Wednesday, February 29, 2012

လူစွမ်းကောင်းများရဲ့ ပါဝါ ဗျူဟာ

by Saw Hosea on Friday, December 30, 2011 at 9:11pm ·
 
        ၂၀၁၁ ခုနှစ် နိုင်ဝင်ဘာလ ၁၇ ရက်နေ့၌ သြစတြေးလျှ ပါလီမာန်နှင့် အမေရိကန်ပြည်ထောင်စု၏ ချုပ်ဆိုသော စာချုပ်အရ အာရှဖစ်စိဖိတ်ဒေသ၏ ပထဝီနိုင်ငံရေးအတွက်အန္တရာယ်ကြီးသော အနေအထားသို့ရောက်ရှိလာပြီဖြစ်သည် ။ ၁၀ စုနှစ်တခုစာမျှ အရှေ့အလယ်ပိုင်း၌သာ  အာရုံမျာခဲ့သော အမေရိကန်ပြည်ထောင်စု၏ အာရုံစိုက်မှုနှင့် ပါဝါအရွေ့မှာ အာရှနှင့် ဖိစိဖိတ်ဒေသပေါ် သို့ ပေါ်ပေါ်တင်တင် ပြောင်းလဲလာနေပြီဖြစ်သည်။
           အမေရိကန်၏ အနာဂါတ်ဘတ်ဂျက်အရ ယင်းဒေသအတွင်း အားကောင်းသည့် စစ်စခန်းတည်ဆောက်ဖို့အတွက်လဲ ပြင်ဆင်ထားပြီးဖြစ်သည်။ အမေရိကန်မူဝါဒအသစ်ရည်ရွယ်ချက်တစ်ခုမှာ တရုတ်ပြည်သို့တိုက်ရိုက်ချဉ်းကပ်သည့် ရည်ရွယ်ချက် မဟုတ်သော်ငြားလည်း မူလရည်ရွယ်ချက်မှာ ဒေသအတွင်း အကြမ်းဖက်နှိမ်နှင်းရေးထက် မဟာဗျူဟာကျလာမည့် ကူးသန်းရောင်း ဝယ်ရေး လမ်းကြောင်းကို ကန့်သတ်ထိန်းချုပ်ဖို့က ပိုပြီးတော့ ရည်ရွယ်လာပါတယ်။

            ယနေ့အာရှနိုင်ငံများ၏ ဦးတည်ချက်ဖြစ်သည့် တရုတ်အားကန့်သတ်ထိန်းချုပ်မှုမှာ ယင်းဒေသအတွက် လိုအပ်ချက်တစ်ခုဖြစ်သောကြောင့် ကမ္ဘာ့ကူသန်းရောင်းဝယ်ရေးလမ်းကြောင်းအတွင်း မျှခြေညီ ကုန်သွယ်စီးဆင်းသော ဒေသတစ်ခုဖြစ်ဖို့ လိုအပ်သည်။
ဒုတိယကမ္ဘာစစ်ပြီးချိန်မှစ၍ ဝါရှင်တန်အစိုးရမှာ အာရှစီးပွားရေးဇုံသို့ ယခုကဲ့သို့ ဝင်ရောက်စွက်ဖက်မှုမရှိခဲ့ပေ။ အမေရိကန်အစိုး ရမှာ ၎င်းတို့၏ပါဝါအဓွန့်ရှည် ရေးအတွက် တရုတ်၏ဒေသတွင်း စီးပွားရေအရလွမ်းမိုးမှုကို မမြင်နိုင်သော ပါဝါဖြင့် ချူပ်ကိုင်နိုင်ဖို့ရည်ရွယ်ချက် မှာ အနည်းငယ်ထင်ပေါ်လျှက်ရှိသည်။ အခြားသော အကောက်ယူမှာ တရုတ်အား မူဝါဒအားဖြင့်သာမဟုတ်ပဲ အခြားသောအားသာချက်များဖြင့်ထိန်းညှိနိုင်ပါက ဒေသတွင်းရှိနိုင်ငံများ၏ ထောက်ခံမှု ရရှိနိုင်မှာမလွဲပေ။
