Saturday, August 30, 2014

#Digital Camera တစ်လုံးဝယ်ယူရာတွင် သတိပြုသင့်သည့် အချက်(၁၀)ချက်

တက်နိုင်ရင်တက်နိုင်သလောက် ၀ယ်ယူသုံးစွဲဖို့စိတ်ဝင်စားခြင်းခံရတဲ့အထဲမှာ
ဒစ်ဂျစ်တယ်ကင်မရာ ဆိုတာကြီး လည်း ပါဝင်နေတာ မိတ်ဆွေတို့လည်း သိကြမှာ
ဖြစ်ပါတယ်။ အိမ်မှာ အလှူလေးလုပ်တာကအစ..သူငယ်ချင်းတွေရဲ့ အလှူ၊မင်္ဂလာဆောင်
စတဲ့ ပွဲလမ်းသဘင်များမှာ လက်စွမ်းပြချင်တာ မိတ်ဆွေများလည်းတွေးမိကောင်းတွေးမိကြမှာပါ။
ဒါဆိုရင် Digital Camera တစ်လုံးကိုဘယ်လိုဝယ်ယူကြမလဲ…?
ကျနော်လေ့လာထားတာလေးတွေတော့ ရှိပါတယ်။ အကောင်းဆုံးနည်းနာများကို
လက်ဆင့်ကမ်းလိုက်ပါတယ်..။ နှစ်သက်တယ်ဆိုရင် Comment လေးပဲဖြစ်ဖြစ်. .ပေးခဲ့နိုင်ပါတယ်။ ဝေဖန်ရေးလည်း လုပ်သွားနိုင်ပါတယ်..။

ကဲ..လေ့လာကြရအောင်..။(၀၁) ဒစ်ဂျစ်တယ်ကင်မရာတစ်လုံးကို မ၀ယ်ယူခင် အရင်လေ့လာပါ။
ကင်မရာတစ်လုံးကိုဝယ်တော့မယ်ဆိုရင် ကိုယ်လိုချင်တဲ့ကင်မရာအမျိုးအစားကို
အွန်လိုင်းက Specification တွေကို
လေ့လာဖတ်ကြည့်ပြီးပဲဖြစ်ဖြစ်…နားလည်တက်ကျွမ်းသူများကို
မေးမြန်းလို့ဖြစ်ဖြစ်.. အရင်ဆုံးလေ့လာထားသင့် ပါတယ်။ ကြိုတင်မေးမြန်း
လေ့လာထားတော့ ဆိုင်ရောက်မှရွေးချယ်ဝယ်ယူခြင်းထက်တော့ ပိုမို
အထောက်အကူပြုစေပါတယ်။
(၀၂) Resolution အမြင့်ဆုံးရနိုင်မယ့် ဒစ်ဂျစ်တယ်ကင်မရာ အမျိုးအစားကို ရွေးချယ်ပါ။
ဒစ်ဂျစ်တယ်ကင်မရာ ၀ယ်ယူတော့မယ်ဆိုရင်
သတ်မှတ်တန်ဖိုးခြင်းတူနေရင်..တူနေမယ်ဆိုရင်… Resolution
အမြင့်ဆုံးရနိုင်မယ့် ဒစ်ဂျစ်တယ်ကင်မရာ အမျိုးအစားကို ရွေးချယ်သင့်ပါတယ်။
ဒစ်ဂျစ်တယ်ကင်မရာတစ်လုံးရဲ့ အရေးကြီးတဲ့အချက်အလက်တွေထဲမှာ Resolution ဟာ
ထိပ်ဆုံးနေရာက ရှိနေပါတယ်။
(၀၃) မှန်ဘီလူး (Lens) အမျိုးအစားကို ဂရုပြုပါ။
ဒစ်ဂျစ်တယ်ကင်မရာတစ်လုံးရဲ့ မှန်ဘီလူးဟာ အမျိုးအစားအနေနဲ့ပြောရရင်
ပလတ်စတစ် (သို့ ) မှန် နဲ့ပြုလုပ်ထားတာ တွေ့ရပါတယ်။ ပြောချင်တာကတော့
