Wednesday, May 30, 2012

ခေတ်စနစ်နဲ. မညီတော့တဲ့ မြန်မာ လ၀က ဌာန- Myanmar Immigration is out of Date.


by Udp Myanmar on Wednesday, May 30, 2012 at 11:37am

ကိုလိုနီခေတ်က လုပ်ထုံးတွေကို ဆက်သုံးနေတဲ့ မြန်မာပြည်က လူဝင်မှုကြီးကြပ်ရေးဌာန
မြန်မာပြည်မှာ ဗီဇာသက်တမ်းတိုးဖို. Visa Extention လုပ်ဖို.လုပ်ရတာ အမေရိကန်မှာ သေဒဏ်အပစ်ပေးခံတဲ့သူကို  ဆေးထိုးမသတ်ခင် ပြင်ဆင် မှတ်တမ်းတင်ရတာထက်တောင် အတော် လုပ်များပါသည်။ ဖြည့်လိုက်ရတဲ့ လျှောက်လွှာကလဲ အစောင်စောင် ထိုးလိုက်ရတဲ့ လက်မှတ် သွားလိုက်ရတဲ့ ရုံးကလဲ တမြို.လုံး နံ.နေအောင်ပါ။
ဒါတွေက တကယ်ရော လိုလို.လား။ တကယ်ရော လုံခြုံရေးအရရော အလုပ်ဖြစ်လို.လား အထောက်အကူ ဖြစ်လို.လား။ လိုအပ်တဲ့ အထောက်အထားတွေဟာ ခဏနဲ. ကြောင်ကြားရောက်သွားမှာပဲ မဟုတ်လား။
သူများနိုင်ငံတွေမှာ စာရွက်တရွက်လောက်နဲ. ၅ မိနစ်လောက်နဲ. ပြီးစီးတဲ့ ဗီဇာတိုးရတဲ့အလုပ်ကို မြန်မာပြည်က ကိုရွှေလ၀က ရုံးမှာတော့ တနေကုန် တနေကန်းနဲ. ၀န်ထမ်းပေါင်း ၁၅ ဦး လောက်ကို နေရာပေါင်းများစွာမှာ လှည့်ပတ်ကာ လုပ်ရတာ အတော်ပဲ စိတ် ပျက်စရာပါ။  လ၀ကရဲ့ လုပ်ထုံး လုပ်နည်းတွေလဲ မပြောင်းသလို လ၀က ၀န်ထမ်းတွေရဲ့ အကျင့် Attitude တွေကလည်း အရင်ပုံစံအတိုင်းပဲ ဖြစ်နေသေးပါတယ်။ အောက်ခြေမှာတော့ မပြောင်းသေးတဲ့အထဲမှာ လ၀က လည်း ထိပ်ဆုံးပါနေဆဲပါ။
ဗီဇာလျှောက်တဲ့အချိန်မှာလည်း ဆွေ ၇ဆက် မျိုး၇ဆက်နဲ. လျှောက်လွှာတွေ ကိုယ်ရေးအချက်အလက်တွေကို ယူပြီးလို. ရဲသတင်းတပ်ဖွဲ.နဲ. နိုင်ငံခြားရေးရုံးက ထောက်ခံလို. ဗီဇာ ထုတ်ပေးပြီးကာမှ မြန်မာပြည်ရောက်တော့လဲ ဘာမှ မလိုအပ်တဲ့ မေးခွန်းတွေ လျှောက်လွှာတွေကို အချိန်ကုန် ငွေကုန် စာရွက်အကုန်ခံ လက်ညောင်းခံပြီး ထပ်ဖြည့်ခိုင်းပြန်တာ ဘယ်လိုများ ရွှေကြံတော် စူးရှသလဲ မစဉ်းစားတတ်ပါ။ ဒီလျှောက်လွှာတွေကလဲ လပိုင်းတွင်း Recycle လုပ်ဖို. ရောင်းစားပစ်မှာပဲ မဟုတ်လား ဘာကြောင့် ရုံးမှာ အရှုပ်ခံပြီး စာရွက်တွေ အများကြီးမှာ အလုပ်မဖြစ်တဲ့အရာတွေကို ထပ်ရေးဖို. လိုအပ်နေတာလဲ မစဉ်းစားတတ်ပါ။
