Friday, January 29, 2016

ချစ်သား အားမငယ်နဲ့ တဲ့

Linn Linn Aung


- အဆင်မပြေမှု့တွေ များလာလို့ 
ဘုရားရှင်ရဲ့ မျက်နှာတော်ကို စူးစူးစိုက်စိုက်နဲ့ ဖူးမြင်လိုက်တယ် ဆိုရင်ပဲ
ဗုဒ္ဓက ---
- ချစ်သား အားမငယ် နဲ့ တဲ့ ငါဘုရားရှင်လည်း
အဆဲခံရတာပဲ အစွပ်စွဲခံရတာပဲ လုပ်ကြံခံရတာပဲ
စားစရာအတွက် အခတ်အခဲဖြစ်လို့ 
တဝါလုံးကို ဂျုံ ဆွမ်းနဲ့ ပဲပြီးခဲ့တာပဲ။

- ဝတ်စရာအတွက် အခတ်အခဲဖြစ်လို့ 
အလောင်းက ဝတ်ရုံကိုခွါပြီး ဝတ်ခဲ့ရတာပဲ။
- နေစရာအတွက် အခတ်အခဲဖြစ်လို့ 
သစ်ပင်အောက်မှာပဲနေခဲ့ရတာပဲ။
- အနာရောဂါ နှိပ်စက်လို့ 
ငါဘုရားရှင်လည်း ခံစားခဲ့ရတာပဲ တဲ့
- အခြံအရံမရှိလို့  ပါလိလေယျ တောထဲမှာ ဆင်ကြီးက ပြုစုလုပ်ကျွေးရ တယ် တဲ့
--- ချစ်သား
- ဒါတွေက လောကဓံတွေပါ တဲ့
- ဘယ်သူမှ မလွတ်ပါဘူး တဲ့
- ဘယ်လို ဘဝမျိုးပဲရောက်ရောက်
ကုသိုလ်ပြုဖို့  တရားရှာဖို့ သာ မမေ့ပါနဲ့  တဲ့
- အကောင်း - အဆိုး
- ဆင်းရဲ - ချမ်းသာ
- အခြွေအရံပေါတာ - အခြွေအရံရှားတာ
- ချီးမွမ်းတာ - ကဲ့ရဲ့တာ
- အဲဒီရှစ်မျိုးဟာ ဘယ်သူနဲ့ မှ
မကင်းသလို ခဏလေးပါပဲ ချစ်သား တဲ့
- လူဖြစ်တုန်း သာသနာနဲ့ ကြုံ တုန်း
သံသရာက လွတ်မြောက်ဖို့ သာ
စဉ်းစားပါ တဲ့
- ချစ်သား ဒုက္ခ ဘယ်လောက် ကြီးလို့ လည်း တဲ့
- ချစ်သမီး ပဋာစာရီလောက် ဆိုးနေလို့  လား တဲ့
* အားမငယ်ပါနဲ့  ချစ်သား တဲ့ *
•~• " ကျွန်တော် "
- ကိုယ့်ဒုက္ခက တော်တော်ကြီးတယ် ထင်ပြီး ခံစားနေတာ၊ တကယ်တော့
ဘာမှမဟုတ်သလိုပါပဲ။
- ပဋာစာရီအကြောင်း
ကြားလိုက်တော့မှ
သြော် ---
- တရားတော်က ခံစားမှုကအားလုံးကို
အနိုင်ယူနိုင်တဲ့သတ္တိ ရှိပါလားဆိုပြီး
ကျနေတဲ့စိတ်ဓာတ်တွေ
ပြန်တက်လာပါတော့တယ်။
- အင်း ငါ့ဒုက္ခက
ပဋာစာရီ ရဲ့ ခြေဖျားတောင်မမှီပါလား
ဆိုပြီး နှလုံးသွင်းလိုက်တော့
အပူတွေ လျော့သွားသလိုပါပဲ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...