Latest Posts

Saturday, September 14, 2019

မွန်ရိုးဆိုသော သူမအကြောင်း


ကမ္ဘာကို ကိုင်လှုပ်ခဲ့တဲ့ မာရီလင်မွန်ရိုး ဆိုသော သူမအကြောင်း
__________________
04 DECEMBER 2017
__________________

မာရီလင် မွန်ရိုး ဘ၀နိဂုံးမှ ရွှေရတုတိုင်

ယခု တင်ပေးမယ့်အကြောင်းကတော့ ၁၉ ရာစု ၂၀ရာစု ၂၁ ရာစု ကျော်ကြားသူ တစ်ရာမှာ ထိပ်ဆုံးက ရပ်တည်တဲ့ မာရီလင်မွန်ရိုးအကြောင်းပဲဖြစ်ပါတယ်။

(ဒုတိယက အေဘရာဟင်လင်ကွန်း၊ တတိယပုဂ္ဂိုလ်က မာသာထရီဇာ တို့ဖြစ်သည်။)

မာရီလင် မွန်ရိုးဟာ မိတ်ဆက်စရာမလိုတဲ့ အနုပညာရှင်တစ်ယောက်ပါ ။

Tuesday, August 27, 2019

ဒီနေ့ မြို့မငြိမ်း ကွယ်လွန်တာ ၆၄နှစ်ရှိပြီ


 
 
     ၁၂၇၀ ပြည့်နှစ် တပို့တွဲလဆန်း ၅ ရက်၊ တနင်္လာနေ့ (၂၅.၁.၁၉၀၉) တွင် အဖရွှေပန်းထိမ် ဆရာကြီး ဦးညီ၊ အမိ ယွန်းထည် ကုန်သည် ဒေါ်ချစ်ဦးတို့က မန်္တလေးမြို့ ၂၈လမ်း (လမ်း၈၀နှင့် ၈၁လမ်း ကြား) နေအိမ်တွင် မွေးဖွားခဲ့သည်။ အမည်ရင်း မောင်ကျော်ညိန်းဖြစ်ပြီး မန်္တလေးဗဟို အမျိုးသား ကျောင်းတွင် ပညာသင်ကြားခဲ့သည်။ဆယ်နှစ် သားအရွယ် ကတည်းက “ဇမ်္ဗူကျွန်းလုံး” သီချင်းကို စောင်းဆရာကြီး ဒေ၀ဣန်္ဒာ မောင်မောင်ကြီးထံမှ နေ့ချင်းပြီး တက်ယူနိုင်ခဲ့သဖြင့် စောင်းဆရာကြီးကိုယ်တိုင် အံ့အားတသင့် ချီးမွမ်း ခံခဲ့ရသည်။ ရွာစားကြီး စိန်ဗေဒါနှင့် အိမ်နီးနားချင်းဖြစ်ခဲ့ပြီး ရွာစားကြီး တီးသမျှကို နားဖြင့် မှတ်သားကာ ဘင်ဂျို၊ မယ်ဒလင်၊ ဗျက်စောင်းတို့ဖြင့် လိုက်ပါတီး ခတ်ခဲ့သည်။


ကျောင်းအမကြီး ဝိသာခါ အကြောင်း

ဗမာတိုင်းရင်းသားများတွင် ရိုးရာဓလေ့ပုံပြင်များ အပြင် ကိုးကွယ်မှုဆိုင်ရာ စိတ်ဝင်စားဖွယ်ကောင်း သော ဗုဒ္ဓဝင်ပုံပြင်များ၊ ဓမ္မပဒပုံပြင်များလည်းရှိသည်။ အဆိုပါ ဗုဒ္ဓဝင်ပုံပြင်များစွာအနက် အမျိုး ဘာသာ သာ သနာတော်ကို စံတင်ထိုက်အောင် ထိန်းသိမ်းခဲ့ပြီး သာ သနာတော် ပြန့်ပွားထွန်းကား အောင်ဆောင်ရွက်နိုင်သည့် သောတာပန် အရိယာဗမာအမျိုးသမီး၊ ကျောင်းအမကြီး ဝိသာခါ၏ 'သာသနာအတွက် တုနှိုင်းမဲ့သည့် ဝိသာခါ'ဆိုသည့် ဓမ္မပဒပုံပြင်လေးကို ဖော်ပြပေးမည်ဖြစ်ပါသည်။

