Tuesday, August 26, 2014

ဟာသစုဗူး (၁၀)

==========
1. သူတို့အပြစ်
==========
ခိုးမှုတစ်ခုအတွက် ဖမ်းလာတဲ့ တရားခံကို တရားသူကြီးက ပြောတယ်... ...
"ဒီတရားရုံးထဲမှာ မင်းကို နောက်တစ်ခါ မမြင်ချင်ဘူးလို့ ငါပြောထားတယ် မလား"
"ဟုတ်ပါတယ်"
"ဒါဆို ဘာဖြစ်လို့ ခု ရောက်လာတာလဲ... ကဲ"


"ရဲတွေက ဖမ်းပို့တာကိုးဗျ"
"ငင်..."
=======
2. မရွံမရှာ
=======
ဘိန်းစားတစ်ယောက်ကို ရဲဖမ်းလာတယ်။
စခန်းရောက်တော့ စခန်းမှူးက မေးခွန်းတွေ တရစပ်မေးတယ်။
တရားခံက ဖြေရင်းဖြေရင်းနဲ့ မောလာတော့ စခန်းမှူးစားပွဲပေါ်က ရေပုလင်းကို သောက်မလို့ လှမ်းယူတာ...
ဘေးက ရပ်နေတဲ့ ရဲတပ်သားက တရားခံရဲ့လက်ကို ပုတ်ထုတ်လိုက်ရင်း ပြောတယ်... ...
"ဟေ့ကောင်... ဒါ စခန်းမှူးသောက်တဲ့ ရေကွ"
ဒီတော့...
တရားခံက ပြန်ပြောတယ်... ...
"ရပါတယ်ဗျာ... ကျနော် မရွံတတ်ပါဘူး"... တဲ့။
အေးတာပဲ
=============
3. တူညီတဲ့ အမေး
=============
မင်္ဂလာဦးည ဟန်းနီးမွန်းထွက်လာတဲ့ စုံတွဲ၊ ဟိုတယ်မှာ ညအိပ်ဖို့ ပြင်တော့ သတို့သားက မေးတယ်... ....
"ခေးရေ... ခေးဘဝမှာ မောင်ဟာ ခေးနဲ့ အိပ်ဖူးတဲ့ ပထမဆုံး ယောက်ျားလေးလား ဟင်"
...ဆိုတော့ သတို့သမီးက နှုတ်ခမ်းစူရင်း ပြန်ပြောတယ်... ....
"ရှင်တို့ ယောက်ျားတွေ မေးလိုက်ရင် ဒီမေးခွန်းပဲ"
"ကိန်..."
သန်၎ကို - ရမ်းဘာသာပြန်သည်။
https://www.facebook.com/thanlayko

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...