Sunday, September 27, 2015

ဟာသစုစည်းမှု ( ၂၇-၉)



ကျမက မောင့် အတွက်ဆို အမြဲ အဆင်သင့်ပါ မောင်..
မောင် ဆန္ဒရှိရင် ကျမ အပေါက်မှာ အုပ်ထားတဲ့ အလွှာပါးလေးကို မောင်ကိုယ်တိုင်ပဲ ဖောက်လိုက်ပါ မောင်..
ဖောက်ပြီးရင်တော့ မနက်စောစော တစ်ခါ.. ည အိပ်ခါနီး တစ်ခါ.. ပုံမှန်လေး သုံးပေးပါမောင်..

မသုံးဘဲ ပစ်ထားရင် ကျမ အိတ်စပါယာ ဖြစ်သွားမှာ စိုးလို့ပါမောင်..

ကျမကို ညှစ်မယ်ဆိုရင် အောက်ခြေကနေ ပင့်တင်ပြီး တဖြည်းဖြည်း ညှစ်ပါမောင်..
ကြုံရာနေရာက ထင်သလို ညှစ်ရင် ကျမ ပုံပျက် သွားမှာ စိုးလို့ပါမောင်..
ကျမက နဲနဲ ညှစ်ရင် များများ ထွက် တတ်ပါတယ်မောင်..
ညှစ်တိုင်းလည်း ထွက် တာပါပဲ မောင်..
အရေးကြီးတာလေး တစ်ခု မှာပါရစေ မောင်..
ကျမကို မောင် လိုအပ်သလောက်ထက် ပို မညှစ်မိပါစေနဲ့ မောင်..
ကျမ က ညှစ်တိုင်း ထွက်သလို ထွက် သွားပြီးရင်လည်း ပြန်သွင်းလို့ မရတော့လို့ပါ မောင်..
.................................
..............................................
............................................
............................................
.............................................
...............................................
...............................................
ကျမက သွားတိုက်ဆေးပါ မောင်.
Credit- snow flake

" ဖြစ် သင့် တာ ပေါ့ "
တရားသူကြီး - " ဒီ သုံးနှစ်အတွင်းမှာ မောင်မင်းကို ဒီတရားရုံးမှာ ခဏခဏ တွေ့ နေရတယ်..သုံးနှစ်ဆိုတဲ့
အချိန်ဟာ နည်းတာ မဟုတ်ဘူး..ဒီကာလ အတွင်းမှာ မောင်မင်းဟာ လူကောင်း ဖြစ်နေ
ဖို့  ကောင်းပြီ.."
တရားခံ - " ကျနော် မငြင်းပါဘူး..တရားသူကြီးမင်းလည်း ဒီကာလအတွင်းမှာ တရားရေး ၀န်ကြီးလောက်
တော့ ဖြစ်ဖို့ ကောင်းနေပါပြီ..."
Credit- Ko Tun Aye


သူသာ ဘော့စ်အစစ် ...
ကိုတာတစ်ယောက် တော်တော်လေး ဒေါသထွက်နေပါတယ်။
သူ့စိတ်ထဲမှာ သူ့ဝန်ထမ်းတွေက သူ့အပေါ် အရေးမစိုက်ဘူးလို့လည်း ထင်နေပါတယ်။
ဒီတော့ နဂါးမှန်းသိအောင် အမောက်ထောင်ဦးမယ်ဟဲ့လို့တွေးရင်း
ဆိုင်းဘုတ်တွေ ရောင်းတဲ့ဆိုင်က 'ငါသည် ဘော့စ်'ဆိုတဲ့ ဆိုင်းဘုတ်ကို ဝယ်ပြီး သူ့ရဲ့အခန်းတံခါးဝမှာ ကပ်ထားလိုက်ပါတယ်။
အဲဒီနောက် နေ့လယ်စာစားရာကနေ ပြန်လာတော့ သူ့ဆိုင်းဘုတ်ရဲ့ အောက်ဘက်မှာ စာရွက်တစ်ရွက်ကို တိပ်နဲ့ကပ်ထားတာ တွေ့လို့ ဖတ်ကြည့်လိုက်တော့ အခုလို ရေးထားတာကို တွေ့လိုက်ရပါတယ်။
"မိန်းမဖုန်းဆက်သည်။ သူ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...