Wednesday, May 25, 2011

ကမ္ဘာ့အဓိက ဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ

Way Min Way Min

ခေတ်သစ်ကမ္ဘာရှိ ကျွန်ုပ်တို့၏လူသားများ၏ယဉ်ကျေးမှုတွင် ထင်ရှားသောအချင်းလက္ခဏာတစ်ခုမှာ ယုံကြည်ကိုးကွယ်ရာ ဘာသာတရားများနှင့် လူမှု ကျင့်ဝတ်စနစ်များ အမြောက်အမြား တည်ရှိနေခြင်းပင် ဖြစ်သည်။ လူသားသည် `ဖန်ဆင်းရှင်က လူသားအပါအ၀င် ဤလောကဓါတ်ကြီးတစ်ခုလုံးကို အဘယ်ကြောင့် ဖန်ဆင်းခံခဲ့ရပါသနည်းဟူသော အကြောင်းအရင်းနှင့် ...ဖန်ဆင်းခံအရာများအနက်၊ မိမိတို့၏လူသားကဏ္ဍကို် နားလည်ရန် အမြဲတစေ ရှာဖွေ စူစမ်းနေပါသည်။´
အာနိုးတွိုင်ဗီသည် ခေတ်အဆက်ဆက် လူ့သမိုင်းစဉ်ကို လေ့လာပြီး၊ သူ၏ရှာဖွေ တွေ့ရှိချက်များကို အတွဲကြီးတစ်ဆယ်တွဲပါဝင်သောသမိုင်းဝင် မဟာမှတ်တမ်းကြီး အဖြစ် မှတ်တမ်းတင်ခဲ့သည်။
(၁၉၅၄)ခုနှစ်၊ အောက်တိုဘာလ (၂၄)ရက်တွင် ထုတ်ဝေခဲ့သော The Observer စာစောင်တွင် ရေးသားခဲ့သောသူ၏ ဆောင်းပါးတွင် အာနိုးတွိုင်ဗီက “ဘာသာတရားသည် လူ့သမိုင်းတလျှောက် အဓိကကျသောအခန်းကဏ္ဍ တနည်းအားဖြင့်ဆိုရသော် လူ့သမိုင်း၏ဗဟိုအချက်အချာတွင် ရှိသည်´ဟု အနှစ်ချုပ် ဖော်ပြထားသည်ကို တွေ့ရ၏။


တဖန် သူ၏ရေးသားချက်မှာ `ကျွန်ုပ် ပြန်လည် ယုံကြည်လာခဲ့သည်မှာ ဘာသာတရားသည် လောက၌တည်ရှိသော လျှို့ဝှက်ဆန်းကြယ်မှုများကို နားလည်ရန် ပင်မသော့ချက် ဖြစ်သည်။´
အောက်စဖို့ဒ်အဘိဓါန်တွင် `ဘာသာတရား´ဟူသော ဝေါဟာရ၏အဓိပ္ပါယ်ကို `သာမာန် လူတို့ထက်သာလွန်သည့် စွမ်းအာရှိသည့်အရာများကို ယုံကြည်ခြင်း၊ အထူးသဖြင့် ပုဂ္ဂလထာဝရဘုရားကို ဖြစ်စေ (သို့မဟုတ်) အခြားဘုရားများကို ဖြစ်စေ နာခံကိုးကွယ်ခြင်း´ဟု ဖော်ပြထားပေသည်။
ကမ္ဘာ့အဓိကဘာသာတရားများအားလုံး၏ ဘုံတူညီသောလက္ခဏာမှာ `စကြာဝဠာလုံးဆိုင်ရာ ကိုးကွယ်ရာအရှင်၊ အကြွင်းမဲ့ အာဏာတော်ပိုင်ရှင်သည် အနန္တဘုန်းတော်ရှင်၊ အနန္တ ဥာဏ်တော်ရှင်ဖြစ်ကြောင်းကို ယုံကြည်ကြခြင်းဖြစ်သည်။ ကမ္ဘာ့အဓိကဘာသာတရားများကို သက်ဝင်ယုံကြည်ကြသောသူတို့က ၎င်းတို့၏ကိုးကွယ်ရာအရှင်သည် အခြားဘာသာဝင်အသီးသီး၏ ကိုးကွယ်ရာအရှင်နှင့် အတူတူပင်ဖြစ်သည်ဟု ယုံကြည်ထားချက်ပင် ဖြစ်သည်။
မာက်(စ်)၀ါဒနှင့် ဖရိုက်ဒ်၏အယူအဆကဲ့သို့သော ဘာသာတရားမဲ့အယူတို့က စနစ်တကျဖွဲ့စည်းတည်ထောင်ပြီး ရှိနေကြသော ဘာသာတရားများကို အမြစ်မှစ၍ တိုက်ခိုက်ရန် ကြိုးပမ်းခဲ့ကြသည်။ အပြန်အလှန်သဘောအားဖြင့် ဤသို့ တိုက်ခိုက်မှုများကြောင့်ပင်လျှင် ထိုဘာသာမဲ့များကိုယ်တိုင်ပင် မသိလိုက်ဘဲ ယင်းဘာသာတရားများအပေါ်ယုံကြည်မှုက ပိုမို ဖွံ့ဖြိုးလာတတ်ကြသည်။ ဥပမာ – ကမ္ဘာ့နိုင်ငံအများအပြားတွင် ကွန်မြူနစ်ဝါဒထွန်းကားလာသောအခါ၊ ၎င်းတို့ဘက်က ၀ါဒဖြန့်မှု၊ ကတိဝန်ခံမှုများကို စိတ်အားထက်သန်စွာ လုပ်ဆောင်လာမှုနှင့် ဆွယ်တရားဟောပြောတင်ပြမှုများက ထိုဘာသာတရားများ၏ ဟောပြောတင်ပြပုံ လမ်းစဉ်ကိုပင် နင်းလျှက် လိုက်နာကျင့်သုံးသကဲ့သို့ ဖြစ်နေပေသည်။

ထို့ကြောင့် ကိုးကွယ်မှုဘာသာတရားသည် လူသားများဖြစ်တည်နေခြင်းအတွက် ခွဲခြား၍ မရကောင်းသော အစိတ်အပိုင်းတစ်ခုဖြစ်နေပေသည်။ ကျမ်းမြတ်ကုရ်အာန်၊ စူရာဟ်အာလိအင်မရာန်၊ အာယသ်တော် (၆၄)တွင် အောက်ပါအတိုင်း ညွှန်ပြထားသည်။ “(အို – နဗီ) အသင်သည် (ယဟူဒီနှင့် ခရစ်ယာန်တို့အား) ပြောကြားပါလေ။ အို – ကျမ်းဂန်ရရှိသူအပေါင်းတို့ အသင်တို့သည် အကျွန်ုပ်တို့နှင့် အသင်တို့ကြား၌ (အားလုံး လက်ခံထားသည့်) တူညီသောစကားဘက်သို့ လာကြလေကုန်။ (ထိုစကားသည်ကား) ငါတို့သည် အလ္လာဟ်အရှင်မြတ်မှတပါး အခြားမည်သည့်အရာကိုမျှ မခ၀ပ် မကိုးကွယ်ခြင်း၊ ငါတို့သည် တစ်စုံတစ်ခုသောအရာကိုမျှ ထိုအရှင်မြတ်နှင့်တွဲဘက်ယှဉ်ဘက်ဟူ၍ မပြုခြင်း၊ ငါတို့အနက် အချို့သည် အလ္လာဟ်အရှင်မြတ်ကို ဖဲကြဉ်၍ အချို့သောသူများကို အရှင်သခင်များဟူ၍ မပြုလုပ်ခြင်း (ပင်တည်း။) (ယင်းကဲ့သို့ ဖိတ်ခေါ်ပြီးသည့်နောက်သော်မှပင်) အကယ်၍ ထိုသူတို့သည် သွေဖည် ကျောခိုင်းသွားကြပါမူ (အို- မွတ်စလင်မ်အပေါင်းတို့) အသင်တို့သည်က အသင်တို့က (ထိုသူတို့အား အချင်းတို့) ကျွန်ုပ်တို့သည် (အလ္လာဟ်အရှင်မြတ်၏) အမိန့်တော်များကို မုချနာခံသော မွတ်စလင်မ်များဖြစ်ကြောင်း အသင်တို့ကိုယ်တိုင် သက်သေခံကြကုန်လော့။´´ (ကျမ်းမြတ်ကုရ်အန်၊ ၃း ၆၄)

အမျိုးမျိုးသောကိုးကွယ်မှုဘာသာတရားများကို လေ့လာခြင်းဖြင့် အလွန်များပြားလှသောအတွေ့အကြုံများကို ကျွန်ုပ်အတွက် ဆုလာဘ်အဖြစ် ရရှိခဲ့ပါသည်။ ဤသို့ လေ့လာချက်များမှ `ကိုးကွယ်ခြင်း ခံထိုက်တော်မူသောအရှင်သည် မိမိရှိတော်မူကြောင်း အသိပညာအချို့နှင့်အတူ လူသားတို့၏၀ိညာဉ်အား ဖန်ဆင်းထားတော်မူသည်´ ဟူသောအချက်မှာ မှန်ကန်ကြောင်း အခိုင်အမာသိလာရပါသည်။ အကယ်၍ လူသားအား ဖန်ဆင်းရှင်တည်ရှိမှုကိုမယုံကြည်အောင် ပုံစံသွင်းပေးမထားသရွေ့လူသား၏စိတ်ပိုင်းဆိုင်ရာ ဖွဲ့စည်းပုံအရ၊ ဖန်ဆင်းရှင် တည်ရှိမှုကို ယုံကြည်လက်ခံပေမည်။ တနည်းအားဖြင့်ဆိုသော် ကိုးကွယ်ရာအရှင်အား ယုံကြည်ရန်အတွက် အထူးတလည်သောအခြေအနေများ မလိုအပ်သော်လည်း၊ ကိုးကွယ်ရာအရှင်အား ငြင်းဆန်ခြင်းအတွက်မူ အခြေအနေများ ဖန်တီး၍ ပုံစံသွင်းရန် လိုအပ်နေပေသည်။
Contents
[hide]
  • 1 ကမ္ဘာ့အဓိကဘာသာတရားကြီးများအား အမျိုးအစားခွဲခြားခြင်း
    • 1.1 ဆီးမိုက်ဘာသာတရားများ
    • 1.2 ဆီးမိုက်မဟုတ်သောဘာသာတရားများ
    • 1.3 အာရိယန်မဟုတ်သော ဘာသာတရားများ
    • 1.4 ဘာသာတရားတိုင်းတွင် လက်ခံထားသော ”ကိုးကွယ်ရာအရှင်” ဆိုင်ရာ အခိုင်လုံဆုံးသော အဓိပ္ပာယ်ဖွင့်ဆိုချက်
    • 1.5 ဟိန္ဒူဘာသာတွင်လက်ခံထားသော “ကိုးကွယ်ရာအရှင်´´
    • 1.6 ဟိန္ဒူဘာသာတွင် လက်ခံထားသော“ကိုးကွယ်ရာအရှင်´´ဟူသော ဘုံအသိသညာ
      • 1.6.1 ဘဂ၀ါဂီတ
      • 1.6.2 ဥပနိသျှဒ်
  • 2 ဝေဒကျမ်းများ
    • 2.1 ၁။ ယာဂျူးဝေဒ (ယဂုဝေဒ)
    • 2.2 ၂။ အသရ်ဗဝေဒ
    • 2.3 ခရစ်ယာန်ဘာသာတွင် လက်ခံထားသည့် `ကိုးကွယ်ရာအရှင်´´ဟူသောအသိသညာ
  • 3 အစ္စလာမ်ကပြောသောလူသားဘုရား
[ပြင်ဆင်ရန်] ကမ္ဘာ့အဓိကဘာသာတရားကြီးများအား အမျိုးအစားခွဲခြားခြင်း
ကမ္ဘာ့အဓိကဘာသာတရားကြီးများကို ကျယ်ကျယ်ပြန့်ပြန့် အမျိုးအစားခွဲခြားလိုက်လျှင် ဆီးမိုက်ဘာသာတရားများ (ဂျူး၊ အာရဗ်၊ ဖိုးနီးရှန်း၊ အဆီးရီးယန်း လူမျိုးဆိုင်ရာဘာသာတရားများ)နှင့် ဆီးမိုက်မဟုတ်သောဘာသာတရားများဟူ၍ အုပ်စုခွဲနိုင်ပါသည်။ ဆီးမိုက်မဟုတ်သောဘာသာတရားများကို အာရိယန်ဘာသာတရားများနှင့် အာရိယာန်မဟုတ်သောဘာသာတရားများဟူ၍ ထပ်မံခွဲခြားနိုင်ပါသည်။
[ပြင်ဆင်ရန်] ဆီးမိုက်ဘာသာတရားများ
ဆီးမိုက်ဘာသာတရားများဟူသည်မှာ ဆီးမိုက်လူမျိုးများအကြားတွင် အခြေပြုပေါ်ထွန်းခဲ့သည့် ဘာသာတရားများကို ဆိုလိုသည်။ သမ္မာကျမ်းအရ တမန်တော်နှုးဟ်တွင် ရှမ်း(မ်)ဟူသောသားတော်တစ်ပါး ရှိ၏။ ထိုသားတော်ရှမ်း(မ်)မှ ဆင်းသက်လာသော မျိုးနွယ်များကို ဆီးမိုက်ဟုခေါ်တွင်ကြောင်း သိရ၏။ ထို့ကြောင့် ဆီးမိုက်ဘာသာတရားများမှာ ဆီးမိုက်မျိုးနွယ်များဖြစ်သည့် ဂျူး၊ အာရဗ်၊ အဆီးရီးယာန်းနှင့် ဖိုနီးရှန်းစသော လူမျိုးနွယ်များအကြားတွင် အခြေပြု ပေါ်ထွန်းခဲ့သောဘာသာတရားများ ဖြစ်သည်။ ယင်းတို့အနက် အဓိကဘာသာကြီးများမှာ ဂျူးဘာသာ၊ ခရစ်ယာန်ဘာသာနှင့် အစ္စလာမ်ဘာသာတရားများ ဖြစ်သည်။ ဤဘာသာတရားများအားလုံးသည် ထာဝရကိုးကွယ်ရာအရှင်၏လမ်းညွှန်တရားများကို ထိုအရှင်၏လူသားစေတမန်များမှတဆင့် လက်ခံရရှိသည်ဟု ယုံကြည်ကြသော၊ တမန်တော်များနှင့် ဆိုင်သော ဘာသာတရားများဖြစ်သည်။

[ပြင်ဆင်ရန်] ဆီးမိုက်မဟုတ်သောဘာသာတရားများ
ဆီးမိုက်မဟုတ်သောဘာသာတရားများကို အာရိယာန်နှင့် အာရိယာန်မဟုတ်သောဘာသာတရားများဟူ၍ ထပ်မံခွဲခြားနိုင်ပါသည်။ အာရိယန်ဘာသာတရားများ
အာရိယန်ဘာသာဟူသည်မှာ ဘီစီ (၂၀၀၀) မှ (၁၅၀၀)အကြား အီရန်နိုင်ငံနှင့် အိန္ဒိယနိုင်ငံမြောက်ပိုင်းဒေသများတွင် ပျံနှံ့နေထိုင်ကြကုန်သော အင်ဒို-ဥရောပ ဘာသာစကားများကိုပြောသည့် အင်အားကြီးမျိုးနွယ်များကြားတွင် အစပြုပေါ်ထွန်းခဲ့သော ဘာသာတရားများဖြစ်သည်။ အာရိယန်ဘာသာတရားများကို ဝေဒနှင့်ဝေဒမဟုတ်သော ဘာသာတရား များဟူ၍ ထပ်ဆင့်ခွဲခြားနိုင်ပါသည်။ ဝေဒဘာသာတရားကို ဟိန္ဒူအယူဝါဒ (၀ါ) ဗြဟ္မဏ၀ါဒဟု မဆီလျှော်စွာ အမည်ပေးခြင်းခံရသည်။ ဝေဒမဟုတ်သော ဘာသာများမှာ ဆစ်(ခ်)၀ါဒ၊ ဗုဒ္ဓ၀ါဒ၊ ဂျိန်းဝါဒ စသည်တို့ ဖြစ်သည်။ အားလုံးသော အာရိယန်ဘာသာများမှာ တမန်တော်များနှင့် မသက်ဆိုင်သော ဘာသာများ ဖြစ်သည်။ ဇိုရိုအက်စထရီယန်ဝါဒမှာ (Zoroastrianism)သည် အာရိယန်ဘာသာ တစ်မျိုးဖြစ်သည်။ ဝေဒမဟုတ်သောဘာသာ ဖြစ်သည်။ ဟိန္ဒူဝါဒနှင့် လုံးဝ ဆက်စပ်မှုမရှိပေ။ ယင်းဘာသာကိုလည်း တမန်တော်များနှင့်သက်ဆိုင်သော ဘာသာတစ်ခုဖြစ်သည်ဟု အခိုင်အမာဆိုနေကြပေသည်။

[ပြင်ဆင်ရန်] အာရိယန်မဟုတ်သော ဘာသာတရားများ
အာရိယန်မဟုတ်သော ဘာသာတရားများမှာ ကွဲပြားသောအကြောင်းအရင်းခံ များကို အခြေပြု၍ ပေါ်ထွန်းလာခဲ့ကြသည်။ ကွန်ဖြူးရှပ်နှင့် တာအိုဝါဒမှာ တရုတ်ပြည်တွင် ပေါ်ထွန်းခဲ့ပြီး ]ရှင်တိုဝါဒ}မှာ ဂျပန်ပြည်တွင် ပေါ်ပေါက်လာခဲ့ ပါသည်။ များစွာသော အာရိယန်မဟုတ်သည့် ဘာသာတရားများတွင် ]ထာဝရ ကိုးကွယ်ရာအရှင်} ဟူသောအသိသညာ မရှိပါ။ ယင်း ဘာသာတရားများကို ဘာသာ ဟုခေါ်ဆိုသည်ထက် လူမှုကျင့်ဝတ်ဆိုင်ရာ စည်းကမ်းစနစ်များဟုဆိုပါက ပိုမို သင့်လျော်ပေမည်။
[ပြင်ဆင်ရန်] ဘာသာတရားတိုင်းတွင် လက်ခံထားသော ”ကိုးကွယ်ရာအရှင်” ဆိုင်ရာ အခိုင်လုံဆုံးသော အဓိပ္ပာယ်ဖွင့်ဆိုချက်
ဘာသာတရားတစ်ခုက အတည်ပြုလက်ခံ ယုံကြည်ထားသည့် ]ကိုးကွယ်ရာ အရှင်} ဟူသောအသိသညာကို ထိုဘာသာဝင်များ၏ လိုက်နာကျင့်သုံးမှုများအား ကြည့်ယုံဖြင့် အကဲဖြတ်သတ်မှတ်၍မရနိုင်ပေ။ များစွာသောဘာသာတရားများမှာပင် ဘာသာဝင်များက ၎င်းင်းတို့၏ကျမ်းဂန်များတွင် ဖော်ပြထားသည့် “ထာဝရကိုးကွယ်ရာအရှင်´´ ဟူသော အသိသညာအစစ်ကို လျစ်လျူပြုလေ့ရှိကြသည်မှာ အတော် လေးတူညီနေသောအချက် ဖြစ်သည်။ သို့ဖြစ်၍ ဘာသာတရားအသီးသီးက လက်ခံထားသော “ထာဝရ ကိုးကွယ်ရာအရှင်´´ ဟူသောစကား၏ အသိသညာကို သက်ဆိုင်ရာ ဘာသာအသီးသီး၏ စာပေကျမ်းဂန်များမှ တစ်ဆင့်ဆန်းစစ်လေ့လာမှု ပြုသွားမှသာလျှင် ပို၍သင့်လျော်ပေမည်။ ကမ္ဘာ့အဓိကဘာသာကြီးများ၏ “ကိုးကွယ်ရာအရှင်´´ ဟူသော အသိသညာကို၊ သက်ဆိုင်ရာဘာသာအသီးသီး၏ ကျမ်းဂန်များတွင် ဖော်ပြထားသည့်အတိုင်း ဆန်းစစ်ကြည့်သွားကြခြင်းဖြင့် နားလည်အောင် လေ့လာကြပါစို့။

[ပြင်ဆင်ရန်] ဟိန္ဒူဘာသာတွင်လက်ခံထားသော “ကိုးကွယ်ရာအရှင်´´
အာရိယန်ဘာသာတရားများအနက် ဟိန္ဒူဘာသာသည် အထင်ရှားဆုံး ဘာသာဖြစ်သည်။ အမှန်စင်စစ် “ဟိန္ဒူ´´ ဟူသော စကားမှာ ပါရှန်းစကားဖြစ်ပြီး အိန္ဒုမြစ်ဝှမ်းအလွန်တွင် အခြေချနေထိုင်ကြသူများဟု အဓိပ္ပာယ်ရသည်။ သို့သော် ဟိန္ဒူဝါဒသည် အမျိုးမျိုးသော ဘာသာရေးယုံကြည်ချက်များကို ရည်ညွှန်းသည့် ခြုံငုံအသုံးပြုနိုင်သော ဝေါဟာရဖြစ်နေပေသည်။ ဟိန္ဒူဝါဒဟု ခေါ်ဆိုနိုင်သော အယူဝါဒအများအပြားရှိသည့်အနက် ဝေဒ၊ ဥပနိသျှဒ်နှင့် ဘဂ၀ါဂီတ စသော ကျမ်းများကို အခြေခံ၍ ယုံကြည်ကြကုန်သော ဟိန္ဒူဘာသာအယူအဆများမှာ ပို၍ ထင်ရှားသည်။

[ပြင်ဆင်ရန်] ဟိန္ဒူဘာသာတွင် လက်ခံထားသော“ကိုးကွယ်ရာအရှင်´´ဟူသော ဘုံအသိသညာ
ဟိန္ဒူဘာသာသည် ယေဘုယျအားဖြင့် တစ်ပါးမကသော နတ်ဘုရားများကို လက်ခံကိုးကွယ်သော (ဗဟုနာထ၀ါဒ)ဘာသာ ဖြစ်သည်။ များစွာသော ဟိန္ဒူ ဘာသာဝင်များက မိမိတို့သည် အမှန်တစ်ကယ်ပင် နတ်ဘုရားအမြောက်အမြားကို ယုံကြည် ကိုးကွယ်ကြကြောင်း အခိုင်အမာပြောဆိုချက်ကပင် ဟိန္ဒူဝါဒသည် ဗဟုနာထ၀ါဒဖြစ်ကြောင်းကို သက်သေခံနေပေသည်။ အချို့သောဟိန္ဒူ ဘာသာဝင်များသည် ဘုရားသုံးဆူရှိသည်ဟု အခိုင်အမာ ယုံကြည်ကြသော်လည်း၊ အချို့သော ဟိန္ဒူဘာသာဝင်များက ဘုရားပေါင်းသန်း (၃၃၀) ရှိသည်ဟု ယုံကြည်ကြသည်။ သို့သော် ဟိန္ဒူဘာသာရေးဆိုင်ရာ စာပေကျမ်းဂန်များတတ် မြောက်ကုန်သူတို့ကမူ၊ ဟိန္ဒူဘာသာဝင်တစ်ဦးအနေနှင့် တစ်ဆူတည်းသော ကိုးကွယ်ရာအရှင် (၀ါ) တစ်ဆူတည်းသော ဘုရားရှင်ကိုသာ ယုံကြည်သင့်ကြောင်း အခိုင်အမာ ပြောဆိုခဲ့ကြပေသည်။
ဟိန္ဒူဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင် မွတ်စလင်မ်များအကြား ]ကိုးကွယ်ရာအရှင်}နှင့်ပတ်သက်၍ အဓိကကွဲပြားခြားနားသော အယူအဆမှာ၊ ဟိန္ဒူ ဘာသာဝင်များသည် သဘာဝလောကတွင် ရှိရှိသမျှအရာခပ်သိမ်းကို ကိုးကွယ်ရာ အရှင်အဖြစ် ကိုးကွယ်ခြင်းပင်ဖြစ်သည်။ဤအယူဝါဒအရ သဘာဝလောကတွင် ရှိရှိသမျှသောသက်ရှိ၊ သက်မဲ့အရာခပ်သိမ်းကို မြင့်မြတ်သည်၊ ကိုးကွယ်ရာအရှင်၏ ဓာတ်ကိန်းဝပ်နေသည့် ကိုးကွယ်ရာများဟု ယုံကြည်နေကြသည်။ ထို့ကြောင့်ပင် ဟိန္ဒူ ဘာသာဝင်များသည် သစ်ပင်၊ နေ၊ လ၊ တိရစ္ဆာန်များနှင့် လူသားများသည် ကိုးကွယ်ရာ အရှင်ကကိုယ်ထင်ပြသောအရာများဆိုပြီး ယုံကြည်ထားကြသည်။ ထို့ကြောင့် ဟိန္ဒူဘာသာဝင်များအတွက် အရာရာသည် “ကိုးကွယ်ရာအရှင်´´ ဖြစ်နေပေသည်။