သို့ကြောင့် ဒါဝင်မြို့သို့ အမေရိကန်စစ်အခြေစိုက်စခန်းတိုးချဲ့ခြင်း ဖိလစ်ပိုင်စစ်တပ်နှင့် အမေရိကန်တို့၏ စစ်ရေးအရ နီးကပ်မှုတို့မှာလည်းဒေသတွင်း ရှိနိုင်ငံရေးမူဝါဒများကိုအကြွင်းမဲ့ကရိုက်ခက်စေပါတယ်။ ဒီအချိန်မှာပဲ အမေရီကန်လေတပ်၏ 24 F -16 ဂျက်လေယာဉ်ပျံများကို အင်ဒိုနီးရှားသို့ ရောင်းချခြင်း ဖစ်လပိုင်သို့ အပေါ့စားတိုက်ရေယာဉ်များကို အလှူဈေးနဲ့ရောင်းချနေတာဟာ အကြောင်းမဲ့ ထောင်မြင်ရာစွန့်သဘောထက်တော့မပိုပါဘူး။ နှစ်ပေါင်း ၅၀ ကျော်အတွင်း ဟစ်လာရီကလင်တန်၏ မြန်မာပြည်သို့ လာရောက်ခဲ့ခြင်းဟာ မြန်မာနိုင်ငံ၏ ဒေသဆိုင်ရာအကျိုးထက် အမေရိကန်တို့၏ ဒေသအတွင်း လွမ်းမိုးချင်တဲ့ လက်တံက ပိုရှည်ပါတယ်။
ဒါတင်မကတရုတ်၏ ပတ်လည်နိုင်ငံများနှင့်ဒီပလိုမေစီလမ်းကြောင်းသစ်များဖောက်လုပ်ခြင်း စင်္ကာပူ၊ ထိုင်း ဗီယက်နမ် တို့နှင့်ပူးပေါင်းစစ်ရေးလေ့ကျင့်ခြင်းတွေဟာ တရုတ်နိုင်ငံစီးပွားရေး၏သွင်းကုန်ထုပ်ကုန်လမ်းကြောင်းများကို အကြီးအကျယ်ထိခိုက်စေပါတယ်။ အမေရိကန်အစိုးရ၏ အခြားသောရည်ရွယ်ချက်မှာလည်း ထိုသို့တရုတ်အားစီးပွားရေးလမ်းကြောင်းများကိုမထိတထိကန့်သတ်ခြင်းဖြင့် အာရှနိုင်ငံများ ၏တိုးတက်လာမည့်ဗျူဟာမြောက် စီးပွာရေးစွမ်းအင်ကိုစိတ်ဝင်စားသယောင်တော့ရှိပါတယ်။ ဂလိုဘယ်လိုက်ဇေးရှင်း၏မျှခြေညီသောကုန်သွယ်စီးဆင်းမှုအဖြစ် ဖန်တီးပေးခြင်းဟု ကြောင်းရှာယူဆနိုင်ပါတယ်။
ဟေလာရီရဲ့ ၁၀နှစ် ကျော်ကာလမျှ ပြောကြားချက်အရ အမေရိကတို့၏ စွမ်းအင်၊အချိန်များဟာ အရှေ့အလယ်ပိုင်း၌ ကြီးမားသောရင်းနှီးမြှုပ်နှံမှု လက်များအား အနာတရဖြစ်လာစေသည့်အလျှေက် လိမ္မာပါးနပ်စွာနှင့် အာရှ၌ရင်းနှီးဖို့ လိုအပ် လာတယ်လို့ ပေါ်ပေါ်ထင်ထင်ကိုပြောကြားခဲ့ပါသေးတယ်။ ဒီဟာက အကောင်းဆုံးသော မိမိ၏ စူပါပါဝါကိုဗျူဟာမြောက် ထိန်းနိုင်သောမူဝါဒတွေဖြစ်တယ်လို့ ယူဆထားပါတယ်။ အရေးကြီးတဲ့နိုင်ငံရေး ပရိယာယ် တစ်ခုကတော့ လာမည့်ရာစုသစ်အတွင်း ခိုင်မာတဲ့ရင်နှီး မြှုပ်နှံမှု၊ ဒီပလိုမေစီ ၊ပျူဟာမြောက်တဲ့ စီးပွားရေးများကို အာရှဖစ်စိဖိတ် ဒေသနိုင်ငံများ သို့ခိုင်ခံ့စွာချထားဖို့ ရည်ရွယ်ထားပါသည်။
