Tuesday, May 31, 2011

"ကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ် အရေးတကြီး လိုနေပါတယ်"

'အစိုးရ အဖွဲ့သစ်ရဲ့ အရေးကြီးဆုံး တာဝန်ကတော့ ကောင်းမွန်တဲ့ အုပ်ချုပ်မှု စနစ် (Good Governance) နဲ့ သန့်ရှင်းသော အစိုးရ (Clean Government) ပေါ်ပေါက်လာအောင် ဝိုင်းဝန်းကြိုးပမ်း လုပ်ဆောင်ဖို့ပဲ ဖြစ်ပါတယ်' လို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က သမ္မတ ရာထူး လက်ခံပြီး ဒုတိယနေ့ (မတ် ၃၁) မှာ ထပ်မံ ပြောကြား လိုက်တယ်ဗျ။
ပထမ အရေးကြီးဆုံးကို ပြောပြီး ဒုတိယ လုပ်ငန်းစဉ်ကို ပြောရာမှာ 'အစိုးရ အဖွဲ့ရဲ့ ဒုတိယ လုပ်ငန်းစဉ် ကတော့ ဒီမိုကရေစီ ကျင့်စဉ် (Democratic Practices) များ ထွန်းကားလာရေးပဲ ဖြစ်ပါတယ်' ပြောကြား သွားတယ်ဗျာ။
ဆက်လက်ပြီးတော့ 'နောက်ထပ် အလေးထား လုပ်ဆောင်ရမယ့် လုပ်ငန်း တစ်ခုကတော့ တရား ဥပဒေ စိုးမိုးရေး ဖြစ်ပါတယ်' လို့ ပြောသွားတယ်ဗျ။

မြန်မာပြည်က အင်တာနက်ထကြွ လှုံ့ဆော်မှု နဲ့ စိန်ခေါ်မှုများ

by Lu Cifer on Tuesday, May 31, 2011 at 11:23pm
(Illustation Credit - http://www.freedomsphoenix.com/News/059617-2009-10-13-evgeny-morozov-how-the-net-aids-dictatorships-video.htm?EdNo=--&From=)

မြန်မာပြည်မိတ်ဆက်

          မြန်မာပြည်ဟာ လူဦးရေ ၅၆ သန်း၊ နိုင်ငံရေးအကျဉ်းသား ၂ ထောင်ကျော်နဲ့ အဖိနှိပ်ဆုံး၊ အနှိပ်စက်ဆုံးနဲ့ အဆင်းရဲဆုံး တိုင်းပြည်ဖြစ်ပါတယ်။ အကြမ်းမဖက်တဲ့နည်းကို ကိုင်စွဲပြီးတော့ မိမိယုံကြည်ချက်တွေကို ဖော်ထုတ်ခြင်း၊ ကျင့်ကြံခြင်းတို့တွေ ဆောင်ရွက်တဲ့ဆီမှာ စစ်အာဏာပိုင်တွေနဲ့ သဘောထားခြင်း မတူညီတာနဲ့တင်ကို ထောင်ချတဲ့ တိုင်းပြည် ဖြစ်ပါတယ်။ အစီရင်ခံစာများရဲ့ ထုတ်ပြန်ချက်များအရ မြန်မာပြည်ဟာ ကမ္ဘာမှာ စာနယ်ဇင်း လွတ်လပ်ခွင့် အနိမ့်ဆုံးတိုင်းပြည် ဖြစ်တယ်။ ကမ္ဘာမှာ ဘလော့ဂါတွေ၊ စာနယ်ဇင်းသမားတွေကို ထောင်အချဆုံး တိုင်းပြည်ဖြစ်ပါတယ်။

ဘဝမှာ မရှိမဖြစ်တဲ့သူငယ်ချင်း


သူငယ်ချင်း မိတ်ဆွေတွေနဲ့ပတ်သက်တဲ့ စကားတစ်ခွန်းက ဒီလိုဆိုထားပါတယ်။
"သူငယ်ချင်းမိတ်ဆွေများရင် လျှောက်တဲ့လမ်းက ဖြောင့်သွားတယ်"တဲ့။


သူငယ်ချင်း မိတ်ဆွေတွေ အသစ်တိုးတာ မင်္ဂလာတစ်ပါးပါ။ လူတိုင်း သူငယ်ချင်းအသစ်တွေနဲ့ ခင်မင်ရင်းနှီးနိုင်ဖို့ မျှော်လင့်ကြတယ်။ ဒါပေမဲ့ (American Sociological Review,ASR)က သူတို့လေ့လာဆန်းစစ်ခဲ့တဲ့ ဆန်းစစ်ချက်အရ အခုခေတ်လူတွေမှာ သူငယ်ချင်းတွေ နည်းသထက်နည်းခဲ့ကြတာကို တွေ့ရတယ်။ လေ့လာဆန်းစစ်ခံရသူ ၄ပုံ၁ပုံက သူတို့မှာ သူငယ်ချင်းနည်းရတဲ့အကြောင်းက ဘယ်သူ့ကိုမှ ယုံကြည်လို့မရကြောင်း ဆိုထားကြတယ်။

အတိုက်အခံတွေ ဒိတ်အောက်ကုန်ပြီလား

အခုတလော အပေါင်းအသင်းအချို့နဲ့ စကားပြောဖြစ်ပါတယ်။ အနာဂတ်မြန်မာ့နိုင်ငံရေးကိုလည်း ဆွေးနွေးဖြစ်ပါတယ်။ သူက ရွေးကောက်ပွဲကို ထောက်ခံသူ ဖြစ်ပြီး လက်ရှိလွှတ်တော်ကို ဒီမိုကရေစီရဲ့ အဆောက်အဦးလို့ မြင်ပါတယ်။ အခြေခံဥပဒေကို လက်မခံပေမယ့် ဒီအခြေခံဥပဒေကို ပြင်ဖို့ အနှစ်(၂၀) ပူးသတ်ဖို့ စဉ်းစားနေသူ ဖြစ်တယ်။


တိုင်းရင်းသားပါတီတွေထဲက ရခိုင်နဲ့ရှမ်းကို အားကျပြီး ကျားဖြူပါတီဟာ စောင့်ကြည့်ရမယ့်ပါတီဖြစ်ကြောင်း ပြောပါတယ်။ ကျားဖြူပါတီဟာ ပါတီရန်ပုံငွေအတွက် စီးပွားရေးကိုလည်း လုပ်မှာဖြစ်လို့ ကြံ့ဖွတ်အစိုးရကို ကောင်းကောင်းယှဉ်ပြိုင်နိုင်မယ်လို့ သူက ယုံတယ်။ ပါတီရန်ပုံငွေမရှိယင် ရေရှည်သွားဖို့ မဖြစ်ကြောင်း သူက သုံးသပ်ပြတယ်။ စီးပွားရေးမလုပ်တဲ့ အရွေးကောက်ခံမွန်ပါတီကိုတော့ ဝေဖန်သွားပါတယ်။

မြန်မာနိုင်ငံ ပညာရေးကဏ္ဍ တိုးတက်အောင် ဘာတွေ လုပ်နိုင်မလဲ

May 29th, 2011 | Author: Myat Shu Team

ပြည်သူ့ခေတ် ဂျာနယ်၊ အတွဲ ၁၊ အမှတ် ၄၄ (မေလ ၂၆ ရက်၊ ၂၀၁၁ ခုနှစ်) ထုတ် ဂျာနယ်မှ အထက်ပါ ခေါင်းစဉ်ဖြင့် ပညာရေး၊ နိုင်ငံရေး နယ်ပယ်မှ ပုဂ္ဂိုလ်များ၏ အမြင်ကို စုစည်းတင်ပြထားသည့် ကဏ္ဍမှ ကောက်နှုတ် ထားပါသည်။
မျက်ရှု စာစုအဖွဲ့


(၁) “ ဟိုနားနည်းနည်း ဒီနားနည်းနည်း ပြင်လို့မရဘူး”
ဒေါက်တာ မြင့်မြင့်ခင်

ပညာရေးစနစ်ဆိုတာ တက်ရောက်သင်ကြားနေတဲ့ ကျောင်းသားတွေအတွက် သူတို့ရဲ့ဘ၀မှာ နေထိုင်ဖို့ ပြင်ဆင်မှုတစ်ခုပဲ ဖြစ်တယ်။ ဒီပညာရေးစနစ်က ထွက်သွားတဲ့သူဟာ ဘ၀မှာ ကြုံတွေ့လာတာတွေကို ရင်ဆိုင်တတ်ပြီး အလုပ်ကိုလည်း အဆင်ပြေချောမွေ့စွာ ၀င်ရောက်လုပ်ကိုင်နိုင်ဖို့ဆိုတဲ့ အခြေအနေမျိုး ရှိဖို့ ကောင်းတယ်။

အဖိုးတန်သောပစ္စည်းနှင့် အဖိုးမတန်သောလူ


PDF Print
Written by မောင်စံပေါ   
Wednesday, 18 May 2011 23:35
AddThis Social Bookmark Button
b4721
        ပစ္စည်းတစ်ခုကို တန်ဖိုး ဘယ်ရွေ့ဘယ်မျှ ဆိုပြီး ဈေးနှုန်း ရေးရေး မရေးရေး ဘယ်လောက်တော့ တန်တာဘဲ၊ ဘယ်လောက်တော့ တန်မှာလဲ စသဖြင့် ယေဘုယျလောက်တော့ သိကြ၊ လက်ခံကြတတ်ပါတယ်။
        လူတွေဆိုရင် . . .

        ရန်ကုန် ၀ိဇယမီးပွိုင့်မှာပါ။

"နိုင်ငံတော်အကြမ်းဖက်မှုနှင့် မြန်မာနိုင်ငံ"

(April 3, 2009 နေ့သစ်မှာတင်ခဲ့သော ဆောင်းပါးကို ပြန်လည်တင်ဆက်ခြင်း ဖြစ်ပါတယ်)
အကြမ်းဖက်မှု (Terrorism) ဆိုတဲ့ စကားလုံးလေးဟာ နှစ်ဆယ်ရာစုနှောင်းပိုင်းနဲ့ နှစ်ဆယ့်တစ်ရာစု ကာလတလျှောက်မှာ ရေပန်းအ တော်စားလာတဲ့ စကားလုံးလေးဖြစ်ပါတယ်။ ဒီစကားလုံးနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုခဲ့ကြသလို၊ အကြမ်းဖက်မှုပုံစံ အမျိုး မျိုးကိုလဲ လေ့လာသူတွေက လေ့လာသုံးသပ်ခဲ့ကြတယ်။ အချို့သော ပညာရှင်များက သမိုင်းရှုထောင့်က လေ့လာကြသလို၊ တချို့ကလဲ အတွေးအခေါ်ပိုင်းကနေ လေ့လာသုံးသပ်ကြတယ်။ နိုင်ငံရေးဘောဂဗေဒ ပညာရှင်များကလဲ ဂိမ်းသီအိုရီတွေ၊ time series analysis, econometric analysis နည်းလမ်းတွေကို အသုံးပြုပြီး၊ အကြမ်းဖက်မှုချေမှုန်းရေးဆိုင်ရာ ပေါ်လစီများရဲ့ ထိရောက်မှုစတာတွေကို ဆန်း စစ်ခဲ့ကြတယ်။

Monday, May 30, 2011

ဗမာဟေ့ ဗမာကွ

(ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်) 
ဒီစကားလေး သုံးဖို့အတော်လေး စဉ်းစားရတယ်။ သုံးသပ်ရတယ်။ တိုင်းရင်းသားတွေက အမြင်လွှဲလေမလားပေါ့။ ဗမာလူမျိုးကြီး ၀ါဒသမားလို့ အပြောခံရမှာ အထင်လွှဲ လာနိုင်ကြလို့ပါ။ ဒါပေမယ့် အကြိမ်ကြိမ် တွေးကြည့်တယ်။ ဒါလွန်ခဲ့တဲ့ ကျနော်တို့ဗမာတွေ စစ်တိုက်ချီတိုင်း ဗမာတွေက ရှမ်း၊ ကဒူး၊ မွန်တလိုင်း အကုန်စုစည်းပြီး တိုက်ခဲ့ရတာပါ။ ဦးစီးက ဗမာများလို့ ဗမာဟေ့ ဆိုပြီး မာန်တက်အောင် ပွဲသိမ်း တိုက်ပွဲကြီးတွေမှာ ညာသံပေးခဲ့ကြတာပါ။ ရာဇ၀င်စာအုပ်တချို့ မှာဆိုရင် ဗမာက ရှမ်းတွေမွန်တွေ ရှေ့က ထားပြီးနောက်က တိုက်တယ်အထိ ဆိုထားတာတွေ ရှိပါတယ်။

ဂျင်းဂျက် ရူဆိုး (သဘာဝပညာရေး)

