Thursday, May 31, 2012

ဗားရှင်းအဆင့်ဆင့် မြှင့်ကြလေကုန်သည် မှတ်ပေရော့


by ThuRa ThaWah on Thursday, May 31, 2012 at 8:46pm 

နည်းပညာများ တိုးတက်နေသည်။ ထို့အတူ နည်းပညာ များနောက် တကောက်ကောက် လိုက်ရရှာသော လူများလည်း တိုးတက် နေသည်မှာ အထင်အရှား။ အထူးသဖြင့်တော့ ကျွန်တော်တို့ မြန်မာတွေ။ ကျွန်တော်တို့ မြန်မာများ ဖြတ်ထိုးဥာဏ် ကောင်းသည်၊ ဖြစ်သလို လုပ်တတ်သည် ဆိုတာကို ကမ္ဘာသိ ဖြစ်၏။ အခု ကျွန်တော်တို့ တွင်တွင်ကျယ်ကျယ် သုံးကြသော ဇော်ဂျီကြီး ပေါ်မလာ ခင်တုန်းက တစ်ယောက်နှင့် တစ်ယောက် Chatting လုပ်ချင်လျှင် အင်္ဂလိပ်လို ပြောရင်ပြော၊ မဟုတ်လျှင် မြန်မာ အသံထွက်ကို အင်္ဂလိပ်လို ဖြစ်အောင် ပေါင်းပြီးပြော။
 ဥပမာ - နေကောင်းလား ဆိုလျှင် Nay Kaung Lar ပေါ့။

မြန်မာဟူသော အမည်နာမဖြစ်ပေါ်လာပုံ


   ၁။   ကလျာဏီ ကျောက်စာတွင်
              (က) မြမ္မာဒေဿ၊မြမ္မာတို့အရပ်၌ ပုဂါမနဂရေ၊ပုဂံမြို့၌
              (ခ)ပုဂါမ ၀ါသိနော၊ပုဂံပြည်၌ နေသူတို့ကို၊မြမ္မာ မနုဿ ၊မြမ္မာ လူမျိုး တို့ ဟူ၍၊ဝေါဟာရန္တီ
               ခေါ်ဝေါ်ကုန်၏ 
 ၂။     တောင်ဖီလာဆရာတော်စီရင်သည့် ၀ိနယာလင်္ကာရဋီကာ  ၌ “မရမ္မာဝိယေ၊မြမ္မာတို့၏  နိုင်ငံ    
         ဖြစ်ထသော” ဟူ ၍ပါဠိ စီပုံကိုလည်ကောင်း။

၃။    သရေခတ္တာရာပြည်၊သုပညာ နဂရ မင်းလက်ထက် ရခိုင်ပြည်ကို တိုက်ခိုက်ပြီး  မဟာမုနိဘုရားကို
       ဖျက်စီးပုံနှင့်စပ်လျဉ်း၍ ရခိုင်မင်းသမီး ဧချင်းမှာ…..
          (က) “တလိုင်းနှင့်ပျူ၊ နှစ်ပြည်သူတို့ ၊သုံးလူ့ထွတ်ချာ

2012/5/31 သစ်ထူးလွင် သတင်းစုစည်းမှု


သစ်ထူးလွင်


01.06.2012 နေ့ဖတ်ရန်သတင်းများ


by Myanmar Journal on Thursday, May 31, 2012 at 4:16pm ·

မြန်မာလွှတ်တော်တွေ ပါလီမန် သမဂ္ဂ ကူ
မြန်မာ ပါလီမန် လိုအပ်ချက် သုံးသပ် အကြံပြု
မန်မာပါလီမန် ကို နိုင်ငံတကာ အဆင့်မီအောင် ကူညီ နေတဲ့ နိုင်ငံတကာ ပါလီမန်သမဂ္ဂ က မတ်လ က သွားရောက် လေ့လာ ခဲ့ပါတယ်။
မြန်မာ ပါလီမန်ရဲ့ လိုအပ်ချက် တွေကို လည်း သုံးသပ်ပြီး အကြံပြုချက် ၅ဝ ကျော် ထုတ်ပြန်ခဲ့ပါတယ်။

ဝါဒဖြန့် အကောင့်များနှင့် ရိုင်းစိုင်းအကောင့်များကို Report လုပ်ရန်


by Ye Min Tun on Thursday, May 31, 2012 at 1:57pm

FaceBook ပေါ်မှာ ရိုင်းစိုင်းတဲ့ လုပ်ရပ်တွေ လုပ်နေတဲ့ အကောင့်တွေကို Report လုပ်ပေးဖို့လိုပါသည်။ ဒီလို လုပ်ပေးခြင်းဖြင့် မဟုတ်မမှန် ၀ါဒဖြန့်လုပ်ငန်းတွေ လုပ်နေတဲ့ အဖွဲ့အစည်း အသင်းအဖွဲ့တွေကို ပြန်လည် တုန့်ပြန်ရာရောက်ပါသည်။ ဒီလိုလုပ်ရာတွင် ပြည်ပအကောင့်များမှ ပိုပြီး လုပ်နိုင်စွမ်းရှိလို့ ၀ိုင်းဝန်းပြီး ကူညီပေးကြပါ။ ဘာလို့ ပိုပြီး လုပ်နိုင်စွမ်းဟု ပြောရသည်မှာ အနောက်နိုင်ငံက အကောင့်များနှင့် အရှေ့တိုင်း အကောင့်များ အပေါ် တုန့်ပြန်မှုမှာ မတူသလို ဆက်သွယ်ရေးမှာလည်း လွယ်ကူလှပါသည်။ ဥပမာအားဖြင့် ကနေဒါနိုင်ငံက အကိုလှိုင်ဘွား အကောင့် Block ဖြစ်သွားစဉ်က ပြန်လည်ရယူရန် ကြိုးပမ်းချိန်သည် တလ မကြာပါ ရက်အနည်းငယ်အတွင်းဖြစ်သည်ကို အကိုလှိုင်ဘွားမှ တဆင့်သိရပါသည်။ ဂျပန်မှ ကိုထွန်းဝေ အကောင့်ပိတ်သွားတော့ တလကျော်လောက် ကြာပြီး မြန်မာနိုင်ငံက ကိုရဲရင့်ကျော် အကောင့် ပိတ်သွားတော့ လအနည်းငယ် ကြာမှ ပြန်ရသည်။ ဒါကြောင့် အစစအရာရာ လွယ်ကူပြီး တုန်ပြန်မှုမြန်သည့် ပြည်ပအကောင့်များက အခုလို Report လုပ်ပေးခြင်းကို ၀ိုင်းဝန်း ကူညီစေချင်ပါသည်။