မြန်မာပြည်ဖွား မြန်မာနိုင်ငံသားအဟောင်းတွေ မြန်မာတိုင်းရင်းသားအဟောင်းတွေ နိုင်ငံခြားသား ခံယူပြီး မြန်မာပြည်ကို  Social Visit နဲ. အလည်ပြန်တဲ့အခါ သံရုံးက ဗီဇာရဖို. အနည်းဆုံး ၃ ပတ်ကနေ တချို.ဆိုရင် ၃-၄လတောင် ကြာတတ်ပါသည်။ ဗီဇာရလို. မြန်မာပြည်ကို ၀င်လာတော့လည်း ၂၈ ရက်ပဲ နေထိုင်ခွင့် ပထမ အဆင့် ပေးပါတယ်။ ခက်တာက ရန်ကုန်လေဆိပ်မှာ ၀င်လာတဲ့အခါ ဘာ သတင်းအချက်အလက် ဘာ Information နဲ. ညွှန်ကြားချက် စာရွက်စာတမ်းမှ ထုတ်မပေးတဲ့အပြင် ဗီဇာဝင် တုံးထုပေးတဲ့ Immigration တွေကလည်း ဘာတခွန်းမှ မပြောပဲ တုံးပဲ ထုပေးတတ်ပါသည်။
Social Visit နဲ.၀င်လာသူတွေဟာ ၂၈ ရက် ကုန်ခါနီးမှ သက်တမ်းတိုးရမှာလား။ သက်တမ်းတိုးရင်လည်း ဘယ်မှာ ဘယ်လို သက်တမ်းတိုးရမယ် ဘာ အထောက်အထားနဲ. ဘာစာရွက်စာတမ်းတွေ ပါရမယ်ဆိုတာလည်း ဘာ တခုမှ တိတိကျကျ ညွှန်းကြားတာ ရှင်းပြတာ မရှိတဲ့အပြင် တနေရာမေးရင် တမျိုးပြောတယ် တဦးမေးရင် တပုံစံဖြစ်တဲ့ မြန်မာ့နည်း မြန်မာ့ဟန်နဲ.ကတော့ အတော်ကို ခက်ပါသည်။  တကယ်တော့ Social Visit နဲ. ၀င်လာသူတွေဟာ မြန်မာပြည်ကို ရောက်ပြီး ၂၄ နာရီ ပြည့်တာနဲ. ဧည်.စာရင်းတိုင်ပြီးတာနဲ. နောက်ထပ် ၃လ သက်တမ်းကို ကြိုတင် တိုးထားလို.ရတာကို ဘယ်သူကမှ မပြောကျတော့ မသိတဲ့သူက များပါသည်။
၂၈ ရက် ကုန်ခါနီး သက်တမ်းပြည့်ခါနီး ဗီဇာသက်တမ်းတိုးရမည့်အချိန်ရောက်တဲ့အခါ ဘယ်ကို ဆက်သွယ်လို. ဆက်သွယ်ရမှန်းလည်း မသိ။ ဘယ်လို လုပ်ရမှန်းလည်း မသိ။ ဘာတွေ လိုမှန်းလည်း မသိ။ မြန်မာပြည်မှာ ဗီဇာတွေ လျှောက်ပေးနေတဲ့ ခရီးသွား Tour Agencies တွေတောင် ကောင်းကောင်း မသိတာက များပါသည်။ ဒါတောင် မြန်မာစကားတတ်တဲ့ မြန်မာပြည်ဘွားတွေ ရန်ကုန်မှာ ပြန်ကြုံရတဲ့ ဒုက္ခတွေပါ။
တကယ်တော့ မြန်မာပြည်ဖွား နိုင်ငံခြားသား Passport ကိုင်ဆောင်သူတွေဟာ ကိုယ်နေထိုင်ရာ ရပ်ကွက်က ဧည့်စာရင်းတိုင်တဲ့ ရပ်ကွက် လူကြီးဆီကနေ ထောက်ခံစာ ယူရပါတယ်။ အဲဒီအတွက် ရပ်ကွက် လူကြီးကို ကျပ် ၁၀၀၀ လောက် ပေးရပါတယ်။ ဇာတ်လမ်းက ဒီမှာ စပါပြီ။
