Sunday, February 26, 2012

မအပ်စပ်တော့တဲ့ အတ္တတွေ

Cloud Cuckoo Land created a doc.
စကားကြီးစကားကျယ်ပြောတယ်ပဲ ဆိုဆို ကျွန်တော့်အယူအဆကို ပြောရရင် အများနည်းတူစည်းကမ်းနဲ့အညီ တန်းမစီဘဲ သူများရှေ့က မျက်နှာပြောင်တိုက် ကြားဖြတ်တဲ့လုပ်ရပ်ဟာ ဒီမိုကရေစီစနစ် တင်မက ဘယ်စနစ်မျိုးနဲ့မှ အပ်စပ်တယ် မထင်မိတာပဲ။ ဒါမျိုးဟာ ခေတ်ပျက်တဲ့ အချိန် ပရမ်းပတာကာလမျိုးတွေမှာသာ တွေ့ရတတ်တဲ့ ဦးသူယူ၊ လျှင်သူစား၊ ““ငါ တစ်ကိုယ်””၀ါဒသမားတွေရဲ့ အရှက်မဲ့တဲ့ စရိုက်လက္ခဏာတွေဖြစ်လို့ အဆင့်မြင့် ယဉ်ကျေးတဲ့ လူ့အသိုင်းအ၀ိုင်းကြားမှာ ရှင်သန်ထွန်းကားသင့်တဲ့ အရာလည်း မဟုတ်ဘူး။
ဒါဆိုရင် လူတွေဘာလို့ မှန်မှန်ကန် ကန်တန်းမစီဘဲ သူများရှေ့ကကြားဖြတ် ချင်ရတာလဲ။ အားလုံးကိုဆိုလိုတာမဟုတ် ပေမယ့် တချို့တွေဟာ အခွင့်သာရင် သာသလို ဒီလိုချည်း ကြားဖြတ်ပြီး ရှက် တတ်ဖို့မေ့နေကြပုံရတယ်။


တစ်နေ့။ ရန်ကုန်မြို့လယ်က ကျွန် တော်အိမ်ပြန်လာတော့ ညနေ ၅ နာရီခွဲ လောက်ရှိပြီပေါ့။ ကျွန်တော်စီးလာတဲ့ ဘတ်စ်ကား ပန်းချီ၊ ပန်းပုကျောင်းရှေ့က ရေခဲဆိုင်မှတ်တိုင်မှာရပ်ပြီး ဆက်ထွက် အလာမကြာခင်မှာပဲ ရွှေဂုံတိုင်မီးပွိုင့်မှာ မိထားတဲ့ ကားတန်းကြီးဟာဇီဝိတသံဃာ့  ဆေးရုံနားထိ ရောက်နေတာတွေ့လိုက်ရ တယ်။ ညာဘက်အစွန်ယာဉ်ကြောတစ် ခုကလွဲရင်လမ်းပေါ်မှာကားတွေပြည့်လို့။ ဘာဖြစ်တယ်မသိဘူး။ ကျွန်တော်စီးလာ တဲ့ကားဟာ ကွေ့ရမှာမဟုတ်ဘဲနဲ့ အဲဒီ Free ယာဉ်ကြော(ကွေ့လမ်း)ဘက်အခြမ်း ကမောင်းဝင်သွားပြီး မီးပွိုင့်ရောက်ဖို့မီတာ ၁၀၀ အကွာလောက်မှာ ရပ်လိုက်တယ်။ ရှေ့မှာလည်း ကားတွေရှိနေသေးတာကိုး။ ခဏကြာတော့ မီးစိမ်းသွားလို့ ဖြစ်မယ်။ အရေးပေါ်ယာဉ်ကြောက ကားတွေရှေ့ ကိုရွှေ့နေတယ်။ မလှုပ်သေးတာက Free ယာဉ်ကြောပေါ်က ကျွန်တော်တို့ကား အပါအ၀င် ရှေ့မှာရော၊ နောက်မှာပါ ကားတန်းကြီးက အတော်ရှည်နေပြီ။ မ ကြာလိုက်ပါဘူး။ နောက်ဘက်ဆီက တစ် ယောက်တစ်ပေါက်အော်ငေါက်သံနဲ့အ တူ ဟွန်းသံတွေပါ တရစပ်ဆူညံပေါ် ထွက်လာတော့တယ်။ ဒီနောက်ပိုင်းမှာမှ ကျွန်တော်လည်း ဖြစ်ပုံကိုအမှန်အတိုင်း သိလိုက်ရတော့တယ်။
