရသော တရုတ် စစ်သူကြီး ဂါမဏိက အားရပါးရ
ရယ်မောဟားတိုက်ကာ အထင်မြင်သေးပြီး ဟောက်ငန်းမှုများ ပြုလုပ်လေသည်။ သမိန်ဗရမ်းက
မည်သို့မမျှမတုန့်ပြန် အခြေနေမှန်အားလုံးအား မိမိရန်သူတွင် အသေးစိတ်လေ့လာ
အကဲခတ်ကာ စစ်ရေးစီးချင်းထိုးကွင်းထဲသို့ ဆင်းလေသည်။

တရုတ်စစ်သူကြီး ဂါမဏိသည် နယ်နယ်ရရမဟုတ်ပါ၊ အာရပ်နွယ်တို့သွေးနှင့် ရောစပ်ထားသော
လူ့ဆင်ရိုင်းကြီး တကောင်ကဲ့သို့ပင် အင်အားကြီးမား ကိုယ်လုံးထွားပြီး မြင်းစီး ဓားခုတ် အလွန်
ကျွမ်းကျင်သော စစ်သူကြီးတဦး ဖြစ်လေသည်။ သို့သော် သူ၏ အားနည်းချက်မှာ
တဖက်ရန်သူအား အထင်မြင်သေးတတ်ပြီး မိမိသာလျှင် မဟာ အာဂ သိုင်းလောကသမားတို့၏
သူရဲကောင်းအသွင် လုပ်ပြလေ့ရှိကြောင်းကို သမိန်ဗရမ်းမှ သိရှိပြီး ဟန်ရေးတပြပြ
စစ်မာန်ကြွနေသော ဂါမဏိအား ပထမ စစ်ရေးစီးချင်း ကွင်းပြင်မှာပင် လှည့်ပတ်ကြည့်ရင်း
ဂါမဏိ၏ အားနည်းချက်အား အသေခြာသိရှိခဲ့ပြီး စစ်စီးချင်း ယှည်သောအခါ တမိနစ်သာ
မကြာလောက်သော ကာလလေးမှာပင် ဂါမဏိကြီးတယောက် မြေသို့ပေါ်သို့ တုံးလုံးပက်လက်
ပုံခွေကျသွားအောင် ထုတ်ချင်းပေါင် ပစ်သွင်းခဲ့သော သမိန်ဗရမ်း လှမ်းသွားက မျက်နှာချင်းယှဉ်
ဒုန်းစိုင်းဝင်လာသော ဂါမဏိ၏ ထူထဲသော စစ်ချပ်ဝတ် ဘယ်လက်မောင်းဂျိုင်းအောက်မှ
ချုပ်ရိုးပြတ်တချောင်းနေရာမှ သမိန်ဗရမ်း၏ အားပြင်းလှသော လှံသွားက နေရာမလွဲ
ထိုးဖေါက်ကာ ဂါမဏိဆိုသော တရုတ်စစ်သူကြီးးအား တံစိုးထိုးသွားခဲ့လေသည်။

မြန်မာဘုရင် မင်းခေါင်အဖို့ နှစ်ထောင်းအားရဖြစ်ခဲ့ရသည်။ တရုတ်စစ်သည်များရန်မှ
ကင်းဝေးခဲ့ရသော သူရဲကောင်းတဦးမှ တတိုင်းပြည်လုံးအား ကယ်တင်ခဲ့လေသော
သမိုင်းသည် မြန်မာပြည်တွင် အလွန်ထင်၇ှားသော မွန်သူရဲကောင်းတဦး၏
တိုင်းပြည်ကို ကာကွယ်လိုသော သစ္စာသည် ယနေ့တိုင်ပင် ထင်ထင်ရှားရှားရှိခဲ့လေသည်။

ထိုအခါ ဘုရင်မင်းခေါင်မှ သမိန်ဗရမ်းအား “ယခုစီးချင်းထိုးပွဲအား မည်သို့သော
စိတ်ဆန္ဒဖြင့် အသင်ရွေးချယ်သနည်း ?”ဟု မေးခွန်းထုတ်သောအခါ သမိန်ဗရမ်းမှ
“သူရဲကောင်းတို့၏ ဓားသည် သံချေး ဘယ်သောအခါမှ မတက်တတ်ပါ” ဟု ဖြေကြားခဲ့လေသည်။
ယခု မြန်မာပြည်၏ ဦးပိုင်နှင့် နောက်ဖေးပေါက်က ချမ်းသာလာသူ ခ၇ိုနီများ၏ မြေ
၊လယ်ယာသိမ်း တိုက်ပွဲတို့တွင်လည်း သမိန်ဗရမ်းကဲ့သို့ပင် လက်ပံတောင်း နှင့် မအူပင်မှ
တောင်သူလယ်သမားတို့၏ အင်အားသည်လည်း ဘယ်သောအခါမှ သံချေးတက်မည်
မဟုတ်ပါကြောင်း တင်ပြပါသည်။

ကျေးဇူးတင်ပါသည်
ဂိုလ်ရှယ်လေး
ဖေဖေါ်ဝါရီလ ၂၈ ရက် ၂၀၁၃ ခုနှစ် ၆ နာရီ ၂၅ တွင် ရေးသားသည်။
နှစ်သက်လျှင် ၀ိုင်းရှယ်ပေးပါ
— with Naw Jadup and 49 others.

သူရဲကောင်းရဲ့ ဓါးသည် သံချေး ဘယ်သောအခါမှ မတက်တတ်ပါ၊ သူရဲကောင်းသည် ရန်ကုန်
မော်တင် ကမ်းနားလမ်းဈေး၏ ညသန်းကောင်တွင် စက္ကန့်မလပ် ဖေါက်ဖွားလာသော
ခြင်ကောင်များကဲ့သို့ မဟုတ်ပါ။

မင်္ဂလာတရားတော်နှင့်အညီ ကျင့်ကြံခဲ့သော ဗိုလ်ချုပ်.......


                   
 ယနေ့... ကျွန်တော်တို့ အသက်အရွယ်အပိုင်းအခြားရှိသော ယနေ့ခေတ် လူလတ်ပိုင်းများသည် ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော အာဇာနည်ခေါင်းဆောင်ကြီးများအကြောင်းကိုသော် လည်းကောင်း၊ မြန်မာ့သမိုင်းကိုသော်လည်းကောင်း၊  တီးမိခေါက်မိရှိကြပါသည်။

အကျီပေါ်ကသွေးကွက်များ............

မှော်ဘီ နည်းပညာကျောင်းသို့သွားသော မင်္ဂလာဒုံမှ ဖယ်ရီကားရှေ့တွင် ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် စကားများနေကြသည်။
ကောင်မလေးက" ဇေယျ နင်အဲ့ဆေးစွဲတာ ဖြတ်မလား ငါ့ကို ဖြတ်မလားပြောတော့ဟာ" ဟုပြောလိုက်ရာ

ရောင့်ရဲတင်းတိမ်ကြပြီလား…


ရန်ကင်းသား Posted: 26 Feb 2013 06:03 PM PST



သူက ကျနော်ရဲ့ တက္ကသိုလ် ကျောင်းနေဖက်ပါ… ကျနော်တို့ ချစ်သူဘ၀ ၃ နှစ်ရှိခဲ့ပြီး အခု အိမ်ထောင်သက်တမ်းကလဲ ၃နှစ်ပြည့်ခဲ့ပါပြီ…
ပြ
နာ တစ်ခုပါဘဲ… သူနဲ့ကွာရှင်းပြီးတော့ သူနေရာသစ်မရမချင်း ကျနော်တို့ တစ်အိမ်တည်း အတူတူနေရဦးမှာပါ…

ဦးဝင်းငြိမ်း( ရွှေအမြူတေ) သို့ အိတ်ဖွင့်စာ...


သို့
ဦးဝင်းငြိမ်း( ရွှေအမြူတေ)

သစ်ထူးလွင်သတင်းစုစည်းမှု (၂၈-၂)

သစ်ထူးလွင်



Wednesday, February 27, 2013

လမ်းမထက်တွင် နေ၀င်သည်


ပုံမှန်နေ့တွေလို အိမ်ရှေ့မှ ဆိုင်ကယ်တွေ ဖြတ်သွားတိုင်း သမီးလေးများလားဟု ဒေါ်သိန်းမြင့် လှမ်းမျှော်ကြည့်နေမိသည်။ သတိလက်လွတ်ဖြစ်သွားတိုင်း ထွက်ထွက်ကြည့်မိသည်မှာ ခဏခဏ။ သူမ၏မြေးမလေး အိမ်ပြန်မလာနိုင်တော့သည်ကို ဒေါ်သိန်းမြင့် လက်ခံ၍မရနိုင်သေး။

ဦးဏှောက် ကင်ဆာအကျိတ် မဖြစ်စေရန် အကြံပေးချက်

မာံသူ ရိန္ဒ and Thiha Kyi Win shared အဂ္ဂမဟာ သီရိသုဓမ္မ ပုံပျက် ခင်စိန်'s photo.
ဦးဏှောက် ကင်ဆာအကျိတ် မဖြစ်စေရန် အကြံပေးချက်
============================

သြစတေလျားနိုင်ငံရဲ့ ထိပ်တန်း ဦးဏှောက်ခွဲစိတ်အထူးကု ဆရာဝန်ကြီး ဒေါက်တာ ချာလီတီယို ရဲ့ အကြံဥာဏ်ပေးချက်အရ ဦးဏှောက်အကျိတ်ရောဂါ (သို့မဟုတ်) ဦးဏှောက်ကင်ဆာ ဖြစ်ခြင်းမှ ရှောင်ရှားဖို့ သံလိုက်လျှပ်စစ်စက်ကွင်း ထုတ်လွှင့်တဲ့ ပစ္စည်း စက်ကိရိယာတွေကို သတိနဲ့ ကိုင်တွယ်သုံးစွဲသင့်တယ်လို့ ဆိုပါတယ် ။

အကျဉ်းချုပ် အကြံပေးချက် ၅ချက်မှာ အောက်ပါအတိုင်းဖြစ်ပါတယ် ။

၁ - ကိုယ်ခန္ဓာ ခုခံအားပုံမှန်ရရှိစေရန် တစ်ညလျှင် ၈ နာရီအိပ်ပါ ။
၂ - နှိုးစက် နာရီများကို အိပ်ယာခြေရင်းမှာထားပါ ( ခေါင်းရင်းမှာ မထားရ ) ။ အထူးသဖြင့် အိပ်ခန်းအတွင်းရှိ လျှပ်စစ်ပစ္စည်းမှန်သမျှကို ပိတ်ပြီးမှ အိပ်ပါ ။
၃ - လျှပ်စစ်ဓါတ်အားဖြင့် အနွေးဓါတ်ထုတ်လွှင့်ပေးတဲ့ အနွေးစောင်များကို ခလုပ်ပိတ်ပြီးမှ အိပ်ပါ ။
၎ - မိုဘိုင်းဖုန်းဖြင့် စကားပြောလျှင် လက်လွတ် ( စပီကာဖွင့်ခြင်း / နားကြပ်သုံးခြင်း ဖြင့် ) ပြောပါ ။
၅ - မိုက်ခရိုဝေ့ဖ် သုံးပြီး နွှေးတဲ့အစာများ (သို့မဟုတ်) ချက်တဲ့ အစာများကို အချိန်ပြည့်အသံ ( beep ) မြည်ပြီးနောက်  မိနစ် အနည်းငယ်စောင့်ပြီးမှ  တံခါးဖွင့်ပြီး အစာကိုထုတ်ယူ သုံးဆောင်ပါ ။

- ဝေမျှသူ 

အဂ္ဂမဟာ သီရိသုဓမ္မ ပုံပျက် ခင်စိန်

-------------------------------------

Brain surgeon Dr Charlie Teo's Advice

This is mainly why electricals especially in the bedrooms, should be turned off completely when not in use. Also, microwaved foods should not be eaten immediately. Wait a few minutes as the food continues to be cooked after it has been taken out of the oven.

BRAIN cancer surgeon Charlie Teo has urged people to put mobile phones on loudspeaker, move clock radios to the foot of the bed and wait until microwaves have finished beeping before opening them.. 

The controversial Sydney specialist told a Melbourne fundraiser that although the jury was still out on mobile phones and other forms of electromagnetic radiation, we should not take risks. 
"Even though the jury's not in, just to err on the side of safety I would try and limit the amount of electromagnetic radiation that you're exposed to," he said. 

"The American government, for example, recommend that all electrical appliances should be put at the foot of the bed and not the head of the bed. 
"Electric blankets should be turned off before you get in bed and definitely wait for those five beeps before you open the microwave. 
"With the mobile phone I encourage you to put it on loudspeaker and step outside rather than sticking it up to your brain." 

Dr Teo, who tackles tumours other surgeons deem inoperable, said some hair dyes, particularly red, could also cause brain cancer in people with a predisposition. 

"The body needs some genetic predisposition. The hair dye, the mobile phone, they're just catalysts but you probably need some sort of genetic aberration to get the cancer in the first place," he said. 

Fast cancers 

Dr Teo, who stars in Channel Seven's Last Chance Surgery, was in Melbourne last week for the Blackwood8 fundraiser at Croydon golf club. 
The group was founded by family and friends of Sally White, a patient of Dr Teo's whose outlook has improved dramatically. 

Dr Teo said while breast cancer doubled its cell numbers in weeks or months, the quickest brain cancers took just 16 hours. 
No age group was immune and the incidence of brain tumours was growing. 
"It's increasing in frequency both in this country and developing countries and it used to be ranked out of the top 10 but it's just joined the top 10 most common cancers," he said. 

Recent studies have raised alarm bells about mobile phones. 
An unreleased World Health Organisation study reportedly found "a significantly increased risk" of some brain tumours related to use of mobile phones for 10 years or more. 

A Suleyman Demirel University study in Turkey also found wearing a mobile phone on your belt may lead to decreased bone density in an area of the pelvis commonly used for bone grafts. 

Dr Teo said there had been some advancements in treating tumours, like microwave therapy and putting chemotherapy directly into a tumour. A healthy diet, meditation and positive thought could also be beneficial. 
"We believe that they probably boost the immune system," he said. 

Dr Teo's tips to reduce brain tumour risks 

- Get eight hours sleep a night and eat well to boost your immune system 
- Keep electrical appliances like clock radios at the foot of the bed 
- Turn electric blankets off before retiring 
- Put mobile phones on hands-free 
- Wait until the microwave finishes beeping before opening it

Credits - Martin Suter <&*%^$@#@gmail.com>

သြစတေလျားနိုင်ငံရဲ့ ထိပ်တန်း ဦးဏှောက်ခွဲစိတ်အထူးကု ဆရာဝန်ကြီး ဒေါက်တာ ချာလီတီယို ရဲ့ အကြံဥာဏ်ပေးချက်အရ ဦးဏှောက်အကျိတ်ရောဂါ (သို့မဟုတ်) ဦးဏှောက်ကင်ဆာ ဖြစ်ခြင်း မှ ရှောင်ရှားဖို့ သံလိုက်လျှပ်စစ်စက်ကွင်း ထုတ်လွှင့်တဲ့ ပစ္စည်း စက်ကိရိယာတွေကို သတိနဲ့ကိုင်တွယ် သုံးစွဲသင့်တယ်လို့ ဆိုပါတယ် ။

ရာသီအကူး လေရူးငယ်ဆော်

by Seaman Nayminthu on Wednesday, February 27, 2013 at 7:32pm ·
 
မအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စုမှာ ဒေသခံရွာသားများနှင့် လုံခြုံရေးတာဝန်က ရဲတပ်ဖွဲ့တို့ ပဋိပက္ခ ဖြစ်ပွားမှုကြောင့် ဒေသခံများရော ရဲတပ်ဖွဲ့ဝင်များပါ ဒဏ်ရာရသည့်သတင်းက facebook စာမျက်နှာတွေမှာ နေရာယူလွှမ်းမိုးနေပြန်ပါပြီ။

..... ကဲသင့်ကားဘာ Octane ဓါတ်ဆီထည့်မလဲ ....