ရပ်ကွက်လူကြီး ထောက်ခံစာကို ယူပြီး Passport Size ဓာတ်ပုံ ၃ ပုံနဲ. ကိုယ်နေထိုင်တဲ့ မြို.နယ် လ၀က ရုံးကို လျှောက်လွှာတွေ ၀ယ်ပြီး ကော်ပီကူးပြီး လျှောက်လွှာ ၃ စောင်ကို ဖြည့်စွက်ရပါတယ်။ အဲဒီမှာ ရပ်ကွက်မှာ ဧည်စာရင်း တိုင်ထားတဲ့ အထောက်အထားနဲ.အတူ ထောက်ခံစာကိုပါ ပူးတွဲပြရပါတယ်။
ကိုယ်ကိုလိုက်ပြီး ထောက်ခံပေးမည့် မြန်မာပြည်က မိသားစုဝင်ပဲဖြစ်ဖြစ် သူငယ်ချင်းပဲဖြစ်ဖြစ် တဦးဦးကလည်း သူရဲ့ မှတ်ပုံတင်ကော်ပီ သူရဲ့ အိမ်ထောင်စုဇယားကော်ပီတွေနဲ.အတူ လျှောက်လွှာတွေကို မိတ္တူ ကူးပြီး လျှောက်လွှာအစုံ ၃ စုံကို ဖြည့်ရပါတယ်။ ပြီးလျင် မြို.နယ် လ၀က အရာရှိက လက်မှတ်ထိုးပြီး အဲဒီလျှောက်လွှာတွေကို ကိုယ်တိုင် ယူဆောင်ပြီး ခရိုင်လ၀က ရုံးကို သွားရပါသည်။ မြို.နယ်လ၀က အရာရှိကိုလည်း လက်ဖက်ရည်ဖိုး ၅၀၀၀ ကျပ်လောက်ပေးမည့် သေသေခြာခြာနဲ. လိုနေတာတွေရှိရင် မရစ်တော့ပဲ အဆင်ပြေအောင် လုပ်ပေးလိုက်ပါတယ်တဲ့။ မြို.နယ်ရုံးပြီးတော့ လျှောက်လွှာတွေ ကိုယ်ပြီး ခရိုင်ရုံး အရှေ.ပိုင်းခရိုင် အနောက်ပိုင်ခရိုင် စတဲ့ ရန်ကုန်က ခရိုင် လ၀က ရုံးကို သွားရပါတယ်။
အဲဒီမှာ ဗီဇာသက်တမ်းတိုးတဲ့ လ၀က အရာရှိက ပါလာတဲ့ လျှောက်လွှာ ၃ စုံကို စစ်ဆေးပြီး သူအထက်က ခရိုင်လ၀ကမှူး လက်မှတ် မထိုးခင် စစ်ဆေးပါတယ်။ ပြီးတော့ ဒါမပါဘူးလား ဟိုဟာ လိုနေတယ် ဒီဟာ ကျန်နေတယ်ဆိုပြီး အစကတည်းက လိုအပ်တာတွေကို မြို.နယ်ရုံးကတည်းက ပြီးအောင် မပြောပဲ မတောင်းပဲ သူ.ရုံးရောက်နေမှ ဒါလိုတယ် ဘာလိုတယ်ဆိုတာ ပြောပြီး လက်ဖက်ရည်ဖိုး ရဖို. ရစ်တတ်ပြန်ပါသည်။ အဲဒါ ကျပ် ၃၀၀၀ လောက် ညှပ်ပေးလိုက်ရင် အဆင်ပြေပြီး သူတို.ရဲ့အဘ ခရိုင် လ၀ကမှူးအတွက် ကျပ် ၅၀၀၀ လောက် ထည့်ပေးလိုက်တာနဲ. လိုတာတွေ အကုန် ပျောက်ပြီး အဘ ဆိုသူရဲ့ လက်မှတ်ကို ထိုးပေးတာ ရရှိပါသည်။
