Tuesday, January 19, 2016

ဟာသပေါင်းချုပ် (၁၉-၁)

Zaw Min Latt

( ‪#‎သိနေမှတော့‬...)
လူကြီးတွေမှာ သူများမသိအောင် ဖုံးကွယ်ထားတဲ့ဇတ်ရှုပ်လေးတွေ
ရှိနေတတ်ပြီး.. သူတို့ ကို "အဖြစ်မှန်တွေအကုန်လုံး သိတယ်နော်...သိနေတယ်" လို့ 
အတည်ပေါက်နဲ့ ပြောတတ်ရင် ကိုယ့်အတွက်နှုတ်ပိတ်ခကောင်းကောင်းရနိုင်တယ်..လက်တွေ့ လုပ်ကြည့်လိုက်လို့ 
အတန်းဖော်တစ်ဦးက ပြောပြတာကြောင့်.. ဂျွန်နီလေး ဟာ ဒါကို
စမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။


ကျောင်းကနေ အိမ်ကိုပြန်ရောက်တော့ ..
" အမေ..အဖြစ်မှန်တွေအကုန်လုံး
ကို ကျနော်သိတယ်နော်..သိနေတယ် "
ဒီစကားကြားလိုက်ရတဲ့ အမေဖြစ်သူဟာ ချက်ခြင်း မျက်စိမျက်နှာပျက်ပြီး ဒေါ်လာ
နှစ်ဆယ်ကို ဂျွန်နီ့ ဆီအတင်းထိုးပေးရင်း..
" မင်းအဖေတော့ မသိပါစေနဲ့ သားရယ်..ရော့..ရော့..
မုန့် ဖိုးယူနော် "
တကယ်အလုပ်ဖြစ်တဲ့စကားပါ
လားဟ...ငါတော့ ပွပြီ ဆိုတဲ့အတွေးနဲ့ အတူ သူ့ အဖေ ပြန်အလာကိုစောင့်ပြီးခပ်တည်တည်နဲ့  ..
" အဖြစ်မှန်တွေအကုန်လုံးကို
သိတယ်ဗျ..ကျနော်သိနေတယ် "
" အာ.!! .. မ..မပြောလိုက်ပါနဲ့ ကွာ..
မင့်အမေတော့တစ်ခုမှမသိပါစေ
နဲ့  ..တောင်းပန်ပါတယ်....မုန့့် ဖိုးယူပါကျေးဇူးရှင်ရယ် ..ရော့..ရော့..."
သနားလို့ နော်..
ဆိုတဲ့ပေစောင်းစောင်းမျက်နှာပေးကို
ဖန်တီးရင်း ထိတ်ထိတ်ပျာပျာဖြစ်နေတဲ့
အဖေ့ဆီက ဒေါ်လာ လေးဆယ် ကို အိပ်ကပ်ထဲဆွဲထည့်လိုက်
်ပြန်တယ်။ ဟန်ကျလိုက်တဲ့ဖြစ်ခြင်း..
နောက်တစ်နေ့ မနက်
ဂျွန်နီကျောင်းသွားဖို့ အိမ်က အထွက်မှာ..အိမ်ကို နို့ လာပို့ တဲ့
လူကြီးကိုမြင်တော့.. ထုံးစံအတိုင်း...
" အဖြစ်မှန်တွေအကုန်လုံးကို
ကျုပ်သိတယ်နော်..သိနေတယ် "
နို့ ပို့ တဲ့လူကြီးဟာ အံ့သြလွန်းလို့ 
လက်ထဲက နို့ပုံးလွတ်ကျသွားတယ်။
ခဏကြာတော့..သူ့ လက်နှစ်ဘက်ကို
ို ဂျွန်နီ့ ဆီ ဆန့် တန်းပြီး
ဝမ်းသာအားရပြောလိုက်တာက...
" ဒါဖြင့်လည်း သားရယ် အဖေ့ကိုအားရပါးရပြေးဖက်
လိုက်စမ်းပါလူလေးရာ "
" တိန် "
( compatibly translated by Bobo Zaw)

( ‪#‎လက်စသတ်တော့‬... )
" ဆောရီး မိန်းမရယ်.. ညက ကိုယ်အတော်မူးသွားတယ်။
ခေါင်းမှာလည်း ဘယ်သူထုလိုက်တယ်မသိဘူး...
အာလူးတွေသီးလို့ ..
ခုလို ... အပြင်ထွက်သောက်ပြီး ကိုယ်
ဒီလိုမျိုးတစ်ခုခု ဖြစ်လာခဲ့မှာ မစိုးရိမ်
ဘူးလားဟင်...?? "
- စိုးရိမ်စရာမလိုပါဘူး...ရှင့်ခေါင်းက
အိမ်ပြန်ရောက်တဲ့အထိ အကောင်းပဲဟာ..
Credit- No Name


