Wednesday, February 29, 2012
နောင် ပွင့်တော်မူမည့် Aramaedaeya မြတ်စွာဘုရား သမိုင်း
Co2zeиith
ချမ်းမြေ့မြိုင်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော နောင် ပွင့်တော်မူမည့် Aramaedaeya မြတ်
စွာ ဘုရား အကြောင်း ကို ဘလော့မိတ်ဆွေများ တရားနာယူ လို့ ရအောင် တင်ပေးလိုက်ပါတယ်.
အင်တာနက်လိုင်းမကောင်းတဲ့မိတ်ဆွေများ အသံဖိုင်မှ တရားနာလို့ မရရင် အရိနေတ္တယျဘုရားဖြစ်တော် စဉ်ကို   အောက်မှာ တရားမှတ်ယူနိုင်ပါတယ်.
အရိမေတ္တေယျဘုရား ကို ဖူးခွင့်ရမည့် ပုဂ္ဂိုလ်များ...
၁။ ယခုကြုံတွေ့နေတဲ့ ဂေါတမ သာသနာတွင်းမှာ ကိုယ်တိုင် ရဟန်းသာမဏေ သီလရှင်ဝတ်ပြီး ပရိယတ်၊ ပဠိပတ်သာသနာပြုတဲ့ ပုဂ္ဖိုလ်။
၂။ မိမိရင်မှဖြစ်တဲ့သား၊ သူတစ်ပါးရင်မှ ဖြစ်တဲ့သားတွေကို ရဟန်းခံပေးခြင်း၊ ရှင်ပြုပေးခြင်းပြုတဲ့ ပုဂ္ဖိုလ်။
၃။ မိခင်ဖခင်တို့ကို ၀တ်ကျေတန်းကျေမဟုတ်ဘဲ စိတ်ပါလက်ပါ ရိုသေစွာပြုစုလုပ်ကျွေးတဲ့ ပုဂ္ဖိုလ်။
MEDIA BE PREPARED-မီဒီယာတွေ ပြင်ဆင်ထားကျပါ
by Udp Myanmar on Thursday, March 1, 2012 at 9:54am ·
စာနယ်ဇင်းလွတ်လပ်လာတာနဲ.အမျှ တိုးတက်နေတဲ့ နည်းပညာခေတ်ကြီးမှာ သတင်းမီဒီယာ တွေ စာနယ်ဇင်းတွေ ပြင်ဆင်ထားမှ တန်ရာကျပါမည်။ ပွင့်လင်းမှုနှင့်အတူ ယှဉ်ပြိုင်မှုတွေ ကြီး မားလာတဲ့အခါ အရည်အသွေးက အခါရာ ဖြစ်လာပါမည်။
ခပ်ညံ့ညံ့အဆင့်တန်းနဲ.ကတော့ ရေရှည် ရပ်တည်နိုင်မှာ မဟုတ်ပဲ လမ်းတ၀က်မှာပဲ ပြတ်ကျ နေရစ်မှာ မုချပါ။ ဒါကြောင့် သတင်းမီဒီယာတွေ ပြင်ဆင်ထားဖို. လိုပေသည်။ ဆက်သွယ်ရေး စနစ်တွေ ကောင်းလာမယ်။ အင်တာနက်နဲ. ဖုန်းလိုင်းတွေ ကောင်းလာတာနဲ. မြန်မာလူငယ် တွေမှာ ကော်ပီတွေ ဘာသာပြန်တွေကို အရင်ကလို စောင့်ဖတ်တော့မှာ မဟုတ်ပဲ ပြောင်းလဲ နေတဲ့ ကမ္ဘာကြီးနဲ.အတူ
သမ္မတ ဦးသိန်းစိန် မိန့် ခွန်း (၁-၃-၂ဝ၁၂)
by Lwin Aung Soe on Thursday, March 1, 2012 at 12:04pm ·
We fight We win blogှ ကူးယူဖော်ပြသည်။
http://komoethee.blogspot.com/2012/02/blog-post_8676.html
ဦးသိန်းစိန် မိန့် ခွန်း  လာနေပါတယ်။  MRTV4 က နေ လွှင့်နေပါတယ်။
အမျိုးသားပြန်လည်သင့်မြတ်ရေး နဲ့ ငြိမ်းချမ်းရေးကို ဘယ်လိုကြိုးပန်းခဲ့တယ်ဆိုတာကိုပြောနေတယ်။
01.03.2012 နေ့ဖတ်ရန်သတင်းများ
by Myanmar Journal on Thursday, March 1, 2012 at 12:07pm ·
မြောက်ကိုရီးယား ခြေလှမ်းသစ် ကန်ကြို
မြောက်ကိုရီးယားရဲ့ ယူရေနီယမ် သန့်စင်ရေး အစီအစဉ်နဲ့ အဏုမြူနဲ့ တာဝေးပစ် ဒုံးကျည် စမ်းသပ်မှုတွေ ရပ်ဆိုင်းထားဖို့ ကြေညာချက်ကို အမေရိကန် အစိုးရ က ကြိုဆိုခဲ့ပါတယ်။
ဒါဟာ ကိုရီးယား ကျွန်းဆွယ်မှာ အဏုမြူ လုံးဝ ကင်းစင်ရေး အတွက် အကောင်းဘက် ဦးတည် တဲ့ ပထမ ခြေလှမ်း၊ ဒါပေမယ့် လက်တွေ့ လုပ်ဆောင်ဖို့ စွဲမြဲဖို့ လိုတယ်လို့ အမေရိကန် အစိုးရက ဆိုပါတယ်။
အရင်ပတ်က ဘေဂျင်းမှာ အမေရိကန်နဲ့ မြောက်ကိုရီးယား သံတမန်တွေ တွေ့ဆုံပြီးနောက် ဒီကြေညာချက် ထွက်လာတာပါ။
“ကျောင်းသားနှင့် နိုင်ငံရေး”
globallinn09
 ယနေ့ ကျွန်ုပ်တို့ မျိုးဆက်သစ် ကျောင်းသားလူငယ်များကြားတွင် နိုင်ငံရေးနှင့် ပတ်သက်၍ အသိအမြင်နည်းမှု၊ နိုင်ငံရေး၏ သဘောသဘာဝကို နားလည်မှု နည်းပါးနေကြသည်ကို အားမလိုအားမရ ဖြစ်မိသည်။ ဤသည်မှာ ဆန်းတော့ မဆန်းပါ။ ယနေ့ အခါကာလတွင် အုပ်စိုးသူ အာဏာရှင်တို့အနေ ဖြင့် ၄င်းတို့၏ မတရားသဖြင့် နိုင်လိုမင်းထက်ပြုမူမှုများကို ဖုံးဖိနိုင်ရန်၊ ၄င်းတို့၏ မတရားအုပ်စိုးမှု သက်ဆိုးရှည်ရန်အတွက် ကျွန်ုပ်တို့အား စဉ်းစားဆင်ခြင်တွေးခေါ်တတ်လာစေနိုင်သော ပညာရေးမျိုးကို ဖန်တီးမပေးထားပေ။
ဗိုလ်ချုပ်အောင်ဆန်းအကြောင်း (၁)
အမှာ။     ။ကျွန်တော့်တွင် ၁၉၆၆ ခုနှစ် ဇူလိုင်လထုတ်( လွန်ခဲ့သည့်နှစ်ပေါင်း ၄၆ နှစ်က) ကျုံပျော်စာပေက ထုတ်သော ဗိုလ်ချုပ်အကြောင်းစာအုပ်လေးကို ဖတ်ကောင်းလွန်းလှသဖြင့် မိတ်ဆွေထံမှ  အပိုင်တောင်းရု် သိမ်းထားကာ သုံးလေးခေါက် ဖတ်ပြီးပေပြီ။ ဖတ်လို့မဝသေးသကဲ့သို့ ဖတ်တိုင်း ဗိုလ်ချုပ်ကို လေးစားအားကျခြင်းများလဲ အစဉ်တိုးနေတတ်သည်။နောက်ပြီး မြန်မာပြည်လွတ်လပ်ရေးကို အသက် သွေး ချွေး ဇွဲ ဝီရိယ လုံလ စိတ်ဓါတ်တို့ဖြင့် ရွတ်ရွတ်ချွံချွံ ပေးဆပ် ယူထားရသဖြင့် ဗိုလ်ချုပ်အောင်ဆန်းသာမက အားလုံးသော ထင်ရှားသူေ၇ာ မထင်ရှားခဲ့ပဲ ပေးဆပ်ခဲ့သူတွေရော အစဉ်လေးစား ဦးခိုက်မိသည်။ ထို့ကြောင့် ကျွန်တော်သည် အားလပ်ချိန်ကလေးများ ရတိုင်း ကွန်ပြူတာရှေ့ထိုင်ရု် စာအုပ်မှ စာများကို ရိုက်ကာ မိတ်ဆွေများကို ဝေငှချင်သည့် စေတနာများပေါက်လာကာ ကိုယ်တိုင်၇ိုက်ပြီး ဝေငှပါသည်။ အကယ်ရု် ကှုစာအုပ်သည် ပြင်ပတွင် လွယ်ကူစွာ ဖတ်ရှုနိုင်သော ( သို့မဟုတ်) အများစုဖတ်ပြီးသားများဖြစ်နေပါက ကျွန်တော့ကို အကြောင်းပြန်ပေးပါရန်နှင့် ဤစာအုပ်သည် ရှားပါးစာအုပ်ထင်ရု်သာ အပင်ပန်းခံ ပြီး မျှဝေမိကြောင်း ရိုးသားစွာ မဏာမတင်ပြအပ်ပါသည်။
မြန်မာနိုင်ငံ (၁၃၀၀ - ၁၈၈၅) ဖြစ်ပေါ်တိုးတက်မှု အကျဉ်းချုပ်
2012/2/29 Limit <linminaung@gmail.com>
ကို ကြည့်မယ်ဆိုလျှင် အောက်ပါအတိုင်း တွေ့ရမှာ ဖြစ်ပါတယ်။ (LuZein)
၁၃၀၀ ပုဂံနိုင်ငံပျက်
၁၃၀၁ တရုတ်က မြင်စိုင်းကို ရအောင် မသိမ်းနိုင်
၁၃၁၂ ပင်းယမြို့တည်
