အမေရိကား အတွေ့အကြုံ (၃)
ခရီးသွားနေရင်းက စိတ်မကောင်းစရာတွေကြားခဲ့ရတယ်။
ကျွန်တော်တို့ မြန်မာပြည်ကလာတဲ့ ကောင်လေးနှစ်ယောက် အဝေးပြေးလမ်းမ (၉၀) ပေါ်မှာ ကားချင်းတိုက်မှုဖြစ်တာ။ သွေးတွေက မြင်မကောင်းအောင်ပဲ။ အူတွေ၊ ဥနှောက်တွေကလည်း ပြန့်ကျဲနေတာ ( ဆောရီးပါ။ အမင်္ဂလာတွေရေးပြနေလို့)။ နောက်က ကားတွေက ကြည့်တောင်မကြည့်ရဲရှာဘူး။
အိုး-- မိုင်ဂေါ့ ---- အိုးမိုင်ဂေါ့---- ဆိုပြီး မျက်နှာ ကို ပိတ်ပြီး ကွေ့မောင်းသွားကြတယ်။
ရဲကားတွေ ချက်ခြင်းရောက်လာပေမယ့်၊ အနားကို မကပ်ရဲကြဘူး။ Crime Sense ကို ချက်ခြင်းပြင်လို့ရတာမှ မဟုတ်တာ။ သူတို့လည်း သက်ပြင်းချပြီး စကားပြောစက်တွေ နဲ့။ မကြာဘူး။
သတင်းဋ္ဌာနက ကားတွေ ရောက်လာတယ်။ အူတွေ၊ ဥနှောက်တွေ၊ သွေးတွေ၊
မြင်ကွင်းတွေကို အတည့်ချိန်ထားတယ်။ အပြင်းအထန်ဒဏ်ရာရဘွယ်ရှိသော မြင်လို့မကောင်းသည့် ယာဉ်တိုက်မှုပေါ့။ သတင်းကြေငြာဖို့ မြင်ကွင်းရှေ့မှာ အသင့်ဖြစ်နေတယ်။
ကားထဲကနေ မြန်မာနိုင်ငံသား လူငယ်လေးနှစ်ယောက်ထွက်လာတယ်။
နားထင်မှာသွေးတချို့၊ တယောက်ကတော့ ခါး နဲ့ နံရိုးကို နှိပ်နေတယ်။
ရဲတွေက အမြန်ပဲ သူတို့နှစ်ယောက်ကို လူနာတင်ကားပေါ်တင်လိုက်တယ်။
ကားထဲက အလောင်းကို ဘယ်လိုထုတ်မလဲ စဉ်းစားနေကြတယ်။
ကျန်းမာရေးဝန်ထမ်းတွေ ကားဆီကို ရောက်သွားကြတယ်။
အလောင်းက ရှာမတွေ့ဘူး။
"မင်းတို့ ဘယ်နှစ်ယောက်လာတာလဲ"
"(၂) ယောက်တည်းပါ"
ရဲတွေ ပိုအံ့သြသွားတယ်။
"ဟင် --- ဒါဖြင့်-- ဒီ ဟာတွေက ဘယ်လိုဖြစ်တာလဲ"
အဲ့ဒါ -- ငါတို့ Syracuse မြို့က ဝယ်လာတာ။ ( ဖြေမှ ပိုရှုပ်ကုန်တော့တယ် )
ရဲတွေ မျက်လုံးပြူးသွားတယ်။ စိတ္တဇလူသတ်သမားတွေလား ပေါ့။
တကယ်တော့ ကျွန်တော်တို့နိုင်ငံကရောက်လာတဲ့ 
ဒုက္ခသည်တချို့က Syracuse ဆိုတဲ့မြို့လေးမှာ နွားတကောင်လုံးဝယ်ပြီး သတ်၊
ဖျက်၊ ခွဲဝေစားကြတယ်။ ( သူတို့အခေါ်တော့ နွား သွားဖေါ်တယ်ပေါ့)။ အဲ့ဒီတော့
နွားသွေးတွေ၊ အူတွေ၊ အသဲတွေ၊ ဥနှောက်တွေကို ပုံးတခုတည်း ထည့်ယူလာတယ်။
အဖြစ်မှန်ကို သိတော့ ရဲတွေ တော်တော်စိတ်လေသွားတယ်။
အော်-- ဒီလောက် အသားပေါတဲ့ နိုင်ငံမှာ၊
Food Stamp တွေ ထောက်ပံ့ပေးထားလို့ အသားကို လွယ်လွယ်ကူကူဝယ်စားလို့ ရတဲ့ နိုင်ငံမှာ။
သူတို့မို့ နွားတကောင်လုံးသတ်ပြီး သယ်လာရတယ် လို့။
