Wednesday, September 30, 2015

ရေအိမ်ထဲက မိုဘိုင်းဖုန်း

Zaw Min Latt

ကိုဂျစ် - ဟယ်လို။
အမျိုးသမီး - ကို လား.....၊ ချစ်ပါ ၊ ကို.... ကလပ်ရောက်နေလားဟင်။
ကိုဂျစ် - အင်း။
အမျိုးသမီး - ချစ် ရှော့ပင်ထွက်နေတာ၊ ဒီမှာ သားရေဂျာကင်လေးတစ်ထည် အရမ်းလှတာပဲ၊ ဒေါ်လာ ၁,၀၀၀ တည်းရယ်၊ ချစ် ၀ယ်လိုက်ရမလား ဟင်။
ကိုဂျစ် - အင်း... ချစ်အရမ်းကြိုက်နေရင်လည်း ၀ယ်လိုက်လေ။

ဗီယက်နမ်က ကျောင်းဆရာတွေရဲ့ အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ စာသင်နည်း

Yangon Media

သူတို့ကျောင်းသားခလေးတွေ ကို တစ်ရက်ကို အိမ်စာ ၅ ခုလုပ်လာခိုင်းပါတယ်…
မေးခွန်းတွေက နေ့တိုင်းတူညီ နေပါတယ်…
၁. ဒီနေ့ သင်မိဘ ကို ဘာအိမ်အလုပ်တွေကူလုပ်ခဲ့သလဲ ?
၂. ဒီနေ့ သင်တစ်ပါးသူအပေါ်ဘယ်လို ကောင်းမှု့တွေ ဆောင်ရွက်ခဲ့သလဲ ?
၃. သင့်အိမ်မှာ ပတ်ဝန်းကျင်က ဘယ်လိုစိတ်ဝင်စားစရာသတင်းတွေ အကြောင်းပြောကြလဲ ?

တစ်လအတွင်း ဆံပင် ကျန်းမာသန်စွမ်းပြီး ကြီးထွားမြန်စေမယ့် လျို့ဝှက်ချက်

ငွေတာရီ

ဆံသားကျန်းမာသန်စွမ်းဖို့အတွက် ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့ ပျိုမေတွေကို
အကြံပေးချင်ပါတယ်။ တစ်ယောက်တစ်မျိုး ညွှန်းနေကြတဲ့ အလှကုန်တွေကြား ဗျာမများ
ရအောင် နည်းလမ်းကောင်းလေးတွေ ပေးချင်ပါတယ်၊


(၁) ဆံကေသာအတွက် (curry leaves) ပျဉ်တော်သိမ်ရွက်ကို ကျိုရမယ့်အပိုင်းပါ၊

သင့်နာမည်လေးက A ..B..C..D.. စတဲ့ ဘာအက္ခရာလေးနဲ့ စပါသလဲ။

New Myanmar News

ဒီနည်းလေးအတိုင်း စစ်ကြည့်ပါ။ အရမ်းအရမ်းမှန်ပါတယ်။
သူငယ်ချင်းရေ…
သင်ရဲ. နာမည် မှာပါတဲ. ABCD အက္ခရာ လေးတွေကနေ သင့်ရဲ့ စရိုက် ကို ခန်.မှန်းနိုင်ပါတယ်။ မဆိုးဘူးနော်။ မှန်မမှန်သိချင်ရင် စမ်းလုပ်ကြည့်လိုက်လေ။ ကျွန်တော် တော့ စမ်းပြီးသွားလို့ မှန်တယ်လို့ ဆိုရမယ်။ လုပ်နည်းက ဒီလို …….

လစာ (သို့) ရက်စာ

Aung Cho

နေ့ပေါင်းသုံးဆယ်
ညပေါင်းသုံးဆယ်
သွယ်ချည်ထားတဲ့နေ့နဲ့ည
ဝန်နဲ့အားမမျှတဲ့ လျှပ်စစ်ဝါယာကြိုးလို
ရှော့စ် (Shock) ခဏခဏဖြစ်

သင်တန်းမတက်ဘဲ အွန်လိုင်းကနေ တတ်မြောက်နိုင်တဲ့ အဆင့်မြင့်ကျွမ်းကျင်မှုများ . ၁ + ၂

စုပြည့်စုံ

(Zawgyi)
ဘ၀မှာ တခါတလေ `အဲဒါလေး ငါတတ်ရင် ကောင်းမှာပဲ´လို့ စိတ်ကူးမိတဲ့ အခါတွေ ရှိပါတယ်။ သင်တန်းတက်ဖို့ အချိန်မရှိ၊ အဆက်အသွယ် မရှိတဲ့သူတွေအတွက် အွန်လိုင်းပေါ်မှာ သင်နိုင်တဲ့ ပညာတွေ အများကြီးရှိပါတယ်။ အဲသည်အထဲက ၁၀ မျိုးကို ဖော်ပြလိုက်ပါတယ်။
၁. ပစ္စည်းတွေ ပျက်ရင် ပြင်တာ

သစ်ထူးလွင် သတင်းစုစည်းမှု (၃၀-၉)

သစ်ထူးလွင်


Monday, September 28, 2015

"လက်ဦးဆရာ"




သူ့အမေဈေးသွားနေလို့ အိမ်မှာ ကလေးထိမ်းနေရတယ်။
စကားပြောတတ်ကာစ ကလေးကို စကားသင်ပေးရတာပေါ့... ...
"ဖေဖေလို့ခေါ်စမ်းသားသား... ဖေဖေလို့ခေါ်"
"မေမေ"
"မဟုတ်ဘူးလေ... ဖေဖေလို့ခေါ် ဖေဖေ"

အပြုံး ( ၇ ) မျိုး

 
၁ ။ မတရားသဖြင့် ခံရတဲ့အခါ တည်တည်ငြိမ်ငြိမ် ပြုံးပါ။
ဒါဟာ သဘောထားကြီးခြင်းတစ်မျိုးပါတဲ့။

၂ ။ နစ်နာဆုံးရှုံးမှုနဲ့ ကြုံတဲ့အခါ ဆန္ဒရှိရှိ ပြုံးပါ။
ဒါဟာ လူတွေကို ခွင့်လွတ်နားလည်ခြင်းတစ်မျိုးပါတဲ့ ။
၃ ။ ရှေ့မတိုး နောက်မဆုတ်သာတဲ့ အခက်အခဲနဲ့ကြုံတဲ့အခါ ခပ်ယဲ့ယဲ့လေး ပြုံးပါ။
ဒါဟာ ထက်မြတ်ခြင်းတစ်မျိုးပါတဲ့။

ဂရန်ဆိုသည်မှာ ၁




ဂရန်ဆိုတာ ဘာလဲ မသိတဲ့အပြင် ကြေးတိုင်နဲ့ မြေစာရင်းက ဂရန်ပေးတယ်လို့ ထင်နေသူတွေံ အများကြီး တွေ့နေရပါတယ်။ မြေစာရင်းက ဂရန်ပေးခွင့် မ၇ှိပါ။ တည်ဆဥပဒေများတွင် အာဏာ အပ်မထားပါ။ အ ကြောင်းတစ် ရပ်အတွက် သက်သေခံအဖြစ် ကူးပေးရတဲ့ သက်သေခံ မြေပုံ ၁၀၅ ကိုတောင် ဂရန်မှတ်နေတဲ့ သူက ၇ှိသေး...

အမေရိကန်သူ ဂျင်းဒစ်ကဆင်၏ ကမ္ဘာကျော်ဟောကိန်း



အမေရိကန်နိုင်ငံသူဂျင်းဒစ်ကဆင် ဆိုတာသမ္ဗတကြီး ရုစဘဲ့ကိုယ်တိုင် တန်ဘိုးထားအားကိုးခဲ့သူဖြစ်တယ် သူဟောတာတွေဟာမှန်လွန်းလို့ တကမ္ဘာလုံးက ဗေဒင်ပညာရှင်တွေ စိတ်တန်ခိုးပညာရှင်တွေ ကမှအစ လေးစားတာကိုခံရသူဖြစ်တယ်။ ရုစဘဲ့ ထရူးမင်း အိုက်စင်ဟောင်ဝါ ကနေဒီဂျွန်ဆင် နစ်ကဆင် တို့ ၏ သမ္မတ အဆက်ဆက်အပြောင်း အလဲများ လုပ်ကြံခံရမည့်နေ့ ရက်များ ဒုံးပျံမလွှတ်မီက ပြောခဲ့သော ဒုံးပျံ၏ ပုံစံနှင့်လွှတ်တင်မည့်အခြေအနေတွေကို ဟောတာမှန်လွန်းလို့ တကမ္ဘာလုံးက အံ့သြကြရတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၈-၉)

သစ်ထူးလွင်


Sunday, September 27, 2015

ဟာသစုစည်းမှု ( ၂၇-၉)



ကျမက မောင့် အတွက်ဆို အမြဲ အဆင်သင့်ပါ မောင်..
မောင် ဆန္ဒရှိရင် ကျမ အပေါက်မှာ အုပ်ထားတဲ့ အလွှာပါးလေးကို မောင်ကိုယ်တိုင်ပဲ ဖောက်လိုက်ပါ မောင်..
ဖောက်ပြီးရင်တော့ မနက်စောစော တစ်ခါ.. ည အိပ်ခါနီး တစ်ခါ.. ပုံမှန်လေး သုံးပေးပါမောင်..

ဗုဒ္ဓဘာသာဝင်တို့ သိသင့်သော ဗုဒ္ဓဂယာ သမိုင်းအကျဉ်း

 
ဗုဒ္ဓဂယာ မြေမြတ်မဟာကား ဘုရားအဆူဆူတိုင်းတို့၏ ပွင်တော်မူရာ မြေမြတ်မဟာဖြစ်ပါသည်၊ သံဝေဇနိယ လေးဌာနတွင်ပါဝင်ပြီးဘုရားရှင်တိုင်းတို့၏ မစွန့်အပ်သော အဝိဇဟိတဌာနထူးလည်း ဖြစ်ပါသည်၊ ဗုဒ္ဓဘာသာဝင်တို့အတွက် အထူးမွန်မြတ် အရေးပါသောနေရာတော်ဖြစ်သည်၊
ဘုရားရှင် သဗ္ဗညုတ္တရွှေဥာဏ်တော်ကိုရ၍ ဗုဒ္ဓအဖြစ်သို့ ရောက်ရှိသော ဒဿနိယ သံဝေဇနိယ နေရာတော်ဖြစ်သည်၊

“ တုနှိုင်းသော်လည်း”




“ ထာဝရ ဘုရားသခင်သည် အိမ်တိုင်းသို့ မရောက်နိုင်ရကား သူ၏ကိုယ်စား မိခင်များကို အိမ်တိုင်း ၌ ဖန်ဆင်းတော်မူ၏”
( ဂျူးစကားပုံ)
ငယ်စဉ်က ဆရာချစ်စံဝင်း၏ အမေနှင့် အမေ့အကြောင်း စာအုပ်လေး ဖတ်ဖူးသည်။ ထိုစဉ်တုန်းက အသက်အရွယ်၏ အသိဥာဏ် နှင့် ဖတ်ခဲ့ရသော ရသကား ယခု အသက်အရွယ်ရောက်ချိန်တွင် ပြန်ဖတ်ရသော ရသ နှင့် မတူတော့။

* အိမ်ထောင် တစ်ခု၏ ရေရှည်တည်တံ့ခြင်းအတွက် ( မယား ) ကောင်းတစ်ယောက်ပီသပါရဲ့လား

 
အိမ်ထောင်ရှင် မိန်းမသားမှန်သမျှသည် ယောကျာ်းများထက် များစွာပင် မိမိ၏ အိမ်ထောင်ရေးကိုတည်တံ့
ခိုင်မြဲချင်သူ များပင် ဖြစ်ကြလေသည် ။

လင် နှင့် မယား ကံအားလျော်စွာ လမ်းခွဲရခြင်း အကြောင်းများစွာတွင် မိန်းမသားတို့သည် မိမိတို့၏
အပြစ်များကို ပြန်လည်သုံးသပ်တတ်ခြင်း မရှိကြသူတွေ များပေ၏ ။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၇-၉)

သစ်ထူးလွင်


Thursday, September 24, 2015

ဟာသ စုစည်းမှု (၂၄-၉)

ကြိုပေးပြီးသား(ဟာသအမြင်ဖြင်.ဖတ်ပါရန်)
အမျိုးသမီးနှစ်ယောက် ဈေးသွားရင်း လမ်းမှာတွေ့ လို့  ရပ်ပြီး စကားပြောနေကြတယ်..။
" အိမ်ငှားခပေးရမဲ့ပိုက်ဆံတွေ ညည်း ချဲထိုးပစ်လိုက်တယ်ဆို...အဲ့ဒါ ဘယ်လိုလုပ်လိုက်လို့  အဆင်ပြေသွားတာလဲ "
" အိမ်ရှင်လူပျိုကြီးက အိမ်လခတစ်လ မပေးနိုင်ရင် သူနဲ့ တစ်ည အိပ်ရမယ်တဲ့  "