၁၃၆၂ ဗညားဦး ရွှေတိဂုံ စေတီ ဉာဏ်တော်ကို ၆၆ ပေထိမြှင့်
၁၃၆၄ ရှမ်းဖျက်လို့ ပင်းယ၊ စစ်ကိုင်းပျက်
၁၃၆၅ အဝမြို့တည်
၁၃၆၈ ဇီးတောဆည် ဆောက်၊ မိတ္ထီလာကန် ပြန်ဆည်
၁၃၆၉ မဒမ က နန်းတော်ကို ဗဂိုးပြောင်း
၁၃၇၄ ရခိုင်က မြန်မာမှာ နန်းလျာတောင်း
၁၃၉၀ - ၉၁ ဗောလောကျန်းတော သေ၊ မင်းရဲကျော်စွာ မွေး
၁၄၀၄ ရခိုင်မင်းတွေ ရခိုင်ဘွဲ့အပြင် မဟာမေဒင်ဘွဲ့ကိုလဲယူ
၁၄၃၃ မြို့ဟောင်း (မြောက်ဦး) တည်
NGOs တွေမှာ ဘာတွေကိုဘယ်လိုလက်ကိုင်ပြုထားကြသလဲ
*** ယခုပေးပို့လာသော ဖိုင်ပါအချက်အလက်များနှင့် အမြင်များသည် ကာယကံရှင် နေရဲမာန်၏
    အတွေ့အကြုံ နှင့် အမြင်များသာ ဖြစ်သည် ။
From: information aryonethit <info.aryonethit@gmail.com>
Date: 2012/2/29
ပူးတွဲပါဖိုင်ကိုဖတ်ကြည့်ပါ။ ဂုဏ်သိက္ခာကိုထိမ်းသိမ်းကြပါစို့
နေရဲမာန်
ဗိုလ်ချုပ်အောင်ဆန်းအကြောင်း (၂) (၃)
soe naing
 သခင်ဝါဒလှိုင်းယဉ်သာမှာ
``ဗမာပြည်သည် ဒို့ပြည်၊ ဗမာစာသည် ဒို့စာ၊ ဗမာစကားသည် ဒို့စကား၊ ဒို့ပြည်ကို ချစ်ပါ၊ ဒို့စာကို လေးစားပါ၊ ဒို့စကားကို လေးစားပါ။``         ဒို့ဗမာအစည်းအရုံး ဆောင်ပုဒ်ကြွေးကြော်သံကား ဗမာပြည်တစ်ဝှမ်းလုံးလိုလိုပြန့်နှံ့မြူးကွန့်လျက် နိုင်ငံရေးတက်ကြွနေခိုက် ဖြစ်တော့သည်။ ထိုလှိုင်းယဉ်သာဌ် ကျွန်တော်လည်း ဗမာ့လွတ်လပ်ရေးကို လိုချင်ရမက်အားကြီးသူပြီပြီ၊ သခင်တစ်ယောက်အနေဖြင့်၎င်း၊ ဗမာ့လက်ရုံးတပ်သားတစ်ယောက် အနေဖြင့်၎င်း၊ ကျောင်းသားသမဂဂရဲဘော်တစ်ယောက်အနေဖြင့် တဖုံ ကူးသန်းကာ မြူးတူးရင်း အထက်ပါဒို့ဗမာဆောင်ပုဒ်ကို အနုလုံပဋိလုံ နှလုံးသွင်းလျက် သာယာဝတီညီလာခံကြီးသို့ သခင်အောင်ဆန်းတို့နောက်မှ တတ်ရောက်ခဲ့လေသည်။
Facebook Pages ဒီဇိုင်းအသစ် ပြောင်းမည်
by The Voice Weekly on Thursday, March 1, 2012 at 8:40am ·
ရန်ကုန် မတ် ၁
https://www.facebook.com/about/pages/
နာမည်ကျော် လူမှုသတင်းကွန်ယက် ဝက်ဆိုက် Facebook က ဝန်ဆောင်မှု ပေးနေသော Facebook Pages စာမျက်နှာများကို မတ်လ ၃၀ ရက်နေ့တွင် ဒီဇိုင်းပုံစံ အသစ်သို့ ပြောင်းလဲတော့မည် ဖြစ်ကြောင်း Facebook က ယနေ့ ကြေညာလိုက်သည်။
မြန်မာမလေးများရဲ့အမျိုးသားဝတ်စုံ(လူထုဒေါ်အမာ)
by Shwe Aeim Si on Wednesday, February 29, 2012 at 3:21pm ·
 မြန်မာမတွေရဲ့ အမျိုးသားဝတ်စုံဆိုတဲ့အခါကျတော့
အမျိုးသားဝတ်စုံရယ်လို့ ရှိချင်သေးလား။ မရှိရင်လည်း ရတာပါပဲလို့
အောက်မေ့နေကြသလား။ ရှိချင်သေးတယ်ဆိုရင်တော့ အောက်ထစ်ဆုံး ထဘီတော့
ဝတ်စုံအဖြစ် သတ်မှတ်ရဦးမှာပဲ။ ကုလားမတွေကို ကြည့်လိုက်ရင် ဆာရီဟာ သူတို့
အမျိုးသားဝတ်စုံပါပဲ။
လူစွမ်းကောင်းများရဲ့ ပါဝါ ဗျူဟာ
by Saw Hosea on Friday, December 30, 2011 at 9:11pm ·
        ၂၀၁၁ ခုနှစ် နိုင်ဝင်ဘာလ ၁၇ ရက်နေ့၌ သြစတြေးလျှ ပါလီမာန်နှင့် အမေရိကန်ပြည်ထောင်စု၏ ချုပ်ဆိုသော စာချုပ်အရ အာရှဖစ်စိဖိတ်ဒေသ၏ ပထဝီနိုင်ငံရေးအတွက်အန္တရာယ်ကြီးသော အနေအထားသို့ရောက်ရှိလာပြီဖြစ်သည် ။ ၁၀ စုနှစ်တခုစာမျှ အရှေ့အလယ်ပိုင်း၌သာ  အာရုံမျာခဲ့သော အမေရိကန်ပြည်ထောင်စု၏ အာရုံစိုက်မှုနှင့် ပါဝါအရွေ့မှာ အာရှနှင့် ဖိစိဖိတ်ဒေသပေါ် သို့ ပေါ်ပေါ်တင်တင် ပြောင်းလဲလာနေပြီဖြစ်သည်။
           အမေရိကန်၏ အနာဂါတ်ဘတ်ဂျက်အရ ယင်းဒေသအတွင်း အားကောင်းသည့် စစ်စခန်းတည်ဆောက်ဖို့အတွက်လဲ ပြင်ဆင်ထားပြီးဖြစ်သည်။ အမေရိကန်မူဝါဒအသစ်ရည်ရွယ်ချက်တစ်ခုမှာ တရုတ်ပြည်သို့တိုက်ရိုက်ချဉ်းကပ်သည့် ရည်ရွယ်ချက် မဟုတ်သော်ငြားလည်း မူလရည်ရွယ်ချက်မှာ ဒေသအတွင်း အကြမ်းဖက်နှိမ်နှင်းရေးထက် မဟာဗျူဟာကျလာမည့် ကူးသန်းရောင်း ဝယ်ရေး လမ်းကြောင်းကို ကန့်သတ်ထိန်းချုပ်ဖို့က ပိုပြီးတော့ ရည်ရွယ်လာပါတယ်။
အမေရိကန်စတိုင်လ်ဗုဒ္ဓဘာသာ
by Dhamma Ganga on Thursday, March 1, 2012 at 3:36am ·
၁၉၇၂ ခုနှစ်တွင် ဂျက်ခ်ကွန်း ဖီးလ်သည် ၀ါရှင်တန် ဒီစီမြို့တော်သို့ လေယာဉ်ဖြင့် ရောက်လာခဲ့သည်။
သူ၏ ဦးခေါင်းသည် ပြောင်စိမ်းနေသည်။ သူ၏ ကိုယ်ပေါ်မှာ တော့ ၀ါရွှေသောသင်္ကန်းကို ဆင်မြန်း ထားလေသည်။
သူက အမေရိကားတွင် ရဟန်းတစ်ပါး အဖြစ် ရပ်တည် နိုင်မလား စုံစမ်းရန် အိမ်ပြန်ခဲ့ ခြင်းဖြစ်ပါသည်။
ကွန်းဖီးလ်သည် ထိုင်းနိုင်ငံရှိ ဗုဒ္ဓဘာသာဘုန်းတော်ကြီး ကျောင်းတစ်ခုတွင် တည်ကြည်ငြိမ်သက်သောနှစ်များစွာ ကို ဖြတ်သန်းကုန်ဆုံးစေခဲ့သည်။ ထိုကျောင်းတွင် သူသည် ပရိက္ခရာအနည်းငယ်ဖြင့် နေ့စဉ်တောရဆောက်တည်သီတင်းသုံးကာ တင်းကြပ်သော ၀ိနည်းကျင့်ဝတ်များကို လိုက်နာကျင့်သုံးလျက် ၀ိပဿနာ ဘာဝနာပွားများနေခဲ့သည်။
ဆရာ ကျော်ဝင်း ၏ “Strengthening Civil Society for Democratization in Myanmar” ဟောပြောပိုချချက်များ
Wave Myanmar အဖွဲ့မှ - ဖေဖေါ်ဝါရီ ၁၈ ရက်၊ တွင်ကျင်းပခဲ့သော စာရာရေးဆရာ ကျော်ဝင်း ၏ “Strengthening Civil Society for Democratization in Myanmar” ဟောပြောပိုချချက်များကို တိုက်ရိုက်နားဆင်နိုင်ပါသည်။ Download လုပ်၍လည်းရပါသည်။ အချင်းချင်းလည်း လွတ်လပ်စွာမျှဝေနိုင်ပါသည်။ Link ကိုနှိပ်၍ နားဆင် နိုင်ပါသည်။
http://www.facebook.com/pages/Wave-Myanmar%E1%80%B7/120719987986519?sk=app_192229990808929
Meditation is beyond the Mind.
