Thursday, June 28, 2012

ကျောင်းဟာသများ


by Myanmar Jokes on Thursday, June 28, 2012 at 6:40pm ·

၁) အလီဇယား
ဆရာမ - ကဲ.. မောင်ထုံ.. ၉  အလီကို အလီဇယားမကြည့်ဘဲ ရွတ်ပြစမ်း။
မောင်ထုံ - ၉  တစ်လီ ၉ ။ ၉  နှစ်လီ ၁၈.. (သူ၏ စာအုပ်နောက်ကျောရှိ ဇယားကိုကြည့်လျက်)

ဆရာမ - နင့်ကို အလီဇယားမကြည့်ဘဲ ရွတ်လို့ပြောတာလေ။
မောင်ထုံ - ကျနော်ကြည့်တာ အလီရဲ့ ဇယားမဟုတ်ပါဘူး။ သူ့စာအုပ်ကိုပိတ်ထားပါတယ်။ ကျနော်ကြည့်တာ ကျနော့်ဇယားပါ..


၂ ) facebook ID
ဆရာမ - ခရစ္စတိုဖာကိုလံဘတ် (၁၄၅၁-၁၅၀၆) ဆိုတဲ့ ခေါင်းစဉ်မှာ ကိုလံဘတ်နာမည်နောက်က ဂဏန်းတွေကဘာကို ကိုယ်စားပြုတုန်း။
ကျောင်းသား - သူရဲ့  facebook profile ID လို့ထင်ပါတယ် ဆရာမ။

၃ ) ဝါကျဆုံးအောင်နားထောင်ပါ
ဆရာမ - "ဘုန်းကြီးကျောင်း" ဆိုတဲ့နာမ်ကိုသုံးပြီး ဝါကျတစ်ကြောင်းဖွဲ့ပြပါ။
ကျောင်းသား - ဘုန်းကြီးကျောင်းတွင် သေဆုံး...

ဆရာမ - ဘုန်းကြီးနဲ့တွဲလာရင် သေဆုံးတယ်ဆိုတဲ့စာလုံးအစား ပျံလွန်တော်မူတယ်လို့သုံးရတယ်။ ကဲပြန်ပြင်ဆိုစမ်း..
ကျောင်းသား - ဘုန်းကြီးကျောင်းတွင် ပျံလွန်တော်မူသွားသော ကြောင်လေးကိုမြေမြုပ်လိုက်ပါသည်။

၎ ) ကိုယ်တတ်သလိုစာလုံးပေါင်းတာပဲ
ဆရာမ - ကဲ.. မောင်ထုံ တက္ကသိုလ်ကို မင်းဘယ်လိုစာလုံးပေါင်းတုန်း..
မောင်ထုံ - "တတ်ကသို"

ဆရာမ - မှားတယ်...မောင်ထုံ - မှားတယ်၊ မှန်တယ်ဆိုတာ ဆရာမဆုံးဖြတ်ရမှာပါ။ ဆရာမက ကျနော်ဘယ်လိုပေါင်းလဲမေးလို့ ကျနော်စာလုံးပေါင်းသလို ပေါင်းပြတာပါ။ 

၅ ) အကွာအဝေး
ဆရာမ - ဒီနေရာကနေ လနဲ့ အာဖရိကတိုက် ဘယ်ကပိုဝေးသလဲ???
မောင်ထုံ - အာဖရိကတိုက်ကပိုဝေးပါတယ်။

ဆရာမ - ဘာဖြစ်လို့လဲ???မောင်ထုံ - ဒီကနေ လကိုလှမ်းမြင်ရပေမယ့် အာဖရိကတိုက်ကိုလှမ်းမမြင်ရလို့ပါဆရာမ..

၆ ) မေးမိတာမှားပါတယ်...
ဆရာ - မောင်ထုံ.. ကမ္ဘာမြေကြီးရဲ့အလေးချိန်က ဘယ်လောက်ရှိလဲ???
မောင်ထုံ - ဘယ်ကတ္တားနဲ့ချိန်မှာလဲဆရာ။ အရောင်းဒိုင်ကတ္တာလား.. အဝယ်ဒိုင်ကတ္တာလား... ဒါမှမဟုတ် သမာဓိကတ္တာလား??

ဆရာ - သမာဓိကတ္တားကွာ..
မောင်ထုံ - ဘယ်ယူနစ်နဲ့လဲဆရာ.. ကီလိုလား၊ တန် လား၊ ပိဿာလား ???ဆရာ - ကီလိုကွာ...
မောင်ထုံ - ဒါနဲ့ဆရာ .. လူတွေအလေးချိန်ကောထည့်တွက်မှာလား..???

ဆရာ - ဒီကောင်တယ်ရှည်ပါလား.. အကုန်ထည့်တွက်ကွာ..
မောင်ထုံ - အကုန်ဆိုတာ.. လူအပါအဝင် အဆောက်အဦးတွေ.. လေ..ဓာတ်ငွေ့စတာတွေပါ ပါမှာလား???ဆရာ - ဟုတ်တယ်ကွာ.. ရှိရှိသမျှ အကုန်ကွာ.. (စိတ်သိပ်မရှည်တော့)မောင်ထုံ -  ဒါဆို ဒဿမ ဘယ်နေနေရာအထိ သိချင်တာလဲ???

ဆရာ - ဒီကောင် စာမေးတာကောင်းကောင်းမဖြေဘူး ကြိမ်လုံးစားချင်ပြီနဲ့တူတယ်..
မောင်ထုံ - ကြိမ်လုံးချည်းအလွတ်စားရမှာလား.. တခြားအရံဟင်း၊ အချိုတည်းဖို့ပါသေးလား...

ဆရာ - ကြိမ်လုံးချည်းအလွတ်ကျွေးမှာဟေ့...
မောင်ထုံ - ဘယ်အမျိုးအစားလဲဆရာ.. ပဲခူးကြိမ်လုံးလား.. တိုက်ကြီးကြိမ်လုံးလား..

ဆရာ - ထောက်ကြံ့ကြိမ်လုံးဟေ့... မင်းကိုရိုက်မှာ..
မောင်ထုံ - ဒီအတိုင်းရိုက်မှာလား။ ရေစိမ်ပြီးမှ ရိုက်မှာလား..

ဆရာ - အေး ရေစိမ်ပြီးမှ ရိုက်မှာ ဒါမှမှတ်မှာ..
မောင်ထုံ - ရိုးရိုးရေလား.. ရေသန့်လား..

ဆရာ - တော်ပြီ.. မင်းထိုင်တော့.. မင်းကိုမေးရတာ စာသင်ချိန် တစ်ချိန်ကုန်တော့မယ်.. 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...