အချစ်ဝတ္ထု ရိုးရိုးလေးတစ်ပုဒ်

                                     ဒီလမ်းထဲ ချိုးဝင်လိုက်သည်နှင့် သည်ရနံ့ရတော့မည်ဆိုသည်ကို ကြိုသိနှင့်သည်။ ချိုအီအီဖြစ်နေသည့် မလေးရှားပိတောက်ရနံ့ကို ဘယ်တုန်းက မှမကြိုက်နိုင်ခဲ့သော်လည်း သည်ရနံ့ကိုပင် လွမ်းနေခဲ့ရသည်မှာ ဘယ်နှနှစ်များ တိုင်ပါပြီလိမ့်။ သည့်နောက်တော့ ခရမ်းရောင်ပန်းများပွင့်သည့် ပျဉ်းမပင်များ။
                                    အနှစ်နှစ်အလလ သတိရနေခဲ့ရသည့် သည်လမ်း၊ သည်မြင်ကွင်း၊ သည်ရနံ့များနှင့် ပြန်ဆုံတွေ့ရတော့ လည်း ရင်တွေ ခုန်နေခဲ့ပြန်သည်။ ပျဉ်းမပင် တစ်ပင်အောက်ကို လျှောက်သွားမိသည်။ သည်သစ်ပင်ရဲ့ အနောက်မှာများ ခိုင်တစ်ယောက် ပုန်းနေလေမလား။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၄-၉)

သစ်ထူးလွင်


Wednesday, September 23, 2015

ကျနော် မီလျှံနာ




(က)
အခန်းတခါးဖွင့် ၀င်လိုက်သည်နှင့် တီဗီရှေ့၊ အိပ်ယာပေါ်၊ ရေချိုးခန်းစာပွဲ စသည့် ပုံမှန်သွားနေကျ နေရာတွေသို့ အကြည့်က ဆက်မသွားတော့ပဲ တီဗီရှေ့မှာတင် ရပ်သွားတော့၏။
“ဟိုက် … နှစ်ရွက်တောင်ပါလား။ ကျေးဇူးပါဗျာ ….”
နှစ်ရွက်မှာမှ တရွက်က မြင်နေကျ အမေရိကန် ၅ ဒေါ်လာတန်၊ နောက်တရွက်က တခါမှမမြင်ဖူးသေး။ ဒေါ်လာတော့ ဒေါ်လာ။ ၅၀ မီလျှံဒေါ်လာ (FIFTY MILLION DOLLARS) ။

လေဖြတ်ရောဂါအတွက် ဆေးနည်းကောင်းတစ်ခု

Saw Noi Nay Saing - Putao with Thet Hlaing and 8 others


ဒီဆေးနည်းဟာ အွန်လိုင်းပေါ်မှာ လူသိများခဲ့တဲ့ လက်တွေ့နည်းတစ်ခု ဖြစ်ပါတယ်။
မလေးရှားနိုင်ငံကို သွားရောက်အလုပ်လုပ်နေတဲ့ လူကြီးမင်းဆိုတဲ့ ဖေ့စ်ဘုတ်အကောင့်ပိုင်ရှင်ဟာ သံဂဟေဆက်တဲ့အလုပ်ကို နှစ်အကြာကြီး လုပ်နေခဲ့ပါတယ်။ အသောက်အစားမရှိ၊ မူးယစ်ဆေးသုံးစွဲခြင်းမရှိပါပဲ ပူအိုက်တဲ့အတွက် အင်္ကျီချွတ်၍နေခြင်း၊ ပန်ကာဖွင့်အိပ်ခြင်း စသည်တို့ကြောင့် တစ်နေ့မှာ ရုတ်တရက်ခြေထောက်တစ်ခြမ်း လေဖြတ်ခဲ့ပါတယ်။

••• ကံဆိုး ကံကောင်းသူ ဖိလစ်ပိုင်နိုင်ငံသူ အိမ်အကူအစ်မကြီး •••




သူမဟာ ကံမကောင်းချင်တော့ မိသားစုနဲ့ ခွဲခွာပြီး စင်္ကာပူနိုင်ငံမှာ အိမ်အကူတစ်ယောက်အဖြစ် အသက်မွေးဝမ်းကြောင်းပြုနေတာ လက်ရှိအလုပ်ရှင်ထံမှာ ၁၄ နှစ်တောင် ရှိနေပါပြီ။ သူမဟာ ရိုးသားတယ်။ ကြိုးစားတယ်။ ဒါ့ကြောင့် သူမအလုပ်ရှင်ဟာ သူမကို ချစ်ရှာတယ်။ သူမအပေါ် အစစအရာအရာ နားလည်မှုပေးတယ်။ သူမဟာ လစဉ် ရလာတဲ့လခထဲမှ သူမအသုံးစရိတ်အတွက် စင်္ကာပူ ၅၀ ဒေါ်လာသာချန်ပြီး ဖိလစ်ပိုင်နိုင်ငံမှာရှိတဲ့ သူမ ခင်ပွန်းနှင့် သား၊သမီးတွေထံ လစဉ် ငွေပေးပို့နေသူတစ်ယောက်ပါ။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၃-၉)

