Saturday, February 25, 2012

အမျိုးသမီးသီး သန့်ယာဉ်လိုင်း ပြေးဆွဲခြင်းအပေါ် အမျိုးသမီးအနုပညာရှင်များရဲ့အမြင်

ဖေဖော်ဝါရီ ၁၄ရက်ကစပြီး ဗန္ဓုလ သယ်ယူပို့ဆောင်ရေးပိုင် ပါရမီယာဉ် လိုင်းမှ အထူးယာဉ်လိုင်းငါးလိုင်းမှာ လေးရက်တာ စမ်းသပ်ပြေး ဆွဲနေတယ် လို့ သိရပါတယ်။ အထူးယာဉ်လိုင်း ငါးလိုင်းက ယာဉ်နှစ်စီးစီ ကို မနက်ပိုင်းတစ်ခေါက် ညနေပိုင်း တစ်ခေါက် စမ်းသပ်ပြေးဆွဲနေပါတယ်။ အခုလို အမျိုးသမီးသီးသန့် ယာဉ်လိုင်း ပြေးဆွဲ လာခြင်း အပေါ် နယ်ပယ်အစုံမှ အမျိုးသမီးအနုပညာရှင်များရဲ့ အမြင်ကို ဖော်ပြပေး လိုက်ရပါတယ်။

ဆရာမသန်းမြင့်အောင်
“ဒီအမျိုးသမီး သီးသန့်ယာဉ်လိုင်းတွေမှာ အမျိုးသမီးသီးသန့်စီးရမယ်ဆိုတာ သူတို့ အတွက်လုံခြုံမှုရှိသလိုတအားကောင်းပါတယ်။ ဒါပေမဲ့ ပြဿနာတစ်ခုဖြစ်ရင် ကိုယ်က အဲဒါ ကို မဖြစ်အောင် လိုက်ကာကွယ်နေရတယ်။
အဲဒီလို မကာကွယ်ရအောင် ဆိုးကျိုးရှိတဲ့သူတွေကိုပြင်ပေးရင်အကောင်းဆုံးပါ။ အမျိုး သမီးတွေကို အနှောင့် အယှက်ပေးချင်တဲ့ စိတ်ဟာမကောင်းတဲ့စိတ်၊အပြစ်သင့်တဲ့စိတ်၊ လူမဆန်တဲ့စိတ်ဖြစ်တော့ အမျိုးသားတိုင်း မလုပ်မိအောင် အသိပေးနိုင်တာ ကောင်းပါတယ်။ ဒီလိုလူမျိုးနဲ့တွေ့ရင် ဒီလိုလုပ်မှပဲ။အဲဒီတော့ မလုပ်အောင် ဘယ်လို ကာကွယ်မလဲဆိုတာ ထက်စာရင် စိတ်ကို ပြင်ပေးနိုင်ရင် အကောင်း ဆုံးပဲ။ ဒီလိုယာဉ်လိုင်းတွေ ပေါ်လာတဲ့အတွက် အမျိုးသမီးအချင်းချင်း အပြန်အလှန် စောင့် ရှောက်တဲ့သဘောပဲ။ အမျိုးသမီးတွေ အချင်း ချင်း ကာကွယ်စောင့်ရှောက်ကြပြီးလုံခြုံမှုတော့ရကြမှာပါ”

