Tuesday, January 12, 2016

ဖေ့စ်ဘွတ်ခ်သူဌေး၏ ၂၁ရာစု ၊ ကမ္ဘာ့ အကြီးကျယ်ဆုံး အလှူ

Yangon Media Group

အင်တာနက်အခြေစိုက် ဖေ့စ်ဘွတ်ခ် လူမှုရေး မီဒီယာကွန်ရက် ပူးတွဲ တည်ထောင်သူနှင့် အမှုဆောင် အရာရှိချုပ် မတ်ဇူကာဘတ်နှင့် ဇနီးဖြစ်သူ ပရစ်စီလာချန်တို့သည် ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် ၄င်းတို့၏ ပထမဦးဆုံးရင်သွေး သမီးလေးတစ်ဦး မွေးဖွားကြောင်း ကြေညာ သွားခဲ့ သည်။ အမှန်တကယ်ဆိုလျှင် အဆိုပါ သမီးလေးကို နိုဝင်ဘာ နောက်ဆုံးပတ် အ တွင်းက ဖွားမြင်ခဲ့ခြင်းဖြစ်သည်။ သမီးလေး ၏ နာမည်အပြည့်အစုံမှာ မာဇီမာချန်းဇူကာ ဘတ်ဖြစ်သည်။

ကမ္ဘာ့မီဒီယာများက မာဇီမာချန်းဇူကာ ဘတ် မွေးဖွားမှုသည် ကမ္ဘာကြီး အတွက် ကျက် သရေမင်္ဂလာရှိသော မွေးဖွားမှု ကြေညာချက် နှစ်ရပ်ဖြစ် ကြောင်း၊ ပထမအချက်အနေနှင့် မတ်ဇူကာဘတ်နှင့် ဇနီးတို့၏ သမီးလေး မွေးဖွားခြင်း ကြေညာချက်ဖြစ်ပြီး ဒုတိယအချက် မှာ ၂၁ ရာစုတွင် ကမ္ဘာ့ အကြီးမားဆုံး အလှူများအနက် တစ်ရပ်ကို ကြေညာသွားခဲ့ခြင်း ဖြစ်သည်။
မာဇီမာချန်းဇူကာဘတ် ကမ္ဘာကြီးသို့ ရောက်ရှိလာခြင်းသည် ကမ္ဘာပေါ်ရှိ မွေးကင်း စကလေးများ၊ အသက်ငါးနှစ်အောက် ကလေး များ၊ အသက် ၁ဝ နှစ်အောက်ကလေးများနှင့် ဆယ်ကျော်သက် သန်းပေါင်းများစွာအတွက် မျှော်လင့်ချက်အလင်းရောင် ပေါ်ထွန်းလာခြင်း လည်း ဖြစ်သည်။
အကြောင်းရင်းမှာ မတ်ဇူကာဘတ်နှင့် ဇနီးတို့က ၄င်းတို့ဘဝ တစ်သက် တာပိုင်ဆိုင် လာခဲ့သော ဖေ့စ်ဘွတ်ခ်ရှယ်ယာ ၉၉ ရာခိုင် နှုန်းကို ပေးလှူ မည်ဟု ကတိပြုလိုက်ခြင်းကြောင့် ပင်ဖြစ်သည်။
ယင်းလှူဒါန်းခဲ့မှုသည် ၄င်းတို့ ပိုင်ဆိုင်သမျှ၏ အားလုံးနီးပါး ဖြစ်သည်။
မတ်ဇူကာဘတ်သည် ၂ဝ၁၅ ခုနှစ် ဒီဇင် ဘာ ၁ ရက်အထိ အမေရိကန် ဒေါ်လာ ၄၆ ဒသမ ၈ ဘီလီယံ ပိုင်ဆိုင်ထားပြီး အဆင့် (၇) အချမ်းသာဆုံး အမေရိကန်နိုင်ငံသားဖြစ် ကြောင်း Forbes မဂ္ဂဇင်းက ဖော်ပြသွားခဲ့ သည်။