အဲဒီခရိုင်မှူး ထိုးပေးလိုက်တဲ့ လျှောက်လွှာတွေကို ကိုင်ပြီး လူကိုယ် အရင် မဆလ ခေတ်က ပြည်သူ.ရင်ပြင်နဲ. ပြည်သူ.ဥယျာဉ်မှာရှိတဲ့ မဆလ လွတ်တော် အဆောက်အဦး အဟောင်းထဲမှာ ဟို ကြောင်ကြို ကြောင်ကြားမှာ လျှပ်စစ်မီးတောင် ကောင်းကောင်းမရှိ သေသေခြာခြာလည်း လမ်းညွှမ်းတွေ မရှိတဲ့ တိုင်းလ၀က ရုံးကို တက်ရပြန်ပါသည်။ အဲဒီမှာလည်း လ၀က အရာရှိ ၂ ပွင့်တွေက ပြန်စစ်ပြီး ရောက်တုန်းက ၀င်လားတုန်းက လ၀က ကို ဧည့်စာရင်းမတိုင်ဘူးလား လ၀ကဆီ ဧည့်စာရင် တိုင်တဲ့ စာရွက် မပါဘူးလား ဘာ ညာနဲ. တခါ ထပ် ရစ် ပြန်ပါသည်။ လေဆိပ် ၀င်လာတုန်းက ဒါတွေ လိုအပ်တယ် ဧည့်စာရင်းကို ရပ်ကွက်တင် မဟုတ်ပဲ မြို.နယ်လ၀ကမှာ သွားပြီး ဧည့်စားရင်း တိုင်ရမယ်ဆိုတာကို ဘယ် Immigration Officer ကမှ သတိမပေး မပြောပြ မရှင်းပြပဲ ဗီဇာ သက်တမ်းတိုးဖို. မြို.နယ်နဲ. ခရိုင် လ၀က အဆင့် ရုံးတွေတောင် ကျော်ပြီး အခု တိုင်း လ၀က ရုံးအထိ ရောက်နေတော့မှာ ဒါတွေ လိုတယ် ဟိုဟာ ကျန်တယ် ဒီဟာ မပါဘူးလို. ပြန်ပြီး ပြောနေတော့====တကယ်လိုအပ်ရင် ၀င်လာကတည်းက ရှင်းရှင်းလေး ပြောပြ သတင်းအချက်အလက်တွေကို ပေးမထားပဲ တိုင်းရုံးရှေ. လူရောက်နေမှ ဘာ အထောက်အထားတွေလိုတယ် ဘယ်ကို ဧည့်စာရင်းတိုင်ရမယ်လို. ပြောနေချင်းဟာ မြန်မာပြည်က လ၀က အလုပ် မလုပ်တာလား။ မဟုတ်ရင် အကြောင်းပြပြီး ငွေချူဖို. အကွက်ဖန်ထားတာလား လ၀က ၀န်ထမ်းတွေပဲ အသိဆုံးပါ။။။။ 
ဒီတော့လည်း အမရာ အကိုရာ အဆင်ပြေအောင် လုပ်ပေးပါ အရမ်းလည်း ပူတယ် အရမ်းလည်း အိုက်တယ် တနေလည်း ကုန်တော့မယ် ဗီဇာသက်တမ်းတိုးဖို. ရပ်ကွက်က လူကြီးရုံးအပါအ၀င် အခုဆို နေရာ ၄ ခုကို လှည့်ပတ်ပြီး မြန်မာပြည်က နေပူကျဲကျဲမှာ သွားနေရတာ စိတ်လည်း တိုစရာ စိတ်အနှောက်အယှက်လည်း ဖြစ်ရတာ တကယ်ပါ။ ဒီတော့ အဘအတွက် ကျပ် ၅၀၀၀ လောက်ထည့်ပေးပြီး လက်မှတ်ထိုးခိုင်း လျှောက်လွှာ စစ်ခိုင်းတော့မှာ=== ဗီဇာသက်တမ်းတိုးတဲ့ File No နဲ. သက်တမ်းတိုးတဲ့ နေ.စွဲနဲ.အတူ ဘယ်ကို ဖုန်းဆက်ရမယ်ဆိုတဲ့ ဖုန်းနံပတ်ပေးပြီး ၂ပတ် ၃ ပတ်ကြာတဲ့အခါ ပန်းဆိုးတန်းက အရင် Passport ရုံးရှိ Stay Office ကို ဓာတ်ပုံ ၂ ပုံနှင့်အတူ သွားဖို. လမ်းညွှမ်မှု ပေးလိုက်ပါတယ်။  ဒီတော့ တနေကုန်ပြီး တက္ကဆီသမားကို အငှားလာရင် ကားခက ၃သောင်း လောက် ကုန်နေပြီး အဘ တွေ အမတွေကို လက်ဖက်ရည်ဖိုးက ၁၉၀၀၀ ကျပ်လောက် ကုန်နေပြီး ဒီတော့ ၅သောင်းနီးပါးလောက် ကုန်သွားပြီ။