အထက်ပါအယူအဆနှင့် ဆန့်ကျင်သောသဘောကို အစ္စလာမ်ဘာသာ တွင်တွေ့ရသည်။ အစ္စလာမ်က လူသားများအား ၎င်းင်းတို့ကိုယ်တိုင်နှင့်ပတ်ဝန်းကျင်ရှိ သက်ရှိသက်မဲ့အရာ အားလုံးကို ကိုးကွယ်ရာအရှင်၏ ကိုယ်ထင်ပြချက်ဟု မယုံကြည်စေဘဲ၊ ကိုးကွယ်ရာအရှင်၏ အဖန်ဆင်းခံများအဖြစ်သာ ဆင်ခြင်ယုံကြည်ကြရန် တိုက်တွန်းထားပေသည်။ ထို့ကြောင့် မွတ်စလင်မ်များက အရာရာတိုင်းကို ကိုးကွယ်ရာအရှင်က ပိုင်ဆိုင်သည်ဟု ယုံကြည်ကြသည်။ (ကိုးကွယ်ရာအရှင်၏ ဟုဆိုလိုပါသည်)။ တစ်နည်းအားဖြင့်ဆိုသော် မွတ်စလင်မ်များအနေနှင့် အရာ ခပ်သိမ်းမှာ ကိုးကွယ်ရာအရှင် ပိုင်ဆိုင်သည်သာဖြစ်သည်ဟု ယုံကြည်ကြသည်။ သစ်ပင်ပန်းပင်များ၊ နေ၊ လ၊ နက္ခတ်တာရာများနှင့် ဤစကြ၀ဠာအတွင်းရှိ သက်ရှိ သက်မဲ့အရာခပ်သိမ်းသည် ကိုးကွယ်ရာအရှင်၏ ပိုင်ဆိုင်ရာအရာများသာဖြစ်သည်။
ထို့ကြောင့် မွတ်စလင်မ်နှင့် ဟိန္ဒူဘာသာဝင်များ၏ ယုံကြည်ချက်များအကြား အဓိကကွဲပြားခြားနားချက်မှာ “၏´´ ဟူသော စကားလုံးလေးသာ ဖြစ်သည်။ ဟိန္ဒူဘာသာဝင်များက အရာခပ်သိမ်းကို ကိုးကွယ်ရာဘုရားဟုဆိုကြသည်။ မွတ်စလင်မ်များကမူ အရာခပ်သိမ်းသည် ကိုးကွယ်ရာအရှင်၏ ပိုင်ဆိုင်ရာများဟု ဆိုသည်။ ထို့ကြောင့် `ကိုးကွယ်ရာအရှင်နှင့်´ `ကိုးကွယ်ရာအရှင်၏´ ဟူသော အယူအဆသာလျှင် ခြားနားနေပါသည်။ ထို့ကြောင့် ကျမ်းမြတ်ကုရ်အာန်တွင်
“အသင် တို့သည် အသင်တို့နှင့် ကျွန်ုပ်အကြား၌ (အားလုံးလက်ခံထားသည့်) တူညီ သောစကားဘက်သို့လာကြကုန်။ (ထိုစကားသည်ကား) ငါတို့သည် အလ္လာဟ် အရှင်မြတ်မှတစ်ပါး အခြားကိုးကွယ်ရာများကို ယုံကြည် ကိုးကွယ်ခြင်းမပြုပါ´´ဟု ဖော်ပြထားခြင်းဖြစ်သည်။ သို့ဖြစ်၍၊ ဟိန္ဒူနှင့်အစ္စလာမ်ဘာသာဆိုင်ရာ ကျမ်းဂန်များကို ခွဲခြမ်း စိတ်ဖြာဆန်းစစ်လေ့လာခြင်းအားဖြင့်၊ ထိုဘာသာကြီး နှစ်ခု၏ ဘုံတူညီချက်များကို ရှာဖွေဆန်းစစ် လေ့လာကြည့်ကြပါစို့။

[ပြင်ဆင်ရန်] ဘဂ၀ါဂီတ
ဟိန္ဒူဘာသာရေးဆိုင်ရာ စာပေကျမ်းဂန် အများအပြားအနက် ]ဘဂ၀ါဂီတ} ဟူသောကျမ်းမှာ အထင်ရှားဆုံးဖြစ်သည်။ အဆိုပါကျမ်းလာ အောက်ပါစာပိုဒ်ကို လေ့လာဆန်းစစ်သွားပါမည်။ “အသိဥာဏ်ကို ရုပ်ဝတ္ထုတပ်မက်မှုဆန္ဒများဖြင့် ခိုးယူ (လွှမ်းမိုး) ခြင်းခံရ သူတို့သည် ဘုရားမပီရာများသို့ မိမိတို့ကိုယ် မိမိတို့ အပ်နှင်းလေ့ရှိကြပြီး ၎င်းင်းတို့ သဘာဝအလျောက် ကိုးကွယ် ဆည်းကပ်ရာ သီးခြားစည်းမျဉ်းဥပဒေ သများကို လိုက်နာလေ့ ရှိကြသည်။´´ (ဘဂ၀ါဂီတ ၇း၂၀)
ဤကျမ်းပိုဒ်(ဂီတ)သည် ရုပ်ဝါဒီများကို ရည်ညွှန်းပြီး ၎င်းင်းတို့သည် ကိုးကွယ်ရာ အရှင် အစစ်အမှန်မဟုတ်သော ဘုရားမမည်ရာများကို ကိုးကွယ်ဆည်းကပ်ခြင်း သာဖြစ်ကြောင်း ဆိုလိုပါသည်။
[ပြင်ဆင်ရန်] ဥပနိသျှဒ်
ဥပနိသျှဒ်ကျမ်းများသည်လည်း ဟိန္ဒူဘာသာဆိုင်ရာ မြင့်မြတ်သောကျမ်းများဟု မှတ်ယူခြင်းခံရသောကျမ်းဂန်များ ဖြစ်သည်။ ဥပနိသျှဒ်ကျမ်းများမှအောက်ဖော်ပြပါ ကျမ်းပိုဒ်များကို လေ့လာကြည့်ကြပါစို့။
  1. “ထိုအရှင်သည် ဒုတိယမြောက်မရှိသောတစ်ဆူတည်းသောအရှင်ဖြစ်သည်။´´ [Chandogya Upanishad 6:2:1]
  2. ဥပနိသျှဒ်ကျမ်းမှ အောက်ဖော်ပြပါ ကျမ်းပိုဒ်များကို သုံးသပ် ဆင်ခြင်ပါ။
“အရှင့်မှာ မိဘလည်း မရှိ။ အရှင်သခင်လည်းမရှိ။´´ [Svetasavatara Upanishad 6:9]
  1. ဥပနိသျှဒ်ကျမ်းမှ အောက်ဖော်ပြပါ ကျမ်းပိုဒ်များကို သုံးသပ် ဆင်ခြင်ပါ။
“အရှင်နှင့်တူသောအရာမရှိ။´´ [Svetasavatara Upanishad 4:19] “အရှင်နှင့်တူသောအရာမရှိ။အရှင်၏အမည်မှာ အနန္တဘုန်းတော်ရှင်ဖြစ်သည်။´´ [The Principal Upanishad ----] အထက်ဖော်ပြပါ ကျမ်းစာပိုဒ်များကို ကျမ်းမြတ်ကုရ်အာန်၏ အောက်ဖော်ပြပါ ကျမ်းစာပိုဒ်များနှင့် နှိုင်းယှဉ်လေ့လာပါ။
  • ထိုအရှင်မြတ်နှင့် တူသောအရာဟူ၍ကား မည်သည့်တစ်စုံ တစ်ရာမျှပင်မရှိပြီ။ (ကုရ်အာန်၊ ၄၂း၁၁)
  • ထိုအရှင်မြတ်၌ ဂုဏ်ရည်တူသူဟူ၍လည်း တစ်ဦးတစ်ယောက် မျှပင်မရှိပြီ။ (ကုရ်အာန် ၁၁၂း၎)
  1. လူသားအနေနှင့် ကိုးကွယ်ရာအရှင်ကို တိကျသောပုံပန်း သဏ္ဌာန်တစ်ခုနှင့် တွေးမြင်မှန်းဆနိုင်စွမ်းမရှိကြောင်းကို ဥပနိသျှဒ် ကျမ်းမှအောက်ဖော်ပြပါစာပိုဒ်များအရ သိရှိနိုင်ပေသည်။
“ထိုအရှင်၏ ပုံပန်းသဏ္ဍာန်ကို မြင်နိုင်စွမ်းမရှိပါ။ ထိုအရှင်ကို မည်သူမျှမျက်လုံးများဖြင့် မြင်ဘူးခြင်း မရှိပါ။ စိတ်နှလုံးများနှင့် ခံစားနားလည်နိုင်စွမ်းရှိသောသူများသည်သာ သူ့ကို သိမြင်နိုင်ပြီး၊ ထိုကဲ့သို့ သော လူသား၏နှလုံးသားများတွင်သာ ကိန်းဝပ် စံပယ်တော်မူသော အစဉ်ထာဝရ တည်ရှိတော် မူသောအရှင်ဖြစ်သည်။´´[Svetasavatara Upanishad 4:20]
ဤအချက်နှင့် ပတ်သက်၍ ကျမ်းမြတ်ကုရ်အာန်တွင်လည်း အောက်ပါ အာယသ်တော်က ညွှန်ပြထားပေသည်။
“အမြင်အာရုံများသည် ထိုအရှင်မြတ်အား (စိတ်ငုံ) မိနိုင်သည် မဟုတ်ပေ။ သို့ရာတွင် ထိုအရှင်မြတ်မှာကား အမြင်အာရုံများကို (စိတ်ငုံ)ငုံမိလျက် ရှိတော်မူချေသည်။ စင်စစ်သော်ကား ထို အရှင်မြတ်သည် အလွန်နက်နဲ သိမ်မွေ့တ်ာမူသောအရှင်မြတ် အရာခပ်သိမ်းကို လွှမ်းခြုံသိတော်မူသောအရှင် ဖြစ်တော်မူ ပေသည်။´´ (ကုရ်အာန် ၆း၁၀၃)
[ပြင်ဆင်ရန်] ဝေဒကျမ်းများ
ဝေဒကျမ်းများသည် ဟိန္ဒူကျမ်းဂန်များအနက် အမြင့်မြတ်ဆုံးကျမ်းများဟု သတ်မှတ်ခြင်းခံရသောကျမ်းများ ဖြစ်သည်။ ဝေဒလေးမျိုးရှိသည်။ ၎င်းင်းတို့မှာ ယာဂျုးဝေဒ၊ ရစ်ဂ်ဝေဒ၊ ရှမ်ဝေဒ နှင့် အသာရ်ဝေဒကျမ်းများဖြစ်သည်။
[ပြင်ဆင်ရန်] ၁။ ယာဂျူးဝေဒ (ယဂုဝေဒ)
(၁) ယာဂျူးဝေဒကျမ်းများမှ အောက်ဖော်ပြပါစာပိုဒ်ကို စဉ်းစား သုံးသပ် ဆင်ခြင် ကြည့်ပါ။ “ထိုအရှင်မှာ ပုံသဏ္ဍာန်မရှိပါ။´´ [Yajurveda 32:3]
ယင်းကျမ်းတွင် ဆက်လက်ဖော်ပြသည်မှာ-
“သူသည်မည်သူ၏ မွေးဖွားခြင်းမျှမခံရပါ။ သူသာလျှင် ကျွန်ုပ်တို့၏ကိုးကွယ်ခြင်းကို ခံယူထိုက်ပါသည်။´´ “အရှင်၏တန်ခိုးတော်မှာ အနန္တြဖစ်ပြီးအရှင့်မှာ ပုံပန်း သဏ္ဍာန်(ရုပ်သွင်)မရှိပါ။ အရှင်သည် ပြီးပြည့်စုံတော်မူ၍ နေကဲ့သို့သော ထွန်းလင်းတောက်ပသည့် အရာအားလုံး ကိုလည်း ထိန်းသိမ်းစောင့်ရှောက်တော်မူ၏။ ထိုအရှင်သည် ကျွန်ုပ်အား ဘေးဥပဒ်ရောက်စေမည် မဟုတ်ပါ။ ဤသည်မှာ ကျွန်ုပ်၏ ရှိခိုးပူဇော်မှုဖြစ်သည်။ အရှင်သည် မွေးဖွားခြင်းကို မခံရသောကြောင့် အရှင်သာလျှင်ကျွန်ုပ်တို့၏ ကိုးကွယ်ခြင်း ကို ခံယူထိုက်တော်မူပါ၏။´´ [The Yajur veda by Devi Chand M.A-pg.377]
(၂) “အရှင့်မှာ ခန္ဓာမရှိပါ။ အရှင်သည်သန့်ရှင်းစင်ကြယ် ပါသည်။´´ [Yajur veda 40:8]
“ထိုအရှင်သည် လင်းဝင်းတောက်ပမှုရှိခြင်း၊ ခန္ဓာမရှိ၊ အပြစ်အနာအဆာမရှိ၊ အကုသိုလ်အညစ်အကြေးမရှိ၊ အလွန်တရာ သန့်ရှင်းစင်ကြယ်တော်မူသော အရှင်ဖြစ်ပြီး အရှင့်ကို မည်သည့် မကောင်းသော အင်အားစု (မကောင်း ဆိုးဝါး)ကမျှ ထိုးဖောက် ဖျက်ဆီးနိုင်စွမ်းမရှိပါ။ အမြင်ကျယ် သော၊ ဥာဏ်အမြော်အမြင်နှင့် ပြည့်စုံတော်မူသော၊ လွှမ်းခြုံနိုင်သော၊ မိမိဘာသာရပ်တည်နိုင်သော၊ အရှင်သည် ထာဝရနှစ်ကာလများအတွက် လျော်ကန်သော တောင်းဆို ချက်များအတိုင်းရည်ရွယ်ချက်များပြဌာန်းတော်မူ၏။´´ [Yajur veda 40:8] [Yajur veda samhita by Ralph I.H. Griffith pg-538]
(၃) ယာဂျူးဝေဒကျမ်းတော်တွင် အောက်ပါတို့ကိုလည်း ဖော်ပြထားပေသည်။ “သဘာဝတရားတွင်ရှိသော အရာဝတ္ထုများ ဥပမာ-လေ၊ ရေ၊ မီး စသည်တို့ကို ကိုးကွယ်ဆည်းကပ်ကြ သူတို့သည် အမှောင်ထုအတွင်းသို့ ၀င်ကြလေသည်။ ဆမ္ဗုတိကို ကိုးကွယ်ဆည်းကပ်ကြသူများသည် အမှောင်ထု အတွင်း နက်ရှိုင်းစွာ နစ်မွန်းကြလေသည်။ ဆမ္ဗုတိ ဟူသည်မှာ အဖန်ဆင်းခံအရာများ (ဥပမာ-စားပွဲ၊ ထိုင်ခုံ၊ ရုပ်ထုများ စသည်)ကို ဆိုလိုသည်။´´ [Yajur veda 40: 9] (၄) ဘုရားရှိခိုးသည့်အခါ ရွတ်ဆိုသည့်တောင်းဆုတော် တစ်ခု တွင်လည်း “ ကျွန်ုပ်တို့အား မှန်ကန်သောလမ်းကြောင်းသို့ လမ်းညွှန်တော်မူပါ။ ထိုလမ်းမှန်မှ ချွတ်ချော်တိမ်းပါးစေမည့် အပြစ်ကိုလည်း ပယ်ရှားပေးတော်မူပါ။´´ [Yajur veda chapter 40: 16]
[ပြင်ဆင်ရန်] ၂။ အသရ်ဗဝေဒ
အသရ်ဗဝေဒကျမ်းမှ အောက်ပါစာပိုဒ်ကို လေ့လာပါ။ (၁) “ကိုးကွယ်ရာအရှင်သည် အမှန်ပင် ကြီးကျယ်ပါသည်။´´ [Atharva veda 20 58:3]
“ဧကန်စင်စစ်၊ သူရိယ(နေမင်း)၊ အရှင်သည် မြင့်မြတ်လှပါ၏။ အာဒိယ (လမင်း) ဧကန်အမှန် ကြီးကျယ်မြင့်မြတ်လှပါ၏။ အရှင်၏ကြီးကျယ်မှုကို အားကျလေးစား ပါသည်။ အို-အရှင်။အရှင်သည်ကား အမှန်တကယ်ကြီးကျယ် မြင့်မြတ်တော်မူပါသည်။´´ (Atharvaveda Samhiti Vol.2 William Dmight Whitney pg.910)
အထက်ပါကျမ်းစာပိုဒ်နှင့် အလားတူဖော်ပြချက်ကို ကျမ်းမြတ်ကုရ်အာန် စူရာဟ်ရအ်ဒ်တွင် အောက်ပါအတိုင်း ဖော်ပြ ထားလေသည်။
“ထိုအရှင်မြတ်သည် (သတ္တ၀ါအပေါင်း) မမြင်နိုင်သောအရာများ ကိုလည်းကောင်း၊ မြင်နိုင်သောအရာများကို လည်းကောင်း၊(တစ်နည်း) လျှို့ဝှက်နေသောအရာများကိုလည်းကောင်း၊ ထင်ရှား၍နေသော အရာများကို လည်းကောင်း၊ သိတော်မူသောအရှင်၊ (အလုံးစုံတို့ထက်) ကြီးကဲတော်မူသောအရှင်၊ မြင့်မြတ်တော်မူသောအရှင်၊ ဖြစ်တော်မူပေ သတည်း။´´ (ကုရ်အာန် ၁၃း၉) ၃။ ရစ်ဂ်ဝေဒ (၁) ဝေဒကျမ်းများအနက် ရှေးအကျဆုံးကျမ်းမှာ ရစ်ဂ်ဝေဒကျမ်းဖြစ်သည်။ ထို့ပြင် ဟိန္ဒူဘာသာဝင်များအတွက် အမြင့်မြတ်ဆုံးကျမ်းများဟုလည်း ယုံကြည်လက်ခံ ထားကြသည်။ ရစ်ဂ်ဝေဒကျမ်းများအရ “ပညာရှိ (ပဏ္ဍိတ)များသည် ကိုးကွယ်ရာအရှင်တစ်ဆူအား အမည်များစွာနှင့် ခေါ်ဝေါ်ကြသည်။´´ [Rig veda 1:164:46)]
ရစ်ဂ်ဝေဒကျမ်းများတွင် ကိုးကွယ်ရာအရှင်၏ ဂုဏ်ရည်တော်များကို (၃၃)မျိုး ထက်မနည်း ဖော်ပြထားသည့်အနက် ရစ်ဂ်ဝေဒကျမ်း အတွဲ (၂)၊ အပိုဒ်(၃)တွင် ဖော်ပြထားသည့် ဂုဏ်ရည်တော်တစ်ခုမှာ “ဗြာဟ္မ´´ ဖြစ်သည်။ “ဗြာဟ္မ´´၏ အဓိပ္ပာယ် မှာ `ဖန်ဆင်းရှင်´ဖြစ်သည်။ ဤဝေါဟာရကို အာရဗီဘာသာသို့ ပြန်ဆိုပါက `ခါလစ်က်´ဟု အဓိပ္ပာယ်ရပါသည်။ အနန္တဘုန်းတန်ခိုးနှင့် ပြည့်စုံတော်မူသော ကိုးကွယ်ရာအရှင်ကို `ခါလစ်(က်)´ (သို့) “ဖန်ဆင်းရှင်´´ (သို့) “ဗြာဟ္မ´´ မည်သို့ပင်ရည်ညွှန်းခေါ်ဝေါ် သမုတ် ပါစေ။ မွတ်စလင်မ်များအတွက် ကန့်ကွက်စရာအကြောင်းအရင်း တစ်စုံတစ်ရာမရှိပါ။ သို့သော် မွတ်စလင်မ်များအတွက် ခေါင်းလေးလုံးရှိသည့် ဗြာဟ္မကြီးကို ဘုန်းတော် ကြီးမြတ်သော၊ အနန္တ တန်ခိုးရှင်၊ကိုးကွယ်ရာအရှင်ဟူ၍ကား တိတိကျကျလက်မခံနိုင် ပါ။ ဤအချက်နှင့်ပတ်သက်၍ မွတ်စလင်မ်များ၏ ယုံကြည်မှုတွင် ခြွင်းချက်ရှိပေသည်။ “အရှင်၏တန်ခိုးတော်မှာ အနန္တြဖစ်ပြီးအရှင့်မှာ ပုံပန်း သဏ္ဍာန်(ရုပ်သွင်)မရှိပါ။ အရှင်သည် ပြီးပြည့်စုံတော်မူ၍ နေကဲ့သို့သော ထွန်းလင်းတောက်ပသည့် အရာအားလုံး ကိုလည်း ထိန်းသိမ်းစောင့်ရှောက်တော်မူ၏။ ထိုအရှင်သည် ကျွန်ုပ်အား ဘေးဥပဒ်ရောက်စေမည် မဟုတ်ပါ။ ဤသည်မှာ ကျွန်ုပ်၏ ရှိခိုးပူဇော်မှုဖြစ်သည်။ အရှင်သည် မွေးဖွားခြင်းကို မခံရသောကြောင့် အရှင်သာလျှင်ကျွန်ုပ်တို့၏ ကိုးကွယ်ခြင်း ကို ခံယူထိုက်တော်မူပါ၏။´´ [The Yajur veda by Devi Chand M.A-pg.377] (၂) “အရှင့်မှာ ခန္ဓာမရှိပါ။ အရှင်သည်သန့်ရှင်းစင်ကြယ် ပါသည်။´´ [Yajur veda 40:8]
“ထိုအရှင်သည် လင်းဝင်းတောက်ပမှုရှိခြင်း၊ ခန္ဓာမရှိ၊ အပြစ်အနာအဆာမရှိ၊ အကုသိုလ်အညစ်အကြေးမရှိ၊ အလွန်တရာ သန့်ရှင်းစင်ကြယ်တော်မူသော အရှင်ဖြစ်ပြီး အရှင့်ကို မည်သည့် မကောင်းသော အင်အားစု (မကောင်း ဆိုးဝါး)ကမျှ ထိုးဖောက် ဖျက်ဆီးနိုင်စွမ်းမရှိပါ။ အမြင်ကျယ် သော၊ ဥာဏ်အမြော်အမြင်နှင့် ပြည့်စုံတော်မူသော၊ လွှမ်းခြုံနိုင်သော၊ မိမိဘာသာရပ်တည်နိုင်သော၊ အရှင်သည် ထာဝရနှစ်ကာလများအတွက် လျော်ကန်သော တောင်းဆို ချက်များအတိုင်းရည်ရွယ်ချက်များပြဌာန်းတော်မူ၏။´´ [Yajur veda 40:8] [Yajur veda samhita by Ralph I.H. Griffith pg-538]
အနန္တတန်ခိုးတော်ရှင် ကိုးကွယ်ရာအရှင်အား နတ်ဘုရားများ၏ အမည်များ တပ်၍ ခေါ်ဝေါ်သမုတ်ခြင်းသည် ယာဂျူးဝေဒကျမ်း၏ အောက်ဖော်ပြပါ ကျမ်းစာပိုဒ် များနှင့် ဆန့်ကျင်ကြောင်းကို သိရှိနိုင်သည်။ “အရှင်နှင့်တုနှိုင်းဖွယ်ရာ ပုံသဏ္ဍာန်ဟူ၍ တစ်စုံတစ်ရာမျှမရှိပါ။´´ [Yajurved 32 : 3]
ရစ်ဂ်ဝေဒကျမ်းအတွဲ (၂)၊ အခန်း (၁)၊ အပိုဒ်(၃)တွင် ဖော်ပြထားသော ကိုးကွယ်ရာအရှင်၏ လှပသောဂုဏ်ရည်တော်တစ်ခုမှာ `ဗိဿနိုး´ ဖြစ်သည်။ `ဗိဿနိုး´ ဟူသော စကားလုံး၏အဓိပ္ပာယ်မှာ `ထိန်းသိမ်းတော်မူသောအရှင်´ဟု အဓိပ္ပာယ်ရပါသည်။ ဤဝေါဟာရကိုအာရဗီဘာသာဖြင့် `ရဗ်´(သို့မဟုတ်) `အဆင့်ဆင့်ပြုစု ပျိုးထောင်၊ထိန်းသိမ်း၊စောင့်ရှောက်တော်မူသောအရှင်´ဟု အနက် ရသည်။မွတ်စလင်မ်များအတွက် `ကိုးကွယ်ရာအရှင်´အား `ရဗ်´(သို့) `ထိန်းသိမ်း စောင့်ရှောက်သူ´(သို့) `ဗိဿနိုး´ မည်သို့ပင် ရည်ညွှန်း ခေါ်ဝေါ်မှုကိုမဆို ကန့်ကွက် ရန်မရှိပါ။ သို့သော် ဟိန္ဒူဘာသာဝင်များအကြား `ဗိဿနိုး´၏ အထင်ရှားဆုံးပုံတော်မှာ လက်လေးဘက်ရှိသော၊ ညာဘက်လက်တစ်ဖက်တွင် စင်္ကြာကိုကိုင်ဆောင်ထားသော၊ ဘယ်ဘက်လက်တစ်ဖက်တွင် ခရုသင်းကို ကိုင်ဆောင်ထားသော၊ငှက်ကို စီးနင်း ထားသော(သို့မဟုတ်) သလွန်ကဲ့သို့ ဖြစ်နေသော မြွေကြီးပေါ်တွင်လဲလျောင်းနေသော ပုံတော်ဖြစ်သည်။ `မွတ်စလင်မ်များအနေနှင့် ကိုးကွယ်ရာအရှင်၏ မည်သည့် ပုံပန်းသဏ္ဌာန်ကိုမျှလက်မခံနိုင်ပါ။´ ဤသို့ဟိန္ဒူဘာသာဝင်များက၊ ကိုးကွယ်ရာအရှင်အား ပုံပန်းသဏ္ဌာန်များ ပုံဖော်၍ ကိုးကွယ်ဆည်းကပ်နေခြင်းမှာ ယာဂျူး ဝေဒကျမ်း၊အပိုဒ် (၄၀း၉)ကို ဆန့်ကျင်နေပေသည်။
(၃) ရစ်ဂ်ဝေဒကျမ်း၏ အောက်ဖော်ပြပါကျမ်းပိုဒ်များကို ဆင်ခြင် သုံးသပ် ကြည့်ပါ။ “အို-ချစ်မိတ်ဆွေတို့၊ ထာဝရတည်ရှိသော ကိုးကွယ်ရာအရှင်မှလွဲ၍ မည်သူ တစ်ဦး တစ်ယောက်ကိုမျှ အသင်မကိုးကွယ်ပါနှင့်´´ [Rig veda Book 8:1:1, Rig veda Samhiti Vol ix, pg 1 and 2 by Swami Satyaprakash Sarasvati and Satyakam Vidhya Lankar.]