 ၁၈ ရာစုနှစ် ပညာအလင်းရောင်ခေတ် (Age of Enlightenment) ကို အဆုံးသတ်၍ ခေတ်သစ် အတွေး အခေါ်များအတွက် အခြေခံ အုတ်မြစ် ချပေးခဲ့သူကို ညွှန်ပြပါ ဆိုလျှင် ဆွစ်ဇာလန်ပြည်ဖွား ပြင်သစ် အတွေးအခေါ် ပညာရှင် ဂျင်းဂျက်ရူးဆိုး (Jean Jacques Rousseau 1712-78) ကို ဖော်ပြရပါမည်။

နိုင်ငံရေးပညာနှင့် အတွေးအခေါ်ပညာတို့ကို လေ့လာဆည်းပူးခဲ့သော၊ လေ့လာလျက်ရှိသော မည်သူမဆို ရူးဆိုး၏ (Social Contract - 1762) ပါ အယူအဆများကို တို့ထိဖူးကြပါလိမ့်မည်။ ရူးဆိုး၏ ခေတ်ကာလတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ် အသီးသီးတွင် အတန်းအစား ခွဲခြားမှု၊ မညီမျှမှုများ ရှိခဲ့ပါသည်။ ယင်းကာလအတွင်း လူသားတစ်ဦး၏ လွတ်လပ်စွာ ဖွံ့ဖြိုးတိုးတက်မှုကို အတန်အသင့် အားပေးအားမြှောက် ပြုနေသော်လည်း အမှန်တကယ် လွတ်လပ်ခွင့် ရရှိကြသူများမှာ အုပ်ချုပ်သူများနှင့် အထက်တန်းလွှာများသာ ဖြစ်သည်။

Saturday, May 28, 2011

လူမှုဆက်ဆံရေး အနုပညာ (၂)


by Han Thit Nyeim on Sunday, May 29, 2011 at 5:51am
 အနုပညာကို ချစ်သောစိတ် အရင်းခံထားပြီး ရင်ထဲမှ စကားတို့ကို ရိုးသားစွာ ဆိုပါမည်။

အပိုင်း (၁) ၏ အဆက်ဖြစ်ပါသည်။ မဖတ်ရသေးလျှင် ဒီမှာဖတ်ပါ။
https://www.facebook.com/note.php?note_id=10150263673410070

ကိုယ့်မြင်းကိုယ်စိုင်း အနုပညာ

 သရုပ်မှန်ခေတ်လွန် နောက်ပိုင်းအနုပညာ သဘောတရားစာအုပ်တစ်အုပ်ထဲမှ အကြောင်းအရာလေး တစ်ခုကို ကိုးကားချင်ပါသည်။

‘အကန်းတွေ မမြင်ပေမယ့် အလင်းရောင်ကတော့ အလင်းရောင်ပါပဲ’ ဆိုတဲ့ စကားပုံတစ်ခု ရှိတယ်။ အပြောရက်စက်သလို ရှိပေမယ့် မှန်တော့လည်း မှန်တယ်။ “အနုပညာတွေ ဘာတွေ လာပြောမနေနဲ့ဗျာ၊ ကျုပ်တို့တော့ မခံစားတတ်ဘူး” ဆိုတဲ့ လူတွေနဲ့ ကြုံရတဲ့အခါတိုင်း အဲဒီစကားပုံလေးက ခေါင်းထဲ ရောက်လာ ပါတော့တယ်။ သူမခံစားနိုင်တဲ့အတွက် ကျွန်တော် စိတ်မကောင်းပါဘူး။ သူမမြင်ပေမယ့် အနုပညာကတော့ ရှိနေပါတယ်။ ရသဟာ ရသမြောက်စွာ ရှိနေတာပါပဲ။ (တာရာမင်းဝေ၊ ပြိုင်မြင်းတို့ရဲ့ ခွာသံ)

မာက္ခ(စ်)၏ အဘိဓမ္မာအမှားတော်ပုံ “-


- ဦးဖိုးသာအောင် - 29/,May, 2011

ကွန်မြူနစ်ဝါဒကို စတင်တည်ထောင်ခဲ့သူ ကားလ်မာက္ခ(စ်) (KARL MARX, 1818-1883) က ဆိုခဲ့သည်မှာ ဘာသာရေးမျာသည် လူသားတို့ကို ဒုက္ခပေးနေသည့် မှိုင်းဖြစ်သည်၊ ဘိန်းဖြစ်သည်၊ ဒါကြောင့် ဘာသာရေးမှိုင်းကို တိုက်ဖျက် ပစ်ရမည် ဟူ၍ ဖြစ်ပါသည်။ (လီနင် ရေး- RELIGION)

မာက္ခ(စ်)ဝါဒသည် နိုင်ငံရေးစနစ်တခု ပြုပြင်ပြောင်းလဲရန် သက်သက် မဟုတ်တော့ဘဲ အဘိဓမ္မာဆိုင်ရာ သဘောတရားရေးဖြင့် ပေါင်းစပ်ထားသဖြင့်လည်း လူသားတို့ ယုံကြည်ကိုးကွယ်မှု ဘာသာတရားပိုင်းကိုပါ ဝေဖန်ပိုင်းခြား ထားသည် ကိုလည်း တွေ့ရပါသည်။ ဤသို့ လူလူချင်း အုပ်ချုပ်ကြရာ၌ အုပ်ချုပ်ခံအများစုက မကျေနပ်ချက်များကြောင့် အုပ်ချုပ်ပုံ နည်းစနစ်များကို ပြုပြင်ပြောင်းလဲ အစားထိုးကြရာ၌ ကားလ်မာက္ခ(စ်)၏ ကွန်မြူနစ်စနစ်သည်လည်း ကမ္ဘာ့သမိုင်းမှာ အကြီးဆုံး အခန်းကဏ္ဍကြီး တခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါသည်၊ မာက္ခ(စ်) ဝါဒသည် ကွန်မြူနစ်ဝါဒအဖြစ် ကျော်ကြားလာခဲ့ပါသည်။

book's palace

ထင်လတ် (ပရိတ်ကြီး(၁၁)သုတ်၊ ပါဠိ၊ အနက်၊ အသံထွက်)Monday, April 27, 2009 8:26 AMဒီမှာယူပါ။ဓမ္မာစရိယဦးဋ္ဌေးလှိုင် (မြန်မာနိုင်ငံ ပဋိပတ္တိသာသနာဝင် ရဟန္တာနှင့်  ပုဂ္ဂိုလ်ထူးများ)Monday, April 27, 2009 8:00 AMဒီမှာယူပါ။ကျော်ငြိမ်း (ရဲဘော်သုံးကျိပ်)Sunday, July 20, 2008 11:40 AMဒီမှာယူပါမှော်ဘီဆရာသိန်းကြီး (ပါးစပ် (ပဇပ်)ရာဇ၀င် (ပ+ဒု))Sunday, July 20, 2008 11:38 AMဒီမှာယူပါဒေါက်တာသန်းထွန်း (သမိုင်းနှင့်စကားပြောခြင်း)Sunday, July 20, 2008 11:36 AMဒီမှာယူပါ
သိပ္ပံမောင်ဝ (အောက်စဖို.တက္ကသိုလ်ခရီးသွားမှတ်တမ်း)Sunday, July 20, 2008 11:34 AMဒီမှာယူပါ
မောင်ဝံသ (ဒုတိယအတွေး)Sunday, July 20, 2008 11:31 AMဒီမှာယူပါပင့်ကူအိမ်(ရယ်စရာဟာသ၀တ္ထုတိုများ (၃))Sunday, July 20, 2008 11:27 AMဒီမှာယူပါကြူးနှစ် (၀တ္ထုတိုအချို.တစ်ဝက်)Sunday, July 20, 2008 11:28 AMဒီမှာယူပါ

ခန္ဓာများနဲ့ ကျွန်မ


by Myint Myint Khin Pe on Saturday, May 28, 2011 at 12:17am
မိန်းမချော မိန်းမလှစာရင်းထဲမှာ ကျွန်မ မပါပါ။ မျက်နှာပေါက် မလှသလို ကိုယ်လုံးကိုယ်ပေါက်ကလည်း ကြည့်မကောင်းပါ။ ဒါပေမယ့် မိန်းမသားစစ်စစ်လည်းဖြစ်၊ ပုထုဇဉ် စစ်စစ်လည်းဖြစ်တဲ့ ကျွန်မအလွန်ပဲ လှချင်ပချင်ခဲ့ပါတယ်။ မိန်းကလေးများ လှချင်ပချင်လာတတ်ကြတဲ့ ဆယ်ကျော်သက်အရွယ်ကစပြီး ကျွန်မကိုယ်ကျွန်မ လှအောင်ပအောင် အမျိုးမျိုးကြိုးစားပြင်ဆင်ခဲ့ပါသည်။

Friday, May 27, 2011

သုံးနားမညီတဲ့ ပညာရေး

Thursday, 26 May 2011 00:07 ချယ်ရီမိုးသဲ
ဇွန် ၁ ရက် နေ့ ဆိုရင် ကျောင်းတွေ ပြန်ဖွင့်တော့မယ်။ စာသင်ခန်းထဲ ၀င်ရမှာကို ကျမ ရင်လေးနေတယ်။ ဆရာမ တစ်ယောက်ဘ၀ကို ခုံခုံမင်မင် လုပ်ခဲ့ပြီးကာမှ ဘာကြောင့် ဒီလို ဖြစ်နေရတာလဲ။ အသက် ၄၀ ကျော် လာလို့လား။ ဆရာ ဆရာမ တစ်ယောက်မှာ ရှိရမယ့် ကျွမ်းကျင်မှုတွေ မရှိလို့ပဲလား။ ပညာသင်ကြားရေး အပေါ်မှာ စိတ်ဓာတ်တွေ ဘာကြောင့် ကျနေမိတာလဲ။ ကျမက ရန်ကုန်မြို့ တစ်ဘက်ကမ်းရှိ မြို့လေးတစ်မြို့မှ အထက်တန်းပြ ဆရာမပါ။

နိုင်ဝင်းဆွေ သို့မဟုတ် အနုပညာမှော်ဝင်စားသူ

 (အောင်ငြိမ်း)

Posted by admin on May 26, 2011 0 Comment
ဆရာနိုင်ဝင်းဆွေ
(တစ်)
ကိုနိုင်ဝင်းဘဝစာမျက်နှာများရဲ့ နောက်ဆုံးခရီးကို ပြည့်ပြည့်စုံစုံသိမှ ကိုနိုင်ဝင်းကို မှန်မှန်ကန်ကန် နားလည်နိုင်မှာ ဖြစ် တဲ့အတွက် နိုင်ဝင်းဆွေ ရုပ်ပုံလွှာကို အလွမ်းဓာတ်ခံနဲ့ ရေးပါတယ်။
ကိုနိုင်ဝင်းဟာ တကယ်တော့ အနုပညာမှော်ဝင်စားသူပါ။ သူ့ရုပ်ပုံလွှာ တစိတ်တပိုင်းကို ပြည်ပမှာ ထုတ်ဝေတဲ့ နိုင်ဝင်း ဆွေ အမှတ်တရ စာအုပ်မှာ ‘မိုင်းယန်းတိုက်ပွဲကြားက ကိုနိုင်ဝင်းဆွေ’ ဆိုတဲ့ ခေါင်းစည်းနဲ့ ကျွန်တော် ဆောင်းပါးတပုဒ် ရေးခဲ့တယ်။

သီချင်းလေးတွေ နားထောင်ချင်တယ်ဆိုရင်

ရွှေတိဂုံ အမေ-ထူးအိမ်သင် မ-sample တိတ်တခိုးအချစ်-ရိန်မိုး မ-ပူစူး မင်းကိုသတိရရင် တွဲဖက်အပြုံး-ရိန်မိုး အရမ်းပဲချစ်နေပြီ-ရိန်မိုး လေပြေ ဆု အမေတခုသားတခု အရမ်းပဲချစ် ဘယ်သူမှမကောင်းဘူး ဖြည့်ဆည်းပေးမဲ့သူ ရိုမီယို ဂျူးလီးယက် တောဂေါ်လီ သူလေး ရင်ခုန်ဘက်သို့တမ်းခြင်း ကြွေပါစေ လမ်းမခွဲကြေး မင်းနဲ့ငါနဲ့ မေမေ မင်းအတွက်ပါ သနပ်ခါးချစ်သူ အနီးဆုံးလူ ကြွေးဟောင်းဆပ်ခွင့်ပြုပါအမေ သင်္ကြန်မိုး အပြစ်မမြင်ပါဘူး ကမ္ဘာအပြင်ဘက် နှလုံးသားရှိတဲ့အရပ် မျောလွှင့်နေတဲ့တိမ် အင်းလေးမှာရွာတဲ့မိုး ငါချစ်တာမင်းပဲ နေညိုရင် ပူစီ ချစ်သူကို ချမ်းမြေ့ပါစေ စိတ်ကူးယဉ်အနမ်းများ နွေဦးကဗျာ မိုးသိပါစေ ဘ၀ချင်းခြားလည်းချစ် ပုဂံဘုရားဖူး မမကြောင့် ညစဉ်ညတိုင်း အလွမ်းမိုး မြူမှောင်ဝေကင်း နှစ်ပါတ်လည် ကောင်မလေး နောက်ဆုံးရင်ခွင် မလွမ်းပဲမနေနိုင်ဘူး လုံးဝမမေ့သေးဘူး အိမ်-ဓီရာမိုရ် လမ်းဆုံ ကိုကိုက အာဇာနည်(၄)ပုဒ်နဲ့address-card တမိုးအောက် ယုံပါရင်သို့ ဒီတညတော့ ဟင့်အင်းအမေကဆူလိမ့်မယ် တခါထဲချစ်ချင်လို့ပါ ထူးဆန်းလွန်းတဲ့အချစ် ပြော ကြွေသူနှစ် ကောက်သူတစ်