သစ်ထူးလွင်


Tuesday, September 22, 2015

အမတ်နဲ့ ပညာရှင် -ရှေ့ထွက်နဲ့နောက်ထိုင်


                        ၉၀ ခုနှစ်လောက်ကစလို့ လွှတ်တော်မတက်လိုက်ရတဲ့ အမတ်တချို့ နဲ့ မဆုံထိုက်တဲ့နေရာတွေမှာ ဆုံရပါတယ်ဗျာ။ အမတ် တယောက် က ဓါးပြမှုတဲ့။ ၈၈တုန်းက မဆလပါတီယူနစ်ရုံးတွေကို လူထု ၀င်သိမ်း ရုံးပစ္စည်းတွေထုတ်မီးရှို့ခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့တယ်။ ၁၉၉၁မှာ- ( ၃နှစ်လောက်ရှိတော့မှ)သူတို့မြို့နယ်အာဏာပိုင်တွေက အဲဒါ-ဒီအမတ်လုပ်တာဆိုပြီး- ဓါးပြမှုနဲ့သူ့ကို အမှုစွဲတာ။ သူ က အမျိုးသားညီလာခံကို အတုအယောင် ဆိုပြီး ကဖျက်ယဖျက်သွားလုပ်သကိုး။ မိတ်ဆွေ-ခမျာရှက်လွန်းလို့တက်တခေါက်ခေါက်- ၅ည နဲ့ စွဲ တော်သေးဗျာတဲ့ ။နောက်အမတ်တယောက်ကိုတော့ ထောင်ချချင်လာတဲ့အာဏာပိုင်များက ကျူရှင်ကျောင်း-ကွန်ပြူတာသင်တန်း(ဖွင့်တာဖြင့်၁၀နှစ်မကရှိပြီ) လိုင်စင်သက်တမ်းမတိုးရသေးလို့ဆိုပြီးချလိုက်သတဲ့ ။အဲလိုမချခင်မှာလည်း အစာမကြေတိုင်း စစ်တပ်ထဲက ဗိုလ်တဲ ဆိုတဲ့နေရာမျိုးမှာ လပေါင်းများစွာ ခေါ်ထားတာမျိုးလည်း ခံရရှာတယ်။ ဖမ်းတာမဟုတ်-လုံခြုံရေးဆိုပဲ။ နောက်အမတ်တယောက်ကိုတော့ အိမ်ဝင်ရှာပြီး ချဲလိုလို စာရွက် ထရံကြား ကတွေ့ပါတယ်ဆိုပြီုးလုပ်ကြံကြတာ။ဘာတတ်နိုင်သေးလဲ ။ ဒီအမတ်တွေ အမတ်သာဖြစ်လာတယ် နိုင်ငံရေးအကြောင်း( ပညာရှင်တွေလို) တစ်-နှစ်-သုံး-လေး စာကြောင်းထိုး ပြောမပြတတ်ပါဘူး။

"'VIP""




၂၀၂၅ ခုတွင် ဖြစ်သည်။
လူထုဘဝကို လေ့လာချင်သော သမ္မတကြီးသည် ကိုယ်ရံတော်မပါ၊ လုံခြုံရေးမပါဘဲ၊ ကားတစ်စီး နှင့် ဒရိုင်ဘာတစ်ယောက်ကို ခေါ်ပြီး ခရီးထွက်လာရာ ပြည်နယ်မြို့ကြီးတစ်မြို့သို့ ရောက်လာတယ်။
မြို့အနှံ့လေ့လာနေစဉ် သမ္မတကြီးက ဒရိုင်ဘာကို ပြောသည်... ....
"ငါလည်း ကားမမောင်းရတာကြာပြီ၊ မင်းလည်း ပင်ပန်းနေပြီ၊ ငါတစ်လှည့်မောင်းမယ်၊ မင်း နားလိုက်"
"ဟုတ်ကဲ့"
... ဆိုပြီး နေရာပြောင်းထိုင်ကြတယ်။

နှလုံးသွေးကြောပိတ်ဆို့ခြင်း၏ ရှေ့ပြေး လက္ခဏာ များ


- ပေါက်ပေါက်
နှလုံးသွေးလွှတ်ကြောထဲမှာ ကိုလက်စထရော နှင့် အဆီများ အနည်ကျလာတဲ့အခါ သွေး ကြောကျဉ်းလာပြီး သွေးထဲရှိအောက်စီဂျင်တွေက နှလုံး ထံသို့အချိန်မီ မရောက်ရှိနိုင်ကြတော့ပါဘူး။ ထိုအခါ သွေး နှင့်အောက်စီဂျင်တို့ပြတ်လပ်မှုကြောင့် နှလုံးကြွက်သား တွေ ကောင်းစွာ အလုပ်မလုပ်နိုင်တော့ဘဲ ရင်ဘတ်အောင့် ခြင်း၊ အမောမခံနိုင်ခြင်း၊ နှလုံးသွေးကြောရုတ်တရက်ပိတ် ၍ သေဆုံးခြင်းပါ ဖြစ်လာနိုင်ပါတယ်။

***လေယာဉ်မယ်လေးတွေ ဖော်ထုတ်သွားတဲ့ လျှို့ဝှက်ချက် တစ်ချို့***


သိချင်စရာကောင်းပြီး သိထားရင်လည်း အကျိုးမယုတ်ပါဘူး။
၁။ လေယာဉ်မောင်းတဲ့သူ ၅၀ % က မောင်းနေတဲ့အချိန်မှာ အိပ်နေတာများတယ်တဲ့။ ၃ ပုံပုံ ၁ ပုံကတော့ အိပ်နေတဲ့ ကိုယ့်လေယာဉ်မောင်းဖော်ကို နှိုးဖို့ အိပ်နေရာကနေ ထကြတယ်တဲ့ဗျာ။ အိပ်နေတဲ့pilot မောင်းတဲ့ လေယာဉ် ဘယ်နှစ်ခေါက် စီးမိပြီလဲ မသိ။ (long trip တွေ ဖြစ်နိုင်တယ်)
၂။ လေယာဉ် pilot ၂ ယောက်စားတဲ့ အစားအစာက မတူရပါဘူး။

ဗုဒ္ဓဝိနည်းတော် ၏ ကျောရိုး အယူအဆ။ ။ ‘ဒါမျိုး လုပ်လို့ရသလား’




ကျနော်သည် Goggle တွင် Sanghabeda offense ဟု စာရိုက်ရှာရာ ကမ္ဘာကြီး တခုလုံး၏ ပင့်ကူချည်မျှင်ကွန်ရက် www မှ အံကျလာသမျှထဲမှ ပထမဆုံး စာမျက်နှာသည် မိမိ ဟိုးအတော်ခပ်လှမ်းလှမ်း အချိန်ကာလကတည်းက ရေးသားခဲ့သော ပို့စ်တွေနှင့်ချည်း ပြည့်နှက်နေသည်ကို တွေ့ရလေသည်။ သတိပြုလိုက်မိသည်မှာ ဤအသည်းအသန် အရေးကြီးလှသော အကြောင်းအရာသည် အများသူငါ လူအများကြားတွင် မဆိုထားလင့်၊ ဗုဒ္ဓဘာသာ ပညာရှင်များကြားတွင်ပင် တွင်တွင်ကျယ်ကျယ် ရှင်းလင်းဆွေးနွေးချက် မရှိသေးသော နယ်ပယ်စိမ်းကြီး တခု ဖြစ်နေပါသည်။
အရေးကြီးဆုံး အချက်တချက်မှာ သံဃဘေဒကံကို နားလည်ဖို့ ဆိုလျှင် မြတ်စွာဘုရား၏ အာဘော်ကို နားလည်ဖမ်းမိနိုင်ဖို့ လိုသည်။ အဲသလို ဖမ်းမမိတတ် ဖြစ်ခဲ့ပါလျှင် မဘသအဖွဲ့ဝင် ပုဂ္ဂိုလ်တို့ကို မဆိုထားနှင့် ၄င်း မဘသကို ပြင်းပြင်းထန်ထန် ဆန့်ကျင်နေကြပါသည် ဟူသော ပုဂ္ဂိုလ်တို့ ကိုယ်တိုင်သည်ပင် တည်ကြည်လေးနက်မှု မရှိ၊ ပြဿနာကို ပိုမို ရူပ်ထွေးစေသော အပြောအဆို ဝါဒတို့ကို ဖြန့်ဖြူးလာတတ်ပါသည်။