တခါ ၂ပတ် ၃ ပတ်ကြာလို. stay Office ကို ဖုန်းဆက်ပြီး ဗီဇာရပြီလားလို. မေးလို. ရတယ်ဆိုရင် သွားရပြန်ပြီး ပန်းဆိုးတန်းက အရင် Passport ရုံးဟောင်းကို အဲဒီမှာလည်း ပြန်ပြီး လျှောက်လွှာတွေ ၀ယ်ခိုင်း မိတ္တူတွေ ကူးခိုင်းနဲ. လျှောက်လွှာတွေ ပြန်ဖြည့် ငွေစာရင်းသွင်းခိုင်ပြီး ဗီဇာ သက်တမ်း ၃လအတွက် ဒေါ်လာ ၃၆ ဒေါ်လာ ပေးရတယ်။ တကယ်လို. သက်တမ်းတိုးတာ ရက်ကျော်ရင် တရက်ကို ၃ဒေါ်လာနှုန်းနဲ. ဒဏ်ငွေဆောင်တယ်။ ၃လ သက်တမ်းတိုးရင် ထပ်ပြီး FRC လျှောက်ရမယ်ဆိုရင် တခြားတနေရာကို ပြန်လွတ်ပါရော တကယ်လို. FRC မလျောက်ဖူးဆိုရင် နောက်တကြိမ် သက်တမ်းတိုးမယ် မြန်မာပြည်မှာနေတာ ရက် ၆၀ ထက် ကျော်မယ်ဆိုရင် ဒဏ်ငွေ ၁၈ ဒေါ်လာ ပေးရဦးမှာတဲ့။ အဲဒီလို ငွေတွေပေး လျှောက်လွှာတွေ ဖြည့် မိတ္တူတွေကို အပြင်မှာ ပြန်ထွက် ကူးနဲ. ရှုပ်ယှက်ကို ခတ်နေတာပဲ။ ပြီးတော့ နောက် ၁ နာရီ ၂ နာရီမှ ပြန်လာပါတဲ့ ဒီလိုနဲ. ဒီနေ.လည်း နေ.တ၀က် ကုန်သွားတယ်။ အဲဒီတော့မှာ ၃လစာ သက်တမ်းတိုးပေးတာ ပြီးတယ် ဒီအတွက်လည်း နောက်ထပ် ကျပ် ၅၀၀၀ လောက် ညှပ်ထားခဲ့ရပြန်တယ်။ ကားခကလည်း အပြတ်ငှားရင် ၁နာရီကို ၆၀၀၀ ကျပ်ဆိုရင် နောက်ထပ် ကျပ် ၂သောင်းလောက်က ကုန်သွားတယ်။ စာရွက်နဲ. ဖြည့်ရတဲ့ လျှောက်လွှာပေါင်းကလည်း စုစုးပေါင်း မိတ္တူ ကူးရတာတွေ တွက်ကြည့်ရင် စာရွက် ၅၀ လောက် ကုန်တယ်။ ဒီအတွက် အလုပ် လုပ်ရတာက လူက ၁၅ဦးလောက် ကုန်တယ် နောက် ၂ရက်လောက်တော့ အချိန် ပေးလိုက်ရတယ်။
သူများနိုင်ငံမှာ ၀န်ထမ်း ၁ဦးက ၅ မိနစ်လောက်နဲ. ပြီးတဲ့ ဗီဇာ သက်တမ်းတိုးရတဲ့အလုပ်ကို မြန်မာပြည်က ကိုရွှေ လ၀ကနဲ. အစိုးရက ဒီလောက်အထိ အချိန်လည်း ကြာ လူတွေလည်း များ စက္ကူတွေ မှင်တွေလည်း ကုန် ကုန်ကျစရိတ်ကလည်း ကားခပါ တွက်ရင် ၁ သိန်းလောက်ကုန်သွားတော့====ဘာကြောင့် လွယ်လွယ်နဲ. လုပ်လို.ရတဲ့ ဒီခေတ်ကြီးမှာ ဟို ရှေး ပဝေသနီက ကိုလိုနီခေတ်က လုပ်ထုံး လုပ်နည်းတွေကို ဆက်သုံးနေရတာလည်း===