                     စဉ်းစားစရာကတော့ ပေါ်ပေါ်ထင်ထင် စတင်ပြီးစစ် အခြေစိုက်စခန်း များတိုးချဲ့ခြင်းဖြင့် အန္တရာယ်ရှိစေတဲ့ လှည့်ကွက်ထဲဆွဲသွင်းသလို ယင်းသို့တရုတ်၏ ပတ်ဝန်းကျင်နိုင်ငံများဖြင့် စစ်ရေးသဘောသူညီချက်များဟာ တရုတ်နိုင်ငံရဲ့ကုန်သွယ်စီးဆင်းမှု ရေပြင်နယ်နမိတ်များကို အနဲနှင့်အများ ချိန်းခြောက်လျှက်ရှိသည်။
                       ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်ဟာလည်း ပတ်ဝန်းကျင်နယ်နမိတ်နိုင်ငံများအတွက် မပြတ်သားတဲ့ လွမ်းမိုးမှုများဖြင့် အမေရိကန်တို့အားရင်ဆိုင်နိုင်ချေရှိသည်။ မမျှော်လင့်သော အာရှ၏စစ်အေးတိုက်ပွဲအတွက် မျိုးစေ့ကိုစကြဲချလိုက်သလိုပါပဲ။ အမေရိကန်နှင့် အာရှဒေသရှိမီဒီယာများမှာလည်း ယင်းဒေသအခြေနေများကို တောက်လျှောက် မီးမောင်းထိုးပြလျှက်ရှိသည်။ အမေရိကန်၏ လတ်တလောအရှေ့အတွက် ရုတ်ချည်းထူးခြားမလာနိုင်သလို အချိုးကျစေတဲ့ကမ္ဘာစွမ်းအင်နှင့် စီးပွားရေးပုံဖော်ဖို့အတွက်ပဲလို့ယူဆိုင်ပါတယ်။
                       လက်ရှိတရုတ်ဟာ မိမိစွမ်းအင်ကိုအားကိုးနေချိန်၊ အမေရိကန်ပြည်ထောင်စုရဲ့ စွမ်းအင်မှီခိုမှုများဟာလည်း အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ ဝယ်ယူရလျှက်ရှိသည်။ ၂၀၀၁ ခုနှစ်  အမေရိကန်ပြည်ထောင်စု၏ခန့်မှန်းခြေ သုံးဆွဲမှုမှာ တနေ့လျှင် စည်ပေါင်း ၁၉.၆ မီလီယံသုံးစွဲလျှက်ရှိရာ စည် ၉ မီလီယံခန့်သာ ပြည်တွင်းမှထုပ်ယူ သု့းစွဲလျှက်ရှိသည်။ ထို့ကြောင့် တရက်လျှင် စည်ပေါင်း ၁၀.၆ မီလီယံလိုအပ်တဲ့စွမ်းအင်ကို အရှေ့အလယ်ပိုင်းရှိနိုင်ငံများမှ ရေရှည်ရယူနိုင်ရေးအတွက် စစ်ရေးအရပူးပေါင်းဆက်ရွက်ရေးမူဝါဒမှာလည်း အမေရိကန်တို့၏အထာပင်။  တဖန် ၂၀၀၁ ခုနှစ် တွင် တရုတ်ပြည်၏ ရေနံသုံးစွဲမှုမျာ တနေ့လျှင်စည်ပေါင်း ၅သန်း ထုပ်ယူလျှက်ရှီပြီး ပြည်တွင်းမှာစည်ပေါင်း ၃.၃ သန်း ထုပ်လုပ်ပြီးလျှက်ရှိသည်။ စည်ပေါင်း ၁.၇ သန်းမှာ ပြင်ပနိုင်ငံများမှ မှာယူရသည်။
