Sunday, August 31, 2014

ကျွန်တော့်ရဲ့ ပီတိ

<<<<<  ကျွန်တော့်ရဲ့ ပီတိ >>>>>

ငယ်ငယ်ကတည်းက စကားစပ်တိုင်း မေမေ ဆုံးမခဲ့တဲ့ စကားတစ်ချို့  ရှိခဲ့တယ်။

`` သားရေ... မြဲမြဲ မှတ်ထားဖို့က လူဆိုတာ အမြဲ အလုပ်လုပ်နေရမယ်... အသက်အရွယ်အရ သင့်လျော်တဲ့ အလုပ်ပေါ့.... ကိုယ့်အတွက်၊ မိသားစုအတွက်၊ သူတစ်ပါးအတွက်၊ ဖြစ်နိုင်ရင် တိုင်းပြည်အတွက် အကျိုး ရှိတဲ့ အလုပ်တွေကို လုပ်ကိုလုပ်နေရမယ်.. စာရေးဆရာကြီးတစ်ယောက်က ပြောဘူးတယ်၊ သူများခြံမှာ ဖြူပြာပွင့်ရင်... ကိုယ့်ခြံမှာလည်း နီဝါ တင့်ရမယ် တဲ့၊ သူများ အောင်မြင်နေတာကို မနာလိုဖြစ်စရာမလိုဘူးနော်... ကိုယ်လည်း အောင်မြင်အောင်ကြိုးစား၊ အလုပ်ကိုသာ မှန်မှန်ကန်ကန်လုပ်... လုပ်အားရှိရင် လုပ်ခရှိတယ်... အလုပ်လုပ်နေသမျှ လုပ်အားခ ရနေမှာပဲ´´ တဲ့......။

ဖေဖေကလည်း ကြုံတိုင်းပြောတတ်တဲ့ စကားလေးရှိတယ်...

`` မဟာဇနက္က မင်းသား ဘာကြောင့် မင်း ဖြစ်သလဲ သိလား၊ မှတ်ထားသား လုံ့လ ၀ိရိယကို မလျှော့ခဲ့လို့... အသက်လုနေရတဲ့ အချိန်မှာတောင် သီလမပျက်ခဲ့လို့´´တဲ့.....။

ကျွန်တော်ဖေဖေ့ကိုရော မေမေ့ကိုပါ အရမ်းချစ်တယ်၊ 
ကျွန်တော့်ဘ၀မှာ အလေးစားဆုံး အားအကိုးဆုံးက ဖေဖေ...
အယုံကြည်ရဆုံး... စိတ်အချဆုံးက မေမေပါပဲ။

ဒါကြောင့် မိဘစကားကို ကျွန်တော် အမြဲတမ်းလိုလို ရအောင် နားထောင်တယ်.. ခြွင်းချက်လေး တစ်ချို့  တော့လည်း ရှိခဲ့တာပေါ့။

အရင်းအနှီး တစ်ပြားမှ မရှိတဲ့ ကျွန်တော်က မိဘသင်ပေးလိုက်တဲ့ ပညာတွေရယ်...
မိဘတွေဆုံးမလိုက်တဲ့ အသိတရားတွေရယ်...
မိဘတွေ ပြောပြလိုက်တဲ့ ဗဟုသုတ သင်ခန်းစာတွေရယ်ကို အခြေခံပြီး... ကိုယ်တိုင်လေ့လာမှုတွေနဲ့ ပေါင်းစပ်နေထိုင်ခဲ့တယ်။

ကိုယ့်ခြံလေးမှာ နီဝါလေးတွေ တင့်စေဖို့ မလျှော့သော ဇွဲလုံ့လတွေနဲ့ သီလ မပျက်အောင် စောင့်ထိန်းရင်း ကြိုးစားရင်းနဲ့လေ....

အခုတော့ ဟိုနေရာ သည်နေရာလေးတွေမှာ စာလေးတွေပါတဲ့ စာရေးဆရာ ပေါက်စလေး ဖြစ်လာပြီ....

