Saturday, January 16, 2016

*ချစ်စမ်းမောင် သို့မဟုတ် ကြိုးခြောက်ချောင်းဖြင့်ဖမ်းစားသူ* အပိုင်း- ၁

မြန်မာပြည်တွင် ကျွန်တော် ပုဂိုလ်ရေးအရ လွန်စွာ လေးစားသော Guitarist ပေါင်း များစွာရှိပါသည်။ယင်းတို့ အနက်မှအလေးစားဆုံး Guitarist ၃ ဦး ရှိပါသည်။၎င်းတို့ မှာ
(၁)ဇော်မျိုးထွဋ် {မဇ္ဈိမလှိုင်း} (၂) ဦးစောဘွဲ့ မှူး { Icron Cross } (၃) ကိုချစ်စမ်းမောင် { Icron Cross }တို့ ဖြစ်ပါသည်။ တစ်ဖန် ၄င်းတို့  သုံးဦး အနက်မှ ကျွန်တော်တတိယအလေးစားဆုံးသော ဂစ်တာသမား ကိုချစ်စမ်းမောင် နှင့်ပတ်သက်၍ ကျွန်တော်လေ့လာတွေ့ရှိခဲ့သလောက် ကျွန်တော်၏အမြင် ကိုတင်ပြချင်ပါသည်။
ကနဦးကျွန်တော်ဆိုခဲ့ဘူးသလို ဂစ်တာတစ်လက်အပေါ်တွင်ကျွန်တော်ရှုမြင်သော ကျွန်တော်၏ Personally-Feeling ဟုသာယူဆကြပါကုန်....။
ကျွန်တော်၏ ဂစ်တာသရက်ဒ်များအစတွင်နိဒါန်းပျိုးခဲ့သလိုကျွန်တော်သည် လိဒ်ဂစ်တာ ၀ါသနာအိုး တစ်ယောက်ဖြစ်ခဲ့ပါသည်။ပရိုအဆင့်အဖြစ်အသက်မမွေးခဲ့သည့်အတိုင်းသူငယ်ချင်းများနှင့်ဂစ်တာတွဲတီးလျှင်
အမြဲလိဒ်ဘဲတီးပါသည်။ မင်္ဂလာဆောင်ပွဲများ၊ ကောလိပ်၊တက္ကလိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ၊ နှုတ်ဆက်ပွဲများ၊ အဆောင်ဒင်နာများတွင် အခကြေးငွေတပြားမှမရသည့်တိုင် ၀ါသနာဖြင့် လိဒ်ဂစ်တာ အတင်းလိုက်တီးပါသည်။ ဘေ့စ်ဂစ်တာလဲလူမရှိလို့ပါဆိုရင်တီးပါသည်။ဘ၀ပေးအခြေအနေအရဂစ်တာ တစ်လက်ဖြင့်လောကကြီးကို ရင်ဆိုင်နိုင်ခွင့်မရခဲ့သည်တိုင်အောင် ဂစ်တာသည် ကျွန်တော်ဘေးမှာ နှစ်ပေါင်းများစွာ သစ္စာရှိရှိရပ်တည်ပေးခဲ့သော ကျွန်တော်၏ ရဲဖက် ကြီးဖြစ် ပါသည်။ ချစ်သူရည်းစားများစွာ တို့ သည်ကျွန်တော့်အား သစ္စာမဲ့ကြကုန်၏၊ထားသွားခဲ့ကြကုန်၏ သို့ သော် ကျွန်တော်သိပ်ချစ်သော ကျွန် တော့ကိုချစ်သော ဂစ်တာ ကကျွန်တော့ဘေးမှာ ထာဝရအမြဲ…….။
ကျွန်တော်၏ Live Concert များလက်မှတ်ဈေးကြီး ပေးဝယ်ကြည့်ရ သည့် ရည်ရွယ်ချက်မှာ Vocalist များကိုကြည့်ခြင်းထက် Lead ဂစ်တာသမား ကိုသွားကြည့်ခြင်းဖြစ်ပါသည်။ နယ်မြို့ များတွင် နေထိုင်စဉ် ကာလအတွင်း ညနေတိုင်း သူငယ်ချင်း ဂစ်တာသမားများနှင့်အတူ လက်ဖက်ရည် ဆိုင်ထိုင်ခြင်း၏ ရည်ရွယ်ချက်မှာလည်း၊ ကောင်တာအား အခွေပေါင်းစုံ ဖွင့်ခိုင်းပြီး သီချင်းများမှ ဂစ်တာဆိုလို များကို နားဆင်ပြီးသူငယ်ချင်းများ နှင့် Guitar-Talk ပြုလုပ်ကြခြင်းဖြစ်ပါသည်၊ လက်ဖက်ရည်သောက်ခြင်း ထက် ဂစ်တာ သောက်ခြင်းဆိုသည်က ပိုမှန်ပါလိမ့်မည်။