(၄) “ပညာဥာဏ်နှင့်ပြည့်စုံသော ယောဂီများသည် ၎င်းင်းတို့၏ စိတ်အာရုံ များကိုစုစည်း၍ အမှန် တကယ်ကြီးကျယ် မြင့်မြတ်တော်မူသော နေရာတကာ ၌ရှိသောအနန္တဘုန်းတော်ရှင်၊ အနန္တဥာဏ်တော်ရှင်၊ ကိုးကွယ်ရာအရှင်၌သာ အာရုံစေစားထားပေသည်။ ထိုအရှင် သည်သာလျှင် ယောဂီများ၏ လုပ်ဆောင်မှုများကို သိမြင်တော်မူပြီး၊ ၎င်းင်းတို့၏ အာရုံခံများကို သက်ဆိုင်ရာ လုပ်ငန်းဆောင်တာများ တိကျစွာ ဆောင်ရွက်နိုင်စေရန် နေသားတကျဖြစ်စေတော်မူ၏။ ဧကန်အမှန်ပင် ဖန်ဆင်းရှင် (ကိုးကွယ်ရာအရှင်)သည် ဘုန်းတော်အနန္တနှင့် ပြည့်စုံတော်မူပြီး ကြီးကျယ် မြင့်မြတ်တော်မူပါ၏။´´ [Rig veda 5:81], [Rig veda Samhiti Volume 6 page 1802 and 1803 by Swami Satya Prakash Saraswati and Satya Ram Vidhya Lamka.] ဟိန္ဒူဝေဒန္တနှင့်ဗြာဟ္မသုတရ
ဟိန္ဒူဝေဒန္တ၏ဗြာဟ္မသုတရဟူသည်မှာ `ကိုးကွယ်ရာအရှင်´ (ဘုရား)တစ်ဆူတည်း သာရှိ၏။ ဒုတိယမြောက် ကိုးကွယ်ရာဟူ၍ မရှိ။ လုံးဝဥဿုံမရှိ၊ လုံးဝမရှိ။ အနည်းငယ် စိုးစဉ်းမျှပင်မရှိ။ ထို့ကြောင့် အစွဲအလမ်းမထားဘဲ လေ့လာစူးစမ်းသွားပါမှသာလျှင် ဟိန္ဒူ ဘာသာက လက်ခံယုံကြည်ထားသော `ကိုးကွယ်ရာ အရှင်´ဟူသော အသိသညာကို ကောင်းစွာနားလည်နိုင်ပါသည်။
ဆစ်(စ်)ဘာသာတွင် လက်ခံထားသည့် `ကိုးကွယ်ရာအရှင်´ဟူသော အသိသညာ
ဆစ်(ခ်)ဘာသာသည် ဆီးမိုက်လည်းမဟုတ်၊ အာရိယန်နှင့်လည်းမဆိုင်၊ ဝေဒနှင့်လည်းမပတ်သက်သောဘာသာတစ်ခု ဖြစ်သည်။ ဆစ်(ခ်)ဘာသာသည် ကမ္ဘာ့အဓိကဘာသာကြီးများတွင် မပါဝင်သော်လည်း ဟိန္ဒူအယူဝါဒ၏ အကိုင်းအခက်အဖြစ် ပေါ်ထွန်းလာခဲ့သော အယူဝါဒတစ်ရပ်ဖြစ်သည်။ ဤဘာသာကို (၁၅)ရာစုနှစ်အဆုံးပိုင်းခန့်တွင် ဂုရုနာနတ်(ခ်)ဟူသော ပုဂ္ဂိုလ်မှစတင် တည်ထောင် ခဲ့သည်။ ဤဘာသာသည် ပါကစ္စတန်နိုင်ငံနှင့် အိန္ဒိယနိုင်ငံ၊မြောက်ဘက်ဒေသရှိ ပန်ဂျဗ်ဒေသကြီး (မြစ်ကြီးငါးသွယ်)တွင် စတင်ပေါ်ပေါက်ခဲ့ပါသည်။ ဂုရုနာနတ်(ခ်) သည် ခတ္တိယမျိုးနွယ် မိသားစုမှပေါက်ပွားလာသော်လည်း အစ္စလာမ်ဘာသာ နှင့်မွတ်စလင်မ်တို့က ၎င်းင်းအားအကြီးအကျယ် လွှမ်းမိုးနေပေသည်။
ဆစ်(ခ်)နှင့် ဆစ်(ခ်)၀ါဒ၏အနက်အဓိပ္ပာယ်
ဆစ်(ခ်)ဟူသောဝေါဟာရမှာ `စစ်(စ)ယ´ဟူသော စကားမှ ဆင်းသက်လာပြီး `တပည့်တော် (သို့) နောက်လိုက်´ဟု အဓိပ္ပာယ်ရသည်။ ဆစ်(ခ်) ဘာသာသည် ဂုရုကြီး (၁၀)ပါး၏ ဘာသာတရားဖြစ်ပြီး၊ ပထမဆုံးဂုရုကြီးမှာ ဂုရုနာနတ်(ခ်)ဖြစ်သည်။ဒဿမမြောက် ဂုရုကြီး၏အမည်မှာ ဂိုဘင်ဆင်းဂ် ဖြစ်သည်။ ဆစ်(ခ်) ဘာသာ၏ မြင့်မြတ်သောကျမ်းဂန်မှာ “Sri Guru Granth” ဖြစ်ပြီး ‘Adi Granth Sahib’ ကျမ်းဟုလည်း ခေါ်သည်။
ကေ-၅မျိုး
ဆစ်(ခ်)ဘာသာဝင်တိုင်း အောက်ဖော်ပြပါအချက်(၅)ချက်ကို၊ ၎င်းင်းတို့၏ ဆစ်(ခ်)ဘာသာဝင်ဖြစ်ကြောင်း သက်သေခံအဖြစ် ဆောင်ရွက်ရန် လိုအပ်ပေသည်။ (၁) ဆံပင်အရှည်ထားခြင်း (အားလုံးသောဂုရုကြီးများသည် ဆံရှည်ထားခဲ့ကြသည်။) (၂) ဆံပင်ရှည်ကို ရှင်းလင်းဖြီးသင်ရန် `ဘီး´ ဆောင်ထားရမည်။ (၃) အားအင်တောင့်တင်းရန်နှင့် မိမိကိုယ်ကိုထိန်းသိမ်းရန် သတ္တု (သို့) သံမဏိ လက်ကောက် ဆောင်ထားရမည်။ (၄) မိမိကိုယ်ကိုကာကွယ်ရန် ဓါးကောက်ဆောင်ထားရမည်။ (၅) လျှင်မြန်စွာနှင့်လွယ်ကူစွာရွေ့လျားနိုင်ရန် အထူးချုပ်ထားသည့် ဒူးဆစ်အထိ ရှည်လျားသော အောက်ခံဘောင်းဘီဝတ်ထားရမည်။
Mul-Mantra; ခေါ် ဆစ် (ခ်) ဘာသာ၏ အခြေခံယုံကြည်ချက်
ဆစ်(ခ်)၀ါဒကို လိုက်နာဆောင်ရွက်ကြသော ဆစ်(ခ်)၀ါဒီများက ကိုးကွယ်ရာအရှင်နှင့်ပတ်သက်၍ ပေးနိုင်ကြသော အကောင်းဆုံးအဖြေမှာ Mul Mantra ဖြစ်သည်။ ဤသည်မှာ ဆစ်(ခ်)၀ါဒ၏ အခြေခံယုံကြည်ချက်ဖြစ်ပြီး ဂုရုကြီးဂရန့်(သ်) ဆွာဟစ်(ဗ်) လက်ထက်အစောပိုင်းကာလတွင် ပေါ်ထွန်းခေဲ့သည်။ ဤယုံကြည်ချက်ကို Sri Guru Granth Sahib အတွဲ(၁)၊ Japuji ပထမပိုဒ်တွင် အောက်ပါအတိုင်းဖော်ပြထားသည်
`ကိုးကွယ်ရာအရှင်´ဘုရားသည် တစ်ဆူတည်းရှိသည်။ အရှင်သည် ဖန်ဆင်းရှင် အစစ်အမှန်ဖြစ်သည်။ အရှင်သည် ကြောက်ရွံ့ခြင်း၊မုန်းတီးခြင်းမှ ကင်းဝေးသည့် ထာဝရအသက်ရှင်တော်မူသော၊ မမွေးဖွားသော၊ မိမိဘာသာတည်ရှိနိုင်သော၊ ကြီးကျယ်မြင့်မြတ်တော်မူသော မဟာကရုဏာရှင် ဖြစ်သည်။´
ဆစ်(ခ်)၀ါဒအရ၊ ဆစ်(ခ်)ဘာသာဝင်များသည် စည်းမျဉ်းတင်းကျပ်သော တစ်ဆူတည်းသော ကိုးကွယ်ရာအရှင်ကို ကိုးကွယ်သောဝါဒကို လိုက်နာကြရသည်။ ၎င်းတို့သည် ek omkara ခေါ်သော၊ တစ်ပါးတည်းတည်ရှိတော်မူသော အကြီး အကျယ်ဆုံး အမြင့်မြတ်ဆုံးသောဘုရားရှင်ကို သက်ဝင်ယုံကြည်ကြသည်။ ရှင်းလင်းသောပုံစံဖြင့် ခေါ်ဝေါ်တသသောဘုရား၏အမည်မှာ Omkara ဖြစ်ပြီး၊ ၎င်းင်း၏ဂုဏ်တော်များမှာ- - ဖန်ဆင်းရှင် - ဘုရားရှင်၊ ဘုရားသခင် - ထာဝရတည်ရှိသောအရှင် - မြင့်မြတ်သန့်စင်သော အမည်နာမတော်များပိုင်ရှင် - ချစ်ခင် မြတ်နိုးတော်မူသောအရှင်(ထိန်းသိမ်းစောင့်ရှောက်တော်မူသောအရှင်) - မဟာကရုဏာရှင် - စောင်မကြည့်ရှုတော်မူသောစေတနာရှင် - ၀ဟီဂုရု (ခေါ်) စစ်မှန်သော တစ်ဆူတည်းတည်တော်မူသော ဘုရားရှင်
ဆစ်(ခ်)၀ါဒသည် အလွန်တင်းကျပ်သော တစ်ဆူတည်းသောဘုရားကိုယုံကြည် သည့်ဝါဒဖြစ်သည့်အပြင် `အ၀တရ´ ခေါ် လူဝင်စားခြင်းဟူသောအယူအဆကို မယုံကြည်ကြပေ။ အနန္တ ဘုန်းတော်ရှင်ဘုရားအနေနှင့် `အ၀တရ´ဟုခေါ်သော လူဝင်စား ဘုရားအဖြစ် မိမိကိုယ်ကိုဘ၀ပြောင်း ၀င်စားခြင်းမပြုဟု ယုံကြည်သည်။ ဆစ်(ခ်)၀ါဒသည် ရုပ်တုဆည်းကပ်ကိုးကွယ်ခြင်းကို ပြင်းပြင်းထန်ထန် ဆန့်ကျင်သည်။
ဂုရုနာနတ်(ခ်)သည် ကဘီးရ်၏လွှမ်းမိုးမှုခံရခြင်း
ဂုရုနာနတ်(ခ်)၏ အတွေးအခေါ်များတွင် သူတော်စင်ကဘီး(ရ်)၏ အယူအဆ ပြောကြားချက်များက သြဇာသက်ရောက်နေသည်။ ဤအကြောင်းကို အရှင်ရှရီ ဂုရုနာနတ်(ခ်)၏ ကျမ်းလာကဏ္ဍအတော်များများမှာပင် ကဘီးရ်၏ကဗျာများ (အဆုံး ကာရန်တူ လုံးရေညီနှစ်ကြောင်းကဗျာမျိုးများ) ပါဝင်နေချက်က သက်သေခံနေ ပေသည်။
“လူသားတိုင်းသည် ဒုက္ခနှင့်ရင်ဆိုင်ရသောအခါ ဘုရားသခင်ကိုသတိရ တတ်ကြပြီး၊ ငြိမ်းချမ်းသာယာပျော်ရွှင်နေခိုက်ဝယ် ဘုရားရှင်ကို မေ့လျော့တတ်ကြ၏။ တစ်စုံတစ်ဦးအနေနှင့် ငြိမ်းချမ်းသာယာပျော်ရွှင်နေခိုက်မှာပါ ဘုရားရှင်အားသတိရ တမ်းတမပျက်ခဲ့ပါလျှင် ထိုသူ့အပေါ်တွင် မည်သို့သောဘေးဒုက္ခမျှ ဆိုက်ရောက် လာမည် မဟုတ်ချေ။´´
အထက်စာပိုဒ်ပါကဗျာ၏ ဆိုလိုရင်းကို အောက်ဖော်ပြပါ ကျမ်းမြတ်ကုရ်အာန်၏ အာယသ်တော်နှင့် နှိုင်းယှဉ်ဆင်ခြင် သုံးသပ်ပါ။
“စင်စစ်သော်ကား (မုရှ်ရစ်က်)လူသား၌ ဘေး အန္တရာယ် တစ်စုံတစ်ရာ ဆိုက်ရောက်ခဲ့သောအခါ ထိုလူသားမှာ ၎င်းင်းအား ဖန်ဆင်းမွေးမြူ တော်မူသော အရှင်မြတ်ဘက်သို့ စိတ်ရောကိုယ်ပါလှည့်၍ ထိုအရှင် မြတ်အား ဟစ်အော် (တသ)လေ၏။ ထို့နောက် ၎င်းင်းအားထိုအရှင်မြတ် သည် မိမိအထံတော်မှ ကျေးဇူးတော် တစ်စုံတစ်ရာကို ချီးမြှင့်တော်မူ သောအခါ ၎င်းင်းမှာယခင်က ထိုအရှင်မြတ်အား မိမိ ဟစ်အော် (တသ) လျှက်ရှိခဲ့သည်ကို မေ့လျော့သွား၏။ ထိုမှတစ်ပါး ၎င်းင်းသည် (သူ တစ်ပါးတို့အား) ထို အရှင်မြတ်၏ လမ်းတော်မှ လွဲချော်တိမ်းပါးစေရန် ထိုအရှင်မြတ်၌ ဂုဏ်ရည်တူများကို ပြုလုပ်သတ်မှတ်လေ၏။ (အို-နဗီတမန်တော်) အသင်သည် (ထိုလူသားအား ဤသို့) ပြောကြားပါလေ။ အသင်သည် မိမိ၏ သွေဖည်မှုဖြင့် (နေ့ရက်) အနည်းငယ်မျှအကျိုး ကျေးဇူးခံစားလော့။ ဧကန်မလွဲ အသင်သည် ငရဲသား တို့တွင် အပါအ၀င် ဖြစ်သည်။´´ (ကုရ်အာန် ၃၉း၈)
ဇိုရိုအက်စထရိယန်ဝါဒတွင် လက်ခံယုံကြည်ထားသည့် ကိုးကွယ်ရာအရှင်ဟူသော အသိသညာ
ဇိုရိုအက်စထရိယန်(ခေါ်) ဇိုရိုအက်စထရာဝါဒသည် လွန်ခဲ့သော နှစ်ပေါင်း (၂၅၀၀)ကျော်ခန့်က ပါရှားနိုင်ငံ (ယခု-အီရန်နိုင်ငံ) အာရိယန်ဒေသတွင် အစပြု ပေါ်ထွန်းခဲ့လေသည်။ အခြားကမ္ဘာ့ အထင်ကရ ဘာသာတရားများနှင့် နှိုင်းယှဉ်လျှင် သက်ဝင်ယုံကြည်သူ အရေအတွက်နည်းပါးသော်လည်း၊ ဤဘာသာတရားသည် ကမ္ဘာ့ရှေးအကျဆုံး ဘာသာတရားတစ်ခု ဖြစ်သည်။ လက်ရှိ အခြေအနေတွင် ဤဘာသာဝင်အရေအတွက်မှာ(၁၃၀၀၀၀) ကျော်ခန့်သာရှိသည်။ အီရန်လူမျိုး ဇိုရိုအက်စတာသည် အထက်ဖော်ပြပါ ဇိုရိုအက်စထိရန်ဘာသာတရားကို ထူထောင် သူဖြစ်ပြီး `ပါစီဝါဒ´ ဟူ၍လည်း ခေါ်ဝေါ်ကြသည်။ ပါစီဘာသာဝင်များ၏ ထင်ရှားသောကျမ်းဂန်များမှာ ဒါစာတီယာနှင့် အဗက်စ်တာတို့ဖြစ်သည်။
ဇိုရိုအက်(စ်)ထရိယန်ဘာသာတွင် `ထာဝရဘုရားသခင်´ကို `အဟူရားမာဇဒါ´ ဟုခေါ်တွင်သည်။ အဟူရားဆိုသည်မှာ `အရှင်´၊ `သခင်´ ဟု အဓိပ္ပါယ်ရပြီး `မာဇဒါ´ဟူသည် ပညာဥာဏ်နှင့်ပြည့်စုံသောဟုအဓိပ္ပာယ်ရပါသည်။ ထို့ကြောင့် အဟူရားမာဇဒါဆိုသည် ဥာဏ်တော်ရှင်ဘုရား} (၀ါ) ]ပညာဥာဏ်ရှိသောအရှင် သခင်ဟု အဓိပ္ပာယ်ရသည်။ သို့ဖြစ်ပေရာ တစ်ဆူတည်းသောဘုရားကို ကိုးကွယ် ဆည်းကပ်ကြသူများ၏ ကိုးကွယ်ရာအရှင်သည် အဟူရားမာဇဒါပင် ဖြစ်သည်ဟု ယူဆနိုင်၏။ ဒါစာတီယာကျမ်းအရ ]ကိုးကွယ်ရာအရှင်}၏ ဂုဏ်တော်များ(အရည်အသွေးများ)
ဒါစာတီယာကျမ်းအရ၊ အဟူရားမာဇဒါဘုရားတွင် အောက်ဖော်ပြပါ အရည် အသွေးများနှင့် ပြည့်စုံပေသည်။ (၁) အရှင်သည် တစ်ပါးတည်းတည်ရှိတော်မူ၏။ (၂) အရှင်နှင့်ဆင်တူသောအရာဟူ၍ တစ်စုံတစ်ရာမျှမရှိ။ (၃) အရှင့်မှာ အစလည်းမရှိ၊ အဆုံးလည်းမရှိ။ (၄) အရှင့်မှာ အဖေလည်းမရှိ၊ အမေလည်းမရှိ၊ ဇနီးကြင်ယာလည်းမရှိ၊ သားသမီး လည်းမရှိ။ (၅) အရှင့်မှာ ခန္ဓာလည်းမရှိ၊ ပုံပန်းသဏ္ဌာန်လည်းမရှိ။ (၆) မည်သူတစ်ဦးတစ်ယောက်၏ ရုပ်မျက်လုံးမျှ သူ့ကို မမြင်နိုင်၊ မည်သည့် စိတ်ကူးအာရုံမျှအရှင့်ကို ကြံစည်စိတ်ကူး တွေးတောကြည့်၍ မရနိုင်ပါ။ (၇) အသင်ကြံစည်စိတ်ကူးသမျှ အရာအားလုံးထက်သာ လွန်၏။ (၈) အရှင်သည်သင်ကိုယ်တိုင်ထက်ပို၍ နီးကပ်သောနေရာတွင် အသင်နှင့်နီးကပ်စွာ ရှိနေတော်မူ၏။ အဗက်စတာကျမ်းတွင် ဖော်ပြထားသော ]ကိုးကွယ်ရာအရှင်} ၏ဂုဏ်ရည်တော် များမှာ အောက်ပါအတိုင်းဖြစ်သည်။ (၁) ဖန်ဆင်းရှင် (Yasna 31:7&11,44:7, 50:11, 51:7) (၂) အင်အားအရှိဆုံးသောအရှင် (၀ါ) အကြီးကျယ်ဆုံးအရှင် (Yasna 33:11, 45:6)
(၃) ကျေးဇူးပြုတော်မူသောအရှင် “Hudai” [Yasna 33:11, 48:3]
(၄) ရက်ရောပြည့်စုံတော်မူသောအရှင်- “Spenta” [Yasna 43:4,5,7,9,11,13,15] (Yasna 44:2, 45:5, 46:9, 48:3)
ဂျူးဘာသာ(ယုဒ၀ါဒ)တွင် လက်ခံထားသည့် `ကိုးကွယ်ရာအရှင်´ဟူသော အသိသညာ
ယုဒ၀ါဒ (၀ါ) ဂျူးဘာသာသည် ဆီးမိုက်ဘာသာတရားများအနက်၊ အဓိက ဘာသာတရားတစ်ခု ဖြစ်သည်။ ဤဘာသာကို သက်ဝင်ယုံကြည် လိုက်နာသူများကို ယုဒဟုခေါ်ပြီး၊ ၎င်းင်းတို့သည် တမန်တော်မူစာ(မောရှေ) နှင့် သူ၏တရားဒေသနာများကို ယုံကြည်လိုက်နာခဲ့သူများ ဖြစ်ကြသည်။ တရားဟောရာကျမ်း (Deuteronomy)မှ အောက်ဖော် ပြပါကျမ်းပိုဒ်များသည် တမန်တော်မူစာ(မောရှေ)က သူ၏ နောက်လိုက်များအား အလေးအနက် တိုက်တွန်း အားပေးချက်များ ဖြစ်သည်။
(၁) “အို-ဣသရေလအမျိုး၊ နားထောင်လော့။ ငါတို့၏ဘုရားသခင် ထာဝရဘုရားသည် တစ်ဆူတည်းသောထာဝရဘုရား ဖြစ်တော်မူ၏။´´ [The Bible, Duet 6:4] (၂) ဟေရှာယနာဂတ္တိ (Isaiah)ကျမ်းမှ အောက်ဖော်ပြပါ ကျမ်းပိုဒ်များကို ဆင်ခြင် သုံးသပ်ပါ။
“ ငါတစ်ပါးတည်းသည် ထာဝရဘုရားဖြစ်၍ ငါမှတစ်ပါးကယ်တင် သောသခင်မရှိ။´´ [The Bible, Isaiah, 43:11]
(၃) “ငါတစ်ပါးတည်းသာ ထာဝရဘုရားဖြစ်၏။ ငါမှတစ်ပါး အခြားသော ဘုရားသခင်မရှိ။´´ [The Bible, Isaiah, 45:5]
(၄) “ငါသည်ဘုရားသခင်ဖြစ်၏။ ငါမှတစ်ပါး အခြားသော ဘုရားမရှိ။´´ [The Bible, Isaiah, 46:9]
(၅) ယုဒ၀ါဒ(သို့) ဂျူးဘာသာသည် ရုပ်ထုများကိုးကွယ်ခြင်းကို ပြစ်တင် ရှုံ့ချသောဝါဒဖြစ်ကြောင်း အောက်ဖော်ပြပါကျမ်းပိုဒ်များအရ လေ့လာသိရှိနိုင်ပါသည်။
“ ငါမှတစ်ပါး အခြားသောဘုရားကို မကိုးကွယ်နှင့်။ အထက်မိုးကောင်း ကင်၌လည်းကောင်း၊ အောက်အရပ်မြေကြီးပေါ်၌လည်းကောင်း၊ မြေကြီးအောက် ရေထဲ၌လည်းကောင်းရှိသောအရာနှင့် ပုံသဏ္ဍာန်တူအောင်၊ ရုပ်တုကို ကိုယ့်အဖို့မလုပ်နှင့်။ မင်း သူတို့ကို ဦးမချဝတ်မပြုနှင့်။ အကြောင်းမူကား၊ သင်၏ဘုရားသခင် ငါထာဝရဘုရားသည်၊ သင့်၌အပြစ်ရှိသည်ဟု ယုံလွယ် သောဘုရားဖြစ်၏။´´ (သမ္မာကျမ်းစာ၊ လွတ်မြောက်ရာကျမ်း ၂၀း၃-၅)
အထက်ဖော်ပြပါဖော်ပြချက်နှင့် ဆင်တူသောသတိပေး လမ်းညွှန်ချက်ကို တရားဟောရာကျမ်း (Deuteronomy) တွင်ထပ်မံ၍ မိန့်ဆိုထားကြောင်းတွေ့ရသည်
“ငါမှတစ်ပါး အခြားသောဘုရားကို မကိုးကွယ်နှင့်။ အထက်မိုးကောင်းကင် ၌လည်းကောင်း၊ အောက်အရပ်မြေကြီးပေါ်၌လည်းကောင်း၊ မြေကြီးအောက် ရေထဲ၌လည်းကောင်း၊ ရှိသောအရာနှင့် ပုံပန်းသဏ္ဍာန်တူအောင်ရုပ်တုကို ကိုယ့်အဖို့မလုပ်နှင့်။ ဦးမချ၊ ၀တ်မပြုပါနှင့်။ အကြောင်းမူကား သင်၏ဘုရားသခင် ငါထာဝရဘုရားသည် သင့်၌အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရား ဖြစ်၏။´´ (သမ္မာကျမ်းစာ၊ တရားဟောကျမ်း ၅း၇-၉)
[ပြင်ဆင်ရန်] ခရစ်ယာန်ဘာသာတွင် လက်ခံထားသည့် `ကိုးကွယ်ရာအရှင်´´ဟူသောအသိသညာ
ခရစ်ယာန်အယူဝါဒသည် ဆီးမိုက်ဘာသာတရားတစ်ခုဖြစ်ပြီး၊ ယခုအခါ တစ်ကမ္ဘာလုံးတွင် ခရစ်ယာန်ဘာသာဝင် အရေအတွက်မှာ သန်း (၂၀၀၀)ခန့်ရှိသည်ဟု အခိုင်အမာဆိုနေကြပါသည်။ ခရစ်ယာန်အယူဝါဒသည် ယေရှုခရစ် (က) အမည် နာမပေါ်တွင် အရင်းခံ၍မှည့်ခေါ်ထားသော အမည်ဖြစ်သည်။ ယေရှုသခင် (တမန်တော်အီစာ) သည် အစ္စလာမ်တွင် ကြည်ညိုလေးစားခြင်းခံရသော တမန်တော် တစ်ပါးဖြစ်သည်။ ခရစ်ယာန်မဟုတ်သော အယူဝါဒများအနက် (အစ္စလာမ် ဘာသာသည်) ယေရှုသခင်ကို ယုံကြည်ရန်ပြဋ္ဌာန်းထားသော တစ်ခုတည်းသော ဘာသာတရား ဖြစ်သည်။
ခရစ်ယာန်ဘာသာတွင် လက်ခံထားသော `ကိုးကွယ်ရာအရှင်´ ဟူသော အသိသညာကို ဆွေးနွေးမတင်ပြမီ အစ္စလာမ်ဘာသာက လက်ခံထားသော သခင်ယေရှု၏ အနေအထားကို စူးစမ်းလေ့လာကြည့်ပါစို့။
(၁) အစ္စလာမ်သည် သခင်ယေရှုအပေါ်တွင် စွဲမြဲသောယုံကြည်ချက်ထားရှိသည့် ခရစ်ယာန်မဟုတ်သော ဘာသာတရားများအနက် တစ်ခုတည်းသော ဘာသာဖြစ်သည်။ မွတ်စလင်မ်ဟု ခံယူထားသူတစ်ဦးသည် သခင်ယေရှုကို လက်ခံယုံကြည်မှုမရှိပါက သူသည် စစ်မှန်သော မွတ်စလင်မ် မဖြစ်နိုင်ပေ။
(၂) ကျွန်ုပ်တို့မွတ်စလင်မ်များက သခင်ယေရှုသည်၊ အလ’ာဟ်အရှင်မြတ်၏ စွမ်းအားကြီးကျယ်သော တမန်တော်များအနက်မှတစ်ပါးဟု ယုံကြည်ကြသည်။