( ဆက်မေးရင်တော့...)
မြို့ငယ်လေး တစ်မြို့ က
အမှုတစ်မှုမှာ တရားလိုဖက် ရော..တရားခံဖက်ရှေ့နေနှင့်တရားသူကြီးကပါ မြို့ ခံတွေချည့် ဖြစ်နေကြပါတယ်။
တရားလိုဖက်ရှေ့ နေက...
ဒီမြို့မှာပဲမွေး..
ဒီမှာပဲနေထိုင်ခဲ့ပြီး..
ဒီမြို့ ကလူတွေကို ကောင်းကောင်းသိတဲ့ အဖွားအိုတစ်ဦးကို အမှုရဲ့ပထမဆုံးသက်သေအဖြစ် မေးမြန်းတယ်။ ထုံးစံအရ မေးရလေ့ရှိတဲ့မေးခွန်းနဲ့  ပဲ စလိုက်ပါတယ်။
- " ဒီမှာအဒေါ်ကြီး.. မစ္စက် ဂျုံး..ခင်ဗျား ကျုပ်ကိုသိပါတယ်နော်..."
- ဘာလို့  မသိရမှာလဲ..မစ္စတာဝီလျံရယ်..
မင်းကို ကလေးအရွယ်ကတည်းကသိခဲ့တာပေါ့.. မင်း.. ငယ်ငယ်ကငါ့ကို
အတော်ဒုက္ခပေးခဲ့တဲ့ကောင်လေးပဲ။ မင်းက ညာတတ်တယ်..မိန်းမ မသိအောင်လည်းအငယ်တွေနဲ့  ရှုပ်တယ်..လူတွေကို ခြယ်လှယ် သပ်လျို သူတို့ နောက်ကွယ်ကျ အတင်းကပြောတတ်သေး.. အရေးပါချင်တာကလည်း နှစ်ယောက်မရှိဘူး။ တစ်ခုခုကိုနားမလည်ပေမယ့် ငါ့စကားနွားရ
စွတ်ပြောလေ့ရှိတဲ့အပြင် မျက်နှာပြောင်ကလည်းအရမ်းတိုက်တယ်...
ငါ ကောင်းကောင်းသိပါတယ်ကွယ်..မင့်ကို.."
ဒီစကားကြောင့် ငုပ်တုတ်မေ့သွားတဲ့ တရားလိုဖက်ရှေ့ နေခမျာ ဘာဆက်လုပ်ရမယ်မသိ ဖြစ်နေပြီး....
တစ်ဖက်က တရားခံဖက်ရှေ့နေကိုရော သိသလားလို့  လက်ညှိုးထိုးပြ မေးမိတယ်။
- " အော်..သူလား..မစ္စတာဘရက်ဒလေ ပေါ့ရှင်.. သူငယ်ငယ်က ကျုပ်တောင်ထိန်းခဲ့ရသေးတယ်..
သူကရော..ဘာထူးလို့ လဲ.. အတော့်ကိုဒုက္ခပေးတဲ့ ကောင်လေး။ အပျင်းကြီးလိုက်ပုံက ပြောတောင်မပြောချင်ဘူး..
တစ်ကယ့်တစ်ယူသန်အကောင်ပေါ့...ဘယ်သူနဲ့  မှမတည့်ဘူး..
မူးလာရင်လည်း ရစ်မှ ရစ်ပဲ..
ဥပဒေအသိပညာနဲ့  အလေ့အကျင့်ကတော့ တစ်နိုင်ငံလုံးမှာအညံ့ဆုံးအစားထဲကပေါ့..
သူ့ ကိုသိပါ့တော်.. သိပါ့ "
ဒီမှာတင်..တရားသူကြီးက နှစ်ဖက်ရှေ့ နေ့ နှစ်ယောက်စလုံးကိုသူ့ နားခေါ်ပြီး တိုးတိုးလေးပြောလိုက်တာက..
" ကဲ..ထုံးစံမေးခွန်းမှာပါတဲ့ ...
ကျုပ်ကိုရောသိသလားလို့  ဘယ်သူကမှ ဆက်မမေးကြနဲ့ 
မေးခဲ့ရင် ခင်ဗျားတို့  နှစ်ယောက်လုံးကို တရားရုံးအမိန့် ဖီဆန်မှုနဲ့  ကျုပ်က.. အရေးယူရလိမ့်မယ် "
" တိန် "
Bobo Zaw ဘာသာပြန်သည်
 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...