Zegyo Mandalay shared Myanmar Honda Fit Fan Club's photo.
..... ကဲသင့်ကားဘာ Octane  ဓါတ်ဆီထည့်မလဲ .... 
Fit အပါအ၀င် ကားအများစုကတော့ ဒီနေ့ခေတ်မှာ ကတော့ 92 Octane ကိုထည့်ကြမှာပါ .. ကျွန်တော် ပြောချင်တာက နောက်ပိုင်း EFI ကားတွေ အကုန်နဲ့ဆိုင်ပါတယ် ... 92 ဆိုတာကတော့ RON လို့ခေါ်တဲ့ 
Research Octane Number ခေါ်  Octane အဆင့်တွေပါပဲ ။ အရှင်းဆုံးပြောရရင် ပေါက်ကွဲအားပါ ပဲ RON က 88 ကနေ 115 လောက်ထိရှိပါတယ် standard အနေနဲ့ ယနေ့ကမ္ဘာမှာ 90 ကနေ 95 ထိ သုံးကြပါတယ် 100 ကျော် ကတော့ ပြိုင်ကားတွေမှာသာ သုံးတာပါ ... 
ဒီတော့ "Octane နံပတ် မြင့်လာရင် ပေါက်ကွဲအား မြင့်လာမှာပေါ့ အင်ဂျင်တွေပွင့်ကုန်မှာပေါ့ .. အင်၈ျင်ဟက်တွေ/ဂက်စကက် တွေ ဟာကုန်မယ်ပေါ့.. " စတဲ့ ရှေးရိုးစွဲ ၀က်ရှော့ ဆရာစကားတွေ မေ့ လိုက်ပါ ဗျာ .... ....
 Octane ကဆီ နံပါတ်  မြင့်လေလေ engine က ပိုမိုချောမွေ့စွာလည်ပတ် နိုင်လာလေလေ ဖြစ်ပြီး engine miss-fire တော်ရုံမဖြစ်သလို ဆီတွေအကုန် အပြည့်ဝသုံးလို့ သဘာဝပတ်ဝန်း ကျင် ကို မီးခိုးထွက်နှန်း မရှိသလောက် ဖြစ်စေတာမို့ သဘာဝပတ်ဝန်းကျင် ကို ထိန်းသိန်းရာ ရောက်ပါတယ်။
engine မှာ ဂျိုး တော်ရုံမကတ် ကျန်တော့တဲ့အတွက် အင်ဂျင်ပိုမိုသက်တန်းရှည်စေပါတယ် ... ကားကပိုလည်းကားက အရုန်း အထပိုကောင်းစေပါတယ် ... ဒီတော့ Octane ကားသစ်တွေက  RON ကို 90 ကနေ 100 အောက်ကိုစိတ်ချလက်ချထည့်မောင်းနိုင်ပါတယ် ... ကားဟောင်းလို့ ခေါ်တဲ့ ကာဘရိုက်တာသုံး ကားတွေလည်း 90/92 လောက်သုံးလည်းရပါတယ် အင်ဂျင် သက်တန်းပိုရှည်ကာ အရုန်း အထပိုကောင်းစေပါတယ် ...( မှတ်ချက် RON နဲ့ AKI မတူပါဘူး ၊ AKI ကတော့ မြန်မှာမှာမသုံးပါဘူး တခြားနိုင်ငံတွေမှာသုံးတာပါ 4~8 လောက်လျော့ပါတယ် ဥပမာ 92 RON = 87-88 AKI  ပါ)

Fit အပါအ၀င် ကားအများစုကတော့ ဒီနေ့ခေတ်မှာ ကတော့ 92 Octane ကိုထည့်ကြမှာပါ .. ကျွန်တော် ပြောချင်တာက နောက်ပိုင်း EFI ကားတွေ အကုန်နဲ့ဆိုင်ပါတယ် ... 92 ဆိုတာကတော့ RON လို့ခေါ်တဲ့ Research Octane Number ခေါ် Octane အဆင့်တွေ ပါပဲ ။

ပကတိအတိုင်း မြင်ကြစေလိုပါတယ်

သက်တန့်ချို
ဒီနေ့ သတင်းတွေအများကြီးပဲ ပျော်စရာတစ်ခုမှမပါဘူး ၀မ်းနည်းစရာတွေ ကြေကွဲစရာတွေ စိတ်မကောင်းစရာတွေချည်းပဲ

၁ ။ သမ္မတကြီးအဖွဲ့ကိုနော်ဝေမှာ ဆန္ဒပြတာ ကို ဘာမှမပြောလိုဘူး ဒါပေမယ့် ပြပုံပြနည်းကို ဘ၀င်မကျဘူး ။ ရွှေပန်းဖြင့်ကြိုဆိုပါ၏ ဆိုတာ . . Liar Thein Sein ဆိုတာဘာသဘောလဲလူတိုင်းသိတယ် ။ လူလိမ်လို့ပြောရအောင် သူပြုပြင်ပြောင်းလဲနေလို့ ကျွန်တော်တို့သိန်း ၄၀ တန်ဖုန်းတွေကနေ အနည်းဆုံးတော့ ၂ သိန်းလောက်အထိ ကိုင်လာနိုင်ကြတယ် ။ လက်လှမ်းမမှီတဲ့ကားတွေကို မော်ဒယ်မြင့်တွေ စီးလာနိုင်ကြတယ် ။ ဂျာနယ်လွတ်လပ်ခွင့်တွေ အနည်းငယ်ပဲဖြစ်စေရလာကြတယ် ။ ဒေါ်စုဆိုပြီး ကျယ်ကျယ်လောင်လောင်အော်ရဲလာတယ် ။ အရင်ကအဲဒါတွေရှိခဲ့လို့လား ။ ဒါဟာ သူမပြောင်းလို့ဘယ်သူပြောင်းတာလဲ ။ သူ့အခြေအနေနဲ့သူ့လုပ်ပိုင်ခွင့်နဲ့ အကောင်းဖက်ကလည်းနည်းနည်းကြည့်စေချင်တယ် ။ လိုချင်တာကိုတောင်းပါ ဒါပေမယ့် စကားလုံးတွေကတော့သိက္ခာမမဲ့စေချင်ဘူး ။ ဒါဟာ သမ္မတကို စော်ကားခြင်းပဲ ဆန္ဒပြတာနဲ့မတူဘူး ။ သမ္မတက ဆန္ဒပြနေတဲ့သူကို လစ်လျှုမပြုဘူး ဆွေးနွေးခိုင်းတယ် သိရတယ် ။ အဆင့်အတန်းမြင့်မြင့် ဆန္ဒပြစေချင်တယ် ။ ပြည်တွင်းကိုပြန်လာပါ ဒိုးတူဘောင်ဖက်လုပ်ကိုင်ပါ ဆင်းရဲဒုက္ခကို အတူခံစားပြီး ဆန္ဒပြပါ ။ သမ္မတလည်း နှလုံးခုန်စက်လေး ဘက်ထရီအားပြည့်ရဲ့လားမသိ ။

၂ ။ ဒေါ်စုက မန်မာနိုင်ငံသို့ရောက်ရှိနေသော တောင်အာဖရိကမှ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဘုန်းတော်ကြီး ဒတ်စမွန်တူးတူးကို ဂါရ၀ပြုနေပုံကို အမျိုးမျိုးအဖုံဖုံပြောဆိုကြတယ် ဒီနေရာမှာ ဒေါ်စုအနေနဲ့လုပ်သင့်လုပ်ထိုက်လို့ ဂါရပြုတာ ဘာမှမထူးဆန်းဘူး အဲဒါကို ပုံကြီးချဲ့ပြီး ဒေါ်စုကို သိက္ခာ ချနေတာ စိတ်မကောင်းစရာပဲ ။ အရိုအသေပေးတာက ရိုသေထိုက်လို့အရိုအသေပေးတာပဲ ။ ဘာလို့ တခြား မဆိုင်တဲ့ အတွေးတွေနဲ့ ရှုပ်ထွေးအောင်လုပ်ချင်နေကြတာလဲ ။

၃ ။ နိုင်ငံတိုင်းမှာ ဆန္ဒပြသူတွေနဲ့ ရဲဆိုတာရှိတယ် ။ ပြည်သူတွေက ပြည့်သူ့အသံ ပြောခွင့်ရှိသလို ရဲကလည်း တားဆီးခွင့်ရှိတယ်ဆိုပေမယ့် သွေးထွက်သံယို ဖြစ်ရလောက်အောင်အသက်ဆုံးရလောက်အောင်နှိမ်နှင်းဖြိုခွဲတာတွေကိုရှံ့ချတယ် ။ မြန်မာအချင်းချင်း ပြည်သူတွေ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ သွေးထွက်သံယိုဖြစ်အောင်နှိမ်နှင်းတာကိုတော့ စိတ်မကောင်းဘူး ။ အထင်သေးတယ် ။ ကန့်ကွက်တယ် ။ ဆွေးနွေးညှိနိုင်းခြင်းလမ်းစဉ်ကိုလိုက်နေတဲ့ အစိုးရအဖွဲ့အနေနဲ့ အခြေအနေတွေမဆိုးအောင်တားဆီးတာကိုလက်ခံတယ် သွေးတော့မထွက်စေနဲ့ ဒါဏ်ရာနဲ့ အသက်အန္တရာယ်တွေကိုတော့ ရန်မရှာစေချင်ဘူး ။ အခုတော့ လယ်သမားတွေနဲ့ဆန္ဒပြသူတွေလည်း ဒါဏ်ရာတွေနဲ့သွေးတွေနဲ့ ဆေးရုံတွေရောက် ရဲတစ်ယောက်လည်းအသက်ဆုံးရတယ်သတင်းကြား တကယ့်ကို ဆိုးလိုက်တာ ။ ဒီလိုဆိုပြည်သူတွေ တဖြည်းဖြည်းကြောက်လာကြလိမ့်မယ် ။ ဆွေးနွေးညှိနှိုင်းအဖြေရှာ တဲ့လမ်းစဉ်ကိုပဲအားပေးပါတယ် ။

သက်တန့်ချို


အေးချမ်းမွန်မှ  သက်တန့်ချို တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

ဒီနေ့ သတင်းတွေအများကြီးပဲ ပျော်စရာတစ်ခုမှမပါဘူး ၀မ်းနည်းစရာတွေ ကြေကွဲစရာတွေ စိတ်မကောင်းစရာတွေချည်းပဲ

၁ ။ သမ္မတကြီးအဖွဲ့ကိုနော်ဝေမှာ ဆန္ဒပြတာ ကို ဘာမှမပြောလိုဘူး ဒါပေမယ့် ပြပုံပြနည်းကို ဘ၀င် မကျဘူး ။ ရွှေပန်းဖြင့်ကြိုဆိုပါ၏ ဆိုတာ . . Liar Thein Sein ဆိုတာဘာသဘောလဲလူတိုင်းသိတယ် ။

"ကိုယ်တိုင်ရေးစာမူ"


မင်းလူ၏ ၀တ္တုတိုများ
ဒီရက်ပိုင်း၊ လပိုင်းအတွင်းမှာ စိတ်မကောင်းစရာသတင်းတွေချည်း ဆက်တိုက်ကြားရလိမ့်မယ်လို့ ဘယ်သူက မျှော်လင့်ထားပါ့မလဲ။ နာရေးသတင်းတွေချည်းဖြစ်၏။ အစ်ကိုကြီးမြင့်မောင်မောင်၊ အစ်ကိုကြီးမောင်မောက်(ဥက္ကလာ)၊ အစ်ကိုကြီးခင်မောင်မြင့် (မဟေသီ) ကျွန်တော်နဲ့ ညီအစ်ကိုလို ခင်နေတဲ့သူတွေချည်းပါပဲ။

“ ငယ်ရွယ်စဉ်ကတည်းက ဘာသာသွေးရှိဖို့ ”

“ ငယ်ရွယ်စဉ်ကတည်းက ဘာသာသွေးရှိဖို့ ”
•••••••••••••••••••••••••••••••••••••

“ ငယ်ငယ်ကတည်းက သိထားတဲ့အသိဆိုတာက 
ကြီးတဲ့အထိ စွဲမြဲတာ များတယ်လေ။ ငယ်ငယ်
ကတည်းက ဒါလုပ်ရင် ကုသိုလ်ဖြစ်တယ်၊ 
ဒါလုပ်ရင် အကုသိုလ်ဖြစ်တယ်ဆိုတာကို စွဲစွဲ
မြဲမြဲလေးနားလည်သဘောပေါက်ထားရင် အခြေခံ
ဖြစ်တဲ့ကြောက်စိတ် ခိုင်မာသွားတယ်။ ကြောက်စိတ်
ဆိုတာ ကြောက် သင့်ကြောက်ထိုက်တဲ့အရာကို 
ကြောက်တဲ့စိတ်၊ ဟီရိ သြတ္တပ္ပကို ပြောတာပါ။ 

ဟီရိသြတ္တပ္ပ အရှက်အကြောက်တရားဆိုတာ 
မလုပ်သင့်မလုပ်ထိုက်တာကို လုပ်ရမှာရှက်ကြောက်
တဲ့စိတ်၊ လုပ်သင့်လုပ်ထိုက်တာကို မလုပ်မိမှာ 
ရှက်ကြောက်တဲ့စိတ်ပါပဲ။ ဒီစိတ်က ရှိကိုရှိဖို့
လိုတာကိုး။ ငယ်စဉ်ကတည်းကိုက ဘာသာရေး
အဆုံးအမနဲ့ကြီးပြင်းလာရင် ဒီစိတ်ပိုအားကောင်း
တာပေါ့။

ကလေးဘ၀မှာတော့ အများအားဖြင့် ဒါလုပ်ရင် 
ငရဲကြီးတတ်တယ် လို့ ပြောလေ့ရှိတယ်။ ဒါလုပ်ရင်တော့ 
ကုသိုလ်ရမယ်၊ နတ်ပြည်ရောက်မယ် လို့ ပြောတတ်
ကြတာကိုး။ အဲဒီအခြေခံအချက်လေးက သာမန်ဆိုရင် 
နိမ့်တယ်လို့ထင်ရပေမယ့် အရမ်းအရေးကြီးတာလေ။ 
ကုသိုလ်အလုပ်တွေ လုပ်ဖြစ်ဖို့၊ အကုသိုလ်အလုပ်တွေ
ရှောင်ကြဉ်ဖို့အတွက် အဲဒီအခြေခံ စိတ်ဓာတ်လေးကလည်း 
အရမ်းအရေးကြီးတယ်။ 