ယင်းတို့အနက် ဒေါ်လာ ၄၅ ဘီလီယံ ကို Chan Zukerberg Initiative ပရဟိတ ဖောင်ဒေးရှင်းသို့ လှူဒါန်းသွားမည်ဖြစ်သည်။
ဇူကာဘတ်လှူဒါန်းမည့် သူ၏ အစုရှယ် ယာ ၉၉ ရာခိုင်နှုန်းတွင် 'အေ' အဆင့်ရှယ် ယာ လေးသန်းနှင့် 'ဘီ'အဆင့်ရှယ်ယာ ၄၁၉ သန်း ပါဝင်လျက် ရှိသည်။ 'ဘီ'အဆင့် ရှယ် ယာများသည် မဲပေးပိုင်ခွင့် ပိုမိုရှိသည်။ ဇူကာ ဘတ်သည် ယခုမှသာ အလှူဒါနကို ရက်ရက် ရောရော ပြုလုပ်သည် မဟုတ် ပေ။ မကြာမီ က ဇူကာဘတ်၊ ဘီလ်ဂိတ်နှင့် ရစ်ချတ်ဘရန် ဆန်တို့သည် ရာသီဥတု ပြောင်းလဲမှု၏ ဒီရေ ကို ထိန်းချုပ်ရန် စွမ်းအင် အရင်းအမြစ်သစ် များတွင် ရင်းနှီးမြှုပ်နှံမှု စတင်ဆောင်ရွက်မည့် အစီအစဉ်တစ်ရပ်အား ကြေညာသွားခဲ့သည်။
ဇူကာဘတ်ကို အမေရိကန်ပြည်ထောင် စု နယူးယောက်မြို့ ဝှိုက်ပလိန်း အရပ်၌ ၁၉၈၄ ခုနှစ် မေ ၁၄ ရက်တွင် ဖွားမြင်ခဲ့သည်။ ၄င်း သည် သွား ဆရာဝန် အက်ဒဝပ်ဇူကာဘတ် နှင့် စိတ်ရောဂါဆရာဝန် ကာရင်းကမ်ပနာ တို့၏ သားဦးဖြစ်သည်။ ဇူကာဘတ်အောက် တွင် ညီမ သုံးဦးရှိသေး၍ ¤င်းတို့သည် မစ် တောင်းမန်ဟက်တန်မြောက်ဘက် ၂၁ မိုင် အကွာရှိ ဝက်ချက်စတာကောင်တီအပိုင် ကျေး ရွာလေးတစ်ရွာဖြစ်သော 'Dobbs Ferry New York တွင် ကြီးပြင်းခဲ့ကြရသည်။
ဇူကာဘတ်သည် အလယ်တန်းကျောင်း သားဘဝကပင် ကွန်ပျူတာ အသုံးပြုခြင်းနှင့် ဆော့ဖ်ဝဲရေးသားခြင်းကို ကျွမ်းကျင်ခဲ့သည်။ ဖခင်ဖြစ်သူက ဇူကာဘတ်အား ၁၉၉ဝ ပြည့် လွန်နှစ်များတွင် Atari Basic Programming ကိုသင်ကြားပေးခဲ့သည်။ နောက်ပိုင်းတွင် သူ့ကို သီးသန့်သင်ကြားပေးရန် ဆော့ဖ်ဝဲပ ညာရှင် Developer ဒေးဗစ်နယူးမင်းကို ငှား ရမ်းခဲ့သည်။