ဒါလောက်ပြောရင် ကျွန်တော်တို့ ရန်ကုန်မြို့ကလူတွေဆို အကောင်မြင် လောက်ပြီထင်ပါတယ်။ ရန်ကုန်မြို့မှာက မနက်ကိုတစ်ချိန်၊ ညနေရုံးဆင်း၊ ရုံးပြန် တစ်ချိန်နာမည်ကြီးမီးပွိုင့်လမ်းဆုံသုံးလေး ခုမှာ ဒီအတိုင်းယာဉ်ကြောပိတ်ဆို့မှုဖြစ် နေတာကြာတော့ ကြာခဲ့ပါပြီ။ ဒါပေမဲ့ ကိုယ်တစ်ဦးတည်းမှ မဟုတ်တာဆိုတော့ အများနည်းတူ သာတူညီမျှ မခံချင်ကြ လို့ကောရပါ့မလား။ပြဿနာတော့ပြဿ နာပေါ့။ ပြဿနာရှိတိုင်းသာ ကိုယ်ကျိုး ကြည့်ကိုယ်လွတ်ရုန်းပြီး စာနာမှုမဲ့နေကြ မယ်ဆိုရင် ကျွန်တော်တို့ ဖြည့်ကျင့်စောင့် ထိန်းအပ်တဲ့ လောကပါလတရားနဲ့ ဗြဟ္မ စိုရ်တရားတွေဆိုတာ ကြာရင်ဆိတ်သုဉ်း ကွယ်ပျောက်ရချည်ရဲ့လို့ စိုးရိမ်မကင်းဖြစ် မိတယ်။
အခုအဖြစ်အပျက်မှာ အများနည်း တူ နောက်က တန်းစီမစောင့်ဘဲ ကိုယ်နဲ့ အခွင့်အပိုင်တဲ့ ယာဉ်ကြောဘက်က စည်းဖောက်ပြီး ကြားဖြတ်ဖို့ ကြိုးစားခဲ့ ကြပေမယ့် လွယ်လွယ်နဲ့မရတော့ အား လုံး ကြန့်ကြာကုန်တဲ့အပြင် လမ်းမှန်၊ ကမ်းမှန် ကွေ့ရမယ့်ကားတွေပါအကုန် နစ်နာကြရတာပေါ့။ ဘာပဲဖြစ်ဖြစ်ဒီမှာ ကောင်းတယ်လို့ပြောရမယ့်အချက်ကိုတော့ အဆိုးထဲကပဲ ကြံဖန်ထုတ်ယူရလိမ့်မယ်။ အဲဒါက နောက်မှာလည်း အလားတူ တရားလက်လွတ်ကျူးလွန်မှုမျိုးတွေနဲ့ ကြုံရတဲ့အခါ အများအကျိုးသာကြည့်ရ မှာမို့ အလျှော့ပေးလိုက်လျောမယ့်အစား အခုလိုအားမနာတမ်းတိုက်ဖျက်ဆန့်ကျင် သွားဖို့ပဲ။ ရမှန်းသိရင်ဆက်လုပ်ဆက်မှား နေကြဦးမှာလေ။
ဒီအဖြစ်အပျက်ကြောင့် တစ်ခါက သာမညတောင်မှာ ကြုံခဲ့ဖူးတဲ့အတွေ့အ ကြုံနဲ့ ဦးဇင်းကြီးတစ်ပါးရဲ့ မိန့်မှာစကားကို ပြန်သတိရကြား ယောင်မိတော့တယ်။ သာမညဆရာတော်ကြီးသက်တော်ထင် ရှားရှိစဉ်တုန်းကအနယ်နယ်ကရောက်လာ ကြတဲ့ လူထုပရိသတ်ဟာ အလွန်ပဲများ ပြားလွန်းတာမို့ တစ်နေ့နှစ်ကြိမ်သတ်မှတ် ချိန်အတိုင်း ထွက်ကြွအပူဇော်ခံခဲ့ရတာ ရောက်ဖူးသူတိုင်း မှတ်မိနေကြဦးမှာပါပဲ။ တစ်ကြိမ်မှာတော့ဆရာတော်ကြီးကြွမလာ ခင် စောင့်ဆိုင်းနေကြတဲ့ဇရပ်ပေါ်က ဧည့်ပရိသတ်တွေကို တိုက်ကြပ်ဦးဇင်းကြီး တစ်ပါးကမေတ္တာရပ်ခံတယ်။ဆရာတော် ကြီးဟာ သက်တော်လည်းကြီးရင့်ပြီမို့ စိတ်အနှောက်အယှက်မဖြစ်ရအောင် တိတ်တိတ်ဆိတ်ဆိတ်ဖူးမြှော်ကြဖို့၊ ကာ ယကံမြောက်ထိကိုင်ကြည်ညိုတာမျိုး လည်း ရှောင်ကြဉ်ကြဖို့နဲ့ အစရှိတာတွေ ပေါ့။ နောက်အရေးထားရမယ့်အစီအစဉ် တစ်ခုကိုဦးဇင်းကြီးဆက်ပြောတာကဒီလို။ ဇရပ်ပေါ်မှာက တိုင်နှစ်တိုင်ကို မူတည် ပြီးပြောရင်ခန်းဖွင့် ၃ ခန်းအကန့်လိုက် ရှိနေတာဆိုတော့ အစဉ်လိုက်တစ်ကန့် ချင်းစီမှာရှိတဲ့ ပရိသတ်တွေကို အလှည့် နဲ့လက်ျာရစ်မတ်ရပ်လျှောက်ပြီးစည်းကမ်း ရှိရှိပူဇော်သွားကြပါတဲ့။
ဒီမှာပဲစောစောကတစ်ချိန်လုံးငြိမ်ပြီး နားထောင်နေတဲ့ ပရိသတ်ဟာဦးဇင်းကြီး စကားဆုံးတာနဲ့ ပြဿနာစတော့တာ။ အလယ်အကန့်(၂)မှာရှိတဲ့ လူတွေက(၁) ဘက်ကိုရွှေ့သလို၊ (၃)ကလူတွေကလည်း အားကျမခံပေါ့။ ပထမတော့မသိမသာ ထိုင်လျှက်အနေအထားနဲ့ ဖင်တွန်းဖင် တွန်းရွှေ့ကြရင်း ခဏလေးအတွင်းတင် ၀ရုန်းသုန်းကားဖြစ်ကုန်တော့တာပဲ။လေး  စားဂုဏ်ယူစရာကောင်းတဲ့ လူတစ်ချို့ပဲ ရှောင်ရင်းတိမ်းရင်း မူလအတိုင်း နေရာ မယွင်းကျန်ခဲ့တယ်။
အဲဒီမှာဘာပြောကောင်းမလဲ တိုက် ကြပ်ဦးဇင်းကြီးကလည်း အတော်ဒေါပွ သွားပုံရတယ်။ ဒီနေ့တိုင်မမေ့နိုင်သေးတဲ့ မှတ်လောက်စရာသူ့စကားက ““ကုသိုလ် ရေးမှာတောင် ဒီလိုမသမာမှုတွေရှိတတ် တာ ခင်ဗျားတို့ တစ်သက်လုံး သတိထား ကြ””တဲ့။
ဒါကြောင့် ကျွန်တော်အစမှာတုန်း က စကားခံခဲ့တာပါ။ ကျွန်တော်တစ်ဦး တည်းအမြင်ကိုပြောရရင်လူတွေကလည်း လူတွေပဲမို့ တိုက်ကြပ်ကြီးဒေါပွတာရော၊ မိန့်တဲ့စကားပါမမှားဘူး။ ဟုတ်တယ်ဘာ လို့ဆို သူ့စကားနဲ့ ခပ်ဆင်ဆင်တစ်ခု တစ် လောလေးကပဲ ကျွန်တော်သိခဲ့ရပါရော။ မကြာတတ်သေးဘူး။ ကမ္ဘာအေးကုန်း မြေမှာ ဗုဒ္ဓမြတ်စွယ်တော်အပူဇော်ခံနေ တုန်းကပေါ့။ တစ်ရက်မှာကျွန်တော်က မိတ်ဆွေတစ်ယောက်ရဲ့အလှူအိမ်ရောက် နေတာနေ့ခင်း ၁၂ နာရီလောက်ရှိပါပြီ။ ကျွန်တော်ထိုင်နေတုန်းဝင်လာကြတဲ့မိန်း