ကလေးဘ၀မှာတော့ ဒါလုပ်ရင် ငရဲကြီးမယ်ဆိုရင် 
ငရဲကြောက်တဲ့စိတ်နဲ့ကို မလုပ်ဖြစ်တော့ဘူးပေါ့။ 
တချို့က ငရဲကြီးမှာ စိုးရိမ်တဲ့စိတ်နဲ့ဆိုရင် ဗုဒ္ဓဘာသာ
မူလတန်းအဆင့်ပဲ ရှိသေးတယ်၊ အဆင့်နိမ့်တယ်ဆို
ပြီးတော့ ဒါကို ပေါ့ပေါ့တန်တန်သဘောထား ပြီးပြောတာ
ရှိတယ်။ အမှန်ကတော့ အဲလိုမပြောသင့်ဘူး။ 

တကယ်တော့ ငရဲကျမှာကြောက်တဲ့စိတ်၊ အပါယ်လေးဘုံ
ကျမှာကြောက်တဲ့စိတ်ကြောင့် အကုသိုလ်မလုပ်လည်းဘဲ 
ဒါကကောင်းတာပဲ။ ချီးမွမ်းထိုက်တာပဲ။ ဘာအကြောင်း
ကြောင့်ပဲ အကုသိုလ်အလုပ်ကိုရှောင်ရှောင်၊ ချီးမွမ်းရမှာ
ပဲလေ။ စကားအဖြစ်သာ ငရဲကြောက်တယ်လို့ပြောပေမယ့် 
အကျိုးသက်ရောက်မှုအနေနဲ့ မကောင်းမှုမလုပ်ဖြစ်တာက 
အဓိကပဲ။

အသက်ကြီးသွားတဲ့အချိန်မှာတော့ ငရဲကျမှာကြောက်လို့
ဆိုတဲ့ စိတ်က အဓိကမဟုတ်တော့ဘူးပေါ့။ သူသိတဲ့
ဗဟုသုတနဲ့ သူ့အသိဥာဏ်ပေါ် မူတည်ပြီးတော့ ငရဲကျမှာ
ကြောက်လို့ရယ်လို့မဟုတ်ဘဲနဲ့ မလုပ်ချင်လို့ကို မလုပ်တာမျိုး 
ဖြစ်သွားမယ်။ တစ်ဖက်သားကို ကိုယ်ချင်းစာလို့၊ သနား
ညှာတာလို့ကို မလုပ်တာဖြစ်သွားမယ်။ ဒီစိတ်ထားတွေ
ကတော့ အရည်အသွေးအများကြီးမြင့်မားသွားတာပေါ့လေ။ 
ကလေးဘ၀မှာကတော့ ကိုယ်ချင်းစာတာကို နားလည်ချင်မှ 
နားလည်မှာလေ။

ကုသိုလ်ဆိုလည်း ဒါလုပ်ရင် နတ်ပြည်ရောက်မယ်၊ 
နတ်သားလေးဖြစ်မယ်၊ နတ်သမီးလေးဖြစ်မယ်နဲ့ပြောတော့ 
ကလေးက ကုသိုလ်လုပ်ချင်သွားတယ်။ ဘာကြောင့်
ညာကြောင့်ဆိုတာထက် ကုသိုလ်လုပ်ချင်တဲ့စိတ်ကလေး
 စွဲသွားဖို့က အရေးကြီးတာပဲ။ ကြီးလာတဲ့အခါကျတော့ 
နတ်ပြည်ရောက် ချင်လို့ မဟုတ်တော့ဘဲနဲ့ တစ်ဖက်သား 
ကောင်းကျိုးချမ်းသာရစေချင်လို့ လုပ်တာမျိုး ဖြစ်သွားမယ်။ 
တစ်ဖက်သားရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးချင်လို့ 
လုပ်တာမျိုး ဖြစ်သွားမယ်။ နောင်သံသရာက လွတ်မြောက်
ချင်လို့ လုပ်တာမျိုး ဖြစ်သွားမယ်။ ရည်ရွယ်ချက်တွေ
မြင့်မားလာမှာပေါ့။

ကလေးဘ၀ကတည်းက ကုသိုလ်အလုပ် လုပ်ချင်တဲ့
စိတ်ဖြစ်အောင်၊ အကုသိုလ်အလုပ် မလုပ်ချင်တဲ့စိတ်
ဖြစ်အောင် သွန်သင်ပေးနိုင်မယ် ဆိုရင်တော့ ကလေးရဲ့
စိတ်ထဲမှာ စွဲသွားလို့ သူ့အတွက်အများကြီး အကျိုးရှိ
တာပေါ့။

- အရှင်ဆန္ဒာဓိက ( ရွှေပါရမီတောရ )

(  ဆရာတော်ဘုရားအား Eternal Light Magazineမှ
မေးမြန်းလျှောက်ထားချက်အား ဓမ္မမိတ်ဆွေတို့အကျိုးငှာ
ဖြန့်ဝေလှူဒါန်းပေးခြင်းဖြစ်ပါသည်။ )

Dhamma Danã Source ► www.facebook.com/EternalLightMagazine &
www.facebook.com/youngbuddhistassociation.mm

“ ငယ်ငယ်ကတည်းက သိထားတဲ့အသိဆိုတာက
ကြီးတဲ့အထိ စွဲမြဲတာ များတယ်လေ။ ငယ်ငယ်
ကတည်းက ဒါလုပ်ရင် ကုသိုလ်ဖြစ်တယ်၊

မြန်မာပြည် ကို ကျမ ချစ်တယ် .. အန်တီစု ကို ကျမ ချစ်တယ် .. ကုန် ကုန် ပြောမယ် .. သူ ဘာလုပ်လုပ် .. သူ ဘာဆုံးဖြတ် ဆုံးဖြတ် .. ကျမ ယုံတယ် ..

ကျမ နေမကောင်းဘူး .. 
EB မတက်ချင်ဘူး .. 
ဒါပေမဲ့ .. နည်းနည်းလေးတော့ ရေးချင်လာတယ် .. 
ဒီပုံကို ကြည့် ... 

သူတို့ ၂ ယောက် မှာ ..  
ဆဲရေးတိုင်းထွာလောက်ရအောင် ဘယ်သူ့မှာ အပြစ်တွေကြီးနေပါသလဲ ..

ကျမတို့ Roman Catholic ဘာသာမှာ ဘုန်းတော်ကြီးက ကောင်းချီးပေးရင် ဒူးထောက်ပြီးခံယူရပါတယ် ..
ဒါဟာ ဘာမှ အမှားမဟုတ်ဘူး ..
ရှုံ့ ချ စ ရာ မလိုဘူး ..

လူတွေ ... ပညာမတတ်ကြတာ .. 
အတွေးအခေါ် မရှိကြတာ .. 
သိပ်စိတ်ကုန်ဖို့ ကောင်းလှတယ် .. 

မြန်မာပြည် ကို ကျမ ချစ်တယ် .. 

အန်တီစု ကို ကျမ ချစ်တယ် .. 

ကုန် ကုန် ပြောမယ် .. 

သူ ဘာလုပ်လုပ် .. 
သူ ဘာဆုံးဖြတ် ဆုံးဖြတ် .. 
ကျမ ယုံတယ် .. 

သိပ်လေးစားစရာကောင်းတဲ့ .. 
ကျမ ချစ်တဲ့ အန်တီစု ... 
ဘုရားသခင် ဆီ က အမျိုးမျိုးသော .. 
ကောင်းချီးမင်္ဂလာ .. Father Tu Tu ဆီက တဆင့် .. 
အန်တီ့ဆီ အမြဲတမ်းသက်ရောက်ပါစေ ..

Father က blessing  ပေးနေတဲ့ အချိန်မှာ .. 

ခု ကျမ ရေးပြထားတဲ့ ကျမ တို့ရဲ့ သမ္မာကျမ်းစာ ပုဒ် ကို သူ ရွတ်မပေးနေဘူး လို့ ဘယ်သူ ကျမ ကို ငြင်းရက်မလဲ ... 

ဘုရားသခင် ထံပါး မှ အမျိုးမျိုးသော ကောင်းချီးမင်္ဂလာ 
ကျမ ချစ်တဲ့ စုမေမေ ထံ သက်ရောက်ပါစေ ..  

" အမြင့်ဆုံးသောဘုရား၏ ကွယ်ကာရာ ဌါန တွင်နေသောသူသည် 
အနန္တတန်းခိုးရှင်၏ အရိပ်ကို ခိုရလိမ့်မည် ..

ထာဝရဘုရားသည် ငါခိုလှုံရာ ငါ၏ရဲတိုက် ငါကိုးစားသော ဘုရားသခင်ဖြစ်တော်မူသည်ဟု ငါပြောဆို၏ ..

အကယ်စင်စစ် မုဆိုး၏ကျော့ကွင်း နှင့် လည်းကောင်း .. သေတတ်သော အနာနှင့် လည်းကောင်း သင့်ကို ကင်းလွတ်စေမည် .. 

အတောင်တော် အမွှေးနှင့်ဖုံးအုပ်တော်မူ၍ အတော်တော်အောက်တွင် သင်သည် လုံခြုံစွာနေရလိမ့်မည် .. 

သစ္စာတော်သည် သင်၏ ဒိုင်း လွှား ဖြစ်လိမ့်မည် .. 

ညအခါဖြစ်တတ်သော ဘေး ကို လည်းကောင်း ... 
နေ့အချိန်တွင် ပစ်တတ်သော မြား ကို လည်းကောင်း .. 
မှောင်မိုက်ထဲတွင် လည်တတ်သော ကာနလာ ကို လည်းကောင်း ..
မွန်းတည့်ချိန်တွင် ဖျက်ဆီးတတ်သော ဥပဒ် ကို လည်းကောင်း ... 
သင်သည် မကြောက်ရ ... 

သင့် အနားမှာ လူတထောင် ... သင် ၏ လက်ယာဘက်တွင် လူ တသောင်းလဲ သော်လည်း သင့်ကို မထိမခိုက်ရ ..

သင်သညိ ကိုယ် မျက်စိနှင့်ကြည့်၍ မတရားသောသူတို့တွင် ရောက်ရသောအပြစ်ကို မြင်ရုံသာရှိလိမ့်မည် .. 

ထာဝရဘုရားသည် ငါခိုလှုံရာဖြစ်တော်မူ၏ ဟု သင်သည် ဆို၍ အမြင့်ဆုံးသောဘုရားတွင် နေရာကျသောကြောင့် သင့်တွင် မကောင်းသော အနိဌါရုံမကပ်ရောက် .. 

သင့်နေရာသို့ ဘေးဥပဒ်မချဉ်းရ ..

သွားလေရာရာ သင့်ကို စောင့်ရှောက်စေချင်းငှာ ကောင်းကင်တမန်တို့အား သင့်အဘို့ မှာထားတော်မူသည်ဖြစ်၍ သင်၏ခြေကို ကျောက်နှင့် မထိမခိုက်စေခြင်းငှာ သူတို့သည် သင့်ကို လက်နှင့်မစ ချီပင့်ကြလိမ့်မည် ..

သင်သည် ခြင်္သေ့ နှင့် မြွေဆိုး အပေါ်မှာ ကျော်သွား၍ ခြင်္သေ့ပျိုနှင့် နဂါး ကို ဖြေဖြင့် နင်းလိမ့်မည် .. 

သူသည် ငါ့ကို ချစ်သောကြောင့် သူ့ကို ငါ ကယ်နှုတ်မည် ...

ငါ ၏ နာမ ကို သိသောကြောင့် သူ့ကိုငါ ချီးမြှောက်မည် .. 

သူ သည် ငါ့ ကို ခေါ်သောအခါ ငါထူးမည် ..

ဒုက္ခခံရသောအခါ သူ့ဘက်မှာ ငါနေ၍ ချမ်းသာပေးမည် ... 

သူ ၏ ဘုန်း ကို လဲ ထင် ရှား စေ မည် ..

ရှည်သေးအသက်နှင့် သူ့ကို ရောင့်ရဲစေ၍  ... ငါ ၏ ကယ်တင်ခြင်းကျေးဇူးကို သူ့အားငါပြမည် "

ဆာလံ ၉ ၁ .. 
ကျမ နေမကောင်းဘူး .. FB မတက်ချင်ဘူး ..
ဒါပေမဲ့ .. နည်းနည်းလေးတော့ ရေးချင်လာတယ် .. ဒီပုံကို ကြည့် ...
သူတို့ ၂ ယောက် မှာ ..
ဆဲရေးတိုင်းထွာလောက်ရအောင် ဘယ်သူ့မှာ အပြစ်တွေကြီးနေပါသလဲ ..

၂၀၁၃ ခုနှစ်မှာ ခေတ်စားလာမည့် ကျွမ်းကျင်မှုဆိုင်ရာ ဟိုတယ် အလုပ်အကိုင် အခွင့်အလမ်းများ

manaw phyu <chotharlay@googlemail.com>
   
အရင်တုန်းကတော့ ဒီလို အလုပ်အကိုင် ကျွမ်းကျင်မှုမျိုးကို သင် သတိထားမိမှာမဟုတ်ပါဘူး။ အခု ၂၀၁၂ ခုနှစ်မှာ ဟိုတယ် အတော်များများ ဈေးကွက်အတွင်း
အလုအယက် နေရာယူလာကြပြီး နိုင်ငံတကာ ခရီးသွားများ မြန်မာနိုင်ငံသို့
အ၀င်များလာခြင်း ရှိကြသည့်အပြင် ဟိုတယ်များကိုလည်း နိုင်ငံတကာ
အဆင့်အတန်းမီစေဖို့ သရီးစတား၊ ဖိုးစတား၊ ဖိုက်စတားအဆင့်တွေ
သတ်မှတ်လာကြတာကို တွေ့ရှိလာရပါသည်။ ဟိုတယ်ဆိုင်ရာ ကျွမ်းကျင်ဝန်ထမ်း
လိုအပ်ချက်တွေကိုလည်း စဉ်းစားလို့ လာကြပါပြီ။ ဟိုတယ်နဲ့ ပတ်သက်တဲ့
ကျွမ်းကျင်မှုဆိုင်ရာ ဘာသာရပ်တွေကတော့ အများကြီး ရှိပါသည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၇-၂)

သစ်ထူးလွင်



နော်ဝေတွင်သမ္မတဦးသိန်းစိန်းအား ဆန္ဒပြသူများနှင့် ဆွေးနွေးနိုင်ခဲ့ပြီး မြန်မာနိုင်ငံသို့မရောက်ဘူးသေးသော ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ် နန့် ကြည်အေးအား မြန်မာနိုင်ငံသို့လာရောက်လေ့လာရန်ဖိတ်ခေါ်

