Tuesday, January 19, 2016

*ချစ်စမ်းမောင် သို့မဟုတ် ကြိုးခြောက်ချောင်းဖြင့်ဖမ်းစားသူ* အပိုင်း- ၂

Music Crazy Te Te Tar Tar's photo.

နောက်တော့ ဦးဘွဲ့ ကြီးဦးဆောင်ပြီး ဒရမ်မာ-ကိုခရမ်း၊ ဘေ့စ်ဂစ်တာ-ကိုခင်မောင်သန့် ၊ ကီးဘုတ်-ကိုဗညားနိုင် (ယခင် ကိုင်ဇာခွေတွေမှာဦးဘွဲ့ ကြီးနဲ့ တောက်လျှောက်လက်တွဲခဲ့တဲ့ ကီးဘုတ် ပလေယားပါ၊ ) တို့ နဲ့ သူရဲကောင်းလေးများ ( Iron Cross ) ဘန်းဒ် ကို ၁၉၈၉-၉၀ ပတ်ဝန်းကျင် လောက်မှာ စဖွဲ့ ခဲ့ပြီးစီးရီးတွေတောက်လျှောက်တီးခဲ့ပါတယ်။ ဂျက်မြသောင်းအခွေကိုစတီးခဲ့တာထင်တယ်။
လိဒ်ဂစ်တာ ကို ဆရာ ဦးဘွဲ့ ကြီးနဲ့  ကိုချစ်စမ်းမောင်တို့  ၂ယောက်တီးပါတယ်။ ရက်ကောဒင်းတွေလုပ်ရင်ကိုဘဲ ဦးဘွဲ့ ကြီးဟာ သူ့ တပည့် ကိုချစ်စမ်းမောင်ကို Guideline တွေချပေးပြီးဆိုလိုတွေတီးစေပါတယ်။
တစ်ချို့ ဂစ်တာဆိုလိုတွေဆိုရင် ဦးဘွဲ့ ကြီး စတီးပြတာ အိုင်ဒီယာအယူအဆတွေသိပ်ကောင်းပါတယ်။
နောက်ပြီးတော့မှ ညီလေး-မင်း ငါတီးပြတာကို Flow ယူပြီး မင်းတီးကွာဆိုပြီးခိုင်းပါတယ်။
ကို ချစ်စမ်းမောင် ထပ်တီးပါတယ်။ ဦးဘွဲ့ တီးတဲ့ဆိုလိုဟာသိပ်ကောင်းသလို
ကိုချစ်စမ်းမောင်လိုက်တီးတာကလဲ ဂွဒ်ရှယ်ပါဘဲ။ ဥပမာပြရရင်- မန်းဒလေး ကိုနေ၀င်း ထုတ်လုပ်ခဲ့တဲ့
ကိုစိုးလွင်လွင်ရဲ့ မောင့်မျက်ရည်ဝိုင်းအခွေဖြစ်ပါတယ်။ အဲဒီ့အခွေမှာ ကိုချစ်စမ်းမောင်ရဲ့  ပြောင်မြောက်လှတဲ့
နောင်သမိုင်းဝင် လိဒ်ဂစ်တာ ဆိုလိုတွေကို ခန်းခန်းနားနားကြီးတွေ့ မြင်ခံစားကြရမှာပါ။
ဦးဘွဲ့ ကြီးကတော့ ဘယ်သွားသွား ရှိုးပွဲတွေလုပ်တိုင်း မြန်မာပြည်ရဲ့ အသက်အငယ်ဆုံးဂစ်တာသူရဲကောင်းချစ်စမ်းမောင် ဆိုပြီး အော်ပြီိးမိတ်ဆက်ပေးလိုက်တာနဲ့ တပြိုင်နက် ကိုချစ်စမ်းမောင်က လိဒ်ဂစ်တာမှာသူ့ သိပ်ခုံမင်တဲ့၊ပိုင်နိုင်တဲ့ Tapping တွေစပေါက်ပြီး သူ့ ဂစ်တာ Skill ကို အစွမ်းကုန်ပြသပါတော့တယ်။ ဂစ်တာကိုပြောင်းပြန်ရော၊ ပက်လက်လန်ရော၊ နောက်ပြန်တွေကောအကုန်တီးပြပါတော့တယ်။
ကိုချစ်စမ်းမောင်တို့ လိုက်ဖ်ရှိုးစတီးတဲ့ပွဲကတော့ ရန်ကုန်တိုင်း ဥကံ္ကမြို့ က ပွဲမှာပါ။ မင်းသားကိုစိုးသူ ကရာသက်ပန် အခွေ စထွက်ပြီးနံမည်ကြီးနေတဲ့အချိန်မှာပါ။
ကျွန်တော် ကိုချစ်စမ်းမောင် ဂစ်တာတီးထားတဲ့ အခွေတွေကို နံမည်ကြီးတွေရော၊နံမည်မကြီးတဲ့သူတွေရော ၀ယ်ပြီးနားထောင်လေ့လာကြည့်ပါတယ်။ အထူးအားဖြင့်မောင့်မျက်ရည်ဝိုင်းခွေက သူ့ ဂစ်တာဆိုလိုတွေကို
