Friday, January 29, 2016

ကျူး ကောင်

 နေတာကမြို့ထဲ
အစားက ကဲ
ဆွဲရသမျှ လက်နိုက်
အချိုလည်းအလွန်ကြိုက်တော့
မိသားစုလိုက်အမှိုက်ထုပ်ထဲရောက်
စားသောက်နေထိုင်
ဧည့်စာရင်းတိုင်စရာမလို
အမှိုက်ထုတ်ထဲမှာတော့…ကျွန်တော်တို့ဗိုလ်ပေါ့ ။

တစ်နေ့……
စည်ပင်ကားပေါ်တက်
ပျော်ပွဲစားထွက်သလို
အချို ပေါ်သကြားဆင့်
ဘဝင်မြင့်တယ်ဘဲပြောပြော
အနေသင့်တယ်ဆိုဆို
ကာရာအိုကေလည်းဆိုလို့ပေါ့ ။

စည်ပင်ကားမြို့စွန်ရောက်
ဂျောက်နက်ထဲမှောက်ချ
ဆောက်တည်ရာမရတဲ့ဘဝ
ကုန်းရုန်းထ……
ရင်ဝအပူမီး
ငိုညည်းလို့မပြီး
နီးရာလွတ်မြေကွက်
ကိုယ့်အတွက်ကိုယ်ဖော်
သူတော်အချင်းချင်း
ရင်းနှီးစုဖွဲ့
ပေါင်းချဲ့နေထိုင်ခဲ့လိုပေါ့ ။

ခုတော့……
လူတွေရဲ့လောဘစိတ်
ပုရွက်ဆိတ်တောင်ချမ်းသာမပေး
ဘာအရေး……
ညာ အရေး……နဲ့
လမ်းချဲ့ဖို့အတွက်
ပုရွက်ဆိတ်လမ်းဘေးကျူး
ပေါက်တူး ဂေါ်ပြားနဲ့ဖျက်လို့
အသိုက်တွေပျက်……
နေစရာ… ခက်…ခက်ခဲ့ရပါပြီ ။ ။

(ကျွန်တော်ဟာ ပုရွက်ဆိတ်တစ်ကောင်ပါ)
ချစ်ခြင်းများစွာဖြင့်
(ကိုရွှေကေဇာ)
ကလော ဂျီတီအိုင်
27-1-2016

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...