NLD နဲ့ Media ဆက်ဆံရေးအခြေအနေ

[By VOA Burmese Fan Page ]
ဒီတပတ် မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ မြန်မာလူထုတရပ်လုံးက ဒီမိုကရေစီရေးအတွက်ကို မျှော်လင့်အားထားနေကြတဲ့ အင်အားစုကြီးတရပ်လို့ ဆိုနိုင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့  သတင်းတွေကို ရယူဖို့အတွက် သတင်းလောကသားတွေကြားမှာ ညည်းတွားသံတချို့  ကြားနေရပါတယ်။ NLD နဲ့ Media ဘယ်ဖက်က လွှဲချော်နေပါသလဲ။ ဘာတွေဖြစ်သင့်ပါသလဲ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်တဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်၊ မြန်မာပို့စ် ဂလိုဘယ်လ်ရဲ့  အယ်ဒီတာ ဦးစည်သူအောင်မြင့် တို့ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပတ်သက်ပြီးတော့ သတင်းယူကြတဲ့အခါမှာ ကျနော်တို့ပြည်ပ သတင်းသမားတွေအတွက် အကုန်လွှမ်းခြုံပြီး တခွန်းတည်းပြောရရင် သိပ်ပြီးတော့ media friendly မဖြစ်ဘူး တချို့ အချက်တွေမှာလို့ ညည်းတွားကြပါတယ်။ အဲဒါ ဆရာက ပြည်တွင်းမှာ လက်တွေ့သတင်းရေးနေရတဲ့သူဆိုတော့ ဆရာရဲ့  အတွေ့အကြုံကို ပြောပြပါ။

ပုဂ္ဂိုလ်ရေး တိုက်ခိုက် ပုတ်ခတ် အသရေဖျက်နေတဲ့ Myanmar Express


by Lwin Aung Soe on Thursday, May 31, 2012 at 5:03pm 

 Facebook မိတ်ဆွေတို့ရေ… Myanmar Express ဆိုရင် သိပ်ကို စက်ဆုပ်ရွံရှာဖို့ ကောင်းတဲ့ အောက်တန်းကျကျ ဝက်ဆိုဒ်မှန်း လူအတော်များများ သိကြမှာပါ။ ဘာကြောင့်လဲဆိုတော့ မမှန်တာတွေကို လုပ်ကြံရေးသားပြီး ပုဂ္ဂိုလ်ရေး သိက္ခာချနေလို့ ဖြစ်ပါတယ်။ ပြည်သူချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ရစရာ မရှိအောင် လုပ်ကြံစွပ်စွဲ အပုပ်ချထားတွေ ရှိပါတယ်။ မြန်မာလူမျိုးမှ ဟုတ်ပါလေစ၊ မြန်မာပီသရဲ့လားလို့တောင် တွေးယူရတဲ့ အထိပါပဲ။ မြန်မာစာ ဖတ်တတ်တဲ့ နိုင်ငံခြားသားတွေ ဖတ်များဖတ်မိရင် မြန်မာလူမျိုးတွေ ဒါမျိုး ရေးတတ်ပါလားလို့ အထင်သေးစရာ ဖြစ်နိုင်လောက်ပါတယ်။   

ဉာဏ်ပညာကို မြတ်နိုးတတ်ကြပါစေ...


ဖီလော်ဆော်ဖီဆိုတာ ဉာဏ်ပညာကို မြတ်နိုးခြင်းရယ်လို့ ကြားဖူးပါတယ်။ ဖလော်ဆော်ဖီဆိုတာနဲ့ ခပ်ကြောင်ကြောင် အတွေးမျိုးတွေလို့ မထင်လိုက်ပါနဲ့။ အဲ့ဒိလို ခပ်ကြောင်ကြောင် ဒဿနတွေ (၀ါ) ခပ်ကြောင်ကြောင် သမားတွေဟာ တွေးပုံစနစ်မကျ လမ်းချော်နေတဲ့သူတွေ (၀ါ) ဒဿန တတ်ယောင်ကား တွေသာ ဖြစ်ပါတယ်။ တကယ်တော့ အတွေးအခေါ် ဖလော်ဆော်ဖီဆိုတာ  လူတိုင်း တွေးသင့်တဲ့ အရာ ဖြစ်ပါတယ်။