by Zay Ya on Wednesday, February 29, 2012 at 8:46pm ·
Meditation ဆိုတဲ့ စကား ကို မြန်မာမှု ပြုတဲ့အခါ ဘာဝနာ လို့ သုံးစွဲခဲ့ပါတယ်။
ဒါပေမယ့် စင်စစ် ဘာဝနာ ဆိုတဲ့ စကားက Meditation ဆိုတဲ့ စကားရပ်ထက် ပိုကျယ်ပြန့်တယ်။ အနောက်တိုင်း ရဲ့ အသုံးအနှုန်းမှာ Meditation ကို နားလည်တာက ~
၁. Concentration  စိတ်စူးစိုက်မှု
၂. Contemplation အနုလုံ ပဋိလုံ ဆင်ခြင်မှု
စသဖြင့် တွေနဲ့ ရောယှက် နားလည်ယူပါတယ်။
လူတိုင်းပြောင်းလဲ သင့်သော အချိုးလေး
by Moenge Aung on Thursday, March 1, 2012 at 2:35am ·
ဒီလောကမှာ တိုးတက်အောင်မြင်ချင်တဲ့ သူငယ်ချင်းများ ကိုဘယ်နေရာမှာ ရှိနေတယ်ဆိုတာတော့ သိထားဖို့ လိုအပ်ပါတယ် ။ ငွေကြေးအရအောင်မြင်ဖို့ အဓိကသိဖို့လိုအပ်တာ ၃ မျိုးရှိပါတယ် ။ ကဲပြောပြမယ် နံပါတ်
(၁)  Scholastic Education  ( ကျောင်းတွင်းပညာရေး)
(၂)  Professional Education ( အသက်မွေးဝမ်းကြောင်းအတတ်ပညာရေး
(၃) Financial Education ( ငွေကြေးနဲ့ ဆိုင်တဲ့ပညာရေး) ဆိုပြီးပညာရေး သုံးမျိုးရှိပါတယ်။
ထုံမှထုံတတ်ပလေ
by Moenge Aung on Thursday, March 1, 2012 at 3:28am ·
မိအေးထုံသည် ဦးကွန့်၏ မယားပါ သမီးဖြစ်သည်။ ဦးကွန့်သည် ပထွေးဆိုသော်လည်း အေးထုံကို သမီးရင်းကဲ့သို့ ချစ်သနားသည်။ အေးထုံက အမည်နှင့် လိုက်သည်။ အေးဆေးသည်။ ထုံနန နှင့် သူ့ပင်ကိုယ်စရိုက်က မှာသည့် အတိုင်း ပြောသည့် အတိုင်းသာ လုပ်တတ်၏။
 “ဧည့်သည် အတွက် ခရားထဲ ရေနွေးထည့်ခဲ့” ဟုပြောလျှင် ရေနွေးပဲ ထည့်လာ၏။ လက်ဖက်ခြောက် မခပ်။ “လက်ဖက်သုပ်လိုက်” ဆိုလျှင် လက်ဖက်ကိုချည်း ဆီဆမ်း၊ ဆားဖြူး၍ နယ်လာ၏။ ဘာအဆာမှ မပါ။ ဒီလို ထုံနန၊ အေးဆေးပြီး ရိုးရှာလွန်းသဖြင့် ဦးကွန့်က သနားသည်။
စာဖတ်ခြင်း စာမဖတ်ခြင်းနှင့် ယနေ့ခေတ်လူငယ် {မြင့်ငွေ(မော်ကျွန်း)}
by Shwe Aeim Si on Wednesday, February 29, 2012 at 4:23pm 
''အရှေ့ကနေဝန်း ထွက်သည့်ပမာပ၊ တို့ခေတ်ကို ရောက်ရမည်မှာမလွဲပါ'' အထက်ပါ စာသားလေးကို ရွတ်မိ ဖတ်မိရလေတိုင်း စိတ်ထဲ၌ ကြက်သီးထမျှ တက်ကြွမှုကို ပေးစွမ်းလေ့ရှိပေသည်။
ထိုစာသားသည်ကား တေးရေးဆရာဝိုင်အမ်ဘီဆရာတင်၏ 'တို့ဗမာ'သီချင်းမှစာသားပင်၊ တစ်နည်းအားဖြင့် သခင် ဘသောင်းတို့၏ ကြိုးပမ်းမှုမှထွက်ပေါ်လာသော ပြည်သူတို့၏ငုပ်လျှိုးနေသည့် အမျိုးသားရေးစိတ်ဓာတ်ကို လှုပ်နှိုးစေခဲ့ သောစာသားပင်။
သခင်ဘသောင်း၊ သခင်လေးမောင်၊ သခင်ဗဟိန်းအစရှိသော တက္ကသိုလ်ကျောင်းသားကြီးများလက်ထက် (၂ဝ)ရာစု ဆန်းတွင်မှ 'နယ်ချဲ့ကိုမဖြစ်မနေတော်လှန်ဆန့်ကျင်ရမည်'ဟူသော အသိစိတ်များနိုးကြားလာခဲ့ကြသည်။ အရှေ့တောင် အာရှနိုင်ငံများ၏ အမျိုးသားရေးလှုပ်ရှားမှုကိုကြည့်လျှင် (၂ဝ)ရာစုဆန်း၊ ခေတ်ပညာတတ်များပေါ်ပေါက်လာချိန်မှ စတင်လာကြသည်ကိုတွေ့ရမည်။
မောင်မောင်တိတ် (သို့မဟုတ်) ၇၄ ကျောင်းသားခွပ်ဒေါင်း သူပုန်ကြီး
သူ့ကို ကြီးသူနှင့် ရွယ်တူများက “ကိုတိတ်” ဟု ခေါ်ကြသည်။ သူ့ထက်ငယ်သူ ကျနော်တို့ အားလုံးကတော့ အဘ တိတ် ဟု ခေါ်သည်။ ချာတိတ်တွေကလည်း ချစ်စနိုးနှင့် “အဘတိတ်” ထိုသို့ခေါ်ဝေါ်ခြင်းတွင် ချစ်ခင်လေးစားမှုနှင့် ရိုသေသ မှုများ ပါဝင်နေသလို၊ ဒါကို သူကလည်း သိပါသည်။
သေချာသည်မှာ သူ့ အသက်အရွယ်သည် ယနေ့ကာလ၌ အဘအရွယ်သို့ ရောက်ရှိနေပြီ၊ ၅၀ ကျော် ၆၀ တန်း၊ ဆံ ပင်ဖြူ၊ နှုတ်ခမ်းမွှေးဖြူ မုတ်ဆိတ်မွှေးများဖြူ၍ တင်စားဆိုရမလား ကဗျာဆန်ဆန်ပြောရမလားမသိ ကမ္ဘာကျော် ဗီယက်နမ် ခေါင်းဆောင်ကြီး “ဟိုချီမင်း” လိုလို သို့မဟုတ် တရုတ်ပြည်မှ တော်လှန်ရေး စာရေဆရာကြီး လူရွှန်း လိုလို။ လူချင်း တွေ့ခိုက်, ယင်းသို့ ပြောလျှင်သူသည် မကြိုက်သလိုလိုနှင့် ( စိတ်ထဲမှာကျိတ်၍) “တဟဲဟဲ” သဘောကျနေ တတ်သည်။
ကမ္ဘာ့အကျော်အမော် တရုတ် အားကစားသမားများ
တရုတ်က စီးပွားရေးမှာတင် စူပါပါဝါဖြစ်လာရုံ မဟုတ်ဘဲ၊ အားကစားမှာလည်း ကမ္ဘာ့အင်အားကြီးဖြစ်အောင် တည်ဆောက် နေသည်။ ပြီးခဲ့တဲ့ ပေကျင်းအိုလံပစ်မှာ တရုတ်အားကစားသမားတွေက အခြားနိုင်ငံတွေထက် ရွှေတံဆိပ်ပိုမို ရရှိခဲ့ကြသည်။လာမယ့် ဇူလိုင်လ လန်ဒန်မှာ ကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲမှာလည်း တရုတ်က ရွှေတံဆိပ် အများဆုံးရဖို့ အသားကုန် ပြန်ဆင်နေကြသည်။
မြန်မာအစိုးရရဲ့ လျှို့ဝှက်စီမံကိန်း
ဘာတေးလ် လစ်တနာ
မြန်မာနိုင်ငံရဲ့ လက်ရှိအစိုးရနဲ့ အရင်အစိုးရတို့ရဲ့ အလွန်ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းတွေအပေါ်မှာ နိုင်ငံတကာက ဝေဖန်ပြစ်တင်တာတွေ ရပ်တန့်သွားပြီး ခုချိန်မှာ မြန်မာအစိုးရအတွက် နိုင်ငံတကာမိတ်ဆွေတွေ တိုးပွားနေပါတယ်။
Tuesday, February 28, 2012
စင်္ကာပူ အတိုက်အခံ ခေါင်းဆောင် တဦး၏ ဘ၀ ပုံရိပ်လွှာ
by Hla Shwe on Wednesday, February 29, 2012 at 2:00pm ·
စင်္ကာပူလို နိုင်ငံမျိုးမှာ အတိုက်အခံ လုပ်ရတဲ့ ခေါင်းဆောင် တဦးအတွက် သိပ်လွယ်လှတာတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံက အတိုက်အခံ ခေါင်းဆောင်တွေက နိုင်ငံတကာရဲ့ အလေးထားမှု၊ နိုင်ငံသူ နိုင်သားများရဲ့ အလေးထားမှု၊ လေးစားမှုတွေကို ဖောဖောသီသီ ရနေပေမယ့် စင်္ကာပူလို ချမ်းသားတဲ့၊ နိုင်ငံသူ နိုင်ငံသားများ လေးစားအားထားရတဲ့ လီကွန်ယု လို ပုဂ္ဂိုလ်မျိုးနဲ့ ယှဉ်ပြီး အတိုက်အခံ ခေါင်းဆောင် လုပ်တယ်ဆိုတာ သိပ်တော့ လွယ်လှတာမဟုတ်ပါဘူး။
တချက်လောက်တော့ ငဲ့ကြည့်ကြပါ (ထိုက်)
by Maung Wuntha on Wednesday, February 29, 2012 at 11:40am ·
မိတ်ဆက်
အရင်ကလဲ သမီးထိုက်ရဲ့ ဆောင်းပါးတချို့ ကျွန်တော့် FB မှာ တင်ပေးဖူးပါတယ်။ အခု ဆောင်းပါးက တိုင်ရီစက်ရုံဆန္ဒပြပွဲသတင်းကြားရချိန် ရေးပို့လိုက်တာပါ။ ပြည်သူ့ခေတ်ဂျာနယ်၊ ယခုအပတ်ထုတ်မှာ ဖော်ပြပြီးပါပြီ။
ထိုက်ရေးတဲ့ စင်ကာပူကပေးစာတွေကို သီဟပူရ ဒိုင်ယာရီ အမှတ် ၄၅ အထိ ပေါင်းစုပြီး အလင်းတန်းဂျာနယ်နဲ့ အတွေးအမြင်စာစောင်မှာ ရေးခဲ့တာတွေနဲ့ စုစည်းကာ ``ဒီလိုနဲ့ပဲ ခြင်္သေ့မြို့မှာ´´ခေါင်းစဉ်နဲ့ စာအုပ်ထုတ်ထားပါတယ်။ ယခုလဆန်းက စဖြန့်ခဲ့ပါတယ်။ ဒီဆောင်းပါးက အမှတ် ၇၃ပါ။
သီဟပူဒ’ိုင်ယာရီ – ၇၃
တချက်လောက်တော့ ငဲ့ကြည့်ကြပါ
29.02.2012 နေ့ဖတ်ရန်သတင်းများ
by Myanmar Journal on Wednesday, February 29, 2012 at 10:49am ·
ရီပတ်ဘလစ်ကန် သမ္မတလောင်း အပြိုင်လု
ရီပတ်ဘလစ်ကန် သမ္မတလောင်း နေရာ အကြိတ်အနယ် စည်းရုံး
အကြိတ်အနယ် ယှဉ်ပြိုင် နေကြတဲ့ မစ်ချီဂန် ပြည်နယ်က ရီပတ်ဘလစ်ကန် သမ္မတလောင်း ပဏာမ ရွေးပွဲ အတွက် မဲပေးမှုတွေ အဆုံးသတ်တော့မှာပါ။
ပါတီ သမ္မတလောင်း ရွေးပွဲမှာ ရှေ့ကနေ ပြေးနေတဲ့ မစ်ချီဂန် ပြည်နယ်သား မစ်ရွန်နီကို အထက်လွှတ်တော် အမတ်ဟောင်း ရစ် ဆန်တိုရမ်က အကြီးအကျယ် စိန်ခေါ် နေပါတယ်။
လည်ပင်ကြီးရောဂါဆိုတာ
“မေမေရေ.. .ဟိုအန် တီကြီး လည် ပင်းက ဖုလုံးကြီး ထွက်နေတယ်။ အကြီး ကြီးပဲနော်။ ကြောက် စရာကြီး” ဈေး ထဲမှာ ကလေး တစ်ယောက် အော်ပြော လိုက်တဲ့ အသံကြောင့် လှမ်းကြည့် လိုက်တော့ ကလေးပြောတဲ့အတိုင်း တောင်ပေါ်သူတစ်ယောက်မှာ လည် ပင်းကြီးရောဂါ Goitre ဖြစ်နေတာ ကို တွေ့ရပါတယ်။ ဥတုရာသီတောကို မှီ၏ဆိုတဲ့အတိုင်း ရာသီဥတုတွေ ဖောက်ပြန်ရခြင်းဟာ သစ်တောတွေ ပျက်စီးဆုံးရှုံးရခြင်းကြောင့် အဓိက ဖြစ်ပါတယ်။
“နိုင်ငံ့သားကောင်းဆရာဝန်”
by Soe Min on Sunday, February 26, 2012 at 10:12am ·
            ကမ္ဘာတလွှား ထင်ရှားကျော်ကြားခဲ့သော သမားဟူးရားကြီးများ ဆိုတာ လက်ရှိကိုယ့်တိုင်းပြည်မှာလောက် အရေးပေး နေရာပေး ခံရပါ့မလားဆိုတာ စဉ်းစားစရာ ဖြစ်လာပါပြီ။ သင်ကြားတတ်ကျွမ်းသော ဆေးပညာရပ်များနဲ့ နာမကျန်းသည် အိုနှင်းဆီတို့ကိုသာ ကုသပေးနေတာမဟုတ်၊ တိုင်းကျိုးပြည်ကျိုး သယ်ပိုးနိုင်ဖို့ ရှေ့တန်းက မားမားမတ်မတ် ပြည်သူ့ကိုယ်စားရပ်တည်ပေးစရာ တစ်ယောက်ယောက်လိုအပ်လာပြီ လို့ စဉ်းစားလိုက်တိုင်း “ဆရာဝန်ဖြစ်ရမည်” ဆိုတဲ့ ဦးစားပေးသတ်မှတ်ချက်ကလေး ပါပါလာတတ်တာ ကြားမိတော့ “၀မ်းနည်းရမှာလား ၀မ်းသာရမှာလား မိသိန်းကြည်ရယ်” လို့တောင် အော်လိုက်ချင်သေး။ (သေမယ့်နှစ်မှ စစ်ထဲလိုက်ရသူတွေအတွက်တော့ ၀မ်းနည်းတာပေါ့) အထူးသဖြင့် အာဏာရပါတီလို့ သိကြတဲ့ အဖွဲ့ကြီးဘက်က ပိုကြိုက်ကြတယ်ဆိုတော့ ကျုပ်တို့တတွေဆီမှာ ကက်ကင်းဓါတ်များ မိနေလို့လား မဆိုနိုင်ဘူးနော်။ တမတ်သားများပြီးရင် ဆရာဝန် နှစ်ဆယ်သားလာတော့မယ် ထင်ပါရဲ့။
ကြိမ်ဒဏ်သာအပြစ်ပေးပါ
ပုံပြင်လေးရဲ့ ရည်ရွယ်ချက်ကက လေးငယ်တွေကို ဆုံးမထားတာဖြစ်ပါ တယ်။ ဒီကလေးတွေအသက်တွေကြီး လာပြီး နိုင်ငံတာဝန်တွေထမ်းဆောင်တဲ့ အခါမှာ ပြည်သူ့အကျိုးကို၊ တိုင်းပြည်အ ကျိုးကို၊ ရိုးသားစွာထမ်းဆောင်နိုင်စေဖို့ ရည်ရွယ်တာပါ။ သို့သော်လည်း ယနေ့ တကယ်သိထားလိုက်နာရမှာက လက်ရှိ တိုင်းပြည်တာဝန်ထမ်းဆောင်နေတဲ့လူကြီး ပိုင်းအရွယ်ဝန်ထမ်းများနဲ့ ပိုပြီးသင့်လျော် နေတဲ့အတွက် ရေးရခြင်းဖြစ်ပါတယ်။
ယနေ့ဌာနဆိုင်ရာ ရုံးခန်းများမှအ ရောင်အနီ၊အစိမ်း၊ အပြာများနဲ့ဆောင်ပုဒ် များရေးထားကြပါတယ်။ ကိုလိုနီစရိုက် ကိုဖျောက်၊ နိုင်ငံနှင့် ပြည်သူ့အကျိုးကို စောင့်ရှောက်။ လာဘ်ပေးလာဘ်ယူတို့ ရန်သူ။ ပေးသူ ယူသူအရေးယူမည်။ စ သည်တို့ဖြစ်ပါတယ်။ မြန်မာအဘိဓာန် မှာ ““လာဘ်စား၊ (တြိ) တံစိုးလက်ဆောင် ယူသည်။”” လို့အဓိပ္ပာယ်ဖွင့်ပါတယ်၊တော် တော်ရှင်းပါတယ်။
စတေးခဲ့ရသော အပြစ်မဲ့ အသက်များ
Inline image 1
"ပထမ" လ
မေမေက ကျွန်တော် သားယောကျာ်းလေးဆိုတာ တွေ့ရှိတယ်...
"ဒုတိယ" လ
ဖေဖေ နဲ့ မေမေနဲ့ ရန်ဖြစ်ကြတယ်...
ကျွန်တော့်ကြောင့်လို့ ထင်တယ်...
ဒါပေမဲ့ ကျွန်တော် ငြိမ်ငြိမ်လေးပဲ အထဲမှာ စောင့်ကြည့်နေရတယ်...
လွမ်းတဲ့စာ (၂)
by Myanmar Jokes on Tuesday, February 28, 2012 at 12:43pm ·
သို့
မောင်
မောင်ဆီက စာကိုဖတ်ရတာ အချစ်လဲ စိတ်မကောင်းပါဘူး။ ခင်လဲ ဒီမှာအလုပ် လုပ်လို့အဆင်ပြေလို့သာ နေရတာပါ။ မြန်မာပြည်ပြန်လာချင်တာ။ အလုပ်ကလား။ အဆင်ပြေပါတယ်။ ခင့်အောက်မှာ လူ (၅၀၀) ကျော် အလုပ်လုပ်တယ်လေ။ ကွန်ဒို အပေါ်ဆုံးထပ်က ရုံးခန်းမှာ ပြာတာလုပ်တာလေ။ ဟိုတလောက ဖုန်းလေး အသစ်ဝယ်ကိုင်လိုက်တယ်လေ။ iPhone ထက်ပိုမြင့်တဲ့ jPhone ဆိုလားပဲ။ 4S တောင်မဟုတ်ဘူး။
ကြွေး
by Wai Maw on Tuesday, February 28, 2012 at 8:21pm ·
“ကြွေးယူပြုံးပြုံး၊ တောင်းတော့မုန်း၊ မဆုံးသော်လည်း ရန်များ၏”
“အကြွေးဆိုတာ ဆပ်တတ်မှ ကျေတယ်”
ကျနော်ရည်ညွှန်းလိုသော “ကြွေး” ကား ငွေရေးကြေးရေး ကိစ္စသက်သက်မဟုတ်၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ ရန်ကြွေး ရန်စ မဟုတ်။ သမိုင်းကြွေး ဖြစ်သည်။ ကျူးလွန်ခဲ့သည့်အတိုင်းအတာ အနေအထားကလည်း မတော်တဆ တဦးစနှစ်ဦးစ နစ်နာစေခဲ့တာ မဟုတ်။ အစီအစဉ်တကျလုပ်ဆောင်ခဲ့ပြီး လူတွေ အစုလိုက်အပြုံလိုက် ဘဝတွေ အဖတ်ဆယ်မရအောင် ကြေမွပျက်စီး ခဲ့ရတာဖြစ်သည်။
နည်းပညာ အသုံးပြု သင်ကြားရေး စနစ်သစ်သို့
by So Min Oo on Wednesday, February 29, 2012 at 12:44am ·
နည်းပညာကို ပညာရေးမှာ ထိထိရောက်ရောက် အသုံးပြုနိုင်ဖို့ လိုအပ်တယ်။  နိုင်ငံကြီး အချို့မှာတောင်မှ ကျောင်းသားတွေအတွက် နည်းပညာ အသုံးပြုနိုင်စွမ်းကို အပြည့်အဝ ဖန်တီးပေးနိုင်ခြင်း မရှိသေးဘူး။ ဒါပေမဲ့ ပညာရေး နယ်ပယ်မှာ နည်းပညာ အသုံးပြုရေးအတွက် ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်လာကြတယ်။ ဒီသတင်းတွေက မထူးဆန်းတော့တဲ့ သမားရိုးကျ သတင်းတွေပါပဲ။ သတင်းအသစ် မဟုတ်ပေမဲ့ နက်နက်ရှိုင်းရှိုင်း ပြန်လည်ဝေဖန် သုံးသပ်ရမယ့် ကိစ္စဆိုတာတော့ ငြင်းမရဘူး။
ဆင်းရဲခြင်းသည် ရောဂါ (Poverty is a disease)
ဆင်းရဲမွဲတေမှု လျော့ချရေးကို ဦးသိန်းစိန်အစိုးရက လုပ်ဆောင်နေပါသည်။ နိုင်ငံသားတွေကလည်း ပါဝင်နေကြသည်။ နိုင်ငံရေးပါတီတွေကလည်း ဆင်းရဲမှုလျော့ကျအောင် အလုပ်အကိုင် အခွင့်အလမ်း များပြားအောင် ဖန်တီးပေးမယ်ဆိုပြီး မဲဆွယ်စည်းရုံးနေကြသည်။ စီးပွားရေးပညာရှင်တွေ၊ စီးပွားရေးဘွဲ့ရတွေကလည်း Seminar လေးတွေ လုပ်ပြီး ဆင်းရဲမွဲတေမှု လျော့ကျအောင် ဆွေးနွေး အဖြေရှာနေကြသည်။ အားလုံးသော ပုဂ္ဂိုလ်များမှာ ကျေးဇူးတင်စရာ ကောင်းပါသည်။ လေးစားစရာလည်း ကောင်းပါသည်။ သို့သော် ဆင်းရဲမွဲတေမှုကို အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်းက ဘောင်ကျဉ်းနေသည်ဟု ထင်မြင်မိပါသည်။ အကြောင်းအရာတခုကို ဆွေးနွေးရာတွင် ထောင့်စုံမှ စဉ်းစားပါက အဖြေရှာရန် လွယ်ကူပြီး ဆက်လက်လုပ်ဆောင်ရန် လွယ်ကူမည်ဟု ထင်ပါသည်။
နှစ်ပေါင်း၂၀ကျော် ကျနော်တို့ ခေါင်းဆောင်တွေ ဘာတွေလုပ်ခဲ့ကြသလဲ? [သွန်းနေစိုး]
[By Thorn Nay Soe ]
ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင်တို့အပါအ၀င် ...
