Sunday, February 26, 2012

ငြင်းခုံတာဟာ ရန်ဖြစ်တာမဟုတ်ကြောင်း သင်ကြားပေးကြပါ

Cloud Cuckoo Land created a doc.
ဒီသုံးလေးနှစ် အတွင်းမှာ ပညာရေးနဲ့ ပတ်သက်ပြီးပြော ဆိုဆွေးနွေး ကြတာတွေ အတော်များ လာတာတွေ့ရတယ်။ ပုဂ္ဂလိ ကကျောင်းတွေလည်း တိုးသထက် တိုးလာတယ်။ကျောင်းလခ သိန်းချီပေးရတဲ့ မူလ တန်းကျောင်းတွေတောင်ရှိတယ်။


စားမြုံုံ့ပြန်မိတယ်
အစိုးရရဲ့ ပညာရေး စနစ်ကိုပြုပြင်ဖို့ အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်ကြ၊ အကြံ ဥာဏ်ပေးကြနဲ့ စိတ်အားထက်သန်စွာ ကြိုးပမ်းနေကြတာတွေ ကိုကြည့်ပြီး ဝမ်းသာအားတက်ဖြစ်ရတယ်။ နှစ်ပေါင်း နှစ်ဆယ်ကျော်ကျောင်းဆရာလုပ်ခဲ့ဖူးလေတော့ ပညာရေးအကြောင်းပြောဆို ဆွေးနွေးတာတွေနဲ့ ရေးသားတာတွေကို အမြဲတမ်းစောင့်ကြည့်ပြီး လေ့လာ မှတ်သားလုပ်ပါတယ်။တစ်ခါတလေ ကျတော့ ကျောင်းဆရာလုပ်ခဲ့တဲ့အချိန် တွေကို လွမ်းဆွတ်တသ စွာနဲ့ ပြန်ပြီး စားမြုံ့ ပြန်မိတယ်။ အလုပ်တကာ့အလုပ်မှာ ကျောင်းဆရာ အလုပ်လောက်တော့ ဘယ် အလုပ်မှ ပျော်စရာကောင်းလိမ့်မယ် မထင်ဘူး။ နေ့စဉ်နဲ့အမျှ လူငယ်တွေ တရုန်းရုန်း နဲ့ ထွေးရောယှက်တင်နေရတဲ့ အလုပ်မဟုတ်လား။

ဖိအားမရှိ၊ကန့်သတ်မှုမရှိ
လုပ်မိတဲ့ အလုပ်က အရွယ်ကောင်း လူငယ်လူရွယ်တွေကို အင်္ဂလိပ်စကားပြော လေ့ကျင့်သင်ကြားပေးတဲ့ အလုပ်ဖြစ်တော့ ကျောင်းစာသင်တာလို ဘာဖိအား၊ ဘာ ကန့်သတ်မှုမှ မရှိလို့ ပိုပြီးပျော်စရာကောင်း တယ်။ သင်တဲ့သူက စိတ်ကြိုက်ရွေးပြီး တိုင်းမ်တို့၊ နယူးစ်ဝိခ်တို့ထဲက သတင်း ဆောင်းပါးတစ်ပုဒ်ကောက်ပြီး သင်ချင်တဲ့ အခါ သင်လိုက်သလို ရီးဒါးစ်ဒိုင်ဂျက်ထဲ က ဝတ္ထုတစ်ပုဒ်ကို ရွေးပြီး သင်ချင်လည်း သင်လိုက်တယ်။တစ်ခါတလေ ကဗျာ တစ်ပုဒ်ကောက်သင်သလို၊ သီချင်းတစ်ပုဒ် ဖွင့်ရင်း အဲဒီသီချင်းအကြောင်းသင်တဲ့အခါ သင်လိုက်တယ်။ တစ်ခါတလေ ရုပ်ရှင်ကား တစ်ကားအတူထိုင်ကြည့်ရင်း ရုပ်ရှင် ထဲက ပြောသွား တဲ့စကားလုံး "ဒိုင်ယာ လော့"တွကို ပြောပြတာမျိုးလုပ်ချင်လည်း လုပ်တတ်တယ်။


ယောက်ျားကိုယ်ဝန်ဆောင်သင့်မသင့်
တစ်ခါတလေ ကျတော့ ကျောင်း သူ ကျောင်းသားတွေ ယူလာတဲ့အကြောင်း အရာတစ်ခု၊ ဒါမှမဟုတ် ပြဿနာတစ်ခု ရှင်းလင်းသင်ကြားပေးတာမျိုးလုပ်တယ်။ ဥပမာ- စိတ်အားငယ်တတ်တာကို ပြုပြင် လို့ရသလား၊ တစ္ဆေကြောက်တတ်တာကို ပျောက်အောင်ဖျောက်လို့ရသလားဆိုတာ မျိုးတွေပေါ့။ တစ်ခါ တလေ ဆေးပညာနဲ့ Eulkanesia အရပ်ခေါ် Mercykilling ဆိုတဲ့ ကုလို့မရတော့တဲ့ အဆင့်ရောက်ရှိ နေတဲ့ ဝေဒနာရှင်တစ်ဦးကို ဆရာဝန်က သက်သက်သာသာနဲ့ အဆုံးသတ်သွား အောင် လုပ်ပေးတာကို ခွင့်ပြုသင့်သလား ဆိုတဲ့ ခေါင်းစဉ်ကို အပြန်အလှန်ငြင်း ခုံ ဆွေးနွေးခိုင်းတယ်။တစ်ခါတလေ ကျတော့ လည်း နိုင်ငံတချို့မှာ စမ်းသပ်နေကြတဲ့ ယောကျာ်းကိုယ်ဝန်ဆောင်မှုဆိုတဲ့ ကိစ္စမျိုး ရှိသင့် မရှိသင့် ငြင်းခုံဆွေးနွေးရင်း တဝါးဝါး တဟားဟား နဲ့ပျော်ကြရတယ်။


