အရင် သေပေးပါ
ဆရာက ကျောင်းသားများကို မေးနေသည်။
ဆရာ - "ကဲ ဆရာပိုင်သမျှအရာအားလုံး ဥပမာ အိမ်၊ ကား၊ ဆရာစုဆောင်းထားတဲ့ ငွေတွေကိုကွာ၊
အကုန်ရောင်းချပီး ဘုန်းကြီးကျောင်းမှာ လှူဒါန်းမယ်၊ အာ့ဆို ဆရာ နတ်ပြည်ရောက်ပီလား"
ကျောင်းသားများ - "မရောက်သေးပါဘူး ဆရာ"
ဆရာ - "ကဲ အာ့ဆို ဆရာ ဘုန်းကြီးကျောင်းမှာ တံမြက်စည်းလှည်းပေးမယ်၊ ဘုန်းကြီးရဲ့ ဝေယျာဝစ္စတွေ လုပ်ပေးမယ်၊ ဘုရားပန်းတွေ လဲပေးမယ်၊ သစ်သီးဆွမ်းတွေ ကပ်မယ်၊ ဘုရားဝင်းတွင်းလဲ အကုန်ရှင်းလင်းပေးမယ်၊ အာ့ဆို ဆရာ နတ်ပြည်ကို ရောက်ပီလား"
ကျောင်းသားများ - "မရောက်သေးပါဘူး ဆရာ"
ဆရာ - "ဟင် အာ့ဆို နတ်ပြည်ကို ဆရာ ဘယ်လိုလုပ်မှ ရောက်မှာလဲ"
ဤတွင် ကျောင်းသားများထဲမှ ကျောင်းသားတယောက် ထဖြေသည်။
"ဟုတ်ကဲ့၊ အရင်သေရပါဦးမယ် ဆရာ"
(အင်္ဂလိပ်jokeတခုမှ ကွကို မြန်မာလို ရေးလိုက်သည်၊ ညစ်နေလို့ စိတ်ထဲ ထင်သလို ရေးလိုက်သည်)

0 comments:
Post a Comment