ဒီမိုကရေစီ လိုလားသူများက ခေါင်းဆောင်တင်ထားသူများနှင့် ပတ်သက်လာလျှင် တော်တော်ဆူညံသော ဝေဖန်သံတစ်ခု ကြားရပါသည်။
၁၉၈၈ မှစကာ ဘာတွေလုပ်နေပါသလဲ? နိုင်ငံအတွက် ဘယ်လောက်များ အကျိုးပြုလို့လဲ စသောအမနာပ စကားများပင်။
ပိုဆိုးသည်ကား တစ်ဘက်မှလူများနှင့် ယှဉ်ပြခြင်းပင်။
ဟို ပုဂ္ဂိုလ်ကြီးကတော့ ဘာတွေလုပ်ခဲ့တာ ... ဆိုပြီး လမ်းတွေဘယ်လိုဖောက် တံတားတွေ ဘယ်လိုဆောက် စသဖြင့် ပြောတတ်ကြသည်။
ဒီအခါမှာ ဒီဘက်က ပြန်ပြောလေ့ရှိတာက လုပ်ခွင့်ရော ပေးလို့လား။
Monday, February 27, 2012
လူထုကျန်းမာရေး(တယ်လီဗွီးရှင်း၊ ကွန်ပြူတာ နှင့် သင့် မျက်လုံးများ)
by Moenge Aung on Tuesday, February 28, 2012 at 1:29pm ·
>**Public Health**
ယနေ့ ကာလမှာ လူ အများစု ဟာ အချိန်ကြာကြာ တီဗီ ကြည့်တယ် ... ကွန်ပျူတာ ရှေ့မှာ ထိုင်တယ်။ ဂိမ်းဆော့ ကြတယ်။ ဒါတွေ လုပ်တာ မျက်စိ ထိခိုက် သလား။ မျက်စိ အန္တရာယ် မဖြစ်အောင် ဘယ်လို ပြုမူ နေထိုင် သင့်သလဲ။
မျက်စိ အထူးကု ဆရာဝန်ကြီး ဒေါက်တာ ဦးဇော်ထွန်းလင်း M.B.B.S, M.Med.Sc
(OpHTH) ကို တွေ့ဆုံပြီး မေးမြန်း ထားပါတယ်။
မေး။ ။ တီဗီ ကြာကြာ ကြည့်ရင်။ ကွန်ပျူတာ ဂိမ်း စခရင် ကြာကြာ ကြည့်ရင် မျက်စိ ထိခိုက် သလား။
Ƹ̵̡Ӝ̵̨̄Ʒ အင်တာနက်သုံးသူတိုင်းအတွက်..Ƹ̵̡Ӝ̵̨̄Ʒ
♥ ♥ ♥ နည်းပညာပိုင်ဆိုင်ရာ လေ့လာရန် လမ်းညွှန် ♥ ♥ ♥
♥ ♥ ♥ နည်းပညာပိုင်ဆိုင်ရာ လေ့လာရန် လမ်းညွှန် ♥ ♥ ♥ www.slip-meepyatite.blogspot.com/ = SLIP MEE PYA TITE= ကွန်ပျူတာနည်းပညာများလေ့လာရန်။ http://www.meepyatite.info/ = မီးပြတိုက်= ကွန်ပျူတာနည်းပညာနှင့်အထွေထွေဗဟုသုတများလေ့လာရန်။ http://www.kyawswarnyein.com/ = ကိုကျော်စွာငြိမ်း = ကွန်ပျူတာနည်းပညာများလေ့လာရန်။ http://cadmyanmar.blogspot.com/ = CAD MYANMAR= အော်တိုကတ်နည်းပညာများလေ့လာရန်။ http://blog.nyilynnseck.com/ = ညီလင်းဆက်=ကွန်ပျူတာနည်းပညာများလေ့လာရန်။ www.mone-tine.com/ = မုန်တိုင်း= ကွန်ပျူတာနည်းပညာများလေ့လာရန်။ http://www.sbsangpi.com/ = IT RESHARE SITE= ကွန်ပျူတာနည်းပညာများလေ့လာရန်။ www.kp3family.blogspot.com/ = KP3
သတိလေးနဲ့ လိုတိုး ပိုလျှော့
by Nyein Soe Oo on Tuesday, February 28, 2012 at 12:35pm ·
http://www.nyeinsoeoo.com/2012/02/blog-post_5547.html
                ကျောင်းသားကျောင်းသူများသည် စာမေးပွဲနှင့် နီးကပ်လာပါက စိတ်လှုပ်ရှားမှုပိုမိုလာတတ်ကြသည်မှာ ဓမ္မတာပင်ဖြစ်ပါသည် ။ အထူးသဖြင့်တက္ကသိုလ်ဝင်တန်း ကို ဖြေဆိုကြမည့်ကျောင်းသား ကျောင်းသူ များမှာ ပို၍ပင် စိတ်လှုပ်ရှားတတ်ကြပါသည် ။ စာမေးပွဲနှင့် နီးကပ်လာတော့မှ စာကျက်ချိန်ကို ပိုမိုတိုးခြင်းကို ပြုလုပ်တတ်ကြပါသည် ။ ယခင်က အချိန်ကို ခွဲဝေ အသုံးပြုနိုင်မှု အားနည်းခဲ့သော ကျောင်းသားကျောင်းသူ များမှာ ပို၍ပင် မတည်မငြိမ် ဖြစ်တတ်ကြပါသည် ။ အိပ်ရေးပျက်အောင် စာကို မကျက်မှတ်သင့်သည်ကို သတိမပြုဘဲ အချိန်ကို တိုး၍ ညပိုင်းတွင် ကျက်မှတ်ကြသောအခါ နေ့လည်တွင် ပြန်လည် အိပ်ငိုက်တတ်ကြ ပါတော့သည် ။ အမှန်တကယ် စာမေးပွဲဖြေဆိုရမည့် အချိန်မှာ နေ့ခင်းပိုင်းတွင်ဖြစ်သဖြင့် စာမေးပွဲတွင် အိပ်ငိုက်စိတ်က လွှမ်းမိုးနေတတ်ကြသည်ကို သတိမပြုမိကြတော့ပါ ။ စာမေးပွဲဖြေဆိုရင်း ငိုက်မြည်းစိတ်ကြောင့် နံပတ်မှားခြင်း ၊ တိကျစွာ မရေးသားနိုင်ခြင်းများဖြင့် မိမိတို့၏ စွမ်းရည်ကို တိကျစွာ မရနိုင်တော့သည်ကို သတိပြုသင့်ကြပါသည် ။
ဝန်ထမ်း လစာတိုးကိစ္စ နှင့် လာဘ်ပေးလာဘ်ယူ ကိစ္စအပေါ် ထင်မြင်သုံးသပ်ချက်
by Lwin Aung Soe on Tuesday, February 28, 2012 at 2:43am ·
ကျနော်ကတော့ ဝန်ထမ်းတွေ လစာတိုးပေးတာကို သဘောကျပါတယ်။ ဒါမှလည်း နောက်လုပ်မယ့် နိုင်ငံရေးလုပ်ငန်းစဉ်တွေဟာ ဥပဒေပြုလမ်းကြောင်းကနေ ထွက်လာဖို့ အားကောင်းသွားမယ်လို့ မျှော်လင့်ထားပါတယ်။
ဝန်ထမ်းတွေ လစာတိုးပေးရေးကိစ္စကို လွှတ်တော်အတွင်းမှာ ဦးရွှေမန်းက power building လို့ ပြောဆိုသူတွေ ရှိလာပါတယ်။ ကျနော်က ဒါကို လွှတ်တော်ရဲ့ Capacity building လို့ မြင်မိပါတယ်။
ကလပ်ကြမ်းပိုး စာကြမ်းပိုး
Cloud Cuckoo Land created a doc.
ယနေ့လူငယ်များပြောဆိုနေကြသော စကားများထဲတွင် ‘လန်းတယ်’၊ ‘ဟတ်ထိတယ်’၊ ‘ဖလန်းဖလန်း’ စသော စကားမျိုးတွေမကြာ ခဏကြားရသည်။ ကာလအလိုက် အ သစ် အဆန်းတီထွင်သုံးစွဲကြသော စကားများဖြစ် သည်။ များသောအားဖြင့်လူငယ်များ၏ နှုတ် ဖျားမှ ပေါ်ပေါက်လာသော စကားများဖြစ် သည်။ ထိုစကားမျိုးကို ဗန်းစ ကား ( Slang )ဟုခေါ်ပါသည်။ ဗန်းစကားသည် ဘာသာစကားထဲတွင် စံအဖြစ်အတည်အခံ့သုံးသော စကားမျိုး မဟုတ်ဘဲ ပေါ့ပေါ့ပါးပါးအလွတ်သဘော ပြောဆိုရေး သားသုံးနှုန်းသော စကားမျိုးဖြစ် ကြောင်း၊ လုပ်ငန်းတူရာအစုအဝေးအသိုက် အဝန်းအလိုက် တီထွင်သုံးစွဲလေ့ရှိကြကြောင်းဘာသာစကားပညာရှင်များက ဖွင့်ဆိုကြ သည်။ မြန်မာဘာသာစကားနယ်ပယ်တွင် လည်း ခေတ်အဆက်ဆက် ဗန်းစကားများ ပေါ်ပေါက်ခဲ့သည်။ ဆက်လက်၍လည်း အသစ်အသစ်ပေါ်ပေါက်ဦးမည်ပင်ဖြစ် သည်။ အစုအဝေးတစ်ခုတွင် အချင်းချင်းနားလည် အောင် ပြောဆိုသုံးနှုန်းရာမှ အသုံးကျယ်ပြန့်လာသော စကားမျိုးဖြစ်သည်။
အရက်သမားပေးတဲ့ အတွေး
Yin Nint Aung's photo.
အရက်သမားတစ်ယောက်ဟာ လမ်းပေါ်မှာ ယိုင်ထိုးယိုင်ထိုးနဲ့ လမ်းလျှောက်လာပြီး လူတစ်ယောက်ကို တွေ့တော့ သူခေါင်းကို ပြပြီး မေးပါတယ်။
“အစ်ကို … ကျွန်တော့် ခေါင်းမှာ အဖု ဘယ်နှစ်ဖုရှိလဲ”
ထိုလူက အရက်သမားရဲ့ခေါင်းက အဖုကို ရေတွက်ပြီး ပြန်ဖြေလိုက်တယ်။
“သုံးဖုရှိတယ် ညီ”
အာဏာရှင်စနစ်ကို ကျနော်ဘာလို့ မုန်းသလဲ [သွန်းနေစိုး]
Rozoner King created a doc.
