ဘုရားကိုရှိခိုးမှာလား ပျားကိုရှိခိုးမှာလား
by Sat Paing on Wednesday, June 27, 2012 at 1:35am
ဒီကိစ္စမျိုးတွေကို ဟိုးအရင်ကတည်းက ခဏခဏ တွေ့ခဲ့ကြုံခဲ့ပြီးပါပြီ၊
အဲ့ဒီအချိန်ကတည်းက လက်မခံခဲ့တာ အခုမှပဲလက်မခံကြောင်း အတည်ပြုပြောဆိုဖြစ်တယ် ၊
ဟိုတစ်နေ့က ဂျာနယ်တစ်ဆောင်မှာ ဖတ်လိုက်ရပါတယ် ဘုရားတစ်ဆူကို ပျားတွေဆွဲလို့
လာရောက်ဖူးမြော်သူ များပြားတဲ့အကြောင်း ဒီတော့ကိုရွှေမြန်မာတွေကို
အရင်ဦးဆုံး မေးချင်တာက ဘုရားကိုဖူးမှာလား ပျားကိုဖူးမှာလာ။
ကျနော်တို့ ဒီကိစ္စလေးတွေကစပြီး အခုအချိန်မှာ အားလုံးကို အားလုံးသိအောင် သေချာရှင်းတမ်းခွဲထုတ်သင့်ပါပြီ ခုချိန်ထိ မြန်မာတွေဟာ ဟောင်းနွမ်းတဲ့အတွေးအခေါ်တွေနဲ့သာ ရှင်သန်နေတာကို
လူအများစုမှာ တွေ့ရပါတယ် အဓိက သူတို့မှာ ရှိသင့်ရှိထိုက်တဲ့ ပညာဗဟုသုတ မရှိတာလဲ ပါပါလိမ့်မယ်
မြို့ပြကြီးထက် တောရွာတွေမှာ အများဆုံး တွေ့ရတာကိုက မြို့နေလူထုထက် တောကလူတွေဟာ
အသိဥာဏ်ပိုင်းမှာ အလွန်ချို့တဲ့ကြောင်း ပေါ်လွင်နေပါတယ် (တောကလူတိုင်းကို ဆိုလိုခြင်းမဟုတ်ပါ)
ဟိုတလောကလဲ အွန်လိုင်းပေါ်မှာ သတင်းတစ်ခုတက်လာပါတယ် ရွှေတိဂုံဘုရားပေါ်ကဘုရားတစ်ဆူ
မျက်လုံးတော်ပွင့်လာတယ်ဆိုတဲ့အကြောင်း ဒါတွေဟာလဲတကယ်ဆိုရင်တောင် အံ့သြစရာမဟုတ်ပါဘူး
ဗုဒ္ဓဘုရားက အစောကတည်းက ပြတ်ပြတ်သားသား ပြောခဲ့ပါတယ် ဘာကမှ ထူးဆန်းအံ့သြဖွယ်ရာမဟုတ်ဘူးဆိုတာ
တစ်ခုခုဖြစ်ပြီဟေ့ဆို ဒါဟာ ဖြစ်တတ်တဲ့သဘောသဘာဝရှိလို့ ဖြစ်တယ်ဆိုတာ သိထားရပါမယ်
ကိုယ်က မမြင်ဖူး မကြားဖူး မတွေ့ဖူးလို့ အံ့သြစရာဖြစ်တယ်ဆိုရင်တောင်မှ စောနကပြောတဲ့အတိုင်း
ဖြစ်တတ်တဲ့ သဘောသဘာဝကြောင့်ဆိုတာ သိထားရပါမယ်
ခုလိုမျိုး ဘုရားကို ပျားဆွဲမှဖူးတဲ့သူတွေက ပိုပိုသာသာလေးဖူးကြပါသတဲ့ ဒါဟာဘာသာကြားတွေရဲ့ လက်ညိုးထိုးဝေဖန်စရာတစ်ခုလဲ ဖြစ်ပါတယ် ဘုရားကိုပျားဆွဲမှ ဖူးတာရော ပျားမစွဲခင် ဖူးတာရော
ဘာကွာသွားလဲဆိုတော့ ကွာပါတယ် ဘုရားမှာလူကြပ်ကြပ်နဲ့ဖူးရတာနဲ့ ချောင်ချောင်ချိချိဖူးရတာကွာပါတယ် ဖူးမျှော်သူရဲ့စိတ်ဆန္ဒပေါ်မူတည်ပြီး ပြောင်းလဲတာက တကဏ္ဍပေါ့
အဓိက ကျနော်ပြောချင်တာက မြန်မာတွေခုထက်ပိုပြီး တစ်ခုခုကိုနားလည်သင့်ပါပြီ ကျနော်ကိုယ်တိုင်လဲဘာကိုမဆို နားမလည်ထားပေမယ့် သိသင့်သလောက်တော့ သိထားပါတယ် ခုဖြစ်နေတာက လူတွေကသူတို့ကို တစ်ခုခုအံ့သြဖွယ်ဖြစ်စရာ အဖြစ်သနစ်တစ်ခုကြုံလိုက်တာနဲ့ မျက်စိတ်မှိတ်ယုံဖြစ်လိုက်ကြတာပါပဲ လူလိမ်တွေအတွက်လဲဒါက အလွန်လုပ်စားလို့ကောင်းတဲ့အခြေအနေပေါ့ နောက်ပြီးရှိသေးတယ် ပေါ်တော်မူဘုရားတို့ဘာတို့
