Saturday, June 30, 2012

အချို့က ငွေတွေသုံးမကုန်အောင် ရှိတယ် -- အချို့တော့ ???


Inline image 1
စိုးနိုင်

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အစိုးရ၀န်ထမ်းအိမ်ရာတွင် နေထိုင်သူ အမျိုးသမီးတစ်ဦး ဆေးကုသရန် ငွေကြေးအခက်အခဲကြောင့် ကြိုးဆွဲချသေဆုံးသည့် ဖြစ်စဉ်အပါအ၀င် တစ်ပတ်အတွင်း ကြိုးဆွဲချသေဆုံး သည့်ဖြစ်စဉ် ခြောက်ခုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲ တပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

ကြက်သွန်ဖြူ ( အားလုံးနဲ့ မစိမ်းသည့် ကြက်သွန်ဖြူ အစွမ်း )



အဆီကျစေသဖြင့် နေ့စဉ်မှန်မှန် စားသုံးပါက သွေးတိုး ရောဂါ မဖြစ်စေရန်နှင့် ဖြစ်ပွားနေသော သွေးတိုး ရောဂါကို ပျောက်စေသည်။ အစားစားနေစဉ် အတူ စားသုံး၍ ဖြစ်စေ၊ အစာစားပြီး ဆေးအဖြစ် အမှုန့်ပြု စားသုံးလျှင် အစာကြေ၍ လေသက်စေနိုင်သည်။ ကလေးများ လေဆန်နာ ဖြစ်လျှင် ကြက်သွန်ဖြူ ဥတစ်လုံးကို မီးဖုတ်ကျွေးပါက ပျောက်ကင်းနိုင်သည်။ အဆုတ်နှင့် ဆိုင်သော အဆုတ် အအေးမိ၊ အဆုတ်ပွသော ရောဂါများ ပျောက်ကင်း စေနိုင်သည်။

ပို့စ်မော်ဒန်ကဗျာ၊ ဘာသာစကားကဗျာနဲ့ယနေ့ မြန်မာကဗျာဆိုင်ရာ ပြဿနာ


Burmese Poetry Foundation
     ဟိုတလောက ရန်ကုန်ကလာတဲ့ မိတ်ဆွေတစ်ယောက်နဲ့ ဘန်ကောက်မှာ ဆုံဖြစ်တယ်။ တကယ်တော့ အဲ့ဒီကျမှ မိတ်ဆွေဖြစ်ကြတာ။ အရင်က မဆုံဖူးဘူး။ သူငယ်ချင်းတစ်ယောက်က မိတ်ဆက်ပေးလို့ သူနဲ့ စကားစမြည် ပြောရင်း ခင်သွားတာ။ သူက ကျွန်တော့ ကဗျာတွေကို ဖတ်ဖူးကြောင်းပြောပြီး  စာအုပ်အသစ် ထွက်ဖို့ရှိသလားလို့မေးပါတယ်။စာအုပ်ထုတ်ဖို့ ကြိုးစားနေကြောင်း ကျွန်တော်က ပြောတော့ LP တွေပဲလားလို့ သူက ထပ်မေးတယ်။ ကျွန်တော် ရုတ်တရက် ဘာပြန်ဖြေရမှန်းမသိ ဖြစ်သွားတယ်။ ဒီနောက်ပိုင်း ရေးဖြစ်တာတွေပါ လို့ ပြန်ဖြေလိုက်တယ်။

ဂျပုမလေး

မာမာ

ဟေး--ဂျပုမ၊ ကျောင်းလာပြီလား
ဒီအသံသည် ကျွန်မတို့ရှစ်တန်းဆောင်၏ ကျွန်မတို့အခန်း (ဘီ)မှ ကျောင်းသူတဦးအသံပင် ဖြစ်ပါသည်။ ယနေ့ ကျောင်းဖွင့်သည့်နေ့ပင်။ ဒါကြောင့်လည်း ကျွန်မတို့ အ-ထ-က ကျောင်းဝင်းထဲတွင် အဖြူ အစိမ်းဝတ်၍ သူ့အစုနှင့်သူ သွားလာနေကြသူများကို တွေ့နေကြရသည်။

အမေရိကန် နိုင်ငံသား အင်တာဗျူးဖြေဆိုရန် မေးခွန်းနဲ့အဖြေများ


http://www.thebestenglish4you.com/us-citizenship-test.html မှ ကူးယူဖေါ်ပြပါသည်။

Picture

100q.pdf
Download File

Picture

citizen.pdf
Download File

ဆွေကြီး မျိုးကြီး


by Seaman Nayminthu on Saturday, June 30, 2012 at 9:09pm


ဘဝမှာ ခက်ခက်ခဲခဲ ရုန်းကန်ရှင်သန်ခဲ့ရတဲ့ ကာလတွေကို တသက်တာမေ့ပျောက်မရနိုင်ပဲ အမှတ်တရ ဖြစ်နေတတ်တာ လူ့သဘာဝပဲ ဖြစ်ပါလိမ့်မယ်။
၁၉၉၈ မှာ ကျနော်နဲ့ဘဝတူ သူငယ်ချင်းတို့ နယ်တပ်ကနေ ရန်ကုန်မြို့ ဗိုလ်တထောင် လင်းစဒေါင်းလမ်းဆုံ အနီးမှာရှိတဲ့ စစ်မင်းသားတပ်ကို အပြောင်းအရွှေ့ပါလာ ခဲ့တယ်။