စာလေးတွေ ရေးနေတဲ့ ကျွန်တော့်ကို ခင်မင်သူတွေက ``ဆရာကွန် ´´ လို့ ခေါ်ကြတယ်...
အရမ်းကျေနပ်ပါတယ်...

ဒီနေ့လည်း မိုးမခမှာ ကျွန်တော့်ရဲ့ ရသ ပို့စ်လေး တစ်ပုဒ်ပါလာတဲ့ အကြောင်း သတင်းကောင်းလေး ကြားရတယ်..... ( အသိစာရေးဆရာမတစ်ယောက်က ပို့ပေးခဲ့တာပါ)

ဖြစ်ချင်တဲ့ အခြေအနေပေါင်းများစွာထဲကမှ လူတွေကို အသိတရားတွေ ဆင်ခြင်တုံတရားတွေ ကြည်နူး ကျေနပ်ခြင်းတွေ... ကျေးဇူးတရားနဲ့ ဂါရ၀တရားတွေ... နားလည်တတ်ခြင်း စောင့်ရှောက်တတ်ခြင်းနဲ့ ကူညီတတ်ခြင်းတွေကို မျှဝေပေးနိုင်တဲ့ စာရေးဆရာ ဖြစ်ချင်ခဲ့တာကတော့ အကြီးဆုံး ဆန္ဒ တစ်ခုပါပဲ။

ဘ၀မှာ မဟာမဆန်ခဲ့ပေမယ့် နီဝါတင့်တဲ့ ပန်းလေးတွေကို ကျွန်တော် နှလုံးသားနဲ့ရင်းပြီး တူးဆွ စိုက်ပျိုးနိုင်ပြီလေ.... အလုပ်လုပ်ရင်း တာဝန်ကျေတဲ့ လူသားတစ်ယောက်ဖြစ်ဖို့ နီးစပ်ခဲ့ပြီပေါ့....

ဖေဖေနဲ့ မေမေ့ကို အထူး ကျေးဇူးတင်လိုက်တာ....
မိတ်ဆွေများ အားလုံး ၀မ်းမြောက်နိုင်ကြပါစေဗျာ။

(ကွန်ဆူးမား)(၃၁-၈-၂၀၁၄)