ပေါ်တော်မူဖြစ်တော့ရောဘာဖြစ်လဲ တစ်ခုခုထူးဆန်းသွားလို့လား ဘာကထူးဆန်းသွားတာလဲ တစ်ခုခုဆိုအလွယ်တကူပဲ လက်ခံလိုက်တယ် သူတို့မှာစဉ်စားဖို့အသိဥာဏ်များပါမလာတာလားဆိုပြီး သံသယ၀င်မိပါတယ် ဘာသာတရားတစ်ခုကိုလုပ်ချင်တာထက် အနည်းငယ်ထူးခြားမှုတစ်ခုကြောင့်သာရောရောင်ပါဝင်နေခြင်းပဲ ဖြစ်ပါတယ်
အဲ့ဒီအတွက် ယခုဘာသာကိုမှီပြီး လိမ်စားမယ်ဆိုလဲကောင်းကောင်းကြီး လိမ်စားလို့ရပါတယ် ဟိုတစ်လောကရေးဖူးတဲ့ ယုံလွယ်သူများဆောင်းပါးအတိုင်းပါပဲ ခုဆိုလဲနာမည်ကြီးပါတီတစ်ခုရဲ့တံဆိပ်ပစ္စည်းအမျိုးမျိုးနဲ့ ပြည်သူတွေကို စီးပွားရေးသမားတွေလိမ်စားနေတာ တော်တော်လေးကိုတွက်ချေကိုက်နေလောက်ပါပြီ မြန်မာတွေက ခုချိန်ထိ တစ်ခုခုကိုရှာဖွေမတွေ့ရှိသေးပါဘူး တွေ့ရှိသွားတဲ့လူတွေကလဲ အများစုဟာဒီမှာမရှိတော့ပါဘူး ပြောချင်တဲ့အဓိကအချက်ကတော့ ဘုရားကိုပျားဆွဲတဲ့ကိစ္စပါ၊ ဒီတော့သူတို့မသိတာကို သိအောင်လုပ်ရမှာက လုပ်ချင်တဲ့သူတွေအတွက်ရော ကလေးတွေကိုပညာမသင်ကြားပဲ လူကြီးတွေအတွက် စာသင်ကျောင်းတွေပါရှိသင့်တယ်လို့ထင်ပါတယ်
အဓိကကခုလူကြီးဆိုသူတွေဟာ အရင်အချိန်တွေတုန်းကပညာမသင်ကြားခဲ့သူတွေ အကြောင်းကြောင်းကြောင့် သင်ကြားခွင့်မရခဲ့ကြသူတွေအတွက် သူတို့ကိုပညာသင့်ပါပြီ ကျောင်းစာကိုပြောတာမဟုတ်ပါ သူတို့ပညာမတတ်တဲ့အတွက် သူတို့ရဲ့ဘိုးစဉ်ဘောင်ဆက် အတွေးအခေါ်တွေသာ လက်လှမ်းမှီသလောက်ပဲ သူတို့သိခဲ့ပါတယ် သူတို့သိထားတဲ့အရာတစ်ခုကို အမှန်တွေပါလို့ထင်ပြီး အဲ့ဒီအတိုင်းဆောင်ရွက်တာကစလို့ မှားတော့တာပါပဲ သူတို့ကိုယ်တိုင်တိုင် ပညာမတတ်တဲ့အတွက် သူတို့ရဲ့သားသမီးတွေကို ပညာရဲ့အကျိုးလိုလားဖို့ထက် လက်တလောစားဝတ်နေရေးပြေလည်စေဖို့ကိုသာ အဓိကဦးတည်ပါတော့တယ် ဒီတော့ဘာတွေဖြစ်လာကြသလဲ ...ရှင်းပါတယ် သူတို့ရဲ့ လွှမ်းမိုးမှုတွေက သားသမီးတွေစီရောက်ပြီး ထိုကလေးတွေကအစသူတို့အတိုင်းဖြစ်နေပါတော့တယ် ဒီဘက်ခေတ်မှာလဲ ဒီတိုင်းပါပဲ အဆင်ပြေတဲ့မိသားစုကနေပေါက်ဖွားလာတဲ့ကလေးတွေကပညာရေးကိုအလေးပေးသင်ကြားခွင့်ရပါတယ်
