Sunday, May 31, 2015

ပန်းသီးလေး

 
အချစ်ဆိုတာသေချာဖို့ အချစ်ဆိုတာကိုသိဖို့တော့လိုမယ်။

တခါတခါတော့လည်းတွေးမိတယ်
အချစ်မှာ ဘယ်လိုသောအကြောင်းပြချက်တွေများရှိမှ ချစ်လို့ရမှာတဲ့လဲ
တကယ်ပါပဲ
အလွမ်းဘယ်နှကြိမ်ကိုဖြတ်ပြီးမှ အချစ်ဆိုတာကိုရမှာတဲ့လဲ

သုံးရာသီ


နဂိုမျက်နှာထားကိုက ပြုံးရွှင်နေတဲ့ ယာဉ်ထိန်းရဲတစ်ယောက် (၂၆x၈၀) လမ်းထောင့်က မီးပွိုင့်မှာ အလုပ်လုပ်နေတယ်။ မန္တလေးမြို့ရဲ့ မေလ၊ နေ့ခင်း (၁၂း၃၀) အချိန် ရာသီဥတုက ကျဲကျဲတောက်ပူလောင်နေတယ်။ အမိုးအကာအောက်မှာ နေထိုင်ရတဲ့သူတွေအတွက် သိပ်မသိသာလှပေမယ့် မိုးကောင်းကင် ဟင်းလင်းပြင်အောက်၊ လမ်းမတစ်ခုထက်ရောက်နေတဲ့ ကျွန်တော့်အဖို့တော့ သူ့ကိုစောင့်ကြည့်နေရတဲ့ (၁၅) မိနစ်လောက် အချိန်ကလေးမှာတောင် သက်သောင့်သက်သာမရှိခဲ့ဘူး။

“အင်္ဂလိပ်ကျေးဇူး မြင့်မိုရ်ဦး”

“နှစ်ကျိပ်ရှစ်ဆက် မဟာဝင်တည် အတိတ်အဖြစ်အပျက် ကမ္ဘာတွင်သည်။ ဘယ်ရာဇာပင် မစံမြန်းသည့် မန်းရွှေမြို့ပြည်။” တဲ့။
         မန်းလေးသူ မန်းလေးသားတွေဟာ အင်မတန်မှ မဟာဆန် နန်းဆန်တဲ့သူ၊ ယဉ်ကျေးတဲ့သူတွေလို့ ကိုယ်တွေ တစ်သက်လုံး ယူဆထားခဲ့ကြပါတယ်။ အောင်မြေမြမန်း နန်းလေတည်စိုက်ရာမှာ ရာဇာမင်းစိုးတို့နဲ့ တမြေတည်းတရေတည်း နေခွင့်ရခဲ့သူတွေ မဟုတ်လား။ ရပ်ကြီးသူ ရပ်ကြီးသားများလို့ ဆိုလို့ရတာပေါ့။ (အခုလည်း ပြည်ကြီးသူ ပြည်ကြီးသားများလို့ ပြောရင် မမှားသေးပါဘူးနော့။) မျိုးချစ်စိတ်ဓါတ်လည်း အင်မတန်ကို ပြင်းပြတဲ့သူတွေပါ။ ယောင်ပေစူးကလေးနဲ့ ဘုန်းကြီးကျောင်းမှာ စာသင်နေတဲ့ ဆယ်နှစ်အရွယ် ကလေးငယ်ကလေးတောင်မှ ဘီရိုပေါ် မောင်နှံတင်၍ ဆောင်ပျံပလ္လင် ဂေါဝိန်စခန်းကို မြန်းကြွရှာလေပြီ ဆို ပါတော်မူတာမြင်မိရင် စီးကြမျက်ရည် ရွှေနန်းတော်တိုင်ကို မှီကာငိုမိပါသတဲ့။ သူကမှ ကိုယ်တိုင်သိမီလိုက်ရလို့ တ ကာ မုနိ ကြွေလုသည်းဆိုင် ဖြစ်နေရှာတာ မဟုတ်ပါဘူး။

နိုးထပါတော့ ဆရာတို့


တစ်နေ့က ဆရာများသမဂ္ဂက ဆရာတစ်ဦးနဲ့ ကားအတူစီးပြီး မြောက်ဒဂုံကိုပြန်ခဲ့ပါတယ်။ ဆရာသမဂ္ဂကို ကိုယ်တိုင်ပါဝင်လှုပ်ရှားခြင်း မပြုနိုင်ပေမယ့် တကယ့်ကို စိတ်ဓာတ်နဲ့ အားကြိုးမာန်တက် လုပ်ဆောင်နေကြတဲ့ ဆရာတွေကို လေးစားဂုဏ်ပြုလျက်ပါ။
ပုသိမ်နည်းပညာတက္ကသိုလ်က သရုပ်ပြဆရာ ဦးဝေယံအောင်ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ လ ချမှတ်လိုက် တဲ့အကြောင်းတွေ ပြောဖြစ်တယ်။ ကျောင်းသားတွေကို သပိတ်စစ်ကြောင်းမှာ လိုက်လံစောင့်ရှောက်ပေးတဲ့ ဆရာတစ်ယောက်ကို အလုပ်နဲ့ ထောင်ဒဏ် ၃ လ ချမှတ်လိုက်တာကတော့ ဆရာလောကတစ်ခုလုံးကို စိန်ခေါ် လိုက်သလိုပဲဗျ။ ရှင်းရှင်းပြောရရင် မလုပ်နဲ့၊ မရှုပ်နဲ့၊ ဟောသည်လို လုပ်လို့လည်းရတယ်ဆိုပြီး ပညာပေးလိုက် တာလို့ ယူဆနိုင်သပေါ့ဗျာ။ ဆရာတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို လူသတ်တာလည်းမဟုတ်၊ ဓားပြတိုက်တာ လည်းမဟုတ် ဆန္ဒပြမှုနဲ့ ဆက်နွှယ်ပြီး ထောင်ဒဏ်ချလိုက် တာဟာ ရည်ရွယ်ချက်ရှိရှိ ချိုးဖဲ့စော်ကားလိုက်တာလို့ လည်း ယူဆနိုင်ပါတယ်။

ဘုန်းကြီးကျောင်းသားဘ၀မှသည် ပါမောက္ခဘ၀ဆီသို့ (အပိုင်း -၃)

Htay Win's photo.