ကျွန်တော်သိပ်ခိုက်ခဲ့ပါတယ်။ သူ့ လိုက်ဖ်ရှိုးတီးတာကတော့မန်းဒလေးမှာလာတီးတော့မှသေချာကြည့်ခဲ့ဘူးတာပါ။
လိဒ်ဂစ်တာသရက်ဒ်မှာကျွန်တော် မဆွက ပြောခဲ့ဘူးသလို ပါဘဲ။ကျွန်တော် မောင်D-Link ဟာ ဂစ်တာဘာသာရပ်တွေအားလုံးထဲမှာ လိဒ် ဂစ်တာကိုအခိုက်ဆုံး၊တစ်ခါ-လိဒ်ဂစ်တာရဲ့  Technique တွေထဲမှာမှ
ဘာလို့ မှန်းမသိဘူး။ လက်ညှိုး၊လက်ခလယ်တွေနဲ့ ပေါက်ဆွဲပြီိးတီးတဲ့ Tapping Technique နဲ့ တွဲကြိုးတွေကို အခိုက်ဆုံးဆိုတာလေ။ နောက်ပြီးကျွန်တော် ကိုဒီလင့်ခ်ဟာဘာလို့ မှန်းတော့မသိဘူး။ ၊ဒုံးပျံ တပ်ထားသလို FingerBoard ပေါ်မှာ လက်ချောင်းလေးတွေ တအားပြေးနိုင်တာ ဂစ်တာ Scale တွေတအားမြန်အောင်
တီးနိုင်တာ ကို အရမ်းသဘောကျတယ်ဗျာ။ D-Link ချာတိတ်ဘ၀ က စင်ပေါ်မှာ
လိဒ်ဂစ်တာ တီးရင် သီချင်းနုတ်ထဲမှာမပါလဲ၊ Tapping တွေ၊ အလုံးမြန်မြန်ဖြီးလုံးတွေ လျှောက်ထည့်တီးတယ်။ အတူတီးနေတဲ့သူငယ်ချင်းတွေကတောင် ဟေ့ကောင် D-Link တစ်ချို့ ဂစ်တာဆိုလိုတွေက အဲလောက်ကြီးမလိုပါဘူးကွာ၊အလကားနေရင် Tapping တွေလျှောက်မထည့်နဲ့ ကွာဆိုပြီးဟန့််ဘူးပါတယ်။
ကိုချစ်စမ်းမောင်ကို ကျွန်တော်ချစ်တာ၊လေးစားတာအဲဒါပါပါတယ်။ သူ ဟာ အသက်ငယ်ငယ်စနံမည်ကြီးခါစမှာ Tapping Skill တွေအရမ်းပြပါတယ်။
သူ လဲ Tapping ကိုချစ်ပုံပါဘဲ။နောက်ပိုင်းသူ ရင့်ကျက်လာတော့ Tapping တွေသိပ်မတီးပြချင်တော့တာ
တွေ့ရပါတယ်။ နောက်ပြီး FingerBoard ပေါ်မှာသူ့လက်ချောင်းလေးတွေဟာဘယ်လောက်မြန်မြန်ပြေးနိုင်တဲ့ဆိုတဲ့ Speed ကိုသူအမြဲ ပြပါတယ်။
နောက်ပိုင်း မောင် D-Link ဟာ အိုင်စီစတိတ်ရှိုးတိုင်း တတ်နိုင်ရင် ရအောင်လိုက်ကြည့်ဖြစ်ပါတယ်။
ကိုချစ်စမ်းမောင်တို့ ဦးဘွဲ့ တို့ ရဲ့  ရဲရဲတောက်ဂစ်တာ သံတွေကို အာသာငမ်းငမ်းနဲ့ သောက်သုံးချင်လို့ ပါ။
နောက်ပိုင်း ဦးဘွဲ့ ကြီးဆုံးသွားတော့ ဦးဘွဲ့ ကြီးမပါတော့ဘဲ IC ဟာ ဖြစ်မှဖြစ်ပါ့မလား ဆိုပြီး