မှန်နဲ့လုပ်ထားတဲ့အမျိုးအစားကိုသာ ရွေးချယ်ဝယ်ယူစေချင်ပါတယ်။
အချိန်ကြာမြင့် လာတာနဲ့အမျှ ပလတ်စတစ်နဲ့လုပ်ထားတဲ့ Lens တွေက
စိတ်အနှောက်အယှက်ဖြစ်စရာတွေ ကြုံလာရတက်ပါတယ်။
(၀၄) Battery အမျိုးအစားကို သတိထားပါ။
ဒစ်ဂျစ်တယ်ကင်မရာတွေမှာ သတိပြုသင့်တဲ့အကြောင်းအရာတစ်ခုပါ။ အချို့
ကင်မရာအမျိုးအစားတွေက Alkaline သုံး အမျိုးအစားတွေဖြစ်ပြီး
အချို့အမျိုးအစားတွေကတော့ Lithium သုံး ဓါတ်ခဲအမျိုးအစားတွေဖြစ်ပါတယ်။
Lithium အသုံးပြုသူများကတော့
ကုန်ကျစရိတ်ပိုမိုသက်သာစေနိုင်ပြီးအရမ်းအေးတဲ့ဒေသများမှာတော့ Alkaline
ဓါတ်ခဲက ပိုမိုသင့်တော်ပါတယ်။ ပတ်ဝန်းကျင်ပေါ်မူတည်ပြီး
ရွေးချယ်ဝယ်ယူတက်ဖို့လိုအပ်ပါတယ်။
(၀၅) RAM အနည်းအများကို ဂရုပြုဝယ်ယူပါ။
RAM ဆိုတာကတော့ ဒစ်ဂျစ်တယ်ကင်မရာအတွင်းမှာပါတဲ့ Built-in ပါဝင်လာတဲ့
Memory ပမာဏဖြစ်ပြီး RAM များလာ တာနဲ့အမျှ အတွင်းမှာ ပုံတွေကို
ပိုမိုသိမ်းဆည်းထားနိုင်မှာဖြစ်ပါတယ်။ SD Card တွေကို
ထည့်သွင်းအသုံးပြုရတာ မှန်ပေမယ့် RAM မြင့်မားတဲ့ ကင်မရာတွေက
ပိုမိုအားသာချက်တွေ ရှိနေပါတယ်။
(၀၆) Flash ရဲ့လုပ်ဆောင်မှုကို ရွေးချယ်ပါ။
Flash ဟာလည်း ဒစ်ဂျစ်တယ်ကင်မရာတွေမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု
ဖြစ်ပါတယ်။ Flash မကောင်းတဲ့အခါ ရိုက်ထားတဲ့ ပုံတွေမှာ
မည်းမှောင်နေတာမျိုး၊လင်းလွန်းနေတာမျိုးတွေ ဖြစ်တက်ပါတယ်။ Pro camera
တွေမှာ EV ပါဝင်နေလို့ (+/-) လုပ်လိုက်ယုံနဲ့ လိုချင်တဲ့ အလင်းပမာဏကို
ရနိုင်ပေမယ့် သာမန် အိမ်သုံးကင်မရာတွေအတွက်ကတော့ မ၀ယ်ခင်ကတည်းက
ရွေးချယ်ဝယ်ယူသင့်ပါတယ်။
(၀၇) Zoom ကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။
အချို့ကင်မရာတွေမှာ Zoom တွေအများကြီး အသုံးပြုနိုင်ဖို့
ထည့်သွင်းထားတာတွေ့ရပါတယ်။ ဒါပေမယ့် Zoom များသွားတဲ့အခါမှာ ပုံတွေ