ထို့နောက် နိုင်ငံခြား ပညာတော်သင် လွှတ်ရန်အတွက် လျှောက်လွှာခေါ်ခဲ့ပေသည်။ ဖြေဆိုမည့်သူများမှာ မြန်မာ တနိုင်ငံလုံး အတိုင်းအတာအရ သုံးထောင် ရှိပေသည်။ ဦးနေ၀င်းလက်ထက်က နိုင်ငံခြားပညာတော်သင်ဆု ဆိုသည်မှာ အလွန်ရတောင့်ရခဲသော ဒုလ္လဘတရား တခု ဖြစ်ပေသည်။ လူတိုင်းလိုချင်သော ဆုတခုလည်း ဖြစ်၏။ ဆရာကြီးကား ငယ်စဉ်က သူတကာ ရယ်သွမ်းသွေးခံ၍ ထီးတချောင်းတွင် Ph.D ဟူသော ဘွဲ့ကိုရေးကာ စိတ်ကူးတွင်ရေးဆွဲခဲ့သော အိမ်မက်သည် အမှန်တကယ်ဖြစ်လာရန် လမ်းစတွေ့ပြီဖြစ်၍ အရင်ကထက် အဆပေါင်းများစွာ ကြိုးစားခဲ့ပါသည်။

နည်း(၅) မိမိနှိုင်ယှဉ်မယ့်အရာတွေကို ဉာဏ်ရှိရှိ ရွေးချယ်ပါ။



‪#‎ကျနော်တို့တွေ‬ စိတ်ထဲမှာ ဖြစ်ပေါ်လာတတ်တဲ့ ကျေနပ်တယ်၊ မကျေနပ်
ဘူးဆိုတဲ့ ခံစားချက်တွေဟာ ကိုယ်က ကိုယ့်ကိုယ်ကို အခြားသူတွေနဲ့ နှိုင်း
ယှဉ်လိုက်ရာက စတာပါပဲ။ ကိုယ့်ထက်ပိုပြီး ပြည့်စုံသူတွေနဲ့ နှိုင်းယှဉ်မိလိုက်
တဲ့အခါ စိတ်မကောင်းဖြစ်တတ်ပါတယ်။ ကိုယ်လောက် မှ မပြည့်စုံသူတွေ
နဲ့ နှိုင်းယှဉ်လိုက်တဲ့ အခါကျပြန်တော့လည်း ကျေနပ်တဲ့စိတ်က ဖြစ်သွားပြန်
ပါရော။ ဒါပေမယ့် ဘယ်နည်းနဲ့ပဲ ကြည့်ကြည့် ရှိနေတဲ့ အမှန်တရားကတော့
ဒီအတိုင်းပါပဲ။ ကျွန်တော်တို့ဘ၀တွေကို ပြန်ကြည့်ပြီး ပေါ်ပေါက်လာတတ်
တဲ့ စိတ်ခံစားမှုဟာ ကိုယ်က ကိုယ့်ကိုယ်ကို ဘယ်သူတွေနဲ့ နှိုင်းယှဉ်သလဲ
ဆိုတာအပေါ် မူတည်ပြီး အကြီးအကျယ် ပြောင်းလဲမှုတွေ ဖြစ်တတ်ပါ
တယ်။ ကိုယ်က ကိုယ့်ဘ၀ကို အခြားသူတွေနဲ့ နှိုင်းယှဉ်ကြည့်တော့မယ်
ဆိုရင် အဓိပ္ပာယ်ရှိရှိ နှိုင်းယှဉ်တတ်ရပါမယ်။

ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ၏ သမိုင်းဖြစ်ရပ်မှန်တစ်ခုကို ပြန်လည်ပြောပြခြင်း


ဘိုးသိမ်း (ကျောင်းသားသမဂ္ဂခေါင်းဆောင်ဟောင်း ဆရာကြီး ဒေါက်တာမင်းသိမ်း)
၂၀၁၅ ခု မေလ ၂၂ ရက် (သောကြာ) နေ့ထုတ် Daily Eleven သတင်းစာမှာ လွှတ်တော်သို့ လာရောက်လေ့လာသည့် သန်လျင်နည်းပညာတက္ကသိုလ်မှ ကျောင်းသားကျောင်းသူ များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့စုံတဲ့သတင်း ဖတ်ရပါတယ်။

မြေဇာပင်ဘဝ


ဒီစာလေးကို Tag လုပ်မိတဲ့သူတွေရော
မလုပ်မိတဲ့သူတွေရော! ဒီ Post ကိုတွေ့ရင် ပြီးဆုံးအောင်ဖတ်ကြည့်စေချင်ပါတယ်!
Tag လုပ်ရတဲ့အဓိက ရည်ရွယ်ချက်က ဒီစာကို ကျယ်ကျယ်ပြန့်ပြန့် ဖတ်မိကြစေချင်လို့ပါ!
ဒီစာကို ဖတ်ပြီး ရှယ်တဲ့သူလဲ ရှိချင်ရှိမှာပါ။မင်းက အိမ်ထောင်သည်ဘဝကို ဘယ်လောက်များ နားလည်လို့လဲလို့ မေးစရာတွေ ရှိချင်ရှိနေကြမှာပါ။

Government Unit (ရာထူးအခေါ်အဝေါ်များ)


သမ္မတ (President)
ဒုသမ္မတ (Vice President)
လွှတ်တော် (Parliament)
မြို့တော်ဝန် (Mayor)
ဒုမြို့တော်ဝန် (Vice Mayor)

သစ်ထူးလွင် သတင်းစုစည်းမှု (၃၁-၅)

သစ်ထူးလွင်


Saturday, May 30, 2015

မရိုးသားကြဘူး>>


မင်းတို့ အမေရိကန် ပထမဆုံး သမ္မတ သိလား၊ ဘယ်သူတဲ့တုန်း? (လင်ကွန်းပါဘုရား)၊ တောက်တီး တောက်တဲ့နဲ့ (၁၆)ယောက်မြောက်မှ လင်ကွန်းပဲ၊
ဒါ ကျောင်းဆရာ တဲ့ ခွေးမသား၊ ၀ါရှင်တန်ပေါ့ကွ၊
အမေရိကန်မှာ ပထမဆုံး သမ္မတဖြစ်တာ ၀ါရှင်တန်ကွ၊ ဟုတ်လား။

