Saturday, August 30, 2014

နိုင်ငံတော်ဗဟိုအဆင့် ပိုစတာပြိုင်ပွဲမှာ ပထမဆုနှစ်ခါရရှိခဲ့တဲ့ ပန်းချီဆရာမ မခိုင်သဇင်ထက်နှင့် တွေ့ဆုံခြင်း

YoYarLay added 5 new photos — with Artist KhaingThazin Htet.
YoYarLay's photo.

ကျွန်မက ပန်းချီဆွဲနေရရင် စိတ်ချမ်းသာတယ်

ပန်းချီပညာမှာ ထူးချွန်ထက်မြက်တဲ့ သူတစ်ယောက် ဖြစ်တဲ့ မခိုင်သဇင်ထက်နှင့် ရိုးရာလေးမှ တွေ့ဆုံခဲ့ ပါတယ်။ မခိုင်သဇင်ထက်ဟာ ငယ်စဉ် ကလေးဘဝ အရွယ် ကတည်းက ပန်းချီပညာကို ဝါသနာပါခဲ့ပြီး ယခုလည်း ပန်းချီ ပညာဖြင့် သူမ၏ နေ့ရက်တွေကို ဖြတ်ကျော်နေပါတယ်။

မေး ။ ။ မခိုင်သဇင်ထက်ရဲ့ Profile အကျဉ်းလေးကို သိပါရစေ။
ဖြေ ။ ။ ကျွန်မဟာ ၁၉၉၁ မှာ မွေးတဲ့သူပါ။ အကို ၂ ယောက် ရှိတဲ့ အငယ်ဆုံး သမီးပေါ့။ မှတ်မှတ် ရရ မူကြိုမှာ ကတည်းက အရောင် ကတ်ပြားတွေ ရွေးတဲ့ပြိုင် ပွဲမှာ ပထမဆရ ရလေရဲ့။ နောက်ပိုင်း ကလေး ပန်းချီပြိုင်ပွဲလေးတွေ ဝင်ပြိုင်တယ် ဘာမှ မတတ်သေးပေမဲ့ ဟိုလျှောက်ခြစ် ဒီလျှောက်ခြစ်ပေါ့လေ။ နှစ်သိမ့် ဆုတောင် ရသေး။ အဲ့ဒါနဲ့ပဲ ကျွန်မ ၇ တန်း စာမေးပွဲဖြေပြီး နွေရာသီကစ အဖေက ဆရာမကြီးဒေါ်နွဲ့ နွဲ့ ရီရဲ့  ပန်းချီသင်တန်းပို့ ခဲ့တယ် ၂၀၀၃ လောက်ကပေါ့။ အဲ့ဒီမှာ ပန်းချီအခြေခံတွေ စသင် ရတယ်လေ။ ပြီးတော့ ပန်းချီပြိုင် ပွဲတွေ ဝင်ပြိုင်ခဲ့တာပေါ့။ မှတ်မှတ် ရရ ဂျပန်မှာပြုလုပ်တဲ့ ကလေး ပန်းချီပြိုင်ပွဲ တွေက Certificate တွေ ၆ ခု ၇ ခုလောက် ကျမ ရခဲ့တယ်။ ဗိုလ်တထောင် ၄ မှာလဲ ပန်းချီနဲ့ ပတ်သတ်ပြီး နာမည်ကြီး သူပေါ့။

