မိုးကောင်းကင်ကြီးတဲ့လား… နဲတောင်နဲသေးတယ်..
မနက်ဖြန်ဆို ဆိုမားလီးယား (Somalia)
နိုင်ငံက ဒုက္ခသည်မိသားစု (၈)ယောက်ရောက်လာမှာဖြစ်လို့
ဝမ်းသာမှုနဲ့အတူကျွန်တော့်စိတ်တွေ လှုပ်ရှားနေမိတယ်။
ဒုက္ခသည်တွေကိုကူညီပေးတဲ့အလုပ်လုပ်လာတာလွန်ခဲ့တဲ့အပတ်က (၆)
နစ်ပြည့်သွားပြီဖြစ်ပေမယ့် ကျွန်တော်ဆိုမားလီးယားက ဒုက္ခသည်တွေနဲ့
တစ်ခါမှအလုပ်မလုပ်ဘူးသေးပါဘူး။ အဲဒီ (၆) နစ်အတွင်းမှာ ဒုက္ခသည်ပေါင်း (၁၀၀၀)
ကျော်ကျော်လောက်ကို သူတို့ခြေထောက်ပေါ်သူတို့ ရပ်လာနိုင်တဲ့ အထိ အောင်မြင်စွာ
ကူညီနိုင်ခဲ့တဲ့အတွက်ဝမ်းသာကျေနပ်မိတယ်။ အဲဒီ ဒုက္ခသည်တွေထည်း မှာ
မြန်မာနိုင်ငံသား ဒုက္ခသည်တွေက အများဆုံးဖြစ်ပြီး အဲဒီအထဲမှာ အီရတ် (Iraq) ၊
ဘူတန် (Bhutan) ၊ ကွန်ဂို (Congo)၊ ဗီယက်နမ်(Vietnam)၊ ယူကရိန်း (Ukraine) ၊
အရထရေးရာ (Eritrea) ၊ ရ၀န်ဒါ (Rwanda) နဲ့ ဘရွန်နီ (Burundi)
တိုင်းပြည်များကလာတဲ့ ဒုက္ခသည်တွေလည်းပါကြတယ်။
လွန်ခဲ့တဲ့နစ်လလောက်က ကျွန်တော့်ဆီကိုရ၀န်ဒါက ကျွန်တော့် ရဲ့ ဒုက္ခသည် အမူသည် တစ်ယောက်ရောက်လာတယ်။သူအမေရိကန်ကိုရောက်တာနစ်နစ်ကျော်ရှိသွားပြီဖြစ်တယ်။ သူက သူ့ မိသားစုဆွေမျိုးတွေသူမျက်စိရှေ့မှာတင် သတ်ဖြတ်ခံခဲ့ရတာကို ကိုယ်တိုင် မြင်ထားခဲ့သူ၊ အသက်ရှင်နေသေးတယ်လို့ ယူဆရတဲ့သူညီမလေးကို တမ်းတမ်းတတနဲ့ စုံစမ်းရှာဖွေနေတဲ့ အလွန်သနားစရာကောင်းတဲ့ လူငယ်တစ်ယောက်ဖြစ်တယ်။ကျွန်တော့် ကိုတွေ့တော့ သူက ၀မ်းသာအားရနဲ့ သူ အမေရိကန်အခြေခံပညာအထက်ကျောင်းကို အသက်မွေးဝမ်းကြောင်းအလုပ်လုပ်ရင်း ၀င်ရောက်ဖြေဆိုရာ အောင်မြင် သွားပြီဖြစ်ကြောင်း ၀မ်းပမ်းတသာပြောပြလို့ အရမ်းပျော်သွားမိပြီး သူ့ကို ကျွန်တော့် အထက်အရာရှိ ဆီချက်ချင်းခေါ်သွားမိတယ်။ အထက်အရာရှိ ကလည်း ကရုတ်တရက်ဆိုတော့ ကြောင် သွားပုံရတယ်။ ကျွန်တော်ကလည်း သူ့ကို အထက်အရာရှိ နဲ့ မိတ်ဆက်ပေးပြီး သူဘာတွေပြောချင်နေသလည်းဆိုတာ ခဏကလေးနားထောင်ပေးပါ လို့ ပြော လိုက်တယ်။ ကျွန်တော့်အမူသည်က အခုလိုပြောလိုက်ပါတယ်။
