Thursday, August 28, 2014

#(၁) မိန်းမတို့ အကြောင်း

အိမ်နီးနားချင်း အိမ်ထောင်သည် အမျိုးသမီး (၂)ယောက် ဈေးအသွားလမ်းမှာ တွေ့ကြရင်း စကားရပ်ပြောနေကြပါတယ်။ ဈေးက ပြန်လာတဲ့ မိန်းမနာမည်က ဒေါ်ဝ ၊ ဈေးကို သွားနေတဲ့ မိန်းမက ဒေါ်လှ ဆိုပါစို့။
ဒေါ်လှ ။ ။ ဟော ၊ မ၀တို့တော့ ဈေးတောင် ပြန်လာပြီ။ ကျွန်မကတော့ ခုမှ ဟန်ပြင်တုန်း။ ဒါထက် စကားမစပ် မနေ့ညက ဘာဖြစ်ကြတာတုန်း။ ညသန်းကောင်ကြီး ဆူလို့ညံလို့ . . . ရှင်တို့အိမ်ဖက်က ။

ဒေါ်ဝ ။ ။ မပြောချင်ပါဘူး မလှ ရေ။ အိမ်က အကောင်ပေါ့။ အလုပ်တော့ ကောင်းကောင်း မလုပ်ဘဲ ဟိုအရေတွေကို နေ့တိုင်းသောက် ၊ ပြီးတော့ မူးရင်လည်း ကောင်းကောင်းမနေဘဲ ၊ မိန်းမကို ဟိုလူနဲ့ စွပ်စွဲ ဒီလူနဲ့ စွပ်စွဲ နဲ့ ၊ ညကတော့ ကျုပ်လည်း မခံနိုင်လွန်းလို့ ပြန်ပြီး လုပ်တာ ၊ ဘာပြောကောင်းမလဲ ။ သူတစ်ပြန်ကိုယ်တစ်ပြန်ပေါ့။
သူကလည်း ကျမကို ရိုက် ၊ ကျမကလည်း ပြန်ပြီး ကုတ်ဆွဲ နဲ့ ၊ နပမ်းလုံးကြတာ ၊ တော်သေးတယ် ၊ ရက်ကွက်လူကြီးတွေ ရောက်လာလို့။
ဒေါ်လှ ။ ။ ဟုတ်ပါ့တော် ။ ကျမတို့တောင် အိပ်ပျော်နေရာက လန့်နိုးလာတယ်။ အင်း - ရှင့်မလည်း ဒီယောင်္ကျား နဲ့ တစ်ဒုက္ခနော်။ ပြောရရင် ယောင်္ကျားတွေလည်း ဘယ်ယောင်္ကျားမှ ကောင်းပါဘူးတော်။ ဒီပုပ်ထဲ ဒီပဲတွေ ချည်းပါဘဲ။ ဒါနဲ့ ဈေးက ဘာတွေ ၀ယ်ပြီး ပြန်လာတုန်း။
ဒေါ်ဝ ။ ။ မှိုလေးတွေတော်ရေ့ ။ ရာသီပေါ် ဖက်သွပ်မှိုလေးတွေလေ ။ သူများတွေ ၀ိုင်းဝယ်နေတဲ့ကြားက ကျုပ်ဖြင့် အတင်းလု ၀ယ်လာရတယ်။ ''အိမ်ကလူက မှိုဟင်းဆို သိပ်ကြိုက်တာလေ'' ။
ဒေါ်လှ ။ ။ သြော် သြော် ။ ဟုတ်ကဲ့ ဟုတ်ကဲ့ ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...