ရာဇ၀င်ထဲက ခြေလေးချောင်း စစ်သည်တော်များ

စစ်သမိုင်းတလျောက် ရှေးပဝေသဏီ ကတည်းကပင် စစ်ပွဲများ ဠ် ခွေများ ပါဝင် အမှုထမ်းခဲ့သည် ကိုတွေ့ ရသည် ။ ရှေးကျလွန်းသော စစ်ပွဲ များကတည်း ပါဝင် ခဲ့ကြရ်ျလည်း မည်သည့် ခေတ် အခါက စတင် အမှုထမ်းခဲ့ကြောင်းကို ပင် စစ်သမိုင်း ဆရာ တို့ မှတ်တမ်းတင် နိုင်ခဲ့ခြင်း မရှိပေ ။ စစ်ပွဲများတွင် ခွေးများက်ု တက်ကြွ စွာ တာဝန်ထမ်းဆောင်နိုင်ခဲ့မှု ကြောင့် အင်္ဂလန်ပြည်ရှင် ဖရက်ဒရစ် ဘုရင်ကြီးက “ လူတွေ ရဲံ အားနည်း ချက်တွေကို တွေ့ရလေ ကျုပ်တော့ ခွေးတွေကို ပိုပြီးသဘောကျလေ ပါပဲ ” ဟု ထုတ်ဖေါ်ချီးကျူးဘူးကြောင်း စစ်မှတ်တမ်း တစ်ခုတွင်တွေ့ရသည် ။   

အယ်ဂျာဇီးယားဖိုရမ်မှာ ခဏတာ

 အယ်ဂျာဇီးယားဖိုရမ်မှာ ခဏတာ - အပိုင်း ၁
မောင်ရစ်

မေလ ၁၆၊ ၁၇ မှာ ၀ါရှင်တန်ဒီစီက သတင်းပြတိုက် (Newseum) မှာ အယ်ဂျာဇီးယားဖိုရမ် ဆွေးနွေးပွဲ ကျင်းပတယ်။ ၁၆ ရက်က ညစာစားပွဲ၊ ၁၇ ရက်က ဆွေးနွေးပွဲ။ ညနေခင်း နိဂုံးချူပ်မှာ အယ်ဂျာဇီးယားရဲ့ အမေရိကန်ပိုင်းအစီအစဉ် တိုက်ရိုက်ထုတ်လွှင့်တဲ့ Stream မှာ မြန်မာ့အင်တာနက်အရေးကို မြန်မာပြည်က အဖိနှိပ်ခံ ကိုယ်ထူကိုယ်ထ သတင်းစာနယ်ဇင်းသမားများ ကိုယ်စား၊ ဘလော့ဂါများကိုယ်စား တက်ရောက် ဆွေးနွေးခွင့်ရပါတယ်။
မြန်မာပြည်က အဖိနှိပ်ခံ၊ အဖမ်းဆီးခံ သတင်းသမားတွေ၊ ဘလော့ဂါတွေကို လက်လှမ်းမမီတဲ့ အတွက် အမေရိကန်ပြည်ရောက် မိုးမခမီဒီယာသတင်းနဲ့ ဘလော့ နွားကျောင်းသားတဦးအဖြစ် မောင်ရစ် ဆိုတဲ့ အကောင် တက်ရောက်ခွင့်ရတဲ့အတွက် မြန်မာပြည်အတွက် ဂုဏ်ယူမိသော်လည်း မြန်မာပြည်ကြီးကတော့ ဒီလိုပွဲမျူိးမှာ တောက်တိုမယ်ရ ယောင်ခြောက်ဆယ် မောင်ရစ် ပွဲတက်လာ တာကိုတော့ ဂုဏ်ယူကြမယ် မထင်ပါဘူး။ ဆိုတော့လည်း "အားနာခဲ့ကြောင်း ပြောပါလေ" ဆိုပြီးပဲ မြန်မာပြည်သူများကို မောင်ရစ် တောင်းပန်လိုက်ပါတယ်။

The Irrawaddy's Blog: လပြည့်ဝန်းသို့ တမ်းခြင်း ၁

The Irrawaddy's Blog: လပြည့်ဝန်းသို့ တမ်းခြင်း ၁: "တေးရေး ကိုနေဝင်းဆိုရင် မြန်မာပြည် စတီရီယိုလောကရဲ့ အကျိုးပြုသူ ကျေးဇူးရှင်တဦးအဖြစ် ဘယ်သူမှ ငြင်းမယ် မထင်ပါဘူး။ အထူးသဖြင့်တော့ လက်ရှိ ဂီတလော..."

အရွယ်မတိုင်မီ အိမ်ထောင်ပြုသော အာဖဂန် မိန်းကလေးများ

ဖွံ့ဖြိုးဆဲနိုင်ငံများမှ မိန်းကလေး သန်း ၅၀ ကျော်မှာ အသက် ၁၇ နှစ် မပြည့်မီ အိမ်ထောင်ပြုကြသည်။ နောက်ထပ် မိန်းကလေးငယ် သန်းပေါင်းများစွာမှာလည်း child marriages ဖြစ်အောင် ဖိအားပေးခံနေရသည်။ ၄င်း အလေ့အထကို အာဖဂန်နစ္စတန်ရှိ ကျေးလက်များတွင် အများဆုံး တွေ့ရှိနိုင်သည်။

" ဗုဒ္ဓဘာသာဝင်တို့ထားရှိရမည့် အမြင်မှန် ၁၀ - ချက် "


 ဗုဒ္ဓဘာသာဝင်တို့သည် အမြင်မှန် ၁၀ -ချက် ( ဒသ၀တ္ထုက
သမ္မာဒိဋ္ဌိ )ကိုလည်း လက်ခံ ယုံကြည်ရပေမည်။ အမြင်မှန်
၁၀-ချက်သည် အောက်ပါအတိုင်းဖြစ်၏ -

၁ - အလှူဒါနပြုလျှင် ကောင်းကျိုးကို  ခံစားရ၏ဟု ယုံကြည်ခြင်း၊

၂ - ပူဇော်မှု၏ အကျိုးရှိကြောင်း ယုံကြည်ခြင်း၊

၃ - လက်ဆောင်ပေးကမ်းပူဇော်မှု ( ပဟေဏကသက္ကာရ )၏
     အကျိုးရှိကြောင်း ယုံကြည်ခြင်း၊

ကမ္ဘာကြီးပေါ်၌ အချမ်းသာဆုံး သူ ၏အကြောင်း.........

ကျွန်တော်တို့ အသက်ရှင်နေထိုင်ရာ ဤကမ္ဘာကြီးပေါ်၌ ဥစ္စာဓနကြွယ်ဝဆုံး၊
အချမ်းသာဆုံး ပုဂ္ဂုလ် အဖြစ် ၁၁ နှစ်တိုင်တိုင် နေရာယူခဲ့ဖူးပါသည်။
သူပိုင်ဆိုင်သည့် ဒေါ်လာငွေစက္ကူများကို ဆက်ကြည့်လိုက်လျှင် လနှင့်
ကမ္ဘာကြား ၆ ခေါက်လောက် ဆက်မှ ကုန်သွားမည်ဟု ဆိုပါသည်။
သူလျှောက်လှမ်းသွားရာ တစ်နေရာ၌ တစ်ဒေါ်လာတန် ငွေစက္ကုတစ်ရွတ်ကျနေမည်
ဟုဆိုပါအံ့။ သူ့အနေနှင့် လှမ်းကောက်ယူရန် မသင့်ဟု ဆိုကြပြန်ပါသည်။
သူတစ်ဒေါ်လာတန်ကိုကောက်ယူရမည့် အချိန်မှာ တစ်စက္ကန့်လောက် ကြာညောင်းမည်
ဖြစ်ရာ စက္ကန့်တိုင်း စက္ကန့်တိုင်း၌ ၄ ဒေါ်လာလောက် ၀င်ငွေ ရှိနေတော့
တစ်မိနစ် ဒေါ်လာ ၁၄၀။ တစ်နာရီ ဒေါ်လာ ၁၄၄၀၀။ တစ်ရက်ဆိုတော့ ဒေါ်လာ ၃၄၅၆၀၀၊
ဒေါ်လာ သုံးသိန်းခွဲနီးပါး။ ဒါ့ကြောင့်လဲ ၅၈ ဘီလျှံ ပိုင်ဆိုင်သူ အဖြစ်
ကမ္ဘာ့ အချမ်းသာဆုံးနေရာမှာ သူဆယ်စုနှစ်စွန်းသည်အထိ
ရှိနေခဲ့ခြင်းဖြစ်ပါလိမ့်မည်။ ထိုသူကတော့ ဘီလ်ကိတ် ကွန်ပြူတာ
ဆော့ဝဲလ်သူဌေးကြီး Bill Gates ။

Thursday, May 26, 2011

"တရားခံဖြစ်သွားသောရှေ့နေ"

[By Mizzima မဇ္ဈိမ]

ကိုဖိုးဖြူ | ကြာသပတေးနေ့၊ မေလ ၂၆ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၂၅ မိနစ်

ညဆိုးရဲ့ နိဒါန်း

အချိန်ကား ည ၁၁းဝဝ နာရီ၊ နေရာကား မကွေးမြို့၊ နေ့ရက်ကား ၂ဝဝ၉ ခုနှစ်။ ၂ဝ၁ဝ အကြို နှစ်သစ်ကူးည။

ဆိုင်ကယ်တွေ တဝီဝီနဲ့ သူတကာ စုံတွဲတွေ ပျော်နေချိန်မှာ ကျနော်တယောက်ကတော့ မကွေးမြို့လမ်းမထက်မှာ လမ်းလျှောက်နေတုန်းပဲ။ တည်းခိုဖို့ လက်ခံမယ့် တည်းခိုခန်းကိုရှာနေရတုန်းပဲ။

“ညီလေး၊ လူကောင်း တယောက်ဆိုတာ မြင်ရုံနဲ့ သိပါတယ်။ ဒီမှာလည်း ညီလေးရဲ့ ရှေ့နေလိုင်စင်ကိုပြတော့ ဒီမြို့ကို အမှုလာလိုက်တာ မဟုတ်လား။ အကိုတို့ တည်းခိုခန်းမှာ လက်ခံလို့ မရလို့ပါ။ အကိုတို့ကို နားလည်ပေးပါ”

တည်းခိုခန်း မန်နေဂျာရဲ့ စိုးရိမ်ထိတ်လန့်စိတ်၊ အားနာစိတ်နဲ့ ပြောနေရတာကို နားလည်ပါတယ်။ နောက်တည်းခိုခန်း ပိုင်ရှင်ကတော့ “ခင်ဗျားက ရှေ့နေလား၊ ကျုပ်တို့ သိပြီးပါပြီ။ အခန်းမရဘူးဗျာ”

ဗိုလ်ချုပ်အား ဤသိ့... လုပ်ကြံခဲ့သည်...


9 comments

အမည် ။ ။ ရန်ကြီးအောင် (ခေါ်) မောင်လှထွန်း
အသက် ။ ။ ၁၈နှစ်
လူမျိုး ။ ။မြန်မာ
ကိုးကွယ်သည့်ဘာသာ ။ ။ဗုဒ္ဓဘာသာ
အဘအမည် ။ ။ကိုမောင်ထွန်း




ဓါတ်ပုံအား (ဧရာဝတီ)ထံမှ ယူသုံးသည်။

ကျွန်တော်သည်အုတ်ဖိုမြို့ အရှေ့အလယ်ကုန်းရွာတွင် လွန်ခဲ့သော ၉-နှစ်၊၁၀-နှစ်လောက်ကစပြီး နေထိုင်ပါသည်။ ကျွန်တော်မွေးသည့်အရပ်မှာ အုတ်ဖိုမြို့ဖြစ်ပါသည်။ ငယ်စဉ်ကကျွန်တော်သည် အုတ်ဖိုမြို့ ဦးစံလှ၏ မြန်မာစာသင်ကျောင်းတွင် တတိယတန်းအထိ စာသင်ဘူးပါသည်။ လွန်ခဲ့သည့် ၄-လ က ဂဋ္ဌုန်ဦးစော အုပ်ဖိုမြို့သို့လာသောအခါ မင်းတိုင်ပင် အမတ်ဟောင်း ဦးဘရင်၏နေအိမ်တွင်တည်းခိုပါသည် ။ ဦးစော၏ နှမ၀မ်းကွဲတော်သူ မတင်ညိုက ကျွန်တော့်အား “နင့်ဦးလေး ဦးစောရောက်နေတယ် ၊ တခါမှမင်းကို မမြင်ဘူးသေးဘူး ၊ သွားကြည့်အုံး”ဟု ပြောပါသည်။

လူသား + အနုပညာ

by Han Thit Nyeim on Thursday, May 12, 2011 at 9:11am
လူသား။ ။ အနုပညာဆိုတာ ခင်ဗျားလား...