မဟာချိုင်၌ ပြောကြားခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းအပြည့်အစုံ (မေလ ၃၁ရက်)

by Eleven Media Group on Thursday, May 31, 2012 at 7:11am · ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ညနေပိုင်းအချိန်က မဟာချိုင်ရှိ National Verification Center for Myanmar Migrate Workers သို့ ရောက်ရှိခဲ့ပြီး ပြောကြားခဲ့သော မိန့်ခွန်းအပြည့် အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ ဒီရုံးကိုလာတဲ့ အကြောင်းကို နည်းနည်းလေး ရှင်းပြပါရစေ။ အဓိက ကတော့ ကျွန်မတို့ရဲ့ ရွေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ ယာယီပတ်စ်ပို့ ရဖို့အတွက် ဘယ်လို သွားရတယ်၊ ဘယ်လိုလုပ်ရတယ်။ ဘယ်လောက်ကြာ တယ်၊ ဘယ်လောက်ကျသလဲ၊ ဘယ်လိုအခက်အခဲတွေ ရှိနိုင်သလဲဆိုတာ ဒါကိုလာပြီးတော့ လေ့လာဖို့ ဖြစ်ပါတယ်။

ထီးနှင့်တူသော ...


ထီး ဆောင် ချိန် ရောက် တော့ ချေ မည်။ 

ထီး ဆိုတာ အကာအကွယ် တစ်မျိုးပါ။
အာမခံ ဆိုတာလည်း အကာအကွယ်တစ်မျိုးပါ။

ကိုယ်သင်းနံ့လေး.....မွှေးစေဖို့ (ယောက်ျားများအတွက်အထူး)


by Mails From Freinds on Thursday, May 31, 2012 at 9:16am ·

လူမှုဆက်ဆံရေးနယ်ပယ်မှာ ကိုယ်သင်းနံ့လေးကောင်းမွန်မှသာ မိမိကိုယ်မိမိယုံကြည်မှုရှိပြီး ပေါင်းသင်းဆက်ဆံရေး မှာလည်း အောင်မြင်မှာပါ။ တချို့ကတော့ တစ်ကိုယ်ရေသန့်ရှင်းမှု နည်းပြီး အမွှေးနံ့သာတွေနဲ့ဖုံးအုပ်တတ်ပါတယ်။

အမေဆိုတာ........ don't forget her love!


ကယ်ဆယ်ရေး လုပ်သားတွေက သူ့ကိုတွေ့တဲ့ အချိန်မှာ သူသေနေခဲ့ပြီ။
ပြိုကျလာတဲ့ အိမ်ပိမိပြီး သူသေသွားတာ။အပျက်အစီးတွေကြားကနေ
သေဆုံးနေတဲ့ သူ့ပုံစံကို လှမ်းမြင်နေရတယ်။ဒူးကွေးပြီး ရှေ
ကိုကိုင်းနေတဲ့

မာနယ်ပလော(သို့မဟုတ်) မြစ်ဆုံအရေးအခင်း အပိုင်း(၁)


by တကျော့ ပြန်ဟစ် တလာ on Thursday, May 31, 2012 at 10:20am 


နိဒါန်း

မာနယ်ပလောမှ မီးတောက်မီလျှံများ မာနယ်ပလောသည် ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးကြီး၏ အမာခံ အခြေစိုက်စခန်းကြီးဖြစ်၏။ ကေအဲန်ယူ၏ ဗဟိုဌာနချုပ် ဖြစ်သည် သာမက၊ မြန်မာနိုင်ငံအစိုးရအား အတိုက်အခံပြု ဆန့်ကျင်လျှက်ရှိသော တိုင်းရင်းသားလူမျိုးစုအဖွဲ့အစည်း များ၏ (N.D.F)တပ်ပေါင်းစု ဗဟိုဌာန ချုပ်အဖြစ် ထယ်ဝါစွာ ရပ်တည်နိုင် ခဲ့သော စခန်းကြီးလည်း ဖြစ်၏။

Drip တန်းလန်းနဲ့ သွေးရူးသွေးတန်းပြေးထွက်လာနေတဲ့ ဟရီရွန်


by ဇာ တိ on Thursday, May 31, 2012 at 2:18am


Drip တန်းလန်းနဲ့ပြေးလွှားရတဲ့ ဘ၀ အဲ့ဒီမှာ စတွေ့တာပဲ
အစစ အရာရာ အားလုံး လှပနေတယ် ဟရီရွန်
Drip Drip Drip နဲ့ ဆာလောင် အော်မြည်နေတဲ့ အသံတွေ 
ပတ်ပတ်လည်မှာ လည်မျိုကို နင်းချေထားတဲ့ အဆုပ်လိုက် မီးခိုးရောင် မီးခိုးတွေ ရှိတယ်

ကြားဖြတ်ဝန်ထမ်း ဇာတ်သိမ်းခန်း ရောက်သင့်ပြီ

စိန်သံလုံး

ကြားဖြတ်အစိုးရ ဆိုတာတွေ၊ ကြားဖြတ်ရွေးကောက်ပွဲ ဆိုတာတွေကတော့ မရှိမဖြစ်ရှိသင့်တာပေါ့။ လိုအပ်ချက်အရ ပေါ်ပေါက်လာရတာမျိုးလေ။ ဒါပေမယ့် ကြားဖြတ်ဝန်ထမ်း ဆိုတာတော့ မရှိသင့်တော့ဘူး။ သူတို့ကို အခွင့်အရေးပေးခဲ့တာ နှစ်ပေါင်း ၅၀ လောက် ရှိခဲ့ပြီဆိုတာ နည်းမှတ်လို့ဗျာ။