01.07.2012 နေ့ဖတ်ရန်သတင်းများ


by Myanmar Journal on Saturday, June 30, 2012 at 6:33pm 

မြန်မာအစိုးရ စစ်တပ်အတွက် ကလေးစစ်သား စုဆောင်းနေဆဲ
ကလေးစစ်သား ပပျောက်ရေး ကုလနဲ့ သဘော တူချက်ကို ဒုတိယဗိုလ်ချုပ်ကြီး လှမင်း လက်မှတ် ရေးထိုးခဲ့ပြီးဖြစ်
မြန်မာအစိုးရ စစ်တပ်ထဲမှာ ကလေးစစ်သား တွေ အသုံးပြု နေတာတွေကို လုံးဝ ပပျောက်ဖို့ အမှန်တကယ် လုပ်ဆောင် တော့မယ်လို့ ကုလသမဂ္ဂကို ပြီးခဲ့တဲ့ ၃ ရက် လောက်က စစ်တပ် တာဝန် ရှိသူတွေက ကတိပေးပြီး ပေမယ့်လည်း ခုချိန်ထိ အရွယ် မရောက်သေးတဲ့ ကလေးငယ်တွေကို စစ်သား အဖြစ် စုဆောင်းဆဲ ရှိနေပါသေးတယ်။
စစ်သားစုဆောင်းဖို့ အတင်း အဓမ္မ ဖမ်းခေါ်သွားခံရသူ ကတော့ မန္တလေး မဟာအောင်မြေ မြို့နယ်က ဦးမောင်မောင်လှိုင် နဲ့ ဒေါ်နန်းကေသီဟန်တို့ရဲ့သား မောင်ကျော်သက်ခိုင် အသက် ၁၇ နှစ် ဖြစ်ပါတယ်။

အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက် ရှိသင့်သောနေရာသည် မိမိခင်ပွန်းသည်ဧ။် အိမ်ပင်ဖြစ်သည်


by Moenge Aung on Saturday, June 30, 2012 at 2:48am

အိမ်ထောင်ပြုခြင်းသည် မိသားစုဘ၀တစ်ခုကို စတင်တည်ထောင်ခြင်း ဖြစ်ပါတယ်။ လောကကြီးမှာ ရှိကြတဲ့ လူမှုရေးအဆောက်အုံ
ရဲ့ အရိုးရှင်းဆုံး  အခြေခံအကျဆုံး ဖွဲ့စည်းမှု တစ်ရပ်ကတော့ အိမ်ထောင်ပြုခြင်းပါပဲ ။ လူတွေ ဘာကြောင့် အိမ်ထောင်ပြုကြပါသနည်း။ မိသားစု ဆိုတဲ့ ရိုးရှင်းကြည်နူးဖွယ် ဘ၀လေးနဲ့ နွေးထွေးမှုကို လိုချင်လို့ပါ ။ခုခေတ်မှာ အိမ်ထောင်ပြုလိုက်ကြပေမယ့် ဘ၀အခြေနေတွေကြောင့် မယ်တစ်ရွာ ၊ မောင်တစ်မြို့တွေ အများကြီးမှာပါပဲ ။ ဘယ်သူမှ ခွဲမနေချင်ကြပေမယ့် အခြေနေတွေ ကြောင့် တကွဲတပြားနေနေကြရတဲ့ အိမ်ထောင်ရှင်တွေ အများပြားရှိနေပါတယ် ။ သူတို့တွေ ရဲ့ ရင်ထဲမှာ နွေးထွေးတဲ့ မိသားစု အသိုက်မြုံလေးတွေကို လွမ်းဆွတ်သတိရနေကြမယ်ဆိုတာ တွေးကြည့်ရင်  ပြေးကြည့်တာထက်ပင် မှန်ကန်နေမှာပါ ။

မြစ်တစင်းနှင့် စကားပြောခြင်း


by Lu Cifer on Saturday, June 30, 2012 at 8:13am 

Artist – Xiao Fan

အကြင်အရပ်၌မြစ်တစင်းသည် ရှိ၏။ ထိုမြစ်သည် အလျဉ်မပြတ်စီးဆင်းနေ၏။ လွန်ခဲ့သော နှစ်ပေါင်းများစွာမှ ယနေ့ထိ မြစ်သည် စီးဆင်း ရှင်သန်တည်ရှိနေ၏။ အဆိုပါမြစ်သည် အများတကာမြစ်တွေလို မြောက်မှတောင်သို့မစီး။ တောင်မှမြောက်သို့ ဆန့်ကျင်စီးဆင်းနေ၏။

ဗီနိုနဲ့ ပပ ...အပိုင်း (၁)


by Bo K Nyein on Saturday, June 30, 2012 at 10:09am 

ဖေဖေါ်ဝါရီလ ၁၄ရက် ၂၀၁၂ခု နံနက် ၂နာရီ ၄၀ မိနစ်။
  
ဗီနို ဆုံးသွားတယ်ကြားရကတည်းက ဒီဆောင်းပါးကိုရေးချင်တဲ့ စိတ်ရင်ထဲမှာဖြစ် လာပေမဲ့ လုပ်စရာတွေကများ တခြားရေးချင်တာတွေကများပြီး တာမို့ မရေးဖြစ်ခဲ့ဖူး။
ခုတော့ ခံစားမှုလေးက ရင်မှာကပ်ငြိလာပြန်တာကြောင့် ရေးမိတာပါ။ အကြောင်းကတော သတ္တိ၀ါလေး (၂) ကောင်အကြောင်းပေမဲ့ ရောထွေးချက်က စုံလှတယ်။ ဘာသာရေးလည်းပါ ပါရဲ့။

စာဖတ်အတွေ့အကြုံ နဲ့ စာကြည့်တိုက်များ


Sunday, July 1, 2012 http://www.pti31.com/2012/07/blog-post.html မှ ...