အနုပညာ။ ။ ဟုတ်တယ်။

လူသား။ ။ အင်း၊ ဒါဆို နည်းနည်းမေးချင်တယ်။ အနုပညာဆိုတာ ဘာလဲဗျ။

အနုပညာ။ ။ အနုပညာဆိုတာ... ဟုတ်လား၊

လူသား။ ။ အင်း...

အနုပညာ။ ။ သိဘူးဗျ။

လူသား။ ။ အာ... ခက်တော့တာပဲ၊ ခင်ဗျားသိသင့်တာပေါ့ဗျ။

အနုပညာ။ ။ ဒီမှာ... ခင်ဗျားက လူသားပါနော်။

လူသား။ ။ ဟုတ်တယ်လေ...။

အနုပညာ။ ။ ဒါဆိုရင် မေးချင်တယ်။ လူဆိုတာ ဘာလဲ။

နား​ခံ​တော် မူလနိဒါန်း




ကျွန်ုပ်သည် ၁၂၉၂ ခုနှစ်မှစ၍ မြန်မာဘုရင်မင်း​မြတ်လက်ထက် “​နော်ရထာ​ကျော်ထင်”ဘွဲ့​ရ လွှတ်​တော်စာ​ရေး​တော်ကြီး​ ရာထူး​၊​ အင်္ဂလိပ်အစိုး​ရလက်ထက် ကျက်သ​ရေ​ဆောင် ​ရွှေစလွယ်နှင့်​ အမှုထမ်း​ကောင်း​တံဆိပ်ရ ရန်ကုန်တက္ကသိုလ်​ကျောင်း​တော်ကြီး​မှ “မဟာဝိဇ္ဇာ”ဘွဲ့​ထူး​အပ်နှင်း​ခြင်း​ခံရသူ ပုဂံဝန်​ထောက်မင်း​ ဦး​တင်အား​ ကြိုကြား​ကြိုကြား​ ပါဠိဘာသာပြန်ဆရာတစ်ဦး​ဖြစ်ရာ အား​လပ်​သော အခါများ​၌ ကျွန်ုပ်ကိုယ်တိုင်ကလည်း​ ဦး​တင်၏ထံတွင် မြန်မာ​ရေး​ထုံး​၊​ ထီး​သုံး​၊​ နန်း​သုံး​၊​ လွှတ်​တော် အမှတ်အသား​မှ စ၍ ပျို့​၊​ ကဗျာ၊​ လင်္ကာများ​ကို သင်ကြား​ဆည်း​ပူး​ခဲ့​သဖြင့်​ ဦး​တင်မှာ ကျွန်ုပ်၏ “မြန်မာစာပြဆရာ” ဖြစ်​ပေသည်။

ကိုလိုနီယားနာနှင့် အဆောင်အယောင် နိုင်ငံရေး

by Ahmad Zaw on Friday, April 29, 2011 at 10:07pm
  စနေနေ့၊ ဧပြီလ 30 ရက် 2011 ခုနှစ် ဘိုဘိုကျော်ငြိမ်း ဆောင်းပါး - မဇ္ဈိမသတင်းဌာနအင်္ဂလိပ်ဘုရင်မမြေး မင်္ဂလာဆောင်ကို ကမ္ဘာက အာရုံစိုက်ကြည့်နေကြသည့်အတွက်ပုဂ္ဂိုလ်ရေး ကိစ္စ ဇာချဲ့လွန်းသည်ဟု မျက်မွေးစူးစရာပင် ဖြစ်တော့သည်။ တချို့ကလည်း ကိုယ့်တိုင်းပြည်ကျွန်လုပ်သွေး စုပ်သွားသည့် ဘုရင်အမျိုးအနွယ်တွေကို ဤမျှ အလွမ်းပိုမနေသင့်ဟု စောကြောကြသည်။ပုဂ္ဂိုလ်ရေး သတင်းဆိုသည်က လူစိတ်ဝင်စားအာရုံစိုက်ခံရသူများသတင်းမှာ သတင်းအရ တန်ဖိုးတမျိုးတော့ရှိလေသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် ဒီတခေါက်ပြန်လွတ်လာသည်ကအစ အခုထိသူသွားလာလှုပ်ရှား ဝတ်ဆင်သည်ကအစ သတင်းဖြစ်နေသည်မဟုတ်ပါလား။

အမျိုးသမီးများအပေါ် သတိထားသင့်သောအချက်များ

Ko Ko Htay ရှု့မိ....... ဖတ်မိသမျှ တင် ပြအပ်ပါ၏

ယောက်ျားနဲ့မိန်းမ အတူပေါင်းသင်းတာက ခက်ခဲတဲ့အလုပ်ဖြစ်သလို အနုပညာတစ်မျိုးဆိုလည်း ဟုတ်ပါတယ်။ ဒီလိုပေါင်းသင်းရာမှာ ကိုယ့်ဘက်က တစ်ခုခုချွတ်ယွင်းတာပဲဖြစ်ဖြစ်  သူ့ဘက်က တစ်ခုခုချွတ်ယွင်းတာပဲဖြစ်ဖြစ် မလိုအပ်တဲ့ အတိုက်အခိုက်တွေ ပေါ်လာနိုင်ပါတယ်။ တစ်ခါတလေ မိန်းကလေးတစ်ယောက်ရဲ့ မျက်စောင်းတစ်ချက်၊ အပြုအမှုတချို့က ယောက်ျားတွေကို အံကြိတ်စေနိုင်ခဲ့တယ်။ သင်ရဲ့ အိမ်ကြီးရှင်မမှာ အောက်က ယေဘုယျအချက်တွေ ရှိပါသလား?

လူမှုဆက်ဆံရေး အနုပညာ

by Han Thit Nyeim on Thursday, May 26, 2011 at 6:16am
 အနုပညာကို ချစ်သောစိတ် အရင်းခံထားပြီး ရင်ထဲမှ စကားတို့ကို ရိုးသားစွာ ဆိုပါမည်။

ယခု တင်ပြမည့် အကြောင်းအရာသည် အနုပညာသဘောတရားထက် လူမှုဆက်ဆံရေး သဘော တရားများ ပိုမိုပါဝင်မည်ဟု ထင်ပါသည်။ အနုပညာသည် သဲပြင်ပေါ်သွန်ချလိုက်သော ရေတစ်ခွက် မဟုတ်ပါ။ သဲထဲရေသွန် သဘောထက် ပိုလွန်သောဖြစ်စဉ်များ အနုပညာတွင် ကိန်းအောင်းနေသည်ဟု ကျွန်တော်ထင်သည်။ တိတ်ဆိတ်သော ညဥ့်နက်သန်းခေါင်ဝယ် ကြွေကြမ်းခင်းပေါ် လွတ်ကျသွားသည့် ဝိုင်ဖန်ခွက်သည် အနုပညာဖြစ် သည်။ အနုပညာ၏ နောက်ဆက်တွဲ ဂယက်ရိုက်မှုသည် ရေထဲ ခဲတစ်လုံး ပလုံကနဲ ကျသွားသည်ထက် ပိုသည်။ အနုပညာကို နျူးကလီးယား ဗုံးတစ်လုံးနှင့် တင်စားမည်ဆိုလျှင် ကျွန်တော်ငြင်းမည် မဟုတ်ပါ။

မာနဋီကာ

မာနဆိုသည့်ပုဒ်အား ဆရာဦးထွန်းမြင့်ရေးသည့် ပါဋ္ဌိသက်ဝေါဟာရအဘိဓာန်ထဲတွင် ထောင်လွှားခြင်း၊မောက်မော်ခြင်း၊စိတ်ကြီးဝင်ခြင်းဟု အဓိပါယ်ဖွင့်ဆိုထားသည်။
မာနဆိုသည်မှာ နာမ်ကိုမှီပြီး ဖြစ်ပေါ်လာသည့် စေတသိက်တစ်မျိုးပင် ဖြစ်သည်။အကုသိုလ်စေတသိက်(၁၄)ပါးထဲတွင် အကျုံးဝင်သည့် စေတသိက်တစ်မျိုးပင် ဖြစ်သည်။
မာနအမျိုးအစား(သုံးမျိုး)
မာနကို အမျိုးအစား သုံးမျိုးခွဲခြားထားသည်။ယင်းတို့မှာ အောက်ပါအတိုင်းဖြစ်သည်။
၁။သေယျမာန်
မိမိကိုယ်ကို မိမိသာ မြတ်သည်ဟု မာန်တက်ခြင်း။
၂။သဒိသမာန်
မိမိကိုယ်ကို တစ်ပါးသူတို့နှင့်တန်းတူဖြစ်သည်ဟု မန်တတ်ခြင်း။
၃။ဟိနမာန်
မိမိကိုယ်ကိုမိမိ သူတို့အောက်ယုတ်သည်ဟု မာန်တက်ခြင်း။

မြန်မာပြည်မှ လာသည်...

[By Rak Pay]

ခန်းမထဲကို လှမ်းဝင်လိုက်တော့ လူတွေ အတော်များနေလေပြီ..။ ဒါက ပါတီပွဲ..။ တနည်းအားဖြင့် နိုင်ငံခြားသား ကျောင်းသားများအား ကြိုဆိုပွဲ။  ဒီလို ပွဲတွေကို တက်ရတာ အသိမိတ်ဆွေ တိုးပွားသလို ဗဟုသုတလည်း တိုးပွားစေသည်။ အထူးသဖြင့် ကမ္ဘာလုံးချီသော လူမျိုးပေါင်းစုံ ပါဝင်သည့် ပွဲကို ကျွန်တော်ပိုပြီး စိတ်ဝင်စားသည်။ ဒီပွဲမှာတော့ မျက်နှာပေါင်းစုံကို မြင်လိုက်ရတော့ နည်းနည်းတော့ ကျေနပ်သွားသည်။ နာမည်ကို မှတ်တမ်းတင်လိုက်ပြီး နာမည်နှင့် နိုင်ငံကိုရေးကာ ရင်ဘတ်မှာ ကပ်ထားလိုက်သည်..။ ပြီးတော့ ခန်းမထဲ ကျွန်တော်လှမ်းဝင်ခဲ့ပါသည်။

ကမ္ဘာ့နိုင်ငံများရဲ့ အနာဂတ် ပညာရေး ပြဿနာများ

Wednesday, 25 May 2011 09:24 ၀င့်ထန်း

ဂလိုဘယ်လိုက်ဇေးရှင်းစနစ်က ပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုတွေ အပြိုင် ပုံအော လုပ်ဆောင်ဖို့ အခွင့်အလမ်းတွေ ဖန်တီးပေးသည်။  အထူးသဖြင့် ဈေးကွက် ထွန်းသစ်စ တိုင်းပြည်များတွင်  မျိုးဆက်သစ်  ကျာင်းသားများအတွက် အင်ဖော်မေးရှင်းနှင့် ပညာရပ်ဆိုင်ရာ ရင်းမြစ်တွေ အများအပြား ရရှိအောင် လုပ်ဆောင်လာကြသည်။
သို့နှင့်တိုင် ဂလိုဘယ်လိုက်ဇေးရှင်းနှင့် ဆက်စပ်နေသော အရာရာတိုင်းတွင် အဆိုးဘက်ခြမ်းလည်း ရှိနေသည်။ မတည်ငြိမ်သော ဖွံ့ဖြိုးဆဲနိုင်ငံများမှ ပညာတတ်လူငယ်များက အနောက်ဈေးကွက်များရှိ မျိုးမျိုးမြတ်မြတ်ရတဲ့ အလုပ်များဆီ ပြောင်းရွှေ့ဖို့ ကြိုးစားလာကြသည်။ ထိုဖွံဖြိုးဆဲနိုင်ငံများမှ ဦးနှောက်ယိုစီးမှု နာတာရှည်ပြဿနာက သက်ဆိုင်ရာ အစိုးများရဲ့ ပညာရေးရင်းနှီးမြှုပ်နှံမှုကို စိတ်ပျက် အားလျော့စေသည်။ သမင်မွေးရင်း ကျားစားရင်းဆိုသလို အနောက် ကုမ္ပဏီကြီးများမှ ဦးနှောက်ကောင်းတွေကို လွယ်လွယ်ကူကူ သိမ်းယူသွားတတ်ကြသည်။