YoYarLay's photo. မေး ။ ။ တစ်နိုင်ငံလုံး ပထမဆုတွေက ဘယ်ခုနှစ်တွေက ရခဲ့တာပါလဲ။
ဖြေ ။ ။ ၂၀၀၇ ၊ ၂၀၀၉ ခုနှစ် ကမ္ဘာ့ လူဦးရေနေ့ အထိမ်းအမှတ်ပြိုင်ပွဲမှာ ရခဲ့တာပါ။ တစ်နိုင်ငံလုံး ပထမ ဆုနှစ်ဆုနဲ့ တခြား အထူးဆုတွေ ရခဲ့တာပါ။
မေး ။ ။ ယခုချိန်ထိ ပန်းချီကား ဘယ်လောက်များများ ဆွဲပြီးခဲ့ပါပြီလဲ။
ဖြေ ။ ။ ခဲကားတွေက ၃၀ မှ ၄၀ လောက်ပေါ့။ ရေဆေးက ၁၀၀ ကျော်မယ် acrylic ကားက ၃၀ နီးပါး ဆွဲပြီးခဲ့ပါပြီ။ နောက်ထပ် လေ့ကျင့်ထားတဲ့ ဟာတွေလည်း ရှိပါသေးတယ်။
မေး။ ။ ပန်းချီပညာဟာ ဆရာမ ဘဝအတွက် ဘယ်လောက် အရေးပါပါသလဲ။ ဘယ်တော့ထိ ဒီပညာရပ်ကို လုပ်သွားဖို့ ရှိပါသလဲ။
ဖြေ ။ ။ အရေးပါတယ် ဆိုတာထက် ပုံ မဆွဲရ မနေနနိုင်တာ။ အမြဲ ဓါတ်ပုံရိုက် ပုံကြမ်းရေး ပန်းချီဆွဲနေ ရရင် ပျော်ပါတယ်။ ဒီပညာရပ်ကို မသေမချင်း လုပ်သွားမှာပါ။ တခြားအလုပ် လုပ်ခဲ့ရင်လ အားတဲ့အချိန် ပန်းချီရေးနေမှာပါပဲ။ ဒါဟာ ဘယ်သူကမှ တိုက်တွန်းခြင်း မရှိဘဲနဲ့ ကိုယ့်ပင်ကို ဗီဇက စကားပြောတယ်လို့  ထင်ပါတယ်။
မေး ။ ။ ပန်းချီကား တော်တော်များများမှာ သစ်ပင်ပါရတဲ့ အကြောင်းကရော။
YoYarLay's photo. ဖြေ ။ ။ သစ်ပင် တွေက လူသားတွေအတွက် မိတ်ဆွေကောင်းပဲ။ အသီး၊ အပွင့် ၊ အရွက် ပေးတယ်။ အရိပ်ပေးတယ်။ အောက်ဆီဂျင်ထုတ် ပေးတယ်။ ရာသီဥတု သဘာဝ ပတ်ဝန်းကျင် အတွက်လဲ အထောက်အပံ့ ဖြစ်စေတယ်။ သစ်တော ပြုန်းတီးမှုတွေလဲ ကာကွယ်ရမယ်။ ဆရာမကို fb မှာဆို သစ်ပင် ရေးတဲ့ ပန်းချီဆရာမ အဖြစ် သိကြပါတယ်။
မေး ။ ။ ဆရာမရဲ့ ပန်းချီကားတွေကို စိတ်ဝင်စားလို့ လာရောက် ကြည့်ရှုချင်တယ်ဆိုရင် ဘယ်မှာ ကြည့်လို့ ရနိုင်မလဲ။
ဖြေ ။ ။ https://www.facebook.com/pages/Khaingthazinhtets-art-gallery/446527098733933 မှာ တင်ပေးထားပါတယ်။ အဲဒီပေ့ခ်ျလေးမှာ
ပန်းချီကားတွေကို အသေးစိတ် ကြည့်နိုင်ပါတယ်။
မေး ။ ။ ရိုးရာလေး ပရိသတ်တွေ အတွက် ကျေးဇူးတင် စကားလေးပြော ပေးပါအုံး။
ဖြေ ။ ။ ပန်းချီ ပြပွဲတွေ သွားကြည့်ကြပေးပါ။ ပန်းချီကားတွေကို တန်ဖိုးထားပြီး အားပေးကြတဲ့အခါ ပန်းချီဆရာတွေ အတွက်လဲ ပို အားဖြစ်စေ ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
ရိုးရာလေး အင်တာဗျူး ကဏ္ဍ
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...