Sunday, May 27, 2012

ဟိုဘက်အစွန်ကနေဒီဘက်အစွန်ကငါ့ကို ပက်ပက်စက်စက်ငေးမောကြပါ


by ချီ ရွန် on Saturday, May 26, 2012 at 10:17pm


ဘယ်ဟာကမှငါ့ကိုအရေးတယူမတုန်လှုပ်စေနိုင်တော့ဘူး
ငါကဂါထာတွေမန္တန်တွေလွတ်နေတဲ့စည်းဝိုင်းပြင်ဘက်ကမိစ္ဆာတစ်ကောင်
ငါ့ကိုမြင်ရင်ကြောက်လန့်တကြားအော်ပါ
သတ္တ၀ါအကြီးကြီးတွေကငါ့ကိုအော်ဟစ်ဆဲဆိုကြပါ
သတ္တ၀ါအသေးလေးတွေကငါ့ကိုမြင်ရင်လန့်ပြီးတော့အော်ငိုကြပါ

အဲဒီလိုငါ့ကိုထိုးကြတဲ့မီးစတွေခဲလုံးတွေကို
ငါကဟက်ဟက်ပက်ပက်ဟားတိုက်ပစ်မယ်
င့ါရယ်သံကနင်တို့အူတွေကိုအပိုင်းပိုင်းပြတ်စေလိမ့်မယ်
ငါမတတ်ကျွမ်းတဲ့ဘာသာစကားနဲ့ငါ့ကိုလာပြီးဆက်ဆံကြတဲ့အခါ
ငါကနင်တို့ခေါင်းပေါ်မှာခေါင်ရမ်းပန်းတွေပန်ဆင်ပေးရလိမ့်မယ်
အဲဒါအခါကျရင်ငါ့ကိုယဉ်ကျေးတဲ့သတ္တ၀ါတစ်ကောင်အဖြစ်စွပ်စွဲကြပါ
ဘယ်လက်တစ်စုံကမှငါ့ဆီကိုမကမ်းလိုက်နဲ့
ငါတူးထားတဲ့ငါ့သေတွင်းမှာအားနာနာနဲ့ထည့်မြုပ်ပစ်ရလိမ့်မယ်
ငါ့အမှောင်မှာငါရှုရှိုက်ဖို့အသန့်စင်ဆုံးလေတွေရှိတယ်
နင်တို့အတွက်ရွံရှာအော့အန်စရာဆိုရင်
ငါကသည်းခြေတွေပျက်ထွက်သွားအောင်ရှုရှိုက်ပစ်မယ်
ငါဒီဘက်အစွန်မှာရပ်နေမယ်
နင်တို့ငါ့ဆန့်ကျင်မှုကိုခံရခက်လောက်အောင်ထောက်ခံပေးကြပါ
နင်တို့ဆီကမျက်လုံးတွေလက်ညှိုးတွေဟာ
ငါ့ကိုအပြင်းထန်ဆုံးပေါက်ကွဲတောက်လောင်လိုက်ဖို့လောင်စာပြင်းပြင်းတွေပေါ့
ငါ့ကိုအမြဲလောင်ကျွမ်းစေပါ
နင်တို့မျက်လုံးတွေလက်ညှိုးတွေအရည်ပျော်သွားတဲ့အထိလောင်ကျွမ်းစေပါ
ဘယ်အရေးအကြောင်းကမှငါ့ကိုယ့်ငါစွပ်စွဲချက်တွေကိုမအိုမင်းစေနိုင်ဘူး
ငါကပျိုမြစ်တဲ့မောဟတွေနဲ့လှပတဲ့တစ္ဆေတစ်ကောင်
ကလေကချေညည်းတွားသံတစ်ချို့ကနင်တို့အတွက်အိပ်ရာဝင်တေးတစ်ပုဒ်ဖြစ်ချင်ဖြစ်သွားမယ်
ဒီဘက်ကမ်းကငါက ဟဲဗီးရော့ခ်တစ်ပုဒ်ခပ်ပြင်းပြင်းဟစ်တဲ့အခါ
နင်တို့ကဟိုဘက်ကမ်းကနေ ကွေးနေအောင်ကကြပါ (ေ-ာက်ရူးတွေ )
အဲဒီအခြေအနေကိုငါက ယာမကာတစ်ခွက်နဲ့ထိုင်မြည်းရလိမ့်မယ်
' ဘယ်ဘုရားသခင်ကမှမကယ်တင်တဲ့အတွက်
ကျွန်မကလည်းဘယ်ငရဲကိုမှအယုံအကြည်မရှိတော့ဘူးတဲ့ ' ...
ခပ်ရွဲ့ရွဲ့ ကဗျာဆရာတစ်ဦးရဲ့အပြော ...အဟက်
ဟုတ်တာပေါ့ ..
ငါ့ကိုလည်းဘယ်ဘုရားသခင်ကမှမကယ်တင်တဲ့အတွက်
ငါ့ကိုယ်ငါကယ်တင်ဖို့အတွက် ငါကယာမကာကိုကိုးကွယ်ရလိမ့်မယ်
ငါ့ယုံကြည်မှုကငါ့ဘုရားသခင်ပဲ
နောက်ဘ၀ဆိုတာရှိသေးရင်ငါ့အတွက်ငရဲဆိုတာကိုထောက်ခံနေစရာတောင်မလိုတော့ဘူးမလား
င့ါကမ္ဘာမှာငါဖန်ဆင်းတဲ့ဘုရားသခင်ဟာင့ါအတွက်ကိုးကွယ်ရာစစ်စစ်ပေါ့
နင်တို့အားလုံးအတွက်ငြင်းဆန်စရာဆိုရင်
ငါ့အတွက်လုံးဝအကြောင်းပြချက်ပေးစရာမလိုတဲ့အမှန်တရား
င့ါကိုးကွယ်မှုကငါ့ကိုပြန်သတ်မယ်ဆိုလည်း
ငါ့မှာသေစရာနောက်ထပ်အသက်တစ်ချောင်းအပိုမပါဘူး
နင်တို့ရင်ကိုမသိမသာတိုက်စားနေတဲ့ခြကောင်ဟာငါဆိုတာအရိပ်မိမခြင်း
လက်ခုပ်တီးပြီးခပ်ကျယ်ကျယ်ရယ်ကြပါ .

By ; ချီရွန်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...