Wednesday, May 25, 2011

Interview at Seminar "Life in City" in Mandalay

by ဂျူး - Ju on Saturday, April 30, 2011 at 11:14am

ဆရာမ ဂျူး ကျွန်မပြောမယ့်ခေါင်းစဉ်ကတော့ မြို့တော်မှာ နေရတဲ့ဘဝ Life in City ပေါ့။ မြို့တော်မှာ နေရတဲ့အတွက် လူတွေမှာ ဘယ်လိုကောင်း ကျိုး၊ ဆိုးကျိုးတွေ ရရှိမလဲ၊ မြို့တော်ကြီး သန့်ရှင်း လှပအောင် မြို့နေ လူထုအနေနဲ့ ဘယ်လို ထိန်းသိမ်း စောင့်ရှောက်မလဲဆိုတဲ့ အမြင်တွေ ပါပါတယ်။ မန္တလေးမြို့တင် မဟုတ်ဘဲ မြန်မာ တစ်နိုင်ငံလုံးမှာ ရှိတဲ့ မြို့တွေကို ကိုယ်စားပြုပြီး ဆွေးနွေးသွားမှာပါ။ သဘာဝ ပတ်ဝန်းကျင်နဲ့ ပတ်သက်လို့ အဓိက လုပ်ဆောင်ချက်ကတော့ စာရေးတာပါပဲ။ ကျွန်မ က ရသ စာရေးဆရာမ၊ လုံးချင်း ရေးတဲ့သူဆိုတော့ စပြီး ဆောင်းပါးရေး ကာစ သူစိမ်းတွေလိုပါပဲ။ ဒါပေမဲ့ ဆောင်းပါး ပရိသတ်လည်း ရှိပါတယ်။

လူမုံလာဥ၊ လူကြက်ဥနဲ့ လူလက်ဖက်ခြောက်

[By La Min Phyu]  တစ်ခါက ဤလောကရဲ့ တစ်နေရာမှာ သားအဖနှစ်ယောက် ရှိလေသတဲ့။ တစ်နေ့မှာ သမီးလုပ်တဲ့သူက ဖအေကို တိုင်တည်တယ်။ သူ့ဘ၀မှာ အဆင်မပြေတာတွေက များနေတယ်ပေါ့။ ဘာလုပ်လုပ် အဆင်မပြေတာတွေချည်းမို့ အားကပျက်နေပြီး အရာရာကို လက်လျှော့လိုက်ချင်စိတ်က ပေါက်နေပြီ ...ဖေဖေရယ်။ တိုက်ရခိုက်ရတာ၊ ရုန်းရကန်ရတာလည်း သမီးမှာ မောလှပါပြီ။ ပန်းလှပါပြီရှင်။ ပြဿနာတစ်ခု ပြေလည်သွားလို့မှ မနားရသေးဘူး၊ နောက်ထပ် ပြဿနာတစ်ခုက ထပ်တက်လာနဲ့၊ ဘ၀ဆိုတာ ဒုက္ခတွင်းကြီးထဲ စောက်ထိုးဆင်းနေရသလိုပါပဲ ဖေဖေရယ်။ သမီးတော့ စိတ်ညစ်တယ်။ လူတောင်ဆက်မလုပ်ချင်တော့ဘူး ဘာညာစသဖြင့် ဖအေကို တိုင်တည်ရင်း ညည်းရှာတယ်။

“ဘာသာတရားနှစ်ခု ဆုံခြင်း” ပါရဂူ အပိုင်း(၂)

by အား မာန် on Wednesday, May 25, 2011 at 10:49pm
သူကတော့ ဘိုးတော်လိုလို ပုဂ္ဂိုလ်တစ်ဦး။....
         သူ့ကို ကျွန်တော်သိသည်။ သူ့ကို ရန်ကုန်တွင် မတွေ့ရသည်မှာ ကြာပြီ။ နယ်တွင်သွားပြီး ဘုရားတည် နေသလိုလို ကြားရသည်။ ဗန်းမော်တင်အောင်ဆုံးသောအခါ ကြား ရာနေရာမှ ဈာပနအမီ ရန်ကုန် ပြန်လာဟန် တူသည်။ အသုဘချသည့်နေ့က သူ့ကို ဘိုး တော်အဆောင်အယောင်နှင့် တွေ့လိုက်ရသည်။
          သူက မုတ်ဆိတ်နှင့် မူဆလင်တစ်ဦး။....
          သူ့ကိုမူ စာသမားများသိကြသည်။ သူ၏ အမည်မှာ ကာစင်ခေါ် မောင်စိန်ဖြစ်သည်။ ၂၉ လမ်းထိပ်က စာအုပ်အဟောင်းအရောင်းသမား။
                    “ဟေ့ မောင်စိန်၊ ဗန်းမော်တင်အောင် အသုဘလာပို့တာလား”

ဘာသာတရားများ အကြောင်း

Way Min Way Min
ဘာသာတရား (Religion) ကမ္ဘာ့သမိုင်းတွင် အရေးကြီးသော အခန်းကဏ္ဍတစ်ရပ်အနေဖြင့် ပညာရေးဆိုင်ရာလေ့လာမှု၌ ဘာသာတရားဟူသော ဝေါဟာရကို၊ တစ်နည်းအားဖြင် Religion ဟူသော အင်္ဂလိပ်စကားလုံး၏ အဓိပ္ပာယ်ကို ရှုထောင့်အထွေထွေမှ တွေးမြင်သုံးသပ်နိုင်ပေသည်။ ဘာသာတရားဟူသည် နာမ်ပိုင်းဆိုင်ရာ အတွေ့အကြုံပိုင်းဖြစ်ပါသည်။ အယူဝါဒရေးရာ လေ့လာဆန်းစစ်ချက်သီအိုလိုဂျီ သို့မဟုတ် တတ်သိလိမ္မာသူ ပညာရှင်တို့၏ အယူဝါဒ ပုံဖော်မူတစ်ရပ်ဟူ၍လည်း ရှုမြင်ကြပေသည်။ ဘာသာတရားဟူသည် လူမှုကိုယ်ကျင့်တရား၏ မြစ်ဖျားခံရာ ပဓာနအရင်းအမြစ်ဖြစ်သကဲ့သို့ လူ့ဘောင်လောကအတွက် ကိုယ်ကျင့်သိက္ခာ စည်းမျဉ်းများ၏ အခြေခံအုတ်မြစ်လည်းဖြစ်သည်။ လူ့ယဉ်ကျေးမှု၏ ပဓာန အရေးကြီးသော အခန်းကဏ္ဍတစ်ရပ်ဖြစ်သည်မှာ ထင်ရှားလှပေသည်။

ကမ္ဘာ့အဓိက ဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ

Way Min Way Min

ခေတ်သစ်ကမ္ဘာရှိ ကျွန်ုပ်တို့၏လူသားများ၏ယဉ်ကျေးမှုတွင် ထင်ရှားသောအချင်းလက္ခဏာတစ်ခုမှာ ယုံကြည်ကိုးကွယ်ရာ ဘာသာတရားများနှင့် လူမှု ကျင့်ဝတ်စနစ်များ အမြောက်အမြား တည်ရှိနေခြင်းပင် ဖြစ်သည်။ လူသားသည် `ဖန်ဆင်းရှင်က လူသားအပါအ၀င် ဤလောကဓါတ်ကြီးတစ်ခုလုံးကို အဘယ်ကြောင့် ဖန်ဆင်းခံခဲ့ရပါသနည်းဟူသော အကြောင်းအရင်းနှင့် ...ဖန်ဆင်းခံအရာများအနက်၊ မိမိတို့၏လူသားကဏ္ဍကို် နားလည်ရန် အမြဲတစေ ရှာဖွေ စူစမ်းနေပါသည်။´
အာနိုးတွိုင်ဗီသည် ခေတ်အဆက်ဆက် လူ့သမိုင်းစဉ်ကို လေ့လာပြီး၊ သူ၏ရှာဖွေ တွေ့ရှိချက်များကို အတွဲကြီးတစ်ဆယ်တွဲပါဝင်သောသမိုင်းဝင် မဟာမှတ်တမ်းကြီး အဖြစ် မှတ်တမ်းတင်ခဲ့သည်။

“ဘာသာတရားနှစ်ခု ဆုံခြင်း”

by အား မာန် on Wednesday, May 25, 2011 at 8:53pm
       စာကိုဖတ်ပြိး စာရေးသူ၏ ပုံပန်းသဏ္ဍာန်ကို မှန်းဆကြည့်ချင်းသည် အခါခပ်သိမ်း မမှန်
တတ်ပေ။
        အန္ဒိယစာရေးဆရာကြီး ရာဟုလာသံကိစ္စည်းကို စတင်တွေ့စဉ်က ကျွန်တော်အတော် အံသြသွားခဲ့ဖူး သည်။ ဆရာကြီး၏စာသည် မိုးကြိုးသွားကဲ့သို့ ထက်သည်။ ထို့ကြောင့်ဆရာကြီး၏ ပုံပန်းသဏ္ဍာန်လည်း သူ့စာ ကဲ့သို့ပင် ခက်ထန်လိမ့်မည်။ မာကြောလိမ့်မည်ဟု တွေးထင်မိခဲ့သည်။ သို့သော် တကယ်တွေ့သည့်အခါ၌ကား တက်တက်စင်လွဲနေသည်။ ဆရာကြီးသည် ကိုယ်ခန္ဓာ ထွားကြိုင်းသန်မာသော်လည်း မျက်နှာအမူအယာမှာ အစဉ်ချိုနေသည်။ ကလေးသူငယ်ကအစ လူတကာကို နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့ဆက်ဆံသည်။

Tuesday, May 24, 2011

( ၀ိညာဉ်ဇာတ်လမ်း ) မိုးသည်းထဲက ကောင်မလေး

ခင်ချောစုယဉ် ဆိုသော အမည်တွင် ....နောက်ဆုံး စာလုံးပေါင်းနှစ်ခုမှာ
စုယဉ်လား၊ ဆုယဉ်လား၊ စုရင်လား၊ ဆုရင်လား ဟူသော အမည်မှန်ကို မမှတ်မိတော့ပါ။
ဒီဇာတ်လမ်းဟာ လွန်ခဲ့သော နှစ်(၂၅) ကျော် အချိန်ခန့်က မြန်မာ့အသံမှ ထုတ်လွှင့်ခဲ့သော အသံလွှင့် ဇာတ်လမ်းလား၊
ဝတ္တုတစ်ပုဒ်လား၊ ရုပ်ရှင်ရော ရှိသေးလား၊ ဒဏ္ဍာရီ ဆန်ဆန် ယုံတမ်းစကား တစ်ခုလား မပြောတတ်ပါ။
လူအများစုရဲ့ နူတ်ဖျားမှာ စွဲပြီးကျန်ရစ်ခဲ့ပါတယ်။

ကမ္ဘာတလွှားက ဟန်ချက်ညီကျောက်တုံးများ

ကျွန်မတို့ နေထိုင်တဲ့ ကမ္ဘာကြီးဟာ နေစင်္ကြာဝဠာအတွင်းမှာ လှုပ်ရှားပြောင်းလဲမှု အများဆုံး ဂြိုလ်တစ်ခုရယ်လို့ ပြောလို့ရနိုင်အောင် တည်ငြိမ်မှုမရှိဘဲ အမြဲတမ်း ပြောင်းလဲနေတတ်ခဲ့ပါတယ်။ ထိုသို့ ပြောင်းလဲရခြင်းရဲ့ အကြောင်းတရားများမှာ လွန်ခဲ့သော နှစ်သန်းပေါင်းများစွာကတည်းက မီးတောင်၊ လေမုန်တိုင်း၊ ရာသီဥတု၊ နေ၊ စသော သဘာဝတရားများ၏ ပြုပြင်ပြောင်းလဲမှု၊ တိုက်စားမှုတို့ကြောင့် မြေမျက်နှာပြင်မှာ ပုံသဏ္ဍာန် ခဲ့ရပါတယ်။ ၄င်းဖြစ်စဉ်များထဲမှ အချို့သော ကျောက်တုံးကျောက်ဆောင်များဟာ ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အားကို ကြံ့ကြံ့ခံရင်း ထူးဆန်းအံ့သြဖွယ် ဟန်ချက်ညီနေသော အနေအထားအဖြစ် ဖြစ်ပေါ်လာခဲ့ပါတယ်။ ကမ္ဘာတလွှားက ထင်ရှားကျော်ကြားတဲ့ ဟန်ချက်ညီ ကျောက်တုံးများအကြောင်း ဒီတစ်ပတ် ထူးထူးဆန်းဆန်း အကြောင်းအရာ အဖြစ် ဖော်ပြချင်ပါတယ်။


1. Balanced Rock Colorado


Balanced Rock Colorado

လျှို့ဝှက်တဲ့ သန်းကြွယ်သူဌေး

သူ့ကို နယူးဂျာစီနေ အမေရိကန်အိုင်းရစ်လူမျိုး ခရစ်ယာန်ဘာသာဝင် သာမန်မိသားစုတစ်စုက မွေးဖွားခဲ့တာဖြစ်တယ်။ ၂ဝ၁၁ခုနှစ်မှာ သူ့အသက်(၈ဝ)ပြည့်ခဲ့ပြီး အမေရိကန် ဆန်ဖရန်စစ္စကိုမှာ အိမ်ခန်းနှစ်ခန်းပါတဲ့အိမ်လေးမှာ ဇနီးနဲ့အတူ ငှားရမ်းနေထိုင်ခဲ့ပါတယ်။

နာမည်ကြီးတံဆိပ် အဝတ်အစားတွေ သူ မဝတ်ဆင်ခဲ့ဖူးသလို သူ့မျက်မှန်ကတည်း ဟောင်းနွမ်းနေခဲ့ပါတယ်။ သူ့လက်မှာပတ်ထားတဲ့ နာရီကလည်း မြေအောက်ဘူတာတစ်နေရာမှာ ဝယ်ခဲ့တဲ့နာရီဖြစ်တယ်။ အစားအသောက်ကောင်းတွေကို သူ မမက်မောခဲ့ပါဘူး။ သူနှစ်သက်တဲ့အစားအစာက ဈေးချိုတဲ့ ခရမ်းချဉ်သီးချိစ်ဆန်းဝှစ်ဖြစ်တယ်။ သူ့မှာ ကိုယ်ပိုင်ကားမရှိဘူး။ ဘတ်စကားကိုပဲ သူအသုံးပြုတယ်။ သူ့ရဲ့လက်ကိုင်အိတ်ဟာလည်း အဝတ်စနဲ့ချုပ်ထားတဲ့အိတ်ပဲဖြစ်တယ်။ တကယ်လို့ သူနဲ့အတူ စားသောက်ဆိုင်သွားရင် ဘေလ်တွေကို စနစ်တကျ သူစစ်ဆေးမှာကို သင်တွေ့ရပါလိမ့်မယ်။ တကယ်လို့ သူ့အိမ်မှာ ညအိပ်ညနေ သင်အိပ်ခဲ့ရင် မအိပ်ခင် မီးပိတ်ပါလို့ သူသတိပေးပါလိမ့်မယ်။

ဒီလောက်ဆင်းရဲတဲ့ အမေရိကန်အဘိုးကြီးတစ်ယောက်အကြောင်း ဘာများပြောစရာရှိသလဲလို့ သင်အံ့သြကောင်း အံ့သြလိမ့်မယ်။ သူလုပ်ခဲ့သမျှကို ကျွန်တော်တို့ အရင်ကြည့်ရအောင်.....