အဲဒီ ၀ါရှင်တန် ငယ်စဉ်က သူတို့ အိမ်နောက်ဖေးမှာ ခြံရှိတယ်ပေါ့ကွာ၊

အဆုံး၏အစ


ဈင်ဘုန်းတော်ကြီးကျောင်း ကရာတေးသင်တန်းတစ်ခု၏ ခါးပတ်နက် သင်တန်းဆင်းပွဲတွင်ဖြစ်သည်။ ထင်ရှား သည့် ဆရာကြီး တစ်ဦး၏ သင်တန်းဖြစ်ပြီး ရနိုင်ခဲ့သည့် ခါးပတ်နက်သင်တန်းဖြစ်သောကြောင့်လည်း အလွန် တန်ဖိုးထားလေ့ရှိကြသည်။ ဆရာကြီးထံပါးတွင်နှစ်ပေါင်းများစွာ လေ့ကျင့် သင်ကြားခဲ့သော တပည့်တစ်ဦးအား ခါးပတ်နက် အပ်နှံပွဲနေ့ဖြစ်သည်။
"တပည့် သင့်ကို ငါ ခါးပတ်နက် မအပ်နှံမီ စမ်းသပ်စရာတစ်ခုရှိသည်။ ထိုစမ်းသပ်မှုကို အောင်မှသာ သင် ခါးပတ်နက်ကို လက်ခံရရှိမည်"
"စမ်းသပ်ပါဆရာ။ ခံယူရန် အသင့်ပါ"
ဆရာသည် မည်သို့ စမ်းသပ်မည်မှန်း မသိသောကြောင့် တပည့်ဖြစ်သူက အသင့်ကြိုတင်ပြင်ဆင်လိုက်သည်။ ဆရာက
"ငါ သင့်ကို မေးခွန်းလေးတစ်ခုပဲ မေးမှာပါ။ ခါးပတ်နက်ဆိုတာဘာလဲ။ အဲဒါဖြေစမ်းပါ"

ရေကူး ပြီးတော့ မြကျွန်းသာ၊ ဦးရဲထွဋ်ပဲရှင်းရတော့မယ်


(Written by : မာန်သူရှိန်)
(ဓာတ်ပုံနှင့်သတင်း - အောင်ရဲကို၊ အောင်မျိုးသန့်)
ရေကူးအသံလွှင့်စက်ရုံ တင်ဒါကိစ္စကို မေ ၂၇ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးပိုက်ထွေးက လာရှင်းတယ်။
ဦးပိုက်ထွေး ရှင်းလင်းတာကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးလည်းဖြစ်၊ သမ္မတ ပြောရေး ဆိုခွင့်ရှိသူလည်းဖြစ်တဲ့ ဦးရဲထွဋ်က သူ့ရဲ့ Facebook မှာ ဖော်ပြတယ်။

အထောက်တော်လှအောင်


The Adventurers - အထောက်တော်လှအောင် 3.pdf
https://yadi.sk/i/QdASjOJ7eovWF
The Adventurers - အထောက်တော်လှအောင် 4.pdf
https://yadi.sk/i/pLSIqh72eovWH
The Adventurers - အထောက်တော်လှအောင် ၁.pdf
https://yadi.sk/i/vvebvEcTeovWK
The Adventurers - အထောက်တော်လှအောင် ၂.pdf

သစ်ထူးလွင် သတင်းစုစည်းမှု (၃၀-၅)

သစ်ထူးလွင်


Friday, May 29, 2015

သန်လေးကို ဟာသစုဗူး (၂၉-၅)

=============
1. ဆံပင်ပေါက်ဆေး
=============
အာမခံနဲ့ရောင်းတဲ့ ဆံပင်ပေါက်ဆေး ဆိုင်ထဲကို ထိပ်ပြောင်းကြီးတစ်ယောက် ဒေါကြီးမောကြီးနဲ့ ဝင်လာပြီး ပြောတယ်... ...
"မင်းတို့ပြောတော့ ဆေးနှစ်ပုလင်းကုန်ရင် ဆံပင်ပြန်ပေါက်မယ်ဆို၊ ဒီမယ်ကြည့်စမ်း င့ါခေါင်းကို"
"စိတ်လျှော့ပါ နောင်ကြီး၊ ဆေးဖိုး ၁ဝ ဆပြန်လျော်ပါ့မယ်"

ဖတ်ရှု့ စုဆောင်းလိုသူများအတွက် သမိုင်းစာအုပ် (၄၈) အုပ်

(၁) အင်းဝရွှေနန်းရောက် ဗြိတိသျှ သံအဖွဲ့မှတ်တမ်း (၁၈၅၅)(တက္ကသိုလ်နေ၀င်း)
http://www.mediafire.com/?z9ypq726494lac2
(၂)အလောင်းမင်းတရားကြီး၏ကုန်းဘောင်ရွှေပြည် (ဒေါက်တာ တိုးလှ)
http://www.mediafire.com/?jx2oxf72ilt5a8k
(၃)ကုန်းဘောင်ရှာပုံတော် (ညိုမြ)
http://www.mediafire.com/?idhxn8fo547u79d
(၄)အောင်ဆန်းသူရိယ ဗိုလ်တိုက်ချွန်း (တက္ကသိုလ်စိန်တင်)

7Day Hero - တစ်ကောင်တည်းပေမယ့် ခြင်္သေ့နှလုံးသားဖြင့်အမတ် (ဒေါက်တာညိုညိုသင်း)


တိုင်းဒေသကြီး လွှတ်တော်တွင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေဖြင့် လွှတ်တော်အစည်းအဝေး (၁၃)ကြိမ်၌ မေးခွန်းပေါင်း ၂၀၀ ကျော်မေးမြန်းခဲ့ပြီး အဆို ၂၀ ကျော်တင်သွင်းခဲ့သူမှာ ဒေါက်တာ ညိုညိုသင်းဖြစ်သည်။
ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ထွက်ပေါ်လာသော အမတ်တစ်ဦးဖြစ် ပြီး သူ၏ပါတီမှာ အင်အားကြီးပါတီမဟုတ်ဘဲ ပါတီငယ်သာဖြစ်သော်လည်း

ခေတ်သစ် ပေါ်ဦး လျှောက်ထုံး


မင်းကြီး။ ။ ဟဲ့..ပေါ်ဦး နင်ကိုးကွယ်နေတာ ဘာကြီးလဲ
ပေါ်ဦး ။ ။ တောင်ပို့ကြီးပါဘုရား
မင်းကြီး။ ။ ဟဲ့....သူ့ချည်းသာလော
ပေါ်ဦး။ ။ ဖွတ်ပါထွက်လာပါတယ်ဘုရား

၆၇ နှစ်အဘွားရဲ့ လေးစားစရာစိတ်ဓာတ်နဲ့ ယနေ့ခေတ် ကျနော်တို့လူငယ်တွေ အတုယူစရာ

မွန်ပြည်နယ်က အသက် ၆၇ နှစ်အရွယ်အဖွါး တစ်ဦးမှ
ဗုဒ္ဓဘာသာယဉ်ကျေး လိမ္မာသင်တန်းကို ကလေးများနှင့်အတူ
သင်တန်းအတူတက်ပြီး စာမေးပွဲဖြေနေတဲ့ ပုံရိပ်အချို့ကို
အံ့သြစွာတွေ့မြင်နေရပါတယ်။ မိမိရဲ့မာနတရားကို နှိမ့်ချပြီး
ကလေးများနဲ့အတူ ဘာသာရေးစာပေများကို လေ့လာသင်ကြား
နေတယ်ဆိုတာ ဗုဒ္ဓတရားနှင့်အညီကျင့်သုံးခြင်းဖြစ်ပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၉-၅)

