Thursday, August 28, 2014

သတိထားကြပါ၊ ငါးရံ့ခြောက်မှာ ပိုးသတ်ဆေးသုံးနေကြပြီ


မနေ့က ငါးရံ.ခြောက် ထုတ်ပြီးရောင်းတဲ့လုပ်ငန်းရှင်တယောက်နဲ့ ဖေ့ဘုတ် မှာ စကားပြောဖြစ်ပါတယ်။ ငါးရံ့ခြောက်မှာလဲ ပိုးသတ်ဆေး တမျိုးဖြစ်တဲ့ ၉၀% ယင်ဆေးခဲ (သူတို့အခေါ်၉၀%ယင်မနားဆေး) ကိုတွင်တွင်ကျယ်ကျယ် သုံးနေကြပြီတဲ့။ စားသောက်ကုန်တွေကို စစ်ဆေးတဲ့ FDA အဖွဲ့က ဒါတွေကိုမသိဘူးလား။

သိလျှက်နဲ့ပဲလာဘ်ယူပြီးလွှတ်ပေးထားသလား ဆိုတာစဉ်းစားစရာပါ။
ရွှေမြန်မာတို့ ငါးရံ့ခြောက်ဟာလဲ ရေကျိုငါးပိလိုပဲ သတိထားရပါတော့မယ်။
ကျနော်နဲ့စကားပြောဖြစ်တဲ့ လုပ်ငန်းရှင်ဟာ ကိုယ်တိုင်ထုတ်လုပ်သူဖြစ်ပြီး ၉၀%
ယင်မနားဆေး ကို သူကတော့ မသုံးကြာင်း၊ အများစုက သုံးနေကြောင်း ပြောပါတယ်။
လုပ်ငန်းရှင်
------------ တရုပ်ကထုပ်တဲ့၉၀%ယင်မနားဆေးဆိုတာငပိတွင်မဟုတ်ဘူးငါးရန့်ခြောက်မှာ လှိုင်လှိုင်သုံးနေပြီဗျ။ လူတော့မပြောတတ်ဘူး ... ယင်ကောင်ကတော့ နားလိုက်တာနဲ့ တုံးကနဲဘဲ။ မယုံမရှိကြပါနဲ့ ... ကျုပ်က ငါးရန့်ခြောက်ကို ကိုယ်တိုင်ထုပ်လုပ်သူဗျ။ ကျုပ်တဦးထဲမသုံးတာ ...။
Aung Khaing Win
----------------------
လေးလေးရေ ၉၀% ယင်မနားဆေးကို ငါးရံ.ခြောက်တွေမှာ
ထုတ်လုပ်သူတွေသုံးနေတာ ကြာပြီလားဗျာ။
လုပ်ငန်းရှင်
-------------
အဲဒီဆေးကိုဘုရင်နောင်ပွဲရုံတွေကတဆင့်ရလာတယ်လို့ပြောကြတယ်။
ငါးရန့်ခြောက်က ဆားပေါ့လှမ်းရတော့ အစိုမှာ ယင်လိုက်တယ်။ ယင်ကောင်က
အစာစားရင်း မစင်စွန့်တယ်။ ဥချတယ်။ နောက်နေ့ဆို အကောင်ပေါက်ပြီ။
ဘယ်လိုမှရှင်းမရတော့ဘူး။
အဲဒီတော့ ငါးရန့်ခြောက်က အရောင်၊ အနံ့အရသာ မကောင်းတော့ဘူး။ ဈေးမရတော့ဘူး။
အဲဒါကြောင့် ယင်မနားဆေးကို သုံးနေကြပြီ။ထုတ်လုပ်သူက သုံးတာပါ ...။ ငါးခြောက် ဝယ်ရောင်းက သုံးတာမဟုတ်ဘူး။ ဆေးရဲ့အတိုင်းအဆ၊ သုံးနည်းအညွှန်းတို့ ဘယ်လိုသိပါ့မလဲကွယ် ... ဝိသမလောဘတွေပေါ့။))
Aung Khaing Win
----------------------
အဲဒီဆေးက ပိုးသတ်ဆေးအုပ်စုဝင်ဆိုတာတော. ကျတော်သိထားပါတယ်။
ဒါပေမဲ. ဘာတွေပါလဲဆိုတာ တရုတ်လိုပဲ ရေးထားတော့ သေချာမသိရဘူးပေါ့။
လုပ်ငန်းရှင်
-------------
ဟုတ်ပါတယ် ... ဒို့ဆီကလူတွေသုံးတဲ့ ပုံစံကဆေးကို ရေနဲ့ဖျော်ဆေးပြီးသား
ငါးရန့်ခြောက်ကို နှစ်နှစ်ပြီးမှ လှမ်းတာ ...။ နားတဲ့ယင်ကောင်
အကုန်သေတာမှမဲမဲလှုပ်ပဲ။ အမှန်တော့ ဒို့တွေဟာအဆိပ်တွေ စားနေကြရတာပါကွာ ......။ ။
အများအကျိုးကို လိုလားရှေးရှုပြီး လူများများဆီရောက်အောင် Share ရှယ် လုပ်ပေးကြပါခင်ဗျား။
by Aung Khaing Win
သက်ရှည်ကျန်းမာ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...