ကျွန်တော်နဲ့အထက်အရာရှိက "မင်းအဲဒီတော့အနာဂတ်မှာဘာဆက်လုပ်မလည်း" လို့ တပြိုင်ထည်းမေးဖြစ်မိတယ်။
အဲဒီအချိန်ကသူ့ရဲ့အင်အားနဲ့ကြိမ်းဝါးချက်ကိုပုံဖေါ်ပြရရင်.. သူဟာမိုးကောင်းကင်ကြီး တခုလုံးကို သူ့စိတ်ကြိုက်ဆွဲကိုင်လှုပ်ရမ်းလိုက်သလိုမျိုးပါပဲ။
လူမျိုးစုချင်းသတ်ဖြတ်ကြတဲ့စစ်ပွဲအတွင်းမှာ မိသားစုဆွေမျိုးအားလုံး ဆုံးရှုံးထားခဲ့ တဲ့သူ၊ မခန့်မှန်းနိုင်လောက်အောင် ဆိုးရွားခက်ခဲလှတဲ့ အခြေအနေတွေ ကို ဖြတ်သန်းလာခဲ့တဲ့သူ၊ အဲဒီလူငယ်ရဲ့ အားမာန်နဲ့ ကြီးမားလှတဲ့ ရည်မှန်းချက်တွေက ၀န်းကျင်တစ်ခုလုံးကို လွမ်းမိုးသွားပြီး ကျွန်တော့်တို့ရိုးတွင်းခြင်ဆီတွေထဲအထိစိမ့်ဝင်သွားသလို့ကျွန်တော့်တို့နစ်ယောက်လုံး ခံစားလိုက်ရ ပါတယ်။"သူနဲ့ယှဉ်လိုက်တဲ့အခါမှာ ကိုယ့်ကိုယ် ကိုယ် တောင်သိမ်ငယ်သွားသလိုဖြစ်မိတယ်" လို့ ကျွန်တော် က အထက်အရာရှိကို ချက်ချင်းပဲပြော လိုက်မိတယ်။ ကျွန်တော် လည်း အဲဒီလို ခံစားချက်မျိုးဖြစ်မိပါတယ်.. သူ့ဆီက ဒီလိုစကားကြားရတဲ့အတွက်လည်း ကျွန်တော် အရမ်း ကျေနပ်မိတယ်။
ထိုဒုက္ခသည်လူငယ်ဟာ အဆိုးရွားတကာ့အဆိုးရွားဆုံးအခြေအနေတွေကို ကြုံခဲ့ရပေမယ့်လည်း တရစပ်ညည်းတြွားပြောဆိုပြီးအတိတ်ထဲမှာပဲ ရှင်သန်နေထိုင်နေတဲ့သူ၊ မိမိဘ၀ကိုတစ်ခြားလူတွေရဲ့ ပါးစပ်ဖျားမှာအပ်ထားတဲ့သူ တစ်ယောက်မဟုတ်ပါ။ အနာဂတ်ကိုမျက်မှောက်ပြုပြီး အချိန်ရှိသရွေ့ ကြိုးစားနေသူ၊မိုးကောင်းကင်ကို ဒူးနဲ့တိုက်ရုံတင်မကဘူး လိုအပ်ရင် ဆုတ်ဖြဲပစ်မယ်ဆိုတဲ့ လူစားမျိုးပါ။ ရည်မှန်းချက်တွေကိုအကောင်အထည် ဖေါ်ချင်နေကြတဲ့ ကျွန်တော် တို့အားလုံး စိတ်ဓာတ်ရေးရာအရ အတုယူသင့်တဲ့လူငယ် တစ်ယောက်ဖြစ်တယ်လို့ တွေးမိရင်း.............။
ထွန်းသန်း

" ကျွန်တော် ခင်ဗျားတို့ကူညီပေးမှုကြောင့်အခုဆိုရင် ကျွန်တော် အင်္ဂလိပ်စကား မတတ်ရာ ကနေအင်္ဂလိပ်စကားကိုကောင်းကောင်းပြောနိုင်ပြီ၊ အခြေခံပညာအထက်တန်းကျောင်းအောင်လက်မှတ်ကိုရခဲ့ပြီ၊ အခုအလုပ်ကောင်းတစ်ခုရထားပြီးအဲဒီအလုပ်နဲ့ ကျွန်တော့်ခြေထောက်ပေါ် ကျွန်တော် ရပ်နေနိုင်ပြီ"..လို့ဝမ်းပမ်းတသာ တုံတုံရီရီနဲ့သူကပြောတယ်။