Thursday, May 28, 2015

ခင်ဇော်ဦး ဟာသ ပေါင်းချုပ် ( ၂၈-၅ )

သေချာရွေးမှဖြစ်လိမ့်မယ်။
===============
တခါက တရုတ်ကြီးတစ်ယောက်ပြောပြတဲ့အကြောင်းလေးပါ . . ။
သူက ဇီယိုထိုးပြီး ဇီးထုပ် ထုပ်ရောင်းတာပါ။
ဒါလဲ အထင်မသေးပါနဲ့ သူ့ဇီးထုပ်တွေကို ဖြန့်ဖို့ အဲဒီအချိန်က ဒိုင်နာလို ကားမျိုး နှစ်စီးလောက်ရှိပါတယ်။ အလုပ်သမားက ၁၀၀ လောက်ကို ရှိပါတယ်။

အတူတူဆိုရင်...


အမှန်ဆိုလျှင် ကိုယ့်ဘဝထဲကို ကိုယ့်အတွေးတွေထဲကို သူမ ဝင်ရောက်လာတာ သိပ်မကြာလှသေး။ အချိန်ကာလတွေကို သေသေချာချာ လက်ရေချိုး ရေတွက်ကြည့်မိတော့ ဒီနှစ် ကိုယ့်မွေးနေ့ ပတ်ဝန်းကျင်က စပြီး သူမနှင့် ရင်းနှီးခင်မင်ခဲ့ရတာ ဖြစ်သည်။ ကိုယ်ပိုင် ဘဝတခုကို ကိုယ်တယောက်တည်း တည်ဆောက်နေစဉ် မမျှော်လင့်သော အချိန်တခုတွင် သူမနှင့် မျှော်လင့်မထားသော ဆုံဆည်းခြင်း မျိုးဖြင့် တွေ့ကြုံ ဆုံဆည်းခဲ့ရသည်။

" လူတစ်ယောက်၏ တန်ဖိုး "

တစ်ခါက နာမည်ကြီး တက္ကသိုလ်မှ ဆရာတစ်ဦးသည် ချောင်ကျသော ရွာတစ်ရွာသို့သွားရောက် လည်ပတ်ခဲ့သည်။ ရွာသို့ရောက်သော် လှေတစီးငှားပြီး မြစ်တစ်လျှောက် လည်ပတ်ခဲ့သည်။
လှေစတင်ထွက်သောအခါ ဆရာက လှေသမားအား......

" ခင္ဗ်ား သခ်ာၤေဗဒတတ္သလား"

နှစ်ပေါင်း ၁၇ဝဝသက်တမ်းရှိသည်ဟုယူဆရသော ပျူကျောက်စာတစ်ချပ်တွေ့ရှိသည်ကို သက်ဆိုင်ရာဌာနသို့ အဆင့်ဆင့်အကြောင်းကြားသော်လည်း လာရောက်လေ့လာခြင်းမရှိ၍ တွေ့ရှိသူက အဝတ်လျှော်ကျောက်ပြားအဖြစ် အသုံးပြုခဲ့သည်မှာ ရှစ်နှစ်ပင်ကြာမြင့်ခဲ့ပြီဟုဆို

ရန်ကုန်၊ မေ ၂၅
Yangon Media Group's photo.

 နှစ်ပေါင်း ၁၇ဝဝ ခန့် သက်တမ်းရှိသည်ဟုယူ ဆရသော ပျူကျောက်စာတစ်ချပ် ရှာဖွေတွေ့ရှိခဲ့ခြင်း အား တွေ့ရှိသူက ရပ်ကွက်တာဝန်ရှိသူများမှတစ်ဆင့် မြို့နယ်သို့ ထူးခြားဖြစ်စဉ်အဖြစ် တင် ပြခဲ့သော် လည်း မည်သူမျှလာရောက် လေ့လာခဲ့ခြင်းမရှိသည့်အတွက် ကျောက်စာတွေ့ရှိသူက အဝတ်လျှော် ကျောက်ပြားအဖြစ် အသုံးပြုခဲ့သည် မှာ နှစ်ပေါင်းရှစ်နှစ်နီးပါးပင် ကြာမြင့် ခဲ့ပြီဖြစ်ကြောင်း အဆိုပါဖြစ်ရပ်အား သွားရောက်လေ့လာခဲ့သူ မန္တလေး မှ ရှေးဟောင်းသုတေသနပညာရှင် တမ္ပဝတီ ဦးဝင်းမောင်က ပြောကြားသည်။

မြန်မာဘာသာဖြင့် ရေးသားပြုစုထားသော စာအုပ် ၁၈ အုပ် (ဆောက်လုပ်ရေး အင်ဂျင်နီယာများအတွက်)



Concrete Technology by U Nyi Hla Nge
http://mmewp.org/?p=386
Essential of Concrete Inspection and Quality Control by U Kyi Lwin
http://mmewp.org/?p=753
Civil နဲ့ပတ်သက်တဲ့အမေးအဖြေများ ၁-၁၂ by Ko Bobo Kyaw
http://mmewp.org/?p=1114
Reinforced Concrete Vol.1by BTech Tin Ko Ko
http://mmewp.org/?p=982
ETABS အခြေခံများကို လေ့လာခြင်း by MEF
http://mmewp.org/?p=361
Learning of ETABS Software (Myanmar Version) by BTech Tin Ko Ko
http://mmewp.org/?p=1096

ရွှေရေးထင်ထင်ရဲ့ သရော်စာ

http://blog.irrawaddy.org/2015/05/blog-post_39.html#st_refDomain=www.facebook.com&st_refQuery=/


ဓာတ်ပုံ - shweyay htin htin facebook

မကြာသေးခင်က ဖေ့ဘုတ် လူမှုကွန်ရက် စာမျက်နှာထက်မှာ ခန္တာကိုယ်အချိုးအစား ခပ်လန်းလန်း နာမည်ကလည်း ခပ်မိုက်မိုက် နဲ့ စာရေးဆရာ ကဗျာဆရာမတဦး တဟုန်ထိုး လူသိများလာတာ အားလုံးအသိပါပဲ။ သူကတော့ ရွှေရေးထင်ထင် ဆိုသူပါ။ ခပ်လန်းလန်း ဓာတ်ပုံတွေကြောင့် သူ့ရဲ့ ဖေ့ဘုတ်မှာတောင် လာအပ်သူတွေ follow လုပ်သူတွေ နေ့ချင်းညချင်း များပြားလာတယ်လို့ သူ့ကိုယ်ပိုင် ဖေ့ဘုတ်မှာရေးသားထားတာကိုတောင် တွေ့ရပါသေးတယ်။

