Wednesday, September 9, 2015

ဗိုလ်ချုပ်ရဲ့ စကားလေးတွေ




ဗိုလ်ချုပ်အောင်ဆန်း။ ။. ဟေ့ကောင် ကျော်စိန်
ဟိုမှာပုလိပ်လက်ပြတဲ့အတိုင်းမောင်းကွ
တော်ကြာ လာဖမ်းနေဦးမယ်
ကျော်စိန်။ ။. ဗိုလ်ချုပ် တစ်ယောက်လုံးပါနေတာ
ဖမ်းစရာလား ဗိုလ်ချုပ်ရယ်


ဗိုလ်ချုပ်အောင်ဆန်း။ ။ .ဟေ့ကောင် ငါကငါ ဥပဒေက ဥပဒေကွ
ကျော်စိန်။ ။. စက်ရပ်သွားပြီ ဗိုလ်ချုပ်
ဗိုလ်ချုပ်အောင်ဆန်း။ ။. ဟေ့ကောင် နေဝင်း ဆင်း ။ ဒို့ နှစ်
ယောက် ကားတွန်းရအောင် ။။။
====
ဗိုလ်ချုပ်အောင်ဆန်း။ ။. ကြည် အိမ်ကကိုယ့်ရဲဘော်တွေကို
ဈေးခြင်းတောင်းမဆွဲခိုင်းပါနဲ့
သူတို့က နိုင်ငံတော်အတွက်ကွ
ဒေါ်ခင်ကြည်။ ။. ကြည် မခိုင်းပါဘူး မောင်ရယ်
သူတို့ဟာသူတို့ လုပ်ပေးတာပါ
ဗိုလ်ချုပ်အောင်ဆန်း။ ။. ဘာပဲ ဖြစ်ဖြစ် နောက်မမြင်ချင်ဘူး
====
ရှမ်း။ ။.ဒီရွှေဒင်္ဂါးတွေကို နင် လိုရာသုံးဖို့
ငါ လာလှူတာ ဝေ့ ဗိုလ်ချုပ်
ဗိုလ်ချုပ်အောင်ဆန်း။ ။. ထားခဲ့ပါ ရှမ်းကြီးရယ် မနက်ကျတော့
ဖဆပလ ကို ကျုပ်ပို့ပေးမယ်
=====
ဗိုလ်ချုပ်အောင်ဆန်း။ ။. လွပ်လပ်ရေးရရင်တော့ ခြံလေးစိုက်ပြီး
စာပဲရေးနေချင်တာဗျာ၊ မင်္ဂလာဒုံက ခြံလေးတော့ ကြိုက်သား၊ ကျပ်ငါးထောင်ဆိုတော့ မတတ်နိုင်ဘူး။။ ခြံမရှိရင်နေ ကလေးတွေကိုတော့ ကျောင်းကောင်းကောင်း ထားချင်တယ်ဗျာ။ အငယ်ဆုံးသမီးလေးကို နားကပ်လေးတစ်ရံ ခမည်းပေးဖို့ နတ်မောက်က အမေ့ဆီ ပိုက်ဆံ လှမ်း မှာထားရတယ်
======
ဗိုလ်နေ၀င်း။ ။ . မမကြည် အိမ်မှာ ဆန် ဆီ ပြတ် သွားရင် ကျနော့်ကိုပြောနော် လာကန်တော့လို့ လက်ခံရင် မင်းကို အရင် ထောင်ချပစ်မယ်လို့ ဗိုလ်ချုပ်က ကျနော့်ကို ကြိမ်းထားတယ်
ခင်ကြည်။ ။. စိတ်ချပါ ကိုနေ၀င်းရယ်။ အဲလိုတွေ ရှိလို့လား။ ကန်တော့တယ်ဆိုတာ လက်အုပ်ချီပြီး သြကာသ ဆိုတာ မဟုတ်ဘူးလား။။။
=======
နေ၀င်း။ ။. မမကြည် ဗိုလ်ချုပ်ကော
ဒေါ်ခင်ကြည်။ ။. အိပ်နေတယ်
နေ၀င်း။ ။. လူကြီးတွေစောင့်နေတာကြာပြီ ခေါ်ပေးပါလား
ဒေါ်ခင်ကြည်။ ။. ကျမ မနှူိးရဲဘူး
===========
ဗိုလ်ချုပ်အောင်ဆန်း။ ။. မင်းနာမည်
ချမ်းမြေ့ ။ ။. ချမ်းမြေ့
ဗိုလ်ချုပ်အောင်ဆန်း။ ။. အသက်
ချမ်းမြေ့ ။ ။. ၁၆
ဗိုလ်ချုပ်အောင်ဆန်း။ ။. ပညာ
ချမ်းမြေ့။ ။. ၉ တန်း
ဗိုလ်ချုပ်အောင်ဆန်း ။ ။. ငယ်သေးတယ်ပညာဆက်သင် တပ်ထဲမ၀င်နဲ့
==========
ဗိုလ်ချုပ်အောင်ဆန်း။ ။. အကိုကြီး
မခင်ကြည်ဆိုတဲ့ သူနာပြုဆရာမကို ကျုပ်ကချစ်တယ်လို့ လက်ထပ်ချင်တယ်လို့ ခု မြန်မြန်သွားပြောဗျာ အချိန်မရှိဘူး ကျုပ်မှာ အလုပ်တွေရှိသေးတယ်။။
=======
ဗိုလ်ချုပ်အောင်ဆန်း။ ။. အေးဗျာ အလုပ်ကရှုပ် ငွေက မရှိပါဘူး ဆိုမှ ကလေးကလည်း မွေးလိုက်တာ တစ်နှစ်တစ်ယောက်ပဲဗျို့ ဟားဟား
====
Nurse . မမကြည် ဂျူတီချိန်းရအောင် ဗိုလ်ချုပ်ကို သမီးကြောက်တယ်
ဒေါ်ခင်ကြည်။ ။ . ရပါတယ်ကွယ် ဗိုလ်ချုပ်ကို
မမကြည် ကြည့်လိုက်ပါ့မယ်။
Credit to Wiseikta Joti

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...