မြန်မာနိုင်ငံမြေပုံ

အခန်းတစ်ခန်းထဲတွင် ဖြစ်သည်။
ဆရာ သည် အခန်းထဲသို့  ဝင်လာပြီး ကျောက်သင်ပုန်း ပေါ်ကို မြန်မာနိုင်ငံ
မြေပုံအား ကပ်ထားလိုက်သည်။ ပြီးနောက် တပည့်များဖက်သို့  လှည့်ကာ
မပြုံးသော မျက်နှာထားဖြင့်.....

ဆရာ။ ။ ကဲ..ငါ့တပည့်တို့  ဒီမြန်မာ့မြေပုံကြီးကို မင်းတို့ 
သင့်တော်သလို ခွဲဝေယူကြ....

အမျိုးသမီးဟာ ဒီလိုနဲ့ပဲအိုမင်းသွားခဲ့တယ်. . .




မိန်းမရဲ့တစ်သက်က ခက်ခဲတဲ့တစ်သက်ဖြစ်တယ်။
သမီးတော်အဖြစ် အနှစ် ၂ဝ၊ မိဖုရားအဖြစ် ၁ရက်၊ တော်ဝင်မင်းသမီးအဖြစ် ၁ဝလ၊ အထိန်းတော်အဖြစ် တစ်သက်.. ဒါဟာ မိန်းမတစ်ယောက်ရဲ့တစ်သက်တာဖြစ်တယ်။ မိန်းမအများစုဟာ ဒီလိုနဲ့ပဲအိုမင်းသွားခဲ့ပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၂-၉)

သစ်ထူးလွင်


Sunday, September 20, 2015

ဒင့်အသက်ရှည်သမျှပါခင် (မင်းဒင်)





(တစ်)
မြူတိမ်ကင်းသည့်နေ့လည်ခင်းတခုဖြစ်လေသည်။
ယိုးဒယားပြည်ဖူးခက်မြို့၊အမ်မခမ်အရပ်ရှိ
ကျွန်ုပ်နေထိုင်ရာအိမ်အိုကြီး၏ခြံဝင်းရှေ့သို့၊(Farrari-F60)အမျိုးအစား၊နောက်ဆုံးပေါ်ဇိမ်ခံကားကြီးတစ်စီး၊
မ ထင်မှတ်ပဲထိုးဆိုက်လာသည်ကို၊အပေါ်ထပ်ဝရန်တာဆီမှနေ၍၊ ကျွန်ုပ်တအံ့တသြငေးမော ကြည့်ရှုနေမိ၏။

+ အဆိပ်သောက်ထားသူကို အချိန်မီ ဘယ်လိုကယ်ရမလဲ +


အဆိပ်သောက်မိပြီ ဆိုရင် အဆိပ်ကို မျိုချမိတာကြောင့် လမ်းကြောင်းတစ် လျှောက်ရှိ ပါးစပ်၊ ခံတွင်းနဲ့ အစာခြေ လမ်းကြောင်းတစ်လျှောက် ယိုယွင်းပျက်စီးပြီး အသက်ကိုပါ ရန်ရှာတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ အဆိပ်ဆိုတဲ့ နေရာမှာ ယနေ့ ကျေးလက်တွေမှာ အလွယ်တကူ ရနိုင်နေတဲ့ ပိုးသတ်ဆေးများ အပြင် မြို့ရှိ မီးဖိုချောင်သုံး အရောင်ချွတ်ဆေး၊ ကြွေကြေး ချွတ်ဆေး၊ ဆေးဆပ်ပြာရည်စတဲ့ ဓာတုပစ္စည်း အပြင်းစား အရည်တွေ ပါဝင်ပါတယ်။

ကပ်ပါးအစိုးရ

အစိုးရဆိုတာ တိုင်းပြည်အတွက် လိုအပ်ရင် ဖုန်သဲတွေကို မြေဆီသြဇာဖြစ်အောင် လုပ်နိုင်ရမယ်တဲ့။ ဒီစကားကို ပြောသွားတာ ပလေတိုဆိုတဲ့ ပုဂ္ဂိုလ်ကြီးလို့ သိရတယ်။
ပြည်သူတွေကို အစိုးရကဖုန်မှုန့်တွေလို့ သဘောထားတယ်။ ကျောင်းသားတွေကို သဲတွေလို့ သူတို့ သဘော ထားတယ်။ သူတို့ကတော့ အပင်တွေပေါ့။
အစိုးရဆိုတဲ့သူတွေနဲ့ သမ္မတဆိုတဲ့သူတွေကို မေးကြည့်ချင်တာက ခင်ဗျားတို့ဟာ တိုက်မှာ ကပ်ပေါက် နေတဲ့ ကပ်ပါးပင်တွေလား၊ ဖုန်တွေ သဲတွေထဲမှာ ပေါက်နေတဲ့ အလေ့ကျပင်တွေလား။
ကပ်ပါးပင်တွေကတော့ အသက်ကြာကြာ မရှည်ဘူးဗျ။ ဖုန်သဲတွေထဲမှာ ဝင်နေတဲ့ အပင်တွေဆိုရင်လည်း မြေဆီသြဇာခမ်းရင် ခင်ဗျားတို့သေမှာ။
ဒါကြောင့် ဖုန်တွေသဲတွေကို မြေဆီသြဇာတွေဖြစ်အောင် ခင်ဗျားတို့ မလုပ်နိုင်ရင် ခင်ဗျားတို့လည်း အသက်ရှင်မှာ မဟုတ်ဘူး။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၀-၉)