(၃) ခေတ်သစ်ခရစ်ယာန်ဘာသာဝင်များက မယုံကြည်ကြသော်လည်း၊ သခင်ယေရှုသည် မည်သည့်ယောက်ျားနှင့်မျှ ကူးလူးဆက်ဆံမှုမရှိပါဘဲလျှက် အပျိုစင်စစ်စစ်မိခင်မှ ထူးဆန်း အံ့သြဖွယ်ရာမွေးဖွားလာကြောင်းကို ကျွန်ုပ်တို့ မွတ်စလင်မ်များ ယုံကြည်ကြသည်။
(၄) သခင်ယေရှုသည် ထာဝရကိုးကွယ်ရာအရှင်၏ ခွင့်ပြုချက်အရ သူသေကို အသက်သွင်းပြခဲ့သည်ဟု ယုံကြည်ကြသည်။
(၅) သခင်ယေရှုသည် ထာဝရကိုးကွယ်ရာအရှင်၏ခွင့်ပြုချက်ဖြင့် မွေးရာပါ မျက်စေ့မမြင်သူများနှင့် အနူရောဂါသည်များကို ကုသပျောက်ကင်းစေသည် ဟုယုံကြည်ကြသည်။
အကယ်၍တစ်စုံတစ်ယောက်သောသူက၊ မွတ်စလင်မ်နှင့် ခရစ်ယာန်များသည် သခင်ယေရှုကို ချစ်ခင်မြတ်နိုးလေးစားကြပါသည်ဆိုလျှင် မည်သည့်နေရာတွင် ဤနှစ်အုပ်စု၏အယူအဆ ခွဲထွက်သွားသနည်းဟုမေးလာလျှင် အဖြေမှာ အောက်ပါ အတိုင်းဖြစ်သည်။ ခရစ်ယာန်များက သခင်ယေရှုသည် ထာဝရကိုးကွယ်ရာ အရှင်ဘုရားဖြစ်ခြင်းကို အခိုင်အမာယုံကြည်နေခြင်းပင်ဖြစ်သည်။ ခရစ်ယာန် ဘာသာဆိုင်ရာကျမ်းဂန်များကို လေ့လာဆည်းပူးမှုများအရ သခင်ယေရှု ကိုယ်တော်တိုင်က မိမိသည် ကိုးကွယ်ရာအရှင်ဘုရားဖြစ်သည်ဟူသောအချက်ကို မည်သည့်အခါကမျှ ရေးသား ဖော်ပြထားခြင်းမျိုးမရှိကြောင်းကို ဖွင့်လှစ်ဖော်ပြ နေပေသည်။ အမှန်မှာသမ္မာကျမ်းတစ်အုပ်လုံးတွင်သခင်ယေရှု ကိုယ်တော်တိုင်က ကျွန်ုပ်သည်ကိုးကွယ်ရာအရှင်ဖြစ်သည်။ (သို့) ကျွန်ုပ်အား ကိုးကွယ် ဆည်းကပ်ပါဟူ၍ ပြတ်ပြတ်သားသား၊ တိတိကျကျ အဆိုပြုရေးသားချက် တစ်ခုတစ်လေမျှမရှိပေ။ အမှန်မှာ သမ္မာကျမ်းတွင် သခင်ယေရှုကိုယ်တော်တိုင် တရားဒေသနာဟောကြားရာတွင် မိမိသည် ဘုရားဖြစ်သည်ဟူသောအချက်များကို ဟောကြားခဲ့ခြင်းမရှိဘဲ ဆန့်ကျင်ဘက်အကြောင်းအရာများ၊ အဆိုပြုချက်များကို ဟောကြားခဲ့သည်ကို တွေ့ရပေသည်။သမ္မာကျမ်းစာတွင်းမှ သခင်ယေရှု၏ ဟောကြားချက်များကို အောက်ဖော်ပြပါ ကျမ်းပိုဒ်များအရ ဆင်ခြင်သုံးသပ်နိုင်သည်။
“ငါ၏ခမည်းတော်သည် ငါ့ထက်သာ၍ ကြီးမြတ်တော်မူ၏။´´ ( ရှင်ယောဟန်၊ ၁၄း၂၈)
“ငါ၏ခမည်းတော်သည် ခပ်သိမ်းသောသူတို့ထက် ကြီးမြတ်တော်မူ၏။´´ (ရှင်ယောဟန် ၁၀း၂၉)
“ငါသည်ဘုရားသခင်၏ ၀ိညာဉ်တော်ကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်မှန်လျှင် —´´ (ရှင်မဿဲ ၁၄း၂၈)
“— ငါသည် ဘုရားသခင်၏ လက်ညှိုးတော်အားဖြင့် နတ်ဆိုးတို့ကို နှင်ထုတ်သည် မှန်လျှင် —´´ (ရှင်လုကာ ၁၁း၂၀)
“ငါသည် ကိုယ်အလိုအလျောက် အဘယ်အမှုကိုမျှ မပြုနိုင်။ ငါသည် ကြားသည့်အတိုင်းတရားစီရင်၏။ ငါ၏စီရင်ခြင်းသည်လည်း တရားတော်နှင့် ညီညွတ်၏။ အကြောင်းမူကား ငါသည် ကိုယ့်အလိုသို့မလိုက်၊ ငါ့ကို စေလွှတ်တော် မူသော ခမည်းတော်အလိုသို့လိုက်၏။´´ (ရှင်ယောဟန် ၅း၃၀)
ယေရှုခရစ်အားစေလွှတ်ခြင်း
ကိုယ်တော်သည်လမ်းညွှန်တရားများကို ပြည့်စုံစေခြင်းအလို့ငှာ ကြွှလာတော်မူခြင်း
သခင်ယေရှုသည် သူ့ကိုယ်သူဘုရားဖြစ်ကြောင်း တစ်ခါမျှ ဖွင့်ဟပြောဆိုမှု မပြုခဲ့ချေ။ သူသည် သူ့အား ကိုးကွယ်ရာအရှင်က စေလွှတ်တော်မူခြင်းအကြောင်းနှင့် သူ၏တာဝန်ကိုရှင်းလင်းစွာ ဖွင့်ဟကြေငြာခဲ့သည်။ သခင်ယေရှုအား လွန်လေပြီးသော ဂျူးများနှင့်ဆိုင်သော လမ်းညွှန်တရားများကိုအတည်ပြုရန် စေလွှတ်တော်မူခဲ့၏။ ရှင်မဿဲခရစ်ဝင်ကျမ်းပါ အောက်ဖော်ပြပါ သခင်ယေရှု၏ ဟောကြားချက်များက ၎င်း၏တာဝန်သည် ဂျူးများနှင့်ဆိုင်သော လမ်းညွှန်တရားများကို အတည်ပြုရန် ဖြစ်သည်ဟူသောအချက်ကို ထင်ထင်ရှားရှား ထောက်ခံနေပေသည်။
“ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းများကိုဖျက်ပယ်ခြင်းငှာ ငါလာသည်မဟုတ်၊ ပြည့်စုံစေခြင်းငှာ ငါလာသတည်း။ ငါအမှန်ဆိုသည်မှာကား ကောင်းကင်နှင့် မြေကြီးမပျက်စီးမှီတိုင်အောင်၊ ပညတ္တိကျမ်း၏ အငယ်ဆုံးသော စာလုံးဗိန္ဓု တစ်လုံးမျှ ပြည့်စုံခြင်းသို့မရောက်မှီ မပျက်စီးစေရ။ ထို့ကြောင့် အကြင်သူသည် အငယ်ဆုံးသောပညတ်တစ်ခုကို ကိုယ်တိုင် လွန်ကျူး၍ သူတစ်ပါးတို့အားလည်း ထို့အတူသွန်သင်၏။ ထိုသူသည် ကောင်းကင်နိုင်ငံတော်၌ အငယ်ဆုံးသောသူ ဖြစ်လိမ့်မည်။ အကြင်သူသည် ကိုယ်တိုင်ကျင့်၍ သူတစ်ပါးတို့အားလည်း သွန်သင်၏။ ထိုသူသည် ကောင်းကင်နိုင်ငံတော်၌ ကြီးသောသူဖြစ်လိမ့်မည်။´´ (သမ္မာကျမ်း၊ ရှင်မဿဲ ၅း၁၇-၂၀)
ထာဝရဘုရားသခင်(ကိုးကွယ်ရာအရှင်)က ယေရှုခရစ်တော်အား စေလွှတ်ခြင်း
(ယေရှုခရစ်တော်အား တမန်တော်အဖြစ် စေလွှတ်ခြင်းနှင့်၊ သခင်ယေရှုအား စေလွှတ်တော်မူသောသဘာဝကို) သမ္မာကျမ်း၏ အောက်ဖော်ပြပါကျမ်းပိုဒ်များတွင် ဖော်ပြထားသည်။
“သင်တို့ကြားသောစကားသည် ငါ့စကားမဟုတ်၊ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်၏ စကားတော်ဖြစ်၏။´´ (သမ္မာကျမ်း၊ ရှင်ယောဟန် ၁၄း၂၄)
“ထာဝရအသက်ဟူမူကား၊ မှန်သောဘုရားသခင်၊ တစ်ဆူတည်းဖြစ်တော် မူသောကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသောယေရှုခရစ်ကို လည်းကောင်း၊ သိကျွမ်းခြင်းတည်း။´´ (သမ္မာကျမ်း၊ ရှင်ယောဟန် ၁၇း၃)
သခင်ယေရှုက သူသည်ဘုရားဖြစ်သည်ဟူသောအချက်ကို ရေးရေးမျှပင် ဟောကြားခဲ့ခြင်းမရှိ။ အောက်ဖော်ပြပါ သမ္မာကျမ်းစာမှ ဖြစ်ရပ်များသည် ဤအချက်များကို ထောက်ခံနေပေသည်။
“ထို့နောက် လူတစ်ယောက်သည်ချဉ်းကပ်၍ ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကိုရအံ့သောငှာ အကျွန်ုပ်သည် အဘယ်ကောင်းမှုကိုပြုရပါမည် နည်းဟု မေးလျှောက်သော်တဖန်ယေရှုက ထိုသူအားပြောကြားသည်မှာ ငါ့ကို ကောင်းမြတ်သည်ဟု အဘယ်ကြောင့်ခေါ်သနည်း။ ဘုရားသခင် တစ်ပါးတည်းသာ ကောင်းမြတ်တော်မူ၏ အသက်ရှင်ခြင်းသို့ ၀င်စားလိုလျှင် ပညတ်တော်တို့ကို စောင့်ရှောက်လော့ဟု မိန့်တော်မူ၏။´´ (သမ္မာကျမ်း၊ ရှင်မဿဲ ၁၉း၁၆-၁၇)
အထက်ဖော်ပြပါ၊ သမ္မာကျမ်းမှ ထုတ်ပြန်ထွက်ဆိုချက်များက၊ ခရစ်ယာန် ဘာသာဝင်များ တရားသေလက်ခံထားသော ယေရှုခရစ်သည် ဘုရားဖြစ်သည် ဟူသောအချက်နှင့်၊ခရစ်တော်က မိမိကိုယ်ကို စွန့်လွှတ်အနစ်နာခံ၍ လူသားများကို အပြစ်မှ ဆေးကြောကယ်တင်သည်ဟူသော အယူအဆကို အတိအပ ငြင်းဆိုနေ ပေသည်။ သခင်ယေရှုကိုယ်တိုင်က ကယ်တင်ခြင်း ခံယူရန်အလို့ငှာ ပညတ်တော်များကို လိုက်နာဆောင်ရွက်ရန် တိုက်တွန်းနှိုးဆော်ထားပေသည်။ (သမ္မာကျမ်း၊ ရှင်မဿဲ ၁၉း၁၆-၁၇)
နဇရက်မှသခင်ယေရူ ဘုရားသခင်၏သဘောတူလူသား
သမ္မာကျမ်းမှ အောက်ဖော်ပြပါထုတ်ပြန်ချက်များသည်၊ ယေရှုသခင်သည် ကိုးကွယ်ရာအရှင်၏တမန်တော်ဖြစ်သည် ဟူသော၊ အစ္စလာမ့်ယုံကြည်ချက်များကို ထောက်ခံနေပေသည်။
“အို ဣသရေလ(အစ္စရေး) အမျိုးသားအပေါင်းတို့ ကြားနာကြလော့။ နဇရက်မြို့သားယေရှုသည် ဘုရား၏သက်သေခံလူသား (အာယသ်)ဖြစ်၍၊ ဘုရားကအသင်တို့အတွက် ချမှတ်ပေးလက်စ၊ တရားဒေသနာများကို ပြီးပြည့်စေရန်အလို့ငှာ အံဖွယ်ရာပြာဋိဟာ၊ သက်သေလက္ခဏာများနှင့် စေလွှတ်တော်မူမည်ကို သင်တို့ဘာသာသိကြလေလော့။´´
ပထမပညတ်တော် ကိုးကွယ်ရာအရှင်သည် တစ်ပါးတည်းသာ
သမ္မာကျမ်းစာက ခရစ်ယာန်ဘာသာဝင်များ၏ ]သုံးပါးတစ်ဆူ} ဟူသော အယူအဆကို လုံးဝမထောက်ခံကြပေ။ သခင် ယေရှု၏ စာရေးတော်တစ်ဦးက သခင်ယေရှုအား ပညတ်တော်များထဲမှ ပထမဆုံးပညတ်တော်ကို မေးလျှောက်ရာတွင် ယေရှုခရစ်သည်၊ မောရှေ(မူစာ)က မိန့်တော်မူခဲ့သည်ကို ထပ်မံ၍မိန့်ကြားခဲ့သည်။
“နားဆင်လော့ အိုဣသရေလ(အမျိုးသားအပေါင်းတို့ ငါတို့၏ ဘုရား သခင်ထာဝရဘုရားသည် တစ်ဆူတည်းသောထာဝရဘုရားဖြစ်တော်မူ၏။ ထာဝရဘုရားသည် တစ်ပါးတည်းဖြစ်တော်မူ၏။´´ (ရှင်မာကု ၁၂း၂၉)
အစ္စလာမ်ဘာသာတွင် လက်ခံထားသော ကိုးကွယ်ရာအရှင်ဟူသောအသိသညာ
အစ္စလာမ်ဘာသာသည် ဆီးမိုက်ဘာသာတရားများအနက်မှတစ်ခုဖြစ်ပြီး၊ ကမ္ဘာတစ်လွှားတွင် ဘာသာဝင်အရေအ တွက်သန်း(၁၂၀၀)ကျော်ခန့်ရှိသည်။ အစ္စလာမ်ဟူသည် အလ္လာဟ်အရှင်၏ အလိုတော်အတိုင်းလိုက်နာခြင်း၊ နာခံခြင်းဟု အဓိပ္ပာယ်ရသည်။ မွတ်စလင်မ်များသည် ကျမ်းမြတ်ကုရ်အာန်ကို အလ္လာဟ် အရှင်ထံတော်မှ တမန်တော်မုဟမ္မဒ်ပေါ်တွင် ထုတ်ပြန်ချမှတ်ပေးသော အလ္လာဟ်အရှင်၏လမ်းညွှန် တရားတော်များဟု ယုံကြည်သည်။ ကမ္ဘာ့သမိုင်းခေတ်အဆက် ဆက်တွင် အလ္လာဟ်အရှင်ထံမှ တမန်တော်များစေလွှတ်၍ ကိုးကွယ်ရာအရှင်သည် အလ္လာဟ်တစ်ပါးတည်းရှိကြောင်းနှင့် ]နောင်တမလွန်ဘ၀တွင် စစ်ဆေးမေးမြန်း ခြင်းခံရမည့်အကြောင်းများကို သတင်းပေးစေသည်ဟုအစ္စလာမ်မှ အခိုင်အမာဖွင့်ဟ ပြောဆိုပါသည်။ ထို့ကြောင့် အစ္စလာမ်ဘာသာတွင် ခိုင်မာသောဘာသာရေး ယုံကြည်ချက်အဖြစ် ပွင့်လေကုန်သော တမန်တော်များကို ယုံကြည်စေပါသည်။ ဤတမန်တော်များမှာ တမန်တော်အာဒမ်မှစ၍ တမန်တော် နူးဟ်(နော်ဧ)၊ တမန်တော်အီဗရာဟင်မ်၊ တမန်တော် အစ္စမာအီလ်၊ တမန်တော် အစ္စဟာက်၊ တမန်တော်ယအ်ကူဗ်၊ တမန်တော်မူစာ၊ တမန်တော် ဒါဝူးဒ်၊ တမန်တော် ယဟ်ယာ၊ တမန်တော်အီစာ (သခင်ယေရှု)နှင့် အခြားသောတမန်တော်များ ပါဝင်ကြသည်။
ကိုးကွယ်ရာအရှင်ဟူသော ဝေါဟာရအတွက် အတိကျဆုံးသော အဓိပ္ပာယ်သတ်မှတ်ချက်
အစ္စလာမ်၏ “ကိုးကွယ်ရာအရှင်´´ဟူသော ဝေါဟာရအတွက် အတိကျ ဆုံးအဓိပ္ပာယ် သတ်မှတ်ချက်ကို စူရာဟ် အိခ်လာဆွ် (ကုရ်အာန်ကဏ္ဍ အမှတ် ၁၁၂)ရှိ အာယသ်တော် (၄) ခုကအတိအကျဖွင့်ဆိုထားပါသည်။
(၁)(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ ထိုအလ္လာဟ် အရှင်မြတ်သည် တစ်ဆူတည်းဖြစ်တော်မူ၏။ (၂)အလ္လာဟ်အရှင်မြတ်သည် လိုလားတောင့်တခြင်း လုံးဝကင်းရှင်းတော်မူ သောအရှင်၊ သူတစ်ပါးတို့၏ မှီခို အားထားရာအရှင်၊ အနှိုင်းမဲ့ ထာဝရအရှင် ဖြစ်တော်မူ၏။ (၃) ထိုအရှင်မြတ်သည် မည်သူတစ်ဦး တစ်ယောက်ကိုမျှ မွေးဖွား တော်မူခဲ့သည် မဟုတ်ပေ။ မည်သူတစ်ဦးတစ်ယောက်၏ မွေးဖွားခြင်း ကိုလည်း ခံရတော်မူသည် မဟုတ်ပေ။ (၄) ထိုမှတစ်ပါး ထိုအရှင်မြတ်၌ ဂုဏ်ရည်တူသူဟူ၍လည်း တစ်ဦး တစ်ယောက်မျှပင် မရှိပေ။ (ကျမ်းမြတ်ကုရ်အာန် ၁၁၂း၁-၄)
အထက်ပါစူရာဟ်ကဏ္ဍ၏ဒုတိယကျမ်းပိုဒ်လာ`အဆ်ွဆွမဒ်´ ဟူသောဝေါဟာရမှာ ပြည့်စုံစွာအဓိပ္ပာယ်ပြန်ဆိုရန် ခဲယဉ်းပါသည်။ ၎င်းင်း၏အနက်မှာ ပကတိတည်ရှိခြင်း၊ အကြွင်းမဲ့ တည်နေခြင်းဟုဖြစ်သည်။ ဤဂုဏ်တော်၏အရည်အသွေးမှာ အလ္လာဟ်အရှင် တစ်ပါးတည်းနှင့် ထိုက်တန်သည်။ အဘယ်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မှလွဲ၍ အခြားသော သက်ရှိသက်မဲ့အရာအားလုံး သည်ခေတ္တယာယီတည်နေသော (သို့) အခြေအနေတစ်ရပ် အပေါ်တွင်မူတည်၍ ရပ်တည်နေကြရသောကြောင့် ဖြစ်သည်။ ထို့ကြောင့် အဆ်ွဆွမဒ်သည် အလ္လာဟ်အရှင်မြတ်သည် မည်သည့် လူပုဂ္ဂိုလ်၊ အရာဝတ္ထု တစ်စုံတစ်ရာတွင်ပေါ်မှ မှီတည်နေခြင်း မဟုတ်ဘဲ၊ အားလုံးသော လူပုဂ္ဂိုလ်များနှင့်အရာဝတ္ထုခပ်သိမ်းကသာလျှင် အလ္လာဟ်အရှင်ပေါ်တွင်မှီ၍ တည်ရှိနေကြခြင်းဖြစ်သည်။
စူရဟ်အိခ်လာဆွ် ဘာသာရေးယုံကြည်မှုဆိုင်ရာလေ့လာမှုပညာရပ်အတွက် မှတ်ကျောက်ဖြစ်ခြင်း
ကျမ်းမြတ်ကုရ်အာန်၏ စူရာဟ်ကဏ္ဍ (၁၁၂)သည်၊ စူရာဟ်အိခ်လာဆွ် ဖြစ်ပေသည်။ ဘာသာရေးယုံကြည်မှုဆိုင်ရာလေ့လာမှု ပညာရပ်အတွက်မှတ်ကျောက် ဖြစ်ပေသည်။ ဤနေရာတွင် `Theo´ဟူသောစကားမှာ `ဘုရား´ဟု အဓိပ္ပာယ်ရ၍ `Logy´ဟူသည်မှာ လေ့လာခြင်းဟုအနက်ရှိသည်။ ထို့ကြောင့် `Theology´ မှာ ဘုရားများ အကြောင်းလေ့လာခြင်းဖြစ်သည်။ မွတ်စလင်မ်များအတွက်၊ အနန္တ စွမ်းအားတော်အရှင်နှင့်ပတ်သက်၍ အဓိပ္ပာယ်သတ်မှတ်ချက်(၄)မျိုးရှိပြီး၊ ၎င်းသည် သီအိုလိုဂျီ ဘာသာရပ်အတွက် မှတ်ကျောက်အဖြစ် ထမ်းဆောင်ပေးပေသည်။ ကိုးကွယ်ခြင်းခံထိုက်သည်ဟု သတ်မှတ်ခြင်းခံရသော အရာတိုင်းသည် မှတ်ကျောက် တင်ခြင်းကို ခံနိုင်ရပေမည်။ ဤ ကဏ္ဍတွင် ဖော်ပြထားသော (အလ္လာဟ်အရှင်မြတ်၏ ဂုဏ်ရည်တော်များသည်) ယှဉ်ဘက်မရှိ ပြည့်စုံနေသော်လည်း၊ ဘုရားတု ဘုရားယောင်များမှာမူ အထက်ပါ စူရာဟ်ကဏ္ဍပါ ဂုဏ်ရည်တော်များနှင့် မှတ်ကျောက်တင် စစ်ဆေးပါက အလွယ်တကူပြုတ်ကျသွားမည် ဖြစ်ပေသည်။
[ပြင်ဆင်ရန်] အစ္စလာမ်ကပြောသောလူသားဘုရား
အိန္ဒိယနိုင်ငံသည် မနုဿဘုရား(သို့) လူသားဘုရားများ၏ နယ်မြေဟု အမည်ကျော်ကြားပါသည်။ အကြောင်းမှာ ၀ိညာဉ်ပိုင်းဆိုင်ရာဆရာသခင် အမြောက်အမြား အိန္ဒိယတွင်ရှိနေခြင်းကြောင့်ဖြစ်သည်။ ဤပုဂ္ဂိုလ်များအနက် များစွာသော`ဘာဘာ´ များနှင့် `သူတော်စင်ကြီး´များတွင် နိုင်ငံပေါင်းများစွာမှ လက်ခံ ယုံကြည်သူနောက်လိုက်များ ရှိကြပေသည်။ အစ္စလာမ်သည် မည်သည့်လူသားကို (အဖန်ဆင်းခံ)ကိုမဆို ကိုးကွယ်ပသခြင်းကို မနှစ်မြို့ချေ။
ဤကဲ့သို့ ဘုရားအယောင်ဆောင်သူများနှင့်ပတ်သက်သော အစ္စလာမ်၏ ရပ်တည်မှုရှုထောင့်ကိုနားလည်ရန်မှာ လူသားဘုရားတစ်ယောက်ဖြစ်သည့် အောစ့်ဟို ရာဂ်ျနီးရှ်}ကိုဆန်းစစ် လေ့လာကြည့်ကြပါစို့။ အော့စ်ဟိုရာဂ်ျနီးရှ်သည် အိန္ဒိယမှ ထွက်ပေါ်လာသော `၀ိညာဉ်ရေးရာဆရာ´ အမြောက်အမြားထဲမှတစ်ဦး ဖြစ်သည်။ (၁၉၈၁)ခုနှစ်၊မေလတွင် သူသည်အမေရိကန်ပြည်ထောင်စုသို့သွား၍ `ရားဂ်ျနီးရှ် ပူရမ်´ဟူသောမြို့ကို ထူထောင်ခဲ့သည်။ ထို့နောက် (အနောက်နိုင်ငံ အာဏာပိုင်များကို) ဥပဒေစည်းမျဉ်းနှင့် ငြိစွမ်းသော အရေးကိစ္စကိုကျူးလွန်မှုနှင့် ဆန့်ကျင်မိခြင်းကြောင့်၊ ၎င်းင်းတို့၏ဖမ်းဆီးအပြစ်ပေးခြင်းခံရပြီး ပြည်နှင်ဒဏ်ပေးခံခဲ့ရလေသည်။ သူသည် အိန္ဒိယနိုင်ငံသို့ ပြန်လာခဲ့ပြီး `ပူနေ´ တွင် `ဘုံအဖွဲ့´တစ်ခုကို ဖွဲ့စည်းခဲ့ပြီး `အော့စ်ဟို ဘုံအဖွဲ့´ဟု အမည်တွင်၏။ ရားဂ်ျနီးရှ်သည် (၁၉၉၀)တွင်ကွယ်လွန်သေဆုံးခဲ့၏။ အော့စ်ဟိုရားဂ်ျနီးရှ်၏ နောက်လိုက်နောက်ပါများက သူ့ကို အနန္တ စွမ်းအားရှင် ]ဘုရား} ဟု ယုံကြည်ကြသည်။ `ပူနေ´ရှိ `အော့စ်ဟို ဘုံအဖွဲ့´သို့ အလည်အပတ်ရောက်ရှိ လာသော ဧည့်သည်သည် အောက်ဖော်ပြပါသင်္ချိုင်းစာကို ရားဂ်ျနီးရှ်၏အုတ်ဂူပေါ်တွင် တွေ့နိုင်သည်။
“အော့စ်ဟိုသည် မည်သည့်အခါမျှ မွေးဖွားခြင်းမခံရသလို မည်သည့် အခါမျှသေဆုံးခြင်းလည်းမရှိ။ သူသည် (၁၉၃၁)ခုနှစ်၊ဒီဇင်ဘာလ (၁၁)ရက်မှ ဇန္န၀ါရီလ (၁၉)ရက်အထိသာ ကမ္ဘာဂြိုဟ်သို့ အလည်အပတ် ရောက်ရှိခဲ့ခြင်းဖြစ်သည်။´´