ဘွဲ့ရမှ.ပညာတတ်တယောက်ဖြစ်သလား။


လူတွေဟာ.ဘွဲ့တွေ.ဒီဂရီတွေအများကြီးရထားတဲ့လူတယောက်ကိုပညာတတ်ကြီးလို့.သတ်မှတ်ထားကြတယ်။.ဘွဲ့လေးတခုမှမရတဲ့လူက.ငါဟာပညာတတ်တယောက်မဟုတ်ဘူးဆိုပြီးအားငယ်နေကြတယ်။
အဲဒီအယူအဆမှားနေတယ်ဆိုတာ.အောက်မှာရေးထားတဲ့ကျနော့်အတွေ့အကြုံလေးနဲ့ရှင်းပြချင်ပါတယ်။
လွန်ခဲ့တဲ့အနှစ်၂၀လောက်ကပေါ့။.ရန်ကုန်မှာ.အိမ်ခန်းတခန်းဝယ်လိုက်တယ်။.အပေါ်တထပ်မှာနေတဲ့လူတယောက်နဲ့အသိဖြစ်ကြတယ်။.သူ့နာမည်က.ကိုအောင်လွင်ပါ။.ကျနော်နဲ့အသက်ရွယ်တူလောက်ပါ။.တရုပ်လူမျိုးစပ်တယ်။
သူနဲ့သိလိုက်ရခြင်းက.အရင်ကအစိုးရအလုပ်လုပ်တုံးက.ကျနော့်လက်အောက်ကလူငယ်အရာရှိဟာ.ကိုအောင်လွင်ရဲ့ကုမ္ပဏီမှာဝင်လုပ်နေတာမို့.အဲဒီလူငယ်ကမိတ်ဆက်ပေးလို့ပါ။
သူက."ဒါက.ကိုသိန်းဖေပါ။.အခုစင်္ကာပူမှာလုပ်နေတယ်။.B.Eဘွဲ့ရပါ"။

ဒူးကျီးပေါင်းအဆင့်-ဒူးခွင်ဒူးကားခြင်း


ဒူးနာခြင်းဖြစ်ပြီးမကြာခင်မှာဒူးကျီးပေါင်းဆိုတာ ဖြစ်လာတတ်ပါတယ်။အထူးသဖြင့် ဒူးနာချိန်ပျောက်ကင်း သည်အထိကုသမှု မရနိုင်သူများ၊ တလွဲကုသမှု ခံနေရသူများ ဂရုစိုက်မှုနဲပါးသူတွေ အနေနဲ့ ကျီးပေါင်း အဆင့်ကိုမလွဲမသွေရောက်ကြမှာဖြစ်ပါတယ်။ကျီးပေါင်းဖြစ်ပေါ်မှုကလဲအဆစ်တို့ရဲ့ပျက်စီးမှုပေါ်မှာပဲမူတည်ပါတယ်။လိမ်ညာဟန်ဆောင်မရတဲ့ဝေဒနာပါ။ အဆစ်တို့ရဲ့ပျက်စီးမှုက များခဲ့ရင် ကျီးပေါင်းအဆိုင်အခဲဖြစ်ဘို့က မြန်ပြီးများတတ်ပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၈-၅)

သိထားသင့်တဲ့ နိုင်ငံတွေရဲ့ ဘားကုဒ်လေးတွေ


ပစ္စည်း တစ်ခုကို ထုတ်လုပ်တဲ့ နိုင်ငံ သိနိုင်ဖို့ ဘားကုဒ်ကို ကြည့်တတ်ဖို့လိုပါတယ်။ တံဆိပ်ကို တုလို့ လွယ်ပေမယ့် တံဆိပ်က ဘားကုဒ်ကို တုဖို့ ခက်ပါလိမ့်မယ်။ ဘယ်နိုင်ငံအတွက် ဘားကုဒ်က ဘာလဲ ဆိုတာ သိရင် ဘားကုဒ်ကို ကြည့်လို့ ဒီပစ္စည်းဟာ ဘယ်နိုင်ငံထွက် ပစ္စည်းဆိုတာ အလွယ်သိနိုင်ပါတယ်။
ဒါလေးဆိုရင် ရှေ့ဆုံးသုံးလုံးကို ကြည့်ပြီး ထိုင်ဝမ် နိုင်ငံလုပ်ဆိုတာ သိနိုင်ပါပြီ။

Wednesday, May 27, 2015

သမီးဖတ်ဖို့ ကျက်သရေ မနက်ခင်းကလေး - မောင်သာချို။



(တစ်)
သမီးရေ...
ကိုယ့်ကိုယ်ကိုယ်ပြန်ပြီး ကြိုက်မိတဲ့ အကျင့်စရိုက် တွေထဲမှာ တစ်ခုကတော့ မနက်အစောကြီး အိပ်ရာက ထတတ် တာပဲသမီးရဲ့။ ဟုတ်တယ်။ ဖေဖေ ဟိုး... ငယ်ငယ်ကလေး တည်းကစလို့ အခုအထိ မပျောက်မပျက် ကျင့်မြဲကျင့်နေမိခဲ့တာ မနက်စောစောမှာ အိပ်ရာက ထတာပါပဲ။
ငှက်ကလေးတွေက ကျည်ကျည်ကျာကျာနဲ့ နံနက်ခင်း စကားကို ဆိုကြချိန်။ သစ်ရွက်ကလေးတွေက ညလုံးပေါက်သောက် ထားတဲ့ ရေငွေ့ကလေးတွေနဲ့ စွတ်စွတ်စိုစို ရှိကြချိန်။ လမ်းတွေ ပေါ်မှာက လူသူလေးပါးနဲ့ ယာဉ်အသွားအလာတို့ ရှင်းလင်း ချိန်။