ဒါရိုက်တာကြည်ဖြူသျှင်
“အမျိုးသမီးတွေအတွက် အမျိုးသမီး ယာဉ်လိုင်းပေါ်လာတဲ့အပေါ်မှာ အမျိုး သမီးတစ်ယောက်အနေနဲ့ ဝမ်းလည်း ဝမ်း သာတယ်။ ရှိသင့်တယ်လို့လည်း ထင်တယ်။ ဘာကြောင့်လဲဆိုတော့ အစ်မတို့မြန်မာ လူမျိုးအများစုက ဘတ်စ်ကားစီးတဲ့သူတွေ ပိုများတယ်။ ကိုယ်ပိုင်ကားစီးနိုင်တဲ့လူအရေ အတွက်က နည်းတယ်။ ပြောရရင် အစ်မတို့ ကိုယ်တိုင်တောင်မှ ၇တန်း၊၈တန်းလောက် အထိက အိမ်ကကားစီးလိုက်၊ ဘတ်စ် ကားစီးလိုက်နဲ့ သွားခဲ့ရတာပဲ။ ငယ်ငယ်တုန်းကဆိုရင် ဘတ်စ် ကားစီးလို့ ဘတ်စ်ကားပေါ်မှာ လူတိုးရင် တအားစိတ်ဆင်းရဲ တယ်။ ဖြစ်နိုင်မယ်ဆိုရင် တချို့ နေရာတွေမှာ ဘတ်စ်ကားစီးမယ့် အစား လမ်းလျှောက်သွားလိုက် တယ်။ ဘာဖြစ်လို့ လဲဆိုတော့ ဘတ်စ်ကားပေါ်မှာ လူတိုးတယ် ဆိုတာ အဓိကကတော့ယောက်ျား၊ မိန်းကလေး တိုးဝှေ့နေတာမျိုးပေါ့ လေ။ တချို့ဆိုလို့ရှိရင် တမင်တကာကို မိန်းကလေး တွေ အနားကပ်ချင်လို့ တိုးတဲ့ ယောက်ျားမျိုးလည်းရှိတယ်။ အဲဒီလို မျိုးတွေနဲ့ ကြုံတဲ့အခါမှာ ပိုစိတ်ဆင်းရဲရတယ်။ အဲဒီ အခါမှာ လမ်းသာလျှောက်လိုက်ချင်တော့ တယ်။ ဘတ်စ်ကားစီးရမှာကို သေမလောက် ကြောက်တယ်။ အစ်မတို့တစ်ခါတလေစီးခဲ့ဖူး တဲ့သူတောင်မှ အဲဒီလောက်ကြောက်တယ်ဆို ရင် နေ့စဉ်စီးနေတဲ့ မိန်းကလေးတွေ အတွက် ဘယ်လောက်တောင် စိတ်ဆင်းရဲရမလဲ၊ သူ တို့မှာ မသက်သာလို့သာ ဒီလိုမျိုး တိုးကြိတ် ပြီးတော့ စီးနေရတာလေ။ အခုက စမ်း သပ်ကာလလို့ပြောတယ်။ အစမ်းသပ်ကာလ မဟုတ်ဘဲနဲ့ တကယ်သာ ဒီအမျိုးသမီးတွေ အတွက်ယာဉ်လိုင်းကိုတောက်လျှောက်လုပ် ပေးလို့ရှိရင် ဒီဘတ်စ်ကားကိုစီးရတဲ့အမျိုးသမီး တွေက တအားကျေးဇူးတင်ကြမှာပါ”။

ထွန်းအိန္ဒြာဗို
“အမျိုးသမီးယာဉ်သီးသန့်ပေါ်လာတာ ကြိုက်ပါတယ်။ အမျိုးသမီးတွေ စိတ်ချလုံခြုံ စွာခရီးသွားခွင့်ရတာပေါ့။ အားလုံးက ကိုယ့် မြန်မာနိုင်ငံ သူ၊ နိုင်ငံသားတွေပါပဲ။ လူဆို တာကတော့အကျင့်စရိုက်အထွေထွေနဲ့ ခံစား မှုလေးတွေအမျိုးမျိုးရှိတော့ ခရီးသွားရင်း စိတ်အနှောင့်အယှက်ဖြစ်စရာ မျိုးတွေလည်း တွေ့နိုင်တာပေါ့။ ခုလို သီးသန့် အမျိုးသမီး လေးတွေပဲ ပေးစီးလိုက်တော့ အမျိုးသမီးတွေ လုံခြုံစွာ၊ စိတ်အနှောင့် အယှက်ကင်းစွာ ကိုယ့်ခရီးကိုယ်သွားနိုင်တာ ပေါ့။ ကျွန်မတို့ ကျောင်းသူ ဘဝတုန်း ကလည်း အမျိုးသမီး၊ အမျိုးသားခွဲတဲ့ ဘတ်စ်ကားတွေ စီးဖူးပါတယ်။ အမျိုးသမီးတွေချည်းပဲဆိုတော့ ပိုလည်းပျော် စရာကောင်းတာပေါ့။ လွတ်လွတ် လပ်လပ်ရှိ တာပေါ့။ ဝမ်းသာစရာကောင်းပါတယ်။ ကြိုဆိုပါတယ်”
မေခလာ
“ဒီလို အမျိုးသမီး သီးသန့်ကားတွေပေါ် လာတာ ကောင်းတာပေါ့။ ဘယ်လောက်ပဲ အားသန်တယ်ပြောပြော တကယ်တမ်းကျရင် အားနွဲ့တဲ့ မိန်းမသားတွေပါပဲ။ ဒါကြောင့် မိန်းမတွေစီးတဲ့ကားက ယောက်ျားတွေထက် ပိုပြီးတော့ သက်သောင့်သက်သာရှိမယ်ဆိုရင် ပိုကောင်းတာပေါ့။ နောက်ကားပေါ်မှာ လူ ကျပ်လို့တိုးကြ၊ ဝှေ့ကြရင်းနဲ့ တချို့က နှမ ချင်းစာနာတဲ့ လူတွေရှိသလို တချို့ကလည်း နှမချင်း မစာနာတဲ့ လူတွေရှိတယ်။ အဲတော့ နှမချင်းမစာနာတဲ့ လူတွေလက် ထဲကနေ လွတ်မြောက်စေနိုင် တာပေါ့။ ဒါက မိန်း ကလေးတွေအနေနဲ့ရသင့်ရထိုက်တဲ့ အခွင့် အရေးတစ်ခုပါ။ ဒီကားစီးရင်လုံခြုံရတယ်၊ စိတ်ချရတယ်၊ ဣနြေ္ဒလည်းပိုရှိတာပေါ့။