ဝတ္ထုတိုပေါင်းချုပ်

စာအုပ်စင်



Children Our Future အတွဲ (၁) အမှတ် (၂)

Children Our Future အတွဲ (၁) အမှတ် (၂)

May. 23 |   children our future   Children Our Future အတွဲ (၁) အမှတ် (၂)  

လောကဇာတ်ခုံ ဇာတ်ခုံလောက – ခင်မျိုးချစ်-ချစ်ဦးညို

May. 13 | လောကဇာတ်ခုံ ဇာတ်ခုံလောက – ခင်မျိုးချစ်-ချစ်ဦးညို

လောကဓံနှင့်လမ်းလျှောက်အတူထွက်ခြင်း – ချစ်ဦးညို

May. 12 | လောကဓံနှင့်လမ်းလျှောက်အတူထွက်ခြင်း – ချစ်ဦးညို

နှင်းကေသရာဇာချစ်တဲ့သူရဲကောင်း – ချစ်ဦးညို

May. 11 | နှင်းကေသရာဇာချစ်တဲ့သူရဲကောင်း – ချစ်ဦးညို

Monday, May 23, 2011

စာပေချစ်သူ


ဒီရက်ပိုင်းမှာ စိတ်ကြည်နူးဖွယ် သတင်းတစ်ပုဒ်ကြည့်လိုက်ရသည်။ ထိုင်ဝမ်နိင်ငံက သတင်းဆိုသော်လည်း စာပေချစ်သူတိုင်း ခံစားလို့ရနိင်မည်ဟု ထင်မြင်မိသည်။ အဓိကကတော့ ဆိုင်ရှင် ပြောပြသည့် စကားလေးတစ်ခွန်းကို သဘောကျလွန်းတာကြောင့် ဒီပို့စ်လေးရေးဖြစ်ပါသည်။

Sunday, May 22, 2011

အင်တာနက်ပေါ်မှ မြန်မာစာအုပ်များ

မြန်မာ့ရိုးရာဓလေ့၊ သဘောသဘာဝ၊ အရည်အသွေး၊ အနုပညာနှင့် ဗဟုသုတများ၊ အထူးသဖြင့် မြန်မာတို့၏ အစဉ်အလာ ဂုဏ်သိက္ခာများကို လေ့လာ၊ အတုယူ၊ ထိန်းသိမ်းနိုင်ကြစေရန် ရည်ရွယ်လျက် အင်တာနက်ပေါ်မှ ရရှိသော မြန်မာစာအုပ်များကို မူရင်းရရှိသည့်စာရင်းအတိုင်း ပြန်လည် ဖော်ပြလိုက်ပါသည်။
………………………………………………………………
  1. အနာဂတ်မျက်လုံးရှင် (အောင်ခန်.)
  2. ကာလီဒေ၀ီ (အောင်ခန်.)
  3. လက်သုံးတော်ဓါး (အောင်ခန်.)
  4. နေဘုရားတော် (အောင်ခန်.)
  5. အမွေ အောင်သင်း
  6. သေကိန်းဆိုက်တဲ့ညနှင့်အခြားဝတ္တုတိုများ အောင်သင်း
  7. ဥာဏ်ပညာ ထက်မြက်သူတို.လက်စွဲ ချစ်နိုင် (စိတ်ပညာ)
  8. အနှစ်၃၀ ချစ်နိုင် (စိတ်ပညာ)
  9. သိပ္ပံမှသည် သစ္စာဆီသို. (ချစ်ငယ်)
  10. မဟာသေနာပတိ (ချစ်ဦးညို)
  11. လင်္ကာဒီပချစ်သူ (ချစ်ဦးညို)

ပန်းခြံ (မြင့်သန်း)

Posted by တေဇာ (လရောင်လမ်း)

ပန်းခြံထဲကို သွားရအောင်ဟု သူကဆိုသည်။ သူဆိုသည်မှာ ကျွန်တော့်ကိုကြိုက်နေသော အမျိုး သမီးတစ်ဦး၊ သို့မဟုတ် ကျွန်တော်ကကြိုက်နေသော အမျိုးသမီးတစ်ဦး ဖြစ်ပါသည်။ ရှေ့မဆက်မီ ဘာသာ စကားအကြောင်း ပြောရပါလိမ့်မည်။ ပထမအချက်မှာ အမျိုးသမီးကို သူမဟုမသုံးဘဲ သူဟု သုံးရသည်မှာ၊ ဂေါပါလယောက်ျား ဗာလနံပညာရှိ တို့က သူထီးမရှိသဖြင့် သူမ မရှိသင့်ဟု ဆိုကြသော ဆင်ခြေကြောင့်၊ သူဟုသာ သုံးလိုက်ရခြင်း ဖြစ်ပါသည်။ အပြစ်တင်လိုသော် သူတို့ကို အပြစ်တင်ကြပါ။ ဤနေရာတွင် ဆယ်မြူရယ်ဘတ်ကက်ကို ဆွဲမထည့်ကြစေချင်ပါ။ ဘာသာစကားကို နယ်ကုန်သုံးပစ်သည်ဟု ဆိုသော ဘတ်ကက်က အင်္ဂလိပ်စကား၊ ပြင်သစ်စကား စသည်တို့ကို ဆိုလိုပါသည်။ ယခု ကျွန်တော်က စာဖတ်သူနှင့် အဆက်အသွယ်ပြုနေသည်မှာ မြန်မာတို့၏ ဘာသာစကားဖြစ်သည်။ ထို့ကြောင့် ကျွန်တော် သုံးစွဲသော `သူ´ မှာ `သူမ´ ကို ဆိုလိုခြင်းဖြစ်ပြီး၊ ကျွန်တော်ဆိုလိုသော `သူမ´ မှာ စင်စစ် ဘာသာစကား ဘောင်အတွင်း၌ `သူ´ ဖြစ်သည်။

အစိုးရက မိဘလား ပြည်သူက မိဘလား

by Ye Myint Thu on Friday, May 6, 2011 at 7:23pm
လူငယ် ဂျာနယ်သမားတစ်ယောက်က စာရေးရင်း သုံးလိုက်တဲ့ စကားလုံး တစ်လုံးနဲ့ ပက်သက်ပြီး ဘဝင်မကျသလို ဖြစ်လာလို့ စာရေးတာကိုရပ်ပြီး ရောက်လာ ဆွေးနွေး ပါတယ်။ ရွေးကောက်ပွဲအပြီး ပေါ်ထွက်မယ့် အစိုးရအကြောင်း ရေးရင်းနဲ့ အစိုးရဆိုတာ တိုင်းသူပြည်သားများကို ရင်ဝယ်သားကဲ့သို့ သနားကျင်နာရမယ်လို့ ရေးလိုက်တယ်။ ရေးလည်းပြီးရော ဟုတ်မှ ဟုတ်ရဲ့လားလို့ သံသယတွေ ဖြစ်လာတယ်။ ဒါကြောင့် ဆရာနဲ့ လာဆွေးနွေးတာလို့ ပြောပါတယ်။

ဒီမိုကရေစီအကြောင်း မြန်မာလို ဖတ်နိုင်ပြီ

မြန်မာဘာသာပြန် – http://www.lessonsindemocracy.org/LessonsinDemocracyBurmese.pdf
အင်္ဂလိပ်မူရင်း     – (www.lessonsindemocracy.org)

ဒီမိုကရေစီ သင်ခန်းစာများ

ဒီမိုကရေစီ သင်ခန်းစာတွေကို မြန်မာဘာသာနဲ့ ဖြန့်ဝေလိုက်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

ဒေါင်းလုပ်ရယူနိုင်သော စာအုပ်များ

ဒေါင်းလုပ်ရယူနိုင်သော စာအုပ်များ E-Books (မြန်မာ)


ကိုစံ _ ခန္ဓာငါးပါးပျောက်ဆုံးခြင်းတရား
ကိုတာ _ တွေးသူများ
ကိုတာ + _ လူငယ်တို့ရဲ့ အနာဂါတ်စကားဝိုင်း
ကိုဘတင် _ နက္ခတ္တ ဒီပနီကျမ်း
ကင်းဝန်မင်းကြီး _ နေမိ ရကန်
ကျီးသဲလေးထပ်ဆရာတော် _ စွယ်စုံကျော်ထင်ကျမ်း
ကြည်ကြည်မာ _ ဟယ်ရီပေါ်တာနှင့် အက်ဇခါဘန်အကျဉ်းသား
ကျွန်းပြန်ရဲဘော်တစ်ချို့ _ အမြင့်ပျံလင်းယုန်အားဂုဏ်ပြုခြင်း
ခင်ဆွေဦး _ စစ်ကိုင်းသမီး ဒိုင်ယာရီ
ခင်မောင်အေး _ ရောင်စုံရုပ်ပြပဋ္ဌာန်း၂၄ပစ္စည်းနှင့်ရှင်ချက်များ
ချစ်စိန်လွင် _ ဆောင်ကြာမြိုင်မှတ်တမ်း
ချစ်နိုင် _ အနှစ် ၃၀
ချစ်ဦးညို _ စက္ကရုနှင့်ဘဒ္ဒါ
ချစ်ဦးညို _ ရုက္ခစိုးမယားနဲ့အခြားပြိတ္တာများ
ဂျာနယ်ကျော် မမလေး _ သွေး
ဂျာနယ်ကျော် ဦးချစ်မောင် _ သူ
ငွေကြည် _ ကြွကြွရွရွ ဟာသ
ငွေကြည် _ တိုတိုထွာထွာ ဟာသ
ငွေကြည် _ ပြည့်ပြည့်၀၀ ဟာသ
ငွေကြည် _ မက်မပြေဟာသ
ငွေကြည် _ လူတိုင်းကြိုက်တဲ့ဟာသ
ငွေကြည် _ အူလှိုက်သည်းလှိုက်ဟာသ

Saturday, May 21, 2011

အနာဂတ် မြန်မာနိုင်ငံ......

by Elizabeth Ranin on Saturday, May 21, 2011 at 4:30pm
"ဘာကွ... မြန်မာငွေ ပါမလာဘူး။ ဟုတ်လား။ မင်းတို့ဆီက စင်ကာပူဒေါ်လာက ဒီမှာသုံးလို့ ရမယ်ထင်လို့လားကွ။"
လူဝင်မှု အရာရှိ၏ ဟိန်းဟောက်မှုကြောင့် အဆိုပါ စင်ကာပူသား ခေါင်းလေး ပုဝင်သွားသည်။ ထို့နောက် မြန်မာစကား မပီကလာ ပီကလာဖြင့် "ကျနော် ရှာဝယ်ပါသေးတယ်။ မရလို့ အမေရိကန် ဒေါ်လာနဲ့ ထိုင်းဘတ်ပဲ ဝယ်လာခဲ့တာပါ။ မြန်မာ အကြွေတွေတော့ နည်းနည်း ပါပါတယ်။" ဟုဆိုကာ တဆယ်ကျပ်တန် နှင့် ငါးဆယ်တန် တရွက်စီ ထုတ်ပြသည်။