မူလတန်းကျောင်းသားဘ၀မှာ တက်ခဲ့ရတဲ့ကျောင်းက ဘုန်းကြီးကျောင်းမှာဆိုတော့ စာကြည့်တိုက်ဆိုတာ ဘယ်လိုပုံစံမှန်းတောင်မသိခဲ့ပါဘူး။

စာဖတ်ဝါသနာပါပြီး စာအုပ်တွေ ၀ယ်ယူစုဆောင်းတတ်တဲ့ မိဘတွေကြောင့်သာ ကိုယ့်ရဲ့အိမ်က ပထမဆုံးကြုံတွေ့ခဲ့ရတဲ့ စာကြည့်တိုက်လို့ ပြောရင်လည်း မမှားပါဘူး။ ငယ်စဉ်ကလည်းက အပတ်စဉ်၊လစဉ် ရွှေသွေး၊ တေဇ၊ မိုးသောက်ပန်း၊ တို့ကျောင်းသား စတဲ့ ကလေးစာအုပ်တွေ ၀ယ်ယူသိမ်းဆည်းထားတာရှိတော့ ကျောင်းပိတ်တဲ့အချိန် အဟောင်းတွေပြန်ဖွပြီးဖတ်ရတာကိုက အရသာတစ်မျိုးပါပဲ။

လေးတန်းစာမေးပွဲကြီးပြီးတော့ ရုပ်ပုံတွေပါတဲ့ စာအုပ်တွေဖတ်ရတာ နည်းနည်းပျင်းလာပြီး စာနဲ့သရုပ်ဖော်တဲ့ ၀တ္တုအတိုလေးဖတ်ကြည့်လိုက်ရာမိရာက စာတွေကိုဖတ်ပြီး စိတ်မျက်စိထဲမှာ ပုံဖော်ပြီးမြင်ကြည့်ရတဲ့ အရသာကို တော်တော်လေးကြိုက်သွားခဲ့ပါတယ်။

ကြည့်ခဲ့ဖူးသော အိန္ဒိယဇာတ်ကားလေး


by Phio Thiha on Saturday, June 16, 2012 at 9:40am 

အခုတလော အင်တာနက်မှာပဲ ကြည့်ကြည့်၊ ဂျာနယ်စာမျက်နှာတွေကိုပဲ ဖတ်ဖတ်၊ တော်တော်များများ နေရာယူထားတာက ရခိုင်ပြည်နယ်အရေး။ ပြောရရင် ကျွန်တော်တို့ မြန်မာပြည်သူတွေ ဘ၀ဟောင်းက ကံတွေပဲဆိုးလွန်းလို့လား၊ ဒါမှမဟုတ် အတိတ်ရဲ့အရိပ်ဆိုးတွေကြောင့်ပဲလားတော့ မသိ၊ နှစ်ပေါင်းများစွာ ဒုက္ခအမှောင်ကျခဲ့သမျှ အခုမှ အလင်းရောင်တစ်စွန်းတစ်စ ရမယ်ကြံကာရှိသေး၊ အဖျက်က ၀င်လာပြန်လေပြီ။ ကချင်စစ်ဘေးဒုက္ခသည်တွေကို ကူညီဖို့ ပြင်ဆင်နေတုန်းရှိသေး၊ ရခိုင်မှာက အခြေအနေပိုဆိုးနေပြီ။

.....အမကြီး ပြတ်ပြတ်သားသားလုပ်....





တခါတုန်းက.....မီးရထားပေါ်မှာ စီးနင်းလိုက်ပါလာကြတဲ့

ခရီးသည်တွေထဲမှာ နို့စို့အရွယ် ကလေးတစ်ယာက် နဲ့ မိခင်တစ်ဦးပါ ပါလာတယ်၊

ခရီးသည်တွေက များတော့ ကလေးက မနေတတ်ဘူး ငိုတယ်..

ဒါနဲ့ မိခင်က နို့လှန်တိုက်ပြီးချော့တယ်
ဒါပေမယ့် ကလေးက အငိုမတိတ်ဘူး ဆက်ငိုနေတယ်

အရပ်ဘက်လူ့အဖွဲ့အစည်းနဲ့ ပရဟိတစိတ်ဓါတ်


by Phio Thiha on Saturday, June 30, 2012 at 5:25am 

A dynamic, varied, active, mobilized and intelligent civil society exists in Myanmar (Post-Nagis Report)

နာဂစ်အလွန် အစီရင်ခံစာတစ်စောင်မှာ တင်ပြထားတာလေးပဲ ဖြစ်ပါတယ်၊ ခပ်တိုတိုဘာသာပြန်ရရင်တော့ လှုပ်ရှားသွက်လက်နေသော၊ ဘက်ပေါင်းစုံမှ ပါဝင်သော၊ ဉာဏ်ရည်ဉာဏ်သွေးလည်း ပြည့်ဝသော အရပ်ဘက်လူ့အဖွဲ့အစည်းများသည် မြန်မာပြည်တွင် ရှိနေပါသည် တဲ့။

Myanmar ကို ဘယ်သူ တကယ်ဂုဏ်ဖျက်နေသလဲ......


