Tuesday, August 26, 2014

ငှက်မိုက်

 



#‎ကောင်လေးတစ်ယောက်‬ စွာကျယ်စွာကျယ်ကြက်တူရွေးတစ်ကောင်ဝယ်လာတယ်...
တစ်နေကုန် "ချမယ်ချမယ် ဘယ်ငှက်မိုက်လည်း မိုက်တဲ့ငှက်ဝင်ခဲ့ ချမယ် ချမယ် " ပဲ အော်နေတယ်...
ကောင်လေးလည်း စာကလေးတစ်ကောင် နဲ့ ပေါင်းပြီး
လှောင်အိမ်ထဲထည့်လိုက်တယ် .. စာကလေးသေသွားတယ်...

တော်တော်စွာတဲ့ကောင် တွေ့မယ်ဆိုပြီး ကောင်လေး သိန်းငှက်ကြီးတစ်ကောင်ဝယ်လာတယ်... သိန်းငှက်လှောင်အိမ်ထဲကို ကြက်တူရွေးထည့်လိုက်တယ်...
ပွဲကြီးပွဲကောင်းဗျာ ချတယ် ကုတ်တယ် ရိုက်တယ် ...
နာရီဝက်လောက်ကြာတော့ သိန်းငှက်ကြီးသေသွားတယ်၊
ကြက်တူရွေးက ရင်အုတ်ထိ အမွေးတွေ ကျွတ်သွားတယ်..
အပေါ်ပိုင်း အမွေးမရှိတော့ဘူး
ကြက်တူရွေးကပြောတာကြားလိုက်တယ်... " တော်တော် သန်တဲ့
ကောင်းကြီးဗျ... တီဗွီထဲက ဘရုစလီ လို အပေါ်အိင်္ကျီချွတ်ချမှပဲနိုင်တော့တယ်..."


Credit- Ko Soe Naing

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...