တြိဂံ သုံးနားမှာ နောက်ဆုံးတစ်နား ပြိုပြီ


          မြန်မာစာပေလောကတွင် သုံးနားညီတြိဂံဟူသော ပညတ်အမည်သည် ထင်ထင်ရှားရှားရှိ၏။ ၄င်း “သုံးနားညီတြိဂံ” ကို ကိုယ်စားပြုသောသူများမှာ ဆရာမောင်နေ၀င်း၊ ဆရာမင်းကျော်နှင့် ဆရာနတ်နွယ် တို့ဖြစ်၏။
          ထို “သုံးနားညီတြိဂံ” အတွင်းစည်းထဲသို့ ကျနော်ရောက်ရှိသွားခြင်းမှာ ကဗျာရေးသမား တစ်ဦး အဖြစ်ထက် အယ်ဒီတာတစ်ဦးအဖြစ်ကြောင့်ဟု ပြောရမည်။ 

ကြိုဆိုရမည့် နော်ဝေ မြန်မာဆက်ဆံရေး


  ၂၀၁၁ ခုနှစ် မေလ ၁၂ ရက် ကြာသာပတေးနေ့က နော်ဝေနိုင်ငံလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr Espen Barth Eide သည် မြန်မာနိုင်ငံကို ရောက်ရှိသွားကြောင်း သတင်းကောင်းကို ဘီဘီစီအသံမှ ကြားသိလိုက်ရပါသည်၊ နှစ်ပေါင်းများစွာ အဆက်ပြတ်သလိုလိုရှိနေရာက အခုလို တရားဝင်ဆက်ဆံမှုနှင့်အတူ လူသိရှင်ကြားကြေငြာသံကို ကြားလိုက်ရတော့ လှိုက်လှဲစွာကြိုဆိုမိပါသည်။
         တကယ်တော့ နော်ဝေနိုင်ငံ၏ ဒီမိုကရေစီစံနစ်ကျင့်သုံးမှုသည် ကမ္ဘာပေါ်တွင် အဆင့်အမြင့်ဆုံးထဲတွင် ပါရှိနေပါသည်၊ ဤသည်ပင်လျှင် ဂုဏ်ယူစရာ စံနမူနာပြ နိုင်ငံတခုဟုပင် ဆိုနိုင်နေပါသည်၊ နော်ဝေနိုင်ငံသည် စတုရန်းကီလိုမီတာ ၃၂၃,၉၀၀ ကျယ်ဝန်းပြီး၊ လူဦးရေ လေးသန်းခွဲကျော် နေထိုင်ကြပါသည်၊ တိုင်းရင်းသားမျိုးနွယ်ခွဲ ဟူ၍ ဆာမိလူမျိုးအနည်းငယ်သာ ရှိပါသည်၊ ကမ္ဘာ့မြောက်ခြမ်းမှ အအေးပိုင်းနိုင်ငံလေးတခုပါ၊ ရုရှား၊ ဆွီဒင်၊ ဒိန်းမတ် နိုင်ငံတို့နှင့် နယ်ချင်းကပ်လျှက် ရှိနေပါသည်။

Friday, May 20, 2011

စစ်ပွဲများနှင့် အမှားအမှန်


by Aung Zaw Bo on Saturday, May 21, 2011 at 9:39am
ဂျူး

ဇွန်လဟာ စစ်နဲ့ဆက်နွယ် ပက်သက်နေတဲ့လလို့ ပြောရမလားမသိ။ စစ်ရေးစစ်ရာနဲ့ နိုင်ငံရေးကို ကျွန်မမသိ နားမလည်ပေမယ့် ကျွန်မသိသလောက်တော့ စစ်တော်တော်များများရဲ့ အစနဲ့ အဆုံးဟာ ဇွန်လမှာ ဖြစ်နေခဲ့တာ သတိထားမိပါတယ်။

ကျနော်လဲထိုနည်းလည်ကောင်း (သရော်စာ)

(၁)
“ဘဘလား...”
“ဟုတ်တယ်နန်းစိန်ငွေ၊ ပြောစရာရှိပြော...”
“ဘဘနဲ့ကိုဒေါင်းကို သက်ဆိုင်ရာက ခုံအဖွဲ့ဝင်အဖြစ် လူတွေကိုစစ်ဆေးဖို့ ခန့်လိုက်တယ်ဘဘ..”
“ဗျာ-ဗျာ၊ သဲထိပ်ရင်ဖိုစရာတွေကောင်းလိုက်တာ...။ ပြန်ပြီးပြောစမ်းပါဦးနန်းစိန်ငွေ...”
“ဟုတ်တယ်ဘဘ။ ဘဘကခုံဥက္ကဌ၊ ကိုဒေါင်းက အဖွဲ့ဝင်၊ ကျန်အဖွဲ့ဝင်တဦးကိုတော့ ဘဘစိတ်ကြိုက် ရွေးနိုင်တယ်တဲ့..”
“ဒီခုံကိုဘယ်သူဖွဲ့တာလဲ။ ကုလသမဂ္ဂလား...၊ ဒေါ်အောင်ဆန်းစုကြည်လား...၊ ပြည်ပရောက် ဒီမိုကရေစီ အဖွဲ့တွေလား...၊ ပြောစမ်းပါဦး...”
“အစိုးရမဟုတ်တဲ့ NGOတဲ့ ဘဘရေ”
“အဲလေ- ဒီခေတ်က NGOခေတ်မဟုတ်လား၊ မျောက်ပြဆန်တောင်းNGO၊ အကြံအဖန်NGO၊ ပဲကြီးဟင်းသောက်NGOတွေလဲ ရှိလေတော့... ထားပါတော့လေ။ ဒါနဲ့ ဒို့က ဘယ်သူတွေကို စစ်လား ဆေးလား မေးလား မြန်းလား လုပ်ရမှာလဲနန်းစိန်ငွေ”
“ဟုတ်ကဲ့ဘဘရေ၊ ဒီမိုကရေစီရတာနဲ့ မြန်မာနိုင်ငံကို ပြန်မဲ့လူစာရင်းနဲ့ မပြန်မဲ့လူစာရင်းကို ကောက်ယူဖို့ ဘဘကဦးဆောင်ပြီး အင်တာဗျူးလုပ်ရမယ်။ စာရင်းကောက်ရမယ်လို့ ကိုဒေါင်းကပြောတယ်ဘဘရဲ့”
“သြော်-ဒုက္ခ၊ ဒုက္ခ၊ ဆရာအောင်ခင်ပြောသလိုပဲ။ အချိုးအဆစ်တွေမပြေတာ၊ ကမောက်ကမတွေဖြစ်နေတာကိုက ဒုက္ခတွေပါပဲလား...”

ဒီမိုကရေစီနိုင်ငံထူထောင်မည်လား

by Wai Maw on Saturday, May 21, 2011 at 9:26am
 
          မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံအဖြစ်ထူထောင်ရမည်ဟူသောအယူအဆမှာ ၁၉၈၈ လူထုဒီမိုကရေစီ အရေးတော်ပုံကြီးမှစတင်၍ တစ်ကြော့ပြန် ပြန်၍ ပေါ်ပေါက်လာခဲ့သည်။ ထိုမှတစ်ဖန် တပ်မတော်က အာဏာသိမ်းလိုက်ပြီးသည့်နောက် ပြည်သူလူထု၏ ဒီမိုကရေစီရေး ကြွေးကြော်သံများသည် ပုံစံတစ်မျိုး ပြောင်းလဲကာ အာဏာသိမ်း တပ်မတော်အစိုးရ၏ ကြွေးကြော်သံဖြစ်လာခဲ့သည်။ ထို့နောက်တပ်မတော် အစိုးရက ဒီမိုကရေစီနိုင်ငံတော်သို့ ဟူသောအလံကို လွှင့်ထူပြီး လမ်းပြမြေပုံ ခုနစ်ချက်ကို ရေးဆွဲ အကောင်အထည်ဖော်သည်။

ဆုချီးမြှင့်ခြင်း


ဦးဝင်းငြိမ်းမှ ပထမဆုရှင် မမြသွေးနီကို ဆုချီးမြှင့်ခြင်း

ဤနေ့သည် အွန်လိုင်းစာပေလောကအတွက် ဂုဏ်ယူဖွယ်ရာ နေ့ဖြစ်ပါသည်။ အွန်လိုင်းပေါ်တွင် ဝါသနာရှင် စာရေးသူများ၏ စာပေအဆင့်အတန်းကို မီးမောင်းထိုးပြနိင်ခဲ့သည့်အတွက် ဆုရရှိသူများ၊ စာဖတ်သူများ နည်းတူ ဤဆုကို စီစဉ်ဖန်တီးခဲ့ကြသော အွန်လိုင်းရွှေဝတ္ထုတိုရွေးချယ်ရေးအဖွဲ့ (SBOGS)  (Selection Board of Online Golden Short Story) မှ ကျေနပ်ပီတိ ဖြစ်မိပါသည်။ နောက်ထပ်ပြိုင်ပွဲများ စီစဉ် လုပ်ကိုင်ဖို့အတွက်လည်း အားတက်မိပါ၏။

နင် အင်မတန်ပလီတယ်ဆိုရင်ဖြင့် ခံရမှာပါမလွဲ

(၁)

ဘူတာရုံကလေးက ခပ်မြှောင်မြှောင်ကလေးဆင်းပြီး ဝါးတံတား ခနော်နီခနော်နဲ့ကို ဒယီးဒယိုင်နဲ့ ကူးဖြတ်လာတဲ့ ကိုမှန်ကင်းကို ဝိုင်းကြည့်နေတဲ့ ကလေးတွေက ...

    "ဦးမှန်ကင်းကြီး မိန်းမ ခိုးလာပြီ အဖေရေ" တဲ့။

အော်လိုက်ကြတဲ့ ကလေးတွေဆိုတာ ပွက်ပွက်ကို ညံသွားတော့တယ်။ ကလေးတွေက အဖေရေလို့သာ အော်ကြတာ။ ထွက်ကြည့်တော့ အမေတွေချည်း ထွက်ကြည့်တယ်။ အဖေတွေက ထွက်ကြည့်လို့လည်း မြင်ရတာမှ မဟုတ်တာ။ သည်တဲစုကလေးတွေမှာ နေကြတဲ့ အိမ်ထောင်ဦးစီးဆိုတဲ့ ယောကျာ်းသား ဆယ်လေးငါးယောက်ဟာ မျက်မမြင်တွေချည်းပဲ။

ဆရာကြည်မင်း(ကျော်စောမင်း) နှင့်တွေ့ဆုံခြင်း

မေး ။  ။ ပြီးခဲ့တဲ့ မတ်လ(၃၀)ရက်နေ့က ပြောကြားခဲ့တဲ့ သမ္မတကြီးရဲ့ ပထမဆုံး မိန့်ခွန်းထဲမှာ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မယ့် လုပ်ငန်းစဉ်(၁၀)ချက်ကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အဲဒီ အချက်(၁၀)ချက်အနက် နံပတ်(၈)အချက်မှာ “စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်းမီဒီယာများနှင့်ပတ်သ...က်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေပါပြဌာန်းချက်များနှင့်အညီ ခေတ်နှင့်မလျော်ညီတဲ့ စာပေစာနယ်ဇင်းဆိုင်ရာ ဥပဒေအချို့ ကိုပြင်ဆင်ပြဌာန်းခြင်း ဆိုတဲ့အချက်လည်းပါဝင်ပါတယ်။ စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီး သမ္မတရဲ့ မိန့်ခွန်းမှာ ပါတာတွေကို ဆရာဖတ်ပြီးလောက်ပါပြီ။ နောက် စာပေအမျိုးအစား(၅) မျိုးကို “တင်ထုတ်” ကနေ“ထုတ်တင်” လုပ်မယ်လို့ဆိုတာကိုလည်း ဆရာသိပြီးပါပြီ။ ဆိုတော့ ဒီနေ့ ကျနော်တို့ဆီမှာရောက်နေတဲ့ စာပေလွတ်လပ်ခွင့် အခြေအနေကို အရင်ဆွေးနွေးပေးပါအုံး။ 

ကြိုးစားပြီး အေးချမ်းအောင်လုပ်ရတော့မယ်

by Catherine Nyo on Friday, May 20, 2011 at 8:17am
သက်သတ်လွတ်ကိစ္စကို ဘာသာရေးရှုထောင့်က မကြည့်ဘဲ လူသားကျင့်ဝတ်ကနေကြည့်ပြီး ရေးချင်စရာတွေ ရင်ထဲမမျှအောင်ရှိနေခဲ့ပါတယ်။ ပြီးတော့ နိုင်ငံတကာ အတိုင်းအတာနဲ့ရေးမှာ မဟုတ်ဘဲ မြန်မာပြည်အတိုင်းအတာကိုသာ ရေးမှာပါ။
အဓိက ခံစားရတဲ့အပိုင်းက တိရစ္ဆာန်ကို သတ်ပုံသတ်နည်းပါ။