ငယ်ငယ်ကတည်းက စကားစပ်တိုင်း မေမေ ဆုံးမခဲ့တဲ့ စကားတစ်ချို့ ရှိခဲ့တယ်။
`` သားရေ... မြဲမြဲ မှတ်ထားဖို့က လူဆိုတာ အမြဲ အလုပ်လုပ်နေရမယ်... အသက်အရွယ်အရ သင့်လျော်တဲ့ အလုပ်ပေါ့.... ကိုယ့်အတွက်၊ မိသားစုအတွက်၊ သူတစ်ပါးအတွက်၊ ဖြစ်နိုင်ရင် တိုင်းပြည်အတွက် အကျိုး ရှိတဲ့ အလုပ်တွေကို လုပ်ကိုလုပ်နေရမယ်..
စာရေးဆရာကြီးတစ်ယောက်က ပြောဘူးတယ်၊ သူများခြံမှာ ဖြူပြာပွင့်ရင်... ကိုယ့်ခြံမှာလည်း နီဝါ တင့်ရမယ် တဲ့၊ သူများ အောင်မြင်နေတာကို မနာလိုဖြစ်စရာမလိုဘူးနော်... ကိုယ်လည်း အောင်မြင်အောင်ကြိုးစား၊ အလုပ်ကိုသာ မှန်မှန်ကန်ကန်လုပ်... လုပ်အားရှိရင် လုပ်ခရှိတယ်... အလုပ်လုပ်နေသမျှ လုပ်အားခ ရနေမှာပဲ´´ တဲ့......။
ဖေဖေကလည်း ကြုံတိုင်းပြောတတ်တဲ့ စကားလေးရှိတယ်...
`` မဟာဇနက္က မင်းသား ဘာကြောင့် မင်း ဖြစ်သလဲ သိလား၊ မှတ်ထားသား လုံ့လ ၀ိရိယကို မလျှော့ခဲ့လို့... အသက်လုနေရတဲ့ အချိန်မှာတောင် သီလမပျက်ခဲ့လို့´´တဲ့.....။
ကျွန်တော်ဖေဖေ့ကိုရော မေမေ့ကိုပါ အရမ်းချစ်တယ်၊
ကျွန်တော့်ဘ၀မှာ အလေးစားဆုံး အားအကိုးဆုံးက ဖေဖေ...
အယုံကြည်ရဆုံး... စိတ်အချဆုံးက မေမေပါပဲ။
ဒါကြောင့် မိဘစကားကို ကျွန်တော် အမြဲတမ်းလိုလို ရအောင် နားထောင်တယ်.. ခြွင်းချက်လေး တစ်ချို့ တော့လည်း ရှိခဲ့တာပေါ့။
အရင်းအနှီး တစ်ပြားမှ မရှိတဲ့ ကျွန်တော်က မိဘသင်ပေးလိုက်တဲ့ ပညာတွေရယ်...
မိဘတွေဆုံးမလိုက်တဲ့ အသိတရားတွေရယ်...
မိဘတွေ ပြောပြလိုက်တဲ့ ဗဟုသုတ သင်ခန်းစာတွေရယ်ကို အခြေခံပြီး... ကိုယ်တိုင်လေ့လာမှုတွေနဲ့ ပေါင်းစပ်နေထိုင်ခဲ့တယ်။
ကိုယ့်ခြံလေးမှာ နီဝါလေးတွေ တင့်စေဖို့ မလျှော့သော ဇွဲလုံ့လတွေနဲ့ သီလ မပျက်အောင် စောင့်ထိန်းရင်း ကြိုးစားရင်းနဲ့လေ....
အခုတော့ ဟိုနေရာ သည်နေရာလေးတွေမှာ စာလေးတွေပါတဲ့ စာရေးဆရာ ပေါက်စလေး ဖြစ်လာပြီ....
စာလေးတွေ ရေးနေတဲ့ ကျွန်တော့်ကို ခင်မင်သူတွေက ``ဆရာကွန် ´´ လို့ ခေါ်ကြတယ်...
အရမ်းကျေနပ်ပါတယ်...
ဒီနေ့လည်း မိုးမခမှာ ကျွန်တော့်ရဲ့ ရသ ပို့စ်လေး တစ်ပုဒ်ပါလာတဲ့ အကြောင်း သတင်းကောင်းလေး ကြားရတယ်..... ( အသိစာရေးဆရာမတစ်ယောက်က ပို့ပေးခဲ့တာပါ)
ဖြစ်ချင်တဲ့ အခြေအနေပေါင်းများစွာထဲကမှ လူတွေကို အသိတရားတွေ ဆင်ခြင်တုံတရားတွေ ကြည်နူး ကျေနပ်ခြင်းတွေ... ကျေးဇူးတရားနဲ့ ဂါရ၀တရားတွေ... နားလည်တတ်ခြင်း စောင့်ရှောက်တတ်ခြင်းနဲ့ ကူညီတတ်ခြင်းတွေကို မျှဝေပေးနိုင်တဲ့ စာရေးဆရာ ဖြစ်ချင်ခဲ့တာကတော့ အကြီးဆုံး ဆန္ဒ တစ်ခုပါပဲ။
ဘ၀မှာ မဟာမဆန်ခဲ့ပေမယ့် နီဝါတင့်တဲ့ ပန်းလေးတွေကို ကျွန်တော် နှလုံးသားနဲ့ရင်းပြီး တူးဆွ စိုက်ပျိုးနိုင်ပြီလေ.... အလုပ်လုပ်ရင်း တာဝန်ကျေတဲ့ လူသားတစ်ယောက်ဖြစ်ဖို့ နီးစပ်ခဲ့ပြီပေါ့....
ဖေဖေနဲ့ မေမေ့ကို အထူး ကျေးဇူးတင်လိုက်တာ....
မိတ်ဆွေများ အားလုံး ၀မ်းမြောက်နိုင်ကြပါစေဗျာ။
(ကွန်ဆူးမား)(၃၁-၈-၂၀၁၄)
Like

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...