ဇူကာဘတ်သည် အထက်တန်း ကျောင်း တက်နေစဉ်အတော အတွင်းမှာပင် ၄င်း၏အိမ်အနီးရှိ Merry ကောလိပ်မှ ဆော့ဖ်ဝဲ ဘာသာရပ်ဖြင့် ဘွဲ့တစ်ခု ယူခဲ့သည်။ ၄င်းသည် ကွန်ပျူတာပရိုဂရမ်များ တည်ဆောက်မှု၊ အ ထူးသဖြင့် ဆက်သွယ်ရေးကိရိယာများနှင့် ဂိမ်းများ တည်ဆောက်မှုအား နှစ်ခြိုက် သဘော ကျလျက်ရှိနေခဲ့သည်။ မကြာမီ ဖခင်ဖြစ်သူ ၏ သွားဆေးခန်းနှင့် အိမ်ရှိ ကွန်ပျူတာအား လုံးကို ဆက်သွယ်ပေးနိုင်သည့် 'Zuck Net' အမည်ရှိ ဆော့ဖ်ဝဲပရိုဂရမ်တစ်ခုကို တည် ဆောက်နိုင်ခဲ့သည်။
ဟားဗတ်တက္ကသိုလ်သို့ ဆက်လက်၍ တက်ရောက် ပညာသင်ကြားခဲ့ချိန်တွင် ဇူကာ ဘတ်သည် ကွန်ပျူတာပရိုဂရမ်ဆိုင်ရာ ထူး ချွန်ပြောင်မြောက်သူ တစ်ဦးအဖြစ် နာမည်ရ နေခဲ့ပြီးဖြစ်သည်။
ဇူကာဘတ်သည် ဝက်ဘ်ဆိုက်တစ်ခု အား စတင်မိတ်ဆက်ခဲ့ပြီး သီတင်း တစ်ပတ် အကြာတွင် ၄င်းကောလိပ်က သူ၏ဝက်ဘ် ဆိုက်အား ပိတ်ပင်ခဲ့ သည်။ အဘယ်ကြောင့် ဆိုသော် ၄င်းဝက်ဘ်ဆိုက်၏ နာမည်ကျော် ကြား လူကြိုက်များမှုများက ဟားဗတ်တက္က သိုလ်၏ နဂိုထင်ရှား ကျော်ကြား နေသော ကွန် ပျူတာကွန်ရက်များကို ဖုံးလွှမ်းကျော်ကြားသွား ခဲ့၍ပင်ဖြစ် သည်။ ဟားဗတ်တက္ကသိုလ် အာ ဏာပိုင်များက ဇူကာဘတ်၏ ဝက်ဘ်ဆိုက် ကို ပိတ်ပင်ခဲ့သည့်နည်းတူ အခြားကျောင်းသား များ အင်တာနက်အသုံးပြု ဝင်ကြည့်မှုများကို ထပ်မံပိတ်ပင်ခဲ့သည်။ ဟားဗတ်တက္ကသိုလ် ကျောင်းသား များက ဇူကာဘတ်၏ ဝက်ဘ်ဆိုက် သည် စည်းမျဉ်းစည်းကမ်းများကို လုံးဝချိုး ဖောက်ထားကြောင်း ပေးပို့တိုင်ကြားစာများ လည်း ရှိခဲ့သည်။
၂ဝ၁၄ ခုနှစ် ဇန်နဝါရီတွင် ဇူကာဘတ် သည် ဝက်ဘ်ဆိုက်အသစ်တစ်ခုအား ရေးသား သရုပ်ဖော်ခဲ့သည်။ ၄င်းနှစ် ဖေဖော်ဝါရီ ၄ ရက်တွင် ဇူကာဘတ် သည် the facebook. com ၌ မူလကတည်ရှိနေပြီးသော The facebook ကို စတင်ခဲ့သည်။ ၄င်း The facebook စတင် ပြီး ခြောက်ရက်အကြာတွင် ဟားဗတ် တက္ကသိုလ်ရှိ စီနီယာကျောင်းသားကြီးများ ဖြစ်ကြ သော ကမ်မီလ်ရွန်း၊ အင်လီဗော့၊ တေလာဝင် ကလီဗော့နှင့် ဒီဗရာနာရင်ဒရာတို့က ဇူကာ ဘတ်သည် Harvard Connetion.com ဟု ခေါ်ဆိုသော လူမှုရေး ကွန်ရက်တစ်ခု တည် ဆောက်ပေးရာတွင် ကူညီပေးရန် ၄င်းတို့ယုံ ကြည်ရန် လှည့်စားပြီး တစ်ချိန်တည်းမှာပင် ထိုအယူအဆများကို သုံး၍ အပြိုင်ကွန်ရက် တစ်ခုကို တည်ဆောက်သွားခဲ့သည်ဟု စွပ်စွဲ ခဲ့ကြသည်။ ထို့အပြင် အဆိုပါ သုံးဦးက ဇူကာ ဘတ်အပေါ် တရားစွဲဆိုခဲ့ခြင်းကြောင့် ညိနှိုင်း ဖြေရှင်းခဲ့ကြ ရသည်။
ဇူကာဘတ်သည် ၄င်း၏စီမံကိန်းကို အ ပြီးသတ်ရန် ဒုတိယနှစ်ဖြင့်ပင် ဟားဗတ်တက္က သိုလ်မှ ကျောင်းထွက်ခဲ့သည်။ ဇူကာဘတ် သည် ၂ဝဝ၄ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်တွင် ဟားဗတ် ကျောင်းသားအိပ်ဆောင်အခန်းမှ ဖေ့စ်ဘွတ်ခ်ကို စတင်ခဲ့သည်။ ဖေ့စ်ဘွတ်ခ် အတွက် အစောပိုင်း အကြံဉာဏ် ကို ဇူကာဘတ် သည် ၄င်းဘွဲ့ရရှိခဲ့သည့် Mercy ကောလိပ်မှ ရခဲ့ဖွယ်ဟန်ရှိ သည်။
သူသည် အခန်းဖော် ဒပ်စတင်မော်စဗစ် ၏ အကူအညီဖြင့် အခြား စာသင်ကျောင်းများ သို့ပါ ပျံ့နှံ့အောင် လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ သည်။ ဇူကာဘတ်သည် မော်စကိုဗစ်၊ အခြား မိတ်ဆွေတချို့နှင့်အတူ ကယ်လီဖိုးနီး ယား ပြည် နယ် ပါလိုအယ်လ်သို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ၄င်းတို့သည် ရုံးခန်းအဖြစ် အသုံးပြုရန် အိမ် ကလေးတစ်အိမ်ကို ငှားရမ်းခဲ့သည်။ နွေရာ သီကုန်ဆုံးချိန်တွင် ဇူကာဘတ်သည် ကုမ္ပဏီ တွင် ရင်းနှီးမြှုပ်နှံမည့် ပီတာသီယယ်နှင့် တွေ့ ဆုံခဲ့သည်။
ဇူကာဘတ်အဆိုအရ ၄င်းတို့အုပ်စုသည် ဟားဗတ်တက္ကသိုလ်သို့ ပြန်သွားရန် စီစဉ်ခဲ့ ကြောင်း၊ သို့သော် နောက်ဆုံးတွင် ကယ်လီ ဖိုးနီးယား၌ ဆက်လက် နေရန် ဆုံးဖြတ်ခဲ့ကြ သည်။ ¤င်းတို့သည် အဓိက စီးပွားရေး လုပ်ငန်း ကြီးများ က ဝယ်ယူရန် ကမ်းလှမ်းမှုများကို ပယ် ချခဲ့ကြသည်။ ယင်းသို့ ပယ်ချရသည့်အကြောင်း ရင်းကို ဇူကာဘတ်က ၂ဝဝ၇ ခုနှစ် အင်တာ ဗျူး တစ်ခုတွင် အောက်ပါအတိုင်း ရှင်းပြခဲ့သည်။