သစ်ပင် သစ်ရွက် လေပြေ


သစ်ပင်


ကျွန်တော့်ကို သစ်ပင်လို့ခေါ်ကြတဲ့အကြောင်းက ကျွန်တော်က ပန်းချီဆွဲတာကို ဝါသနာပါတယ်။ ကျွန်တော့်အကြိုက်ဆုံးက သစ်ပင်တွေ ဆွဲရတာကိုပဲ။ ကြာလာတော့ ကျွန်တော်ရဲ့ ပန်းချီကားအောက်မှာ သစ်ပင်လေးတစ်ပင်က ကျွန်တော်ထိုးနေကျ ဆိုင်း(Sign) အစား ဝင်ရောက်လာခဲ့တယ်။ ကျောင်းတုန်းက ကျွန်တော် ရည်းစားအများကြီး ထားခဲ့ဖူးတယ်။ ရည်းစားတွေ အများကြီးထဲက ကျွန်တော် အရမ်းချစ်တဲ့ ကောင်မလေးတစ်ယောက်ရှိတယ်။ ဒါပေမဲ့ သူ့ကို ကျွန်တော်ချစ်ကြောင်း ဖွင့်မပြောဖြစ်ခဲ့ဘူး။ သူမမှာ တစ်ဖက်သားကို ဆွဲဆောင်နိုင်တဲ့ လှပတဲ့ရုပ်ရည်၊ ကိုယ်လုံးမရှိဘူး။ သာမန်မိန်းကလေးထဲက တကယ့်သာမန်တဲ့ ကောင်မလေးတစ်ယောက်ပါ။

Thursday, May 19, 2011

ယုန်ဖြူစင်နှင့် လိပ်ငစဉ်းလဲ

by Han Thit Nyeim on Thursday, May 19, 2011 at 1:56pm
(Source:http://peterswordoftheday.wordpress.com/2008/12/10/apologue/)
..........................................................
ဟိုးတိုတိုတုန်းကပါ။
တောအုပ်ကြီးတစ်ခုမှာ ဉာဏ်ပညာကြီးပြီး အင်မတန်မှ စိတ်ထားကောင်းတဲ့ ဖိုးရွှေယုန်ဆိုတာ နေပါတယ်။ အဲဒီဖိုးရွှေယုန်ဟာ အသားဖြူစင်သလို စိတ်ထားကလည်း ဖြူစင်တာကြောင့် သူ့ကို မြင်တဲ့ တိရစ္ဆာန်တိုင်းက ချစ်ကြ၊ လေးစားကြပါတယ်။

ဖိုးရွှေယုန်ဟာ မနက်မနက်ဆို ကျန်းမာရေးအတွက် အမြဲတမ်းပဲ အပြေးလေ့ကျင့်လေ့ရှိတယ်။ ညနေခင်းဆိုလည်း လေ့ကျင့်ခန်းတွေ လုပ်နေလေ့ရှိတယ်။ အဲဒီလို အမြဲတမ်းနေထိုင်တာကြောင့် သူဟာ သွက်လက်ဖျတ်လတ်နေပြီး အရာရာကို ပေါ့ပေါ့ပါးပါးနဲ့ စိတ်ရွှင်လန်းစွာ လုပ်သွားနိုင်တဲ့သူ ဖြစ်ပါတယ်။ ဉာဏ်အမျှော်အမြင်လည်း ကြီးပြီးတော့ အခက်အခဲရှိတဲ့သူတွေကို သူက ကူညီလေ့ရှိပြန်တယ်။ ဒါကြောင့် တောတိရစ္ဆာန်တွေက သူ့ကို လေးစားချစ်ခင်ကြတယ်။

တချိန်က ရွှေထီးဆောင်းခဲ့တဲ့ မြန်မာ ဒုတိယပိုင်း

by အား မာန် on Wednesday, May 18, 2011 at 4:57pm
တချိန်က ဦးနေ၀င်းသာ အာဏာမသိမ်းခဲ့ဘူးဆိုရင် ကျနော်တို့ဟာ အခုဆို စင်ကာပူထက် ပိုချမ်းသာနေပါဦးမယ်။ အဲဒီတုန်းက ဆေးတက္ကသိုလ် စီးပွားရေးတက္ကသိုလ်တွေဟာ ကမ္ဘာ့အဆင့်မှာရှိနေခဲ့လို့ ၁၉၇၆-ခုနှစ်အထိ ဆေးတက္ကသိုလ်က အောင်ထားသူတွေဆိုရင် အင်္ဂလန်ဆေးကောင်စီကို လှမ်းပြီး မှတ်ပုံတင်ကြေး ပေါင်စတာလင်- ၃၅၀- သွင်းလိုက်ရင် ဘာစာမေးပွဲမှ ဖြေစရာမလိုဘဲ အသိအမှတ်ပြု ဆရာဝန်ဖြစ်ပါတယ်။ ၁၉၇၆-မှာ အရပ်ခံလိုက်ရတာကလည်း ဦးနေ၀င်းကြောင့်ပါဘဲ။ ကျောင်းတွေကို ပြည်သူပိုင်သိမ်းလိုက်တော့ ဟိုက လေ့လာနေတယ်။ အင်္ဂလိပ်စာအဆင့်က ကျသွားပြီ။ တခါ စန္ဒာဝင်း ဆေးတက္ကသိုလ်လည်း တက်လာကော သူ့အထက်မှာ စီနီယာ အင်္ဂလန်ပြန်အထူးကု (MRCP / FRCS / FRCOG) တွေ သူ့အထက်မှာ စီနီယာတွေ ရှိနေတာ မလိုလားဘူး။ အဲဒီတော့ WHO / UNICEF / COLUMBO / ADB စတဲ့ စိမံကိန်းတွေကနေ ထောက်ပံ့နေတဲ့ တနှစ်ကို ဥပမာ WHO ကနေ အထူးကု ငါးဦး စကောလားရှစ်ပေးပါတယ်။ အဲဒါတွေကို မလွှတ်ဘူး မယူတော့ဘူး ဆိုပြိး ၁၉၇၀ -ခုနှစ်ကနေစတင်ပြီး လုပ်လိုက်ပါတယ်။ တနှစ်ကို ဆရာဝန် -၁၄- ဦးသွားနေရတာ ရပ်လိုက်ပါတယ်။ မြန်မာပြည်မှာတင် MSc, ဆိုပြီး စတင်ပါတော့တယ်။

Wednesday, May 18, 2011

မျှဝေခြင်း

mp3 ဖိုင်တွေ ဖြတ်ညှပ်ကပ် လုပ်ချင်သူတွေအတွက်

ကျွန်မကြိုက်တဲ့ သီချင်းတွေ ဆိုရင် ဖုန်းမှာ Rinetone လုပ်ဖို့ အမြဲဖြတ်ညှပ်ပြီး ကလိပါတယ်… ဒါကြောင့် ဖိုင်တွေ သီချင်းတွေ ဖြတ်ညှပ်ကပ်လုပ်လို့ ရတဲ့ Softwareတစ်ခုကို ကလိချင်သူတွေအတွက် တင်ပေးလိုက်ပါတယ်……MP3 Cutter Joiner v1.07 ဆိုတဲ့ Software လေးပါ….ဒီမှာယူပါ(ဘာရယ်မဟုတ် မရှိသေးသူတွေ အတွက်ပါ) သျှင်

ပန်းချီကားထဲမှ မဟေသီများ

“ရာဇ၀င်ထဲက မဟေသီများ”ပန်းချီပြပွဲကို မသွားလိုက်ရသူတွေ တောင်းဆိုသည့်အတွက် ပြပွဲမှ ပန်းချီများကို စုဆောင်းပြီးမျှဝေလိုက်ပါသည်။ ပြပွဲတွင် ပြသသောပန်းချီကားများကို  ဓာတ်ပုံရိုက်ခွင့်ပေးသော တာဝန်ရှိသူများကို အထူးကျေးဇူးတင်မိပါသည်။ ဆရာပြုလုပ်ခဲ့သည့် ပြပွဲမှာ  ရာဇ၀င်မှာ စာတင်ရစ်သည့် မဟေသီများကို ပန်းချီလက်ရာအနုပညာများဖြင့် တည်ခင်းပြသသော မြင်ကွင်းတစ်ခုလည်း ဆိုနိုင်ပါသည်။ ယောင်္ကျားတကာတို့ ရူးသွပ်အောင် လှပသော အလှဘုရင်မ ဥမ္မာဒန္တီပန်းချီကားကို နှစ်ကားရေးဆွဲထားသည်ကိုတွေ့ ရပါသည်။ ထို့ အတူ မိဖုရားစောမွန်လှ ပန်းချီကားသည်လည်း နှစ်ကားရေးဆွဲထားလေသည်။

ပြပွဲတွင် ပြသထားသော ပန်းချီကားများကို ဆရာမည်မျှ ကြိုးစားအားထုတ်ထားကြောင်း တွေ့ နိုင်ပါသည်။ သို့ သော် ကျွန်မခံစားမိသည်မှာ မဟေသီတို့ အကြောင်းပြောရာတွင် မပါမဖြစ်သော တော်လေး၀၀င် ” အမရာ ကိန္နရီ မဒီ သမ္ဘူလတို့ ပုံများပါဝင်လျှင်  “ရာဇ၀င်ထဲက မဟေသီများ” ခေါင်းစဉ် အတွက် ပိုမိုအသက်ဝင်လာနိုင်မည်ဟု ယုံကြည်မိပါသည်။ ထို့ ကြောင့် ရာဇ၀င်ထဲမှ မဟေသီများကို ဆရာတို့ ခံစားပြီးများများရေးဆွဲနိုင်ပါစေ ဟုဆုတောင်းနေမိပါသည်။

ပန်းချီကားများက ပြောပြသော သံသရာ

တန်ဖိုးမဖြတ်နိုင်သော ပန်းချီကားတွေသည် ဖန်တီးထားသောအနုပညာရှင်၏ အရည်အချင်းကို မြင်ရနိုင်သလို သမိုင်းခေတ်စနစ်နှင့် သံသရာကိုပါ မီးမောင်းထိုးပြနေပါသည်။ ပန်းချီကားများတွင် သမိုင်းရှိပါသည်။ ထိုသမိုင်းကို ဖော်ထုတ်ရန် သမိုင်းသုတေသီများ၏  အလုပ်ဖြစ်သွားကြောင်း စာအုပ်တစ်အုပ်ထဲတွင် ဖတ်လိုက်ရပါသည်။
ဆရာ ကျော်ဝင်းထုတ်ဝေသည့် “The Waves magazine” ၏ September 2010 စာအုပ်တွင်“ပန်းချီကားများက ပြောပြသော အင်ပါယာများ၏ နေ၀င်ချိန်နှင့် နေထွက်ချိန်” စာအုပ်ခေါင်းစဉ်ဖြင့်  ဖတ်လိုက်ရခြင်း ဖြစ်ပါသည်။ ထိုခေါင်းစဉ်ဖြင့် စာအုပ်အဖုံးတွင် မြင်လိုက်ရကတည်းက စာအုပ်ကိုအတော်လေး သဘောကျမိပါသည်။ စာအုပ်ထဲတွင် ပန်းချီပုံများပါသော်လည်း အဖြူအမဲအရောင်ဖြစ်သောကြောင့်  အင်တာနက်တွင် ပန်းချီပုံများရှာဖွေရာမှ ပြန်လည် မျှဝေလိုက်ပါသည်။
မူရင်းဆောင်းပါးကိုရေးသားသူမှာ ဟားဗတ် တက္ကသိုလ်မှ သမိုင်းပါမောက္ခနှင့် စတင်းဖို့ (ဒ) တက္ကသိုလ်၊ Hoover Institution ၏ အဆင့်မြင့်အဖွဲ့ ဝင် နီး(လ)ဖာကူဆန် (Niall Ferguson) ၏ သဘောထားအမြင် ဖြစ်ပါသည်။

ဘ၀တသက်တာ ကျန်းမာဖို့ အသက်အရွယ်အလိုက် စားသင့်တဲ့ အစာများ

သင်အလုပ်များနေလို့ သင်စားလိုက်တဲ့အစာဟာ သင့်ကျန်းမာရေးအတွက် ကောင်းကျိုးပေးတာလား၊ ဆိုးကျိုးပေးတာလားဆိုတာကို သတိထားကြည့်မိရဲ့လား၊ သင်ကလေးရနေလို့ သင့်ကလေးကို ကျွေးမွေးနေရတာနဲ့ပဲ အလုပ်ရှုပ်နေလို့ သင့်ကျန်းမာရေးအတွက် သင်ပြန်မကြည့်မိဘူးလား၊ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် သင့်မီးဖိုချောင်ထဲက ပစ္စည်းတွေဟာ ဘယ်အစာက စွမ်းအင်ဖြစ်စေသလဲ၊ ဘယ်အစာက သင့်ရောဂါတွေကို တွန်းလှန်နိုင်သလဲ။ ဘယ်အစာက သင့်ကျန်းမာရေးအတွက် ကောင်းသလဲဆိုတာကို သိစေဖို့ အသက် ၂၀-အရွယ်၊ ၃၀-အရွယ်နဲ့ ၄၀-အထက် အရွယ်တွေအတွက် အစာရွေးချယ်စားတတ်ဖို့ လိုအပ်ချက်များကို ဖော်ပြလိုက်ပါတယ်။
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...