ရုပ် ဆိုး shared Myanmar Online News's photo.
နော်ဝေတွင်သမ္မတဦးသိန်းစိန်းအား ဆန္ဒပြသူများနှင့် ဆွေးနွေးနိုင်ခဲ့ပြီး 
မြန်မာနိုင်ငံသို့မရောက်ဘူးသေးသော ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်သူ
 ဒေါ် နန့် ကြည်အေးအား မြန်မာနိုင်ငံသို့လာရောက်လေ့လာရန်ဖိတ်ခေါ်
Wednesday, February 27, 2013


ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေလေးနာရီခွဲကျော်မှာ နိုင်ငံတော်သမ္မတကြီး ဟာ နော်ေ၀၀န်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးအပြီး တည်းခိုတဲ့ The Continental Hotel ကို ပြန်လာပါတယ်။

ကျွန်တော်တို့ ယာဉ်တန်းဟိုတယ်ရှေ့ရောက်တော့ လမ်းတစ်ဖက်မှာ လူသုံးဆယ်၊ လေးဆယ်လောက် ဆိုင်းဘုတ်များထောင်ပြီး ဆန္ဒပြနေတာ ကို တွေ့ရပါတယ်။

ဒါကိုတွေ့တဲ့ သမ္မတကြီးက ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကို အဲဒီ ဆန္ဒပြသူ တွေထဲက ဦးဆောင်သူအချို့နဲ့တွေ့ ပြီး သူတို့ ပြောချင်တာကို နားထောင်ဖို့ ၊ ပြီးရင် မိမိတို့လုပ်ဆောင်နေတာတွေကို ရှင်းပြဖို့ မှာပါတယ်။

ဒါ့ကြောင့် ဦးစိုးသိန်းနဲ့ ကျွန်တော်က ကိုယ်စားလှယ်နှစ်ဦးဖြစ်တဲ့ ဦးမြင့်အေး နဲ့ ဒေါ်နန်းကြည်အေးကို တစ်နာရီကျော် တွေ့ဆုံခဲ့ပါတယ်။

သူတို့နှစ်ဦးက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် သူတို့ အမြင်တွေ ကိုပြောပါတယ်။ ဦးမြင့်အေးက မြေသိမ်းဆည်းမှုများနဲ့ပတ်သက်ပြီး သူ့ခံစား ချက်များကို သီးခြားပြောသလို ဒေါ် နန်းကြည်အေးကလည်း ကရင်တိုင်းရင်း သားများအခြေအနေနဲ့ပတ်သက်ပြီး သူ့ခံစားချက်များကို သီးခြားပြောပါတယ်။

ကျွန်တော်တို့ ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို မပြင်ရဘူးလို့ မဆိုလို ကြောင်း၊ အခြေခံဥပဒေ အခန်း ၁၂ ပါ ပြဋ္ဌာန်းချက်များနဲ့ အညီ ပြင်ဆင်နိုင်ကြောင်း၊ အခြေခံဥပဒေအရ ဒီလိုပြင်ဆင်ဖို့ကို လွှတ်တော် အတွင်းမှာသာ စတင်ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ အစိုးရအဖွဲ့အနေနဲ့ ဆောင်ရွက်လို့ မရကြောင်း၊ သက်ဆိုင်သူအားလုံးက ဆွေးနွေးသဘောတူရင် ပြင်နိုင်ကြောင်းနဲ့ လက်ရှိ လုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲမှုအခြေအနေများကို ရှင်းပြခဲ့ ပါတယ်။

မြေသိမ်းဆည်းမှုများနဲ့ပတ်သက်ပြီး အစိုးရသစ်လက်ထက်မှာ စီမံကိန်းများ အတွက် မြေသိမ်းဆည်းမှုမရှိကြောင်း၊ ယခင်က အမွေဆက်ခံခဲ့ရသော မြေယာပြဿနာများကိုသာဖြေရှင်းပေးနေရခြင်း ဖြစ် ကြောင်း၊ တစ်ဖက်ကလည်း လယ်သမားများရဲ့ မြေယာပိုင်ဆိုင်မှုများကို အာမခံနိုင်မယ့် မြေယာမှတ်ပုံတင်ခြင်းများကိုဆောင်ရွက်ပေးနေကြောင်း၊ အစိုးရဘက်က တရားနည်းလမ်းတကျဖြေရှင်းပေးနိုင်ရေးဆောင်ရွက်နေ သလို တစ်ဘက်ကလည်း လူအုပ်စုနဲ့ အတင်းကျူးကျော်တာ၊ အကြမ်း ဖက်တိုက်ခိုက်တာမျိုးမလုပ်သင့်ကြောင်း၊ နစ်နာမှုများကို ငြိမ်းချမ်းစွာ ထုတ်ဖော်ပြောကြားခြင်း၊ ဥပဒေကြောင်းအရ ဆောင်ရွက်ခြင်းများကို လုပ်ဆောင်ရန်လိုကြောင်း ပြည့်ပြည့်စုံစုံဖြေကြားခဲ့ပါတယ်။

ဒီလိုပဲ ကေအင်ယူအပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်နေမှုအခြေအနေ၊ တွေ့ ကြုံရတဲ့အခက် အခဲများကို ရှင်းပြခဲ့သလို ကရင်ပြည်နယ်အတွင်းမှာ IDP များ ပြန်လည် နေရာချထားရေးအတွက် ဆောင်ရွက်ပေးနေမှုများလည်း ရှင်းပြခဲ့ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာနော်ဝေသံရုံးက တာဝန်ရှိသူကလည်း သူတို့ကိုယ်တိုင် အဲဒီလုပ်ငန်းစဉ်များမှာ ပါဝင်လုပ်ဆောင်နေတဲ့အခြေ အနေများကို ရှင်းပြခဲ့ပါတယ်။

ဒီလိုဆွေးနွေးရင်းနဲ့ ဒေါ် နန့် ကြည်အေးဟာ ထိုင်းနိုင်ငံ ဒုက္ခသည် စခန်းမှာ မွေးဖွားခဲ့ပြီး မြန်မာနိုင်ငံထဲကို တစ်ခါမှ မရောက်ခဲ့သေးကြောင်း သိရတဲ့အတွက် ၀န်ကြီး ဦးစိုးသိန်းက သူ့ကို မြန်မာနိုင်ငံကိုလာလည်ဖို့၊ ယခင် ပဋိပက္ခဖြစ်ခဲ့တဲ့နေရာတွေမှာ ပြန်လည်နေရာချထားရေးလုပ်တာ တွေကို လာပြီးလေ့လာဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

အဆုံးသတ်မှာတော့ ကျွန်တော်တို့က သူတို့ကို အခြေခံဥပဒေ ပြင်ဆင်ရေး ကို ဆန္ဒပြနေရုံနဲ့လုပ်လို့မရကြောင်း၊ နိုင်ငံတည်ဆောက်ရေးမှာ ကိုယ်တိုင် ၀င်ပါပြီး နိုင်ငံထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်မယ့် အခြေအနေ မျိုးရောက်အောင် ၀ိုင်းကြိုးစားဖို့လိုကြောင်း၊ ကျွန်တော်တို့ နိုင်ငံဟာ မှန်ကန် တဲ့ လမ်းကြောင်းပေါ်ရောက်နေပြီဖြစ်တဲ့အတွက် ဒီလမ်းကြောင်းအတိုင်း မြန်မြန်သွားနိုင်အောင် ကူညီပေးဖို့လိုကြောင်း ရှင်းပြ ခဲ့ပါတယ်။

ကျွန်တော်တို့ ကြားမှာ သဘောမတူတာတွေရှိနေသည့်တိုင်အောင် ဒီလို ထိုင်ပြီး စကားပြောဆိုဆွေးနွေးတာကိုက သမ္မတကြီးပြောတဲ့ သည်းခံ ခွင့်လွှတ်တဲ့ နိုင်ငံရေးယဉ်ကျေးမှုတစ်ရပ်ကို ကျွန်တော်တို့ ဖော်ဆောင်နေပြီ ဆိုတာကို ထပ်မံသက်သေပြလိုက်တာလည်းဖြစ်ပါတယ်။
Ye Htut

Wednesday, February 27, 2013
ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေလေးနာရီခွဲကျော်မှာ နိုင်ငံတော်သမ္မတကြီး ဟာ နော်ဝေ ၀န်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးအပြီး တည်းခိုတဲ့ The Continental Hotel ကို ပြန်လာပါတယ်။

ဆန္ဒပြတာ မကြိုက်ဘူးတဲ့လား

Myo Myint Thwe shared ခွန် ဒီးယမ်'s photo.
ဆန္ဒပြတာ မကြိုက်ဘူးတဲ့လား
______________________
နော်ဝေရောက် သမ္မတ ဦးသိန်းစိန်ကို အော်စလိုရှိ မြန်မာနိုင်ငံသားတွေက ဆန္ဒပြဖို့ရှိတယ်လို့ သတင်း ရထားတဲ့အတွက် ဖေဖော်ဝါရီ ၂၆ ရက်နေ့ ညနေ ၃ နာရီခွဲလောက်မှာ အော်စလိုမြို့လယ်က ပါလီမန် ရင်ပြင်ဆီ ကျနော် ထွက်လာခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ လက်ရှိဖြစ်ပေါ်နေတဲ့ ပြုပြင်ပြောင်းလဲမှု တွေကို ဦးဆောင် လုပ်ကိုင်နေသူ ဖြစ်တဲ့အပြင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း သမ္မတကို သူ ယုံကြည်ပါတယ်လို့ ပြောထားဖူးအတွက် ဒီနေ့ဆန္ဒပြပွဲမှာ လူသိပ်မရှိလောက်ဘူးလို့ ထင်ထားခဲ့တာပါ။

ဒါပေမယ့် အခြေနေက ကျနော်ထင်ထားသလို မဟုတ်။ လူအင်အား ၅၀ နီးပါးအထိ ပါလီမန်ရင်ပြင်ရှေ့မှာ ရောက်နေတာကို တွေ့ရပါတယ်။ အများစုဟာ KIA (ကချင်လွတ်လပ်ရေး တပ်မတော်) အလံတွေ၊ KNU (ကရင်အမျိုးသားအစည်းရုံး) အလံတွေ ကိုင်ထားပြီး ကချင်ရိုးရာဝတ်စုံ၊ ကရင်ရိုးရာဝတ်စုံတွေ၊ အအေးဒဏ်ကို ကာနိုင်မယ့် ထူထဲတဲ့ နှင်းကာဝတ်စုံတွေနဲ့။

ညနေ ၄ နာရီလောက်မှာတော့ သမ္မတ တည်းခိုတဲ့ Continental ဟိုတယ်ရှိရာ ဆီ ချီတက်ဖို့ ပြင်ကြပါတယ်။ ပုံမှန်အားဖြင့်ဆိုရင် နိုင်ငံတော်ဧည့်သည်အဖြစ် ရောက်လာကြတဲ့ နိုင်ငံတကာ အစိုးရအဖွဲ့ ခေါင်းဆောင်တွေဟာ ဒီပါလီမန်ရှေ့က Grand Hotel မှာ တည်းခိုလေ့ရှိပါတယ်။ ဒါပေမယ့် မြန်မာသမ္မတကျမှ ဘာလို့ ဒီဟိုတယ်မှာ မတည်းဘဲ ခပ်လှမ်းလှမ်းက Continental မှာ သွားတည်းသလဲ မသိပါ။ (ဒေါ်အောင်ဆန်းစုကြည် လာတုန်းကလည်း Grand Hotel မှာပဲ တည်းပါတယ်)။

နောက်ထပ် ထူးခြားချက်တခုကတော့ နိုင်ငံခြားခေါင်းဆောင်တွေ တရားဝင် အလည်အပတ်လာရင် နှစ်နိုင်ငံအလံတွေ တလွင့်လွင့် လွှင့်တင်ထားလေ့ရှိတဲ့ နန်းတော်၊ ပါလီမန်နဲ့ ဘူတာကြီး တလျှောက်က အထင်ကရ လမ်းမကြီး Karl Johans တလျောက် အလံတိုင်တွေမှာ ဘာအလံမှ တင်ထားတာ မတွေ့ရပါ။

ဒီလိုနဲ့ ပါလီမန်၊ Karl Johans လမ်းမ၊ Grand Hotel တွေနဲ့ ခပ်လှမ်းလှမ်းက Continental ဟိုတယ်ဆီ ဒီ လူအုပ် ကြွေးကြော်သံတွေနဲ့ အော်ဟစ်ချီတက်ကြပါတယ်။

“၂၀၀၈ ဖွဲ့စည်းပုံ အလိုမရှိ၊ အလိုမရှိ”၊ “ဦးသိန်စိန် အစိုးရ အလိုမရှိ”၊ “ကြံ့ဖွံ့အစိုးရ အလိုမရှိ” စတဲ့ ကြွေးကြော်သံတွေကို အော်ဟစ်ချီတက်လာတဲ့ လူအုပ် ဟိုတယ်ရှေ့နား ရောက်တော့ ရဲကား ၃ စီးလောက် လုံခြုံရေးအတွက် နေရာယူထားတာ တွေ့ရပါတယ်။

ဟိုတယ်ရှေ့မှာ ဒီလူအုပ် ကြွေးကြော်သံ အော်နေပေမယ့် ဟိုတယ်ထဲမှာ သမ္မတ ရှိနေပုံမရပါဘူး။ ဒါပေမယ့် သိပ်မကြာပါ။ ဆန္ဒပြပွဲ ၁၅ မိနစ်လောက်အတွင်း သမ္မတယာဉ်တန်း ဟိုတယ်ရှေ့ ရောက်လာပါတယ်။ ရဲ တွေအတော် အလုပ်ရှုပ်သွားပြီး ဆန္ဒပြသူတွေရဲ့ ကြွေးကြော်သံတွေကလည်း ကားသံတွေကို လွှမ်းမိုးတဲ့အထိ ဆူညံသွားပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ဆန္ဒပြနေသူတွေဖက်ကို လှည့်တောင်မကြည့်ဘဲ ဟိုတယ်ထဲ တန်းဝင်သွားပါတယ်။ တခါ သူနောက်မှာ လိုက်လာကြတဲ့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၊ သမ္မတပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်နဲ့ ၀န်ကြီးအဖွဲ့ကလည်း ဆန္ဒပြပွဲကို မသိမသာ လှမ်းကြည့်ပေမယ့် ဘာမှမပြောဘဲ ဟိုတယ်ထဲ လိုက်ဝင်ကြပါတယ်။

ဟိုတယ်ရှေ့ ကားလမ်းတဖက်ကမ်းမှာတော့ ကြွေးကြော်သံတွေက ဆူညံဆဲ။ ကချင်၊ ကရင် တိုင်းရင်းသားတွေနဲ့ အတူ ပြည်ပရောက် ၈၈ မျိုးဆက်တွေဟာ ကြွေးကြော်သံ အော်လိုက်၊ ဒီမိုကရေစီ တိုက်ပွဲဝင် သီချင်းတွေ သီဆိုလိုက်နဲ့။

ထူးထူးခြားခြား ငြိမ်းချမ်းရေး တေးသံရှင် ကိုမွန်းအောင်လည်း ဒီနေ့ပွဲကို လာရောက်ပူးပေါင်းပြီး ဂီတာတီး သီချင်းဆိုတဲ့အပြင် စကားပါ ပြောပါတယ်။

“သမ္မတ ရောက်တဲ့နေရာတိုင်းမှာ ဒီမိုကရေစီ အင်အားစုတွေက ဆန္ဒပြရမယ်။ သူတို့ လမ်းမှန်ရောက်အောင် ဒီနည်းနဲ့ တွန်းပို့ရမယ်” လို့ ကိုမွန်းအောင်က ပြောပါတယ်။

ဒီထက် ပိုထူးခြားတာကတော့ အရင် ဆန္ဒပြပွဲတွေမှာ သတင်းလာယူနေကြ နော်ဝေအခြေစိုက် DVB ကို မတွေ့ရဘဲ နေပြည်တော် အခြေစိုက် Sky Net ကိုသာ တွေ့ရပါတယ်။ သမ္မတနဲ့အတူ ပြည်တွင်း မီဒီယာ တချို့လိုက်ပါလာပြီး ကိုမွန်းအောင်ရဲ့ “သွေးမုန်တိုင်း” သီချင်းကို အမိအရ ရိုက်ယူနေတာ တွေ့ရပါတယ်။ ဆန္ဒပြ ခေါင်းဆောင်တွေကိုလည်း အသေအချာ အင်တာဗျုး လုပ်ပါတယ်။

ဆန္ဒပြပွဲ အရှိန်ကောင်းတုန်းမှာပဲ သမ္မတ ယာဉ်တန်းနဲ့အတူ ပါလာတဲ့ နော်ဝေ နိုင်ငံခြားရေးဌာမှ အရာရှိတချို့ ဆန္ဒပြနေသူတွေဆီ ရောက်လာပြီး ကိုယ်စားလှယ်နှစ်ဦးကို ဖိတ်ခေါ်ကာ ဟိုတယ်ထဲ ၀င်သွားပါတယ်။

တနာရီကျော်ကြာ ဆန္ဒပြပွဲ အပြီးမှာတော့ ကိုယ်စားလှယ်နှစ်ဦး ဟိုတယ်ထဲက ပြန်ထွက်လာပါတယ်။ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနဲ့ သမ္မတပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်တို့က သူတို့နှစ်ဦးကို လက်ခံတွေ့ဆုံပြီး နေပြည်တော်ရဲ့ တည်ဆောက် ပြုပြင် မြန်ပြည်တခွင် လုပ်ငန်းစဉ်တွေကို ရှင်းပြခဲ့တယ်လို့ ကိုယ်စားလှယ်နှစ်ဦးက ပြန်ပြောပြပါတယ်။

“ဘာလို့ ဒီမှာဆန္ဒပြနေလဲ၊ နေပြည်တော်အထိ လာ လေ့လာကြလေ” လို့ ၀န်ကြီးဦးစိုးသိန်းက ဖိတ်ခေါ်တယ်လို့ ဆိုပါတယ်။ ပြည်တွင်းမှာ တိုးတက်နေတဲ့ အခြေအနေတွေကို အပြင်ကလူတွေက မသိလို့ အခုလို ဆန္ဒပြနေတာ ဖြစ်နိုင်တယ်ဆိုပြီး နော်ဝေ နိုင်ငံခြားရေးဌာနက အရာရှိတွေကို ၀န်ကြီးက ပြောတယ်လို့ လည်း သူတို့က ဆိုပါတယ်။

“နေပြည်တော်မှာ ပြောင်းမပြောင်းတော့ မသိဘူး။ ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တို ကျေးရွာမှာတော့ ရဲက သေနတ်နဲ့ပစ်လို့ လယ်သမား ၆ ယောက် ဆေးရုံတင်လိုက်ရတယ်” ဆိုပြီး ကိုယ်စားလှယ်တွေက ပြောလိုက်တဲ့အခါ ၀န်ကြီးနှစ်ဦး မျက်စိမျက်နှာ ပျက်သွားတယ်လို့လည်း ဆိုပါတယ်။ နော်ဝေ နိုင်ငံခြားရေးဌာနက အရာရှိတွေလည်း တအံတသြဖြစ်သွားပြီး “မြန်မာနိုင်ငံမှာ ဒီလိုဖြစ်နေဆဲလား” လို့ ဖြစ်စဉ် အသေးစိတ်ကို မေးမြန်းခဲ့တယ်လို့ သူတို့က ပြန်ရှင်းပြပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ရေးအကြောင်း မေးတဲ့အခါ လောလောဆယ် မလွယ်သေးတဲ့အကြောင်း၊ တပ်မတော်နဲ့ ကြံ့ခိုင်ရေးပါတီက လက်ရှိ ပြုပြင်ပြောင်းလဲရေးတွေကို သိပ်မလိုလားတဲ့အတွက် သမ္မတနဲ့ အစိုးရအဖွဲ့က လုပ်ရကိုင်ရ ခက်နေဆဲဖြစ်တယ်ဆိုပြီး ဦးစိုးသိန်းက ပြောတယ်လို့ ကိုယ်စားလှယ်နှစ်ဦးက ပြန်ပြော ပြခဲ့ပါတယ်။

တခါ ဒီလိုပြင်ရခက်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံဟာ လက်ရှိအစိုးရက ဆွဲထားတာ မဟုတ်ဘူး၊ အရင် အစိုးရဟောင်းက ဆွဲထားတာဖြစ်တယ်။ နောက်တခါ လယ်ယာသမားတွေ အပစ်ခံရတဲ့ကိစ္စဟာ အရင်အစိုးရခေတ်က လယ်တွေသိမ်းထားတာကြောင့် ဖြစ်တယ်၊ အခု အစိုးရလက်ထက်မှာတော့ သိမ်းဆည်းလယ်တွေကို လယ်သမား လက်ထဲပြန်အပ်နိုင်အောင် ကြိုးစားနေပါတယ်လို့ ၀န်ကြီးနှစ်ပါးက ရှင်းပြခဲ့တယ်လို့ သိရပါတယ်။

ကချင်နယ်မှာ စစ်ပွဲရပ်ရေးအပါဝင် တနိုင်ငံလုံး ငြိမ်းချမ်းရေးရအောင်၊ တိုင်းရင်းသား အားလုံး ပါဝင်နိုင်တဲ့ ဆွေးနွေးပွဲတွေ ဖြစ်လာအောင်လည်း သူတို့အစိုးရက ဆောင်ရွက်နေတယ်လို့ ၀န်ကြီးတွေက ပြောကြောင်း ဆိုပါတယ်။

ဦးရဲထွဋ်က သူ့ဖေ့စ်ဘုတ်ခ်မှာ ဆန္ဒပြပွဲအကြောင်းနဲ့ ကိုယ်စားလှယ် နှစ်ယောက်ကို တွေ့ဆုံတဲ့အကြောင်း ရေးသားခဲ့ပြီး “ကျွန်တော်တို့က သူတို့ကို အခြေခံဥပဒေ ပြင်ဆင်ရေး ကို ဆန္ဒပြနေရုံနဲ့ လုပ်လို့မရကြောင်း၊ နိုင်ငံတည်ဆောက်ရေးမှာ ကိုယ်တိုင် ၀င်ပါပြီး နိုင်ငံထဲမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်နိုင်မယ့် အခြေအနေမျိုး ရောက်အောင် ၀ိုင်းကြိုးစားဖို့လိုကြောင်း၊ ကျွန်တော်တို့ နိုင်ငံဟာ မှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက်နေပြီ ဖြစ်တဲ့အတွက် ဒီလမ်းကြောင်းအတိုင်း မြန်မြန်သွားနိုင်အောင် ကူညီပေးဖို့လိုကြောင်း ရှင်းပြ ခဲ့ပါတယ်” လို့ ရေးတာကို တွေ့ရပါတယ်။

နောက်ပြီး “ကျွန်တော်တို့ ကြားမှာ သဘောမတူတာတွေ ရှိနေသည့်တိုင်အောင် ဒီလို ထိုင်ပြီး စကားပြောဆို ဆွေးနွေးတာကိုက သမ္မတကြီးပြောတဲ့ သည်းခံ ခွင့်လွှတ်တဲ့ နိုင်ငံရေး ယဉ်ကျေးမှုတစ်ရပ်ကို ကျွန်တော်တို့ ဖော်ဆောင်နေပြီ ဆိုတာကို ထပ်မံ သက်သေပြလိုက်တာလည်း ဖြစ်ပါတယ်” လို့ နိဂုံးချုပ်လိုက်ပါတယ်။

ကိုယ်စားနှစ်ဦး ပြန်ပြောပြသမျှအတိုင်းဆိုရင် သမ္မတနဲ့ ၀န်ကြီးအဖွဲ့က ဒီလို ဆန္ဒပြတာကို မကြိုက်ဘူးဆိုပဲ။ သူတို့ဟာ အရင်ကလို စစ်အစိုးရ မဟုတ်တော့ဘဲ ပြည်သူက ရွေးချယ်တဲ့ အရပ်သားအစိုးရ ဖြစ်နေပြီ။ လူအများစုက ကြိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လည်း ပါလီမန်ထဲ ရောက်နေပြီ ဖြစ်တဲ့အတွက် ဒီလို ဆန္ဒပြဖို့ မလိုတော့ဘူးလို့ တွက်ဆထားတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

တကယ်တမ်း ပြောမယ်ဆိုရင် ဆန္ဒပြနေတာဟာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေချည်း မဟုတ်ပါဘူး။ ဧရာဝတီတိုင်း မအူပင်မြိုနယ်က လယ်သမားတွေလည်း သူတို့လယ် ပြန်ရရေးအတွက် ဆန္ဒပြတာပဲ မဟုတ်ပါလား။ စက်ရုံ အလုပ်ရုံတွေက အလုပ်သမားတွေလည်း လုပ်အားခ တိုးရဖို့နဲ့ အလုပ်သမား အခွင့်အရေးရဖို့ ဆန္ဒပြနေကြတာပဲ မဟုတ်လား။ မုံရွာ လက်ပံတောင်းက ဒေသခံတွေကလည်း သူတို့ရဲ့ တောတောင်ရေမြေ သဘာဝတွေ ဆုံးရှုံးမခံနိုင်လို့ ဆန္ဒပြနေကြတာပဲ မဟုတ်ပါလား။ ကချင်ပြည်နယ်နဲ့ တနိုင်ငံလုံးမှာ စစ်ပွဲတွေရပ်ဖို့အတွက် ရန်ကုန်ကနေ လိုင်ဇာအထိ တန်းစီလမ်းလျှောက် ဆန္ဒပြကြတာပဲ မဟုတ်ပါလား။ ဟံသာဝတီ ကားပွဲစားတန်းကတောင် သူတို့ လုပ်ကွင်းလုပ်ကွက် ဟန်မပျက်သွားရအောင် ဆန္ဒပြကြတာပဲ။

ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပါတယ်လို့ အစိုးရက ပြောနေပေမယ့် နောက်ထပ်လုပ်စရာတွေ အများကြီး ကျန်နေဆဲဆိုတာကို ဒီဆန္ဒပြပွဲတွေက ရောင်ပြန်ဟပ်နေတာ မဟုတ်လား။ တနည်းအားဖြင့် ပြောမယ်ဆိုရင်တော့ ငြိမ်းချမ်းစွာ ဆန္ဒပြတယ်ဆိုတာဟာ ဒီမိုကရေစီစနစ်ရဲ့ ယဉ်ကျေးမှုတရပ်ပဲ မဟုတ်ပါလား။
_________________________________
Irrawady - 27-2-2013
Ref: http://burma.irrawaddy.org/archives/34595#.US20_9FiIDM.facebook

နော်ဝေရောက် သမ္မတ ဦးသိန်းစိန်ကို အော်စလိုရှိ မြန်မာနိုင်ငံသားတွေက ဆန္ဒပြဖို့ရှိတယ်လို့ သတင်း ရထားတဲ့အတွက် ဖေဖော်ဝါရီ ၂၆ ရက်နေ့ ညနေ ၃ နာရီခွဲလောက်မှာ အော်စလိုမြို့လယ်က ပါလီမန် ရင်ပြင်ဆီ ကျနော် ထွက်လာခဲ့ပါတယ်။

Tuesday, February 26, 2013

ခောတ်သစ်ယုန်နဲ့လိပ်

by ဦး ဦး on Tuesday, February 26, 2013 at 7:17am ·


-
ဟိုးရှေးရှေးတုန်းက ယုန်တစ်ကောင်နဲ့ လိပ်တစ်ကောင်ဟာ ဘယ်သူကအပြေးမြန်သလဲလို့ ငြင်းကြတယ်။
ဒါနဲ့သူတို့နှစ်ကောင်ဟာ ပြေးလမ်းတစ်ခု သက်မှက်ပြီး အပြေးပြိုင်ပွဲ လုပ်ဖို့ သဘောတူကြတယ်။
တာလွတ်တာနဲ့ တပြိုင်နက် ယုန်ဟာ မြှားတစ်စင်း ပြစ်လိုက်သလို ပြေးထွက်သွားတယ်။

အကြင်နာလမ်းမှာ ဘဝခရီး သာယာဖို့

by ဘဘကြီး ဘဘလတ် on Tuesday, February 26, 2013 at 2:42am ·


By 8 Days Journal Originally posted 05/02/2013 14:11PM
Everyone needs kindness, understanding and love.  “လူတိုင်းအတွက် ကြင်နာခြင်း၊ နားလည်မှုနဲ့ ချစ်ခြင်းမေတ္တာ လိုအပ်ပါတယ်”။
လူ့ဘဝဟာ တိုတိုလေးပဲလို့ ပြောလေ့ရှိကြပါတယ။် ဒါပေမဲ့ တိုတောင်းလှတဲ လူ့ဘဝမှာ ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်ဖို့ကလည်း အရေးကြီးပါတယ်။

နတ်ရှင်နောင်

Min Min Myo Lwin shared အူတက်အောင်ရီရသောဟာသများနဲ့အခြား's photo.
နတ်ရှင်နောင်

တခါတုန်းက ပညာရေးဌာနက စစ်ဆေးရေးအရာရှိတယောက်ဟာ နယ်မြို့လေးတစ်မြို့က

စာသင်ကျောင်းတကျောင်းကို စစ်ဆေးရင်း ကျောင်းသားလေး တယောက်ကို မေးလိုက်ပါတယ်။

"နတ်ရှင်နောင်ကို ဘယ်သူ သတ်သလဲကွ"

ကျောင်းသားလေးဟာ တော်တော်လေး ကြောက်ရွံ့သွားပါတယ်။ 

အသံတွေတုန်ပြီး… "ကျ ကျနော်မသတ်ဘူး" တဲ့။

ပညာရေးအရာရှိဟာ ကလေးရဲ့ ပညာရေးအခြေအနေအပေါ် အတော်လေး မကျေမနပ်ဖြစ်သွားပြီး

အတန်းပိုင် ဆရာမကို လှည့်ကြည့်လိုက်တယ်။ အတန်းပိုင် ဆရာမလည်း ကမန်းကတမ်းနဲ့

ကျောင်းသားလေးအတွက် စိတ်ပူပြီး ကျောင်းသားလေးဖက်က ကာကွယ်ပြီး ပြောလိုက်တာက-

"ဒီကျောင်းသားလေးဟာ အတန်းထဲမှာ သိပ်အေးပါတယ်ဆရာ။ ကျောင်းသားတွေအချင်းချင်းတောင် ရန်ဖြစ်တာ မရှိပါဘူး။
 
သူသတ်တာတော့မဟုတ်နိုင်ဘူးထင်ပါတယ်ရှင်" တဲ့။


စစ်ဆေးရေး အရာရှိလည်း ဘာမှ ဆက်မပြောတော့ပဲ မျက်စိမျက်နှာပျက်ပြီးပြန်သွားပါတယ်။ 

နောက်တော့ဖြစ်ကြောင်း ကုန်စင်ကို ပညာရေးဝန်ကြီးဌာနဆီစာသင်လိုက်သတဲ့။

 ဒီလိုနဲ့ မကြာခင် ၀န်ကြီးဌာနက အခုလို စာပြန်လာပါတော့တယ်။

"နတ်ရှင်နောင် သေတာလည်းကြာပါပြီ။ နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေလုပ်မနေပါနဲ့တော့" တဲ့ဗျာ။*....