မြို့ကျောင်းတွေထက် တောကျောင်းက ကလေးတွေ သိမှုပိုမိုနည်းပါးပါတယ် လက်လှမ်းမမှီတဲ့အကွာအဝေးမှာရှိနေတဲ့အတွက် သူတို့လေးတွေဟာ ဒီထက်ပိုပြီး တစ်ခုခုကိုသိရှိဖို့ခက်ခဲပါတယ် အဲ့ဒီအတွက်ရရှိလာတဲ့ အကျိုးကျေးဇူးက အခုအတိုင်းဘုရားကိုပျားဆွဲမှ ဘုရားကပိုပြီးတန်ခိုးကြီးသွားသလိုလို ဒီလိုကိစ္စတွေကိုဘာသာရေးအသိုင်းအ၀ိုင်းတွေက ဖြေရှင်းပေးပြီး
နိုင်ငံတော်ကပါထောက်ပံ့ကူညီသင့်ပါတယ် တောရွာတွေကိုမျက်စိတွေနားတွေဖွင့်ပေးသင့်ပါတယ်
နိုင်ငံတစ်နိုင်ငံအတွက် တောရွာကလူတွေကလဲ အရေးပါ အရာရောက်ပါတယ် သူတို့တွေမရှိရင်လဲ နိုင်ငံမှာထိခိုက်စရာတွေအများကြီးပါပဲ အပယ်ခံပုံစံမျိုးဖြစ်နေပါတယ်
ဒါဟာမိဘဘိုးစဉ်ဘောင်ဆက် အရိုးစွဲယုံကြည်လာတဲ့အယူသီးမှုတွေပါပဲ
ဒါကိုတိုက်ဖျက်ဖို့အတွက် အချိန်တွေငွေတွေပညာရှင်တွေလုပ်အားတွေအကုန်လိုပါတယ်
မြို့ကြီးတွေကိုပဲ ဦးစားပေးစောက်ရှောက်ပြီးတောရွာတွေကို ဂရုမပြုအလေးမထားတဲ့အတွက် အများကြီးထိခိုက်ပါတယ် ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာလဲ တောရွာဆိုတာရှိပါတယ် တောင်သူလယ်သမားပဲဖြစ်ဖြစ်
ဘာပဲဖြစ်ဖြစ် သူတို့အားလုံးရဲ့အမူအကျင့်တွေက မြို့နေလူထုကိုမကျော်လွန်ရင်တောင် မနိမ့်ပါဘူး တောမှာနေတာနဲ့ မြို့မှာနေတာပဲကွာပါတယ် တစ်ခါတစ်ရံဆိုတောကလူတွေရဲ့အမှတ်မထင် တီထွင်မှုတွေက မြို့နေလူတွေကိုပါ အံ့အားသင့်မှုဖြစ်စေပါတယ် ဒါဟာဘာကြောင့်ကွာခြားမှုမရှိရတာလဲဆိုတော့ စောစောကပြောတဲ့အတိုင်း ပညာဗဟုသုတပါပဲ၊
စာဖတ်ကြပါ။ သူတို့တွေစာဖတ်ကြတယ် တစ်ခုခုကိုအမြဲတမ်းရှာဖွေနေတယ် ဒီအလုပ်တစ်ခုကိုလုပ်နေပေမယ့်လဲ နောက်အခြားရှာဖွေမှုတစ်ခုကရှိကိုရှိနေပါတယ် ဒါဟာသူတို့ရဲ့အောင်မြင်မှုတွေပါပဲ ဒီမှာက လယ်စိုက်ဆို လယ်ပဲစိုက်တယ် နွားကျောင်းဆို နွားပဲကျောင်းတယ် ကျောင်းသွားဆိုကျောင်းပဲသွားတယ် အဲ့ဒီအမိန့်တစ်ခုအောက်ကနေရုန်မထွက်နိုင်တာက အလွန်ဆိုးဝါးပါတယ် ကျေးရွာစာကြည့်တိုက်တွေပေါ်လာပေမယ့် ဘယ်မိဘကမှအိမ်အလုပ်တွေမပြီးပဲ ပေးမလွှတ်ပါဘူး ပေးလွှတ်ရင်တောင် ကလေးတွေကိုယ်တိုင်ကလဲ စာဖတ်ဖို့ကိုအားမသန်ပါဘူး ဖတ်ရအောင်မှန်းလဲ မသိပါဘူး ဒါဟာ စာပေနဲ့အချိန်အကြာကြီး ဝေးကွာနေတာကြောင့်လဲ ဖြစ်ပါတယ် စာပေရဲ့တန်ဖိုးကိုမသိတဲ့အတွက် ဖတ်ဖို့ကိုစိတ်မကူးတော့တာပါ ဒီအတွက်လဲအခုလိုတွေဖြစ်လာတာဟာ သူတို့ရဲ့ဆိုးဝါးတဲ့ရလဒ်တစ်ခုပါပဲ။
ဇာတိ(ဖျာပုံ)
2012 june
zartipyapon@gmail.com
www.zartinaung.blogspot.com
0 comments:
Post a Comment