4 hours ago 

ကျွန်တော်တို့အပါအ၀င် လူငယ်အများစုက မြန်မာဟုသော အမည်နာမ Myanmar ဟုသောအသုံးအနှုန်းကို လက်ခံထားကြသည်..။ တချို့က တန်ဘိုးထားကြသည်။

Facebook ဟက်ချင်သူ... အီးမေးလ်အကောင့်သိချင်သူတွေအတွက် ခိုးနည်းလေးပါ.......

http://www.friendstogmail.com
အပေါ်မှာရေးထားတဲ့ဆိုဒ်လေးကို ကလစ်လိုက်နော် အောက်က ပုံကို ကြည့်ပါများသောအားဖြင့်
Facebook ရဲ့ User Profile တိုင်းမှာEmail မဖော်ပြထားပါဘူး ကြည့်ချင်ရင် about ဆိုတဲ့ လင့်လေးကို့လစ်ပြီးကြည့်ရပါတယ် ဒါတောင်ဖော်ပြမထားရင် မတွေ့ရပါဘူး ဒီနည်းက ဖော်ပြထားထား မဖော်ပြထားထာကိုယ့်သူငယ်ချင်းတွေရဲ့ Facebook ၀င်တဲ့နည်းကို သိနိင်ပါတယ်



သစ်ထူးလွင် သတင်းစုစည်းမှု (၃၀)


သစ်ထူးလွင်



Posted: 29 Jun 2012 10:42 PM PDT
နံနက် ၁၀ နာရီ ၄၅ မိနစ်မှာ လူထုခေါင်းဆေင် ဒေါ်အောင်ဆန်း စုကြည် မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိ ခဲ့ပါတယ်။ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် မှာ ဥရောပ ခရီးစဉ်ကနေ ပြန်လာရောက်လာတဲ့
 ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူ လူထုသောင်းနဲ့ ချီပြီလာရောက် ကြိုဆို ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အား ကြိုဆိုတဲ့ မြင်ကွင်း ဓါတ်ပုံပေါင်း (၂၀) ကို စုစည်းဖော်ပြထားပါတယ်--

Friday, June 29, 2012

လမ်းဖြတ်ကူးသောနှလုံးသား


by မင်းလူ၏ ၀တ္တုတိုများ on Wednesday, June 27, 2012 at 6:10pm ·


    သူ့ကိုမွေးပြီး နာရီပိုင်းလောက်အကြာတွင် သူ့အမေဆုံးသည်။ သူ့အဖေနောက်သို့ လိုက်သွားခြင်း
ဖြစ်၏။ သူ့အမေသည် သေဆုံးခါနီးဆဲဆဲတွင် သူ့သားကလေးအား 'မောင်စု'ဟု ခေါ်ပါလေဟု မှာကြားခဲ့သည်။

သိပ္ပံနည်းကျ အိမ်ထောင်သည်ဘဝ




ဒီခေါင်းစဉ်ကတော့ အိမ်ထောင်သည်တွေရယ် ရှာရှာဖွေဖွေ ဖတ်တတ်တဲ့သူတွေနဲ့ ရင်းနီးမယ်ထင်တယ်။ အိမ်ထောင်သည်တွေအတွက် မြန်မာပြည်မှာ ရှားရှားပါးပါး ပွင့်ပွင့်လင်းလင်း ရေးထားတဲ့ စာအုပ်တစ်အုပ်လေ။ အခုရေးမှာ အဲဒါမျိုးနဲ့ သိပ်မဆိုင်လှပါဘူး။ ထုံးစံအတိုင်း ကျွန်တော်တို့ လင်မယား အကြောင်းပါ။ 

ငွေစက္ကူများက ပြောသော .... မြန်မာ / ဗမာ (Myanmar/Burma) သုံးသပ်ချက်


by Yan Aung on Friday, June 29, 2012 at 10:15am

ယခုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည် အသုံးပြုခဲ့သော Burma ... ဟုသော အသုံးအနှုန်းနှင့်ပတ်သက်ပြီး လူငယ်များထဲတွင် ၀ိဝါဒကွဲပြားစရာ အငြင်းပွားစရာများ ဖြစ်လာနေပါသည်..။ တချို့ကလည်း အင်္ဂလိပ်လို Burma ဟု သုံးနှုန်းခြင်းကို မြန်မာလို ယခင်သုံးခဲ့သော ..ဗမာနိုင်ငံ/ဗမာလူမျိုးကို လက်ခံသည်ဟု ချေထိုးကာ ရေးသားနေကြသည်..။ တချို့ကလည်း ၁၉၈၂ မဆလ ဥပဒေက မြန်မာ လို့ သုံးနှုန်းခြင်းကိုထောက်ပြပြီး ဒေါ်အောင်ဆန်းစုကြည်က မြန်မာလိုပြောရာတွင် ဗမာနိုင်ငံ စသဖြင့်တွင်တွင်သုံးနေသကဲ့သို့ အဆင်းတွင် ဘီးတပ်နေကြသည်..။
ဒ်ါအောင်ဆန်းစုကြည် မိန့်ခွန်းတိုင်းတွင် မြန်မာနိုင်ငံလို့ အပြောများပါသည်..။ NLD ပါတီဆိုင်းဘုတ်များကို ဗမာလိုရေးလျှင်လည်း မြန်မာနိုင်ငံလို့ ရေးတာများပါသည်..။

သေချာသည်ကတော့ ဗမာ ပဲဖြစ်စေ မြန်မာပဲဖြစ်စေ လူမျိုးတစ်မျိုးသို့မဟုတ် ပြည်ထောင်စုတစ်ခုလုံးကို ကိုယ်စားပြုခဲ့ကြသည်ပဲဖြစ်သည်..။ ကိုလိုနီခေတ် ..ဗိုလ်ချုပ်၏ မိန့်ခွန်းအားလုံးတွင် ... ဗမာနိုင်ငံဟုပဲ သုံးနှုန်းခဲ့သောကြောင့် ဗိုလ်ချုပ်သုံးသော ဗမာနိုင်ငံဆိုသည်မှာ ပြည်ထောင်စုတစ်ခုလုံးကို ရည်ညွှန်းခဲ့သည်မှ မေးစရာမလိုသလို.. ပင်လုံစာချုပ် ချုပ်ဆိုခဲ့စဉ်ကလည်း စာချုပ်သည် .. Burma ဟုသော အသုံးအနှုန်းအောက်တွင်သာ ချုပ်ဆိုခဲ့ခြင်းဖြစ်သည်လည်း သတိရကြစေချင်ပါသည်..။