ပညာတန်ဖိုး


"တက္ကသိုလ်ဆိုတာ အရိုင်းအစိုင်းတွေကို ပညာသင်ကြားရာနေရာကြီးတစ်ခုလိုဖြစ်လာပြီ။ ဘာကြောင့်လဲ ဆိုတော့ လူငယ်တွေကို လူ့ဘောင်ရဲ့ တန်ဖိုးထားစရာတွေကိုမသင်ဘဲ၊ ပညာတွေကိုသာ သင်ခိုင်း ရှာခိုင်း နေတာကြောင့်ပဲ" လို့ ဂျွန် ဟော့ကင်းတက္ကသိုလ်က ပါမောက္ခချုပ် စတီဗင် မူးလားဆိုသူ ပြောသွားတဲ့စကားကို ဆင်ခြင်ဖို့ကောင်းတယ်။
တကယ့်ပညာစစ်စစ်ဆိုတာ ဦးနှောက်ကိုရော နှလုံးသားကိုပါ လေ့ကျင့်သင်ကြားပေးရတာပါ။ ပညာမတတ်တဲ့ သူခိုးတစ်ယောက်ဟာ ကုန်တင်ကားကြီးတစ်စီးကို ခိုးကောင်းခိုးနိုင်မယ်၊ ပညာတတ်သူခိုးဟာ မီးရထားလမ်း တစ်လမ်းလုံးကို ခိုးနိုင်တယ်ဆိုတဲ့စကားရှိပါတယ်။ ပညာရှာရာမှာ ပြိုင်သင့်တာက ကြားမြင်သုတ ဘယ်လောက် ရှိသလဲ၊ ဘယ်လောက်ယဉ်ကျေးလိမ္မာသလဲဆိုတာတွေပါ။ ဘယ်နှစ်တန်းလဲ၊ ဘာဘွဲ့လဲဆိုတဲ့ အဆင့်တွေ မဟုတ်ပါဘူး။ အသိဆိုတာ ပကတိအရှိတရားတွေနဲ့ တည်ဆောက်သွားရတာ။ ပညာဆိုတာ အသိနဲ့ အရှိကို ပေါင်းစပ်ရတာ။ ဘွဲ့ရတိုင်း ပညာတတ်မဟုတ်ဘူး။

အဘယ့်ကြောင့် လူသေသောအခါ ဒီလိုလုပ်နေပါသလဲ ?


လူသေသောအခါ ရေချိုးပေးရခြင်းအကြောင်း
==========================
လူတို့သည် ရောဂါများခံစားရသောအခါ ဆေးဝါးများကုသရခြင်း ရေမချိုးရခြင်းစသည်ဖြင့် ရက်လနှစ်ကြာမြင့်အောင် ဝေဒနာကိုခံစားပြီး သေဆုံးသွားရလေသည် ထိုလူသေကောင်၌ မကောင်းသောအနံ့များနံနေသောကြောင့် အသုဘရှုသူ ရဟန်းရှင်လူများ အနံ့သက်သာစေ ရန် ရေချိုးပေးရခြင်း အမွှေးနံ့သာများဖြန်းပေးရခြင်းပင် ဖြစ်ပါသည်။

*** သံဓာတ်ချို့ တဲ့ခြင်းကိုဖော်ပြတဲ့ လက္ခဏာ (၉) ရပ် ***

ပျမ်းမျှ အမျိုးသမီး ၁၀-ဦးမှာ ၆-ဦးခန့် က သံဓာတ်ချို့ တဲ့လေ့ရှိကြပြီး၊ နေ့စဉ် ကိုယ်လက်လှုပ်ရှားမှုများတဲ့ အမျိုးသမီးတွေမှာ သံ ဓာတ်ပိုမိုလိုအပ်နေတယ်လို့ အမေရိကန်နိုင်ငံရှိ the Centers for Disease Control and Prevention မှကျွမ်းကျင်သူများက ဆိုပါတယ်။ သံဓာတ်ချို့ တဲ့ခြင်း ရှိ-မရှိ မိမိကျန်းမာရေးအခြေအနေ ကို အောက်ပါ လက္ခဏာ(၉)ရပ်တို့ ဖြင့် စမ်းစစ်နိုင်ပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၇-၅)

သစ်ထူးလွင်


ဟာသ အသုတ်စုံ (၂၇-၅)

" အား ငယ် လာ ပြီ "
စိတ်ရောဂါဆရာဝန်က မိမိထံရောက်လာသော လူလတ်ပိုင်း ယောင်္ကျားကို မေးသည် ။
" အလိုလိုနေရင်း အားငယ်တဲ့ စိတ် ဘယ်လိုဖြစ်ပြီး ပေါ်လာတာလဲ.."
" ကျနော့် ဇနီးဟောင်းနဲ့  အခု လက်ရှိဇနီး မမျှော်လင့်ဘဲ တွေ့ သွားကြတယ်..ပထမတော့
သူတို့ နှစ်ယောက် ရန်ဖြစ်ကြတယ်..၊

သီတဂူဆရာတော်ဘုရားကြီးရဲ့ Dagon City project အပေါ်အမြင်(ရွှေတိဂုံဘုရားအနီးက ဘီလူးမြို့တော်) ``ရွှေတိဂုံဘုရားအနီးက ဘီလူးမြို့တော်´´

 ``ရွှေတိဂုံဘုရား အန္တရာယ်ရှိနေပြီ´´။
``ရွှေတိဂုံဘုရားနားမှာ မြို့တော်ကြီး ဖော်ဆောင်တော့မှာ´´။
``ရွှေတိဂုံဘုရားကို ကာကွယ်ကြပါစို့´´။
ဤနှိုးဆော်ချက်သည် မိမိအတွက် တုန်လှုပ်ချောက်ခြားဖွယ်အလွန်ကောင်းသည့် ``သေမင်းတမန်နှိုးဆော်ချက်´´ ဖြစ်၏။ ရွှေတိဂုံဆိုသည်မှာ မြန်မာတို့၏ အသက်၊ မြန်မာတို့၏ ၀ိညာဉ်၊ မြန်မာတို့၏ နှလုံးသည်းပွတ်ပင် မဟုတ်ပါလော။

ဒေါ်လာသန်း၆၀လိမ်လိုက်တဲ့စင်္ကာပူက.Ponzi_Scheme(ပွန်ဇီလိမ်နည်း)။


"ငါးကြင်းဆီနဲ့ငါးကြင်းကျော်ပြီးလိမ်တဲ့နည်းလေးတခု"ဆိုတဲ့postလေးကို.မေလ(၁၉)ရက်နေ့က.ဒီPageမှာ
တင်ထားခဲ့ပါတယ်။.မဖတ်ရသေးရင်.အဲဒါလေးအရင်ဖတ်ပြီးမှ.အောက်ကစာကိုဖတ်ရင်ပိုပြည့်စုံပါလိမ့်မယ်။
ငါးကြင်းဆီနဲ့ငါးကြင်းကျော်လိမ်နည်းဆိုတာ..လူတွေအပ်ထားတဲ့ပိုက်ဆံတွေထဲကနေ.အတိုးကြီးကြီးကိုလစဉ်
ပုံမှန်ပေးနေရင်းက.အပ်ငွေအများကြီးရတဲ့တချိန်မှာ.အပ်ငွေလက်ခံသူရုတ်တရက်ပျောက်သွားတဲ့.မရိုးနိုင်တဲ့လိမ်နည်းပါ။