စိုးရိမ်မိခဲ့ပါသေးတယ်။ ဦးဘွဲ့ ကြီးမဆုံးခင်က IC မှာ ဦးဘွဲ့ ဟာ Arrangement ကို သူလုပ်ပါတယ်။ အင်ထရိုကိုဘယ်နှစ်ဘားဆွဲမယ်။ ကီးဘုတ်ကိုဘယ်နှစ်ဘား၊ဂစ်တာ ကိုဘယ်နစ်ဘားစသည်ဖြင့် Arranged လုပ်တာကိုပြောတာပါ။ဦးဘွဲ့ ကြီး၊ ( IC က လူတွေခေါ်တဲ့ ပါပါကြီး ) မရှိတဲ့နောက်ပိုင်းမှာ IC ဟာ အရှိန်မပျက်ပါဘဲ အောင်မြင်မှုသရဖူတွေအထပ်ထပ်ဆောင်းနိုင်ခဲ့ပါတယ်။ Creative Thinking ကောင်းတဲ့၊ကြိုးစားတဲ့၊ တော်တဲ့ ကိုချစ်စမ်းမောင် ဟာ ဦးဘွဲ့ ကြီးအားထားရတဲ့ တပည့် ဂစ်တာသူရဲကောင်းတစ်ဦးဆိုတော့ ဦးဘွဲ့ မရှိရင် IC ကို သူ ဘဲဦးဆောင်မလား၊ Arrange လုပ်မလားလို့ ဒွိဟပွားမိခဲ့ပါသေးတယ်။ သို့ သော် ဦးဘွဲ့ မရှိတော့ အတွေ့ အကြုံရင့်ပြီးအ၇ည်အချင်းရှိတဲ့ IC ရဲ့  ဘေ့စ်စစ်သူကြီး ကိုခင်မောင်သန့် ကဘဲ ဦးဘွဲ့ ကိုယ်စား Arrangement လုပ်တဲ့တာဝန်ကိုယူပါတော့တယ်။ IC ရဲ့  မန်နေဂျာကတော့ ဆရာဝန် ဦးကိုကိုလွင်ပါ။ သူ ဟာလဲလူတော်တစ်ယောက်ပါ။ နောက်ပိုင်းလူငယ် တွေသိပ်မသိနိုင်သေးတဲ့အချက်က
IC Manager ဦးကိုကိုလွင်ဟာ လည်း လိဒ်ဂစ်တာသိပ်ကောင်းတဲ့  ဂစ်တာသမားတစ်ဦးဆိုတာပါဘဲ။
သူ IC ကို ပဲ့ကိုင်နေတဲ့အချိန်မှာဂစ်တာကိုင်တာကိုလုံးဝမတွေ့ရတော့ပေမဲ့။ ဟိုးအရင် မြန်မာရုပ်မြင်သံကြားမှာ
စနေနေ့ စတီရီယိုသီချင်းကဏ္ဍလာလို့ ရှိရင် လိဒ်ဂစ်တာ ကို ကျွမ်းကျွမ်းကျင်ကျင်တီးနေတဲ့ ကိုကိုလွင်ကို မကြာခဏ သတိထားတွေ့ခဲ့ဘူးပါတယ်။ အထူးအားဖြင့် ကိုကိုလွင်ဟာ စည်သူလွင်ရဲ့ ငြိမ်းသတ်လို က်သီချင်း ဂစ်တာဆိုလို မှာ လိဒ်ဂစ်တာ Tapping တွေကို ကျွမ်းကျင်စွာ ပေါက်ဆွဲ တီးပြနေတာ ကို လား မသိဘူး MRTV မှာ ကြည့်ဖူးတာ သတိယမိနေပါသေးတယ်။ နှစ်တွေကဆယ်စုနှစ်တော့ကြာခဲ့ပါပြီ။
ကိုချစ်စမ်းမောင်အကြောင်းတင်ပြနေရင်းကနေ IC Band နဲ့ မန်နေဂျာ ဦးကိုကိုလွင်အကြောင်း
ရောက်ကုန်ပြီး တော့ပစ် ချော်သွားလို့ ၊ ကဲ-ဆရာချစ်အကြောင်းပြန်ဆက်ပါဦးမယ်။
IC ရဲ့  ဖန်ဆင်း ရှင် ဂစ်တာဘုရား ကြီး ဦးဘွဲ့ မပါတော့တဲ့ IC ရဲ့ ပထမဆုံး LiveShow ကို မောင် D-Link အမျိုးသားဇာတ်၇ုံမှာဖြစ်အောင်သွားကြည့်ခဲ့ပါတယ်။ အမျိုးသားဇာတ်ရုံလိုက်ကာကြီးဟာ ကိုဗညားနိုင်ရဲ့ ထိတ်လန့် တုန်လှုပ်ဖွယ်ရာ Suspense ဆိုင်သဇင်ဇာ သံကြီးနောက်ခံထားပြီး မှုတ်ထုတ်လိုက်တဲ့ မီခိုးလုံးအတုတွေကြားမှာ တဖြည်းဖြည်း မတက်လာရာမှာ Ibanez ဂစ်တာကိုကိုင်ပြီး။ စူးရှ ပြင်းထန်တဲ့ ရဲရဲတောက် လိဒ်ဂစ်တာသံတွေနဲ့ 
အတူ အပြေးလေး ထွက်လာတဲ့ မြန်မာပြည်ရဲ့  ဂစ်တာသူရဲ ကောင်း ကတော့ ကျွန်တော် တို့ ရဲ့ ကိုချစ်စမ်းမောင်ပါဘဲ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...