Tin Nyunt
ပညာရေးဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက အထက်တန်းပြဆရာ၊ ဆရာမ နှစ်ထောင်ကျော်ကို “ကန်ထရိုက် စနစ်” နဲ့ ချက်ချင်းခန့်တော့မတဲ့ဗျ။
ပညာရေးဝန်ကြီးရဲ့ဒေတာတွေကလည်
း
ရယ်စရာကိုဖြစ်လို့။ ယခင်ပညာရေးဝန်ကြီးလက်ထက်က ကျောင်းသား ၂၉ ဦးကို
ဆရာတစ်ဦးနှုန်းတဲ့။ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှာ ကျောင်းသား ၂၃ ဦးကို
ဆရာတစ်ဦးနှုန်း သင်ကြား ပေးနေပါသတဲ့။ ဟုတ်ရဲ့လား ဆရာတို့ … ဆရာမတို့ရဲ့။
ဒေါက်တာကြီးက သူခန့်မယ့် ဆရာတွေ ဆရာမတွေဟာ “ဘွဲ့ရ” တွေတဲ့ဗျ။ အလိုဗျာ
ဒေါက်တာ … ဘွဲ့ရတာနဲ့ ဆရာခန့်လို့ရသတဲ့လားဗျာ။ ဒေါက်တာတို့ ကိုယ်တိုင်
ကိုယ့်တိုင်းပြည်က ဘွဲ့ရတိုင်းဟာ ဆရာတွေ သိသင့် သိထိုက် သင်သင့် သင်ထိုက်
နားလည်သင့် နားလည်ထိုက်တာတွေ အားလုံး တတ်ကျွမ်းပြီးမြောက်သူတွေလို့
သတ်မှတ်ပါသလားဗျာ။
အတန်းထဲဝင်လာ အထူးထုတ်လေးကိုင်၊ လိုက်ဖတ်၊
လိုက်ဆို၊ အလွတ်ကျက်ခဲ့၊ စာမေးပွဲမှာ ဒါကျက် ဒါရေး ဒါပဲမေးမှာလို့
ပြောတတ်သူသည် ဆရာဟူ၏လို့ ဒေါက်တာကြီး သတ်မှတ်ပါသလားခင်ဗျာ။