မြန်မာ့နိုင်ငံရေးရာသီဥတု သင်ပုန်းကြီးဖတ်စာ

သုည

၁။ ဒီကနေ့ မြန်မာပြည်ရဲ့ နိုင်ငံရေးမိုးလေ၀သ ရာသီဥတုကောင်းပါရဲ့လား။
၂။ နိုင်ငံရေးရာသီဥတု ကောင်းသလိုလို ရှိပါသည်။
၃။ သို့သော် မုန်တိုင်းကိုတော့ သတိထားရမည်။
၎။ ရာသီဥတု ကောင်းပါစေဟု ပြည်သူတွေ ဆုတောင်းနေကြသည်။
၅။ နေပြည်တော်နဲ့ အနီးတ၀ိုက် သာယာနေပါသည်။

တရားမျှတမှု ဥပဒေစိုးမိုးမှု ကင်းမဲ့နေသော နိုင်ငံတော်


by Lu Cifer on Thursday, May 31, 2012 at 9:13am


လိမ်နည်းအမျိုးမျိုးနဲ့ လိမ်ခဲ့ကောက်ခဲ့တဲ့ ဇေကမ္ဘာကုမ္ပဏီနဲ့ ရွှေနံ့သာလယ်သမားအရေးကို ရှေးရှု ပြောဆိုလိုပါတယ်။ အစမှာ ကျေးရွာအုပ်ချုပ်ရေးနဲ့ ဇေကမ္ဘာကုမ္ပဏီပူးပေါင်းပြီး လယ်သမားတွေကို ခေါင်းစဉ်မရှိတဲ့ စာရွက်ပေါ်မှာလက်မှတ် ထိုးခိုင်းတယ်။ လယ်သမားတွေက အကြိမ်ကြိမ်ငြင်းဆိုခဲ့တယ်။ အဲဒီနောက် ဦးခင်ရွှေက နိုင်ငံတော်သိမ်းတာ ငါသိမ်းတာ မဟုတ်ဘူး။

ထပ်တူပြု သမျှ - သုံးဘာဝ


by Zay Ya on Thursday, May 31, 2012 at 2:29am

ဘာဝနာ သည် ထပ်တူပြုခြင်း အားလုံး ( "ငါသည် ဤဟာ ဖြစ်သည်။ ထို ဟာ ဖြစ် သည်" ဟု - စသည် တမ်းစွဲ သတ်မှတ် အခြေပြု နေ သမျှ ) ကို အဖြေ မွှေနှောက် ၍ ဖြေဖျောက် ၏။

ဘာဝနာ မရှိလျှင် - ကျနော် တို့သည် မိမိ ကိုယ်ကို - မိမိ ခန္ဓာ နှင့် ထပ်တူပြု မှတ်ယူ စမြဲ ဖြစ်သည်။ ပဏာမ အနေဖြင့် ဘာဝနာကို အဆင့် ခွဲခြားပါလျှင်- ဘာဝနာ ၏ ပထမ အဆင့် တွင် - ယင်း ထပ်တူပြု မှု ကို ဖြိုခွင်း သည်။ ကျနော် တို့ သည် ကျနော် တို့ ခန္ဓာ မဟုတ်ပေ။ ယနေ့ အခါတွင် ဘာသာရေး ရာ ဆွေးနွေး သူ များသည် ယင်းကို ကောင်းစွာ လက်ခံ တတ်ကြသည်။ သို့သော်- စာသိ အဆင့် သာ ရှိလျှင် မည်သို့မျှ အကျိုး ရှိမည် မဟုတ်ပေ။ ဘာဝနာ က ယင်း အဖြစ် ကို စာမှ ကျော်လွန် ၍ မိမိ အမြင် အနေ အားဖြင့် - ကောင်း စွာ သိမြင် သွား စေရန် စွမ်းဆောင် ပေးသည်။

တရားစီရင်ခြင်း ဆောင်ရွက်ပုံအဆင့်ဆင့်အကြောင်း သိကောင်းစရာ [ရွှေချိန်ခွင်]


တရားစီရင်ရေးတွင်
(၁) ပြစ်မှုဆိုင်ရာအမှုများ
(၂) တရားမ ဆိုင်ရာအမှုများ ဟူ၍ နှစ်မျိုး ရှိပါသည်။
ပြစ်မှုဆိုင်ရာအမှုများမှာ လူပုဂ္ဂိုလ်နှင့် သက်ဆိုင်ပြီး တရားမဆိုင်ရာအမှုများမှာ မူကား ပိုင်ဆိုင်မှုပစ္စည်းများ၊ ငွေကြေးများနှင့် သက်ဆိုင်ပါသည်။ ပြစ်မှုဆိုင်ရာအမှုများမှာ လူပုဂ္ဂိုလ်နှင့် သက်ဆိုင်သောကြောင့် ပြစ်မှုဆိုင်ရာ အမှုများအကြောင်းကို ထဲထဲဝင်ဝင် မဟုတ်သည့်တိုင် ယေဘုယျအားဖြင့် သိထားသင့်သည်ဟု ထင်မြင်မိပါသည်။
သို့အတွက် ပြစ်မှုဆိုင်ရာအမှုများ စစ်ဆေးစီရင်ခြင်းအကြောင်းကို ဗဟု သုတအလို့ငှာ တင်ပြလိုက်ပါသည်။
ရာဇသတ်ကြီးဥပဒေ (The Penal Code) ကို အများသိပြီးဖြစ်ပါသည်။
ယခင်က ရာဇ၀တ်မှုဟု သုံးနှုန်းခဲ့ပါသည်။
ယခုအခါ ပြစ်မှုဆိုင်ရာအမှုဟု ခေါ်ဝေါ်သုံးနှုန်းလျက်ရှိပါသည်။
ပြစ်မှုဆိုင်ရာအမှုကို မည်သို့မည်ပုံ စစ်ဆေးဆောင်ရွက်ကြောင်း အကျဉ်း ချုပ် တင်ပြလိုပါသည်။
ပြစ်မှုဆိုင်ရာအမှုတွင် ပထမဦးဆုံး စတင်သည်မှာ ပထမသတင်းပေး တိုင်ချက် (First Information Report) ပင် ဖြစ်ပါသည်။

