ကပ်ပါးအစိုးရ
အစိုးရဆိုတာ တိုင်းပြည်အတွက် လိုအပ်ရင် ဖုန်သဲတွေကို မြေဆီသြဇာဖြစ်အောင်
လုပ်နိုင်ရမယ်တဲ့။ ဒီစကားကို ပြောသွားတာ ပလေတိုဆိုတဲ့ ပုဂ္ဂိုလ်ကြီးလို့
သိရတယ်။
ပြည်သူတွေကို အစိုးရကဖုန်မှုန့်တွေလို့ သဘောထားတယ်။ ကျောင်းသားတွေကို သဲတွေလို့ သူတို့ သဘော ထားတယ်။ သူတို့ကတော့ အပင်တွေပေါ့။

အစိုးရဆိုတဲ့သူတွေနဲ့ သမ္မတဆိုတဲ့သူတွေကို မေးကြည့်ချင်တာက ခင်ဗျားတို့ဟာ
တိုက်မှာ ကပ်ပေါက် နေတဲ့ ကပ်ပါးပင်တွေလား၊ ဖုန်တွေ သဲတွေထဲမှာ ပေါက်နေတဲ့
အလေ့ကျပင်တွေလား။
ကပ်ပါးပင်တွေကတော့ အသက်ကြာကြာ မရှည်ဘူးဗျ။ ဖုန်သဲတွေထဲမှာ ဝင်နေတဲ့ အပင်တွေဆိုရင်လည်း မြေဆီသြဇာခမ်းရင် ခင်ဗျားတို့သေမှာ။
ဒါကြောင့် ဖုန်တွေသဲတွေကို မြေဆီသြဇာတွေဖြစ်အောင် ခင်ဗျားတို့ မလုပ်နိုင်ရင် ခင်ဗျားတို့လည်း အသက်ရှင်မှာ မဟုတ်ဘူး။
အစိုးရကြီးထွားဖွံ့ဖြိုးချင်ရင် ပြည်သူနဲ့ ကျောင်းသား (ပညာရေး) ကို မြေဆီများများ ထည့် ပေးရတယ်။ မြေဆီများမှ အပင်လည်းထွားသတဲ့။ ခုတော့ ပြည်သူနဲ့ကျောင်းသားတွေကို ဖုန်မှုန့်တွေလိုသဘောထားပြီး ကပ်ပါးဘဝနဲ့ တိုက်ခေါင်မိုးအထိ တက်နိုင် တာကို ခင်ဗျားတို့ဂုဏ်ယူနေကြသလိုပဲ။
တိုင်းပြည်မှာ မြေဆီခမ်းနေတာကြာလှပြီ။ မြေဆီသြဇာမရှိတဲ့ ဖုန်တွေ ကြားမှာ ခင်ဗျားတို့ရှင်သန်လို့ ရမယ်ထင်သလား။
၂၁.၉.၂၀၁၅

0 comments:
Post a Comment