ေ၀၀ါးသွားတာမျိုး..မပြတ်သားတာမျိုးတွေဖြစ်တက်ပါတယ်။
ဒါကြောင့်ဝယ်ယူတော့မယ်ဆိုရင် Zoom ကို ကောင်းကောင်း
ကလော်..အဲလေ…အမြင့်ဆုံးအနေအထားနဲ့ စမ်းသပ်ရိုက်ကြည့်သင့်ပါတယ်။
(မှတ်ချက်- အိမ်သုံးကင်မရာအမျိုးအစားဆိုရင် Zoom ကို
အကုန်လုံးဆွဲတာမျိုးကိုတော့ ရှောင်ကျဉ်ပါ။ ပုံကို
ဆွဲချဲ့ပေးတာမျိုးမဟုတ်ဘဲ ထပ်ချဲ့ပေးတာမျိုးဖြစ်နေတက်လို့
အကုန်လုံးဆွဲပြီး ဓါတ်ပုံမရိုက်ပါနဲ့။ ဆိုင်မှာ ၀ယ်နေစဉ်မှာတော့
စမ်းသာစမ်းပါ.. အားပေးတယ်။)
(၀၈) ဒစ်ဂျစ်တယ်ကင်မရာရဲ့ ဆက်စပ်ပစ္စည်းများကိုပါ တစ်ခါတည်း ၀ယ်ယူပါ။
ပစ္စည်းအမျိုးအစားတစ်ခုကို ၀ယ်ယူပြီဆိုရင် သက်ဆိုင်ရာဆက်စပ်ပစ္စည်းလေးတွေက
လိုအပ်တက်ပါတယ်။ ဒီလိုပါပဲ.. ကင်မရာတစ်လုံးဝယ်ယူပြီဆိုရင်လည်း Tri-Port
(သုံးချောင်း ဒေါက်)၊ SD Card ၊ Battery အပို၊ ကင်မရာထည့်ရန် အိတ်
စတာတွေလည်း ၀ယ်ယူသင့်ပါတယ်။
(၀၉) အာမခံချက်ရှိသော အမှတ်တံဆိပ်ကိုသာ ရွေးချယ်ဝယ်ယူပါ။
ဈေးကွက်ထဲမှာတော့ နာမည်မျိုးစုံ ၊ တံဆိပ်မျိုးစုံ ၊ နိုင်ငံမျိုးစုံရဲ့
ပစ္စည်းတွေ အများအပြားကို တွေ့နိုင်မှာပါ။ ဒီနေရာမှာတော့ နာမည်ရှိပြီး
အာမခံချက်အပြည့်အ၀ပေးတဲ့ အမှတ်တံဆိပ်ကိုသာ ရွေးချယ်ဝယ်ယူသင့်ပါတယ်။
ဈေးနှုန်းကွာခြားချက် ရှိနိုင်ပေမယ့် အသုံးပြုရာမှာကော
ရေရှည်ခံနိုင်ရည်ရှိတာရောပါ ကွာခြားပါတယ်။ မှတ်ထားရမှာက ပစ္စည်းကောင်းတွေက
ဈေးပေါလေ့မရှိဘူးဆိုတာပါပဲ..။
(၁၀) သတ်မှတ်ငွေကြေးကိုသာ အသုံးပြုပါ။
ဒစ်ဂျစ်တယ်ကင်မရာတစ်လုံးကို ၀ယ်မယ်ဆိုရင် မ၀ယ်ခင်ကတည်းက
သတ်မှတ်ချက်တစ်ခုထားရှိသင့်ပါတယ်။ Pro Crema ၀ယ်ယူသူများဆိုရင်
နောက်ဆက်တွဲကုန်ကျစရာတွေ အများအပြားရှိနေသေးတဲ့အတွက်ကြောင့် တိကျတဲ့
သတ်မှတ်ချက် ကတော့ ထားရှိသင်ပါတယ်။
ပစ္စည်းကောင်းလေးတွေကို စွမ်းအင်ပြည့်အသုံးချနိုင်ပါစေ..။
နန်းညွန့်ဦး
ရေးသားသူ >> နန်းညွန့်ဦး 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...