နတ်ပြည်မတက်တဲ့ အင်ဂျင်နီယာများ..(:P)

စိုးနိုင်

တစ်နေ့မှာ နတ်ပြည်က သိကြားမင်းနဲ့ ငရဲပြည်က ငရဲမင်းတို့ တွေ့ဆုံပြီး

နတ်ပြည်နဲ့ ငရဲပြည်ကိုတိုက်ရိုက်ဆက်သွယ်ပေးမယ့် အထူးအမြန်ရထားလမ်းကြီး တစ်လမ်းအမြန်ဖောက်ဖို့ သဘောတူသတဲ့..။

အသက်အရွယ်အလိုက် ဂရုစိုက်သင့်သော သင့်ရင်သားအကြောင်း


by Moenge Aung on Thursday, May 31, 2012 at 1:14am 

အမျိုးသမီး တစ်ယောက်အတွက် ရင်သားအလှ ပိုင်ဆိုင်နိုင်တာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိစေပြီး ဆွဲဆောင်မှု ပိုစေပါတယ်။  အသက်အရွယ်အလိုက် ပိုင်ဆိုင်ထားတဲ့ သင့်ရင်သား အကြောင်းနဲ့ ဂရုပြုသင့်တဲ့ အကြောင်းတွေကို သေချာစွာ သိရှိစေဖို့ ရေးသားလိုက်ပါတယ်။

အသက် ၂၀ အရွယ်
ရင်သားအလှ
ဒီအရွယ်မှာ အဆီနည်းပြီး တစ်သျှူးတွေ များတာကြောင့် ကမ္ဘာမြေကြီးရဲ့ ဆွဲအားကို ဆန့်ကျင်ကာ တင်းရင်းလှပပြီး ဆွဲဆောင်မှုရှိတဲ့ ရင်သားအလှကို ပိုင်ဆိုင်ထားကြပါတယ်။

Wednesday, May 30, 2012

ဒီပဲယင်း သမိုင်းမှန် ပေါ်ချင်သူ


  လင်းဘိုဘို | ဗုဒ္ဓဟူးနေ့၊ မေလ ၃၀ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၁၄ မိနစ်

kyawsolwin
(ဒီပဲယင်း ၉ နှစ်ပြည့် အထူးအင်တာဗျူး)

ရန်ကုန် (မဇ္ဈိမ) ။ ။ ၂ဝ၁၂ ခုနှစ်၊ မေလ ၃ဝ ရက်နေ့သည် ဒီပဲယင်း အရေးအခင်း ၉ နှစ် ပြည့်မြောက်သည့်နေ့
ဖြစ်သည်။ ၂ဝဝ၃ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေးခရီးစဉ်အတွင်း ဒီပဲယင်းမြို့နယ် ကျီရွာတွင် တိုက်ခိုက် ခံခဲ့ရသည့် ယင်းဖြစ်ရပ် တွင် မည်သူက အကွက်ချစီမံ၍ မည်သူ ဦးဆောင်ခဲ့သည်၊ မည်သူများ ပါဝင်ခဲ့သည် ဆိုသည် ကို ယနေ့တိုင် ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။

ဆိတ်ကွယ်ရာကို ကျုံ့လာတဲ့ နည်းပညာသစ်များ


နိုင်ငံသားတိုင်းရဲ့ ပုဂ္ဂလ အခွင့်အရေး (ပရိုက်ဗေစီ)ကို အသိအမှတ်ပြု ကာကွယ်ပေးရိုး ထုံးစံ ရှိတယ်။  ဒါပေမဲ့ အဲဒီ ပရိုက်ဗေစီကို ပိုမို သိမ်မွေ့စွာနဲ့ ပိုမို အလှမ်းကျယ်စွာ ထိပါးလာနိုင်တဲ့ နည်းလမ်းတွေဟာ အစိုးရအတွက် အခွင့်အလမ်း တစ်ခု ဖြစ်လာတယ်။ အသစ်ရှာဖွေ တွေ့ရှိမှုတွေနဲ့ တီထွင် ဖန်တီးမှုတွေကလည်း အစိုးရတွေအတွက် ဒီလို အခွင့်အရေးတွေကို အတတ်နိုင်ဆုံး စွမ်းဆောင်ပေးနေတယ်။ ပရိုက်ဗေစီ အခွင့်အရေး ဆိုင်ရာ ပြဿနာကို ပထမဆုံး တင်ပြခဲ့သူကတော့ ၁၉၂၈ ခုနှစ်မှာ တာဝန်ယူ ထမ်းဆောင်ခဲ့သူ တရားရုံးချုပ် တရားသူကြီး လူးဝစ် ဘရန်ဒေးစ်ပါပဲ။