Lon Ely........ရီမောပျော်ရွှင်ပါစေ...

တခါတုန်းက ပညာရေးဌာနက စစ်ဆေးရေးအရာရှိတယောက်ဟာ နယ်မြို့လေးတစ်မြို့က
စာသင်ကျောင်းတကျောင်းကို စစ်ဆေးရင်း ကျောင်းသားလေး တယောက်ကို မေးလိုက်ပါတယ်။

မွန်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ

Tun Tun Naing shared Aye Chan Mon's photo.
မွန်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ

တပို့တွဲ လဆုတ်တစ်ရက် ၊ ဖေဖေါ်ဝါရီ ၂၆ ရက်နေ့မှာ မြန်မာတစ်နိုင်ငံသားလုံးနဲ့ သက်ဆိုင်တဲ့ မွန်အမျိုးသားနေ့ ကျရောက်မှာ ဖြစ်ပါတယ် ။

မွန်အမျိုးသားနေ့ မည်ကဲ့သို့ ဖြစ်ပေါ်လာပုံ လေးကိုတော့ အားလုံးပဲ သိချင်ကြမယ်ထင်ပါတယ် ။
အဲဒါကြောင့်မွန်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ အမေးအဖြေ အင်တာဗျူးလေးကို google မှ တဆင့် ရှာဖွေပြီး တင်ပြပေးလိုက်ပါတယ် ။
အမေရိကန်နိုင်ငံဆိုင်ရာ Kaowao သတင်းထောက် ကွန်းယက္ခ၏ မေးမြန်းချက်ကို မွန်ပြည်ပြန်လည် ထူထောင်ရေးကောင်စီ သတင်းပြန်ကြားရေး ဒုတာဝန်ခံ နိုင်မတ်ဒိပ် က ဖြေကြားထားသည့်ဆောင်းပါးမှ ကောက်နုတ်ချက် ဖြစ်ပါတယ်၊

Kaowao။ ။ မွန်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံကို ပြောပြပေးလို့ရမလား။

နိုင်မတ်ဒိပ်။ ။ ရပါတယ်။ ဒီအကြောင်းပြောရင် ဆရာမွန်ဖိုးချိုကနေ စရမယ်။ ဆရာက ရွှေတောင်သား။ ပြည်ဘက်က ရွှေတောင်ပါ။ ဆရာက မွန်တိုင်းရင်းသား အစည်းအဝေး အစည်းအရုံး ဥက္ကဋ္ဌ၊ ပြီးတော့ ဖဆပလ အဖွဲ့ချုပ် အဖွဲ့ဝင်၊ (၁၉၄၆)ခု၊ ပငရွာ အစည်းအဝေးမှာ မွန်အမျိုးသားနေ့တစ်ရပ် ကျင်းပဖို့ ပထမဆုံး ဆရာက အဆိုပြုတယ်။ အဆိုကို တစ်ခဲနက် ထောက်ခံကြတယ်။ နောက်နှစ် ကမာဝက်မှာ ကျင်းပတဲ့ပြည်လုံးကျွတ် ညီလာခံမှာလည်း ထပ်ပြီးတော့ အတည်ပြုတယ်။ ကျင်းပဖြစ်တာက (၁၉၄၈)မှာပါ။ ကွမ်ရိုက်ဆရာတော် ဘဒန္တ ကုသလ နဲ့ ဆရာ မွန်ဖိုးချို တို့ ဦးဆောင်တယ်။ ပထမဆုံး မွန်အမျိုးသားနေ့ကို မော်လမြိုင်ခရိုင်၊ ဘီလူးကျွန်း၊ ရွာလွတ်ကျေးရွာမှာ ကျင်းပခဲ့တယ်လို့ သိရတယ်။

Kaowao။ ။ တပို့တွဲလပြည့်ကျော်(၁)ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ဖြစ်တာက ။

နိုင်မတ်ဒိပ်။ ။ ဒီနေ့ရက်ကို ကမာဝက်ရွာသား နိုင်ထောအားက အကြံပြုထားတာပါ။ ဗဂိုးမြို့ တည်ထောင်တဲ့နေကို ယူ ထားတာပါ။ ဗဂိုးမြို့ကို မွန်ရာဇဝင်အရ တတိယပရိစ္ဆေဒနှစ် (၅၀၄)ခု မှာ တည်ထောင်ခဲ့ကြောင်း သိရတယ်။ မွန်မင်းဆက် ကျမ်းပြုဝေါဆရာတော်က တတိယ ပရိစ္ဆေဒ(၅၀၄)ခုမှာ ယူပါတယ်။ ကျနော်တို့ကတော့ သာသနာနှစ်ကိုပဲ ကြိုက်တယ်။ ဒီတော့ သာသနာနှစ်(၁၁၁၆)ခု၊ တပို့တွဲလပြည့်ကျော်(၁)ရက်နေ့ တနလာင်္နေ့မှာ ဟံသာဝတီပြည် ဗဂိုး(ပဲခူး)မြို့ကို တည်ထောင်ခဲ့တယ်။ ဒီဟံသာဝတီပြည် ဆိုတာဟာလည်းပဲ ဦးအောင်ဇေယျ ဖျက်ဆီးလိုက်တဲ့ အချုပ်အခြာ အာဏာပိုင် နောက်ဆုံး မွန်ဘုရင့်နိုင်ငံတော်ကြီး ဖြစ်နေတယ်။ ဒီတော့က နိုင်ထောအားရဲ့အဆိုကို အားလုံးသဘောတူကြတယ်။

Kaowao။ ။မွန်အမျိုးသားနေ့ကို ကျင်းပပြီး သမိုင်းဒဏ်ရာကို ဆွနေလို့ကတော့ ဘာမှအကျိုးမရှိနိုင်ဘူး လို့ အချို့က ဝေဖန်ကြတယ်။ အမှန်တကယ်ပဲ အဲလိုမျိုးရည်ရွယ်ချက်နဲ့ မွန်အမျိုးသားနေ့ကို ကျင်းပနေ သလားခင်ဗျ။

နိုင်မတ်ဒိပ်။ ။အဲဒီလိုမျိုး မဟုတ်ပါဘူး။ ဒီစကားမျိုးကို ဗမာတိုင်းရင်းသားတွေက အဓိက ပြောကြပါတယ်။ ဟံသာဝတီပြည် တည်ထောင်ချိန်အစမှာ ညီနောင် ဗမာတိုင်းရင်းသားတွေ ဗမာပြည်ကို မရောက်သေးပါဘူး။ မွန်အမျိုးသားနေ့လည်းပဲ ဗမာတိုင်းရင်းသားတွေကို မရွယ်ရည်ပါဘူး။ အမျိုးသား သွင်ပြင်လက္ခဏာကို ကာကွယ်ထိန်းသိမ်းဖို့၊ အမျိုးသားရေးစိတ်ဓါတ်ကို မြှင့်တင်ဖို့ မွန်တွေက ကိုယ့်အမျိုးသားနေ့ကို ကိုယ်ဟာကိုယ် ကျင်းပပိုင်ခွင့် ရှိပါတယ်။ အမှန်မှာတော့ ရာမညတိုင်း ဟံသာဝတီပြည်ကို မွန်တွေက အဦးအစ တည်ထောင်ခဲ့တာ မှန်ပေမယ့် ကြီးပွားတိုးတက်အောင် ဗမာတိုင်းရင်းသားတွေလည်း တတပ်တအား ပါဝင်ခဲ့ကြတဲ့ သမိုင်းအစဉ် အလာကြီး ရှိပါတယ်။

ဒါကြောင့် မွန်အမျိုးသားနေ့ကို ဗမာအပါအဝင် ညီနောင် တိုင်းရင်းသားများအားလုံး လာရောက် အားပေးစေချင်ပါတယ်။

Kaowao နဲ့ နိုင်မတ်ဒိပ်မေးဖြေလေးပါ။

ချစ်ခင်လေးစားသောမွန်ပျိုချော
http://www.facebook.com/shweaeimsi

အေးချမ်းမွန်မှ  Shwe Eaim Si  တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်။

တပို့တွဲ လဆုတ်တစ်ရက် ၊ ဖေဖေါ်ဝါရီ ၂၆ ရက်နေ့မှာ မြန်မာတစ်နိုင်ငံသားလုံးနဲ့ သက်ဆိုင်တဲ့ မွန်အမျိုးသားနေ့ ကျရောက်မှာ ဖြစ်ပါတယ် ။
မွန်အမျိုးသားနေ့ မည်ကဲ့သို့ ဖြစ်ပေါ်လာပုံ လေးကိုတော့ အားလုံးပဲ သိချင်ကြမယ်ထင်ပါတယ် ။

"ဖူးငုံတို့နှင့် ဆိုးယုတ်မှု"

by Soe Min on Tuesday, February 26, 2013 at 2:46am ·
 
ဆိုးယုတ်မှုနှင့် ကောင်းမြတ်မှု...။ဤစကားလုံး နှစ်လုံးက ယခုတစ်လော စာရေးသူတို့ အကြားတွင် အတော် ရေပန်းစားသော စကားလုံး နှစ်လုံး။စာရေးသူ ယခုအပတ် ရေးဖြစ်သော ဂျာနယ်၊ မဂ္ဂဇင်း၊ဆောင်းပါး အတော်များများတွင် ဤအကြောင်းကို ရေးဖြစ်သည်။ ယခု Teen   တွင် လည်း ရေးဦးမည်။
ဖူးငုံတို့ အနေဖြင့်လည်း ဖူးငုံတို့ ဘ၀ တစ်လျှောက်တွင် ဆိုးယုတ်မှု များစွာကို ရင်ဆိုင်ခံစား ရနိုင်သည်။ ကလေး ဘ၀တွင် သူငယ်ချင်းများက အနိုင်ကျင့် ခံရတာမျိုး၊ အများနှင့် ယှဉ်၍ ဘက်လိုက် ဆက်ဆံ ခံရတာမျိုးမှသည် လောက၏ မတရားမှု ဒဏ်မှန်သမျှကို ဖူးငုံတို့ အနေဖြင့် ဆိုးယုတ်မှုဟု အမည် တပ်နိုင်သည်။

"၁၇ နှစ်အရွယ် လူငယ်တစ်ဦး ရရှိမည့်အမွေများထဲမှ ကျပ်သိန်းပေါင်း ၉၅ဝဝ ဖားအောက်တောရသို့ အပြီးအပြတ်လှူဒါန်း"

"၁၇ နှစ်အရွယ် လူငယ်တစ်ဦး ရရှိမည့်အမွေများထဲမှ ကျပ်သိန်းပေါင်း ၉၅ဝဝ ဖားအောက်တောရသို့ အပြီးအပြတ်လှူဒါန်း"

မန္တလေး၊ ဖေဖော်ဝါရီ ၂၆

မန္တလေးမြို့မှ အသက် ၁၇ နှစ်အရွယ်လူငယ်တစ်ဦးက ၎င်းရရှိမည့်အမွေများထဲမှ ငွေကျပ်သိန်းပေါင်း ၉၅ဝဝ ကို ပြင်ဦးလွင်ရှိဖားအောက်တောရသို့ လှူဒါန်းလိုက်ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့နယ် ကျောက်ဖျာ ဒိုးကျေးရွာရှိ ဖားအောက်တောရ ဗုဒ္ဓတက္ကသိုလ်တွင် အသုံးပြုရန် ရန်ကုန်၊ လှိုင်မြို့နယ်ရှိ နေအိမ်နှင့်မြေအပါအဝင် အကျိုးခံစားခွင့် အားလုံးကာလတန်ဖိုး ကျပ်သိန်း 
၉ဝဝဝ၊ မန္တလေးပြည်ကြီးတံခွန် ပွဲရုံတန်း အဆောင် ၂ အခန်း ၃၊ ၂ ထပ်တိုက် ကာလတန်ဖိုး ကျပ် သိန်း ၅ဝဝ ခန့်တို့ကိုအပြီးအပြတ် လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

လှူဒါန်းခဲ့သူ မန်းမြို့တော် ပေါက်စီလုပ်ငန်းပိုင်ရှင်၏ သား မောင်ဘုန်းရှင်က ''သံဃာတော်တွေကို ဆက်လက်စောင့်ရှောက်ချင်တယ်။ ဖားအောက်တောရ အဓွန့်ရှည်ပြီး သာသနာဆက်လက် ပြန့်ပွားစေချင်တဲ့ ရည်ရွယ်ချက်ပဲ ရှိတယ်''ဟု ပြောသည်။

ထို့အပြင် ၎င်းက ယနေ့လူငယ်များအနေဖြင့် သောက်စား ပျော်ပါး နေမှုများသည်ဟု ပြောဆိုနေကြမှု များရှိနေကြရာ ယခု အလှူဒါနမှာ မှန်ကန်သည့်ဘက်ကို ရပ်တည်ပြ လိုက်ခြင်းဖြစ်သည်ဟု 
ဆက်ပြောသည်။

မန်းမြို့တော်ပေါက်စီ ပိုင်ရှင် ဦးအောင်မြင့်က ၎င်း၏သားမှာ တစ်ဦးတည်းသောသားဖြစ်သဖြင့် ရှာဖွေထားသော ပစ္စည်းဥစ္စာတို့မှာ ၎င်းကွယ်လွန်လျှင် မောင်ဘုန်းရှင် 

တစ်ဦးတည်းခံစားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သား၏သဘောဆန္ဒအရ ခွင့်ပြုပေးလိုက်ခြင်း ဖြစ်ကြောင်း ပြောသည်။ဦးမြင့်အောင်၏ လှူဒါန်းမှုကို ဖားအောက်တောရမှ ဆရာတော် ကိုယ်တိုင်လက်ခံရယူပြီး မန်းမြို့ တော်ပေါက်စီက ပဒေသာပင်စိုက် ထူလှူဒါန်းခြင်းဖြစ်သည်ဟု ပြော သည်။

အဆိုပါ လှူဒါန်းမှုပြုခဲ့သည့် မောင်ဘုန်းရှင်မှာ လက်ရှိတွင် စင်ကာပူနိုင်ငံ၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းအဆင့်မြင့် စီမံခန့်ခွဲမှုဒီ ပလိုမာကို တက်ရောက်နေသူ ဖြစ်သည်။                
 