ဖြူဖြူကျော်သိန်း
“အမျိုးသမီးသီးသန့်တို့ ဘာတို့လုပ် တယ်ဆိုတာ ဖြူဖြူ့စိတ်အထင်တော့ ပတ်ဝန်း ကျင်အခြေအနေရဲ့လုံခြုံမှု၊မလုံခြုံမှုပေါ်မှာ မူတည်ပြီးတော့ လုပ်ကြ တာလို့ ထင်တယ်။ လုံ ခြုံတဲ့အခြေအနေ၊ ကာဣနြေ္ဒမပျက်ရတဲ့ အခြေအနေမျိုး တွေရှိလာမယ်ဆိုရင် ဒါမျိုး သီးသန့် ခွဲခြားမှုတွေ ဆိုတာလိုအပ်မှာ မဟုတ် ဘူး။ ပိုပြီးတော့ ယဉ်ကျေးမြင့်မား တဲ့ လူ့ဘောင်အဖွဲ့အစည်းဖြစ်လာပြီဆို ရင် ဒါမျိုးတွေက လိုအပ်တော့မှာ မဟုတ်ဘူး။ ပိုပြီး မြင့်မားယဉ်ကျေးတဲ့လူ့ ဘောင်အဖွဲ့အစည်း မဖြစ်နိုင်သေးခင်မှာ တော့ ဒီလိုမျိုးနည်းလမ်းနဲ့ပဲ အန္တရာယ်ကင်း အောင်တို့၊ ကာဣနြေ္ဒမပျက်အောင်တို့ နည်း လမ်းရှာကြတဲ့သဘောပေါ့။ တစ်ယောက်နဲ့ တစ်ယောက် ကိုယ်ချင်းစာတဲ့စိတ်၊ နှမသား ချင်းစာနာတဲ့စိတ်ပိုပြီးကြီးမြင့်လာတဲ့ အခါ မှာတော့ ဒါမျိုးတွေလည်း လုပ်ပေးစရာ မလို ပါဘူး။ လွယ်လွယ်ပြောရင်တော့ နိုင်ငံကြီး သား ပီသတဲ့စိတ်ပေါ့”။

လင်းအက္ခရာ၊ ထွဋ်မြတ်၊ ရဲရဲ၊ ခိုင်ဝေလွင်
popularnews journal

  1 comment:

  1. အမျိုးသမီး တွေက လုံလုံခြုံခြုံလေးတော့လုပ်မှပေါ့ အခုဖြစ်ပျက်နေတာတွေလဲ ကြည့်ဦးလေ ဗျာ မလုပ်ချင်မှအဆုံး ဖင်ပေါ် ပေါင်ပေါ်နဲ့ နို့တွေပေါ်ထားလိုက်သေးတယ် အဲဒါတွေကိုတော့ ဆင်ခြင်မယ် မရှိဘူး ပြီးတော့ဘက်စကားစီးတယ် စောက်ရမ်းတိုတဲ့ဟာတွေ ၀တ်တယ် အနိုက်ခံရမှာပေါ့ စိတ်ပျက်စရာပဲ ကွာ

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...