ကဲ...လူကြီးမင်းတို့ပဲ ဖြေဆိုပြကြပါဦး


by Ingar Soe on Wednesday, May 30, 2012 at 10:24pm

၁၉၈၈ ခုနှစ်မှာ အပြစ်မဲ့တဲ့ ရဟန်းရှင်လူ ပြည်သူပြည်သား ကျောင်းသားလူငယ် အလုပ်သမား လယ်သမားတွေကို ပစ်ခတ်သတ်ဖြတ်ပြီး အာဏာသိမ်းယူလာခဲ့တဲ့ စစ်တပ်ကို ကြောက်ရွံလို့ လူတဦးတယောက်ဟာ သူ့ရဲ့ အသက်အန္ထာရာယ်နဲ့ သူ့ဘဝ လုံခြုံရေးကို ထိပါးလာမှာ စိုးရိမ်မိတာကြောင့် တိုင်းပြည်ကနေ တခြားနိုင်ငံကို ထွက်ခွာသွားခဲ့တဲ့ သူတယောက်ရဲ့ ဘဝကို လူကြီးမင်းတို့က ယခု အချိန်မှာ ဘယ်လို သဘောထားပါသလဲ..

”လူအတု”


by Myat Thi Ha on Wednesday, May 30, 2012 at 1:54pm 

အတုတွေ

ကမ္ဘာပေါ်မှာအတုတွေအကြောင်းလူအတော်များများသိကြမှာပါ။ဆေးဝါးအတု၊အစားအစာအတု၊လူ့  အသုံး
အဆောင်ပစ္စည်းအတု၊ငွေစက္ကူအတုစသဖြင့်အစစ်ကဲ့သို့ ဆင်တူယိုးမှားတူအောင်နိုင်ငံအတော်များများမှာ ငွေမျက်နှာတခုထဲကြည့်ပြီး တုကြ ထုတ်လုပ်ကြတဲ့မသမာ ၀ိသမစီးပွါးရေးလုပ်ငန်းရှင်များနဲ့ လုပ်ငန်းများရှိကြပါတယ်။

Myanmar Education Cancer-ပညာရေး လာဒ်စားမှု ကင်ဆာရောဂါ


by Udp Myanmar on Wednesday, May 30, 2012 at 12:21pm


မြန်မာ့ ပညာရေး---- အခမဲ့ ပညာရေးလား ဓါးမြတိုက် ပညာပေးလား မေးစရာပါ။
ဇွန်လ ၁ ရက် နီးတော့ မြန်မာပြည်မှာ အခုဆိုရင် သူငယ်တန်းမှ အထက်တန်းအထိ ကျောင်းအပ်နေကြပါသည်။

ပြောပြီးရင်လည်း ထပ်ပြော နေရတာပါဘဲ (လူထုစိန်ဝင်း)



အမေရိကန်သုံး ဘန်းစကားတွေထဲမှာ မကြာခဏတွေ့ရတတ်တဲ့ Manimal (Man+animal) ဆိုတဲ့ စကားလုံးကို လူတိရစ္ဆာန်လို့ ဘာသာပြန်ပြီး မကြာခဏရေးခဲ့ဖူးတယ်။ ခြေနှစ်ချောင်းနဲ့ လမ်းလျှောက်နေလို့ လူလို့ခေါ်နေကြရပေမယ့် စိတ်ဓာတ် နဲ့အကျင့်စရိုက်က တိရစ္ဆာန်အရိုင်းအစိုင်းနဲ့ ချွတ်စွပ်တူနေတဲ့ လူမျိုးတွေကို လူလို့မခေါ်ထိုက်ကြောင်း ရေးတာဖြစ်ပါတယ်။

ငြိမ်းချမ်းရေး သီချင်းသည်


by Lu Cifer on Wednesday, May 30, 2012 at 9:44pm


အဆိုတော် မွန်းအောင်ဟာ ပထမဆုံးထွက်မယ့် တေးစီးရီးခေါင်းစဉ်ကို နာမည်ကြီး တေးရေးဆရာ ကိုနေဝင်းရဲ့ “ငြိမ်းချမ်းရေး တိုက်ပွဲ” သီချင်းနာမည်အတိုင်း ပေးချင်ခဲ့ပါတယ်။ ဒါပေမယ့် ကိုနေဝင်းနဲ့ ကိုမွန်းအောင်ရဲ့ တခြား “အစ်ကိုကြီး” တစ်ယောက်ဖြစ်သူ ကိုမောင်မောင်တို့က အဲဒီ အကြံ မကောင်းဘူးလို့ ဆိုပါတယ်။ ဒီလို လှုံ့ဆော်ရေးခေါင်းစီးမျိုးကို စိစစ်ရေးက ဘယ်လိုမှ ခွင့်ပြုမှာမဟုတ်ဘူးလို့ သူတို့က ပြောတယ်။

ခရိုနီတွေ ရဲ. ထောင်ချောက်၊ပွင်.လင်းမြင်သာမှုတွေ လိုနေတဲ.အချိန် Trap of Burmese Cronies, Time to Reverse Our Ruined Arcadia.


by Aye Aye Soe Win on Wednesday, May 30, 2012 at 10:19am


ထူး လဲထူးတဲ.မြန်မာ.ဒီမိုကရေစီလမ်းကြမ်းကြီး ကို ထူးဂရု ကို ကာကွယ်ရင်း၊ အလားတူ ခရိုနီတွေကို မေတ္တာမပျက် မထိခိုက်စေပဲ ဘယ်လို လမ်းဖေါက်လို.ရမလဲ။အဲ သလိုတွေးမိကြလား။