[By Thorn Nay Soe]
သင်သည် အကောင်တစ်ကောင်ကောင်၏ သား သို့မဟုတ် သမီးဖြစ်သည်ဆိုလျှင် တွေ့ရာလူကို ပါးရိုက်လို့ရ၏။
လမ်းတွေ့လို မကျေနပ်လျှင် ခေါ်ဆွဲထိုးလို့ရ၏။ ဒါတင်မက ဆောင့်ကန်လို့ ရသေးသည်။
အဆင်သင့်လျှင် သတ်ပစ်လို့ပါရ၏။ ဥပဒေ၏ အထက်တွင် သင်ကားယားကြီး ခွထိုင်နေလို့ ရမည်။
ဘယ်သူ့ကို တရားလက်လွတ် သင်စော်ကားသည်ဖြစ်စေ ဘာမှ မဖြစ်။
ထိုသူက သင့်လို အကောင်တစ်ကောင်ကောင်နှင့် မပတ်သက်ရန်သာ အရေးကြီးပါသည်။
ယင်းမှာ ကျနော် အပိုပြောနေခြင်း မဟုတ်ပါ။
တစ်ခေတ်တစ်ခါကတော့ ထိုအတိုင်းတကယ်ကြီးဖြစ်ခဲ့ဘူးပါသည်။
ဥပမာလေးတစ်ချို့ကို ကျနော် တင်ပြပါမည်။
28.02.2012 နေ့ဖတ်ရန်သတင်းများ
by Myanmar Journal on Tuesday, February 28, 2012 at 10:00am ·
၂၀၁၁ ခုနှစ်အတွက် အော်စကာ ဆုပေးပွဲ
 Jean Dujardin က The Artist ကား ကနေ အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုရ
၂၀၁၁ ခုနှစ်အတွက် ကမ္ဘာ့ ရုပ်ရှင်ထူးချွန်ဆု အော်စကာ ဆုပေးပွဲမှာ အဖြူနဲ့အမည်း ရိုက်ကူးထားတဲ့ ပြင်သစ် အသံတိတ်ရုပ်ရှင် The Artist ကား ကနေ အကောင်းဆုံး ရုပ်ရှင်ဆု၊ အကောင်းဆုံး ဒါရိုက်တာဆုနဲ့ အကောင်းဆုံး အမျိုးသား သရုပ်ဆောင် ဆုတွေ ဆွတ်ခူးရရှိသွားပါတယ်။
Jean Dujardin က အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆု ရရှိတာဖြစ်ပြီး၊ ဒါရိုက်တာဆုကို Michel Hazanavicius က ရရှိသွားတာ ဖြစ်ပါတယ်။
နိုင်ငံရေးသမိုင်း သင်ခန်းစားနဲ့ ဒီမိုကရေစီ နောက်ကြောင်း ပြန်မလှည့်မယ့် ခြေလှမ်းများ
by Ko Htike on Tuesday, February 28, 2012 at 10:12am ·
ကျွန်တော်တို့ နိုင်ငံသားတွေက ကိုယ့်နိုင်ငံရဲ့ သမိုင်းကို မှတ်တမ်းအဖြစ် မှန်မှန်ကန်ကန် သိုမှီးထားတဲ့ အကျင့်က အတော့်ကို နည်းပါတယ်။ အဲဒီလို မှတ်တမ်းယူဖို့ အားနည်းရာကနေ .. သမိုင်းကို လေ့လာတာ အားနည်းလာပြီး .. နောက်ဆုံးမှာ သမိုင်း သင်ခန်းစာ ယူပြီး အမှား အဟောင်းတွေ ထပ်မမှားအောင် လေ့လာကြိုးစားတဲ့ အားထုတ်မှုတွေ မရှိသလောက် ဖြစ်လာတာဟာ ခိုင်မာတဲ့ ဒီမိုကရေစီလမ်းစဉ်ကို တည်ဆောက်မယ့် ခရီးရှည်အတွက် ကြီးမားတဲ့ အမှားကို ကျူးလွန်နေကြတာ ဖြစ်ပါတယ်။
တိုးတတ်တဲ့ နိုင်ငံတော် တည်ဆောက်မယ်ဆိုပြီး စဉ်းစားကြံစည်ကြတဲ့ လူတွေထဲမှာ (ကျွန်တော် ထင်တာ မလွဲဘူးဆိုရင်) လက်ရှိ စစ်တပ် အကြီးအကဲ တချို့နဲ့ စစ်သား လူထွက် အကြီးအကဲအချို့ပါ ပါဝင် ပါလိမ့်မယ်။ ဒါ့အပြင် ခေတ်ပျက် သေဌေးတွေလည်း ပါနိုင်ပါတယ်။
သတင်းသုံးသပ်ချက် ( မြန်မာပြည် ဝင်ခွင့်မရသေးတဲ့ သတင်းထောက်)
 ဗုဒ္ဓဟူး, 22 ဖေဖော်ဝါရီ 2012
By ဦးကျော်ဇံသာ
ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ သုံးသပ်ချက်အစီအစဉ်မှာ မြန်မာ့အရေး သုံးသပ်ရေးသားနေသူ Larry Jagan ဟာ အခုအချိန်အထိ မြန်မာနိုင်ငံကို သွားရောက်လေ့လာခွင့်၊ သတင်းယူခွင့် မရသေးတဲ့ သတင်းစာဆရာတဦး ဖြစ်ပါတယ်။ ဒါဟာ သဘောထား တင်းမာတဲ့ အာဏာပိုင်တွေက ခွင့်မပြုတာလို့ သူက ပြောဆိုပါတယ်။ နေပြည်တော်က သဘောထား တင်းမာသူတွေနဲ့ အပြောင်းအလဲလိုလားသူ တွေရဲ့  အားပြိုင်ပွဲ အလားအလာကို ဦးကျော်ဇံသာနဲ့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ မြန်မာပြည်ဟာ အခုအခါမှာ ပွင့်လင်းလာပြီဆိုပြီး နိုင်ငံတကာ သံတမန်တွေ၊ မီဒီယာသမားတွေ သွားလာကြတာ အတော်လေး များလာကြပါတယ်။ Larry ကိုယ်တိုင် သွားဖြစ်ပြီလား။
Larry Jagan ။ ။ မသွားဖြစ်သေးပါဘူး။ ကျနော် ဗီဇာစောင့်နေတာ လေးလ ရှိသွားပါပြီ။ ကျနော့် ပြည်ဝင်ခွင့် လျှောက်လွှာက ဝန်ကြီးစားပွဲမှာ သောင်တင်နေပါတယ်။ ကျနော်ကို ဗီဇာ မပေးဘူးလို့လည်း မပြောပါဘူး။ ဝင်ခွင့်လည်း မပေးပါဘူး။ အာဆီယံ အတွင်းရေးမှူးချုပ် Surin Pitsuwan က ကျနော်ကို သူနဲ့လိုက်ပြီး သူ့ခရီးစဉ်အကြောင်း သတင်းပို့ခွင့်ပေးဖို့ မြန်မာအစိုးရကို ပြောပါတယ်။
"ဆောရီး"ကို အလွယ်တကူ မပြောပါနဲ့.......
punk lay (ဦးဦးမှော်ဆရာ မေးလ်ဂရုမှ)
ကောင်လေးနဲ့ကောင်မလေးက ငယ်ငယ်လေးတည်းက အတူကြီးပြင်းလာကြသူတွေ ဖြစ်တယ်။
ကောင်လေးက ကောင်မလေးကို အမြဲအဖော်ခေါ်ပြီး ရွာပြင်ဖက်က ချောင်းစပ်မှာ
ငါးသွားဖမ်းလေ့ရှိတယ်။ ငါးဖမ်းပြန်တိုင်း ကောင်လေးရဲ့ပလိုင်းထဲမှာ
ငါးတွေကအပြည့်... ကောင်မလေးမှာတော့ လက်ဗလာနဲ့ ပြန်ခဲ့ရတာချည်းပဲ။
ခွေးမြီးပညာရှင်
by poemflower
"ပေါ်ဦး "
"ခစားလျှက်ရှိကြောင်းပါ ဘုရား . . "
"မိုးတားစား အမတ်ကြီးသည် လွန်စွာ ပညာဂုဉ်မောက်ပြီး ၊ မာန်စွယ်ပြသည် ဟု. . . ငါကိုယ်တော်မြတ် ယူဆတော် မူတယ်. . . . "
ဘ၀ရှင်မင်းတရားကြီးက မိုးတားစား အမတ်ကြီးနှင့် ပတ်သက်၍ ဦးပေါ်ဦးအား မိန့်တော်မူလေသည်. . .
"မှန်လှပါ အရှင်ဘုရား. . . . မိုးတားစား အမတ် ခွေးမြီးနှင့် တူသော ပညာအမြီး ပေါက်ခြင်း ဖြစ်ကြောင်းပါ ဘုရား. . . . "
မြ ရဲ့ ~ လ ~
“အကိုတို့မြို့က ကောင်းကင်မှာ ကြယ်တွေ နည်းနည်းလေးရယ်နော် ~ ကျမတို့ဆီမှာတော့ ကောင်းကင်မှာ ကြယ်တွေ အပြည့်ပဲ အကိုရဲ့ ”
................................
တစ်ခါတုန်းက ညနေချမ်းအချိန် ကျွန်တော် ရုံးမှ အပြန်၌ ကျွန်တော်တို့ အခန်း ဝရန်တာ သို့ မော့ကြည့်လိုက်သောအခါ မြ ကို ဝရန်တာမှာ ရပ်လျက် ရှိသည်ကို မြင်ရသည်။
လယ်တီဆရာတော်၏ ဒီပနီနှင့် အခြား
လယ်တီဆရာတော်၏ ဒီပနီနှင့် အခြား ~ by Ledi Sayadaw
( စုဆောင်းထား မိသမျှ တစ်ဖိုင်တည်း တွဲလျက် တင်ထားခြင်း သာ ဖြစ်ပါသည်။ ဆရာတော်၏ ကျမ်းများ အပြည့်အစုံ ဟုတ်မဟုတ် မသေချာ။ )
Download Link - http://www.mediafire.com/?ldkj77k8xuky2h7
..........................
...See More
ဆရာနှင့် ပညာရေး (အပိုင်း ၁)
by Lu Cifer on Monday, February 27, 2012 at 11:10pm ·
ဆရာဆိုတာ
၂၀၀၇ ခုနှစ်မှာ ပညာရေးသုတေသီတွေပါဝင်တဲ့ McKinsey ဆိုတဲ့ အဖွဲ့က ကမ္ဘာပေါ်မှာ ဘာလို့ တချို့နိုင်ငံတွေရဲ့ ကျောင်းပညာရေးစနစ်တွေက အောင်မြင်ပြီး တချို့က မအောင်မြင်ရတာလဲဆိုတာကို သုသေသနပြုလုပ်ခဲ့ကြပါတယ်။
တခဏတိုင်းရဲ့ မှန်
by Zay Ya on Monday, February 27, 2012 at 4:53pm ·
ရှေးယခင်က ဂျပန်မှာ ဘာသာရေးဂိုဏ်း နှစ်ဂိုဏ်း ကွဲပြား နေခဲ့တယ်။ တစ်ခုက ရှင်တို ဘာသာ ဖြစ်ပြီး နောက်တစ်ဂိုဏ်းက ဇင် ဂိုဏ်း ဖြစ်ပါတယ် ။ ရာစုနှစ် နဲ့ ချီပြီး ဒီဂိုဏ်း နှစ်ဂိုဏ်းဟာ တစ်ခုနဲ့ တစ်ခု မတည့်ကြဘဲ ၊ ခိုက်ရန် ပွားခဲ့ကြတယ်။ တစ်ဂိုဏ်းနဲ့ တစ်ဂိုဏ်း ပုတ်ခတ်ကြတယ်။ တစ်ဂိုဏ်း စီမှာ လူငယ် ကိုရင်လေးတွေ ရှိတယ်။ ကျောင်းထိုင် ဆရာ တွေလည်း ရှိပါတယ်။ သူတို့ ကတော့ အိုလှ ပါပြီ။
ဘာကြောင့် အမွဲဆုံးနိုင်ငံဖြစ်ရသလဲ
by Vicky Mandra on Monday, February 27, 2012 at 4:39pm ·
  • ဦးစိန်ကျော်လှိုင်