သစ်ထူးလွင်


Saturday, September 19, 2015

ဟာသစုစည်းမှု (၁၉-၉)

ဒုက္ခအပေးဆုံးအစားအစာ
ကိုယ်အလေးချိန်လျှော့ချပေးတဲ့သင်တန်းတစ်ခုမှာ နည်းပြက သင်တန်း သားတွေကို အစားအသောက်ရဲ့ ဆိုးကျိုးတွေကို ပြောပြနေပါတယ်။
"ကျွန်တော်တို့ စားသောက်နေ သမျှတွေက ကျွန်တော်တို့အသက်ကို ခြိမ်းခြောက်နေတာတွေ တစ်ပုံကြီးဗျ။ အသားစိမ်းစားတာ ကျန်းမာရေး အတွက်မကောင်းဘူး။ အသီးအရွက်တွေကလည်း စိတ်ချလို့မရ။

နာမည်ကျော် ထိုင်းတုမ်ယမ်းဟင်းရည် ချက်နည်း




ပါဝင်ပစ္စည်းများ....
ပင်လယ်စာ(ရောရာ).......၆၀ ကျပ်သား
စွတ်ပြုပ်ပာင်းရည်...........၂ လီတာ
တုမ်ယမ်းဟင်းအနှစ်........၂ဇွန်း(ထမင်းစားဇွန်း)
အုန်းနို. .......................၁ဗူး ( ၄၂၀ ဂရမ် )
ကြက်သွန်နီ..................၃ လုံး(လေးစိတ်ခွဲ)

ဇနီးမယား (၇) မျိုး


မြတ်စွာဘုရားရှင်သီတင်းတော်မူတဲ့ ဇေတဝန်ကျောင်းတော်ကြီးရဲ့ ကျောင်းဒါယကာ အနာထပိဏ်သူဌေးကြီးမှာ သုဇာတာဆိုတဲ့ချွေးမတစ်ယောက်ရှိပါတယ်။ထိုသုဇာတာ သတို့သမီးက
လင်ဖြစ်သူရဲ့ ပြောဆိုဆုံးမမှုကို မနာခံသလို၊ယောက္ခမဖြစ်သူရဲ့ ဆုံးမ စကားကိုလည်း ကလန်ကဆန်ပြန်လုပ်ပြီး ရန်တွေ့တတ်တယ်။
ယောက္ခမနဲ့ လင်သား ကိုရိုသေရကောင်းမှန်းမသိဘူး။

ကင်ဆာရောဂါမှ အသက်ချမ်းသာရာရရှိခဲ့သူ အမျိုးသမီးမှ ထပ်ဆင့်ဝေမျှတဲ့ ကင်ဆာဆေးနည်း

Tam KeetoFriendzoned Myanmar

Bosnia and Herzegovina နိုင်ငံမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦး ဖြစ်တယ်။ အခြားဝေဒနာရှင်တွေ အကျိုးဖြစ်စေဖို့ စိတ်အားထက်သန်တဲ့ သူမက သူမအား အသက်ချမ်းသာရစေခဲ့တဲ့ ဆေးနည်းကို ထပ်ဆင့် ဝေမျှခဲ့တယ်။ ဒီဝေဒနာ ရင် ဆိုင်ခံစားနေရတဲ့ အခြားလူနာတွေ အကူညီပေးဖို့ ဆုံးဖြတ်ခဲ့တယ်။
ယင်းဆေးနည်း ဖော်စပ်ဖို့ ရိုးရှင်းလွယ်ကူပြီး ချင်းနဲ့ ပျားရည်ကိုသာ လိုအပ်ပါတယ်။

သေသူအတွက် ရည်စူးကုသိုလ်ပြုလုပ်ပေးရာတွင် မည်ကဲ့သို့ အကျိုးကျေးဇူးရှိမှု နှင့် မည်ကဲ့သို့ရည်စူး ကုသိုလ် ပြုလုပ်ပေးသင့်ပါသနည်း

Buddha, Dhamma, Sangha - ရတ်ပိပြကာ with Myo Chit Thwe and အရှင် ပညာ သိဒ္ဓိ


ရည်စူးကုသိုလ်
(မေး)
အရှင်ဘုရား သေဆုံးသူကို ရည်စူး၍ အလှူဒါနပြုလုပ်လျှင် ရည်စူးခံရသူ၌ မည်သို့သော အကျိုးကျေးဇူးများ ရနိုင်သည်ကို သိလိုပါသည်ဘုရား။
(ဖြေ)
သေသူကိုပဲ ရည်စူးရည်စူး၊ ရှင်သူကိုပဲ ရည်စူးရည်စူး ကုသိုလ်ဆိုတာ ပြုသင့်ပါတယ်။
အရိယာပုဂ္ဂိုလ်များမှတစ်ပါး သတ္တ၀ါတစ်ဦးတစ်ယောက်သေဆုံးသွားရင် “လားရောက်ရမယ့်ဘ၀ ငါးမျိုး” ရှိပါတယ်။

ကယ်လဖိုးနီးယားမြို့နေ၊မောင်ဇူကာဘတ်ထံသို့ပေးစာ (မင်းဒင်)



(တစ်)
အမေရိကန်ပြည်၊ကယ်လဖိုးနီးယားမြို့နေ၊မောင်ဇူကာဘတ်ထံ၊ခေတ္တထိုင်းနိုင်ငံ
ဖူးခက်မြို့နေ၊ရွှေပင်သားကျွန်ုပ်ဦးကြီးဒင်မှ၊လေးစားစွာစာရေးအကြောင်းကြား သိစေအပ်ပါ၏။
ကျွန်ုပ်အနေဖြင့်၊မောင်ဇူကာဘတ်ထံစာရေးသားမည်ဟု
စိတ်ကူးပေါ်သည်နှင့်၊မောင်ဇူကာဘတ်၏ လိပ်စာအတိအကျကို၊
ခင်မင်ရင်းနှီးသည့်၊ မိတ်ဆွေတချို့မှတဆင့်တတ်အားသမျှ စုံစမ်းရှာဖွေခဲ့ပါသော်လည်း