မြန်မာနိုင်ငံတွင် တစ်ခုတည်းသော Fibroscan မောင် (ဆေးတက္ကသိုလ်)

by စာကြည့်တိုက်(ရွှေအိမ်စည်စာပေဒါနပြုပါသည်) on Thursday, June 28, 2012 at 11:08pm ·
ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးရဲ့ ခန့်မှန်းချက် အရ ကမ္ဘာ့ လူဦးရေရဲ့ ၃ ရာခိုင်နှုန်းဟာ အသည်း
ရောင် အသားဝါ B ပိုး ကူး စက် ခံထားရပြီး လူဦးရေ သန်း နှစ်ထောင်ခန့်ဟာ အသည်းရောင်
 
အသားဝါ B ပိုး ကူးစက် ခံထားရ သူတွေ ဖြစ်ကြပါ တယ်။ ယနေ့ ကမ္ဘာကြီးမှာ လူပေါင်း သန်း
၃၅၀ ကျော် ဟာ ဘဝ တစ်သက်တာလုံး ခံစား သွားရမယ့် နာတာရှည် အသည်း ရောဂါ တွေ ခံစား
နေကြရတယ်လို့ ဆိုပါတယ်။ နာတာရှည် အသည်းရောင် ရောဂါ အဖြစ် ကူးပြောင်း သွားနိုင်သည့်
အလား အလာ ရှိသော အခြားသော အသည်းကျန်းမာရေး ပြဿနာများ ထဲမှာ အရက် တာရှည် သောက်သုံး နေသူတွေ၊ အသည်း အဆီပြင်ဖုံးနေသူ တွေလည်း ပါပါ တယ်။

မြန်မာစကား ပြောတတ်ပြီး ပုဆိုးဝတ်ထားယုံနဲ. နိုင်ငံသားမဖြစ်နိုင်။


by Udp Myanmar on Friday, June 29, 2012 at 10:50am 


ဘင်္ဂါလီကုလားတွေဟာ မြန်မာစကားပြောတတ်တယ်။ နောက် မြန်မာလို ပုဆိုးတွေ ထမီတွေ ၀တ်တယ်။ ပြီးတော့ မြန်မာအစားအစာတွေပဲ စားကြတယ်။  ကဲ ဒါနဲ.ပဲ မြန်မာနိုင်ငံသားဖြစ်တယ် Citizen of Myanmar or Myanmar Nationals ဖြစ်တယ်လို. မယူဆနိုင်ပါ။

30.06.2012 နေ့ဖတ်ရန်သတင်းများ


by Myanmar Journal on Friday, June 29, 2012 at 6:23pm ·

ဂျာမနီ ဝန်ကြီးချုပ် အင်ဂလာ မာ့ကဲလ်ယူရိုဇုန်ငွေကြေးကိစ္စ မာ့ကဲလ် ပြည်တွင်းမှာ ဝေဖန်ခံရ
ဥရောပမှာ ဘဏ္ဍာရေးတည်ငြိမ်မှု ပြန်ရဖို့ ကြိုးစားတဲ့အနေနဲ့ ဒေသတွင်း အကြပ်အတည်းဆိုက်နေတဲ့ ဘဏ်တွေကို ဒေသတွင်း အထူးရံပုံငွေတွေထဲကနေ ငွေထုတ်ချေးမယ်လို့ သဘောတူခဲ့တဲ့အပေါ် ဂျာမနီ ဝန်ကြီးချုပ် အင်ဂလာ မာ့ကဲလ်ဟာ သူ့ပြည်တွင်းမှာ ဝေဖန်ခံနေရပါတယ်။
သက်ဆိုင်ရာ အစိုးရဆီက တဆင့် သွားစရာမလိုပဲ အခက်အခဲဖြစ်နေတဲ့ ဘဏ်တွေဆီကို တိုက်ရိုက် ငွေထုတ်ချေးဖို့ ယူရိုဇုန် ခေါင်းဆောင်တွေဟာ ကြာသပတေး နေ့တုန်းက သဘောတူခဲ့ကြပါတယ်။

ဗမာနိုင်ငံ နဲ့ မြန်မာလူမျိုး


by Lu Cifer on Friday, June 29, 2012 at 8:47pm 

ဗမာနိုင်ငံ နဲ့ မြန်မာလူမျိုး
တူမောင်ညို။ ဇွန် ၃၀၊ ၂၀၁၂

မြန်မာ ဆိုတာ လူမျိုးရဲ့နာမည်

ဒေါက်တာသန်းထွန်း- မြန်မာသမိုင်းရှာတော်ပုံ စာအုပ် စာမျက်နှာ (၁၀၃- ၁၀၄) တွင် ယခုလိုဖေါ်ပြထားပါသည်။
“မြန်မာလို့ခေါ်ရင်အစပထမလူမျိုးကိုပဲခေါ်တာဖြစ်တယ်။
နောက်တစ်နေရာ တစ်နေရာတည်းမှာပဲ မြန်မာတွေအနေကြာတော့ သူတို့နေတဲ့ နေရာကိုပါ မြန်မာစု၊ မြန်မာရွာ၊ မြန်မာပြည်လို့ခေါ်တယ်၊
မွန်ကျောက်စာ (ခရစ် ၁၁၀၂ ) ထဲမှာ မြန်မာ ကို မိရ်မာ (မွန်ကျောက်စာ ၉ခ/၄၂၊ဒီ ၂၄၊ အိပ်ခ်ျ ၁၂) လို့ရေးထားတာတွေ့ရတယ်။ ထိလိုင်မင် (၁၀၈၄ – ၁၁၁၃) လက်ထက် နန်းသစ် ဆောက်တဲ့ အခါ မွန်၊ ပျူနဲ့ မိရ်မာ လက်သမားတွေပါတယ်လို့ ဆိုပါတယ်။ အဲဒါ မြန်မာနိုင်ငံရဲ့ကျောက်စာတွေထဲမှာ အစောဆုံးတွေ့ရတဲ့ မြန်မာ အကြောင်းပဲဖြစ်ပါတယ်”
“မြမ္မာ” လို့ရေးတာလည်းတွေ့ရတယ်လို့ဆိုပါတယ်။