သူ၏နောက်လိုက်များ ရေးသားရန်မေ့လျော့ခဲ့သည်မှာ အော့စ်ဟိုအား ကမ္ဘာ့ နိုင်ငံ(၂၁)နိုင်ငံသို့ဝင်ခွင့်ဗီဇာပေးခြင်းမခံရဟူသော အချက်ဖြစ်သည်။ အောစ့်ဟို ရားဂ်ျနီးရှ်၏ နောက်လိုက်များအနေနှင့် သူတို့၏ဘုရား ကမ္ဘာဂြိုဟ်ကိုလည်ပတ်စဉ်က နိုင်ငံ တစ်နိုင်ငံသို့ဝင်ရောက်ရန် ဗီဇာလိုအပ်ခြင်းဟူသော ပြဿနာကို ပြဿနာဟု မမြင်ခဲ့ကြချေ။
ဤဘုရားအဖြစ် သတ်မှတ်ခြင်းခံရသော ဘဂ၀မ် ရားဂ်ျနီးရှ်အား ကိုးကွယ်ရာ ဖြစ်ခြင်းကို မှတ်ကျောက်တင်နိုင်သည့် စူရာဟ်အိစ်ခ်လာဆ်ွပါဂုဏ်အရည်အချင်းများနှင့် စစ်ဆေး တိုင်းတာကြည့်ကြပါစို့။ (၁) ပထမဆုံး စံချိန်၊စံညွှန်းမှာ “ပြောကြားလော့၊ သူသည် အလ္လာဟ်အရှင်မြတ် ဖြစ်သည်။ တစ်ပါးတည်း တည်ရှိတော်မူသောအရှင် ဖြစ်သည်။´´ ဤစံချိန်စံညွှန်းဖြင့် “ရားဂ်ျနီးရှ်သည် တစ်ပါးတည်း တစ်ယောက်တည်းသာလျှင်ရှိသောသူဖြစ်ပါသလား´´ဟူသည့်အချက်ကိုစစ်ဆေးပါက၊ သူသည်ကိုးကွယ်ရာ အရှင်မဖြစ်နိုင်တော့ပါ။ အဘယ်ကြောင့်ဆိုသော် ရားဂ်ျနီးရှ်ကဲ့သို့ပင် မိမိကိုယ်ကိုဘုရားဖြစ်သည်ဟု အခိုင်အမာပြောဆိုနေသောသူများ အများအပြားရှိသည်။ ရားဂ်ျနီးရှ်၏ အချို့သော နောက်လိုက်များအနေနှင့် သူသည်တစ်ပါးတည်း တစ်ယောက်တည်းရှိသူဟူသည့် ယုံကြည်ချက်ကို ဆက်လက်စွဲကိုင်ကောင်း စွဲကိုင်နေမည်ဖြစ်သည်။
(၂) ဒုတိယစံနှုန်းမှာ အလ္လာဟ်အရှင်မြတ်သည် လိုလား တောင့်တခြင်း လုံးဝကင်းရှင်းတော်မူသောအရှင်၊ သူတစ်ပါးတို့၏ မှီခိုအားထားရာအရှင်၊ အနှိုင်းမဲ့ ထာဝရအရှင်ဖြစ် တော်မူ၏။´´
ရားဂ်ျနီးရှ်သည် (၁၉၉၀)ခုနှစ်တွင် ကွယ်လွန်သေဆုံးခဲ့သောကြောင့် သူသည် လိုလားတောင့်တ မှီခိုမှုကင်းခြင်းနှင့် ထာဝရတည်ရှိသောသူမဟုတ်သည်မှာ ထင်ရှားသည်။ သူ၏ပုဂ္ဂိုလ်ရေးဆိုင်ရာ အထ္တုပ္ပတ္တိမှသိရသည်မှာ၊ သူသည်ဆီးချိုရောဂါ၊ ပန်းနာ ရင်ကြပ်ရောဂါနှင့် နာတာရှည်ကျောရိုးနာရောဂါတို့ကို ခံစားခဲ့ရကြောင်းသိရ၏။ သူက အမေရိကန်အစိုးရသည် သူထောင်ကျနေစဉ်ကာလအတွင်း တဖြည်းဖြည်း အဆိပ်သင့်စေအောင် ပြုလုပ်ခဲ့သည်ဟု စွပ်စွဲပြောဆိုခဲ့၏။ စဉ်းစားကြည့်ပါ။ အနန္တ စွမ်းအားရှင်သည် တစ်စုံတစ်ယောက်၏အဆိပ်ခပ်ခြင်းကို ခံရပါမည်လား။ ရားဂ်ျနီးရှ် သည် ပြည့်စုံခြင်းလည်းမရှိ၊ နိစ္စထာဝရလည်းမတည်ရှိပါ။
(၃) တတိယစံနှုန်းမှာ “သူသည် မည်သူတစ်ဦးတစ်ယောက် ကိုမျှမွေးဖွားမှုမရှိ၊ မည်သူတစ်ဦးတစ်ယောက်၏ မွေးဖွားခြင်းကို လည်းခံခဲ့ရသည်မဟုတ်။ ´´ ကျွန်ုပ်တို့ သိရသည်မှာ ရားဂ်ျနီးရှ်သည် အိန္ဒိယနိုင်ငံ ဂျာဘယ်လ်ပူးရ်တွင် မွေးဖွားခဲ့ပြီး၊ မိခင်ဖခင်နှစ်ပါးတို့ရှိကြပြီး၊ နောင်တွင်သူ၏နောက်လိုက်ဖြစ်သွားခဲ့ကြောင်း သိရသဖြင့်၊ သူသည် `ကိုးကွယ်ရာအရှင်´ မဖြစ်နိုင်။
(၁၉၈၁)ခုနှစ်၊ မေလတွင် သူသည် အမေရိကန်ပြည်ထောင်စုသို့သွား၍ `ရားဂ်ျနီးရှ်ပူရမ်´ဟူသောမြို့ကို ထူထောင်ခဲ့သည်။ ထို့နောက် (အနောက်နိုင်ငံ အာဏာပိုင်များ၏) ဥပဒေစည်းမျဉ်းနှင့်ငြိစွမ်းသောအရေးကိစ္စကိုကျူးလွန်မှုနှင့် ဆန့်ကျင်မိခြင်းကြောင့်၊ ၎င်းတို့၏ ဖမ်းဆီးအပြစ်ပေးခြင်းခံရပြီး၊ ပြည်နှင်ဒဏ်ပေးခံခဲ့ ရလေသည်။ သူသည်အိန္ဒိယနိုင်ငံသို့ ပြန်လာခဲ့ပြီး `ပူနေ´တွင် ဘုံအဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့ပြီး `အော့စ်ဟိုဘုံအဖွဲ့´ ဟုအမည်တွင်၏။ ရားဂ်ျနီးရှ်သည် (၁၉၉၀)တွင် ကွယ်လွန်သေဆုံးခဲ့၏။ အော့စ်ဟိုရားဂ်ျနီးရှ်၏ နောက်လိုက်နောက်ပါများက သူ့ကို `အနန္တစွမ်းအားရှင်ဘုရား´ဟု ယုံကြည်ကြသည်။ `ပူနေ´ရှိ `အော့စ်ဟိုဘုံအဖွဲ့´သို့ အလည်အပတ်ရောက်ရှိလာသော ဧည့်သည်များသည် အောက်ဖော်ပြပါ သင်္ချိုင်းစာကို ရားဂ်ျနီးရှ်၏အုတ်ဂူပေါ်တွင်တွေ့နိုင်သည်။ “အော့စ်ဟိုဘယ်သောအခါ မှမွေးဖွားခြင်း မခံရသလို ဘယ်သောအခါမျှ သေဆုံးခြင်းလည်းမရှိ။ သူသည် ၁၉၃၁ခုနှစ်၊ ဒီဇင်ဘာလ (၁၁)ရက်မှ ၁၉၉၀ခုနှစ်၊ ဇန္န၀ါရီလ(၁၉)ရက်နေ့အထိသာ ကမ္ဘာဂြိုလ်သို့ အလည် အပတ် ရောက်ရှိခဲ့ခြင်းဖြစ်သည်။´´ ရားဂ်ျနီးရှ်၏ နောက်လိုက်များက ၎င်းတို့၏ဘုရား ရားဂ်ျနီးရှ်အား နိုင်ငံပေါင်း(၂၁)နိုင်ငံအတွင်း ဗီဇာပေးရန်အာမခံပေးခြင်းမခံရဟူသော အချက်ကို၊ သင်္ချိုင်းစာတွင်ဖော်ပြရန် မေ့လျော့ခဲ့ကြသည်။ ဘုရားဖြစ်သည်ဟု သတ်မှတ်ခြင်းခံရသော လူပုဂ္ဂိုလ်တစ်ယောက်အတွက် နိုင်ငံတစ်ခုသို့ဝင်ရန် ဗီဇာလိုအပ်ပါသလား။ ဂရိနိုင်ငံမှဂိုဏ်းချုပ်ဘုန်းတော်ကြီးကပြောခဲ့သည်မှာ အကယ်၍ သာ ရားဂျနီးရှ်သည် ပြည်နှင်ဒဏ်ပေးခံရခြင်းမခံခဲ့ရသော် ၎င်းတို့သည် သူ၏အိမ်နှင့် နောက်လိုက်များ၏အိမ်များအား မီးရှို့ဖျက်ဆီးကြလိမ့်မည်ဟူ၍ ဖြစ်သည်။
(၄) စတုတ္တမြောက်ဘုရားဖြစ်ကြောင်း စံနှုန်းမှာ အတင်းအကျပ်ဆုံး၊ အခက်အခဲဆုံး အချက်ဖြစ်သည်။ ၎င်းမှာ သူနှင့် ဂုဏ်ရည်တူ တစ်ဦးတစ်ယောက်မျှပင် မရှိဟူသော အချက်ပင် ဖြစ်သည်။
စာရှုသူအနေနှင့် ယခုကျွန်ုပ်ပြောနေခိုက်မှာပင် `ဘုရား´ ကိုစိတ်ကူးနှင့်ပုံဖော်ကြည့်ပါ။ (သို့) ဘုရားဖြစ်ခြင်းအတွက် လျှောက်လွှာတင်ထား သောပုဂ္ဂိုလ်အား တစ်စုံတစ်ရာနှင့် နှိုင်းယှဉ်ကြည့်ပါ။ ထိုပုဂ္ဂိုလ်သည် ကိုးကွယ်ရာ အရှင် မဖြစ်နိုင်တော့ပါ။ အဘယ်ကြောင့်ဆိုသော် တစ်ဆူတည်းသောကိုးကွယ်ရာ အစစ်အမှန်အား စိတ်ကူးရုပ်ပုံဖြင့် ဖော်ဆောင်ရန်မဖြစ်နိုင်၍ဖြစ်သည်။ ကျွန်ုပ်တို့ သိရသည်မှာ ရားဂ်ျနီးရှ်သည် လူသားတစ်ဦးဖြစ်ပြီး၊ ရှည်လျားသောမုတ်ဆိတ်ဖြူကြီးများ ရှိသည်။ သူ့တွင် မျက်လုံး နှစ်လုံး၊ နားနှစ်ဘက်၊ နှာခေါင်းတစ်ခု၊ ပါးစပ်တစ်ခုပါ၏။ သူ၏ ဓါတ်ပုံများနှင့် ပိုစတာများစွာကို ရရှိနိုင်ပါသည်။ အသင်က တစ်စုံတစ်ရာကို ကိုးကွယ်ရာအရှင်ဟု စိတ်ကူးနှင့် ပုံဖော်လိုက်သည်နှင့် သူ(ရားဂ်ျနီးရှ်)သည် ကိုးကွယ်ရာအရှင် မဟုတ်တော့ပါ။
အထက်ဖော်ပြပါ အခြေအနေအရပ်ရပ်ပေါ် နိဂုံးချုပ်ဆိုရသော် မောင်စကြ၀ဠာ ဟုအမည်ပေးခြင်းခံရသော ကမ္ဘာ့စွမ်းအားကြီးသောလူသားဟူသော ခေါင်းစဉ် အောက်တွင်၊ လူသားတို့က မိမိတို့၏ယုံကြည်ရာလူပုဂ္ဂိုလ်များအား ဘုရားသဏ္ဌာန် သွင်းရန် အားထုတ်ခြင်းသာဖြစ်သည်။ ထို့ကြောင့် ဘုရားဖြစ်၊မဖြစ် မှတ်ကျောက်တင် စစ်ဆေးခြင်းဟူသော စာမေးပွဲအတွက် နိဂုံးချုပ်မှတ်ချက်ကို မည်သို့ချသင့်သနည်း။ ကိုးကွယ်ရာအရှင် အစစ်အမှန်မှလွဲ၍ မည်သူတစ်ဦးတစ်ယောက်မျှ အထက်ဖော်ပြပါ ကိုးကွယ်ရာအရှင်ဖြစ်ခြင်း မှတ်ကျောက်တင်မှုကို မအောင်နိုင်ပါ။
ကျွန်ုပ်တို့သည်မည်သို့သော အမည်နာမများဖြင့်
ကိုးကွယ်ရာအရှင်ကို ခေါ်ကြသနည်း။
မွတ်စလင်မ်များအတွက် ကိုးကွယ်ရာအရှင်အား အင်္ဂလိပ်ဝေါဟာရ `God´ ထက် Allah (အလ္လာဟ်) ဟုခေါ်ဝေါ်ခြင်းကို ပိုနှစ်သက်ပါသည်။ အာရဗီဝေါဟာရ `အလ္လာဟ်´သည် သန့်ရှင်းစင်ကြယ်သော၊ အတုမရှိသော၊ ပြိုင်ဖက်ကင်းသောဟူသော အနက်များပါဝင်၍ အင်္ဂလိပ်ဝေါဟာရ ဂေါ့ဒ်နှင့်၎င်းင်း၏အနွယ်ဝင် စကားလုံးများနှင့် အဓိပ္ပါယ်ကွာခြားပါသည်။
အသင်သည် God ဟူသောစကားလုံးတွင် ’s’ကို ပေါင်းထည့်လိုက်ပါက ‘Gods’ ဘုရားများဖြစ်လာသည်။ အလ္လာဟ်သည် တစ်ပါးတည်းရှိပြီး၊တစ်ခုပြကိန်းဖြစ်သည်။ အလ္လာဟ်ဟူသောစကားလုံးတွင် အများပုံစံမရှိပါ။ အသင်သည် God ဟူသော စကားတွင် ness ကိုပေါင်းထည့်လိုက်ပါက Godness ဘုရားမဟုဖြစ်လာသည်။ အလ္လာဟ်ဆိုသောစကားလုံးတွင် အလ္လာဟ်ဖို (၀ါ) အလ္လာဟ်အမ ဟူ၍မရှိပါ။ အလ္လာဟ်ဆိုသောစကားလုံးတွင် လိင်ခွဲခြားမှု မရှိပါ။ အကယ်၍ အသင်သည် God အရှေ့တွင် ရှေ့ဆက်စကားလုံး Tin ကိုထည့်လိုက်ပါ။ ဘုရားတုဟူ၍ အဓိပ္ပါယ် ဖြစ်လာပေမည်။ အလ္လာဟ်သည် သီးသန့်တစ်ခုတည်း တည်ရှိသော စကားလုံးဖြစ်ပြီး၊ မည်သို့သောစိတ်ကူးနှင့်မျှ ပုံဖော်ကြည့်နိုင်သည့် စိတ်ကူးရုပ်ပုံမှရှိ။ ၎င်းကို ကရော်ကမယ်လုပ်၍ ဖော်ပြနိုင်သောအရာဟူ၍ မရှိပေ။ ထို့ကြောင့် မွတ်စလင်မ်များအတွက် အလ္လာဟ်ဟူသောစကားလုံးကိုသုံးစွဲရန် ပို၍နှစ်သက်ကြပြီး၊ မွတ်စလင်မ်မဟုတ်သူများနှင့် ပြောဆိုကြသောအခါ၊ ကျွန်ုပ်တို့ မွတ်စလင်မ်များအနေနှင့်၊ ထိုသူများနားလည်လွယ်စေရန် အလ္လာဟ်နှင့် မသင့်လျော်သောစကားလုံးဖြစ်သည့် ဘုရား(သို့) ဘုရားသခင်ဟူသောစကားလုံးကို မလွှဲမရှောင်သာ သုံးစွဲကြရသည်။ ဤစာအုပ်အတွက် ရည်ရွယ်ထားသော စာဖတ်ပရိသတ်မှာ ယေဘုယျအားဖြင့် မွတ်စလင်မ်နှင့် မွတ်စလင်မ် မဟုတ်သူများကိုပါ ရည်ရွယ်ထားသောကြောင့် စာရေးသူ အနေနှင့် အလ္လာဟ်ဟူသောစကားလုံးအစား ဘုရားဟူသော စကားလုံးကိုသာ ဤကျမ်းငယ်၏နေရာအတော်များများတွင် သုံးစွဲထားပါသည်။ ဘာသာပြန်ဆိုသူအနေနှင့် God ဟူသော စကားလုံးကို ကိုးကွယ်ရာအရှင် ဟူ၍လည်းကောင်း၊ ဘုရား (၀ါ) ဘုရားသခင်ဟူ၍လည်းကောင်း၊ သုံးနှုန်းထားကြောင်း သတိ ပြုစေချင်ပါသည်။
ကိုးကွယ်ရာအရှင်သည် လူသားတစ်ဦးဖြစ်မလာခြင်း
အချို့သောလူများက စောဒကတက်ကြသည်မှာ ကိုးကွယ်ရာအရှင်သည် မည်သည့်အရာမဆို ပြုလုပ်နိုင်သည်ဆိုလျှင် အဘယ်ကြောင့် သူသည်လူသားအသွင်ကို မဆောင်ရသနည်း။ အကယ်၍ ကိုးကွယ်ရာအရှင်က အလိုရှိလျှင် သူသည်လူသား ဖြစ်နိုင်ပါသည်။ ထိုသို့ ကိုးကွယ်ရာအရှင်က လူသားအဖြစ်ရောက်ရှိလာပါလျှင်၊ သူသည် ကိုးကွယ်ရာအရှင်အဖြစ် ဆက်လက် ရပ်တည်နိုင်တော့မည်မဟုတ်ပေ။ အဘယ်ကြောင့် ဆိုသော် များစွာသောကိစ္စရပ်များအတွက်လူသားနှင့် ဘုရား၏အရည်အသွေးများ သည် သဟဇာတမဖြစ်သောကြောင့်ဖြစ်သည်။ အောက်ဖော်ပြပါ စာပိုဒ်များက၊ ကိုးကွယ်ရာအရှင်က လူသားဖြစ်လာခြင်းဟူသော အယူအဆ၏ ရယ်ဖွယ်ကောင်းမှုကို ဖော်ညွှန်းနေပေသည်။
ကိုးကွယ်ရာအရှင်သည် သေမျိုးမဟုတ်၊ လူသားသည် သေမျိုးဖြစ်သည်။ အသင့်အနေနှင့် လူသားဘုရားမဖြစ်နိုင်၊ ဆိုလိုသည်မှာ လူသားဖြစ်ပါလျက် သေမျိုး မဟုတ်၊ မသေနိုင်သော ဘုရားအဖြစ် တစ်ချိန်တည်းမှာ သီးခြားရပ်တည်ရှိနေသည်မှာ မဖြစ်နိုင်ပါ။ ယင်းသို့ဖြစ်နေခြင်းမှာ အဓိပ္ပာယ်မရှိပါ။ ဘုရားတွင် အစပြုခြင်း မရှိနိုင်သော်လည်း လူသားတွင် သူ၏ `အစ´သည် ရှိနေပေသည်။ အသင့်အနေနှင့် အစမရှိသောပုဂ္ဂိုလ်နှင့် အစရှိသော ပုဂ္ဂိုလ်တစ်ပြိုင်နက်မဖြစ်နိုင်ပါ။ လူသားတွင် အဆုံးရှိသည်။ အသင့်အနေနှင့်`အဆုံး´ရှိသောသူနှင့် `အဆုံး´မရှိသောသူ တစ်ပြိုင် နက်မဖြစ်နိုင်ပါ။ ဤသို့ ဆန့်ကျင်ဘက်သဘောဆောင်သူနှစ်ဦး တွဲဖက်၍ တစ်ပြိုင်နက် တည်းမှာဖြစ်နိုင်ခြင်းသည် အဓိပ္ပာယ်ကင်းမဲ့နေပါသည်။
လူသားအနေနှင့် သူ၏အသက်ကို ထိန်းသိမ်းစောင့်ရှောက်ရန် အာဟာရဓာတ် လိုအပ်သော်လည်း ကိုးကွယ်ရာအရှင် အနန္တစွမ်းအားရှင်အနေနှင့် တစ်စုံတစ်ရာကို စားသုံး၍ အသက်ကို ထိန်းသိမ်းစောင့်ရှောက်ရန်မလိုပါ။ ထို့ကြောင့်ကျမ်းတော်မြတ် ကုရ်အာန်(၆း၁၄)တွင်
“ထိုအရှင်မြတ်သည် (သူတစ်ပါး တို့ကို) ကျွေးမွေးတော်မူ၏။ ထိုအရှင်မြတ်သည် (သူတစ်ပါး၏) ကျွေးမွေးခြင်း ကိုမူကား ခံရတော်မူသည်မဟုတ်ချေ။´´ (ကုရ်အာန်၊ ၆း ၁၄)
လူသားအနေနှင့် အိပ်စက်အနားမယူဘဲ မနေနိုင်သော်လည်း ဘုရားအနေနှင့် အနားယူရန်(၀ါ)အိပ်စက်အနားယူရန် မလိုပေ။ အနန္တစွမ်းအားရှင်၏ အိပ်စက် အနားယူခြင်းမလိုအပ်ကြောင်းကို ကုရ်အာန်ကျမ်းမြတ်၏ အောက်ပါကျမ်းပိုဒ်တွင် လေ့လာနိုင်သည်။
“ထိုအရှင်မြတ်သည် အမြဲရှင်နေတော်မူသောအရှင်၊ (မိမိကိုယ်တော်တိုင် ထာဝရတည်နေတော်မူ၍ သတ္တ၀ါ အပေါင်းတို့ကိုလည်း) ထိန်းသိမ်း စောင့်ရှောက် တော်မူ သောအရှင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်အား ငိုက်မြည်း ခြင်းသည်လည်းကောင်း၊ အိပ်စက်ခြင်းသည် လည်းကောင်း မဖိစီးနိုင်ပေ။ ထိုအရှင်မြတ်သည်သာလျှင် မိုးကောင်းကင် စကြ၀ဠာများနှင့် ကမ္ဘာဂြိုဟ်၌ ရှိရှိသမျှသော (သက်ရှိ၊ သက်မဲ့) အရာဝတ္တုဟူသမျှတို့ကို ပိုင်ဆိုင် တော်မူသော အရှင်ဖြစ်တော်မူ၏။´´ (ကုရ်အာန် ၂း၂၅၅)
အခြားလူသားတစ်ဦးအား ကိုးကွယ်ခြင်းသည်အကျိုးမရှိ
ဘုရားသည် လူသားဖြစ်လာခြင်းဟူသောအယူအဆသည် လက်ခံနိုင်ဘွယ်ရာ မရှိဟု ကျွန်ုပ်တို့ယူဆလျှင် ဘုရားစစ်၊ဘုရားမှန်ဖြစ်သည့် ကိုးကွယ်ရာအရှင် အလ္လာဟ်မှလွဲ၍ အခြားသောလူသားတစ်ဦးဦးကို ကိုးကွယ်ခြင်းသည်လည်း အဓိပ္ပာယ်မဲ့သောလုပ်ရပ်ဖြစ်သည်ဟူသောအချက်ကိုလည်း ကျွန်ုပ်တို့လက်ခံသဘောတူ သင့်ပါသည်။ အကယ်၍`ဘုရား´သည် လူသားအသွင်ပြောင်းလာလျှင်၊ သူသည် မိမိကိုယ်ကို`ဘုရား´အဖြစ်မှရပ်စဲပြီး လူသား အရည်အချင်းအားလုံးပိုင်ဆိုင်ရန် လိုအပ်လာလေသည်။ ဥပမာ-အလွန်ထူးချွန်သော ပါမောက္ခကြီးတစ်ဦးသည် အက်ဆီးဒင့်တစ်ခုကြောင့် အစားထိုး၍မရနိုင်သော မှတ်ဥာဏ်ပျောက်ဆုံးသွားသည့် အဖြစ်ဆိုးကြုံမည်ဆိုလျှင်၊ သက်ဆိုင်ရာဘာသာရပ်နှင့်ပတ်သက်၍ ဆည်းပူးနေသော ကျောင်းသူ၊ကျောင်းသားများအတွက် သူ့ထံတွင် ဆက်လက်ပြီး သင်ယူဆည်းပူးနေပါက အဓိပ္ပာယ်မဲ့သော ရူးသွပ်မှု ဖြစ်နေပေမည်။
ထို့အပြင် အကယ်၍`ဘုရား´သည် လူသားအသွင်ဆောင်ပါက၊ ထိုအသွင်ဆောင်ခဲ့ရသော လူသားသည် နောင်တွင်ဘုရား မဖြစ်နိုင်။ အဘယ်ကြောင့်ဆိုသော် အဓိပ္ပာယ်သတ်မှတ်ချက်အရ လူသားသည် ဘုရားဖြစ်နိုင်သောစွမ်းရည်ကို မပိုင်ဆိုင်ထားသောကြောင့်ဖြစ်သည်။ ထို့ကြောင့် လူအသွင်ရှိသောဘုရားကို ကိုးကွယ်ခြင်းသည် ယုတ္တိမတန်သော အတွေးအခေါ် မှားယွင်းမှုဖြစ်၍ ဘုရားအား ပုံပန်းသဏ္ဌာန်မျိုးစုံဖော်၍ ပြုလုပ်ကိုးကွယ်ခြင်းသည်လည်း မနှစ်မြို့ဘွယ် ကောင်းပါသည်။
ဤသည်ပင်လျှင် ကျမ်းမြတ်ကုရ်အာန်တွင် နတ်ဘုရား ကိုးကွယ်ခြင်းအမျိုးမျိုးကို ဆန့်ကျင်ရန်ဟောကြားထားရသော အကြောင်းအရင်းဖြစ်သည်။ အောက်ဖော်ပြပါ ကျမ်းမြတ်ကုရ်အာန်၏ ကျမ်းပိုဒ်တော်တွင်၊ ရုပ်ပွား၊ ရုပ်ထုများသည် အလ’ာဟ်နှင့် လားလားမျှမအပ်စပ်ကြောင်းဖော်ပြထားသည်။
“ထိုအရှင်မြတ်နှင့်တူသော (အဖန်ဆင်းခံ)ဟူ၍ကား မည်သည့် တစ်စုံတစ်ရာမျှပင်မရှိ။´´ (ကုရ်အာန် ၄၂း၁၁)
ကိုးကွယ်ရာအရှင်သည် ဘုရားမဆန်သောအပြုအမူကိုပြုမည်မဟုတ်
ကိုးကွယ်ရာအရှင်၏ ပကတိဂုဏ်ရည်တော်များမှာ တရားမျှတခြင်း၊ သနား ကြင်နာခြင်းနှင့် သစ္စာတရား၊ အမှန်တရားများ ဖြစ်လေရာ၊ ဘုရားစစ်၊ ဘုရားမှန်ဟူသည် မကောင်းမှုအပေါင်းကို ပိတ်ပင်ကန့်သတ်လေသည်။ ဘုရားသည် ဘုရား မဆန်သော အပြုအမူမျိုးပြုရန် ဘယ်သောအခါမျှ ကြံစည်မှုရှိမည်မဟုတ်။ ထို့ ကြောင့် ဘုရားသည်လိမ်လည်ပြောဆိုခြင်း၊ တရားမျှတမှုမရှိခြင်း၊ အမှားယွင်းပြုလုပ်မိခြင်း၊ မေ့မှားခြင်းစသော လူသား၏အားနည်းချက်များကဲ့သို့ ပြုလုပ်မည်မဟုတ်။ ထိုနည်း တူစွာ၊ တရားမျှတမှုမရှိခြင်းကို လုပ်လိုကလုပ်နိုင်သော်လည်း၊ ထိုသို့ပြုမူခြင်းသည် ဘုရားမဆန်သောလုပ်ရပ်ဖြစ်ခြင်းကြောင့်၊ ဘုရားစစ်၊ဘုရားမှန်သည် ဘယ်သောအခါမျှ ပြုမည်မဟုတ်။