ဝန်ထမ်းတွေအတွက် စားဝတ်နေရေး အဆင်ပြေဖို.အတွက် အကွက်ဖန်ထားတာဆိုရင်လည်း မထူးလည်း ငွေက ကုန်နေတော့ အခု အစိုးရကို ပေးရတဲ့ ဒေါ်လာ ၃၆ ဒေါ်လာ အစား ဒေါ်လာ ၅၀ ယူလိုက်ပြီး ၃၆ ဒေါ်လာကို အစိုးရ ဌာနဆိုင်ရာအတွက် သုံးလိုက် ကျန်တဲ့ ၁၄ ဒေါ်လာကို ၀န်ထမ်းတွေ သက်သာချောင်ချိရေးအတွက် ပြောင်ယူပြီး ပြောင်သုံးရင် မကောင်းဘူးလား။  အခုတော့ ဗီဇာသက်တမ်း တိုးရတဲ့သူအတွက်လည်း ငွေကုန်ပြီး လူပင်ပန်းတယ် ၀န်ထမ်းတွေအတွက်လည်း သိက္ခာကျတယ် အကျင့်ပျက်တယ်လို. ဖြစ်နေတယ်=== ဒါတွေကို ဘာကြောင့် မပြုပြင်သေးတာလည်း မပြုပြင်နိုင်သေးတာလည်း=== ဘယ်လောက်များ ခက်ခဲတဲ့အရာတွေမို. ဒီလိုမျိုး စနစ်ဟောင်းနဲ. လုပ်ထုံး လုပ်နည်းဟောင်းတွေကို မြန်မာပြည်က လ၀က ဌာနက ဆက်သုံးနေတာလည်း။
တကယ်တမ်းက နိုင်ငံခြားသားတွေ၏ လူဝင်မှုကို အနီးကပ် ကြီးကြပ် ထိမ်းသိမ်းဖို. မပြောနဲ. သူတို. လ၀က ရုံးမှာတောင် တိုင်းရုံးမှာပဲ ကွန်ပြူတာ သုံးနိုင်ပြီး ပန်းဆိုးတမ်းက Stay Office မှာတောင် လ၀က အရာရှိတွေဟာ အခုအထိ လက်ရေးမူနဲ. စာတွေ ကူးနေရတာမို. တခြား အပြင်ကို လူဝင်မှုတွေကို Monitor လုပ်ဖို. စီစစ်ကြီးကြပ်ဖို.မပြောနဲ. သူတို.ရုံးထဲမှာ တခြားသူက ဓာတ်ပုံ ၀င်ရိုက်တာတောင် မော်နီတာ မလုပ်နိုင် စောင့်မကြည့်နိုင် မထိမ်းချုပ်နိုင်သေးဘဲ ဘယ်လို လုပ်ပြီး အပြင်မှာ ရှိတဲ့ Over Stay Chinese and Korea တွေကို မြန်မာ လ၀က ဌာနက စောင့်ကြည့် ထိမ်းချုပ်နိုင်မှာလည်း မေးစရာပါ။ တွေးစရာပါ။ ဒါကြောင့်လည်း ရေးဖြစ်လိုက်တာပါ။
မလိုအပ်တဲ့ များပြားလှတဲ့ လျှောက်လွှာဖောင်တွေကို အများကြီး ဖြည့်ခိုင်းပြီး
ပန်ဆိုးတန်း Stay Office က မြန်မာလ၀က ရုံးတဲ့။ သူများနိုင်ငံမှာ ၁ဦး ၂ဦးနဲ. ပြီးတဲ့အလုပ်ကို ဒီမှာတော့ တပြုံကြီး တပုံကြီးပဲ။ ။

  1 comment:

  1. လေဆိပ်မှာ လ၀က ကငွေညှစ်တဲ့ကိစ္စလဲပြင်စေချင်တယ်... သူတောင်းစားကျနေတာပဲ

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...