Wednesday, May 29, 2019

လေ့လာပြီး တွေးစရာ

တ ရုတ် အ မေ ရိ ကန် ကုန် သွယ် ရေး စစ် ပွဲ နောက် ဆက် တွဲ Huawei ကု မ္ပ ဏီ အ ရေး ယူ ခံ ရ တဲ့ ကိ စ္စ နဲ့ ပတ် သက် ပြီး Huawei CEO က စိတ် ဝင် စား စ ရာ စ ကား တစ် ခွန်း ပြော ခဲ့ တယ် ။ အဲ့ ဒါ က " တ ရုတ် အ မေ ရိ ကန် ရဲ့ ကုန် သွယ် ရေး စစ် ပွဲ အ ခြေ ခံ က ပ ညာ ရေး အ ဆင့် မ တူ မှု ကြောင့် " လို့ ဆို တဲ့ စ ကား ပဲ ။ CCTV မှာ ပြော ခဲ့ တာ ။ ဆက် ပြီး သူ က " တ ကယ် လို့ ကျွန် တော် တို့ ပ ညာ ရေး ကို အာ ရုံ စိုက် မ ထား ရင် တစ် နေ့ နေ့ ဆင်း ရဲ တွင်း ထဲ ပြန် ရောက် သွား လိမ့် မယ် " လို့ ပြော ခဲ့ တယ်

Tuesday, July 17, 2018

နွေမိန်တပေါင်း

  စိုးမင်း
   တောဖွဲ့ တောင်ဖွဲ့ အခါရာသီဖွဲ့ကလေးတွေ ရေးချင်စိတ်ပေါက်လာလို့ စဉ်းစားလိုက်တိုင်း တပေါင်းလထဲရောက်ရောက်နေတာ သတိထားမိတော့ တပေါင်းလကပဲ စာဖွဲ့ချင်စရာကောင်းလောက်အောင် သာသာယာယာရှိလို့လားလို့ အောင့်မေ့မိတယ်။ မိန်ရာသီပြောင်းရင် ချိန်ခါမီပေါင်းချင်တဲ့သူလည်း မရှိပါပဲ ဟိုကိုလွမ်းသည်ကိုလွမ်း လွမ်းမိတာကိုး။ ဟိုးအရင်နှစ်တွေက ရေးခဲ့တဲ့စာတွေနဲ့ အကြောင်းအရာတွေ ထပ်ကုန်မှာစိုးတာနဲ့ အဟောင်းတွေ ပြန်ဖတ်သေးတယ်။ ဒါပေမယ့်လည်း တပေါင်းဆိုတာ ရေးစရာတွေ မကုန်နိုင် ရေးလို့မရိုးနိုင်အောင်ကို ရိုးရိုးလေးနဲ့ ဆန်းပြားပါပေတယ်။ ခုနှစ်လည်းပဲ မနေနိုင်ဘူး။ ရေးမိပြန်ပြီ။ တပေါင်း တပေါင်းနဲ့။ ဘယ်တပေါင်းကို ရေးရမလဲ ရွေးလို့ကိုမရ။

Tuesday, March 27, 2018

ကျမကို အရမ်းချစ်တဲ့ အမျိုးသား

ကျမ ရဲ့ မိတ်​ကပ်​မလိမ်းတဲ့ အလှအပကို နှစ်​သက်​တဲ့အမျိုးသားတစ်​​ယောက်​ကျမ မှာရှိတယ်​..

ကျမ ဆံပင်​​တွေစုချည်​ထားတာကိုကြိုက်​တဲ့အမျိုးသားတစ်​​ယောက်​ကျမ မှာ ရှိတယ်​..

နံနက်​စား..ဘာစားမလဲ..​နေလည်​စားဘာစားမလဲ
ညစာဘာစားမလဲ အမြဲ​မေးတတ်​တဲ့အမျိုးသားတစ်
ယောက်​ ကျမ မှာ ရှိတယ်​..

အဟောင်းထဲက အကောင်းလေးတွေ



======
"ပြည်သူ့ရဲ"
======
'ဟလို... ရဲစခန်းကလား'
'ဟုတ်ပါတယ်'

'ကျနော့်ခြံရှေ့မှာ ဗုံးတစ်လုံးတွေ့လို့၊ အဲဒါ ဘာလုပ်ရမလဲဗျ'
'၃ ရက်စောင့်ကြည့်'

'ဟုတ်... သုံးရက်ပြည့်ရင်ရော'
'သုံးရက်ပြည့်လို့မှ ပိုင်ရှင်မပေါ်ရင် ခများယူလိုက်'

"ချဉ်ဖတ်”



"ပြေးထားကွ"

"ပြေးကွ"

"မြန်မြန်ပြေးလေကွာ"

"ပြေးပါဟ"

ကျောင်းသားလေးတွေပြေးနေကြတဲ့ အပြေးပြိုင်ပွဲလေး တစ်ခု။ ဆရာ၊ဆရာမတွေ၊ အတန်းဖော် ညီအစ်ကို မောင်နှမတွေရဲ့
အားပေးမှုတွေနဲ့ ကလေးတွေ ပြေးနေကြတယ်။ ပန်း ၀င်ခါနီးပြီ။
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...