မြန်မာနိုင်ငံနှင့် လျှပ်စစ်ဓါတ်အား
တကယ်တော့ ဒီနေ့ဖြစ်နေတဲ့ လျှပ်စစ်ဓါတ်အားအခြေအနေတွေက မြန်မာနိုင်ငံကို အရေးပေါ်အခြေအနေတောင်ကြေညာသင့်တဲ့ အနေအထားမျိုးဖြစ်ပါတယ်။ တကယ်တော့ ဒီနေ့ဖြစ်နေတဲ့ လျှပ်စစ်ပြသနာ ဒီနေ့က စဖြစ်တဲ့ ပြသနာမျိုးမဟုတ်ပါဘူး။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး၊ ပါလီမန်ဒီမိုကရေစီခောတ်၊ ဆိုရှယ်လစ်ခောတ်၊ တပ်မတောအစိုးရအုပ်ချုပ်တဲ့ န၀တနဲ့ နယက ခောတ်တွေအားလုံးပေါင်းရဲ့ အားနည်းချက်တွေကြောင့်ဖြစ်တယ်။ ဒါကြောင့် KIA သောင်းကျန်းသူတွေရဲ့ ဓါတ…်တိုင် မိုင်းခွဲတာလောက်ကတော့ တစ်နိုင်ငံလုံး လျှပ်စစ်ပြသနာကြုံစရာအကြောင်းမရှိဘူး။ န၀တ အစိုးရတာဝန်ယူချိန်မှာ တိုင်းပြည်ကချွတ်ချုံကျနေချိန်ဖြစ်တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ မြန်မာနိုင်ငံရဲ့ သယံဇာတတွေ ကြောင့် နလံပြန်ထူလာခဲ့တယ်။ ဒါပေမဲ့ ဦးစားပေးတွေက အလွဲကြီးလွဲခဲ့တယ်။ နယခ ခောတ်ဆိုတော့လည်း အဆိုးဆုံးပါပဲ။ အကျင့်စာရိတ္တကောင်းမွန်ပြီး အမှန်ဘက်ကိုသွားလိုသူတွေ အားလုံးပျက်စီးသွားကြတယ်။ ဦးစားပေးတွေ အလွန်ပဲမှားယွင်းခဲ့တယ်။ စနစ်တွေပေါ့။ စနစ်တွေကိုပြောရင် Political System, Economic system နဲ့ Social system တွေဖြစ်ပါတယ်။ ဆိုရှယ်လစ်ခောတ်တုန်းက Economic system က socialist system ဖြစ်တယ်။ ဒီစနစ်အရ လုပ်ငန်းတွေအားလုံးကို နိုင်ငံတော်ကပဲလုပ်မယ်။ ထွက်လာတဲ့အကျိုးကျေးဇူးတွေကို အားလုံး အညီအမျှ ခံစားကြမယ်ဖြစ်တယ်။ ဒီတော့ လျှပ်စစ်လဲအလကားပေးတယ်။ ရေလည်းအလကားပေးမယ်။
မွေးရာကနေသေသည်အထိအခမဲ့ဆေးကုသခွင့်လည်းပေးမယ်။ ဒီလိုအယူအဆမျိုးနဲ့လုပ်ခဲ့ကြတာပဲ။ နားထောင်လို့ကတော့ တော်တော်ကောင်းတယ်။ လူတွေက ဘာမှကို လုပ်စရာမလိုတော့ဘူး။ အားလုံး အလကားရမဲ့ ပဒေသာပင်ခောတ်ကို ရောက်သလိုဖြစ်နေတယ်။ လက်တွေ့အခြေအနေမှာတော့ အလကားပဲ။ ဒီဆိုရှယ်လစ်ခောတ်ဟာ အောင်မြင်သလား မအောင်မြင်သလားတော့မသိဘူး။ အားလုံးဟာ သူခိုးတွေပဲဖြစ်ကုန်တယ်။ အဲဒီအချိန်မှာက စက်ရုံအလုပ်ရုံတွေအားလုံးက အစိုးရဖြစ်တာရယ်။ တကယ်တော့ မြန်မာလူမျိုးတွေဟာ မြို့ပြ တွေကို တည်ဆောက်ပြီးနေတတ်ခဲ့လူမျိုးတွေမဟုတ်ပါဘူး။ စက်ရုံအလုပ်ရုံတွေ လုပ်ပြီး အရောင်းအ၀ယ်ကောင်းအောင်လုပ်တတ်သူတွေလည်းမဟုတ်ပါဘူး။ နဂိုကတဲက လမ်းပျောက်နေသူတွေပါ။ အလကားရတာနဲ့ပဲ ငြိမ်နေတာဖြစ်ပါတယ်။ ဒီလိုနဲ့ ဆင်းရဲမွဲတေပြီး ကျောင်းသားလေးတွေ အရက်မူးရန်ဖြစ်တာကစလို့ ဆိုရှယ်လစ်စနစ်ကြီးဟာ ပြိုလဲခဲ့တယ်။ ဒီဆိုရှယ်လစ်ခောတ်နောက် စစ်အစိုးရတက်လာတယ်ဆိုပါတော့။ စစ်အစိုးရတက်လာချိန်မှာ တစ်နိုင်ငံလုံးမှာရှိတဲ့နိုင်ငံခြားငွေ က ဒေါ်လာ တစ်သောင်းမပြည့်ပါဘူး။ ဒီလိုနဲလုပ်လာလိုက်တာ နောက်ပိုင်းတော့ ပတ္တမြားတွေတွေ့၊ ဓါတ်ငွေ့တွေတွေ့၊ တရုတ်ပြည်ကြီးကလည်း သူ့နိုင်ငံမှာလုပ်တဲ့ အဟောင်းအနွမ်းအစုတ်အပြတ်တွေအားလုံးကို ဆေးသုတ်ပြီး အသစ်လုပ်ရောင်းတဲ့ခေတ်ဖြစ်လာတော့၊ အားလုံးရုပ်ပျက်ဆင်းပျက်တွေဖြစ်ကုန်တယ်။ လျှပ်စစ်ဓါတ်အားအရေးကြီးတယ်ဆိုတာသိကြတယ်။ လုပ်သမျှ Project တွေက အစုတ်ပလုတ်တွေ၊ ကြားမှာ ခိုးသားငါးရာက ဖြတ်ခိုးတယ်။ ခေါင်မိုးကအစမိုးမလုံတော့ အားလုံးဟာ၊ ပေါက်တတ်ကရဖြစ်ကုန်တယ်။ ဒီတော့ ရေအားလျှပ်စစ်ဓါတ်အားစက်ရုံတွေသာပြီးသွားတယ်။ ဘယ်စက်ရုံမှ ကောင်းကောင်းမထွက်နိုင်ဘူး။ မထွက်တာပဲ ကံကောင်းမလိုဆိုနေရမယ်။ လျှပ်စစ်ဓါတ်အားလုပ်ငန်းက ထုတ်လုပ်မှုနဲ့ ဖြန့်ဖြူးမှု နှစ်ပိုင်းရှိတယ်။ အခုဖြစ်နေတာက မထုတ်နိုင်တာ၊ ထုတ်နိုင်ဦးတော့ ဖြန့်ဖြူးဖို့ကလိုဦးမယ်။ စစ်အစိုးရအုပ်ချုပ်ခဲ့တဲ့ ၁၉၈၈ ခုနှစ်ကနေ အခု ၂၀၁၁ လောက်ထိပေါ့လေ ပေါ်လစီပိုင်း ဘာမှ မပြောင်းလဲနိုင်ခဲ့ဘူး။ ဘာစနစ်နဲ့သွားမယ်ဆိုတာလည်းသေသေချာချာမရှိခဲ့ပါဘူး။ ဒီတော့ ပြည်သူလူထုကလည်း လျှပ်စစ်ဓါတ်အားဆိုတာ အစိုးရကလုပ်ပေးရမှာ၊ အစိုးရတာဝန်ပဲလို့ပဲ နားလည်ထားပါတယ်။ ဒီလိုနဲ့ အခု လုပ်ငန်းကိုင်ငန်းတွေများလာတဲ့အချိန်မှာတော့ မရှုနိုင်မကယ်နိုင်ဖြစ်နေပြီပေါ့။ တကယ်တော့ လျှပ်စစ်ဓါတ်အားမလုံလောက်ဘူးဆိုတာ ဒီနိုင်ငံမှာနေထိုနေတဲ့လူသားတွေ ဘယ်လောက်အဆင့်အတန်းနိမ့်တယ်ဆိုတာဖေါ်ပြနေတာပါပဲ။ အခု မီးမလားဘူး။ ဒီတော့ဘယ်သူ့မှာတာဝန်ရှိသလဲ။ အစိုးရမှာတာဝန်ရှိတာပေါ့။ လစာ၊ အခွင့်အရေး ယူထားတဲ့ အရာရှိအားလုံးမှာတာဝန်ရှိတာပေါ့။ ဒါကို နားလည်ပြီး၊ အမှန်ဘက်ကိုပြောင်းလာဖို့လိုတယ်။ လျှပ်စစ်ဓါတ်အားမရှိရင် ကုန်ထုတ်လုပ်မှု၊ ၀န်တောင်မှု လုပ်ငန်းအားလုံး ပျက်စီးပြီး ၀င်ငွေတွေထိခိုက်နေတာပေါ့။ ပြည်သူလူထုဖက်က နားလည်ဖို့ကလည်း လျှပ်စစ်ဓါတ်အားကို အလကားတော့မရနိုင်တော့ဘူး။ ချွေတာသင့်တာချွေတာရမယ်ဆိုတာ သိရမယ်။ ကျွန်တော်တို့အားလုံးဟာ မြန်မာနိုင်ငံသားတွေပဲ၊ မြန်မာနိုင်ငံကောင်းဖို့အားလုံးကျိုးစားကြရမယ်။ အခုအခက်အခဲကြုံတွေ့ရင် နောင်မဖြစ်အောင်ဘယ်လိုလုပ်မယ်ဆိုတာ စဉ်းစားကြရမယ်။ အချောင်အမြတ်ထုတ်သွားသူတွေကိုရှင်းပစ်ရမယ်။
posted by Mandalay Gazette
0 comments:
Post a Comment