ထို့ကြောင့် တရုတ်အနေနှင့်ပြည်ပနိုင်ငံများမှဝယ်ယူနိုင်ရေး လမ်းကြောင်း များအတွက် မူဝါဒများချမှတ်ရာ၌ ဝါရှင်တန်နှင့်အတိုက်အခံအနည်းကျဉ်းမျှရှိနိုင်သောမူဝါဒများကိုကြိုးစားရှောင်ကွင်းနေချိန် ဖြစ်သည်။                     အိုဘားမားအစိုးရ၏ အာရှရဲ့မူဝါဒရေးရာရုပ်ခြည်းပြောင်းလဲရာ၌ အဓိကမှာ တရုတ်နိုင်ငံ၏စီးပွားရေး လျှင်မြန်စွာ ဦးမော့လာမှုနှင့် အရွယ်အစားကြီးမားလာမှုကြောင့်ဖြစ်သည်။
တရုတ်နိုင်ငံ၏ပြည်တွင်းထုပ်လုပ်နိုင်မှုဟာ ၂ဝဝ၈ ခုနှစ်နှိုက် တနေ့စည်ပေါင်း လေးသန်းခန့်ထုပ်ယူပြီး ၂ဝ၃၅ ခုနှစ်နှိုက် တနေ့လျှင်စည်ပေါင်း ၅ဒသမ၃သန်း ထုပ်ယူနိုင်မည်ဟုခန့်မှန်းထားသည်။ သို့ကြောင့် တရုတ်၏စွမ်းအင်လိုအပ်ချက်မှာရေရှည်နှိုက် အမေရိကန်ပြည်ထောင်စုသုံးစွဲမှုထက်ကျော်လွန်လာမည်ကို အတည်အလင်းပြောကြားထားသည်။
 အမေရိကန်ပြည်ထောင်စု၏ လက်ရှိထုပ်ယူနိုင်သောဒေသများမှာအရှေ့အလယ်ပိုင်း ဒေသဖြစ်သည့်အလျှောက် ယဉ်ယဉ်ကျေးကျေးနှင့် အခြားသောဒေသမှစွမ်းအင်းများကိုလည်း အားမနာတမ်းမှာယူသုံးစွဲလျှက်ရှိသည် ။လက်ရှိအမေရိကန်၏စွမ်းအင်များစွာထုပ်ယူနိုင်သော ဒေသများမှာ အာတိတ်ပင်လယ်ရှိ မာလက်ကာရေလက်ကြား မက်ဘီလာပင်လယ်ကွေ့ မိုတာနာ တောင်ဒါကိုတာနှင့်တက်စက်ပြည်နယ်များဖြစ်သည်။ အမေရိကန်အစိုးရ၏ စွမ်းအင်ဆိုင်ရာ ထုပ်ပြန်ချက်အရ ကနေဒါနှင့် လက်တင်အမေရိကရှိ ဘရာဇီးနိုင်ငံ၏ သုံးစွဲမှုနှုန်း မှာ ၂ဝဝ၉ မှ ၂ဝ၃၅ အတွင်းတနေ့လျှင်စည်ပေါင်း ၁ဝ.၆ သန်းခန့်သို့ ရောက်ရှိသွားနိုင်သည်ဟုခန့်မှန်းထားသည်။ ပထဝီနိုင်ငံရေး အရကြည်မယ်ဆိုရင် အမေရိကန်  ပြည်ထောင်စုမှာရှေ့လာမည့် ရာစုနှစ်များအတွက် စွမ်းအင်ကဏ္ဍမှာတရုတ်ပြည်ထက်စာရင်ထုပ်ယူနိုင်မှု ရှိတာကလည်းတဘန်းသာလျှက်ရှိသည်။