ကျွန်တော်နဲ့အထက်အရာရှိက "မင်းအဲဒီတော့အနာဂတ်မှာဘာဆက်လုပ်မလည်း" လို့ တပြိုင်ထည်းမေးဖြစ်မိတယ်။
သူက" ဆယ့်တစ် နှစ် အတွင်း ငါဒေါက်တာကြီးတစ်ယောက်ဖြစ်အောင်လုပ်မယ်.. အဲဒီအတွက်မင်းတို့ကိုကတိပေးတယ်" လို့ … ကြိမ်းဝါးပြောဆိုလိုက်တယ်။
အဲဒီအချိန်ကသူ့ရဲ့အင်အားနဲ့ကြိမ်းဝါးချက်ကိုပုံဖေါ်ပြရရင်.. သူဟာမိုးကောင်းကင်ကြီး တခုလုံးကို သူ့စိတ်ကြိုက်ဆွဲကိုင်လှုပ်ရမ်းလိုက်သလိုမျိုးပါပဲ။
လူမျိုးစုချင်းသတ်ဖြတ်ကြတဲ့စစ်ပွဲအတွင်းမှာ မိသားစုဆွေမျိုးအားလုံး ဆုံးရှုံးထားခဲ့ တဲ့သူ၊ မခန့်မှန်းနိုင်လောက်အောင် ဆိုးရွားခက်ခဲလှတဲ့ အခြေအနေတွေ ကို ဖြတ်သန်းလာခဲ့တဲ့သူ၊ အဲဒီလူငယ်ရဲ့ အားမာန်နဲ့ ကြီးမားလှတဲ့ ရည်မှန်းချက်တွေက ၀န်းကျင်တစ်ခုလုံးကို လွမ်းမိုးသွားပြီး ကျွန်တော့်တို့ရိုးတွင်းခြင်ဆီတွေထဲအထိစိမ့်ဝင်သွားသလို့ကျွန်တော့်တို့နစ်ယောက်လုံး ခံစားလိုက်ရ ပါတယ်။"သူနဲ့ယှဉ်လိုက်တဲ့အခါမှာ ကိုယ့်ကိုယ် ကိုယ် တောင်သိမ်ငယ်သွားသလိုဖြစ်မိတယ်" လို့ ကျွန်တော် က အထက်အရာရှိကို ချက်ချင်းပဲပြော လိုက်မိတယ်။ ကျွန်တော် လည်း အဲဒီလို ခံစားချက်မျိုးဖြစ်မိပါတယ်.. သူ့ဆီက ဒီလိုစကားကြားရတဲ့အတွက်လည်း ကျွန်တော် အရမ်း ကျေနပ်မိတယ်။
ထိုဒုက္ခသည်လူငယ်ဟာ အဆိုးရွားတကာ့အဆိုးရွားဆုံးအခြေအနေတွေကို ကြုံခဲ့ရပေမယ့်လည်း တရစပ်ညည်းတြွားပြောဆိုပြီးအတိတ်ထဲမှာပဲ ရှင်သန်နေထိုင်နေတဲ့သူ၊ မိမိဘ၀ကိုတစ်ခြားလူတွေရဲ့ ပါးစပ်ဖျားမှာအပ်ထားတဲ့သူ တစ်ယောက်မဟုတ်ပါ။ အနာဂတ်ကိုမျက်မှောက်ပြုပြီး အချိန်ရှိသရွေ့ ကြိုးစားနေသူ၊မိုးကောင်းကင်ကို ဒူးနဲ့တိုက်ရုံတင်မကဘူး လိုအပ်ရင် ဆုတ်ဖြဲပစ်မယ်ဆိုတဲ့ လူစားမျိုးပါ။ ရည်မှန်းချက်တွေကိုအကောင်အထည် ဖေါ်ချင်နေကြတဲ့ ကျွန်တော် တို့အားလုံး စိတ်ဓာတ်ရေးရာအရ အတုယူသင့်တဲ့လူငယ် တစ်ယောက်ဖြစ်တယ်လို့ တွေးမိရင်း.............။
ထွန်းသန်း
0 comments:
Post a Comment