Wednesday, August 20, 2014

ဟာသစုဗူး (၇)

#အကြောင်းရင်း

ရည်စားအများကြီးထားဖူးသော်လည်း ယခုထိမစွံနိုင်သေးသော လူပျိုကြီးတစ်ဦးသည် လက်ရှိချစ်သူနှင့် အတူဘတ်စ်ကားပေါ်သို့ တတ်လိုက်သည်။ စပယ်ယာမှ ယာဉ်စီးခ လာ တောင်းရာ လူပျိုကြီးသည် သူ့အတွက်သာထုတ်ပေးရင်း ချစ်သူဘက်ကိုလှည့်ကာ-
"အသည်းလေးကိုယ့်အတွက် ကိုယ်ပေးကြေးနော်။" 
From-ko soe naing
‪#‎အကြောင်းရင်း‬

ရည်စားအများကြီးထားဖူးသော်လည်း ယခုထိမစွံနိုင်သေးသော လူပျိုကြီးတစ်ဦးသည် လက်ရှိချစ်သူနှင့် အတူဘတ်စ်ကားပေါ်သို့ တတ်လိုက်သည်။ စပယ်ယာမှ ယာဉ်စီးခ လာ တောင်းရာ လူပျိုကြီးသည် သူ့အတွက်သာထုတ်ပေးရင်း ချစ်သူဘက်ကိုလှည့်ကာ-
"အသည်းလေးကိုယ့်အတွက် ကိုယ်ပေးကြေးနော်။"

From-ko soe naing

#‎နော်မယ်‬ (Normal)

ရမ်းကုတစ်ဦးသည် အပြင်းဖျားနေသော လူနာတစ်ဦးအား တာဝန်ယူကုသနေပြီး လူနာရှင်အမျိုးသမီးကိုလည်း မစိုးရိမ်ရန်နှင့် မကြာမီပျောက်ကင်းသွားမည်ဖြစ်ြေ
ကာင်း လေလုံးထွားထွားဖြင့် အားပေးလျက်ရှိသည်။
လူနာရှင်။ ။ဆရာ။ ကျွန်မယောကျာ်းအခြေအနေလေး သိပါရစေ။
ရမ်းကု။ ။ဘာမှမပူနဲ့။ Temperature ကနော်မယ်ပဲ။ မကြာခင်ကောင်းသွားလိမ့်မယ်။
ဘယ်အချိန်မေးမေး ထိုသို့သာပြောနေပြီး ရက်အနည်းငယ်အကြာတွင် လူနာသေဆုံး သွားလေဧ။် ။ ရမ်းကုလည်း အလောင်းပြင်ဆင်ရာသို့ မကောင်းတတ်၍ ရောက်လာရာ လူနာရှင် အမျိုးသမီးမှ ကိုကြည့်ပြီး အောက်ပါအတိုင်းပြောလေတော့သည်။
"ဆရာပြောတော့ တန်ပရေချာက နော်မယ်ဆို အခုရေချိုးပေးတော့ "ရှဲ" ကနဲ မြည်ပြီး အငွေ့တွေတောင် ထွက်နေသေးရဲ့။"

From-ko soe naing

#‎အိမ်ထောင်ရေး‬

တစ်နေ့ ကျွန်တော့် ဆီကို သူငယ်ချင်းတစ်ယောက်ရောက်လာပါတယ်
။"ငါ့အိမ်ထောင်ရေးကံမကောင်းဘူးကွာ။ ရှေးလူကြီးတွေပြောတဲ့စကားက သိပ်မှန်တာပဲ။ အိမ်ထောင်ရေးဆိုတာ ထီထိုးသလိုပဲတဲ့။ ဒါနဲ့မင်းရော အိမ်ထောင်ကျပြီလား။""ဟင့်အင်း…….."ကျွန်တော်ခေါင်းအခါမှာ…….."အေးကွာ အိမ်ထောင်ပြုမယ်ဆိုရင် ထီထိုးသလိုပဲ ဆိုတဲ့ စကားကို သတိရပေါ့ကွာ………."သူ့စကားကို အဆုံးသတ်ပြီး လှည့်ထွက်သွားပါတယ်။နှုတ်တောင်ဆက်မသွားဘူး။"အိမ်ထောင်ရေးဆိုတာ ထီထိုးတယ်လို့ ယူဆရင်လည်း မပေါက်မချင်း ဆက်ထိုးခွင့်ရှိတာပဲ။"လို့ပြောလိုက်တဲ့ ကျွန်တော့်စကားကို သူမကြား လိုက်တော့ပါဘူး
from-ko soe naing

#‎တရားဟောကောင်းလို့‬

အရက်မသောက်ရန် လှည့်လည် ဟောသော သုစရိက ဆရာက တရားပွဲတွင်"မိတ်ဆွေတို့ စဉ်းစားပါ. . ဒီရွာက ရှိသမျှ ပစ္စည်းတွေ ဘယ်သွားစုနေလဲ. . . စိမ်ရေ ဆိုင်ရှင်၊ အရက်ဆိုင်ရှင်ဆီမှာ စုတယ်မဟုတ်လား . . .""အရက်ဆိုင်ရှင်က အ၀တ်အစား အကောင်းဆုံး ၀ယ်ဝတ်နိုင်တယ်. . .အစားအကောင်းဆုံး စားရတယ်. . မော်တော်ကား စီးရတယ်. . ဒါဘယ်က ပိုက်ဆံတွေလဲ ခင်ဗျားတို့ ပိုက်ဆံတွေချည်းပဲ မဟုတ်လား . . ."နောက်တစ်နှစ်ကြာသော အခါ တရားဟော ဆရာအိမ်သို့ လင်မယား ၂ ယောက် လာကြလေ၏.. .ဆရာ. . . . . "ဘာကိစ္စလဲ။"ဧည့်သည်. . . . "ကျွန်မတို့ရွာမှာ ဆရာ လာတရားဟောတဲ့ အတွက် ၀မ်းသာလို့. . ကျေးဇူးဆပ်ရအောင်ပါ. . ."ဆရာ. . . . . "အခု အရက်မသောက်ကြတော့ဘူးလား။ "ဧည့်သည်. . . . "ဆရာဟောတာနဲ့ ကျွန်မတို့ဒီနှစ် အရက်လိုင်စင်ဆွဲလိုက်တယ်. . .ဆရာဟောတဲ့အတိုင်း သိပ်မြတ်တာပဲ ဆရာရေ. . ."
from- ko soe naing
 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...