မဆလ ခေါ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကျဆုံးတဲ့ အကြောင်းရင်းတွေထဲမှာ တိုင်းပြည်ကို LDC ခေါ် အဆင်းရဲဆုံးနိုင်ငံစာရင်းသွင်းတဲ့အပေါ် ပြည်သူတွေ မကျေနပ်တာလဲပါတယ်လို့ မဆလခေတ် စက်မှုတစ်ဝန်ကြီးဟောင်း ဦးတင့်ဆွေက ၀န်ခံပြောဆိုပါတယ်-နှစ်ပေါင်း ၂၀ကျော်တဲ့ထိ မြန်မာနိုင်ငံ ဘာကြောင့် အဆင်းရဲဆုံးနိုင်ငံအဖြစ်က မလွတ်သေးသလဲဆိုတာ ဦးစိန်ကျော်လှိုင်က ခုလို သုံးသပ်ထားပါတယ်။
ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေသစ် စစ်တမ်း
by Vicky Mandra on Sunday, January 29, 2012 at 8:41am ·
ဦးစိန်ကျော်လှိုင်
နိဒါန်း
မကြာခင်က ထုတ်ပြန်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေဟာ နိုင်ငံတော် သမတရဲ့ လုပ်ပိုင်ခွင့်အသေးစိတ်ကို ပြဌာန်းထားရုံမက မကြာခင်ဖွဲ့စည်းမဲ့ အရပ်သားအစိုးရသစ်ကို ဘယ်လိုလုပ်ကိုင် ဖွဲ့စည်းရမလဲဆိုတာပါ ကြိုးကိုင်လမ်းညွှန်ထားတဲ့ ဥပဒေလဲ ဖြစ်ပါတယ်။ ဒီဥပဒေကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ၂၀၁၀ အောက်တိုဘာ ၂၁ ရက်နေ့စွဲနဲ့ လက်မှတ်ရေးထိုးထားပေမဲ့ လွှတ်တော်မစခင်ကမှ ရန်ကုန်မှာ ရောင်းချခဲ့တာ ဖြစ်ပါတယ်။
ဤခရီးနီးသလား၊ ပြည်သူအများ အရောက်သွားဖို့လိုပါသည် (ဒေါက်တာ မြတ်ဥာဏစိုး)
by Ko Kyi Win on Monday, February 27, 2012 at 4:56pm ·
အဖွဲ့ချုပ်ကကျွန်တော့်အား နွေးထွေးစွာကြိုဆိုလေသည်။ ကျွန်တော်လည်း ရေကူးလိုက်နေရသည်မဟုတ်သော်လည်း လှေငယ်လေးနှင့်လှော်နေရတာ ပင်ပန်းလှပါပြီ။ မိခင်သင်္ဘောကြီးပေါ်သို့ ရောက်မှစိတ်အေးရပါတော့သည်။ သင်္ဘောကြီး၏မာလိန်မှုးကလည်း တောက်ပခိုင်မာသောအပြုံးနှင့် ကြိုလင့်နေ၏ ဟုတ်ပေသည်။ ရဲရင့်သော၊ ခိုင်ကြည်သောနှလုံးသားနှင့် ပြည်သူများကိုချစ်တတ်သောသူ။ ကျွန်တော်တို့ရဲ့ မျှော်လင့်ခြင်း များကို အကောင်းဆုံးဖြည့်စွမ်းပေးမည့်သူ။ ပြည်သူ့အသည်းကျော် ကျွန်တော်ချစ်ရသော ကျွန်တော့်ရဲ့အန်တီစုရယ်ပါ။
            သူနှင့်အတူတကွတွဲဖက်ထားသော ပဲ့စင်အရာရှိများကလည်း နှစ် ၂၀ ကျော်ပွဲပန်းခဲ့သော်ငြားလည်း လန်းဆန်း နေသောအားမာန်များနှင့်ပါ။  အရေးကြုံလျှင်ကူညီပေးသွားမည့်ဝါရင့်ရေကြောင်း လမ်းညွန်ကြီးများနှင့်တူသည့် နာယကဘဘများလည်း စိတ်ပျို၍ကိုယ်နုနေပါသည်။
Sunday, February 26, 2012
ဖေမြင့် (ဆရာဝန်ကိုယ်တိုင်ပါဝင်ခဲ့ရသော)
"မဖြစ်ဘူးဒေါက်တာ၊ မဖြစ်ပါဘူး၊ ကွှန်မဘယ်နည်းနဲ့မှ ကလေးယူလို့ မဖြစ်ပါဘူး"
အချိန်က ညနေ လေးနာရီ။ လူနာကြည့်၍ အကောင်းဆုံးအချိန်မျိုး ဖြစ်သည်။ ကွှန်တော့်အား အကျောက်အကန်
ပြောနေသည့် အမျိုးသမီးမှာ အရပ်အမောင်းကောင်းကောင်း၊ ရုပ်ရည်ချောမော၍ ခေတ်ဆန်သားနားသူ တစ်ဦးဖြစ်
သည်။ မီးခိုးရင့်ရောင် ၀တ်စုံကို ၀တ်ထားပြီး အနက်ရောင် ဦးထုပ် လှလှလေးတွင်မူ အဖိုးတန် စိန်ကလစ်
တစ်ချောင်း ထိုးထား၏။
သူမအား စမ်းသပ် စစ်ဆေးပြီးနောက် ကွှန်တော်က လက်ကို စနစ်တကျ ဆေးကြောသုတ်သင် ကာ ခြောက်သွေ့အောင် သုတ်သည်။ ပြီးလျှ;င် လက်သုတ်အ၀တ်ကို ပြန်ထားလိုက်ပြီးနောက် သူမဘက်သို့ ကွှန်တော်လှည့်သည်။
ယဉ်ကျေး ကြ ပါ
Cloud Cuckoo Land created a doc.
ယနေ့လူငယ်တွေရဲ့ ယဉ်ကျေးမှု အကြောင်း နည်းနည်းပြောချင် ပါတယ်။ ယဉ်ကျေးမှုဆိုတာ လူမျိုးတိုင်းမှာ ရှိကြပါတယ်။ အထူးသဖြင့် ကျုပ်တို့မြန်မာ တွေ မှာဟိုးရှေး အစဉ်အဆက်ထဲက ယဉ်ကျေး မှုရှိပြီးသားပါ။ တချို့နိုင်ငံတွေမှာ ကိုယ်ပိုင် ယဉ်ကျေးမှုမရှိကြတာ တွေ့နိုင်ပါတယ်။ ကျုပ်တို့နိုင်ငံမှာ ကိုယ်ပိုင်ယဉ်ကျေး မှုရှိ ပါတယ်။
ကျုပ်တို့ရဲ့ယဉ် ကျေးမှုကို ဘာသာတရားနဲ့ ယှဉ်တွဲပြီး ထိန်းသိမ်းထား တယ်လို့ လည်း ပြောနိုင်ပါ တယ်။ ရိုသေထိုက်သူတွေကို ရိုသေ ခြင်း ၊ လေးစားသင့် သူတွေ ကို လေးစား ခြင်းဆိုတာ ကျုပ်တို့တွေမှာရှိပြီးသား ယဉ်ကျေးမှုပါ။ ဒါပေမယ့် ဒီနေ့ လူငယ်တချို့ယဉ် ကျေးမှုကိုမေ့နေတာလား။ မသိတာလား။ ဒါမှမဟုတ် သူတို့နဲ့ မဆိုင်ဘူးလို့ ထင်နေတာလား။ လူကြီးကို လူကြီးမှန်းမသိသလို၊ ဆရာကို ဆရာမှန်း မသိကြဘူး။
ကျွန်ုပ်နှင့် ရုရှား ၄ နှစ်တာ။ (၃)
by Ever Leisure Ly on Saturday, February 18, 2012 at 11:01pm 
ပုံပြင်တွေထဲက ရေခဲနန်းတော်ကြီးကို အပြင်မှာ တကယ်ဆောက်ခိုင်းခဲ့တဲ့ ခပ်ကြောင်ကြောင် ဘုရင်မတွေလည်း တက်လာသေးတာ။ နန်းတော်တင်မဟုတ် အထဲက ပရိဘောဂ တွေ ပန်းကန်တွေကအစ ရေခဲနဲ့ဆောက် ခိုင်းတာ။ ပြည်သူတွေရဲ့ အခွန်တွေကိုလည်း အဲ့လို ခပ်ကြောင်ကြောင် အလုပ်တွေနဲ့ ပျော်ပွဲရွှင်ပွဲတွေ အတွက်အသုံးပြုသတဲ့လေ။ ဒီကြားထဲ သူမက နိုင်ငံခြားသားဆိုရင် သိပ်အထင်ကြီးပြီး ကိုယ့်လူမျိုးဆိုရင် အထင်မကြီးဘူးတဲ့။ ကြည့်ရတာ အနုပညာအတော်ဝါသနာထုံတယ် ထင်ပါတယ်။ ကိုယ့်ဟာကိုယ် ရေခဲနန်းတော်ကို ပန်းချီမဆွဲပဲ အပြင်မှာ တကယ်ဆောက်ခိုင်းတော့ ဂွကျ တာပေါ့လေ။ ပီတာစပတ် မြို့မှာ အဲ့လို နန်းတော်ကြီး တကယ်ရှိခဲ့တယ် ပြောတယ်။ ဘယ်နှစ်ရက်ခံမလဲတော့ ကိုယ့်ဖာသာ တွေးကြည့်ပါတော့။ တေချင်းဆိုးလေး…ဒီခေါင်းရှုပ်စရာတွေ …လာပြန်ပြီလား။
မအပ်စပ်တော့တဲ့ အတ္တတွေ
Cloud Cuckoo Land created a doc.
စကားကြီးစကားကျယ်ပြောတယ်ပဲ ဆိုဆို ကျွန်တော့်အယူအဆကို ပြောရရင် အများနည်းတူစည်းကမ်းနဲ့အညီ တန်းမစီဘဲ သူများရှေ့က မျက်နှာပြောင်တိုက် ကြားဖြတ်တဲ့လုပ်ရပ်ဟာ ဒီမိုကရေစီစနစ် တင်မက ဘယ်စနစ်မျိုးနဲ့မှ အပ်စပ်တယ် မထင်မိတာပဲ။ ဒါမျိုးဟာ ခေတ်ပျက်တဲ့ အချိန် ပရမ်းပတာကာလမျိုးတွေမှာသာ တွေ့ရတတ်တဲ့ ဦးသူယူ၊ လျှင်သူစား၊ ““ငါ တစ်ကိုယ်””၀ါဒသမားတွေရဲ့ အရှက်မဲ့တဲ့ စရိုက်လက္ခဏာတွေဖြစ်လို့ အဆင့်မြင့် ယဉ်ကျေးတဲ့ လူ့အသိုင်းအ၀ိုင်းကြားမှာ ရှင်သန်ထွန်းကားသင့်တဲ့ အရာလည်း မဟုတ်ဘူး။
ဒါဆိုရင် လူတွေဘာလို့ မှန်မှန်ကန် ကန်တန်းမစီဘဲ သူများရှေ့ကကြားဖြတ် ချင်ရတာလဲ။ အားလုံးကိုဆိုလိုတာမဟုတ် ပေမယ့် တချို့တွေဟာ အခွင့်သာရင် သာသလို ဒီလိုချည်း ကြားဖြတ်ပြီး ရှက် တတ်ဖို့မေ့နေကြပုံရတယ်။
ယုံကြည်ချက်......
Cloud Cuckoo Land edited a doc.
ယုံကြည်ချက်ကြောင့်ခေတ္တခေါ်ယူမေး
မြန်းခံရသူ၊ ယုံကြည်ချက်ကြောင့် နယ်နှင်ခံရသူနှင့် ယုံကြည်ချက်ကြောင့်ဖြစ်ပုံအမျိုးမျိုး
မင်းတုန်းမင်းကြီးလက်ထက်က ဗန်းမော် ဆရာတော်ဘုရားကြီး၏ယုံကြည်ချက်
ဗန်းမော်ဆရာတော်ဘုရားကြီးက သံဃာဟူသည် မိန်းကလေးတွေနှင့် ရော ရောနှောနှော လက်ပွန်းတတီးမနေသင့် ကြောင်း ယုံကြည်သည်။ သို့သော်၎င်းင်း ခေတ်ကဗန်းမော်ဆရာတော်ထက်သက်ကြီး ၀ါကြီးထွဋ်ခေါင်ဆရာတော်ဘုရားကြီး သည် သီလရှင်များကို စာချပေးရင်းသီလ ရှင်များနှင့် ဆရာတော်ကြီးတို့ ရင်းရင်းနှီး နှီးနေ၏။ သို့သော် ဗန်းမော်ဆရာတော် က မိမိထက်ဝါကြီးသော ထွဋ်ခေါင်ဆရာ တော်ကို ဆုံးမလို့မလွယ်၍ ကဗျာစပ်၏။
ငြင်းခုံတာဟာ ရန်ဖြစ်တာမဟုတ်ကြောင်း သင်ကြားပေးကြပါ
Cloud Cuckoo Land created a doc.