ဖုန်းဘက်ထရီအကုန်မြန်နေလို့ စိတ်ညစ်နေပါသလား။




ဖုန်း ဘက်ထရီအားကို ကြာရှည်ခံစေမယ့် နည်းလမ်း (၁၁) ကို ဖော်ပြလိုက်ပါတယ်။
၁။ ဘက်ထရီအား လုံးဝကုန်သွားတဲ့အထိမသုံးပါနဲ့။ အပြည့်လည်း မသွင်းပါနဲ့။
အခုခေတ်ပေါ်ဖုန်းတွေက Lithium Ion ဘက်ထရီတွေကို အသုံးပြုထားပါတယ်။ ဒီဘက်ထရီတွေက အားကို (၁၀၀)ရာခိုင်နှုန်းအပြည့်သွင်းဖို့ မလိုသလို့ လုံးဝကုန်သွားတဲ့အထိလည်း သုံးလို့မကောင်းပါဘူး။ ဖုန်းကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် ဘက်ထရီအား အနည်းဆုံး (၂၀)ရာခိုင်နှုန်းလောက်အထိပဲ သုံးပြီး (၉၀)ရာခိုင်နှုန်းလောက်အထိပဲ အားသွင်းပါ။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၉-၉)

သစ်ထူးလွင်


Friday, September 18, 2015

ယောက္ခမရိုသေ




တက္ကသိုလ်ကျောင်းသားလေ့လာရေးအဖွဲ့တစ်ဖွဲ့သည် ကျေးရွာတစ်ခုသို့
လေ့လာရေးခရီးထွက်လာကြစဉ် နွားသိုးကြီးတစ်ကောင်
သည် နွားတင်းကုတ်မှပြေးထွက်လာကာ တွေ့ရာမြင်ရာကို လိုက်ဝှေ့နေ၏ ။ ထို့ကြောင့် ကျောင်းသားများလည်း ခြေဦးတည့်ရာကို ထွက်ပြေးကြရသည်။

လူတိုင်း မသိမဖြစ်သော တို့ဆေးအန္တရာယ်အကြောင်း

မယ်သီတာရယ် ရာမရယ် ကျွန်တော်ရယ်

ယခုတလော ပြည်တွင်းမှ ဒုစရိုက်ဂိုဏ်းများက တို့ ဆေး များသုံး၍ လုရက်မှု-မုဒိန်းမှုခလေး ငယ်များအား တို့ ဆေးသုံးလျှက် ဖမ်းဆီးခံရသည့် သတင်းများ မကြာခဏ ဖြစ်ပေါ်နေသဖြင့် စာဖတ်သူများ ဗဟုသုတ ရရန်နှင့် သတိထားနိုင်စေဘို့  တို့ ဆေး အကြောင်း တင်ပြလိုက်ပါသည်။
တို့ ဆေးဟု လူပြောများနေသော်လည်း အမှန်မှာ အထူးပြုလုပ်ထားသည့် အပ်အသေစားက လေးဖြင့် လူကိုယ်တွင်းသို့  လျှက်တပျက် ထိုးသွင်းလိုက်ခြင်းဖြစ်သည် ခြင်းကိုက်သလို စစ်ကနဲ့ စူးရှနာကျင်သွားမည်၊

မနက် ၁၀ နာရီ အထိလုပ်သင့်သော ၁၀ ချက်


မနက် စောစောထခြင်းက ခေါင်းကြည်ပြီး အားလုံးအဆင်ပြေစေပါတယ်။
အောင်မြင်နေသူ တော်တော်များများဟာ မနက်စောစောထပြီး အလုပ်လုပ်တာရှိသလို၊ အားကစားလုပ်သူလဲရှိပါတယ်။
ဒါကြောင့် မနက် ၁၀ နာရီအထိ ဘာကိုလုပ်သင့်သလဲဆိုတာကို ဖတ်ကြည့်လိုက်နော်။
၀၁. ၁၀ မိနစ်ပဲ တရားထိုင်ပါ။

ကွန်ပျူတာ Passwords မေ့လို့ ဖွင့်လို့မရခဲ့လျှင်




ကိုယ့်ရဲ့ကိုယ်ပိုင် ကွန်ပျူတာလေးမှာ သူများမသိစေချင်တဲ့ အကြောင်းအရာ လေးတွေရှိလို့ Passwords နဲ့ပိတ်ထားကာမှ အချိန်ကြာလာ သောအခါ အမှုမဲ့အမှတ်မဲ့ နဲ့မေ့သွားတတ်ပါတယ်။ ထိုအခါ ကိုယ့်အတတ်နဲ့ကိုယ် ကွိုင်တက်တော့တာပါဘဲဗျာ..။ ထိုအဖြစ်မျိုးကြုံတွေ့နေရသူတွေအတွက်ကော ၊ Passwords ဖွင့်နည်းသိချင်သူတွေအတွက် နည်းလမ်းလေးများဖြစ်နိုင်သလောက် ဖော်ပြပေး လိုက် ရပါတယ်..။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၈-၉)

သစ်ထူးလွင်


Thursday, September 17, 2015

"လူမသိသော ကျနော့်လျှို့ဝှက်ချက်များ"

1. ကျနော့်ကို မိခင်က ဆယ်လလွယ်ပြီး ၁၁ လမှ မွေးခဲ့တယ်။
2. ကျနော့် နှလုံးသားက ညာဖက်မှာ။
3. ကျနော်က နာဂစ်ကနေ အသက်မသေဘဲ လွတ်မြှောက်လာသူ။
4. ကျနော်ဟာ ဘာသာစကား ၆ မျိုးကို ကျွမ်းကျင်စွာ ပြောနိုင်သူ။

“ဆန္ဒရဲ့စွမ်းအား”

         တရားဥပဒေအရ လူတစ်ယောက်ဟာ သူ့ကိုယ်သူနဲ့ သူ့အခွင့်အရေးတွေကို သူ့ဘာသာ ကာကွယ်နိုင်ပြီ လို့ ယူဆတဲ့ အသက်အရွယ်ကို ၁၈ နှစ်မှာ ထားပါတယ်။ ဆိုလိုတာက အသက် ၁၈ နှစ်ပြည့်ပြီးသူတစ်ယောက်ရဲ့ ဆန္ဒသဘောထားကို အခြားမည်သူတစ်ဦးတစ်ယောက်ကမှ စိုးမိုးခြယ်လှယ် ချုပ်ကိုင်ပိုင်ဆိုင်ခြင်း မရှိရပါဘူး။ ချွင်းခြက်တွေတော့ ရှိတာပေါ့။ စိတ်ပေါ့သွပ်နေသူ၊ သတိချို့ယွင်း လွတ်ကင်းနေသူ၊ အစရှိသည်ဖြင့်။ ကာယကံရှင် ဆန္ဒမပါရင် ဆရာဝန်တွေတောင် “ငါ နင့် အသက်ကိုကယ်နေတာ” ဆိုပြီး သူသဘောမတူတဲ့ ကုသမှုတွေ အတင်းအကျပ်ပေးလို့မရပါဘူး။ ကျွန်တစ်ယောက်ရဲ့ဆန္ဒကို သခင်မပိုင်ဘူး။ သားသမီးတစ်ယောက်ရဲ့ဆန္ဒကို မိဘမပိုင်ဘူး။ ဝန်ထမ်းတစ်ယောက်ရဲ့ဆန္ဒကို သူ့ဌာနအကြီးအကဲ မပိုင်ပါဘူး။ စစ်သားတစ်ယောက်ရဲ့ ဆန္ဒကို ကာချုပ်ကြီးမပိုင်ပါဘူး။ တိုင်းသူပြည်သားတစ်ယောက်ရဲ့ဆန္ဒကို သမ္မတကြီး မပိုင်ပါဘူး။