ငြင်းခုံုံရုရတာပျော်စရာ
ကျောင်းသူကျောင်းသားတွေက လည်း ဒီလိုငြင်းခုံဆွေးနွေးရတာကို ပိုပြီး သဘောကျကြတယ်။ အင်္ဂလိပ်စကားပြော လေ့ကျင့်ရသလို ဗဟုသုတလည်း တိုးစေ လို့ ခဏခဏ ဒီလိုလုပ်ဖို့တောင်းဆိုကြ တယ်။ ငြင်းခုံရတာ ပျော်စရာလို့ မြင်လာ အောင် စကားအချေအတင်ပြောတဲ့ "debate" တွေ ကျောင်းတွေမှာ မကြာ ခဏ လုပ်ပေးသင့်တယ်။ ဗိုလ်ချုပ်တို့ ခေတ်က တက္ကသိုလ်မှာ ဒီလိုစကားအချေ အတင်ပြောပွဲမျိုးတွေ အမြဲတမ်းလုပ်လေ့ ရှိတယ်။ တစ်ခါ တလေ ပြင်ပ က နိုင်ငံရေး ခေါင်းဆောင်ကြီးတွေကို ဖိတ်ကြားပြီး ပြောစေတယ်။ ဒေါက်တာဗမော်တို့၊ ဂဠုန်ဦးစောတို့ဟာ စကားပြောကောင်း သူတွေ အဖြစ် ထင်ရှားကျော် ကြားခဲ့ကြ တယ်။


လူကြီးအဖြစ်ဝင်ရောက်ဖို့
ငြင်းခုံဆွေးနွေးပွဲတွေ များများ လုပ်ပေးခြင်းအားဖြင့် ငြင်းခုံတာဟာ ရန်ဖြစ်တာ မဟုတ်ပါလားဆိုတဲ့ အသိရရှိ စေပါတယ်။ ဒီလိုအသိရှိမှ "ငါနဲ့မတူ ငါ့ ရန်သူ"လို့ သဘောထားတဲ့ စိတ်တွေ ပျောက်သွားမှာဖြစ်တယ်။ ကျောင်းမှာ ပညာသင်တယ်ဆိုတာဟာ လူငယ် တစ်ယောက် လူ့လောကထဲကို အသိဥာဏ် အတွေးအခေါ် ရင့်ကျက်တဲ့ လူကြီး တစ်ယောက်အဖြစ် ဝင်ရောက်သွားစေဖို့ ဖြစ်တယ်။ အသိဥာဏ်နဲ့ဆင်ခြင်တုံတရား ပြည့်ဝရင့်ကျက်မှ မတူတာတွေကို သည်းခံ ပြီး ငြိမ်း ချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင် မှာ ဖြစ်တယ်။


လူတိုင်းမှာကိန်းအောင်းနေဖို့
ကိုယ့်အိမ်နီးချင်းနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်တတ်မှ ကိုယ့်ရပ် ကိုယ့်ရွာက လူတွေနဲ့ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်နိုင်မှာဖြစ်တယ်။ လူတိုင်း လူတိုင်းနဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင် နိုင်မှ ဒီမိုကရေစီလမ်းကြောင်းကို မှန်မှန် ကန်ကန် ဖြောင့်ဖြောင့်တန်းတန်း လျှောက် သွားနိုင်မှာဖြစ်ပါတယ်။ လူသားတွေနဲ့ ဖွဲ့စည်းထားတဲ့ လူ့အဖွဲ့အစည်းမှာ အားလုံး တစ်သွေးတစ်သားတည်းဖြစ် အောင် ညီညွတ်တယ်ဆိုတာ မရှိနိုင်ဘူး။ အယူအဆ မတူသူတွေချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းဟာ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တယ်။ ဒီစိတ်ဓာတ်ကို ကျောင်းတွေ ကစပြီး လေ့ကျင့် သင်ကြား ပေးရ မှာဖြစ် တယ်။ ငြင်းခုံတာဟာ ရန်ဖြစ်တာမဟုတ်ဘူးဆိုတဲ့ အသိ လူတိုင်းလူတိုင်းမှာ ကိန်းအောင်းနေဖို့ အထူး အရေးကြီးပါတယ် ဆိုတဲ့ အကြောင်း ထပ်လောင်း နှိုးဆော်လိုက်ရပါတယ်။

လူထုစိန်ဝင်း
By အခွင့်အလမ်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...