ဗမာနဲ့ မြန်မာ အသုံးအနှုန်း


by Ko Zanaka on Friday, June 29, 2012 at 4:19am 


''ဗမာပြည်သည် ဒို့ပြည်၊ ဗမာစာသည် ဒို့စာ၊ ဗမာစကားသည် ဒို့စကား"ဆိုတဲ့ သမိုင်းထဲမှာပါရှိတဲ့ ၁၉၂၀ ကျောင်းသားသပိတ် ကြွေးကျော်သံကို ကျောင်းနေခဲ့ဖူးသူတိုင်း မှတ်မိကြမှာပါ....

လောကတွင်းမှ နေ၍သာ : On sufism


by Zay Ya on Friday, June 29, 2012 at 12:48am 


ဆူဖီ သည် ရှောင်ခွာပြေးတတ်သူ မဟုတ်။ ရှောင်ခွာ ထွက်ပြေးခြင်း သည် ဆူဖီတို့၏ အစဉ်အလာ မဟုတ်ပေ။ ဆူဖီသည် ယင်း သို့ ရှောင်ခွာပြေး သည့် ဝါဒကို အပြည့်အဝ ဆန့်ကျင်သည်။ လောက တွင် ချမ်းမြေ့ ကြည်ရွှင် စွာ နေထိုင်ခြင်း၊ ဖြစ်တည်သည် ကို ဖြစ်တည် သည့် အတိုင်း ကြည်နူးနှစ်သိမ့်ခြင်း၊ ဘဝ၌ မွေ့ပျော်ခြင်း သည်  ဆူဖီတို့၏ အခြေခံကျသော အမူ အကျင့် ဖြစ် သည်။

မြန်မာ viral ဗီဒီယို တစ်ခု ထွက် ရှိလာ

by FNG on June 28, 2012
Screen Shot 2012-06-28 at 2.00.57 AM
107
29

မဲပေးပါ

ကာမ ဆက်ဆံ နေစဉ် အတွင်း လျှို့ ဝှက် ကင်မရာ ဖြစ် မှတ်တမ်း တင် ခံ ရ ပြီး  နောက် လူသိ
များ သွား သည့် ဗီဒီယို ကြောင့် မြန်မာ အမျိုး သမီး များ အတွက် ချစ်သူ နှင့် ပျော်ပါးမှု များ တွင်
စဉ်းစာ ဆင်ခြင် သင့် ကြောင့် ဝေဖန် မှု များ ရှိလာသည့် ဗီဒီယို တစ်ခု မှာ ယနေ့  မနက် အစော
ပိုင်း က စပြီး အင်တာနက် သုံး သူ များ ကြား တွင် ကျယ် ကျယ် ပြန့် ပြန့် ဖြစ်ခဲ့ သည်။

ဟာသလေး


မာမာ marmarmyint1981@gmail.com

လူလည်

တစ်ခါက တောသားတစ်ယောက်ဟာ မြို့တက်လာတယ်။ သူဟာ မြို့က အဆောက်အဦအမြင့်ကြီးတွေကို ကြည့်ပြီး အထပ်ပေါင်း ဘယ်လောက်ရှိတယ်ဆိုတာ ရေတွက်နေလေရဲ့။ အဲဒီမှာ မြို့သား လူလည် တစ်ယောက်ရောက်ချလာပြီး.... ....

( မြို့သား)။ ။ “ဒီမှာ၊ ဒီမှာ၊ ကျွန်တော်တို့မြို့မှာ အဆောက်အဦးတွေကို ဒီလို ရေတွက်ချင်တိုင်း ရေတွက်လို့မရဘူးဗျ။ အထပ် တစ်ထပ်ကို 100 နှုန်းနဲ့ ရေရတယ်။ အခု ခင်ဗျား ရေထားတာ ဘယ်နှစ်ထပ် ရေ ပြီးပြီလဲ”။

မျိုးချစ်အဓိကလား၊ လူချစ်အဓိကလား။

သည်ဆောင်းပါးကို ရေးရန် လက်တွန့်နေခဲ့သည်မှာ အတော်ကြာပေပြီ။ ရေးရန်အချိန်အတော်ယူခဲ့ ရပေသည်။ တစ်ဖန် မိမိ၏ အယူအဆသည် မိမိဘာသာမှန်သည်ဟု အထင်ရှိစေဦး အကျိုးနှင့်အပြစ် ဘယ်သင်းက ပိုမိုများနေပါသလဲ၊ စဉ်းစားရပြန်ပါသည်။ အကြောင်းတွေကရော ခိုင် လုံပါ၏လော တွေးတောရပြန်ပါသည်။

၁၉၈၅ ခုနှစ်ခန့်(၁၉၈၈ ခုနှစ် အရေးအခင်း မဖြစ်မီ သုံးနှစ်အလိုခန့်က) ကာလကစာရေးသူသည် 'ဒေါင်း' စာပေမှထုတ်သော 'အတွေးအမြင်' မဂ္ဂဇင်းကို လစဉ်ဝယ်ယူဖတ်ခြင်းသာမက စုဆောင်း၍ပါ ထားသည်။ အခြားမဂ္ဂဇင်းနှင့်အခြားသုတရသစာများလည်း ဖတ်ဖြစ်ခဲ့သည်။ တစ်နေ့သောအခါတွင် ထူးထူးခြားခြား
စာတစ်အုပ်တွင် 'မျိုးချစ်စိတ်ဓာတ် ပပျောက်စေ၊ လူချစ်စိတ်ဓာတ်ကျရောက်စေ' ဟူသော စာစုကို ဒေါက်တာမောင်ဖြူး (Ph.D) က ရေးသားထားလေသည်။