ထို့ကြောင့် ကျမ်းမြတ်ကုရ်အာန်တွင်
“အမှန်စင်စစ် အလ’ာဟ်အရှင်မြတ်သည် မြူမှုန်ခန့်မျှ မတော်မတရား ပြုတော်မူမည်မဟုတ်ပေ။´´ (ကုရ်အာန်၎း၄၀)
ကိုးကွယ်ရာအရှင်သည် မတရားမှုကို မိမိအလိုဆန္ဒရှိလျှင် လုပ်နိုင်သော်လည်း၊ ဘယ်သောအခါမျှလုပ်မည်မဟုတ်၊ ထိုသို့ လုပ်လိုက်သည်နှင့် သူသည်ဘုရားအဖြစ်မှ ရပ်ဆိုင်းသွားမည် ဖြစ်သည်။
ကိုးကွယ်ရာအရှင်သည် အမှားကိုလုပ်မည်မဟုတ်သလို မေ့လျော့မည်လည်းမဟုတ်
ဘုရား(ကိုးကွယ်ရာအရှင်)သည် မေ့လျော့တတ်မည်မဟုတ်၊ အဘယ်ကြောင့် ဆိုသော် မေ့လျော့ခြင်းသည် ဘုရားမဟုတ်သော အပြုအမူဖြစ်သောကြောင့်ဖြစ်သည်။ မေ့လျှော့ခြင်းသည် ကန့်သတ်ချက်များရှိသော လူသား၏ သဘာဝအားနည်းချက်ကို ဖော်ပြသောကြောင့်ဖြစ်သည်။ ထိုနည်းတူစွာ ဘုရား(ကိုးကွယ်ရာအရှင်)သည် အမှားကိုကျူးလွန်မည်မဟုတ်။ အဘယ်ကြောင့် ဆိုသော် အမှားကျူးလွန်ခြင်းသည် ဘုရားမဟုတ်သောအပြုအမူ ဖြစ်သည်။
“(အမှန်စင်စစ်) ကျွန်ုပ်၏အရှင်မြတ်သည် မှောက်မှားတော်မူသည်လည်း မဟုတ် ပေ။ မေ့လျော့တော်မူသည် လည်း မဟုတ်ချေ။´´ (ကုရ်အာန် ၂၀း၅၂)
ဘုရားသည် ဘုရားဆန်စွာပြုမူမည်
ဘုရား(ကိုးကွယ်ရာအရှင်)တွင် အရာခပ်သိမ်းတို့ကို နိုင်နင်း လွှမ်းမိုးတော်မူ သောစွမ်းအားရှိသည်။ အစ္စလာမ်ဘာသာ၏ဘုရား (ကိုးကွယ်ရာအရှင်)ဟူသည့် အသိသညာတွင် ဘုရားသည် (ကိုးကွယ်ရာအရှင်သည်)အရာခပ်သိမ်းကို နိုင်နင်း လွှမ်းမိုးတော်မူသော အရှင်ဖြစ်သည်။
ကျမ်းမြတ်ကုရ်အာန်၏ များစွာသောနေရာများတွင်
“ဧကန်မုချ အလ’ာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ အပေါ်ဝယ် စွမ်းဆောင် နိုင်တော်မူသော အနန္တတန်ခိုးတော်ရှင်တည်း။´´ ဟူသောဂုဏ်တော်ကို ကျမ်းမြတ်ကုရ်အာန် (၂း၁၀၆၊၂း၁၀၉၊ ၂း၂၈၄၊ ၃း၂၉၊ ၁၆း၇၇နှင့် ၃၅း၁) တို့တွင် ဖော်ပြထားပေသည်။
ထို့ပြင် ခမ်းနားထည်ဝါသောကုရ်အာန်တွင် ဖော်ပြသည်မှာ “အလ္လာဟ်အရှင်မြတ်သည် မိမိရည်စူးတော်မူသောကိစ္စကို ပြီးမြောက်အောင် ဆောင်ရွက်တော်မူသောအရှင်ဖြစ်သည်။´´ (ကုရ်အာန် ၈၅း၁၆)
ကျွန်ုပ်စိတ်ထဲတွင် သိမြင်ဆင်ခြင်ရမည်မှာ အလ္လာဟ်သည် ဘုရားဆန်သော အပြုအမူကိုသာ ရည်ရွယ်ပြုမူတတ်ပြီး၊ ဘုရား မဆန်သောအပြုအမူကို ပြုလုပ်မည် မဟုတ်ဟူသောအချက်ပင် ဖြစ်သည်။ မြောက်များစွာသောဘာသာတရားများ၏ အချို့သောအချက်များတွင်၊ နတ်ဘုရားများ ကိုးကွယ်ခြင်းအယူအဆကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ယုံကြည်ကြသည်။ ဤသည်၏ဆိုလိုရင်းမှာ ဘုရားသည်လူသားအသွင်သို့ ရောက်ရှိလာခြင်းဖြစ်သည်။ ၎င်းင်းတို့၏အယူအဆ သဘောထားမှာ ဘုရားသည် အလွန်သန့်စင်မွန်မြတ်လှသောကြောင့်၊ လူသားတွင် ဖြစ်ပေါ်ခံစားရတတ်သောအခက်အခဲများ၊ ဆင်းရဲပင်ပန်းမှုများ၊ လိုအပ်ချက်များနှင့် ခံစားချက်များကို သတိမပြုနိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူသားများအတွက် စည်းမျဉ်းဥပဒေသများ သတ်မှတ်ရန်ဘုရားသည် လူသားအသွင်ဆောင်၍ ကမ္ဘာမြေပေါ်သို့ သက်ဆင်းသည်။ ဤသို့လှည့်စားတတ်သော အတွေးအခေါ်သည် ခေတ်သမိုင်းအဆက်ဆက် မရေတွက်နိုင်အောင်များပြားသော လူသားသန်းပေါင်း များစွာကို ရူးသွပ်စေခဲ့သည်။ ကျွန်ုပ်တို့အနေနှင့် ဤငြင်းခုံဝေဖန်ခြင်းကို ခွဲခြမ်းစိတ်ဖြာလေ့လာပြီး၊ ယင်းသည် အကြောင်းတရားအဖြစ် ရပ်တည်သင်၊့ မရပ်တည်သင့်ဆိုသော အချက်ကို ဝေဖန်ဆန်းစစ်ကြည့်ကြပါစို့။
ဖန်ဆင်းရှင်သည် လမ်းညွှန်ချက်လက်စွဲစာအုပ်ကို အသင့်ပြင်ဆင်ထားသည်
အလ’ာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့လူသားများအား အသိဥာဏ်နှင့် ကျိုးကြောင်းဆင်ခြင်နိုင်သောစွမ်းအားကို ပေးသနားအပ်နှင်းထားတော်မူ၏။ ထို စွမ်းအားများဖြင့် ကျွန်ုပ်တို့ လူသားများသည် မိမိတို့အတွက် တိကျသော ရည်ရွယ်ချက်များဖြင့် ပစ္စည်းကိရိယာတန်ဆာပလာများကို ကြံဆ၊ တီထွင်၊ ဖန်တီး ထုတ်လုပ်မှုများ ပြုလုပ်ခဲ့ကြသည်။ ဥပမာအားဖြင့်ဆိုရသော် အသံဖမ်းစက်များကို အမြောက်အမြား ထုတ်လုပ်သည်ဆိုပါစို့။ အသံဖမ်းစက် ထုတ်လုပ်ရေးအတွက် မည်သည့်အရာက ကောင်းသည်ကို သိရန်အလို့ငှါ ထုတ်လုပ်သူကိုယ်တိုင်က အသံဖမ်း စက်ဖြစ်ရန်လိုသည်ဟူ၍ မည်သည့်အခါကမျှ ပြောဆိုအကြံပြုခြင်း မရှိခဲ့ပါ။ သေချာ သည်မှာ ထုတ်လုပ်သူအနေနှင့် သူ၏ထုတ်ကုန်နှင့်ပတ်သက်၍ ပြည့်စုံသော အသိပညာရှိထားခြင်းကြောင့် လမ်းညွှန်လက်စွဲစာအုပ်ကို ထုတ်လုပ်ပေမည်။
တစ်နည်းအားဖြင့်ဆိုသော် ထိုလမ်းညွှန်လက်စွဲစာအုပ်က စက်အတွက် မည်သည် တို့ကိုလုပ်ရမည်၊ မလုပ်ရဟူသောညွှန်ကြားမှုကို အတိအကျပေးမည်ဖြစ်သည်။ အကယ်၍ သင်သည်လူသားအား စက်ယန္တရားတစ်ခု အဖြစ်ယူဆပါက၊ အလ’ာဟ်၏ရှုတ်ထွေးသော ဖန်ဆင်းမှုတစ်ရပ်ဟုသာ ယူဆနိုင်သည်။ ကျွန်ုပ်တို့၏ ကိုးကွယ်ရာအရှင်၊ အလ’ာဟ်သည် ဖန်ဆင်းရှင်ဖြစ်သောကြောင့်၊ လူသားအတွက် မည်သည့်တို့ကကောင်းသည်၊ မည်သည်တို့က မကောင်းသည်ကို သိရန်အလို့ငှာ အလ’ာဟ်မှ လူအသွင်ဆောင်ရန် မလိုအပ်ပေ။ ထိုအရှင်အနေနှင့် လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် လမ်းညွှန်လက်စွဲစာအုပ်ကို ထုတ်ပြန်ပို့ချပေးရန်သာ လိုအပ်ပေသည်။ ကျမ်းမြတ်ကုရ်အာန်သည် လူသားမျိုးနွယ်တစ်ခုလုံးအတွက် အလ္လာဟ်အရှင်မြတ်ထံတော်မှ ထုတ်ပြန်ချမှတ်ထားသော လမ်းညွှန်လက်စွဲစာအုပ် ဖြစ်လေသည်။ ထို့အပြင် အလ္လာဟ်အရှင်မြတ်သည် သူ၏ဖန်ဆင်းခံများအားလုံးကို ၎င်းင်းတို့၏ လုပ်ရပ်များနှင့်ပတ်သက်၍ ကမ္ဘာ့တရားစီရင်မည့်နေ့ (ကိယာမသ်နေ့)တွင် စစ်ဆေးမည် ဖြစ်သည်။ ဤသို့ စစ်ဆေးရသည့်အကြောင်းအရင်းမှာ ကျွန်ုပ်တို့ဘ၀အတွက် ကျင့်ရန်၊ ကြဉ်ရန်များကို လမ်းညွှန်ကျမ်းများအားဖြင့် အသိပေးထားပြီး ဖြစ်သောကြောင့် ဖြစ်သည်။
အလ္လာဟ်အရှင်မြတ်သည် သတင်းပေးမည့်တမန်တော်များကို ရွေးချယ်ခြင်း
အလ္လာဟ်အရှင်အနေနှင့် သူ၏လမ်းညွှန်ချက်များချမှတ်ရန်အတွက် ကိုယ်တိုင် ဆင်းသက် ကြွှချီလာရန်မလိုအပ်ချေ။ ခေတ်သမိုင်း အဆက်ဆက်တွင် အလ္လာဟ်သည်၊ ခေတ်တိုင်း၊လူမျိုးတိုင်းမှ လူသားများကိုရွေးချယ်ပြီး အလ္လာဟ်အရှင်၏ ဓမ္မတရား လမ်းညွှန်ချက်များကို ဟောကြားစေသည်။ ဤကဲ့သို့ ရွေးချယ်ခြင်းခံရသော လူသားများအား အလ္လာဟ်၏ရစူလ် (သို့မဟုတ်) နဗီတမန်တော်များဟုခေါ်သည်။ မျက်စိကန်းသူများနှင့် နားပင်းသူများ
သို့သော်ငြားလည်း၊ အဓိပ္ပာယ်မဲ့သောနတ်ဘုရားများကို ကိုးကွယ်ယုံကြည်ခြင်း ဟူသော အယူအဆကိုများစွာသော ဘာသာတရားများ၏ နောက်လိုက်များက ယုံကြည်ကြသည့်အပြင်၊ အခြားသူများကိုလည်း ၎င်းင်းတို့ကဲ့သို့ယုံကြည်စေရန် ဟောကြားကြသည်။ ဤသို့သောပြုမူချက်မှာ လူသား၏အသိဥာဏ်ကို စော်ကား လိုက်သည်သာမက၊ ထိုအသိဥာဏ်ကို ပေးသနားထားတော်မူသောဖန်ဆင်းရှင်ကိုပါ စော်ကားလိုက်ခြင်း မဟုတ်ပါသလော။ ဤသို့ နတ်ဘုရားများကို ယုံကြည်ကိုးကွယ် ပူဇော်ပသနေသောသူများသည် အမှန်စင်စစ် အလ္လာဟ်ပေးသနားထားသော နားရှိပါလျှက်မကြားသော `နားပင်းများ´၊ မျက်စေ့ရှိပါလျှက်နှင့်မမြင်ကြသော `မျက်ကန်းများ´ဖြစ်နေသည် မဟုတ်ပါလော။ ထို့ကြောင့် ကျမ်းမြတ်ကုရ်အာန်တွင်
“ထိုသူများသည် (အမှန်တရားကို မကြားလိုကြသည့်အတွက်) နားပင်းသူများ မည်၏။ (အမှန်တရားကို မပြောလိုကြသည့်အတွက်)ဆွံ့အသူများ လည်း မည်၏။ (အမှန်တရားကို မမြင်လိုကြသည့်အတွက်) မျက်ကန်းများလည်း မည်၏။သို့ဖြစ်ရာ ၄င်းတို့သည် ဤသို့ (လမ်းညွှန်တရားဘက်သို့) ပြန်လှည့် ကြမည် မဟုတ်ပေ။´´ (ကုရ်အာန် ၂း၁၈)
အထက်ဖော်ပြပါ အာယသ်တော်နှင့် အလားတူသတင်းပေးချက်ကို သမ္မာကျမ်း၏ ရှင်မဿဲခရစ်ဝင်ကျမ်းတွင် အောက်ပါ အတိုင်း ဖော်ပြထား၏။
“သူတို့သည်မြင်လျက်နှင့်မမြင်၊ ကြားလျက်မကြား၊ အနက်ကိုလည်း နားမလည် သောကြောင့် ဥပမာဆောင်၍ ငါဟောပြော၏။´´ [Mathew 13:13]
အထက်ဖော်ပြပါ ကျမ်းမြတ်ကုရ်အာန်၊ သမ္မာကျမ်းလာ ကျမ်းပိုဒ်နှင့် အလားတူ ကျမ်းပိုဒ်ကိုလည်း ဟိန္ဒူကျမ်းဂန်၊ ရစ်ဂ်ဝေဒကျမ်းတွင်တွေ့နိုင်သည်။ “စကားလုံးများကိုမြင်ပါလျက်နှင့် အမှန်တကယ်မမြင်ကြသောသူများ၊ ဤ စကားလုံးကို ကြားပါလျက်နှင့် အမှန်တကယ် မကြားကြသောသူများ ရှိပေလိမ့်မည်။´´[Rigveda 10:71:4]
ဤကျမ်းဂန်များမှ စာရှုသူအားပြောကြားနေသည်မှာ၊ အရာအားလုံးကို ရှင်းလင်းလွယ်ကူစွာ သိမြင်နားလည်နိုင်အောင်ပြုထားပါလျှက်နှင့်၊ အမှန်တရားမှ သွေဖည်၍လမ်းလွဲကုန်သူများရှိကြောင်းပင်ဖြစ်သည်။
ကိုးကွယ်ရာအရှင်၏ ဂုဏ်ရည်တော်များ
အလှအပဆုံး အမည်နာမတော်များသည် အလ္လာဟ်အရှင်မြတ်အတွက်သာ ဖြစ်သည်။ ကျမ်းမြတ်ကုရ်အာန်တွင် မိန့်ဆိုထားသည်မှာ
“(အို-နဗီတမန်တော်)အသင်သည်(၄င်းတို့အား ဤသို့) ပြောကြား ပါလေ။ အသင်တို့သည်အလ္လာဟ်ဟူ၍ တသကြကုန်။ သို့တည်းမဟုတ် ရဟ်မာန်ဟူ၍ တသကြ လေကုန်။ အသင်တို့သည် မည်သို့ပင် တသကြသည် ဖြစ်စေ (ကောင်းမြတ်လှပေသည်။) (အဘယ်ကြောင့်ဆိုသော်) ထိုအရှင်မြတ်၌ အထူးကောင်းမြတ်စွာသော နာမတော်အနန္တရှိနေပေရာ (ဤနာမတော် နှစ်ပါးမှာလည်း ထို နာမတော်များအနက် အမြင့်မြတ်ဆုံး နာမတော်များပင် ဖြစ်ကုန်)၏။´´ (ကုန်အာန်၁၇း၁၁၀) အလ္လာဟ်အရှင်မြတ်၏ လှပသောနာမတော်များနှင့် ပတ်သက်၍ အလားတူ သတင်းအချက်အလက်များကို ကျမ်းမြတ် ကုရ်အာန်၏ စူရာဟ်အယ်(လ်)အအ်ရဖ် (၇း၁၈၀)၊ စူရာဟ်သွာဟာ (၂၀း၈)နှင့် စူရာဟ်ဟရှရ် (၅၉း၂၃-၂၄)များတွင် တွေ့နိုင်လေ သည်။
ကျမ်းမြတ်ကုရ်အာန်တွင် အနန္တစွမ်းအားရှင် အလ္လာဟ်အရှင်မြတ်၏ဂုဏ်တော် (၉၉)ပါးထက်မနည်းဖော်ပြထားပြီး၊ ၎င်းတို့အနက် အမြင့်မြတ်ဆုံးဂုဏ်တော်မှာ `အလ္လာဟ်´ ဖြစ်သည်။ ကျမ်းမြတ်ကုရ်အာန်တွင် အလ္လာဟ်အရှင်ကို အရ်ရဟ်မာန် (အနှိုင်းမဲ့ကရုဏာတော်ရှင်)၊ အရ်ရဟီးမ် (အနန္တကောင်းချီးကရုဏာပေးတော်မူ သောအရှင်)နှင့် အလ်ဟကီးမ် (ဥာဏ်တော်အနန္တရှင်) စသောဂုဏ်တော်များကို အခြားဂုဏ်တော်များထက်ပို၍ ကိုးကားသည်ကိုတွေ့ရ၏။ အသင်သည် အလ္လာဟ် အရှင်မြတ်အား အသင် ကြိုက်နှစ်သက်ရာနာမတော်ကို ခေါ်ဝေါ်တသနိုင်ပါသော် လည်း၊ သင်ခေါ်ဝေါ်တသသော အလ္လာဟ်အမည်မှာ လှပသောနာမတော်ဖြစ် သင့်ပါသည်။ ထို့အပြင် ထိုနာမတော်သည် စိတ်ကူးရုပ်ပုံတစ်ခုကို ပုံရိပ်တွင်၍အာရုံ၌ မြင်စေသော နာမတော်လည်း မဖြစ်သင့်ပါ။
ကိုးကွယ်ရာအရှင်၏ဂုဏ်ရည်တော်တိုင်းသည် အတုမရှိ၊ ပြိုင်ဘက်ကင်းသောဂုဏ်တော်များဖြစ်၍ ကိုးကွယ်ရာအရှင် တစ်ဦးတည်းကသာပိုင်ဆိုင်ကြောင်း
(ကိုးကွယ်ရာအရှင်)သည် အတုမရှိပြိုင်ဘက်ကင်းသော ဂုဏ်ရည်တော်များကို ပိုင်ဆိုင်သည်သာမက၊ အနန္တစွမ်းအားရှင်၏ ဂုဏ်တော်တစ်ခုချင်းသည်လည်း ထိုအရှင်အားအခြားအရာများမှ ခွဲခြားနိုင်အောင် ပြည့်စုံလှပေသည်။ ကျွန်ုပ်သည် ဤအချက်ကို အသေးစိတ်ရှင်းလင်းတင်ပြပါမည်။ ကျွန်ုပ်တို့သည် ကျော်ကြား ထင်ရှားသောပုဂ္ဂိုလ်များအနက် အဖက်ဖက်မှပြည့်စုံသော၊ အာကာသယာဉ်မှူး နီးလ်အမ်စထရောင်းကို ဥပမာအဖြစ်ရွေးချယ်သည်ဆိုပါစို့။
အကယ်၍ တစ်စုံတစ်ယောက်မှ နီးလ်အမ်စထရောင်းသည် အမေရိကန်လူမျိုးတစ်ဦးဖြစ်သည်ဟုဆိုပါက ဤအချက်မှာမှန်သော်လည်း အမေရိကန်လူမျိုး ဖြစ်ခြင်းဟူသော အရည်အသွေးသည် သူ့ကိုအခြားအမေရိကန်လူမျိုးများမှ ခွဲခြား ဖော်ပြနိုင်စွမ်းမရှိပေ။ အလားတူပင် နီးလ်အမ်စထရောင်းသည် အာကာသယာဉ်မှူး ဖြစ်ခြင်းသည် နီးလ်အမ်စထရောင်းကို သီးခြားဖော်ထုတ်နိုင်ခြင်းမရှိပါ။ ထို့ကြောင့် လူပုဂ္ဂိုလ်တစ်ဦးကို သီးသန့်ခွဲခြားပြနိုင်ရန်မှာ ကျွန်ုပ်တို့အနေနှင့် အခြားသူများနှင့် မတူသော ထိုသူ၏ဂုဏ်၊ အရည်အသွေးများကို ရှာဖွေဖော်ထုတ်ရန်လိုအပ်ပါသည်။ ဥပမာ- နီးလ်အမ်စထရောင်းသည် လကမ္ဘာတွင် ပထမဦးဆုံးခြေချနိုင်ခဲ့သော လူသားဖြစ်သည်။ ထို့ကြောင့် တစ်စုံတစ်ယောက်က မည်သူသည် ပထမဦးဆုံး လပေါ်တွင် ခြေချနိုင်ခဲ့ပါသနည်းဟုဆိုလျှင် အဖြေသည် တစ်ဦးတစ်ယောက်တည်း သာဖြစ်သည့် နီးလ်အမ်းစထရောင်း ဖြစ်သည်။ ထိုနည်းတူစွာ၊ အနန္တစွမ်းအားရှင်၏ ဂုဏ်တော်များသည်လည်း သီးသန့်ရှိသော အတုမရှိ၊ ပြိုင်ဘက်ကင်းသော ဂုဏ်တော်များ ရှိသင့်ပါသည်။ ဥပမာအားဖြင့် စကြ၀ဠာအနန္တကို ဖန်ဆင်းပြုလုပ်တော်မူသော ဖန်ဆင်းရှင်၊ အကယ်၍ ကျွန်ုပ်က အဆောက်အဦး၏ ဖန်ဆင်းရှင်၊ ဖန်တီးရှင်ဟုဆိုလိုက်လျှင်၊ ၎င်းဖော်ပြချက်သည် မှန်လည်းမှန်၊ ဖြစ်လည်းဖြစ်နိုင်ပါသည်။သို့သော် အတုမရှိ၊ ပြိုင်ဘက်ကင်းသော်ကားမရှိ။ ထောင်ပေါင်းများစွာသော လူသားများသည် အဆောက်အဦးကို တည်ဆောက်နိုင်သည်။ ဤသို့ဆိုလျှင် လူသားနှင့် ကိုးကွယ်ရာ အရှင်ကြားတွင် ကွဲပြားခြားနားမှုမရှိ ဖြစ်သွားမည်။ သို့သော် အလ္လာဟ်အရှင်မြတ်၏ ဂုဏ်တော်တစ်ခုချင်းသည် အခြားသက်ရှိသက်မဲ့အရာခပ်သိမ်းနှင့်မဆိုင်၊ အလ္လာဟ်တစ်ပါးတည်းကိုသာ ဖော်ညွှန်းနိုင်သော ဂုဏ်တော်များ ဖြစ်ကြသည်။ ဥပမာအားဖြင့် -အရ်-ရဟီးမ်-အနန္တကောင်းချီး ကရုဏာပေးတော်မူသောအရှင် -အရ်-ရဟ်မာန်-အနှိုင်းမဲ့ကရုဏာတော်ရှင် -အလ်-ဟကီးမ်-ဥာဏ်တော်အနန္တရှင် ထို့ကြောင့် တစ်စုံတစ်ယောက်က `အရ်ရဟီးမ်´ ဆိုသူမှာ မည်သူနည်းဟု မေးလာလျှင် အတိုင်းအဆမဲ့ သနားကြင်နာတော်မူဆုံးသောအရှင် ဟူသည့်အဖြေ တစ်ခုသာရှိသည်။ ဤဂုဏ်တော်ရှင်သည် အနန္တစွမ်းအားရှင် အလ္လာဟ်အရှင်မှလွဲ၍ မည်သူတစ်ဦး တစ်ယောက်နှင့်မျှ မထိုက်တန်ပါ။
ထာဝရဘုရားသခင်၏ဂုဏ်တော်တစ်ခုသည်၊ ၎င်းင်း၏ အခြားသောဂုဏ်တော်များနှင့် ကွဲလွဲဆန့်ကျင်မှုမရှိသင့်ခြင်း
အစောပိုင်းတွင် တင်ပြခဲ့သောဥပမာနှင့် ဆက်လက်တင်ပြရလျှင်၊ တစ်စုံ တစ်ယောက်က နီးလ်အမ်စထရောင်းသည် အရပ်လေးပေသာရှိသော အမေရိကန် အာကာသယာဉ်မှူးတစ်ဦးဖြစ်သည်ဟုဆိုလာပါက၊ အမေရိကန် အာကာသယာဉ်မှူး သည် မှန်ကန်သော်လည်း၊ ၎င်းင်းနှင့်တွဲဖက်၍ဖော်ပြသော (လေးပေသာမြင့်သည်) ဟူသောအချက်မှာမှားသည်။ အလားတူပင် တစ်စုံတစ်ယောက်က `ဘုရား´သည် စကြ၀ဠာအနန္တကို ပြုလုပ်ဖန်ဆင်းတော်မူသော ဖန်ဆင်းရှင်ဖြစ်ပြီး၊ ခေါင်းတစ်လုံး၊ ခြေထောက် နှစ်ချောင်း၊ လက်နှစ်ဖက်စသည်တို့ရှိသည်ဟုပြောလာခဲ့သော်၊ ပထမဂုဏ်ရည်ဖြစ်သည့် စကြ၀ဠာကိုဖန်ဆင်းသူဟူသော ဂုဏ်တော်မှာ မှန်သော်လည်း၊ ၎င်းင်းနှင့်တွဲဖက်ဖော်ပြသော အရည်အသွေးဖြစ်သည့် လူသား၏အသွင်သည် မမှန်ကန်နိုင်အောင် လုံးဝမှားယွင်းနေပေသည်။