လက်ဖက်ရည်ဆိုင်တစ်နေ့ ၂ကြိမ်ခန့် ဝိုင်းထိုင်ကာအခွေပေါင်းစုံနေ့ တိုင်း နားထောင်ကာ ဂစ်တာဆိုလိုများ နားထောင်ခြင်း၏အကျိုးကျေးဇူးမှာ နှစ်ကာလကြာရှည်သော အခါ ဂစ်တာနုတ်သင်္ကေတများ ကို ဂစ်တာကိုင်စရာ
မလိုဘဲ တိုက်ရိုက်တန်း ရေးချနိုင်ခြင်း၊ ဂစ်တာသံများကိုနားထောင်ရင်း ၄င်းဂစ်တာဆိုလို ကို မည့်သည့်
Lead Guitarist က တီးသည်ဟု တန်းပြော နိုင်ခြင်း၊ မြန်မာပြည်ဂစ်တာသမားများ ၏ ဂစ်တာ ဆိုလိုများကို ဖန်တီးခြင်းအနုပညာ၊အယူအဆလေးများ ကိုယ်ပိုင်ဟန်လေးများ ကို မှန်းဆလာနိုင် ပါတော့သည်။
မြေလတ်မြို့ လေးတစ်မြို့ တွင်နေထိုင်စဉ်အတွင်း ညနေစောင်းတစ်ခုတွင် သူငယ်ချင်း များမှ ကျွန်တော့်အား စိုးလွင်လွင် မာနမျက်နှာအမည် ရှိ အခွေသစ်ထွက်ကြောင်း၊ လက်ဖက်ရည်ဆိုင်မှာဖွင့်နေပြီ၊ သွားနားထောင်ကြရအောင်ကွာဆိုပြီး စက်ဘီများဖြင့်လာခေါ်သဖြင့် ထုံးစံ အတိုင်း ဆုံစည်းရာ လက်ဘက်ရည်ဆိုင်သို့ချီတက်ခဲ့ ကြပါသည်။ လက်ဖက်ရည်ဆိုင်များ၏ ထုံးစံအတိုင်း နံမည်ကြီး
အဆိုတော် များ၏ အခွေထွက်လျှင်တစ်နေကုန် ဒါဘဲဖွင့်ပါ သည်။ ကျွန်တော် တို့ လက်ဖက်ရည်ဆိုင်သို့
ရောက်သောအခါ တိုက်တိုက်ဆိုင်ဆိုင်မာနမျက် နှာ သီချင်းပင်ဖွင့်နေလာနေ ပါသည်။ မာနမျက်နှာသီချင်းအား စိုးလွင်လွင်မှသီဆိုနေချိန်အတွင်း နောက်မှ Distortion Guitar Effect ဖြင့် Flat ဂစ်တာကော့ဒ်များကိုVamping
ရိုက် သော ဂစ်တာသံပြင်းပြင်းများ က ကျွန်တော်တို့ ၏ရင် ကိုခုံစေပါသည်။ ဂစ်တာသံ များကိုနားထောင်ရသည်မှာ သုံးထားသော ဂစ်တာ အက်ဖက်မှာ ထိုစဉ်က ကိုညီထွဋ်၏ Heavy Rock များကို ချယ် မှုန်းစဉ် သူ့ အကို ကိုဇော်မျိုးထွဋ် သုံးလေ့ရှိသော Metal Zone ကဲ့သို့ သော Boss Overdriven Guitar Effect သံမျိုးမဟုတ်ဘဲ။ DS-1 Distortion ဂစ်တာ အက်ဖက် ကို ဘဲ Expression Pedal ဖြင့် တွဲကစားနေသည့် ဂစ်တာသံမျိုးဟု ကောက်ချဆွဲမိပါသည်။ နောက်တစ်ခွေလုံးကိုဆက်နားထောင်ကြပါသည်။