ဖွံ့ဖြိုးတိုးတက်မှုကို အပြုံးနဲ့တိုင်းပါ

                   Written by  လူထုစိန်ဝင်း

  မကြာမီက နိုင်ငံခြားသူ စာရေးဆရာမတစ်ယောက်နဲ့ အတော်ကြာကြာ
စကားပြောဖြစ်တယ်။ အရင်ကလည်း ရင်းနှီးပြီးသားဖြစ်လို့ နှစ်ယောက်စလုံး
ပွင့်ပွင့်လင်းလင်းပဲ ပြောကြတယ်။ သူက မြန်မာပြည်နေရာအနှံ့ အခေါက်ခေါက်
အခါခါ ရောက်ဖူးတဲ့အတွက် စကားပြောရတာ လွယ်ကူချောမောတယ်။ သိပ်လက်မ၀င်ဘူး။

လူအိုရုံတွေ နည်း

စကားပြောရင်းနဲ့ မြန်မာပြည် မြို့ကြီး၊ မြို့နယ် အတော်များများမှာ
နာရေးကူညီမှုအသင်းတွေ ပေါ်ထွန်းလာတာ ၀မ်းသာစရာကောင်းတဲ့အကြောင်း ပြောပြီး
အိုရေးအတွက်တော့ လူအိုရုံတွေ သိပ်နည်းနေလို့ အားမရဘူးလို့ ပြောပြတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၉-၆)


သစ်ထူးလွင်


Thursday, June 28, 2012

Cronies တွေနဲ့ နိုင်ငံသစ်၏ စီးပွားရေး


by General Knowledge on Thursday, June 28, 2012 at 6:34pm ·

 Written by ဒေါက်တာခင်မောင်ညို    Wednesday, 27 June 2012 15:47 

 (၁)

Crony အကြောင်းကို ပြောချင်ပါတယ်။ Crony ရဲ့ မူလအဓိပ္ပာယ်ကတော့ မိတ်ဆွေကောင်း မိတ်ဆွေဟောင်းပါပဲ။ ကျွန်တော့်ဆီမှာရှိတဲ့ Dictionary အတော်များများမှာတော့ Crony ရဲ့ အဓိပ္ပာယ်ဟာ ရိုးစင်းတယ်။ (Crony; Close fried:a close friend of someone especially one of long standing)

၂၀ ဇူလိုင် ၁၉၄၇ ဒိုင်ယာရီ


by Shwe Eaim Si on Thursday, June 28, 2012 at 1:04am 

မင်းသုဝဏ်၊ ဇူလိုင် ၁၇၊ ၂၀၀၈

မနေ့နံနက်က ဗိုလ်ချုပ်တို့ အနိစ္စရောက်ရှာပြီ။ တနင်္လာနေ့ (၁၄-၇-၁၉၄၇)ကပင် သူတို့ကို တွေ့ခဲ့ရသေးသည်။

တနင်္လာနေ့ညနေပိုင်း စာသင်တန်းမရှိ၍ ကျွန်ုပ် အိပ်ရာပေါ်တွင် စာဖတ်ရင်း တမှေးအိပ်ပျော်သွားသည်။

ပန်းတိုင် မပျောက်ပါစေနှင့်


by Myat Thi Ha on Thursday, June 28, 2012 at 11:10am

Posted by admin on June 28, 2012

ကျနော် စာမရေးဖြစ်တာကြာပါပြီ။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်ထဲက ကျနော်တို့ရဲ့ ဗကသ ရဲဘော်တွေ ပြန်လည် လွတ်မြောက်လာချိန်ကစလို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗကသ ပြန်လည်ဖွဲ့စည်းရေး အလုပ် တွေ၊ နိုင်ငံအနှံ့ ခရိုင်တွေမှာ ကျောင်းသားသမဂ္ဂပေါ်ပေါက်ရေး ကြိုးပမ်းရတဲ့ တာဝန်တွေနဲ့ မအားလပ်နိုင်ခဲ့ပါဘူး။

ဆူးထွင်းအပ်......


ကျမဘဝမှာလဲ ဆူးလေးတွေ အများအပြား စိုက်ဝင်ခဲ့ဖူးပါတယ်။ တချို့ဆူးလေးတွေကျ တော့ injustice gap က နည်းပါတယ်။ စေတနာကို နားလည်ခံစားမိတာကြောင့် ခန္ဓာ ကိုယ်ကို ထိခိုက်နာကျင်မှု ဖြစ်စေတဲ့ ရိုက်နှက်ဆုံးမမှုတွေကိုတောင် ကျေးဇူးတရားလို့ပဲ ပြန်လှန်နားလည်ရင်း ခွင့်လွှတ်ခြင်းဆိုတဲ့ ဆူးထွင်းအပ်နဲ့ အလွယ်တကူ ဖယ်ရှားပစ်နိုင် ခဲ့ပါတယ်။ ဒါပေမယ့် အသက် ကိုးနှစ်အရွယ်မှာဆူးခဲ့ဖူးတဲ့ ဆူးလေးတချောင်း ကိုတော့ ကိုယ်တိုင် အတတ်လဲသင်၊ ပဲ့ပြင်ဆုံးမသူ နေရာကို ရောက်နေတဲ့ အသက်နှစ်ဆယ့်တ နှစ် အရွယ်အထိ မဖယ်ရှားပစ်နိုင်ခဲ့ပါဘူး။

