Thursday, January 21, 2016

"ပေါက်ကရဘာသာပြန် ဟာသများ"


======
1. ပျားရည်စစ်
======
“ကျနော်က ပျားရည်အစစ်ပဲ ရောင်းတယ်”
“ခင်ဗျား ပျားရည်ကို စစ်မစစ် ဘယ်လိုသိနိုင်မလဲ”
“ခွေးတစ်ကောင်ကို ကျွေးကြည့်လိုက်၊ ခွေးမလျက်ရင် ပျားရည်အစစ်”
“ခွေး လျက်ရင်ကော”


“အဲဒီခွေး အတု”
“ဂျာ…”
.
============
2. ကိုယ့်ဝါသနာနဲ့ကိုယ်
============
အားကစား ဝါသနာပါတဲ့ လူသုံးယောက် စကားပြောနေကြတယ်။
ပထမတစ်ယောက်က ပြောတယ်… …
“င့ါမှာ သား ၄ ယောက်ရှိတယ်၊ နောက်တစ်ယောက် ထပ်မွေးပြီးရင် ဘတ်စ်ကက်ဘောအသင်း ဖွဲ့မယ်”
ဒုတိယတစ်ယောက်က ပြောတယ်… …
“င့ါမှာ သား ၁၀ ယောက်ရှိတယ်၊ နောက်တစ်ယောက်မွေးပြီးရင် ဘောလုံးအသင်း ထောင်မယ်”
ဒီတော့…
နောက်ဆုံးတစ်ယောက် ပြောတယ်… …
“င့ါမှာ မိန်းမ ၁၇ ယောက်ရှိတယ်၊ နောက်တစ်ယောက်ယူလိုက်ရင် ၁၈ ကျင်းပြည့်ပြီ၊ ဂေါက်ကွင်းဖွင့်မယ်”
.
===============
3. စက္ကန့်တိုင်းမှာ ဖြစ်နေတာ
===============
ကမ္ဘာပေါ်မှာ…
ယခု အချိန်လေးမှာ……
-လူ ၅သန်းဟာ ဝိုင်သောက်နေကြတယ် တဲ့
-လူ သန်း၁၀၀ ဟာ အိပ်စက်နေကြတယ် တဲ့
-လူ ၇သန်းဟာ မေထုန်မှု ပြုနေကြတယ် တဲ့
-လူ သန်း ၈၀ က အလုပ်လုပ်နေကြတယ် တဲ့
အဲ…
အဲဒီ သန်း ၈၀ထဲက တစ်ယောက်ကတော့ သူဌေးမသိအောင် ခိုးပြီး ဒီဟာသကို ဖတ်နေတယ်။
.
(တစ်နှစ်ပြည့် ပြန်တင်တာ)
.
သန်၎ကို - ရမ်ဘာသာပြန်သည်။
https://www.facebook.com/thanlayko

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...