မတစ်သိုက်ဟာ ပုံပန်းတွေအရ ငွေကြေး ချမ်းသာသူတွေမှန်းသိသာနိုင်သလို သူတို့ ခုပဲစွယ်တော်ဖူးပြီးပြန်လာတာ။ ဘယ်လို၊ ဘယ်လောက်လှူဒါန်းခဲ့ကြောင်းတွေပါ ပြောနေကြတော့ ကျွန်တော့်မှာအားကျ လိုက်ရတာ။ ဖြေးဖြေးညင်သာမပြော တတ်တာ သူတို့အလေ့အထဖြစ်ဟန်တူ လို့ တစ်အိမ်လုံးဆူညံပွက်လောရိုက်သွား တော့လည်း ကျွန်တော်မုဒိတာအပွား မပျက်ပါဘူး။ ဒါပေမဲ့ သူတို့ပြောစကား တွေအရ မနက် ၉ နာရီအိမ်ကထွက်ပြီး ၁၂ နာရီနဲ့ပြန်ရောက်အောင် သူတို့စွယ် တော် ဘယ်လိုဖူးခွင့်ရခဲ့ကြသလဲဆိုတာ ကိုတော့ ကျွန်တော်အံ့အားမသင့်ဘဲမနေ နိုင်တော့ဘူး။သူတို့ပဲပြောခဲ့တယ်လေ။ တန်းစီထားတဲ့ ရဟန်းရှင်လူဘုရားဖူး အပေါင်းဟာ ချော်တွင်းကုန်းလမ်းဆုံမက ရှည်လွန်းလို့ မဟုတ်ရင် ညနေစောင်း တောင်အိမ်ပြန်ရောက်ဖို့မလွယ်ဘူးတဲ့။ ပို ဆိုးတာက သူတို့ကြည့်ရတာ အောင်နိုင် သူမျက်နှာထားတွေနဲ့ ဂုဏ်ယူဝမ်းမြောက် ဖြစ်နေကြပုံပါ။
စာဖတ်သူပဲစဉ်းစားကြည့်ပါတော့။ နေရာတကာမှာ ဒီလိုလူစားတွေဘယ် လောက်များများ ရှိနေမလဲဆိုတာ။ လူ မှန်သမျှအတ္တနဲ့ မကင်းနိုင်ကြတာမို့ ပကတိအမှန်တရားတစ်ရပ်အနေနဲ့ လက်မခံနိုင်စရာ အကြောင်းလည်းမရှိပါ ဘူး။ ဒါပေမဲ့ မှားမှန်ကြောင်းကျိုးကိုစဉ်း စားဆင်ခြင်နိုင်တဲ့အဆင့်အမြင့်ဆုံးသတ္တ၀ါ နေရာက စံထားပြီး ကြည့်လိုက်တော့ ““သင့်၊ မသင့်””ဆိုတဲ့အချက်ဟာ လူသား တိုင်းအတွက် လူ့ကျင့်စဉ်သဖွယ်အရေး တကြီးလိုလာပြန်တယ်။ ဒါကြောင့်လည်း လူမှာရှိသင့်တဲ့အတ္တနဲ့ ရှိသင့်တဲ့လောဘ ကိုတော့ လူသားဆန်မှုတစ်ခုအဖြစ် သဘာဝတရားနဲ့အညီဘုရားကပါလက်ခံ ထားတာ။ ““အတ္တသမံပေမံနတ်္တိ””လို့ဗုဒ္ဓဘု ရား ဟောကြားခဲ့တယ်မဟုတ်လား။
သို့ဖြစ်ပေမယ့်လူဟာလွန်ကဲတဲ့အတ္တ နဲ့မတော်လောဘတွေ ထကြွလာပြီဆို စာနာမှုနဲ့ ဟီရိသြတ္တပ္ပတရားတွေလည်း လျှော့နည်းကွယ်ပျောက်ကုန်စမြဲမို့လူသား ဆန်မှုတန်ဖိုးပါကျဆင်းသွားရတော့တယ်။