ကျောင်းဟာသများ


by Myanmar Jokes on Thursday, June 28, 2012 at 6:40pm ·

၁) အလီဇယား
ဆရာမ - ကဲ.. မောင်ထုံ.. ၉  အလီကို အလီဇယားမကြည့်ဘဲ ရွတ်ပြစမ်း။
မောင်ထုံ - ၉  တစ်လီ ၉ ။ ၉  နှစ်လီ ၁၈.. (သူ၏ စာအုပ်နောက်ကျောရှိ ဇယားကိုကြည့်လျက်)

ဆရာမ - နင့်ကို အလီဇယားမကြည့်ဘဲ ရွတ်လို့ပြောတာလေ။
မောင်ထုံ - ကျနော်ကြည့်တာ အလီရဲ့ ဇယားမဟုတ်ပါဘူး။ သူ့စာအုပ်ကိုပိတ်ထားပါတယ်။ ကျနော်ကြည့်တာ ကျနော့်ဇယားပါ..

ငွေစက္ကူလား စက္ကူငွေလား


by အား မာန် on Thursday, June 28, 2012 at 3:14pm 


အခုဇွန်လ ၁၅ ရက်နေ့မှာ ကျပ်ငွေ တသောင်းတန် စတင်ထုတ်ဝေပါပြီ။ မြန်မာနိုင်ငံမှာ အမြင့်ဆုံးရှိခဲ့တဲ့ ငွေစက္ကူဟာ ငါးထောင်တန် ငွေစက္ကူဖြစ်ပါ။ သြစတေးလျှနိုင်ငံက စီးပွားရေးပညာရှင်လည်းဖြစ် မြန်မာနိုင်ငံက အကြောင်းအရာတွေကို ဆက်တိုက် လေ့လာနေသူလည်း ဖြစ်တဲ့ ဒေါက်တာရှောင်တာနဲရဲ့ အဆိုအရ တသောင်းတန်ငွေစက္ကူ ထုတ်ဝေတဲ့အတွက် ငွေကြေးဖောင်းပွလာမှုကို အတိုင်းအတာတခုအထိ ကြုံတွေ့နိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

29.06.2012 နေ့ဖတ်ရန်သတင်းများ


by Myanmar Journal on Thursday, June 28, 2012 at 4:29pm ·

ဘာကလေ ဘဏ်ကို အတိုးနှုန်း ကစားမှု အတွက် ဒဏ်ငွေ ချမှတ်ခဲ့ဗြိတိသျှ ဘဏ္ဍာရေး စံနစ် အားနည်းချက် တွေရှိ
ဗြိတိသျှ ဘဏ်တွေ ပါဝင် ပတ်သက် နေတဲ့ အတိုးနှုန်း ဈေးကစား မှုကို စုံစမ်း စစ်ဆေးချက် အရ ဘဏ္ဍာရေး စံနစ်မှာ အတွင်း ကျကျ ယိုယွင်း မှုတွေ ရှိနေ တာကို တွေ့ရ တယ်လို့ ဗြိတိသျှ ဘဏ္ဍာရေး ဝန်ကြီး George Osborne က ပြောပါတယ်။
အတိုးနှုန်း ကစားမှု အတွက် Barclays ဘဏ်ကို ဒေါ်လာ သန်း ၄၅၀ ဒဏ်ငွေ ချမှတ်ပြီး နောက်တနေ့မှာ သူက အခုလို ပြောခဲ့ တာပါ။
လူတွေဟာ လောဘကို ရှေ့တန်းတင် နေကြ တယ်လို့ သူက ဆိုရင်း ဘာကလေ ဘဏ်ရဲ့ အမှုဆောင် အရာရှိ Bob Diamond အနေနဲ့ အလွန် လေးနက်တဲ့ မေးမြန်းချက် တွေကို ဖြေကြား ရလိမ့်မယ်လို့ ဆိုပါတယ်။

Nyein Chan Aye –စာနာနားလည်နိုင်တဲ့ စိတ်နှလုံးပိုင်ရှင် (သို့မဟုတ်) ဟံသာဝတီ ဦးဝင်းတင် အပိုင်း ၂


by အား မာန် on Wednesday, June 27, 2012 at 2:03pm 

ဦးဝင်းတင် မန္တလေးကို စရောက်တဲ့အချိန် (၁၉၆၉) ကိုပြန်ဆက်ရရင်.. ဟံသာဝတီ မန္တလေးမှာ စထုတ်တော့ ဗိုလ်သောင်းဒန်က သတင်းစာမှာ နိုင်ငံရေးအနေနဲ့ အစိုးရနဲ့ မတည့်တဲ့၊ စာပေလမ်းစဉ်အနေနဲ့လည်း အထက်ဗမာပြည်စာရေးဆရာ အသင်းကို ဦးဆောင်ပြီး “စာပေကို စကားပြောနဲ့ရေးမယ်” ဆိုတဲ့ “တယ်”  စာပေတိုက်ပွဲ လှုပ်ရှားမှုကို  မြန်မာစာပါမောက္ခ ဦးကျော်ရင်၊ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း၊ မောင်သာနိုးစသူတို့နဲ့ အတူ ဦးဆောင်လှုပ်ရှားနေတဲ့ လူထု ဦးလှ၊ လူထု ဒေါ်အမာ စတဲ့ သူတွေရဲ့ စာတွေ မထည့်ဖို့မှာတယ်။

စတာလင်



by ဇာ တိ on Thursday, June 28, 2012 at 9:19am ·



ပုခုံးထက်က ကြယ်ကို ဖြုတ်စမ်း ၊ မျက်လုံးခြင်းဆုံအောင် ကြည့်စမ်း ၊
ဘယ်သူက ဘယ်သူ့ကို အသနားခံနေတာလဲ ဒါမှမဟုတ် သနားနေတာလဲ
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...