ဒီစာကိုဖတ်မိရင် မိမိကိုယ်မိမိမေးကြည့်ပါလား…?


အခု ဒီစာကို ဖတ်နေချိန်မှာ စဉ်းစားကြည့်ရမှာက
ငါ့မှာ ၀င်ငွေရှိနေပြီလား၊
ဝင်ငွေမရှိသေးဘူးဆိုရင်တော့ တစ်ခုခုတော့မှားနေပြီ။
ဝင်ငွေရှိနေပြီဆိုရင် တစ်ဆယ်ရာခိုင်နှုန်းလောက်
် စုဆောင်းနိုင်ပြီလား၊ မစုဆောင်းနိုင်သေးဘူးဆိုရင် မမှန်သေးဘူး။

မျောက်အုန်းသီးထောင်ချောက်



တစ်ခါတစ်လေ ခင်ဗျားတို့ တစ်တွေ မနက် အိပ်ယာကနိုးရင် ဘာ့ကြောင့် ရယ်မသိ စိတ်ဖိစီးနေတာမျိုး ဖြစ်ဖူးကြလား။ တစ်စုံတစ်ခု က ခင်ဗျားတို့ကို ဖမ်းစား ထားသလို။ ပြည့်ကျပ် နေသလို စတဲ့ ခံစားချက် လေးတွေပေါ့။ ဒါနဲ့ ပတ်သက်ပြီး ကျွန်တော် ခင်ဗျားတို့ကို ပုံပြင် တစ်ခု ပြောပြ ချင်တယ်။ ပုံပြင် ဆိုတာထက် တကယ်က ရိုးရိုး ထောင်ချောက် တစ်ခု အကြောင်း ပါ။ ဒါပေမယ့် ဒီအကြောင်းမှာ ခင်ဗျားတို့ ကျွန်တော် တို့ ဖြစ်လေ့ ရှိတဲ့ စိတ်ဖိစီးမှု အတွက် အဖြေ ပါတယ်။

“ ခေတ်ပြောင်းမဲ ”

ခေတ်ပြောင်းမဲ ” http://www.dawnmanhon.com/2015/09/blog-post_177.html

တိုင်းပြည်အနာဂါတ်ကို အဆုံးအဖြတ်ပေးမဲ့ (၂၀၁၅) အထွေထွေရွေးကောင်ပွဲကြီးအတွက် မြန်မာနိုင်ငံမှာ စက်တင်ဘာ (၇) ရက်နေ့ ကစပြီး တရားဝင်မဲဆွယ်လှုပ်ရှားမှု့တွေ အုံးအုံးကြွက်ကြွက်နဲ့  နိုးထရှင်သန်လာပြီ။ ပခုက္ကူမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ထောက်ခံသူတွေ ကခုန်ပျော်ရွှင်နေတဲ့ ရုပ်သံသတင်းထဲမှာ ဆံဖြူသွားကျိုး၊ ခါးကိုင်းနားထိုင်းနေတဲ့ ပါးကွက်ကျားနဲ့ အမယ်အိုတွေကွေးနေအောင် ကနေတာကို မြင်ရတာ ကြက်သီးထစရာ ကောင်းလိုက်တာ။

"မြန်မာပြည်တွင် ဘွဲ့လက်မှတ်မှန်ကန်ကြောင်း ထောက်ခံစာပေးနိုင်သည့်အဖွဲ့အစည်း ရှိပါသလား။

"မြန်မာပြည်တွင် ဘွဲ့လက်မှတ်မှန်ကန်ကြောင်း ထောက်ခံစာပေးနိုင်သည့်အဖွဲ့အစည်း ရှိပါသလား။ ပညာရေးဝန်ကြီးဌာနတွင် လျှောက်ထားနိုင်ပါက ကောင်းသည်။ စင်ကာပူနိုင်ငံတွင် ကောင်းမွန်စွာနေထိုင်သူဖြစ်ကြောင်း စင်ကာပူရဲအဖွဲ့သို့ လျှောက်ထားပါက ၂ပတ်အတွင်း ရာဇဝတ်မှုကင်းရှင်းကြောင်း ထောက်ခံစာပေးသည်။ ထိုစာရွက်ရှိမှာ အမေရိကားနှင့် နိုင်ငံတကာက အကျင့်စာရိတ္တကောင်းကြောင်း လက်ခံသည်။ မြန်မာပြည်တွင် ကျပ် တစ်ထောင်ပေးပါက ရပ်ကွက်အုပ်ချုပ်ရေးမှုး အကျင့်စာရိတ္တကောင်းကြောင်း ထောက်ခံစာရသည်။ ပညာရေးဝန်ကြီးဌာန (သို့မဟုတ်) ရဲတပ်ဖွဲ့မှ နိုင်ငံတော်အဆင့် ထောက်ခံစာပေးနိုင်ဖို့ အများကြီးကြိုးစားရပါဦးမည်။ နိုင်ငံအကျိုးဆောင်မည်ဟု လိမ်ညာပြောဆိုနေသူများ ယခု ပြောင်းလဲနေကြပါပြီ။ အတုအယောင်များ သူ့ဖာသာ ဆင်းမသွားပါ။ ညင်သာစွာ ဖယ်ရှားရမည်။ သင့်မဲတစ်ပြားသည် အရေးကြီးလှပါသည်။"
2015-09-15 0:01 GMT+08:00 အေးငြိမ်း <phonemyatnyein@gmail.com>:

သစ်ထူးလွင် သတင်းစုစည်းမှု (၁၇-၉)

သစ်ထူးလွင်


စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...