“ဘယ်သွားလုပ်လုပ် ဒီလောက်တော့ ရတာပါပဲ..။”
ဒီနေ့ Labor Market ထဲက စကားပါ..။ အလုပ်အကိုင်ဈေးကွက်လို့ ဘာသာပြန်တာထက် စာရင် လေဘာမားကက် လို့ တိုက်ရိုက်မွေးစားလိုက်တာက
ပိုပြီး
ဆွေးနွေးလို့ ကောင်းပါတယ်..။ အလုပ်ရှင်အတော်များများဟာ ကိုယ့်လုပ်ငန်း..
ကိုယ့်အုပ်စု.. ကိုယ့်ကုမ္ပဏီကို နိုင်ငံတကာ စံချိန်မီ ဖြစ်ချင်လာကြပါပြီ..။
သိပ်ကောင်းပါတယ်..။ ဒါပေမယ့် ခက်နေတာက အဲဒီနိုင်ငံတကာ စံချိန်စံညွှန်း
ဆိုတာကိုပဲ တိုင်းတာတဲ့ ပေတံတွေ အမျိုးမျိုး ရှိနေကြတာပါပဲ..။ အဲဒီလို ပေတံ
အမျိုးမျိုး ရှိနေတဲ့ အထဲက တူတာလေးတွေ ဆွဲထုတ်ပြရရင်..
ကိုယ့်ဝန်ထမ်းတွေ တူညီဝတ်စုံလေးတွေနဲ့ သပ်သပ်ယပ်ယပ် ဖြစ်ချင်ကြတယ်..။
(ဒါပေမယ့် ကိုင်တွယ်ပုံထိန်းသိမ်းပုံ မတတ်တော့ တူညီဝတ်စုံသာ ရှိတယ် .. တယောက်နဲ့ တယောက် မတူကြဘူး..။)
ကိုယ့်ဝန်ထမ်းတွေကို အလုပ်ကောင်းကောင်း လုပ်စေချင်ကြတယ်..။