Tin Nyunt
ဒီနေ့မြို့ထဲရောက်တယ်။ ပန်းဆိုးတန်းမှာ ရှားပါးစာအုပ်တစ်အုပ်ရလာတယ်။
လဖက်ရည်ဆိုင်မှာ ရလာတဲ့ စာအုပ်ကို မြည်းနေတုန်း ကျောလာပုတ်သူတစ်ယောက်ကိ
ု ကြည့်လိုက်တော့ ကြံ့ဖွံ့အမတ်ပြုတ်ဖြစ်နေတယ်။ သူက စပ်ဖြီးဖြီးနဲ့
“သမ္မတဘယ်သူဖြစ်မလဲ” လို့ စပ်စုလာတယ်။
ကျွန်တော်အမှန်အတိုင်းပြောရရင် ဘယ်သူ သမ္မတဖြစ်မလဲဆိုတာ စိတ်ကို မဝင်စားတာ။
ကျွန်တော်တို့ အကောင်းဆုံး လုပ်ခဲ့ပြီးပြီ။ အကောင်းဆုံး
ရွေးချယ်ခဲ့ပြီးပြီ။ တာဝန်ကျေစွာ မဲပေးခဲ့ပြီးပြီ။ ဒေါ်အောင်ဆန်း စုကြည်အပေါ်
ယုံကြည်မှုနဲ့ လွှဲအပ်ခဲ့ပြီးပြီဗျ။
ဘယ်သူ သမ္မတဖြစ်မလဲဆိုတာ
ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်လိမ့်မယ်။ သူရွေးချယ်ပေးလိုက်တာကို ခင်ဗျားတို့
ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လက်ခံရလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့
တိုင်းပြည်ရဲ့ အနာဂတ် ကံကြမ္မာကို သူ့ဆီကို လွှဲအပ်ထားလိုက်ကြတယ်မဟုတ်လား။