အားလုံးသောဂုဏ်တော်များသည် တစ်ဆူတည်းသော ထာဝရဘုရား (ကိုးကွယ်ရာအရှင်) ကိုသာ ညွှန်ပြသင့်ခြင်း
ကိုးကွယ်ရာအရှင်သည် တစ်ဆူတည်းရှိခြင်းကြောင့်၊ ဂုဏ်တော်အားလုံးသည် ထိုအရှင်တစ်ပါးတည်းအတွက်သာ ဖြစ်သင့်သည်။ ပြောရမည်ဆိုလျှင် နီးလ်အမ်စထရောင်းသည်၊ လကမ္ဘာပေါ်သို့ ပထမဦးဆုံးခြေချသော အမေရိကန် အာကာသယာဉ်မှူးဖြစ်သည်ဟုဆိုလျှင်၊ ဤသို့သော အရည်အချင်းကို ပိုင်ဆိုင်သော သူသည် ဒုတိယဖြစ်သောအက်ဒွင်အယ်လ်ဒရင် ဖြစ်သည်ဟုဆိုလျှင် မှားယွင်းပေမည်။ အဘယ်ကြောင့်ဆိုသော် ထိုပုဂ္ဂိုလ်နှစ်ဦးစလုံးတွင် သီးခြားအရည်အသွေးများ ပိုင်ဆိုင်ထားခြင်းကြောင့်ဖြစ်သည်။အလားတူပင် ဖန်ဆင်းရှင်သည် ဘုရားတစ်ဆူဖြစ်၍ ခရစ်ရှနာသည် အခြားသောဘုရားတစ်ဆူဟုဆိုပါက ဆင်ခြင်စဉ်းစားရန်အတွက် ဆန့်ကျင်သောသဘောဆောင်နေပေမည်။ အဘယ်ကြောင့်ဆိုသော် အားလုံးသော ဂုဏ်တော်များကိုပေါင်းစပ်၍ ပိုင်ဆိုင်တော်မူသောအရှင်သည် တစ်ဆူတည်းသောဘုရားသာ ဖြစ်သင့်သောကြောင့် ဖြစ်သည်။
ထာဝရဘုရားသခင်(ကိုးကွယ်ရာအရှင်)သည် တစ်ပါးတည်းဖြစ်ခြင်း
အချို့သောဗဟုနာထ၀ါဒီ (တစ်ပါးမကသောနတ်ဘုရားများကို ကိုးကွယ်သူ များ)က၊ ဘုရား(ကိုးကွယ်ရာအရှင်)သည် တစ်ဆူထက်ပို၍ တည်ရှိနေခြင်းသည် ယုတ္တိတန်သော အကြောင်းတရားဖြစ်သည်ဟု ငြင်းခုံနေကြပါသည်။ ထိုသူများ ကိုထောက်ပြရမည်ဆိုလျှင် အကယ်၍ တစ်ဆူတည်းသောဘုရားထက် ဘုရားများ ပို၍ရှိသည်ဆိုလျှင်၊ဘုရားတိုင်းက ၎င်းင်းတို့အသီးသီး၏ဆန္ဒကို ဖြည့်စွက်ရန် ကြိုးစားကြလျှင် တစ်ပါး၏ဆန္ဒကို တစ်ပါးကဆန့်ကျင်မိကြ၍ တစ်ပါးနှင့်တစ်ပါး ပဋိပက္ခဖြစ်နိုင်ပါသည်။ဤသို့သော ဖြစ်ရပ်များကို ဗဟုနာထ၀ါဒနှင့် ဘာသာတရားအသီးသီးမှ ဘုရားများကို အသိအမှတ်ပြုကိုးကွယ်သောဝါဒများ၏ ဒဏ္ဍာရီပုံပြင်များ တွင် တွေ့နိုင်ပါသည်။ အကယ်၍ ဘုရားတစ်ဆူသည် အခြားဘုရားများ၏ အောင်နိုင်မှု ကိုခံရသောအခါ၊ (သို့) အခြားဘုရားများကို မအောင်နိုင်သောအခါမျိုးတွင် ထိုဘုရားသည် ဘုရားစစ်၊ ဘုရားမှန်မဟုတ်တော့ပေ။ ထို့ပြင် ဗဟုနာထ၀ါဒ ခေါ် တစ်ပါးမကသော နတ်ဘုရားများကို ကိုးကွယ်သောသူများအကြားတွင် ထင်ရှားသော အယူအဆတစ်ရပ်မှာ၊ နတ်ဘုရားများတွင် အသီးသီးသောတာဝန်ဝတ္တရားများရှိသည်ဟူသော အယူအဆဖြစ်သည်။ ဘုရားတိုင်းသည် လူသားများတည်ရှိနေမှု အတွက် တာဝန်ရှိပေသည်။ ဥပမာ-နေဘုရား၊ မိုးဘုရားစသည်တို့ဖြစ်သည်။ ဤအဓိပ္ပာယ်မှာ၊ အချို့သောလုပ်ရပ်များအတွက် ဘုရားတစ်ပါးတည်းနှင့် မလုံလောက်သောသဘောဖြစ်ပြီး၊ ထိုဘုရားသည် အခြားသောဘုရားများ၏တာဝန်၊ ၀တ္တရားများကိုလည်း လျစ်လျူရှုရာရောက်သလို၊ မစွမ်းဆောင်နိုင်ရာလည်းရောက် ပေသည်။ ထို့ကြောင့် ဘုရား(ကိုးကွယ်ရာအရှင်) သည် တစ်ပါးထက်ပို၍ရှိနေပါက ရှုတ်ထွေးမှု၊ ပရမ်းပတာဖြစ်မှုနှင့်၊ အစီအစဉ်မကျမှုများ လောကတွင်ပေါ်ပေါက်ပြီး စကြ၀ဠာကြီး ပျက်သုန်းသွားပေမည် ဖြစ်သည်။သို့သော်စကြ၀ဠာကြီးသည် ပြည့်စုံသောသဟဇာတညီမျှမှု အတွင်း ယနေ့ထက်တိုင်ရှိနေပါသည်။ ကျမ်းမြတ်ကုရ်အာန်၌-
“အကယ်၍သာ ယင်း (မိုးကောင်းကင်များနှင့် ကမ္ဘာဂြိုဟ်) နှစ်ခုတွင် အလ္လာဟ်အရှင်မြတ်အပြင် အခြား ကိုးကွယ်ရာများ ရှိခဲ့ကြပါမူ (မိုးကောင်း ကင်များနှင့် ကမ္ဘာ ဂြိုဟ်)နှစ်ခုစလုံးမှာ မလွဲဧကန် ပျက်စီးခဲ့ပြီး ဖြစ်ကြပေမည်။ စင်စစ်သော်ကား `အရ်ရှ်´ပလ္လင်တော်ကို စိုးပိုင်တော်မူသော အလ္လာဟ်အရှင်မြတ်သည် ၄င်းတို့ကြံဖန်စွပ်စွဲကြသည် တို့ မှ(အကြွင်းမဲ့) စင်ကြယ် သန့်ရှင်း အပြစ်ကင်းတော်မူ၏။´´ (ကျမ်းမြတ်ကုရ်အာန် ၂၁း၂၂)
အကယ်၍သာ ကိုးကွယ်ရာအရှင်သည် တစ်ဆူထက်ပို၍ရှိပါက၊ ၎င်းင်းတို့ ဖန်ဆင်းထားသောအရာများကို ၎င်းင်းတို့ဖာသာ ယူဆောင်သွားကြမည်သာဖြစ်သည်။ ထို့ကြောင့် ကျမ်းမြတ်ကုရ်အာန်တွင် အောက်ပါအတိုင်းဖော်ပြထားပေမည်။
“အလ’ာဟ်အရှင်မြတ်သည် သားတော်ဟူ၍ တစ်ဦးတစ်ယောက်မျှပင် ရွေးချယ်ပြုလုပ် ထားတော်မူသည် မဟုတ်ပေ။ ထိုနည်းတူစွာ ထိုအရှင်နှင့်အတူ ကိုးကွယ်ရာ ဟူ၍လည်း(အခြား)တစ်ဦးတစ်ယောက်မျှပင် အလျဉ်း မရှိ ချေ။ သို့ရှိခဲ့ပါမူ ကိုးကွယ်ရာတိုင်းသည် မိမိဖန်ဆင်းထားသော အရာခပ်သိမ်းတို့ကို အမှန်ပင်ခေါ်ဆောင်၍ ထွက်သွားခဲ့မည်သာမက၊ ထိုကိုးကွယ်ရာတို့အနက်တစ်ဦးသည် တစ်ဦး၏ အပေါ်၌မုချလွှမ်းမိုးမည်သာ။ အလ္လာဟ်အရှင်မြတ်သည် ၄င်းတို့ကြံဖန်စွပ်စွဲ ပြောဆိုကြကုန်သော အကြောင်း၊ ကိစ္စတို့မှ လုံးဝစင်ကြယ် သန့်ရှင်းတော်မူ၏´´ (ကျမ်းမြတ်ကုရ်အာန် ၂၃း၉၁)
ထို့ကြောင့် စစ်မှန်သော၊ မြင့်မြတ်သော၊ အင်အားကြီးသော၊ တစ်ပါးတည်း တည်ရှိတော်မူခြင်းသည်သာလျှင် `ကိုးကွယ်ရာအရှင်´၏ ယုတ္တိတန်သောအသိသညာ သာဖြစ်သည်။ ဗုဒ္ဓဘာသာနှင့်၊ ကွန်းဖြူးရှပ်ဝါဒတို့ကဲ့သို့ ဖန်ဆင်းရှင်ရှိမှုကို သံသယရှိသောဘာသာတရားအချို့လည်းရှိပေသည်။ ထိုဘာသာများသည် ကိုးကွယ်ရာဖန်ဆင်းရှင်ရှိခြင်းနှင့် ပတ်သက်၍၊ ထောက်ခံချက် ၊ ငြင်းပယ်ချက် တစ်စုံတစ်ရာမပြုပါ။ ဖန်ဆင်းရှင်ဘုရားရှိခြင်းနှင့်ပတ်သက်၍ ခိုင်မာမှုကို ဆန်းစစ်ရန် လည်းမကြိုးစား၊ ငြင်းပယ်မှုလည်းမပြုကြချေ။ အခြားသောဘာသာတရားများ၊ ဥပမာ- ဂျိန်းဝါဒကဲ့သို့သောဘုရားမဲ့များသည် ကိုးကွယ်ရာအရှင် တည်ရှိခြင်းကို မယုံကြည်ကြချေ။
အလ္လာဟ်အရှင်မြတ် အလိုတူပါလျှင် ကျွန်ုပ်သည် “ကုရ်အာန်သည် ကိုးကွယ်ရာအရှင်၏ လမ်းညွှန်စကားတော်များ ဖြစ်သလား။´´ဟူသောစာအုပ်ကို ထုတ်ဝေပါမည်။ ဤစာအုပ်ကိုထုတ်ဝေဖြစ်ပါက (ချီးမွမ်းခြင်းအပေါင်းတို့သည် အလ္လာဟ်အရှင်မြတ် အတွက်သာဖြစ်သည်။) ဘုရားမဲ့ဝါဒီများ၊ ဘုရား (ကိုးကွယ်ရာအရှင်)တည်ရှိမှုကို သံသယထားသူများအား အကြောင်းအကျိုးခိုင်လုံစွာ ယုတ္တိဗေဒနည်း၊သိပ္ပံနည်းတို့ဖြင့် ကျမ်းမြတ်ကုရ်အာန်ကို ခွဲခြမ်းစိတ်ဖြာလေ့လာပြီး၊ အလ္လာဟ်အရှင်မြတ်ရှိနေမှုကို သက်သေပြနိုင်မည်ဖြစ်ပါသည်။
အားလုံးသောဘာသာတရားများသည်အဆုံးတွင် တစ်ပါးတည်းသော`ကိုးကွယ်ရာအရှင်´အားယုံကြည်ကြခြင်း
အားလုံးသောဘာသာတရားများသည်၊ အဆုံးတွင် ဘုရား (ကိုးကွယ်ရာအရှင်) တည်ရှိနေမှုကို ယုံကြည်ကြလေရာ၊ အဆင့်မြင့်သောအပိုင်းတွင်၊ တစ်ဆူတည်း သောဘုရား(ကိုးကွယ်ရာအရှင်)ကို ယုံကြည်ကြလေသည်။ အားလုံးသောဘာသာ တရားများ၏ ကျမ်းဂန်များက အမှန်တစ်ကယ်ပင်၊ တစ်ဆူတည်းသောဘုရားကို ယုံကြည်ရန် ပြောထားလေသည်။ တစ်နည်းဆိုသော် အစစ်အမှန်ဖြစ်သော တစ်ပါးတည်းသောအရှင်ကို ကိုးကွယ်ရန် အဆိုပြုထားလေသည်။
လူသားတို့က၎င်းင်းတို့အကျိုးအတွက် စာပေကျမ်းဂန်များကို ပြုပြင်ကြခြင်း
အချိန်ကာလ ကြာညောင်းလာသည်နှင့်အမျှ (ကမ္ဘာ၏သမိုင်းစဉ်အရ)၊ များစွာသောဘာသာတရားများ၏ စာပေကျမ်းဂန်များသည် ယိုယွင်းလာခဲ့သည် လည်းရှိ၏။ တစ်ဖန်လူသားများက ၎င်းတို့အကျိုးအတွက် ပြုပြင်ပြောင်းလဲမှုများ လည်းရှိ၏။ ထို့ကြောင့် များစွာသောဘာသာတရားများ၏ ယုံကြည်ချက်များသည် ယိုယွင်းပျက်စီးလာပြီး တစ်ဆူတည်းသောဘုရားကို ကိုးကွယ်သောဝါဒမှ၊ ဗဟုနာထ၀ါဒ (တစ်ပါးမကသောနတ်ဘုရားများကိုကိုးကွယ်မှု)နှင့် ဘာသာတရားအသီးသီးမှ ဘုရားများကို အသိအမှတ်ပြု ကိုးကွယ်သောဝါဒ (သို့) သဘာဝလောကတွင်ရှိသော အရာခပ်သိမ်းကို ဘုရားအဖြစ်ကိုးကွယ်မှုဝါဒများသို့ ရွေ့လျားပြောင်းလဲသွားခဲ့၏။ ထို့ကြောင့်ကျမ်းမြတ်ကုရ်အာန်တွင်
“သို့ဖြစ်၍ ကျမ်းဂန်များကို မိမိတို့ကိုယ်တိုင် မိမိတို့လက်ဖြင့် စီရင်ရေးသားပြီး အနည်းငယ်မျှ သောအဖိုးအခဖြင့် လဲလှယ်ရောင်းချ(စားသုံး)ရန် အလို့ငှာ၊ ဤကျမ်းဂန်သည်ကား အလ’ာဟ်အရှင်မြတ် အထံတော်မှ (ထုတ်ပြန် ပို့ချတော်မူသော တရား ဒေသနာတော်ကျမ်းဂန်) တည်းဟူ၍ (လိမ်လည်) ပြောဆိုကြသူတို့သည် ပျက်ဆီးကြရကုန်လတ္တံ။ တဖန်ယင်းသူတို့သည် မိမိ ကိုယ်တိုင်မိမိတို့လက်ဖြင့် (မဟုတ်မမှန်)ရေးသားခဲ့ခြင်းကြောင့်လည်းကောင်း၊ (မပြုထိုက်မပြုအပ်သောနည်းမျိုးဖြင့် ဥစ္စာပစ္စည်း) ရှာဖွေခြင်းကြောင့်လည်း ကောင်း၊ ပျက်စီးကြရလိမ့် မည်။´´ ကျမ်းမြတ်ကုရ်အာန်၊ ၂း၇၉
သောင်ဟီးဒ်၏အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့်အမျိုးအစားများ
အစ္စလာမ်သည်သောင်ဟီးဒ်ကိုယုံကြည်သည်။ ဤသောင်ဟီးဒ်သစ္စာတရား သည် တစ်ဆူတည်းသောဘုရား (ကိုးကွယ်ရာအရှင်)ကို ယုံကြည်ခြင်းထက်သာ လွန်ပါသည်။ သောင်ဟီးဒ်ဟူသောစကားလုံးမှာ စာပေအဓိပ္ပာယ်အရ `တစ်ပေါင်းတည်းဖြစ်ခြင်း´ဟုဖြစ်ပြီး ထိုကိုးကွယ်ရာအရှင်တစ်ပါးတည်းရှိကြောင်း၊ အခိုင်အမာယုံကြည်ပြောဆိုခြင်းပင်ဖြစ်သည်။ သောင်ဟီးဒ်သည်အာရဗီစကားလုံး وحد يوحد توحيد မှဆင်းသက်လာပြီး အဓိပ္ပာယ်မှာ ပေါင်းစည်းခြင်း၊ စည်းလုံးခြင်း (သို့မဟုတ်) ကျစ်လျစ်ခိုင်မာခြင်းတို့ဖြစ်သည်။ သောင်ဟီးဒ်ကို အမျိုးအစား(၃)ခု ခွဲခြားနိုင်ပါသည်။၎င်းင်းတို့မှာ-
(၁) သောင်ဟီးဒလ်ရုဗူဗီယဟ် (၂) သောင်ဟီးဒလ် အလ်-အတ်စ်မာအုဝဆ်ွဆွိဖါသ် (၃) သောင်ဟီးဒလ်အုလုဟီးယဟ်(သို့) သောင်ဟီးဒလ်အိဗာဒဟ်
(၁) သောင်ဟီးဒရ်ရူဗူဗီယဟ် (ဖန်ဆင်းထိန်းသိမ်းမှု၌ `အနှိုင်းမဲ့တစ်´ဖြစ်ခြင်း) သောင်ဟီးဒ်အမျိုးအစားထဲမှ၊ ပထမဦးဆုံးအမျိုးအစားမှာ သောင်ဟီးဒရ် ရူဗူဗီယဟ်ဖြစ်သည်။ ရူဗူဗီယဟ်သည်မူရင်းအာရဗီစကားလုံး ရဗ် (رب)မှဆင်းသက်လာပြီး၊ ရဗ်၏ အဓိပ္ပာယ်မှာ အရှင်သခင်၊ ထိန်းသိမ်းစောင့်ရှောက်သူနှင့် ချစ်ခင်မြတ်နိုးသူဟူသော အဓိပ္ပာယ်များရှိသည်။
ထို့ကြောင့် သောင်ဟီးဒရ်ရူဗူဗီယဟ်ဟူသည် ဖန်ဆင်း ထိန်းသိမ်း စောင့်ရှောက်ရာအရှင် တစ်ပါးတည်းဖြစ်ခြင်းကို ထိန်းသိမ်းခြင်းဖြစ်သည်။ ဤသောင်ဟီးဒ် အမျိုးအစားမှာ အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကသာလျှင် ဘာမျှမရှိသော အခြေအနေမှ အရာခပ်သိမ်းဖြစ်ပေါ်တည်ရှိစေအောင် ဖြစ်စေခြင်းဟူသော အခြေခံ အသိသညာပေါ်တွင် အခြေခံထား၏။ တစ်စုံတစ်ရာမျှ လုံးဝမရှိသေးသော အခြေအနေမှ အရာခပ်သိမ်းတို့ကိုဖန်ဆင်းသည် (သို့) အစပြုဖြစ်ပေါ်စေသည်။ ထိုအရှင်တစ်ပါးတည်းသာလျှင် (ပြီးပြည့်စုံသောစကြ၀ဠာကြီးနှင့် ၎င်းင်းစကြ၀ဠာအတွင်းရှိ အရာများအားလုံးကို) ဖန်ဆင်းရှင်၊ ပြုစု ပျိုးထောင်တော်မူသောအရှင်၊ ထိန်းသိမ်း စောင့်ရှောက်တော်မူသောအရှင် ဖြစ်သည်။ ဤသို့စကြ၀ဠာနှင့် စကြ၀ဠာအတွင်းရှိ သက်ရှိ၊သက်မဲ့ခပ်သိမ်းတို့ကို ပြုစုပျိုးထောင်ထိန်းသိမ်းရာတွင် ထိုအရှင်အတွက် လိုအပ်ချက်တစ်စုံတစ်ရာမရှိသလို ထိုအရှင်အတွက်လည်း မည်သို့မျှ အသုံးဝင် လိုလား တောင့်တအပ်သည်မဟုတ်။
(၂)သောင်ဟီးဒလ် အတ်စ်မာအ်ဝဆ်ွဆွီဖါသ် (အလ္လာဟ်၏နာမတော်နှင့်ဂုဏ်ရည်တော်များ ၏တစ်ပေါင်းတည်းဖြစ်ခြင်းသဘောကို ထိန်းသိမ်းခြင်း)
သောင်ဟီးဒ်၏ဒုတိယအမျိုးအစားမှာသောင်ဟီးဒလ် အတ်စ်မာအ်ဝဆ်ွဆွီဖါသ်ဖြစ်ပြီး၊ ၎င်းင်း၏အနက်အဓိပ္ပါယ်မှာ အလ္လာဟ်အရှင်မြတ်၏နာမတော်များ၊ ဂုဏ်ရည်တော်များ၏ တစ်ပေါင်းတည်းဖြစ်ခြင်း၊ (ဧကန်သဘော)ကို ထိန်းသိမ်းခြင်းဟု အဓိပ္ပါယ်ရသည်။ သောင်ဟီးဒ်ကို (၅)မျိုးခွဲခြားနိုင်သည်။
(၁) အလ္လာဟ်အရှင်မြတ်အား ရည်ညွှန်းဖော်ပြရာတွင်၊ ထိုအရှင် ကိုယ်တော်တိုင်နှင့် ထိုအရှင်၏တမန်တော်များ၏ဖော်ပြချက်များအတိုင်း ရည်ညွှန်းဖော်ပြသင့်ခြင်း။ အလ္လာဟ်အရှင်မြတ်ကိုရည်ညွှန်းပြောဆိုရာတွင်၊ ထိုအရှင် ကိုယ်တော်တိုင်နှင့် ထိုအရှင်၏တမန်တော်များက ဖော်ပြသည့်နည်းအတိုင်းသာ သတ်မှတ်ခေါ်ဝေါ် သင့်ပါသည်။ ဤကဲ့သို့ ခေါ်ဝေါ်ကြရာဝယ်၊ ထိုအရှင်၏နာမတော်များ၏ ထင်ရှားသော အနက်အဓိပ္ပာယ်များမှလွဲ၍ မည်သည့်အမည်နာမများ၊ ဂုဏ်တော်များဖြင့် ရှင်းလင်းပြသခြင်းမပြုဘဲ မူရင်းအနက်အဓိပ္ပာယ်အတိုင်းသာ ဖော်ပြသင့်ပါသည်။
(၂) အလ္လာဟ်အရှင်မြတ်အား ရည်ညွှန်းခေါ်ဆိုရာ၌ ထိုအရှင်မြတ် ကိုယ်တော်တိုင်က မိမိကိုယ်ကိုမိမိရည်ညွှန်းသည့်အတိုင်း ခေါ်ဝေါ်ရပါမည်။ အလ္လာဟ်အရှင်မြတ်ကို ရည်ညွှန်းတသရာတွင် အမည်နာမတော်အသစ်၊ ဂုဏ်တော်အသစ်များပေး၍ မရည်ညွှန်း၊ မတယ သသင့်ပါ။ ဥပမာ-အလ္လာဟ်အရှင်မြတ်သည် ကရုဏာကင်းဝေးခြင်းရှိတတ်သည်မှာမှန်သော်လည်း အလ္လာဟ်၏ အမည်နာမတော်အား (အလ်ဂါဒွိဗ်) (ဒေါသကြီးတော်မူသောအရှင်) ဟူသော အမည်နာမမျိုး မပေးသင့်ပါ။ အဘယ်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ် ကိုယ်တော်တိုင်နှင့် ထိုအရှင်၏တမန်တော်များကပါ ထိုကဲ့သို့သော အမည် နာမတော်မျိုးကို အသုံးပြုဘူးသည်မရှိခဲ့သောကြောင့် ဖြစ်ပါသည်။
(၃) အလ္လာဟ်အရှင်မြတ်အား ၎င်းင်းကိုယ်တော်တိုင်ပြုလုပ် ဖန်ဆင်းထားသောအရာများနှင့်လည်းကောင်း၊ ဂုဏ်အရည်အသွေးများနှင့်လည်းကောင်း၊ အမည်တတ်ခေါ်ဝေါ်တသခြင်း မပြုအပ်ပါ။ ကိုးကွယ်ရာအရှင်အလ္လာဟ်အား ရည်ညွှန်းတသမှုအတွက် ထိုအရှင်က ဖန်ဆင်းတော်မူခဲ့သည့် အဖန်ဆင်းခံများ၏ အရည်အသွေးများနှင့် အမည် မှည့်ခေါ်တသမှုကိစ္စအား ကျွန်ုပ်တို့ အနေနှင့် တင်းတင်းကျပ်ကျပ် ရှောင်ကြဉ်ရပါမည်။ ဥပမာ-သမ္မာကျမ်းစာတွင် ဘုရား(ကိုးကွယ်ရာအရှင်)သည် လူသားများက သူတို့၏ အမိုက်၊အမှားများကိုပြုလုပ်ပြီး နောင်တရသကဲ့သို့ ဘုရားကလည်း သူ၏မှားယွင်း သောအတွေးအခေါ်၊ အကြံအစည်များလုပ်ရန်အတွက်နောင်တရသည်ဟု သရုပ်ဆောင်ပြထားခြင်းမျိုးကို လက်မခံပါ။ ဤသို့ လူသား၏လုပ်ရပ်ကို ဘုရား အတွက်သုံးနှုန်းခြင်းသည် သောင်ဟီးဒ်၏သဘောတရားကို သွင်သွင်ကြီးဆန့်ကျင် နေပေသည်။ (ကိုးကွယ်ရာအရှင်)သည် နောင်တရစရာ အကြောင်းလည်းမရှိ။ မည်သည့် အမှားအယွင်းကိုမျှလည်း ကျူးလွန်ရန်အကြောင်းမရှိချေ။ အလ္လာဟ်အရှင်မြတ်၏ဂုဏ်တော်များနှင့်ပတ်သက်သော အဓိကသဘောတရားများကို ကျမ်းမြတ်ကုရ်အာန်၏ စူရာဟ် ရှိုရာတွင် အောက်ပါအတိုင်း ဖော်ပြထား ပေသည်။
“ထိုအရှင်မြတ်နှင့်တူသောအရာဟူ၍ကား မည်သည့် တစ်စုံ တစ်ရာမျှပင် မရှိပြီ။ ထိုအရှင်မြတ်သည်ပင် အ<ကင်းမဲ့ကြားတော်မူသောအရှင်၊ အ<ကင်းမဲ့ မြင်တော်မူသော အရှင်ဖြစ်၏´´ (ကျမ်းမြတ်ကုရ်အာန် ၄၂း၁၁)