တရုတ်ပြည်ကလည်း အနာဂါတ်စွမ်းအင်များအတွက်သယ်ယူနိုင်သော လမ်းကြောင်းများကို အားသွန်ခွန်စိုက်မဟာဗျူဟာကျကျဖန်တီးလျှက်ရှိသည်။ ထို့်ကြောင့် ယနေ့အခြေအနေ၌သုံးသပ်မည်ဆိုလျင် အရှေ့အလယ်ပိုင်းေ၇နံအားကိုးမှုများကို အမေရိကန်မှနှစ်အနည်းငယ်အတွင်း လျော့ချနိုင်ပြီးအရှေ့ဘက်သို့ချဉ်းကပ်လာခြင်းဟာ တရုတ်နိုင်ငံ၏ စွမ်းအင်ရေးရာကို ဝင်ရောက်ဖျက်ဆီးစေလိုတဲ့ မူဝါဒများ အဖြစ်ဆိုလိုနိုင်ပါသည်။
ယနေ့အမေရိကန်၏ပြန်လည်အားပြုမှုမှာ ယခုတွင်စတင်နေပြီးဖြစ်ကြောင်း နှင့် ဘားရက်အိုဘားမား ၏ ပြောကြားချက်အရ ရှေ့လာမည့်ရာစုအတွင်း အာရှဖစ်စိဖိတ်ဒေသမှာ မည်သို့မည်ပုံဖြစ်မည်ကို မခန့်မှန်းနိုင်ပေ။ လတ်တလောတရုတ်နိုင်ငံစွမ်းအင် ရရှိနိင်မှုဟာ အရှေ့အလယ်ပိုင်းနှင့်အာဖရိကမှ သဘောင်္များဖြင့်သယ်ယူရပြီး ပိုက်လိုင်းများဖြင့် ကာဇစ်ဂစ်စတန်နှင့် ရှရှားတို့မှမှာယူ ရသည်။ ရေနံတင်သဘောင်္များ အားလုံးဟာ တောင်တရုတ်ပင်လယ်ဘက်မှာဖြတ်သန်းလာသည့်အလျောက်ယခုယင်းနေရာ ၌အမေရိကန်စစ်တပ်မှ ပတ်ဝန်းကျင်နိုင်ငံများနှင့်ပူးပေါင်းအခြေချမှုဟာလည်း ထင်သာမြင်သာတွေ့မြင်နိုင်ပါသည်။  ၂ဝ ရာစု၏နူးကလီးယားဆိုင်ရာမူဝါဒ များနှင့်ပတ်သတ်ပြီးအမေရိကန်ဟာ ၎င်းမူဝါဒရေးရာ အားနည်းချက်များကိုသင်ခန်းစာယူလျက် ၂၁ ရာစု စွမ်းအင်နှင့်ပတ်သတ်သည့် မူဝါဒရေချိန်များကို ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံအသီးသီးမှ အခြေနေအမျိုးမျိုးဖြင့် မက်လုံးများပေးလျက်ထိန်းကျောင်းနေသည်။ စွမ်းအင်အလွန်အကျွန်စီးဆင်းမှု၊ အာရှ ဖစ်စိဖိတ်ဒေသအတွင်း တည်ငြိမ်ရေးကိုအကြောင်းရှာ၊ အရှိန်နှင့်တက်လာတဲ့ တရုတ်ရဲ့ စီးပွားရေးကို ညီမျခြင်းထိုးပေးစေလိုခြင်းကတမျိုး ဘာပဲဖြစ်ဖြစ် လူစွမ်းကောင်းအနေနဲ့တော့ကမ္ဘာ့ဇာတ်ခုံပေါ်တွင် ထပ်ရပ်တည်ဦးမည်မှာတော့သေချာလှပါသည်။   

မောင်ရွေရည်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...