အများနည်းတူ တရားသဖြင့် တန်း မစီဘဲ ကိုယ့်အတ္တအတွက် သူတစ်ပါးအ ခွင့်အရေးကို မျက်ကွယ်ပြုဝံ့တာ၊ ဂုဏ် ရည်မြင့် လူသားတစ်ဦးရဲ့ အမူအကျင့် မဟုတ်သလို အခြေခံလူ့စည်းကမ်း၊ လူ့ ၀တ္တရားကို လေးစားလိုက်နာဖို့ပျက်ကွက် တဲ့အချောင်သမားဝါဒသာဖြစ်တာကြောင့် အဆင့်နိမ့်လူ့အသိုင်းအ၀ိုင်းနဲ့သာ အပ်စပ် နိုင်တယ်။ ရှက်တတ်တာ၊ အားနာတာ၊ သနားငဲ့ညှာစာနာတတ်တာတွေဟာ လူ ကလွဲရင် အခြားဘယ်သတ္တ၀ါမှာမှ (ယေ ဘူယျအားဖြင့်) ရှိနိုင်မှာမဟုတ်လို့ ဘယ် သူတရားပျက်ပျက် ကိုယ်လိုက်မပျက်ဘဲ မိုးခါးရေမသောက်တတ်သူမှသာ သာမန် ထက်ထူးမြင့်တဲ့ လူသားအဆင့်ကို ခံယူ ရရှိနိုင်လိမ့်မယ်။
““ကမ္ဘာမီးလောင်၊သားကောင်ချနင်း”” လို့ ဘယ်လိုပဲဆိုဆိုသာဓကအနေနဲ့အတု ယူစရာကောင်းတာက ဂျပန်နိုင်ငံမှာ မြေ ငလျင်ကြီးလှုပ်တော့ ဂျပန်လူမျိုးတွေသီ လကျိုးပေါက်ခဲ့ကြတာမဟုတ်ပါဘူး။ ရိက်္ခာအတွက် ဈေးဆိုင်မှာတန်းစီရပေမဲ့ ကြားမဖြတ်တဲ့အပြင် ငွေရှိသလောက် အလုအယက်၊ တနင့်တပိုးလည်း ကြုံး မ၀ယ်ဘဲ နောက်လူဖို့ပါ ငဲ့ချန်ပေးသလို ဆိုင်တွေကလည်း ကိုယ့်လူမျိုးဒုက္ခသည် တွေအပေါ်အရင်ထက်တောင်ဈေးလျှော့ ရောင်းခဲ့ကြတယ်။ ပြီးခဲ့တာတွေမေ့ထား လိုက်ချင်ပေမယ့် နာဂစ်ကာလတုန်းက တစ်ရာတန်ငါးမုန်ကြော်ကိုလေးရာနဲ့ဝယ် စားခဲ့ရတာ ပြန်တွေးတိုင်းရင်နာလို့မဆုံး ဘူး။ (စိတ်မကောင်းစရာ ကိုယ့်ပေါင်၊ ကိုယ်လှန်ထောင်းအဖြစ်သနစ်တွေကို အ ရှည်တော့ ပြောမနေချင်တော့ဘူး)
တက္ကစီကားတွေဆိုလည်း ဒီအတိုင်း ပဲ။ ကားလမ်း၊ ရထားလမ်းတွေပိတ်နေ လို့ အိမ်ပြန်ခက်နေသူတွေကို အလကား တောင်မောင်းပို့ပေးခဲ့ကြသေးသလို ဒုက္ခ သည်အချင်းချင်း ကျတော့လည်းအမျိုး သမီးနဲ့ သက်ကြီးပိုင်းတွေကို ဦးစားပေးငဲ့ ညှာပြီးလူငယ်လူရွယ်တွေက အနစ်နာခံ ခဲ့ကြတယ်။
တကယ်တော့ သူသူ ကိုယ်ကိုယ် လူတိုင်းမှာ အတ္တဆိုတာတော့ ရှိကြတာ ချည်းပေါ့။ မေ့နေကြတာလည်းဖြစ်မယ်။ ကိုယ့်အလှည့်ကျ ဘယ်လိုနေမလဲဆိုတာ တစ်ချက်ကလေး တွေးကြည့်လိုက်ရုံနဲ့ ရှက်စရာလို့မြင်ပြီး လူတိုင်းပြင်လာနိုင်ကြ မယ်ထင်ပါတယ်။ ဒါမှလည်း ကိုယ်ချင်း စာတရားတွေနဲ့အတူ လူလူချင်းတန်ဖိုး ထား လေးစားတတ်တဲ့ သာယာနေပျော် ဖွယ်လူ့ပတ်ဝန်းကျင်တစ်ခုကို မျှော်မှန်း တည်ဆောက်သွားနိုင်မှာပေါ့။
