Wednesday, November 2, 2016

English Speaking Basics (6) အင်္ဂလိပ်စကားပြောအခြေခံများ (၆)

Win Naing Oo to အင်္ဂလိပ်စာစိတ်ဝင်စားသူများ

လွယ်လွယ်ရိုးရိုး စကားလုံးလေးတွေနဲ့ ၀ါကျလေးတွေက ဆန်းဆန်းပြာပြား ခေတ်ပေါ်စကားလုံးတွေထက် ပိုပြီးအသုံးများပါတယ် ၊ အခြေခံအားဖြင့် ၀ါကျရိုးရိုးလေးတွေကို ပိုင်နိုင်အောင် လေ့လာဖို့က ပိုပြီး အရေးကြီးပါတယ် ..
.
(1) I'VE DECIDED TO + (VERB)
..
တစ်ခုခုကို စလုပ်ဖို့ ဆုံးဖြတ်ပြီးသားကိစ္စတွေကို ပြောဆိုဖို့ ဒီပုံစံကို သုံးနိုင်ပါတယ် ၊ နိဂုံးချုပ်အဖြစ်နဲ့ အဖြေထုတ်လိုက်တဲ့ ကိစ္စတွေကိုလည်း သုံးနိုင်ပါတယ် ('I've' is short for 'I have' and including the word 'decided' you are stating that you have made a decision or come to a conclusion.)


.....
(1.1) I've decided to accept the job.
အလုပ်ကို လက်ခံဖို့ ကျနော်ဆုံးဖြတ်ပြီးပြီ
(1.2) I've decided to complete my degree.
ကျနော့်ရဲ့ ဘွဲ့ကို ပြီးဆုံးအောင် သင်ယူဖို့ ဆုံးဖြတ်လိုက်ပြီ
(1.3) I've decided to change my bad habits.
ကျနော့်ရဲ့ ဆိုးဝါးတဲ့ အမူအကျင့်တွေကို ပြင်ဖို့ ဆုံးဖြတ်လိုက်ပြီ
(1.4) I've decided to extend my membership at the library.
စာကြည့်တိုက်မှာ ကျနော့်ရဲ့ အသင်းဝင်သက်တမ်းကို တိုးမြှင့်ဖို့ ဆုံးဖြတ်ပြီးပြီ
(1.5) I've decided to hand over my responsibilities.
ကျနော့်ရဲ့ လုပ်ဆောင်ရမယ့် တာဝန်တွေကို လွှဲအပ်ပေးဖို့ ဆုံးဖြတ်လိုက်ပါပြီ
(Hand over = လွှဲပြောင်းသည် , Responsibilities = တာဝန် ၀တ္တရားများ)
(1.6) I've decided to increase my work load.
ကျနော့်ရဲ့ လုပ်ငန်းတာဝန် ပမာဏကို တိုးမြှင့်ပြီးယူဖို့ ဆုံးဖြတ်ပြီးပါပြီ (Work load = အလုပ်ပမာဏ )
(1.7) I've decided to manage a store.
အထွေထွေ ပစ္စည်း အရောင်းဆိုင်တစ်ခုကို အုပ်ချုပ်စီမံဖို့ ဆုံးဖြတ်ပြီးပါပြီ
……………………….
(2) I WAS ABOUT TO + (VERB)
.......................
ကျနော်တို့ တစ်ခုခုကို လုပ်ဖို့ အလွန်နီးကပ်နေပြီဆိုလျင် အဲဒါကို ဒီပုံစံနဲ့သုံးပါတယ် ၊ about to ကို “တော့မလို့” ဆိုတဲ့စကားနဲ့ အစားထိုး နားလည်နိုင်ပါတယ် (When stating 'I was about to' you are informing someone that you are going to be doing something at that moment or in the very near future.)
.
(2.1) I was about to go out.
ကျနော် အပြင်ထွက်တော့မလို့ပါ
(2.2) I was about to go to dinner.
ကျနော် ညစာစားပွဲကို သွားတော့မလို့ပါ
(2.3) I was about to go to bed.
ကျနော် အိပ်ယာဝင်တော့မလို့ပါ
(2.4) I was about to go to work.
ကျနော် အလုပ်သွားတော့မလို့ပါ
(2.5) I was about to say the same thing.
ကျနော် အတူတူပဲ ပြောတော့မလို့ပါ (ရှေ့တစ်ယောက်က တစ်ခုခု ပြောထားပြီး ဖြစ်မယ်)
(2.6) I was about to call you.
ကျနော် ခင်ဗျားကို ဖုန်းခေါ်တော့မလို့ပါ
(2.7) I was about to send you an email.
ကျနော် ခင်ဗျားကို email ပို့တော့မလို့ပါ
(2.8) I was about to order us some drinks.
ကျနော်တို့အတွက် သောက်စရာတစ်ခုခု မှာတော့မလို့ပါ
………………………………………………
လုပ်တော့မလို့ ဟန်ပြင်ခဲ့တာတွေကို ဒီအတိုင်း ပြောနိုင်ပါပြီ
.
မေတ္တာဖြင့်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...