Tuesday, May 26, 2015

God ခဏဖြစ်သွားခိုက်


   Friday, 18 February 2011 16:30

Customer is God တဲ့။ အခု ကျွန်တော် မြန်မာပြည်ရဲ့ Cyber Cafe တစ်ခုထဲမှာ အင်တာနက် သုံးနေတယ်။ Google က အလကား ပေးထားတဲ့ service တစ်ခုကို သုံးနေတယ်။ ဒါဆို အခု ကျွန်တော် Cyber Café လေးရဲ့ God။Google ရဲ့ God ။ အံမယ်God မှ နှစ်ထပ်ကွမ်း God တောင် ဖြစ်လို့ပါလား။ တယ်ဟုတ်တဲ့ ငါပါလား။

ဖက်ဒရယ် ဥပဒေအကယ်ဒမီ အကြောင်း ဒီဗွီဘီ အင်တာဗျူးး



ကချင်ပြည်နယ် မိုင်ဂျာယန်ခရိုင် မိုင်ဂျာယန်မြို့မှာ တည်ထောင်ဖွင့်လှစ်ထားတဲ့ ဖက်ဒရယ်ဥပဒေ အကယ်ဒမီက တိုင်းရင်းသားလူငယ်တွေကို သင်တန်းသားသစ်တွေ ခေါ်ယူ နေပါတယ်။ တိုင်းရင်းသားလူငယ်တွေဟာ အနာဂတ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အခြားဥပဒေများ ရေးဆွဲတဲ့ဖြစ်စဉ်ထဲမှာ လူထုရဲ့ကိုယ်စား၊ တိုင်းရင်းသားတွေ ကိုယ်စား
အနေနဲ့ တိုက်ရိုက် ပါဝင်ပတ်သက်နိုင်တဲ့အရည်အချင်းရှိအောင် ပြုစုပျိုးထောင်နေတာ ဖြစ်တယ်လို့   ဖက်ဒရယ်ဥပဒေ အကယ်ဒမီရဲ့ ကျောင်းအုပ်ကြီး လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူးက ပြောပါတယ်။

ကျောက်ခေတ်လူသားများနေထိုင်ခဲ့သည်ဟု ယူဆရသော ကျောက်ဂူတစ်ဂူ သာစည်နှင့် ဝမ်းတွင်းမြို့အကြားတွေ့ရှိ


ရန်ကုန်၊ မေ ၂၄-ကျောက်ခေတ်လူ သားများ နေထိုင်ခဲ့သောကျောက်ဂူ ဟုယူဆရသည့် ကျောက်ဂူတစ်ဂူ သာစည်နှင့်ဝမ်းတွင်းမြို့အကြား၌ တွေ့ရှိထားကြောင်း မန္တလေးရှေး ဟောင်းသုတေသနပညာရှင် များထံ မှ သိရသည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၆-၅)

သစ်ထူးလွင်


Monday, May 25, 2015

ဟာသ စုစည်းမှု (၂၅-၅)

" ဆ န္ဒ သုံး ခု "
အဘိုးကြီး တစ်ယောက် ငါးမျှားနေသည် ။ ရုတ်တရက် ငါးကြင်းကြီး တစ်ကောင်ကို မိသည် ။ အဘိုးကြီး ပျော်သွားသည် ။
ငါးက လူစကားဖြင့် အဘိုးကြီးကို မမျှော်လင့်ဘဲ ပြောသည် ။
" ကျမကို လွှတ်ပေးပါ အဘိုး..။ အဘိုးရဲ့ ဆန္ဒ သုံးခုကို ကျမ ဖြည့်ဆည်းပေးပါ့မယ်..."

ဗုဒ္ဓဘာသာဆိုင်ရာဆိုက်များ (မြန်မာ)

အလုပ်ခွင်မှာ စိတ်ဖိစီးမူ ခံစားရပါက


အလုပ်ခွင်မှာ ခံစားနေရတဲ့ စိတ်ဖိစီးမူတွေကို နှစ်၊ လ၊ ရက်တွေ ကြာအောင် သိမ်းဆည်းလို့ မထားလိုက်ပါနဲ့။ အလုပ်ဆိုတာ ပျော်ရွှင်မူတွေ ရှိကို ရှိရပါမယ်။ အမြဲ စိတ်ဖိစီးမူတွေနဲ့ ပြည့်နှက်နေပြီ ဆိုရင်တော့ တစ်ခုခု အမှားအယွင်း ဖြစ်လို့ နေပါပြီ။
ဝါသနာ မပါတဲ့ အလုပ်ကို ရွေးချယ်ပြီး လုပ်မိတဲ့ အတွက်ကြောင့် များလား...။
ငွေကို မက်ပြီး အလုပ်လုပ်တဲ့ အတွက်ကြောင့်လား...။

အ ရိ ပ် များ နှ င့်ေ တွ့ ဆုံ ခြ င်း


နံနက် ရှစ်နာရီပင် ဖြစ်သော်လည်း နွေဦးကာလ၏ နေက တော်တော်မြင့်နေပြီ။ တော်တော်လေးလည်း ပူနေပြီ။ နွေဦး၏ အငွေ့အသက်နှင့်အတူ ဥသြငှက်၏ တေးဆိုသံက လွမ်းမောချင်စရာ။ ငယ်ငယ်က ကျက်ခဲ့ဖူးသော နေရောင်ခြည်သည် ရောဂါပိုးများကို သေစေ၏ ဟူသော စကားကို ပြန်သတိရကာ လမ်းလျှောက်ထွက်ချင်စိတ်ဖြစ်လာခဲ့သည်။

🍀 စိတ်ချင်းအဖေါ် 🍀


အဖေါ်ဆိုတာ ဘယ်လိုဟာမျိုးကို ခေါ်မလဲ။ ကိုယ့်စိတ်ထဲမှာ ဘာတွေ ခံစားနေရတယ်ဆိုတာကို သိတဲ့သူ၊ ကိုယ့်ကို ကိုယ်ချင်းစာနိုင်တဲ့သူ၊ ကိုယ့်ကိုနားလည်တဲ့သူ ( နားလည်တယ် ဆိုရာမှာလည်း ကိုယ့်ရဲ့ အကောင်းရော၊ အဆိုးရော၊ အားနည်းချက်တွေ အကုန်လုံးကို နားလည်တာကို ဆိုလိုတယ်။ ) ကိုယ့်ကို အလကားနေရင်း အပြစ်မတင်တဲ့သူ၊ မဝေဖန် မရှုံ့ချတဲ့သူ၊ အပြစ်မရှာတဲ့သူ ကို ကိုယ့်အဖေါ်လို့ ခေါ်တယ်။
နားလည်တယ် ဆိုတဲ့ကိစ္စဟာ ရာခိုင်နှုန်းပြည့် ဘယ်တော့မှ မဖြစ်နိုင်ဘူး။