မြင်ခြင်းနှင့်ကြားခြင်းသည် လူသား၏ အရည်အသွေးဖြစ်သော်လည်း၊ ကိုးကွယ်ရာအရှင်၏ဂုဏ်တော်အဖြစ် သုံးစွဲသောအခါတွင်၊ ၎င်းင်းတို့၏တုနှိုင်းမဲ့ ပြည့်စုံမှုသဘောတရားကြောင့် လူသားများကြားခြင်း၊မြင်ခြင်းနှင့် မတူနိုင်ပါ။ လူသားတွင် ၎င်းတို့၏အမြင်နှင့် အကြားအာရုံတို့တွင်ကန့်သတ်ချက်များရှိ နေသောကြောင့် မြင်နိုင်၊ ကြားနိုင်ဖို့ရာ လူသားအတွက် နားများ၊ မျက်စေ့များအစရှိသည်တို့ လိုအပ်သော်လည်း ကိုးကွယ်ရာအရှင် အလ္လာဟ်အရှင်မြတ်အတွက်ကား နား၊ မျက်စေ့စသောအင်္ဂါရပ် များမလိုအပ်ပါ။
(၄) လူသားအားအမည်မှည့်ခေါ်ရာတွင် (ကိုးကွယ်ရာအရှင်)၏ ဂုဏ်ရည်တော် များကို မပေးသင့်ခြင်း
လူသားအား ကိုးကွယ်ရာအရှင်၏ ဂုဏ်ရည်တော်များဖြင့် အမည်မှည့်ခေါ်ခြင်းသည်လည်း သောင်ဟီးဒ်သဘောတရား နှင့်ဆန့်ကျင်နေပါသည်။ ဥပမာ-လူသား တစ်ဦးအားအစလည်းမရှိ၊ အဆုံးလည်းမရှိ `ထာဝရတည်နေခြင်း´ဟု အမည်မှည့်ခေါ်ခြင်း သည် သောင်ဟီးဒ်သဘောတရားနှင့် ဆန့်ကျင်နေပေသည်။
(၅) ဖန်ဆင်းခံများအား အလ္လာဟ်၏အမည်နာမတော်များနှင့် မမှည့်ခေါ်သင့်ခြင်း အချို့သောထူးခြားသည့် အမည်နာမများအား၊ ၎င်းင်းတို့၏ မတိကျသော ပုံစံဖြင့်(ဥပမာ-ရအုဖ် (၀ါ) ရဟီးမ်) စသည်တို့သည် သာမန်လူသားအတွက်ရော တမန်တော်များအတွက်ပါ အသုံးပြု ခွင့်ရှိသော်လည်း၊ အရ်-ရအုဖ် (ဘာသာရေး အကိုင်းရှိုင်းဆုံးသူ)နှင့် အရ်-ရဟီးမ် (သနားကြင်နာဆုံးပုဂ္ဂိုလ်) စသည့် အမည်နာမများကိုကား မပေးသင့်ပေ။ ထိုအမည်နာမများရှေ့တွင် ရှေ့ဆက်စကားလုံး အဗ်ဒုရ် (ကျေးကျွန် (သို့) အစေခံ) ကိုတပ်၍ -အဗ်ဒုရ် ရအုဖ်၊ အဗ်ဒုရ်ရဟီးမ် စသည်တို့ အဖြစ်သာခေါ်အပ်သည်။
(ဂ) သောင်ဟီးဒလ်အူလူဟီးယဟ် (သို့)သောင်ဟီးဒလ်အိဗာဒဟ် (ကိုးကွယ်ခြင်းခံထိုက်မှုတွင်တစ်ပါးတည်းဖြစ်ကြောင်းကိုထိန်းသိမ်းခြင်း)
(၁) အိဗာဒဟ်၏ အနက်အဓိပ္ပါယ် သောင်ဟီးဒလ်အိဗာဒဟ်သည် ကိုးကွယ်ဆည်းကပ်ခြင်းခံထိုက်မှုတွင် တစ်ပါးတည်းတည်ရှိကြောင်းကို ထိန်းသိမ်းခြင်း ဖြစ်သည်။ “အိဗာဒဟ်´´သည် အာရဗီ စကားလုံး `عبد´မှ ဆင်းသက်လာပြီး `ကျေးကျွန် (သို့) ၀န်ထမ်း (သို့) တာဝန်ထမ်း ဆောင်သူ´ဟု အဓိပ္ပါယ်ရသည်။ ထို့ကြောင့် အိဗာဒဟ်သည် ယုံကြည်ကိုးကွယ်မှုတွင် သူ့ကျွန် (သို့) နာခံဘ၀တည်ဆောက်ခြင်းဖြစ်သည်။ ဆွလားသ်သည် အိဗာဒဟ် ပြုခြင်းအတွက် အမြင့်ဆုံး ပုံသဏ္ဌာန်တစ်ခုဖြစ်သည်။ ဆွလားသ်သည် အလ္လာဟ်အရှင်မြတ်အား ၀တ်ပြုဆည်းကပ်ခြင်းဖြစ်ပြီး၊ ၎င်းင်းတစ်ခုတည်းက အိဗာဒဟ် မဟုတ်ပါ။ များစွာသော မွတ်စလင်မ်များသည်၊ ပုံမှန်ဝတ်ပြုသော ဆွလားသ်များ တည်ဆောက်ရုံဖြင့် အနန္တစွမ်းအားရှင် အလ္လာဟ်အရှင်မြတ်အား `အိဗာဒဟ်´ ပြုလုပ်ရာရောက်သည်ဟု လွဲမှားစွာ နားလည်နေကြပေသည်။ အမှန်စင်စစ် အစ္စလာမ်က လက်ခံထားသောဝတ်ပြုဆုတောင်းခြင်းဟူသော အသိသညာမှာ အလ္လာဟ်အရှင်မြတ် အားလုံးဝရိုကျိုး၍ အမိန့်နာခံခြင်း၊လိုက်နာခြင်း၊ တာဝန်ထမ်းဆောင်ခြင်းတို့ အကျုံး ၀င်သည်။ တစ်နည်းအားဖြင့်ဆိုသော် အလ္လာဟ်အရှင်မြတ်၏ ပညတ်ချက်များကို လိုက်နာခြင်း အလ္လာဟ်တားမြစ်ထားသောအရာများမှ ရှောင်ရှားခြင်းသည် `အိဗာဒဟ်´(နာခံဘ၀တည်ဆောက်ခြင်း)မည်၍ ဤသို့ ပြုလုပ်သော အိဗာဒဟ်များသည်လည်း အလ္လာဟ်အရှင်မြတ် တစ်ပါးတည်းကိုသာ ရည်ရွယ်၍ပြုလုပ်ခြင်း ဖြစ်သည်။
(၂) အထက်ဖော်ပြပါ သောင်ဟီးဒ်သုံးမျိုးသုံးစားစလုံးကို တစ်ပြိုင်နက် လိုက်နာရန် လိုအပ်ပါသည်။ သောင်ဟီးဒ်အမျိုးအစား ပထမနှစ်ခုကိုသာယုံကြည်ပြီး၊ သောင်ဟီးဒလ် အိဗာဒဟ်ကို လက်တွေ့အကောင်အထည်မဖော်ပါက လုံးဝအသုံးဝင်မည်မဟုတ်။ ကျမ်းမြတ်ကုရ်အာန်တွင် `မုရှ်ရစ်က်များ´ (တမန်တော်မြတ် လက်ထက်တော်က ရုပ်ထုကိုးကွယ်သူများ)က သောင်ဟီးဒ် ပထမအမျိုးအစားနှစ်ခုနှင့် ပတ်သက်၍ အတည်ပြုခဲ့ကြောင်းကို အောက်ပါအတိုင်း ညွှန်းဆိုတင်ပြထားပါသည်။
“(အို-နဗီတမန်တော်)အသင်သည် ၄င်းတို့အား ဤသို့ ပြောဆိုမေး မြန်းကြပါလေ။အချင်းတို့ အသင်တို့အား မိုးကောင်းကင်မှလည်းကောင်း၊ ကမ္ဘာဂြိုဟ်မှ လည်းကောင်း၊ မည်သူမည်ဝါစားနပ်ရိက္ခာ ထောက်ပံ့လေသနည်း။ သို့တည်း မဟုတ် မည်သူသည်နားများနှင့် မျက်စိများကိုစိုးပိုင်သနည်း။ ထိုနည်းတူစွာ မည်သူသည် သက်ရှိကိုသက်မဲ့မှ ထွက်စေသနည်းဟု မေးမြန်းပါလေ။ ထိုအခါ ၄င်းတို့က အလ္လာဟ်အရှင်မြတ် ဟူ၍ပင် မုချပြောဆို ဖြေကြားကြပေမည်။ သို့ဖြစ်ပေရာ အသင်တို့သည် (တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက် နှိုင်းယှဉ်ကိုးကွယ်ခြင်းမှ) မရှောင်ကြဉ်ကြ လေသလော´ ဟုမေးမြန်းပါလေ။´´ (ကျမ်းမြတ်ကုရ်အာန်၁၀း၃၁)
အလားတူ အခြားဥပမာတစ်ခုကို ကျမ်းမြတ်ကုရ်အာန်၊ စူရာဟ်ဇုခ်ရုဖ်တွင် အောက်ပါအတိုင်းတွေ့မြင်နိုင်ပါသည်။
“စင်စစ်သော်ကား (အို-နဗီတမန်တော်) အကယ်၍ သာ အသင်သည် ၎င်းင်းတို့အား အသင်တို့ကိုမည်သူ ဖန်ဆင်းခဲ့ သနည်းဟု စုံစမ်းမေးမြန်းခဲ့ ပါလျှင် ၄င်းတို့ကအလ္လာဟ်အရှင်မြတ်ပင် (ဖန်ဆင်းတော်မူခဲ့သည်)ဟု ဧကန် မလွဲပြောဆို(ဖြေကြား) ကြပေမည်။ သို့ပါလျှက် ၄င်းတို့သည် အဘယ်သို့ (အမှန်တရားဘက်မှ) ပြန်လှည့်သွားနေကြပါ သနည်း။´´ (ကျမ်းမြတ်ကုရ်အာန် ၄၃း၈၇)
မက္ကာမြို့တော်တွင်နေထိုင်ခဲ့ကြသော မုရှ်ရီးက်များက အလ္လာဟ်အရှင်မြတ်သည် သူတို့၏ဖန်ဆင်းရှင်၊ထိန်းသိမ်းစောင့်ရှောက်သောအရှင်၊ အရှင်သခင်၊ အကြီးအကဲဖြစ်ကြောင်းကို ယုံကြည်ကြသည်။ သို့သော် ထိုသူများသည် အလ္လာဟ်အရှင်မြတ်အပြင် အခြားသောဘုရားများကို ၀တ်ပြုရှိခိုးခြင်းကြောင့် မွတ်စလင်မ်များ မဟုတ်ကြပေ။ အလ္လာဟ်အရှင်မြတ်က ထိုသူများကို `ကာဖိရ်´(မယုံကြည်သူများ) ဟူ၍လည်းကောင်း၊ `မုရှ်ရီးက်များ´ (ရုပ်ထုကိုးကွယ်သူများနှင့် အလ္လာဟ်နှင့် တုဖက်နှိုင်းယှဉ် ကိုးကွယ်သူများ) ဟူ၍အမျိုးအစား ခွဲခြားသတ်မှတ်ခဲ့သည်။
“စင်စစ်သော်ကား ၄င်းတို့အနက် များစွာသောသူတို့သည် အလ္လာဟ် အရှင်မြတ်အား တစ်စုံတစ်ရာကို ထိုအရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ခြင်းမပြုဘဲ သက်ဝင် ယုံကြည်ကြသည် မဟုတ်ပေတကား။´´ (ကျမ်းမြတ်ကုရ်အာန် ၁၂း၁၀၆)
ထို့ကြောင့်သောင်ဟီးဒလ်အိဗာဒဟ်(တစ်ဆူတည်းသော ကိုးကွယ်ရာအရှင် (အလ္လာဟ်)ကို နာခံဘ၀တည်ဆောက်ခြင်းအား ထိန်းသိမ်းခြင်းသည်) သောင်ဟီးဒ်၏ အရေးကြီးသောအစိတ်အပိုင်း ဖြစ်သည်။ထိုအလ္လာဟ်အရှင်သည်သာလျှင် နာခံ ဘ၀တည်ဆောက်ခြင်းကိုခံယူထိုက်ပြီး၊ ထိုအရှင်သည်သာလျှင်လူသား၏ နာခံဘ၀ တည်ဆောက်ခြင်းအပေါ်တွင်၊ အကျိုးရှိစေအောင်အာမခံချက် ပေးနိုင်သောအရှင် ဖြစ်သည်။
က။ ရှရီးက်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
အထက်ဖော်ပြပါ သောင်ဟီးဒ်အမျိုးအစား သုံးခုစလုံးအနက်၊ မည်သည့် အမျိုးအစားကိုမဆို ထိန်ချန်ထားခြင်း (၀ါ) သောင်ဟီးဒ်သုံးမျိုးစလုံး၏ စံချိန် စံညွှန်းကိုပြည့်ဝစွာလိုက်နာခြင်းမရှိဘဲ လျော့နည်းနေခြင်း၊ ယုံကြည်မှုအားနည်းနေခြင်း ကို `ရှရီးက်´ ဟုခေါ်သည်။ ရှရီးက်၏ စာပေအဓိပ္ပာယ်မှာ `အဖော်များနှင့် တုဖက် နှိုင်းယှဉ်ခြင်း၊ခွဲဝေခြင်း´ဟုအဓိပ္ပာယ်ရသည်။ အစ္စလာမ့် ဝေါဟာရတွင်မူ `ရှရီးက်သည် အလ္လာဟ်အရှင်မြတ်နှင့် အခြားသောအရာများကို တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ခြင်း´ဟုအဓိပ္ပာယ်ရပြီး ရုပ်ထုများကိုးကွယ်ခြင်းလည်းပါဝင်ပါသည်။´
ခ။ ရှရီးက်သည် အကြီးမားဆုံးသော အပြစ်ဖြစ်ပြီး အလ္လာဟ်အရှင်မြတ်သည် ဘယ်သောအခါမျှ ခွင့်လွှတ်မည်မဟုတ်။
ကျမ်းမြတ်ကုရ်အာန်၏ စူရာဟ်နိစာအ်တွင် အကြီးမားဆုံးသောအပြစ်နှင့် ပတ်သက်၍ အောက်ပါအတိုင်းတင်ပြထား ပေသည်။
“ဧကန်စင်စစ် အလ’ာဟ်အရှင်မြတ်သည် တစ်စုံတစ်ရာကို မိမိနှင့် တွဲဘက်ယှဉ်ပြိုင် ကိုးကွယ်ခြင်းကို လွတ်ငြိမ်းချမ်းသာခွင့် အလျဉ်း ပေးတော်မူ မည်မဟုတ်ပေ။သို့ရာတွင် တွဲဘက် ယှဉ်ပြိုင် ကိုးကွယ်မှုမှတပါး အခြားပြစ်မှု့ ဒုစရိုက်တို့ကိုမူကား မိမိ အလိုရှိတော်မူသောသူအား လွတ်ငြိမ်းချမ်းသာခွင့် ပေးသနား တော်မူအံ့။ အမှန်စင်စစ်သော်ကား မည်သူမဆို တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဘက်နှိုင်းယှဉ် ကိုးကွယ်ပါမူ ထိုသူသည် ဧကန်မလွဲ ကြီးလေးလှစွာသော ပြစ်မှုဒုစရိုက်ကို ကျူးလွန် ခဲ့လေသတည်း။´´ (ကျမ်းမြတ်ကုရ်အာန် ၄း၄၈)
တူညီသောသတင်းပေးချက်ကို စူရာဟ်နိစာအ်တွင် ထပ်မံ ဖော်ပြထားပေသည်။
“ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် (အခြားတစ်စုံ တစ်ရာကို) မိမိနှင့်တွဲဘက်ယှဉ်ပြိုင် ကိုးကွယ်ခြင်းကို အလျဉ်း ချမ်းသာခွင့် ပေးတော်မူမည် မဟုတ်ပေ။ သို့ရာတွင် ထိုမှတစ်ပါး အခြားအပြစ်ကိုမူ မိမိအလိုရှိတော်မူသူအား ခွင့်လွှတ်တော်မူပေမည်။ အမှန်စင်စစ်သော်ကား မည်သူမဆို (တစ်စုံတစ်ရာကို) အလ္လာဟ်အရှင်မြတ်နှင့် တွဲဘက် (ယှဉ်ပြိုင်ကိုးကွယ်)ပါမူ၊ ထိုသူသည်မလွဲဧကန် (မှန်ကန် သောတရားလမ်းတော်မှ) အလွန်ဝေးကွာသောလမ်းမှားသို့ ရောက်ရှိချေပြီ။´´ (ကျမ်းမြတ်ကုရ်အာန် ၄း၁၁၆)
(ဂ)ရှရီးက်သည်ငရဲမီးသို့ ခေါ်ဆောင်ပေးမည်။
ကျမ်းမြတ်ကုရ်အာန်၏ စူရာဟ်မာအိဒဟ်တွင် ရှရီးက်ပြုသူသည် ငရဲမီးသို့ ၀င်ရောက်ရမည်ကို အောက်ပါအတိုင်း တင်ပြထားသည်။
“မလွဲဧကန် ကာဖိရ်ဖြစ်သွားကြသောသူတို့က `ဧကန် စင်စစ် အလ္လာဟ်အရှင်မြတ်သည် မရ်ယမ်၏သားတော် `မစီဟ်´ `အီစာ´ပင်ဖြစ်တော်မူသည်´ဟု ပြောဆိုခဲ့ကြကုန်၏။ အမှန် သော်ကား `မစီဟ်´ (ကိုယ် တိုင်)ကပင် `အို- အစ္စရာအီလီ မျိုးနွယ်အပေါင်းတို့ အသင်တို့သည် ငါ၏ အရှင်နှင့်၊ အသင်တို့၏အရှင်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်ကိုပင် ခ၀ပ်ကိုးကွယ်ကြလေကုန်ဟု ပြောဆိုခဲ့လေသည်။ စင်စစ်ဧကန် မည်သူမဆို (တစ်စုံတစ်ရာကို) အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်(ကိုးကွယ်)ပါလျှင်၊ အလ္လာဟ်အရှင်မြတ်သည် ထို(ကဲ့သို့သော) သူ၏အဖို့ ]ဂျန္နတ်} အမတသုခဘုံကို မုချဧကန် ပိတ်ပင်ထားတော်မူအံ့။ ၎င်းင်းပြင် ထိုသူ၏လားရာဋ္ဌာနသည် ငရဲမီးပင်ဖြစ်လတ္တံ့။ ထိုမှတစ်ပါး (ယင်းကဲ့သို့) မတရားကျူးလွန်သောသူတို့အား ရိုင်းပင်းကူညီ စောင်မမည့်သူဟူ၍ကား တစ်စုံတစ်ယောက်မျှ ရှိလိမ့်မည် မဟုတ်ပေ။ (ကျမ်းမြတ်ကုရ်အာန် ၅း၇၂)
(ဃ)အလ္လာဟ်အရှင်မြတ်ကိုသာလျှင် ခ၀ပ်ကိုးကွယ်ခြင်းနှင့်နာခံတည်ဆောက်မှုပြုလုပ်သင့်ခြင်း
ကျမ်းမြတ်ကုရ်အာန်စူရာဟ်အားလိအင်မရာန်တွင် အလ္လာဟ်အရှင်မြတ်ကိုသာ ခ၀ပ်ကိုးကွယ်၊ နာခံဘ၀တည်ဆောက်သင့်ကြောင်း အောက်ပါအတိုင်း တင်ပြထား ပေသည်။
“(အို-နဗီ) အသင်သည်(ရဟူဒီနှင့် ခရစ်ယာန် တို့အား) ပြောကြား ပါလေ၊ အိုကျမ်းဂန်ရရှိသူအပေါင်းတို့၊ အသင်တို့သည် အကျွန်ုပ်တို့နှင့် အသင်တို့ကြား၌ (အားလုံး လက်ခံထားသည့် တူညီသောစကားဘက်သို့လာကြကုန်၊ (ထိုစကား သည်ကား) ငါတို့သည် အလ္လာဟ်အရှင်မြတ်မှ တစ်ပါးအခြား မည်သည့်အရာကိုမျှ မခ၀ပ်မကိုးကွယ်ခြင်း၊ ငါတို့သည် တစ်စုံတစ်ခုသောအရာကိုမျှ ထိုအရှင်မြတ်နှင့် တွဲဘက်ယှဉ်ဘက် ဟူ၍မပြုခြင်း၊ ငါတို့အနက် အချို့သည် အလ္လာဟ်အရှင်မြတ်ကို ဖယ်ကြဉ်၍ အချို့သောသူများကို မွေးမြူတော်မူသောအရှင်များ ဟူ၍မပြုလုပ်ခြင်း (ပင်တည်း)။ (ယင်းကဲ့သို့ ဖိတ်ခေါ်ပြီးသည့်နောက်သော်မှပင်) အကယ်၍ ထိုသူ တို့သည် သွေဖည်ကျောခိုင်းသွားကြပါမူ (အို-မွတ်စလင်မ် အပေါင်း တို့) အသင်တို့က (ထိုသူတို့အား၊ အချင်းတို့) ကျွန်ုပ်တို့သည် (အလ္လာဟ် အရှင်မြတ် ၏) အမိန့်တော်များကို မုချနာခံသော မွတ်စလင်မ်များပင် ဖြစ်ကြောင်း၊ အသင်တို့ကိုယ်တိုင် သက်သေခံကြကုန်ဟု ပြောဆိုကြ ကုန်လော့။ (ကျမ်းမြတ်ကုန်အာန် ၃း၆၄)
နိဂုံး
ကျမ်းမြတ်ကုရ်အာန်တွင်ညွှန်ပြထားသည်မှာ
“၄င်းပြင်အသင်တို့သည် အကြင်ကိုးကွယ်ရာများကို ကဲ့ရဲ့ ရှုတ်ချခြင်း မပြုကြလင့်။} ထို (မုရှ်ရစ်က်)များသည် ထိုအရာများကို အလ္လာဟ်အရှင်မြတ်အား စွန့်ပယ်၍ ကိုးကွယ်ကြ၏။ အဘယ်ကြောင့်ဆိုသော် (အသင်တို့သည် ဤသို့ပြုလုပ်ကြလျှင်) ထိုသူများသည်လည်း အသိတရားမရှိသဖြင့် စည်းကမ်းကျူးလွန်ကာ အလ္လာဟ် အရှင်မြတ်အား ကဲ့ရဲ့ရှုတ်ချခြင်း ပြုကြပေမည်။ ငါအရှင်သည် ဤနည်းအတိုင်းပင် အုပ်စုတိုင်း၏အမြင်တွင် ၄င်းတို့၏ ပြုမူချက်တို့ကို လှပတင့်တယ်အောင် ပြုလုပ် ထားတော်မူခဲ့လေသည်။ ထို့နောက် ၄င်းတို့အားလုံးသည် မိမိတို့အား မွေးမြူတော်မူသော အရှင်မြတ်ထံတော်သို့ ပြန်ကြရမည်။ ထိုအခါ အရှင်မြတ်သည် ၄င်းတို့အား ၄င်းတို့ပြုလုပ်ခဲ့ကြသည်များကို ထုတ်ဖော် မိန့်ကြား တော်မူသည်။´´ (ကျမ်းမြတ်ကုရ်အာန် ၆း ၁၀၈)
“ စင်စစ်သော်ကား၊ အကယ်၍အမှန်အကန် ပထ၀ီမြေ၌ရှိ ကုန်သော သစ်ပင်အသီးသီးတို့သည် ကလောင်များဖြစ်၍ သမုဒ္ဒရာ ပင်လယ်သည် (မင်ဖြစ်ပြီး၊ ယင်းပင်လယ်ကုန်ခန်းပြီးနောက်) သမုဒ္ဒရာပင်လယ်ခုနှစ်ခုသည် ယင်း(ခန်းခြောက် ပြီးသော) ပင်လယ်ကို ထပ် မံ၍ဖြည့်အံ့သော်ငြားလည်းအလ္လာဟ်အရှင်မြတ်၏ အာယသ်တော်များကား ကုန်ဆုံးမည်မဟုတ်ပေ။ မချွတ်မလွဲ အလ္လာဟ်အရှင် မြတ် သည် ဘုန်းတော်အနန္တရှင် `ဥာဏ်တော်အနန္တရှင်´ ဖြစ်တော်မူ၏။´´ (ကျမ်းမြတ်ကုန်အာန် ၃၁း၂၇)
“အို-လူခပ်သိမ်းတို့၊ ဥပမာပုံဆောင်ချက်တစ်ခုကို ခိုင်းနှိုင်းမည်ဖြစ်ရာ အသင်တို့သည် ယင်းဥပမာပုံဆောင်ချက်ကို (ကောင်းစွာ) နားထောင်ကြလေကုန်။ မုချဧကန် အလ္လာဟ် အရှင်မြတ်အား စွန့်၍ အသင်တို့ဟစ်ခေါ် (တသဆည်းကပ် ကိုးကွယ်လျှက်ရှိ)ကြသော အရာများမှာ ၄င်းတို့အားလုံး (တစ်စည်း တစ်လုံးတည်း) စုရုံးကြိုးပမ်း အားထုတ်ကြသည့်တိုင်အောင် ယင်ကောင်တစ်ကောင်ကိုမျှပင် အလျှင်းဖန်းဆင်း နိုင်ကြမည် မဟုတ်ပေ။ထိုမှတပါး အကယ်၍ ထိုယင်ကောင်သည် ၎င်းတို့ ထံမှ တစ်စုံတစ်ရာကို လုယူပါလျှင် (သုတ်သွားပါလျှင်) ၄င်းတို့ သည် ယင်းအရာကိုပင် ထိုယင်ကောင်၏ထံမှ ပြန်လည် လုယူနိုင်ကြမည် မဟုတ်ချေ။ ရှာဖွေဆည်းပူး (ကိုးကွယ် ဆည်းကပ်)သောသူနှင့် ရှာဖွေဆည်းပူး (ကိုးကွယ် ဆည်းကပ်) ခြင်း ခံရသောသူတို့သည် အားနည်းချိနဲ့ကြပေတကား။´´ (ကျမ်းမြတ်ကုရ်အာန် ၂၂း ၇၃)
ချီးမွမ်းခြင်းအပေါင်းတို့သည် လောကခပ်သိမ်းတို့အား အဆင့်ဆင့် ပြုစု ပျိုးထောင် ဖန်ဆင်းမွေးမြူစောင့်ရှောက်တော်မူသောအရှင်သခင်၊ဖန်ဆင်းရှင်၊ ကျွေးမွေးပြုစု ချစ်ခင်မြတ်နိုးတော်မူသောအရှင်၊ ထိန်းသိမ်းစောင့်ရှောက်တော်မူသော အလ္လာဟ် အရှင်မြတ်အတွက်သာဖြစ်ပေသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...