ခုတော့ --- အမေရိကန်တွေလည်း မြန်မာဒုက္ခသည်တွေအကြောင်း အံ့သြပြီးရင်း အံ့သြ သင်ယူနေရတော့တယ်။
ဒါတင်ပဲလား ဆိုတော့။ မကသေးဘူး။
"မီးရထားလမ်းရွက်" ဆိုတာလည်း ရှိသေးတယ်။
မီးရထားသံလမ်းဘေးမှာ ပေါက်နေတဲ့ အရွက်လေးက သူတို့ စားနေကြ အရွက်လေး နဲ့ တူလို့တဲ့။
တယောက်ပြီးတယောက် ခူးစားလိုက်တာ၊ နောက်တော့ --- အုပ်စုလိုက်ဖြစ်လာတယ်။
မီးရထားသံလမ်းနားမှာ နေတဲ့အဖြူတွေရော၊ ဖြတ်မောင်းသွားတဲ့ ကားပေါ်က အဖြူတွေရော စိတ်ဝင်တစားကြည့်နေကြတယ်။ ရက်အတန်ငယ်ကြာတော့ ပိုက်ဆံမရှိတဲ့ အဖြူတွေကပါ မီးရထားသံလမ်းဘေးက အရွက်ကို ခူးနေကြတယ်။
ဒုက္ခသည်တွေ မီးရထားသံလမ်းဘေးက အရွက်တွေကို ခူးစားနေတဲ့ အကြောင်းက သတင်းမှာ ပါလာတယ်။ ဒုက္ခသည် ကူညီရေးအဖွဲ့တွေလည်း ခေါင်းစားပြီပေါ့။ စာရင်းပြကြရတော့တယ်။ သူတို့လည်း သူတို့ရတဲ့ ဘတ်ဂျက်ငွေထဲက စားသောက်စရိတ် နဲ့ Food Stamp တွေလည်း ပေးပါတယ်ပေါ့။
နောက်ဆုံးတော့ ရဲကားတွေ ရောက်လာပြီး တားရတော့တယ်။
" မင်းတို့က အဲ့သလို ခူးစားနေရင်း တိရိစ္ဆာန်လေးတွေ စားဖို့ ဘယ်ရှိတော့မှာလဲ။ မင်းတို့အတွက် ဆူပါမားကက်တွေရှိပါတယ်။ မခူးကြပါနဲ့တော့ကွာ" တဲ့။
ခုတော့ တို့နိုင်ငံကမြန်မာတွေ နိုင်ငံတကာသတင်းမီဒီယာတွေမှာ ထူးထူးဆန်းဆန်း၊
ဒါတင်ပဲလား။ မကသေးပါဘူး။ ဆက်ရန်ရှိပါသေးတယ်။
ကျွန်တော်တို့ မြန်မာပြည်ကလာတဲ့ ကောင်လေးနှစ်ယောက် အဝေးပြေးလမ်းမ (၉၀) ပေါ်မှာ ကားချင်းတိုက်မှုဖြစ်တာ။ သွေးတွေက မြင်မကောင်းအောင်ပဲ။ အူတွေ၊ ဥနှောက်တွေကလည်း ပြန့်ကျဲနေတာ ( ဆောရီးပါ။ အမင်္ဂလာတွေရေးပြနေလို့)။ နောက်က ကားတွေက ကြည့်တောင်မကြည့်ရဲရှာဘူး။
အိုး-- မိုင်ဂေါ့ ---- အိုးမိုင်ဂေါ့---- ဆိုပြီး မျက်နှာ ကို ပိတ်ပြီး ကွေ့မောင်းသွားကြတယ်။
ရဲကားတွေ ချက်ခြင်းရောက်လာပေမယ့်၊ အနားကို မကပ်ရဲကြဘူး။ Crime Sense ကို ချက်ခြင်းပြင်လို့ရတာမှ မဟုတ်တာ။ သူတို့လည်း သက်ပြင်းချပြီး စကားပြောစက်တွေ နဲ့။ မကြာဘူး။
သတင်းဋ္ဌာနက ကားတွေ ရောက်လာတယ်။ အူတွေ၊ ဥနှောက်တွေ၊ သွေးတွေ၊
မြင်ကွင်းတွေကို အတည့်ချိန်ထားတယ်။ အပြင်းအထန်ဒဏ်ရာရဘွယ်ရှိသော မြင်လို့မကောင်းသည့် ယာဉ်တိုက်မှုပေါ့။ သတင်းကြေငြာဖို့ မြင်ကွင်းရှေ့မှာ အသင့်ဖြစ်နေတယ်။
ကားထဲကနေ မြန်မာနိုင်ငံသား လူငယ်လေးနှစ်ယောက်ထွက်လာတယ်။