PN-051
‎မန္တလေး၊ ဖေဖော်ဝါရီ ၂၆

မန္တလေးမြို့မှ အသက် ၁၇ နှစ်အရွယ်လူငယ်တစ်ဦးက ၎င်းရရှိမည့်အမွေများထဲမှ ငွေကျပ်သိန်းပေါင်း ၉၅ဝဝ ကို ပြင်ဦးလွင်ရှိဖားအောက်တောရသို့ လှူဒါန်းလိုက်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

by Myat Thi Ha on Monday, February 25, 2013 at 8:43am ·


 (ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၃၄၊ ဖေဖော်ဝါရီ ၂၁၊ ၂၀၁၃၊ စာမျက်နှာ ၁၈)
 အောင်ဒင်၊ ဖေဖော်ဝါရီ ၂၅၊ ၂၀၁၃

အပိုင်း (၁၀) ၂၀၁၂ ခုနှစ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဆိုင်ရာ ဥပဒေများကို လေ့လာသုံးသပ်ခြင်း (က)

၂၀၁၂  ခုနှစ် နိုဝင်ဘာလ ၂၆ ရက် နေ့စွဲ နဲ့ နိုင်ငံတော်သမ္မတ လက်မှတ်မထိုးပဲ အတည်ပြုပြဌန်းခဲ့တဲ့ ၂၀၁၂ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေနဲ့ အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေ များကို စိတ်ဝင်တစား လေ့လာကြည့်ပါတယ်၊ ထူးထူးခြားခြားတွေ့မိတာတွေကို အောက်ပါအတိုင်း တင်ပြအပ်ပါတယ်၊

26.02.2013 နေ့ဖတ်ရန်သတင်းများ

by Myanmar Journal on Monday, February 25, 2013 at 5:16pm ·

ဗြိတိန်က ဝါအကြီးဆုံး ဘုန်းတော်ကြီး နုတ်ထွက်
ပုပ်ရဟန်မင်းကြီး ဘန်နဒစ် ကနေ Keith O'Brien ရဲ့ နုတ်ထွက် လွှာကို လက်ခံ လိုက်ပြီ ဖြစ်ပါတယ်
ဗြိတိန်က ဝါအကြီးဆုံး ကက်သလစ် ဘုန်းတော် ကြီး လည်းဖြစ် စကော့တလန်က ရိုမန် ကက်သလစ် အသင်းတော် ကြီးရဲ့ ရာထူး အကြီးဆုံး ဘုန်တော်ကြီး လည်းဖြစ်တဲ့ Keith O'Brien ဟာ

မိုက်ခရိုဆော့ဖ်တွင်သာ အလုပ်ရခဲ့လျှင်

Min Sithu shared Aye Chan Mon's photo.
မိုက်ခရိုဆော့ဖ်တွင်သာ အလုပ်ရခဲ့လျှင်

အလုပ်အကိုင်မရှိတဲ့ လူငယ်တစ်ဦးဟာ Microsoft မှာ ရုံးဝန်ထမ်းအဖြစ် အလုပ်လုပ်ဖို့အတွက် လာလျှောက်ပါတယ်။

ံHR မှ အင်တာဗျူးပြီး သူ့ရှေ့ မှာပဲ ကြမ်းပြင်သန့်ရှင်းရေးလုပ်ကြည့်ဖို့ ခိုင်းပါတယ်။ တကယ်ပဲ သန့်ရှင်းရေးလုပ်ပြတော့ သူ့ကို အလုပ်ခန့်မယ်လို့ တစ်ခါတည်း စကားဆိုလိုက်ပါတယ်။ ပြီးတော့ HR မန်နေဂျာက

"ရှင့် အီးမေးလ်ပေးပါ။ အဲ့ အီးမေးလ်ဆီကို ဖြည့်ဖို့လိုအပ်တဲ့ ဖောင်တွေ ပို့လိုပါမယ်။ အဲ့မှာဖြည့်ပြီး ပြန်ပို့ပေးပါ" လို့ ဆိုပါတယ်။

ဒီတော့ လူငယ်က

"ကျနော့မှာ ကွန်ပြူတာလည်း မရှိဘူး။ အီးမေးလ် လည်း မရှိဘူး" လို့ဖြေတော့ HR က ဒီလိုပြန်ဖြေပါတယ်။

"ဝမ်းနည်းပါတယ်။ ဒီခေတ်မှာ လူတစ်ယောက်ဟာ အီးမေးလ် တစ်ခုတော့ အနည်းဆုံး ရှိသင့်ပါတယ်။ အခု ရှင့်မှာ မရှိသေးဘူးဆိုတော့ အလုပ်ခန့်ဖို့ မဖြစ်နိုင်သေးပါဘူး။ နောက်တော့မှပဲ လာခဲ့ပါ" လို့ လွယ်လွယ် ပဲ ပြောင်းပြီး ပြန်လွတ်လိုက်ပါတယ် ။

ဒီတော့ လူငယ်လေး စိတ်ဓာတ်ကျကျနဲ့ အိမ်လှည့်ပြန်လာပါတယ်။ လက်ထဲမှာ ၁၀ ဒေါ်လာပဲ ရှိပါတယ်။ ဒီတော့ စူပါမားကတ်မှာ ခရမ်းချဉ်သီး ၁၀ ဒေါ်လာဖိုး ၁၀ ကီလိုဂရမ် ဝယ်ပြီး တစ်အိမ်ဝင်တစ်အိမ်ထွက် တံခါးခေါက်လို့ လိုက်ရောင်း ကြည့်ပါတယ်။ ၂ နာရီတောင် မကြာပဲ သူ့ငွေဟာ ၂ ဆဖြစ်သွားပါတယ်။ ဒါကြောင့် မားကတ်မှာ နောက် ၂ ခါဝယ်ပြီး လိုက်ရောင်းတော့ အိမ်ကို ဒေါ်လာ ၆၀ နဲ့ ပြန်လာနိုင်ခဲ့ပါတယ်။

ဒါကြောင့် ယခုလို ဈေးသုံးလို့အဆင်မပြေတဲ့၊ ဈေးသုံးခဲ့တဲ့ ရပ်ကွက်တွေမှာ တစ်အိမ်ဝင်တစ်အိမ်ထွက် စားသောက်ကုန်တွေ လိုက်ရောင်းရင် အမြတ်ကောင်းကောင်းရနိုင်တယ်ဆိုတာကို တွက်ချက်မိပြီး မနက်တိုင်း အိမ်ကနေ စောစောထွက်လို့ စားသောက်ကုန်တွေ လိုက်ရောင်းပါတယ်။

ဝယ်ရင်းရောင်းရင်း၊ဝယ်ရင်းရောင်းရင်း ငွေတွေတိုးလာလို့ ကားနဲ့ လိုက်ရောင်းတဲ့ထိ ဖြစ်လာပါတယ်။ နောက်ဆုံး တစ်ယောက်တည်းမနိုင်လို့ အကူတွေပါခေါ်ရင်း တပည့်တွေရှိလာပါတယ်။ ဒီလိုနဲ့ ရပ်ကွက်တိုင်းအတွက် ဖြန့်ဖို့အတွက် ဝန်ထမ်းတွေ ခန့်ပြီး လုပ်လိုက်တာ ငါးနှစ်အကြာမှာ အမေရိကန်နိုင်ငံက အကြီးဆုံး စားသောက်ကုန် လက်လီအရောင်း ကုမ္မဏီကြီး တစ်ခု ဖြစ်လာပါတယ်။ အမေရိကန်တင်မကတော့ပဲ အမေရိကန်တိုက်၊ ဥရောပတိုက်တွေထိကိုပါ Retail Service ကို နယ်ပယ်ချဲ့ ထွင်တော့မှာ ဖြစ်ပါတယ်။

ဒီတော့ ငွေကြေးအင်မတန်ချမ်းသာနေပြီဖြစ်တဲ့ သူမိသားစုအတွက် အာမခံ တစ်ခုရှိဖို့လိုအပ်တယ်ဆိုတာ တွက်ချက်မိတော့ အာမခံ ကုမ္မဏီတစ်ခုကို ခေါ်ပါတယ်။ အာမခံထားရှိဖို့ စကားဆိုပြီး အာမခံ ကုမ္မဏီက သူ့အီးမေးလ်ကို တောင်းတဲ့အခါ

"ကျနော့မှာ အီးမေးလ်မရှိဘူး" လို့ပဲ ပွင့်ပွင့်လင်းလင်းဖြေပါတယ်။ ဒီတော့ ဝန်ထမ်း လူငယ်က အံ့သြစွာပဲ

"ဆရာ့မှာ အီးမေးလ်မရှိပဲနဲ့ စီးပွားရေးတွေလုပ်တာ ဒီလောက်တောင် အောင်မြင်တယ်။ အီးမေးလ်သာရှိလို့ကတော့ ဘယ်လောက်တောင် အောင်မြင်လိမ့်မလဲ" လို့ပြောတော့ သူဌေးက ခပ်ပြုံးပြုံးပဲ ပြန်ဖြေပါတယ်။

"ကျနော့မှာသာ အီးမေးလ်ရှိခဲ့ရင် Microsoft မှာ တစ်သက်လုံး သန့်ရှင်းရေး ဝန်ထမ်းဖြစ်သွားမှာပါ"
------
------
------

သင်ခန်းစာ---

အင်တာနက်၊ အီးမေးလ် တို့ကဲ့သို့ အထောက်အပံ့များက ဘဝအောင်မြင်ရေးအတွက် အဖြေမဟုတ်ပါ။ ကြိုးစားချင်သည့် စိတ်ဓာတ်ကသာ အောင်မြင်ရန် အခြေခံ အုတ်မြစ်ဖြစ်သည်။

--
Ref:techfreak
Aung Kham (TSJ team)

--
http://blog.techspace.com.mm/2013/02/blog-post_26.html


အေးချမ်းမွန်မှ TechSpace Journal  တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်။
အလုပ်အကိုင်မရှိတဲ့ လူငယ်တစ်ဦးဟာ Microsoft မှာ ရုံးဝန်ထမ်းအဖြစ် အလုပ်လုပ်ဖို့အတွက် လာလျှောက်ပါတယ်။ံHR မှ အင်တာဗျူးပြီး သူ့ရှေ့ မှာပဲ ကြမ်းပြင်သန့်ရှင်းရေးလုပ်ကြည့်ဖို့ ခိုင်းပါတယ်။ တကယ်ပဲ သန့်ရှင်းရေးလုပ်ပြတော့ သူ့ကို အလုပ်ခန့်မယ်လို့ တစ်ခါတည်း စကားဆိုလိုက်ပါ တယ်။ ပြီးတော့ HR မန်နေဂျာက

Interview with တွံတေးမြို့က မသန်သော်လည်းစွမ်းသူတစ်ဦး

ဒီဇင်ဘာ မှာ ကျွန်တော်တို့စက်ရုံက အမြဲတန်း ဘုရားဖူးထွက်လေ့ရှိသည်။ ထို့အတွက် စက်ရုံက နှစ်ရက် ဆက်ပိတ်ပေးသည်။ ဒီနှစ် ကျွန်တော်တို့မိသားစု ဘယ်ကိုမှမသွားဖြစ်သည့်အတွက် နီးလည်းနီး အလွယ်တကူ သွားလို့ရကာ လမ်းလည်းကောင်းနေပြီဖြစ်သော တွံတေး ရွှေဆံတော် ဘုရားနှင့် ဗောင်းတော်ချုပ်ဘုရား။

နောက်ပိတ်ခွေး

Lu Zein December 8, 2012

(၁)
အောင်သန်းသည် မေ့လျော့ထားခြင်းကို ခံနေရသော သားငယ်တယောက်သာဖြစ်၏။ သူ့ကို သတိရသူမရှိ။ သူသည် စွန့်ပစ်ခြင်းကို ခံနေရ၏။ သို့ရာတွင် သူ့အား လိုက်လံရှာဖွေ ကြမည့် မိဘတို့သည်မရှိ၊ ညီအစ်ကိုမောင်နှမနှင့် ဆွေမျိုးညာတိကာတို့သည်လည်းမရှိ။

ရီ ယ ယ် လ စ် ဇ င် အ က်ေ ဆး နဲ့ နီ ယိုေ မာ် ဒ န် အ က်ေ ဆး ( အ ပို င်း - ၂ )

by Aung Yin Nyein on Tuesday, January 29, 2013 at 8:40am ·

၅။ သိစိတ်အလျဉ် ရေးနည်းအတိုင်း စီးမျောရေးသားခြင်း/ အာရုံခံစားမှု အစဉ်များ ကို ဖြတ်တောက် ရေးသားခြင်း
၁၈၉၀ ခုနှစ်မှာ ၀ီလျံဂျိမ်းရဲ့ စိတ်ပညာ အခြေခံကျမ်း( Principle of Psychology ) ပုံနှိပ်ထုတ်ဝေပြီး အရှိတရား ( Reality ) ဆိုတာ ဓမ္မဓိဌာန်ကျကျ တည်ရှိနေခြင်း မဟုတ်၊ သိစိတ်ကတစ်ဆင့် ပုဂလိကအမြင်အရ တွေးတောကြံစည်ထားတဲ့ အရာသာ ဖြစ်တယ်လို့ ဖော်ထုတ်ပြခဲ့ပါတယ်။ လူ့စိတ် ( Mind ) ကိုလည်း သိစိတ်အလျဉ်( Stream of Consciousness ) လို့ သတ်မှတ်ခဲ့ပါတယ်။

မအူပင်မြို့နယ်တွင်းတွင် ဒေသခံရွာသားများနှင့် ရဲတပ်ဖွဲ့ဝင်များ ပဋိပက္ခဖြစ်သဖြင့် ၂၀ကျော် ဒဏ်ရာရ


မအူပင်မြို့နယ်တွင်းတွင် ဒေသခံရွာသားများနှင့် ရဲတပ်ဖွဲ့ဝင်များ ပဋိပက္ခဖြစ်သဖြင့် ၂၀ကျော် ဒဏ်ရာရ

Tuesday, 26 February 2013

 လယ်သိမ်းခံရသော ကျေးရွာသားများက နွေစပါးစိုက်ပျိုးရန်အော့ချတ်ဒ် ကုမ္ပဏီပိုင်ငါးမွေးကန်ပေါင်အား ဖျက် ကာရေဖွင့်ချ၍ကျုပင်များအား မီးရှို့သောကြောင့် မအူပင်ခရိုင်အုပ်ချုပ်ရေးမှုးမှပုဒ်မ၁၄၄ ထုတ်ပြန်
 ထားစဉ် ဒေသခံကျေးရွာသားများနှင့်အဓိကရုံးနှိမ်နှင်းရေးရဲတပ်ဖွဲ့ဝင်များ အကြားထိပ်တိုက်တွေ့ဆုံ...ကာ နှစ်ဘက်စလုံးမှ စုစုပေါင်း လူ၂၀ကျော် ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