အမေရိကန်ရဲ အကြမ်းဖက်မှု ပြဿနာ


အမေရိကန်ရဲများဟာ အမေရိကန်ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ပါတယ်။ ပြည်သူ့အခွန်ငွေက ရဲများကို လခပေးပါတယ်။ ရဲများရဲ့ လုပ်ပိုင်ခွင့်၊ လုပ်ထုံးလုပ်နည်းများနဲ့ ပတ်သက်ပြီး ပြည်နယ်အလိုက် ကွာခြားပါတယ်။ ဖက်ဒရယ်အစိုးရ ရုံးစိုက်ရာမြို့ (Federal District) ၀ါရှင်တန်ဒီစီက ရဲများကို ဖက်ဒရယ်အစိုးရက တိုက်ရိုက် စီမံခန့်ခွဲပါတယ်။

အထုပ္ပတ္တိဆိုင်ရာ စာအုပ်များ


Giacomo ကျွန်မနာမည်နူဂျုဒ်.pdf
https://yadi.sk/i/wHbCGVizfdeEq
ကိုဂျေ...ရဲရဲတောက် မြန်မာလုပ်ငန်းရှင်များ.pdf
https://yadi.sk/i/kklenb2zfdeEs
ခရီးသွား မှတ်တမ်း...သိပ္ပံမောင်ဝ.pdf
https://yadi.sk/i/Vu6omnsHfdeEw

မိုးကုတ်စက်ဝိုင်းပေါ်မှ ပျောက်လွယ်ခက် ထူးအိမ်သင် ၁၉၉၂

မြို့မဧည့်ခံတေး အမှတ် (၅) (၁၉၉၂) တေးစု တွင် ထူးအိမ်သင် ဝင်ရောက် သီဆိုပေးခဲ့သည့် နှစ်ပုဒ် အနက်မှ တပုဒ်။ အခြားတပုဒ်မှာ ကရဝိတ်(သ)မြူးဇစ် ဖြစ်သည်။ နားဆင်ရန် - http://youtu.be/mdkXH1AeGBs

သစ်ထူးလွင် သတင်းစုစည်းမှု (၂၅-၅)

သစ်ထူးလွင်


Sunday, May 24, 2015

ဟာသ ပေါင်းချုပ် (၂၄-၅)

" ကံ ဆိုး တဲ့ အန် ကယ် "
" ဟယ်လို..ဂျွန်..၊ ဂွတ်မောနင်း..၊ ဒါနဲ့  မင်းအန်ကယ် ဘာဖြစ်တာလဲကွ.."
" လက်ကျိုးသွားလို့ .."
" ကျွတ်.ကျွတ်..ဘယ်လိုဖြစ်တာလဲ.."
" သူ စာကြည့်စားပွဲမှာ ထိုင်နေတုန်း သူ့ မိန်းမ ကျနော့် အန်တီက နောက်နားက တိတ်တိတ်လေးလာပြီး
အန်ကယ့်ရဲ့ နားကို ချစ်စနိုး ကိုက်လိုက်တယ်..အဲ့ဒါ လန့် ဖြန့် ပြီး သတိမေ့ သွားတယ်.."

အိမ်


တစ်ည .... ရီဝေဝေနဲ့ သူအိမ်ပြန်ရောက်လာခဲ့တယ်။ တံခါးဖွင့်အိမ်ထဲဝင်ပြီး မီးဖွင့်ရင်း မိန်းမဖြစ်သူကို သူလှမ်းအော်တယ်။ ပြန်ထူးသံ မကြားရဘူး။ ခေါင်းငုံ့ဖိနပ်ချွတ်တော့ ဖိနပ်စင်ပေါ်တင်ထားတဲ့ စာရွက်တစ်ရွက်ကို သူတွေ့လိုက်တယ်။ ကောက်ယူကြည့်တော့ လင်မယားကွာရှင်းစာချုပ်ဖြစ်နေတယ်။ သူတစ်ချက် တွေဝေသွားတယ်။ သူမ တကယ်လုပ်လိမ့်မယ်လို့ သူထင်မထားခဲ့ဘူး။

နောင်တ


နောင်တ (Contrition) ဟူသည် တနည်းအားဖြင့် မိမိရဲ့ အတိတ်က လုပ်ရပ်အမှားအပေါ် မချင့်မရဲဖြစ်ခြင်း (Suppressed) နဲ့ ယူကျုံးမရဖြစ်ခြင်း (Inconsolably) ပင်ဖြစ်သည်။ ကမ္ဘာပေါ်ရှိ လူသားတိုင်းတွင် အမှားကင်းပြီး အသက်ရှင်မွေးဖွားကြီးပြင်းလာသူ ဟူ၍မရှိပေ။

မချင့်မရဲဖြစ်ခြင်း အမှား (Suppressed)
မိမိလုပ်ရပ်အမှားသည် မိမိတစ်ဦးတည်းသာ ထိခိုက်စေခြင်းမျိုးသည် ပြင်ဆင်ခွင့်လွှတ်နိုင်သော အမှားမျိုးဖြစ်သည်။ ဥပမာ မိမိပိုက်ဆံအိတ်ကျပျောက်၍ ငွေကြေးဆုံးရှုံးရခြင်းသည် မိမိတစ်ဦးတည်းသာ ထိခိုက်စေပြီးနောင်မဖြစ်အောင် ပြင်ဆင်ခွင့်လွှတ်၍ရနိုင်သော အမှားဖြစ်သည်။ ဖြေဆည်၍ ရနိုင်သေးသည်။ အမှားငယ်ဖြစ်သည်။

အနမ်းနဲ့ ကျမ်းမာရေး


သင့်မှာ ချစ်သူ ရှိပါသလား။ နောက်ပြီး ချစ်သူကိုရော မြတ်မြတ်နိုးနိုး နမ်းခဲ့ဖူး ပါသလား။
ပြီးတော့ ချစ်သူကို နမ်းခြင်းဟာ ကျန်းမာရေးကို အထောက်အကူ ပြုတယ်ဆိုတာ ကိုရော သိပါသလား။ ကဲ … စိတ်ဝင်စား တယ်ဆိုရင် အောက်မှာ ရေးထားတဲ့ အနမ်းနဲ့ ကျန်းမာရေး ဘယ်နည်း ဘယ်ပုံ ဆက်စပ်နေတယ် ဆိုတာကို ဆက်ပြီး ဖတ်ကြည့် ပေါ့နော်။
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...