ဒီသုံးလေးနှစ် အတွင်းမှာ ပညာရေးနဲ့ ပတ်သက်ပြီးပြော ဆိုဆွေးနွေး ကြတာတွေ အတော်များ လာတာတွေ့ရတယ်။ ပုဂ္ဂလိ ကကျောင်းတွေလည်း တိုးသထက် တိုးလာတယ်။ကျောင်းလခ သိန်းချီပေးရတဲ့ မူလ တန်းကျောင်းတွေတောင်ရှိတယ်။
Bill Gate ၏ လူမသိသေးသည့်အချက် (9) ချက် ။
by Kaung Myat Min on Sunday, February 26, 2012 at 1:29pm
 ·
၁။ စက္ကန့်တိုင်းလျှင် အမေရိကန် ၂၅၀ ဒေါ်လာဝင်ငွေရှိပြီး တစ်ရက်တာကာလအတွက် ဒေါ်လာသန်း ၂၀ ၀င်ငွေရှိ၍ တစ်နှစ်ဝင်ငွေ ၇.၈ ဘီလီယံရှိသည်။
၂။ အကယ်၍ သူသည် ဒေါ်လာတစ်ထောင်ပြုတ်ကျသွားခဲ့သည် ဆိုပါလျှင်ဘယ်တော့မှပြန်ကောက်လိမ့်မည်မဟု
တ်ပါ။ အဘယ်ကြောင့်ဆိုသော် အဆိုပါပြန်လည်ကောက်ယူမည့်အချိန် ၄ စက္ကန့်တွင်ပင် သူသည် ဒေါ်လာတစ်ထောင်ပြန်လည်ရရှိခဲ့ပြီးဖြစ်သောကြောင့်တည်း။
အင်းလေးကန်အတွင်း ရေအရည်အသွေး တဖြည်းဖြည်းကျဆင်းလာမှုကြောင့် သောက်သုံးရေအဖြစ်အသုံးပြုရန် မသင့်လျော်သည့် အခြေအနေတွင် ရှိနေ
by Network For Green Myanmar on Monday, February 27, 2012 at 11:11am ·
 အင်းလေးကန်အတွင်း ရေပြင်ဧရိယာ ကျဉ်းမြောင်းလာကာ တစ်နှစ်ထက်တစ်နှစ် ရေအရည်အသွေး တဖြည်းဖြည်းကျဆင်းလာမှုကြောင့် သောက်သုံးရေအဖြစ် အသုံးပြုရန် မသင့်တော်သည့်အခြေအနေတွင်ရှိနေကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များထံမှ သိရှိရသည်။
ကောင်လေးတွေ ဖတ်ဖို့ ဘ၀အပိုင်းအစ ...
ကောင်လေးတွေ ဖတ်ဖို့....
၁။ တကယ်လို့ မိမိအနေနဲ့ သူမကို ကောင်းမွန်လှပတဲ့ အနာဂတ်တစ်ခု မပေးနိုင်ဘူးဆိုရင်... သူမကို လက်ထပ်ခွင့်မတောင်းပါနဲ့....
၂။ မလုပ်နိုင်ပဲ ကတိမပေးပါနဲ့... ယောကျာ်းလေးဆိုတာ...လုပ်ရပ်နဲ့ အပြောနဲ့ ကိုက်ညီရပါမယ်...ဒါကြောင့် လွယ်လွယ်ကူကူ ကတိမပေးပါနဲ့...
အတွင်းသားကို တူးဖြိုမိခြင်း
by Dhamma Ganga on Monday, February 27, 2012 at 10:43am ·
(၁)
ဒီအချိန်ရောက်မှတော့ ပို့စ်အသစ်တစ်ခုတင်ဖို့ အချိန်မရှိတော့တာ သေချာတယ်။ည ၁၁း၁၄ နာရီတိတိ။ ည နေခင်းဆီက
သင်တန်းတွေ တက်ဖြစ်ခဲ့တယ်။ ပိဋကတ်ဆိုင်ရာခေတ်လေ့လာနည်းသင်တန်းနဲ့ ကွန်ပြူတာသင်တန်း တွေထဲ တစ်ညနေခင်းလုံး မြှုတ်နှံထားလိုက်တာပါ။
ဘုရားစကားတော်တွေကိုစာမေးပွဲအတွက်မဟုတ်ဘဲ အလွတ်တန်းလေ့လာရတော့လည်း ပွင့်လင်းသိမြင်မှုက မတူဘူး။ အတွေးသစ်တွေ တလိပ်လိပ်တက်လာတယ်။ ဘုရားရှင်ရဲ့ ဟန်ပန်အမူအရာတော်နဲ့အဆင့်မြင့်လှတဲ့ စကားသုံးနှုံးပုံတွေက မြတ်နိုးစရာ သိပ်ကောင်းတာပါပဲ။ ဒီသင်တန်းမှာ ပိဋကတ်ဆရာ ဆွဲထုတ်ပြတဲ့ အစလေး တွေကနေ ဆက်ဆက်ပြီး မြင်မိတဲ့ဓမ္မရှုမျှော်ခင်းတွေက လှတယ်။
အမျိုးကိုကာကွယ်ရကောင်းမှန်းမသိ၊ မျိုးချစ်စိတ်ပျောက်ဆုံးနေတဲ့ ကျွန်စိတ်ပဲရှိနေသော ရဲအရာရှိများ
by စတုထ္ထလှိုင်း on Monday, February 6, 2012 at 8:36am
Yangon Chatrium Hotel-
ရန်ကုန်မှာဂျပန်က မြန်မာမိန်းမချောလေးကို ပါးရိုက်မှု
ဒီအဖြစ်အပျက်ကလေးကို သိစေချင်ပါတယ်..ဒို့ရဲ့ အချစ်ဆုံးသူငယ်ချင်း တစ်ယောက်ရဲ့ ဖြစ်ရပ်မှန်လေးပါ။ 28.1.2012 ရက်နေ့မှာ ကိုယ့် သူငယ်ချင်းတာဝန်ယူနေတဲ့ ဟိုတယ်ရဲ့ လုပ်ငန်းခွင်မှာ တည်းခိုသူဂျပန်တစ်ယောက် ရဲ့ ရိုက်နှက် စော်ကားမှုကို ခံခဲ့ရပါတယ်။ ဟိုတယ်Management မှ အမှုဖွင့် အရေးယူဖို့ ဆောင်ရွက်တဲ့ အခါမှာ ရဲအရာရှိတွေ လာရောက်စစ်ဆေးပြီး နှိုင်ငံခြားသား နဲ့ပတ်သက်တဲ့ အမှုဖြစ်နေတဲ့ အတွက် ကြောင့် ရဲ အရေးမပိုင်တဲ့အမှုလို့ ပြောဆိုခဲ့ကြပါတယ်။
ခက်အောင် လုပ်နေကြရင် ပိုခက်ကုန်လိမ့်မယ်....
by အား မာန် on Monday, February 27, 2012 at 12:27am ·
ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းဆီသို့... ဆိုတဲ့ ခေါင်းစဉ်နဲ့ (၈၈) ကျောင်းသားတွေက လူထုကြားထဲ ဆင်းနေကြတာ တွေ့ရတော့ အင်မတန်မှ အားတက်မိပါတယ်။ ကျနော်တို့လို အဝေးရောက်နေကြတဲ့ တက်ကြွ လှုပ်ရှားသူတွေအနေနဲ့ ပိုလို့စိတ်ဝင်စားစရာတွေ သူတို့ လုပ်ပြနိုင်ကြတာ တွေ့ရတာပါပဲ။
လက်တလောကာလ မဟုတ်တဲ့ အရင် ကာလတွေကို မပြောပဲ မျက်မှောက်အခြေအနေကိုပဲ ဖြတ်ပြောရရင်
ဒါဟာ.... လူ့အဖွဲ့အစည်းကို ပုံစံဟောင်းကနေ ခွဲထွက် စဉ်းစားလာကြတာ၊ တနည်းအားဖြင့် လူ့ဘောင်အခြေအနေသစ်ကို ဖန်တီး နေတာဖြစ်ပါတယ်။ တည်ဆောက်နေတယ်ပြောရင် ပိုတိကျ ပါလိမ့်မယ်။ တနည်းအားဖြင့် အခြေခံကနေ စတင်ပြုပြင်ပြောင်းလဲတာလို့ ပြောနိုင်ပါတယ်။ ဒီလိုလုပ်မှသာ ထင်သာမြင်သာရှိတဲ့ အပြောင်းအလဲတွေအတွက် တကယ်တွန်းအားဖြစ်စေမှာပါပဲ။
စစ်ဗိုလ်လူထွက်အစိုးရနဲ့ မြန်မာ့စီးပွားရေး
( ဦးစိန်ကျော်လှိုင် ၊ Monday, February 27, 2012 )
by Ko Thaung on Monday, February 27, 2012 at 2:03am ·
သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အရပ်သားအစိုးရသစ် တက်လာပေမယ့် မြန်မာနိုင်ငံရဲ့ စီးပွားရေးကို တိုးတက်အောင် လုပ်နိုင်ပါ့မလားလို့ နိုင်ငံတကာ စီးပွားရေးအဖွဲ့အစည်းတချို့က သံသယရှိပါတယ်။ ဘာကြောင့် အရပ်သားအစိုးရသစ်အပေါ် သံသယရှိရသလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဦးစိန်ကျော်လှိုင်က ခုလို အသေးစိတ် သုံးသပ်ထားပါတယ်။
နှစ်ဘက်မြင် ဒီမိုကရေစီ
by ရင်နင့်အောင် on Sunday, February 26, 2012 at 8:35pm ·
(နိဒါန်း)
နှစ်ဘက်တည်းပဲ ပြောပါရစေ။ တကယ်က အဘက်ဘက်ရှိပါတယ်။ ဒါပေမယ့် ကျွန်တော် နှစ်ဘက်တည်းပဲ ပြောချင်ပါတယ်။ သင်တို့က ကျွန်တော့်ရဲ့ ဘာမှန်းမသိတဲ့ နိဒါန်းကြီးကို စိတ်ရှည် သည်းခံပြီး ဆက်ဖတ်ဖို့တော့ လိုတာပေါ့။
(၁)
ဒီလိုပါ။
ကျွန်တော်တို့ နိုင်ငံဟာ လက်ရှိအခြေအနေအရ ပြန်လည်တည်ဆောက်ရေးလုပ်တုန်း၊ လုပ်ဖို့ ပြင်နေကြတုန်းပါ။ ခင်ဗျားတို့ အများစုနဲ့ ကျွန်တော်က အမေစုကို ချစ်တယ်။ လေးစားတယ်။ အမေစုရဲ့ ပါတီကို ထောက်ခံမယ် ဆိုပါတော့။
ဟုတ်ပြီဗျာ။ ခင်ဗျားက ထောက်ခံတယ်။ လေးစားတယ်။ ဒီလို ဆိုရင်ဖြင့် ကျွန်တော်တို့ဟာ NLD ပါတီကို သူများတွေ ကိုယ့်လိုပဲ ကြိုက်လာအောင်၊ ထောက်ခံလာအောင် မဲဆွယ်ရတော့မှာပေါ့။
27.02.2012 နေ့ဖတ်ရန်သတင်းများ
by Myanmar Journal on Monday, February 27, 2012 at 3:56am ·
ဘင်လာဒင် ခြံဝင်း ပါကစ္စတန် တပ်တွေ စဖြိုဘင်လာဒင် သေတဲ့ခြံ ရှင်းနေ
အိုစမာ ဘင်လာဒင်ကို မနှစ် မေလက အမေရိကန် တပ်တွေက စီးနင်း သုတ်သင် ခဲ့တဲ့ ခြံဝင်းကို ပါကစ္စတန် လုံခြုံရေး တပ်တွေက စတင် ဖြိုချ ရှင်းလင်း နေပါပြီ။
အဘိုတာဘတ် ခံတပ်မြို့က အဆောက်အဦ အစိတ်အပိုင်း အများစုကို မြေတူးစက်တွေနဲ့ ထိုးပြီး ဖြိုချထား ပါတယ်။ ညလုံးပေါက် ရှင်းလင်း နေကြတာပါ။
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အက်ဒမင်
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...