''ဒါဟာ ငွေကြေးပမာဏကြောင့် မဟုတ် ဘူး။ ကျွန်တော်နဲ့ ကျွန်တော့် လုပ်ဖော်ကိုင်ဖက် တွေအတွက် အရေးကြီးဆုံးကိစ္စက လူတွေ အတွက် ပွင့်လင်းတဲ့ သတင်းအချက်အလက် တစ်ရပ် ဖန်တီးရေးဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းစုကြီးတွေ ပိုင်ဆိုင်တဲ့ မီဒီယာကော်ပို ရေးရှင်းတွေ ပေါ်ထွက်ရေးဟာ ကျွန်တော်တို့ အဖို့ စွပ်စွဲစရာ စိတ်ကူးမဟုတ်ဘူး''ဟု ပြော ကြားခဲ့သည်။
ဇူကာဘတ်သည် ၂ဝ၁ဝ ပြည့်နှစ်တွင် Wired မဂ္ဂဇင်းအား အဆိုပါရည်မှန်း ချက် များ ကို ထပ်မံပြောကြားခဲ့သည်။
''တကယ်တမ်း ကျွန်တော်အလေးထား တဲ့ကိစ္စက ပွင့်လင်းတဲ့ ကမ္ဘာကြီး ဖန်တီးရေး အထူးတာဝန်(မစ်ရှင်)ဖြစ်တယ်''ဟုဆိုခဲ့သည်။
၂ဝဝ၉ ခုနှစ် ဧပြီလတွင် ဇူကာဘတ်သည် ဖေ့စ်ဘွတ်ခ်အတွက် ဘဏ္ဍာရေး ဆိုင်ရာ မူဝါ ဒများနှင့်ပတ်သက်ပြီး နြအှခစေန စီအီးအို ဟောင်း ပီတာရေး ထံမှ အကြံဉာဏ်ရယူခဲ့သည်။ ၂ဝ၁ဝ ပြည့်နှစ် ဇူလိုင် ၂၁ ရက်တွင် ဇူကာ ဘတ်က ဖေ့စ်ဘွတ်ခ်အသုံးပြုသူ သန်း ၅ဝဝ အထိ ရောက်ရှိပြီဟု ကြေညာခဲ့သည်။
ဇူကာဘတ်သည် ပရစ်စီလာချန်းနှင့် ဟားဗတ်တက္ကသိုလ် ကျောင်းသား ဟောင်း များ မိတ်ဆုံစားပွဲတစ်ခု၌ တွေ့ဆုံခဲ့သည်။ ၄င်းတို့သည် ၂ဝဝ၃ ခုနှစ်တွင် စတင်ပြီး တွဲ ခဲ့ကြသည်။ ချန်းသည် ၁၉၇၅ ခုနှစ်တွင် 'ဆိုင် ဂုံ'မြို့ ကျဆုံးပြီးနောက် အမေရိကန်ပြည်ထောင် စုသို့ ရောက်လာကြသော တရုတ်-ဗီယက်နမ် ဒုက္ခသည်များ၏ သမီးဖြစ်သည်။ သူ့ကို ဘော် စတွန်မြို့ ဆင်ခြေဖုံး တစ်ခုဖြစ်သော မက်ဆာ ချူးဆက်၊ ဘရိန်ထရီး၌ မွေးဖွားခဲ့သည်။
ချန်းသည် ကယ်လီဖိုးနီးယားတက္ကသိုလ် တွင် ဆေးပညာအဓိက ဒုတိယနှစ် ကျောင်း သူအဖြစ် တက်ရောက်နေစဉ် ဇူကာဘတ် သည် သူ့ကို ၄င်းငှားရမ်းနေသော ပါလိုအယ်လ် တိုနေအိမ်သို့ ဖိတ်ကြားခဲ့သည်။ ၂ဝ၁၂ ခုနှစ် မေ ၁၉ ရက်တွင် ဇူကာဘတ်နှင့် ချန်းတို့ လက် ထပ်ခဲ့ကြသည်။
(Yangon Times Journal, 12-1)

လျှံလင်း
Ref: Wiki, BBC, Reuters

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...