အခုလည်းအများနဲ့သက်ဆိုင်နေတဲ့၊ အများဆန္ဒကိုလေးစားတဲ့၊ အများအကျိုး ကိုလိုလားတဲ့၊ အများကောင်းစားရေးကို ရှေးရှုတဲ့၊ အများနဲ့အတူ ပူးပေါင်းလက်တွဲ ဖော်ဆောင်ကြရမယ့် ဒီမိုကရေစီခေတ် သစ်ဆီ ဦးတည်ချီတက်သွားကြတော့မှာ မို့ ခေတ်ဟောင်း၊ စနစ်ဟောင်းကအကျင့် စရိုက်ဆိုးတွေကို စွန့်ပစ်ဖယ်ရှားပြီး မအပ် စပ်တော့တဲ့ အတ္တစိတ်တွေကိုပါချိုးနှိမ် ဖျောက်ဖျက်ပစ်လိုက်ကြရအောင်ပါ။

written by အာဝါသ

  1 comment:

  1. အခုလည်းအများနဲ့သက်ဆိုင်နေတဲ့၊ အများဆန္ဒကိုလေးစားတဲ့၊ အများအကျိုး ကိုလိုလားတဲ့၊ အများကောင်းစားရေးကို ရှေးရှုတဲ့၊ အများနဲ့အတူ ပူးပေါင်းလက်တွဲ ဖော်ဆောင်ကြရမယ့် ဒီမိုကရေစီခေတ် သစ်ဆီ ဦးတည်ချီတက်သွားကြတော့မှာ မို့ ခေတ်ဟောင်း၊ စနစ်ဟောင်းကအကျင့် စရိုက်ဆိုးတွေကို စွန့်ပစ်ဖယ်ရှားပြီး မအပ် စပ်တော့တဲ့ အတ္တစိတ်တွေကိုပါချိုးနှိမ် ဖျောက်ဖျက်ပစ်လိုက်ကြရအောင်ပါ။

    အကိုရေအဲလိုမျိုးဖြစ်စေချင်ရင် တော့ ကျနော်အထင်ပြော၇မယ်ဆို ဂျပန်ကို အနုမြူဗုံးချဲခဲ့သလိုကျနော်တို့ မြန်မာနိုင်ငံကိုလည်း လုပ်ပစ်မှ အဲလိုဖြစ်မယ်ထင်တယ် အကိုရေ ဘာလို့လဲဆိုတော့ လူတစ်ယောက်မှာ ပြင်ဖို့ ခက်ခဲတာက အကျင့်စရိုက်ဖြစ်နေလို့ပဲ ကျနော်တို့နိုင်ငံမှာ အခုလိုမျိုးအကျင့်ဆိုးတွေက ခေါက်ရိုးကျိုးနေခဲ့တာကြာပါပြီ လူတွေကလည်းစောက်ကျင့်တွေမကောင်းကြပါဘူး ကျနော်လည်းပါရင်ပါလိမယ့်ပေါ့ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ကတော့ကောင်းခဲ့တယ် စာနာခဲ့တယ် ကူညီခဲ့တယ် ဒီလိုမျိုးတွေလုပ်ပေးလေလေ ကိုယ်အပေါ်ကို ညွှန့်လာလေလေပဲဗျာ လူသားပဲဗျာ ကြာတော့လည်းဘယ်ခံနိုင်မလဲ စိတ်ဆိုတာလဲအတိုင်းတက်အလွန်ပဲပေါ့ ဒါကြောင့်မို့လို့ သန့်ရှင်းတဲ့စိတ်ဓာတ်နဲ့ အကျင့်ကောင်းတွေရလာစေချင်ရင်တော့ ကျနော်ပြောသလိုလုပ်လိုက်၇င်တော့ ကောင်းမှာပဲ

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...