နားထင်မှာသွေးတချို့၊ တယောက်ကတော့ ခါး နဲ့ နံရိုးကို နှိပ်နေတယ်။
ရဲတွေက အမြန်ပဲ သူတို့နှစ်ယောက်ကို လူနာတင်ကားပေါ်တင်လိုက်တယ်။
ကားထဲက အလောင်းကို ဘယ်လိုထုတ်မလဲ စဉ်းစားနေကြတယ်။
ကျန်းမာရေးဝန်ထမ်းတွေ ကားဆီကို ရောက်သွားကြတယ်။
အလောင်းက ရှာမတွေ့ဘူး။
"မင်းတို့ ဘယ်နှစ်ယောက်လာတာလဲ"
"(၂) ယောက်တည်းပါ"
ရဲတွေ ပိုအံ့သြသွားတယ်။
"ဟင် --- ဒါဖြင့်-- ဒီ ဟာတွေက ဘယ်လိုဖြစ်တာလဲ"
အဲ့ဒါ -- ငါတို့ Syracuse မြို့က ဝယ်လာတာ။ ( ဖြေမှ ပိုရှုပ်ကုန်တော့တယ် )
ရဲတွေ မျက်လုံးပြူးသွားတယ်။ စိတ္တဇလူသတ်သမားတွေလား ပေါ့။
တကယ်တော့ ကျွန်တော်တို့နိုင်ငံကရောက်လာတဲ
အဖြစ်မှန်ကို သိတော့ ရဲတွေ တော်တော်စိတ်လေသွားတယ်။
အော်-- ဒီလောက် အသားပေါတဲ့ နိုင်ငံမှာ၊
Food Stamp တွေ ထောက်ပံ့ပေးထားလို့ အသားကို လွယ်လွယ်ကူကူဝယ်စားလို့ ရတဲ့ နိုင်ငံမှာ။
သူတို့မို့ နွားတကောင်လုံးသတ်ပြီး သယ်လာရတယ် လို့။
ခုတော့ --- အမေရိကန်တွေလည်း မြန်မာဒုက္ခသည်တွေအကြောင်း အံ့သြပြီးရင်း အံ့သြ သင်ယူနေရတော့တယ်။
ဒါတင်ပဲလား ဆိုတော့။ မကသေးဘူး။
"မီးရထားလမ်းရွက်" ဆိုတာလည်း ရှိသေးတယ်။
မီးရထားသံလမ်းဘေးမှာ ပေါက်နေတဲ့ အရွက်လေးက သူတို့ စားနေကြ အရွက်လေး နဲ့ တူလို့တဲ့။
တယောက်ပြီးတယောက် ခူးစားလိုက်တာ၊ နောက်တော့ --- အုပ်စုလိုက်ဖြစ်လာတယ်။
မီးရထားသံလမ်းနားမှာ နေတဲ့အဖြူတွေရော၊ ဖြတ်မောင်းသွားတဲ့ ကားပေါ်က အဖြူတွေရော စိတ်ဝင်တစားကြည့်နေကြတယ်။ ရက်အတန်ငယ်ကြာတော့ ပိုက်ဆံမရှိတဲ့ အဖြူတွေကပါ မီးရထားသံလမ်းဘေးက အရွက်ကို ခူးနေကြတယ်။
ဒုက္ခသည်တွေ မီးရထားသံလမ်းဘေးက အရွက်တွေကို ခူးစားနေတဲ့ အကြောင်းက သတင်းမှာ ပါလာတယ်။ ဒုက္ခသည် ကူညီရေးအဖွဲ့တွေလည်း ခေါင်းစားပြီပေါ့။ စာရင်းပြကြရတော့တယ်။ သူတို့လည်း သူတို့ရတဲ့ ဘတ်ဂျက်ငွေထဲက စားသောက်စရိတ် နဲ့ Food Stamp တွေလည်း ပေးပါတယ်ပေါ့။
နောက်ဆုံးတော့ ရဲကားတွေ ရောက်လာပြီး တားရတော့တယ်။
" မင်းတို့က အဲ့သလို ခူးစားနေရင်း တိရိစ္ဆာန်လေးတွေ စားဖို့ ဘယ်ရှိတော့မှာလဲ။ မင်းတို့အတွက် ဆူပါမားကက်တွေရှိပါတယ်။ မခူးကြပါနဲ့တော့ကွာ" တဲ့။
ခုတော့ တို့နိုင်ငံကမြန်မာတွေ နိုင်ငံတကာသတင်းမီဒီယာတွေမှာ ထူးထူးဆန်းဆန်း၊
ဒါတင်ပဲလား။ မကသေးပါဘူး။ ဆက်ရန်ရှိပါသေးတယ်။
0 comments:
Post a Comment