အလံပြာအောက်ကလူ



(၁)................
ရှေးရှေးတုန်းက ပုံပြင်တပုဒ်....
တိုင်းပြည်တခုမှာ မိန်းမ(မိဖုရား) ကို အင်မတန်ကြောက်ရတဲ့ ဘုရင်ကြီးတပါး နန်းစံဖူးသတဲ့။ ဒီသတင်းက တိုင်းပြည်တခွင် ကြေးနင်းခတ်ကြေညာသလို ဟော်လေးတကျိုး ဟိုးလေးတကျော် ပြန့်နှံ့သွားလေတော့ ဘုရင်ကြီးခမျာ ဟန်ကိုယ့်ဖို့ အနေအထားတောင် ဣိနြေ္ဒမဆည်နိုင် ဖြစ်ရရှာတယ်။
တိုင်းသူပြည်သားတွေအနေနဲ့ မိဖုရားသြဇာ မလွန်ဆန်နိုင်တဲ့ သူ့ကို အထင်သေး အမြင်သေးနဲ့ မယဉ်မကျေး ပြုမူဆက်ဆံလာမှာကိုလည်း စိုးရိမ်တော် မူရရှာတယ်။ ဒါကြောင့် ကိုယ့်သိက္ခာကိုယ် ပြန်ပြီး အဖတ်ဆယ်ဖို့ စဉ်းစားကြံဆရင်း အချိန်တွေ ကုန်လွန်နေလေရဲ့။

31.05.2012 နေ့ဖတ်ရန်သတင်းများ


by Myanmar Journal on Wednesday, May 30, 2012 at 4:27pm

မြန်မာ နိုင်ငံ မှာ လျှပ်စစ်မီး ရရေး ဆန္ဒပြ နေကြသူများ၅ ပါတီကို ရွေးကောက်ပွဲ ကော်မရှင် ခေါ်ယူ ဆွေးနွေး
မြန်မာ နိုင်ငံမှာ လျှပ်စစ်မီး ရရှိရေးနဲ့ အလုပ်သမား လစာ တိုးမြှင့်ရေးတို့ အတွက် ပြည်သူတွေရဲ့ တောင်းဆို ဆန္ဒပြမှု တွေမှာ အားပေး ကူညီတယ် လို့ ယူဆတဲ့ နိုင်ငံရေး ပါတီ ၅ ပါတီက ခေါင်းဆောင်တွေကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နေပြည်တော်မှာ အင်္ဂါ နေ့က ခေါ်ယူ ဆွေးနွေးခဲ့ ပါတယ်။
အန်အယ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ အန်ဒီအက်ဖ် အမျိုးသား ဒီမိုကရေစီ အင်အားစု၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီတို့ အပါ အဝင် ပါတီ ငါးပါတီကို ခေါ်ယူ ဆွေးနွေး ခဲ့တာ ဖြစ် ပါတယ်။

Yangon Crown သံမဏိစက်ရုံ အလုပ်သမား တောင်းဆိုချက်အားလုံး ရရှိ


2012-05-30

အစာငတ်ခံ ဆန္ဒထုတ်ဖော်နေကြတဲ့ မှော်ဘီ မြို့နယ် မြောင်းတကာ စက်မှုဇုန်က Yangon Crown သံမဏိစက်ရုံ အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေ အားလုံးကို စက်ရုံပိုင်ရှင်က လိုက်လျောလိုက်ပြီလို့ သိရပါတယ်။
RFA
၂၀၁၂ ခုနှစ် မေလ ၂၅ ရက်က ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာ၊ Yangon Crown သံမဏိစက်ရုံ အလုပ်သမား ခေါင်းဆောင်များ စက်ရုံရှေ့တွင် အစာငတ်ခံ ဆန္ဒပြနေကြစဉ်။
အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းရှိန်ကိုယ်တိုင် ထပ်မံဝင်ရောက် ညှိနှိုင်းပေးခဲ့ပြီးနောက် အလုပ်သမားတွေ အဓိကတောင်းဆိုနေတဲ့ အခြေခံလစာ တိုးပေးရေးကို အလုပ်ရှင်က သဘောတူလိုက်သလို ဆေးရုံတက် ဆေးကုသခံနေတဲ့ အလုပ်သမားတွေအတွက်လည်း တာဝန်ယူ ဆောင်ရွက်ပေးခဲ့တယ်လို့ ဆန္ဒပြအလုပ်သမားတွေအရေး ကူညီဆောင်ရွက်နေတဲ့ ၈၈ မျိုးဆက်ကျောင်းသူ မမာမာဦးက ပြောပါတယ်။

ခေတ်စနစ်နဲ. မညီတော့တဲ့ မြန်မာ လ၀က ဌာန- Myanmar Immigration is out of Date.


by Udp Myanmar on Wednesday, May 30, 2012 at 11:37am

ကိုလိုနီခေတ်က လုပ်ထုံးတွေကို ဆက်သုံးနေတဲ့ မြန်မာပြည်က လူဝင်မှုကြီးကြပ်ရေးဌာန
မြန်မာပြည်မှာ ဗီဇာသက်တမ်းတိုးဖို. Visa Extention လုပ်ဖို.လုပ်ရတာ အမေရိကန်မှာ သေဒဏ်အပစ်ပေးခံတဲ့သူကို  ဆေးထိုးမသတ်ခင် ပြင်ဆင် မှတ်တမ်းတင်ရတာထက်တောင် အတော် လုပ်များပါသည်။ ဖြည့်လိုက်ရတဲ့ လျှောက်လွှာကလဲ အစောင်စောင် ထိုးလိုက်ရတဲ့ လက်မှတ် သွားလိုက်ရတဲ့ ရုံးကလဲ တမြို.လုံး နံ.နေအောင်ပါ။