 ယခုအချိန်အထိ ဒေသခံကျေးရွာသားလေးဦး ဒဏ်ရာဖြင့် မအူပင်ဆေး ရုံတွင် တင်ထားရပြီး ရဲတပ်ဖွဲ့ဝင် ၁၉ ဦးတွင်လည်းဒဏ် ရာရရှိကာ၎ဦးမှာ ဒဏ်ရာ ပြင်းထန်ကြောင်း တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိ သူကို မေးမြန်း ထားသော မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှတာဝန်ရှိသူတစ်ဦးကပြောသည်။

 အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင် ၁၉ဦး ဒဏ်ရာရရှိခဲ့ကြောင်းမအူပင် ခရိုင်အုပ်ချုပ်ရေးမှူးဦးအေးသောင်းကပြောသည်။ သို့သော် ဒေသခံများ ဒဏ်ရာရသော အရေအတွက်ကို အမျိုးမျိုးပြောဆိုမှုများရှိနေသော်လည်း အရေအတွက် အတိအကျကို 7 Day News မှ အတည်ပြုချက်
 မရနိုင်သေးပါ။

 အလားတူ နှစ်ဖက်ထိပ်တိုက်တွေ့ဆုံရာတွင် ရဲတပ်ဖွဲ့ဝင်များ က သေနတ်ဖြင့်ပြန်လည်ပစ်ခတ်သည်ဟု ဒေသခံများက ပြောဆိုနေကြ
 သော်လည်း သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းရှိ မရှိ အတည်အပြုနိုင်သေးပေ။

 အခင်းဖြစ်ပွားပုံမှာ မအူပင်မြို့နယ်တွင်းရှိပလောင်ရွာ၊ ကွန်ဒိုင်းလေးရွာနှင့် အဒိတ်ကျေးရွာများမှ နွေစပါးစိုက်ပျိုးရန် ကုမ္ပဏီ ပိုင်မွေးမြူရေးငါးကန်၏ ကန်ပေါင်တာရိုးကို လယ်သိမ်းခံခဲ့ရသည်ဟု ဆိုသော ကျေးရွာသားများ ကဖေဖေါ်ဝါရီ ၂၁ ရက်တွင် ချိုးဖျက်ကာ ရေများဖေါက်ချပြီးကျုတော နှင့် ၀ါးပင်များအား မီးရှို့ဖျက်ဆီးခဲ့သည်။

 ဒေသခံကျေးရွာသားများဘက်မှ အဆိုပါငါးကန်များသည် ယခုလို နွေရာသီတွင် ၎င်းတို့၏ စပါးစိုက်ပျိုးရာမြေများဖြစ်ပြီး ၁၉၉၆ခုနှစ်တွင် ကုမ္ပဏီ၏ သိမ်းပိုက်ခြင်းခံခဲ့ရကြောင်းပြောသည်။

 ကုမ္ပဏီမှ တာဝန်ရှိသူကပြောရာတွင် ၁၉၉၄ ခုနှစ်မှ စတင်ကာ တရားဝင် ပိုင်ဆိုင်ခွင့်ရယူ၍ရေနက်ကွင်းများအား တာပတ်ပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ငန်းများလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

 အဆိုပါကျေးရွာများ တစ်ဝိုက်တွင် ဖေဖေါ်ဝါရီ ၂၆ ရက်(ယနေ့)တွင် ပုဒ်မ ၁၄၄ထုတ်ပြန်ခဲ့သည်။ထို့နောက် အဓိကရုံးနှိမ်နှင်းရေးရဲတပ်ဖွဲ့များ ချထားပြီး ညနေ ၃ နာရီတွင် ပြသနာဖြစ်နေသည့် လယ်ယာမြေများ 

အနီးစုဝေးနေသောဒေသခံ ၃၀၀ ခန့်အား လူစုမခွဲပါက ဖြိုခွဲတော့ မည် ဖြစ်ကြောင်းအသံချဲ့စက်ဖြင့်သတိပေးပြီးနောက် လူစုမခွဲဘဲ ကျေးရွာ သား အချို့က တားဆီးထားသော အတားအဆီးများကို ဖယ်ရှားဖြတ်ကျော် လာသဖြင့်ညနေ ၅ နာရီကျော်တွင် ထိပ်တိုက်တွေ့ ဆုံကာ ပြသ နာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။

 “ကျွန်တော်တို့လည်း ကြားဝင်ညှိနှိုင်းပေးနေတဲ့ကြားက အခုလို ဖြစ်သွားတာ ပဲ၊ နှစ်ဘက်စလုံးဒဏ်ရာရကြတယ်သေဆုံးတာတော့ အတိအကျမသိ ရသေးပါဘူး၊”ဟုမအူပင်မြို့နယ်NLDပါတီရုံးအဖွဲ့ဝင်က ပြောသည်။

 ယနေ့နေ့လည် ၃နာရီကျော်တွင် ဒေသခံကျေးရွာသားများ၊ NLDပါတီမှ တာဝန်ရှိသူများ၊ မအူပင်ခရိုင်ငါးလုပ်ငန်း ဦးစီးမှုးဦးစိန်သောင်း၊ ရဲတပ်ဖွဲ့မှုးဦးထွန်းမင်းနှင့် မအူပင်ခရိုင် အုပ်ချုပ်ရေးမှုးဦးအေးသောင်း တို့ ညှိနှိုင်းပေးအပြီး ပြန်သွားပြီးနောက်တွင် နှစ်ဘက်တိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့ခြင်းကြောင်းသတင်းရရှိသည်။

 “တို့တစ်တွေ ညှိနှိုင်းတုန်းကတော့သဘောတူတယ်၊သူတို့တွေအချင်းချင်း သွားညှိတော့မှ သဘောမတူဖြစ်ကြ တာ၊ သူတို့ဘက်ကစခုတ်တာ၊ သူတို့သေတယ်ဆိုတာ မဖြစ်လောက်ပါဘူး၊ ဒဏ်ရာရတယ်ဆိုလည်း ဆေးကု ပေးမလို့ ဆက်သွယ်လို့မရဘူး၊ ရဲတွေကတော့ ၁၉ ယောက် ဒဏ်ရာရတယ်၊”ဟု မအူပင်ခရိုင် အုပ်ချုပ်ရေးမှုး ဦးအေးသောင်း က ပြောသည်။

 ဒေသခံများ သေဆုံးမှုများရှိခဲ့သည်ဟု သတင်းများထွက်ပေါ်သဖြင့် ဆက်သွယ်မေးမြန်းရာထိုသို့ပြန်လည်ဖြေကြားသည်။

 “ကျွန်တော်တို့တစ်တွေ အလုပ်လက်မဲ့ဖြစ်နေလို့ပါ၊ နွေစပါးစိုက်ချင်လို့ လယ်တိုးတာပါ၊ တောရိုင်းဖြစ်နေလို့ လယ်ယာကွက်ဖေါ်တာပါ၊ အဲဒါကိုမီးရှို့တယ်၊ ၀ါးခုတ်တယ်၊ ကန်ဖေါက်တယ်ဆိုပြီး တရားစွဲတယ်လို့ ကြားပါ တယ်၊အကြမ်းမဖက်ပါဘူး၊ သူတို့က ငါးရိုင်းမွေးတယ်ဆိုပြီး ဒီအတိုင်းပစ်ထားတာပါ၊

ကျွန်တော်တို လယ်တွေ ကို လွန်ခဲ့တဲ့ ဆယ့်ခုနှစ်နှစ် ကတည်းက သိမ်းထားတာပါ၊”ဟု ပလောင်ကျေးရွာသား ဦးကျော်မင်းက အခင်းမဖြစ်ပွားမီ ယနေ့ နေ့လယ်ခင်းကပြောသည်။

 ဆက်လက်ရရှိသော သတင်းများကို ထပ်မံဖော်ပြပေးပါမည်။

 7Day News Journal 
Tuesday, 26 February 2013

လယ်သိမ်းခံရသော ကျေးရွာသားများက နွေစပါးစိုက်ပျိုးရန်အော့ချတ်ဒ် ကုမ္ပဏီပိုင်ငါးမွေးကန်ပေါင်အား ဖျက် ကာရေဖွင့်ချ၍ကျုပင်များအား မီးရှို့သောကြောင့် မအူပင်ခရိုင်အုပ်ချုပ်ရေးမှုးမှပုဒ်မ ၁၄၄ ထုတ်ပြန်
ထားစဉ် ဒေသခံကျေးရွာသားများနှင့် အဓိကရုံးနှိမ်နှင်းရေးရဲတပ်ဖွဲ့ဝင်များ အကြားထိပ်တိုက်တွေ့ဆုံ ကာ နှစ်ဘက်စလုံးမှ စုစုပေါင်း လူ၂၀ကျော် ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

သူတို့ ဘ၀များ ....


KhingKhing Su and 2 other friends shared Nine Nine Sanay @ နိုင်းနိုင်းစနေ's photo.
Liu Bang အသက်(၄ဝ)အရွယ်တုန်းက တပ်သား၊ လက်နက်တွေတောင်မရှိခဲ့သေးဘူး။
Liu Bei အသက်(၅၂)နှစ်အရွယ်မှာ ခေါင်းမော့ပြီး "ငါ ဘယ်အချိန်ကျမှ အောင်မြင်မလဲ"လို့ မေးခဲ့တယ်။
Genghis Khan အသက်(၄ဝ)အရွယ်မှာ သွေးသောက်ညီအစ်ကိုရဲ့သစ္စာဖောက်မှုကြောင့် စစ်ရှုံးထွက်ပြေးခဲ့ရတယ်။

Steve Jobs အသက်(၄၂)နှစ်အရွယ်မှာ ပန်းသီးကုမ္ပဏီဆီပြန်ရောက်လာခဲ့တယ်။ အဲဒီအချိန် ကုမ္ပဏီမှာသန်းတစ်ထောင်အကြွေးတင်နေတယ်။
Ren Zhengfei အသက်(၄၃)နှစ်အရွယ်မှ Huawei ကုမ္ပဏီကိုတည်ထောင်ခဲ့တယ်။
Larry Page အသက်(၂၅)နှစ်အရွယ်မှာ Google ကိုတည်ထောင်ခဲ့တယ်။
Bill Gates အသက်(၂ဝ)အရွယ်မှာ Microsoft ကိုတည်ထောင်ခဲ့တယ်။
Mark Elliot Zuckerberg အသက်(၂ဝ)အရွယ်မှာ facebook ကိုတည်ထောင်ခဲ့တယ်။
Sam Walton အသက်(၂၆)နှစ်အရွယ်မှာ Wal-Mart စတိုးကိုတည်ထောင်ခဲ့တယ်။
Lee Ang အသက်(၃၆)နှစ်အရွယ်မှ သူ့ရဲ့ပထမဆုံးရုပ်ရှင်ဖြစ်တဲ့ Pushing Hands ကိုရိုက်ကူးခဲ့တယ်။ ဘွဲ့ရပြီး (၆)နှစ်လုံးလုံး သူအလုပ်လက်မဲ့ဖြစ်ခဲ့တယ်။

အပေါ်ကလူပုဂ္ဂိုလ်တွေက ကျွန်မတို့ခေတ်နဲ့ အတော်အတန်ဝေးသွားပြီ၊ အောက်ကလူတွေက ကျွန်မတို့ခေတ်မှာရှိနေဆဲပါ။
ကြိုးစားနေသူတစ်ယောက်အတွက် အောင်မြင်မှုဆိုတာ ရောက်လာစမြဲပဲ။ အောင်မြင်ခြင်းမှာ အသက်အရွယ် အကန့်အသတ်မရှိပါဘူး။ 
နောက်ကျတယ် စောတယ်ဆိုတာမရှိပါဘူး။ နောက်ကျမှရောက်လာမှာကိုလည်း မစိုးရိမ်ပါနဲ့။
ကိုယ့်စိတ်ကူးအိပ်မက်တွေ အကောင်အထည်ဖော်နိုင်ဖို့အတွက် ကိုယ့်ကိုယ်ကို ဖိအားနည်းနည်းပေးပါ၊ လှုံ့ဆော်ပါ၊ မျှော်လင့်ချက်ပေးပါ။
ကိုယ်ယုံကြည်တဲ့လမ်းအတိုင်း ကြံ့ကြံ့ခံဆက်လျှောက်ပါ။ တစ်နေ့နေ့ တစ်ချိန်ချိန် တစ်နေရာရာမှာ အောင်မြင်မှုနဲ့မလွဲမသွေဆုံပါလိမ့်မယ်။


Liu Bang = တရုတ်နိုင်ငံသမိုင်းမှာ ပထမဆုံးသော သာမန်လူတန်းစားဘဝမှ ဘုရင်ဖြစ်လာသူ၊ ဟန်မင်းဆက်ကို စတင်တည်ထောင်ခဲ့သူ
Liu Bei = Three Kingdoms period (Wei, Shu, Wu)မှာ Shu (Shu Han)ကို စတင်တည်ထောင်ခဲ့သူ
Genghis Khan = မွန်ဂိုလီးယားအင်ပါယာကို စတင်တည်ထောင်ခဲ့သူ
Liu Bang အသက်(၄ဝ) အရွယ်တုန်းက တပ်သား၊ လက်နက်တွေတောင်မရှိခဲ့သေးဘူး။
Liu Bei အသက်(၅၂)နှစ်အရွယ်မှာ ခေါင်းမော့ပြီး "ငါ ဘယ်အချိန်ကျမှ အောင်မြင်မလဲ"လို့ မေးခဲ့တယ်။
Genghis Khan အသက်(၄ဝ) အရွယ်မှာ သွေးသောက် ညီအစ်ကိုရဲ့ သစ္စာဖောက်မှုကြောင့် စစ်ရှုံးထွက်ပြေးခဲ့ ရတယ်။

Steve Jobs အသက်(၄၂)နှစ်အရွယ်မှာ ပန်းသီးကုမ္ပဏီဆီပြန်ရောက်လာခဲ့တယ်။ အဲဒီအချိန် ကုမ္ပဏီမှာသန်းတစ်ထောင်အကြွေးတင်နေတယ်။
Ren Zhengfei အသက်(၄၃)နှစ်အရွယ်မှ Huawei ကုမ္ပဏီကိုတည်ထောင်ခဲ့တယ်။
Larry Page အသက်(၂၅)နှစ်အရွယ်မှာ Google ကိုတည်ထောင်ခဲ့တယ်။
Bill Gates အသက်(၂ဝ) အရွယ်မှာ Microsoft ကိုတည်ထောင်ခဲ့တယ်။

ဘာဖြစ်ချင်တာလဲ ဘာလုပ်မှာပါလဲ

by Myo Tha Htet on Monday, February 25, 2013 at 6:35am ·

ကျွန်တော့်အတွက် အချိန်အားရတိုင်း ခေါင်းစားစေတဲ့ အမြွာမေးခွန်းတခု ဖြစ်ပါတယ်။ မေးခွန်းက တခုထဲ မေးတယ်၊ လိုချင်တဲ့ အဖြေက နှစ်ခု ဖြစ်နေပါတယ်။ ကျွန်တော် ဘာဖြစ်ချင်တာလဲ၊ ဘာလုပ်မှာပါလဲ။ တရပ်စပ် စဉ်းစားတယ်၊ နားနားပြီး စဉ်စားတယ်။
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...