မာနမျက်နှာ အခွေထွက်ချိန် တွင် ဦးစောဘွဲ့ မှူးသည် ၄င်း၏ Iron Cross (သူရဲကောင်းလေးများ) တီးဝိုင်းအဖြစ် ခွဲထွက် ၇ပ်တည်ခြင်း မရှိသေးဘဲ ယခင်ကကိုင်ဇာခွေများကို တီးခဲ့သော Success တီး ၀ိုင်းအမည်နဲ့ ဘဲဟု ထင်ပါသည်။ သူငယ် ချင်း များ က ထိုအချိန်က စိုးလွင်လွင်အခွေမှန်သမျှကို Success တီးဝိုင်းဖြင့် တီးသည်ဆိုတော့ ကိုင်ဇာအခွေများစွာ၏ ဂစ်တာ ဆိုလိုများ ကို ဦးဘွဲ့ နှင့်အတူ လက်တွဲကာ ချယ်မှုန်း ဖန်တီးခဲ့သည့် ကိုဗထူးချစ် မရှိတော့သည့်တိုင် လိဒ်ဂစ်တာသမားက ထုံးစံအတိုင်း ယခုစိုးလွင်လွင် အခွေ တွင် ဦးဘွဲ့ ကြီးဘဲဖြစ်မှာ ပါဟုထင်ထားခဲ့ကြပါသည်။
သို့ ရာတွင်ကျွန်တော်တို့ သူငယ်ချင်းတစ်စု မာနမျက်နှာ တစ်ခွေလုံး၏ဂစ်တာသံများ ကို သောက်သုံးပြီးသည့် အခါ အချို့  ဂစ်တာ ဆိုလိုများမှာ ဦးဘွဲ့  ကြီး၏ ဟန်များ ကို ခံစားမိသော်လည်း ပြောင်မြောက် သော ဂစ်တာသံ အချို့ မှာ ဦးဘွဲ့ ကြီးမဟုတ်နိုင်တော့ဘူးလို့ ဂစ်တာသံများကို နှစ်ရှည်လများသောက်သုံးခဲ့သော ကျွန်တော်တို့ ၏ နှလုံးသားများမှ အလိုလိုသိရှိ ခံစားမိလာပါသည်။ ဦးဘွဲ့ ကြီး သည် ဂစ်တာဘုရားကြီးတစ်ဆူဖြစ်သော်လည်း သူ၏ဂစ်တာ ဆိုလိုများတွင် Flat သံ၊ Sharp သံတွေ ကို ဂစ်တာဆိုလို ၏ အစပိုင်း Bar တွင် ခေါ်လုံးအဖြစ် တီးသည်မှလွဲ၍ Guitar Scale အစိတ်များတွင် ပြွတ်သိပ်ပြီး တီးခဲလှသည်ဟုထင်မြင်မိပါသည်။
ယခု မူ ဂစ်တာဆိုလိုများက သိပ်ကိုပြောင်မြောက်လွန်းနေ သည်။ Timing မြန်သော ရော့ခ်စတိုင်များသာမက တိုင်မင်အနှေး သီချင်း များ၏ဆိုလိုများကိုလည်း Guitar Effect များ၏ Power ကို အပြည့်အ၀အသုံးချကာ လှလှ ပပလေး ကစားသွားတာ တွေ့ရပါသည်။ သို့ ဖြစ်ရာ ဦးဘွဲ့ ကြီး၏ ဂစ်တာ သံ၊ဂစ်တာဟန်များကို အခြေခံကာ လမ်းကြောင်းအသစ်ပေါ် တက်လှမ်းလာသော လူငယ်ဂစ်တာ သမားအသစ် တစ်ယောက်ဖြစ်ရမည်ဟု ကောက်ချက်ချမိကြပြီး၊ အမှတ်မထင် စိုးလွင်လွင်အခွေကာဗာ ကို ကောင်တာမှသွားရောက်တောင်းယူကာ ဂစ်တာသမား၏နံမည် ကို ဖတ်ကြည့် မိလိုက်ရာ ၊ Guitars : စောဘွဲ့  မှူး၊ ချစ်စမ်းမောင် ဟု ရေးထားသည်ဟုတွေ့ ရှိရပါသည်။ ဟာ-ချစ်စမ်းမောင်တဲ့။ ဂစ်တာသမားအသစ်ကွဟု...

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...