“ကစားမလား။ နားမလား။” (စိမ်းခက်စိုး)


by စိမ်း ခက် စိုး on Wednesday, May 30, 2012 at 11:51am 

ပြီးခဲ့တဲ့ ငါးနှစ်လုံးလုံး ကျွန်တော်ဟာ နှစ်ကာလတစ်ခုကြာ မိမိယုံကြည်ချက်ကြောင့် သော်လည်းကောင်း၊ နိုင်ငံရေးလှုပ်ရှား မှုကြောင့်သော် လည်းကောင်း မတရားဖမ်းဆီးအထိန်းသိမ်းခံရာကနေ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဖြစ်လဲ လူမှုရေးလှုပ်ရှားတက်ကြွသူတစ်ချို့နဲ့ လူမှုရေးလုပ်ငန်းနယ်ပယ်တော် တော်များများမှာ ထိတွေ့လုပ်ကိုင်ခွင့်ရ ရှိခဲ့ပါတယ်။ လူမှုရေးမှာ သူတို့တွေ တက်ကြွလှုပ်ရှားပါဝင်လာတာဟာ ဖွံ့ဖြိုးမှုဖြစ်စဉ်မှာ နိမ့်ကျလာနေတဲ့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွက် အလွန်ဘဲကောင်းမွန်သလို၊ ပိုလည်းထိရောက်ပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေးဖြစ်စဉ်ကို ပြည်တွင်းမှာ ပိုမိုနိုးကြားလာစေတာလည်း အားလုံးမျက်မြင်ပါဘဲ။

NLD ဥက္ကဋ္ဌ ဟောင်း ဦးအောင်ကြီး နှင့် မြန်မာ့ ဒီမိုသမိုင်း ပုံရိပ်အချို့ 


by Ya Tha on Tuesday, May 29, 2012 at 9:25am 


၁၉၄၅ခုနှစ် မတ်လ (၁) ရက်နေ့တွင် ကန်တော်ကြီးစောင်းရှိ ဗိုလ်ချုပ် ၏ နေအိမ်တွင်ပင် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ် အစည်းအဝေးအား  ပြုလုပ်၏။ တပ်မတော်မှ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်လက်ျာ၊ ဗိုလ်နေဝင်း၊ ဗိုလ်ဇေယျ၊ဗိုလ်စောကြာဒိုး၊ ဗိုလ်အောင်အောင်၊ ဗိုလ်ရန်အောင်၊ ဗိုလ်ရဲထွဋ္ဋ် ၊ ဗိုလ်ဖိုးကွန်း၊ *ဗိုလ်အောင်ကြီး*၊ ဗိုလ်မောင်မောင်၊ ဗိုလ်စိန်မှန်နှင့် ဗိုလ်ခင်မောင်လေးတို့တက်ကြသည်။ ပြည်သူ့  အရေးတော်ပုံပါတီက  ဦးဘဆွေ၊ သခင်ချစ်၊ ဦးကျော်ငြိမ်း နှင့်ဦးလှမောင်တို့ တတ်ရောက်ကြပြီး ကွန်မြူနစ်ပါတီမှမူ …..သခင်စိုး၊ သခင်သန်းထွန်းနှင့် သခင်တင်မြတို့ပါဝင်သည်။     ။

နိုင်ငံခြားမှာ ကျောင်းတက်မယ်ဆိုရင်


ကျမ အသက် ၁၂ နှစ်မှာ မိဘများနှင့် စင်္ကာပူနိုင်ငံမှာ ပြောင်းရွှေ့နေထိုင်ပြီး နိုင်ငံခြားဆိုတာနှင့် စတင်ရင်းနီးခဲ့သည်။ အသက် ၁၇ နှစ်အရွယ်ကစပြီး ကနေဒါနှင့် အင်္ဂလန်နိုင်ငံတို့တွင် တစ်ယောက်တည်း ကောလိပ်နှင့် တက္ကသိုလ်သွားတက်တော့၊ နောက်ထပ်နိုင်ငံခြားသို့ ရောက်ခဲ့ပြန်သည်။ နိုင်ငံခြားဆိုသည့်အတိုင်း ကျမရင်ဆိုင်ရတာတွေက အပြောင်းအလဲ အသစ်အဆန်းတွေ ဖြစ်နေခဲ့သည်။
ရောမရောက်ရင် ရောမလိုကျင့်ရမယ် ဟု လူတွေပြောလေ့ရှိကြသည်။ အတိုင်းအတာတခုအထိ မှန်သည်။

ကျီးကန်းငှက်နှင့် လေလွင့်နေသော အတွေးများ


ကျနော် မဲဆောက်မြို့ စီဒီစီ အထက်တန်းကျောင်းသို့ ဆရာတယောက်အဖြစ် မ၀င်ရောက်မီကာလက အချိန်များသည် ကျနော့်ဘ၀၏မှောင်မိုက်သော ကာလများဟုဆိုရပေမည်။
မဲဆောက်မြို့တွင် ကျောင်းဆရာအလုပ်ကို လာလျှောက်ရင်း မိတ်ဆွေတဦး၏ရုံးတွင် နှစ်လခန့် သောင်တင်နေခဲ့ပါသည်။ မဲဆောက်နှင့် ခပ်လှမ်းလှမ်းဝေးသော ကျေးလက်တွင် နေထိုင်ရသည့်အတွက် စိတ်လက်ပေါ့ပါးစွာ လမ်းလျှောက်ထွက်လိုက ထွက်၍ရပေသည်။

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...