ပထ၀ီ အကြောက်တရား
Nyein Chan Aung
တရုတ် အိန္ဒိယနိုင်ငံကြီးနှစ်ခုကြားနဲ့ အနောက်နိုင်ငံက လူဦးရေများတဲ့ ဘင်္ဂလားဒေခ့်ျနိုင်ငံအကြောင်းကို ထပ်ခါတလည်းလည်း ပြောကြတဲ့ ပထ၀ီ နိုင်ငံရေး ပထ၀ီ နိုင်ငံရေး ပြောနေကြတဲ့ လူတွေက ပထ၀ီ အကြောက်တရားကို ပြောဖို့မေ့နေတာလား၊ တိုင်းရင်းသားလူမျိုးတွေကို အသိပေးသလို ဖြစ်မှာစိုးလို့ မပြောတာလား ဆိုတာကို ဗမာလူမျိုးအများစုက ချုပ်ကိုင်ထားတဲ့ သတင်းဌာနတွေက သတင်းသမားတွေနဲ့ စာပေပညာရှင်တွေ၊ သမိုင်း ပညာရှင်တွေ၊ နိုင်ငံရေးသမားတွေက ဖြေနိုင်ပါလိမ့်မယ်။
-
အဓိက တိုင်းရင်းသားတွေဖြစ်တဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ရှမ်း၊ ၀ တို့ဟာ လက်ရှိမြေပုံအရ နယ်စပ်တွေနဲ့ ထိစပ်နေကြတာဖြစ်ပြီး၊ သမိုင်းတလျှောက်မှာ ယနေ့အထိ ဗမာလူမျိုးတွေရဲ့ လုယက် အနိုင်ကျင့်နှိပ်စက် သတ်ဖြတ် ကျူးကျော်ခြင်းကို ခံနေကြရတဲ့ အဖိနှိပ်ခံလူတန်းစားအနေနဲ့ အစဉ်တစိုက် မြန်မာပြည်မှာ ရပ်တည်နေကြရတာဖြစ်ပါတယ်။
-
ဗမာထဲမှာလည်း ကောင်းတဲ့လူတွေ ရှိတယ်ဆိုတဲ့ စကားဟာ
-
မိုးကြိုးပစ်ဖို့အတွက် တိုင်းရင်းသားတွေကို ထန်းလက်ပေးတဲ့စကားပါပဲ။
-
လွတ်လပ်ရေးရဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်းက ကတိတွေပေးတဲ့အခါမှာ တိုင်းရင်းသားတွေကို ၁၀ နှစ်ပေါင်းကြည့်၊ မကြေနပ်ရင် ခွဲထွက် စတဲ့စကားဟာ အဲဒီခေတ်အဲဒီအခါက ဗမာလူမျိုး ခေတ်ပညာတတ် လူတွေကြားမှာ သေဒဏ်ချမှတ်တဲ့ အမိန့်ဖြစ်ကြောင်းကို ကိုယ်တိုင် အသတ်ခံရလိုက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းကတော့ တွေးမိချင်မှ တွေးမိပေမဲ့ လူမျိုးကြီးဝါဒနဲ့ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာလုပ်ချင်တဲ့ ဦးနုခေါင်းဆောင်တဲ့ ဗမာလူမျိးတွေကတော့ တရားထိုင်ရင်း အာရုံရကြတယ်ဆိုတာကတော့ စစ်တပ်ကို ကြည်ကြည်ဖြူဖြူ အာဏာသိမ်းခိုင်းခဲ့တာကို လေ့လာသုံးသပ်တတ်ဖို့ လိုပါတယ်။
-
ဗမာလူမျိုးအများစုဟာ အကျိုးစီးပွားနဲ့ အခွင့်အရေးအတွက် ညီညွတ်ကြပါတယ်။ တချိန်တုံးက လက်နက်ရှိရင်၊ လူများရင် ဘယ်နေရာမှာပဲ နေနေ လယ်စိုက်ဖို့ မြေရှိပြီး၊ ရေရှိရင် အဆင်ပြေတယ်ဆိုတဲ့ ဗမာဘုရင်အစဉ်အဆက်ဆက်ရဲ့ ကျူးကျော်မှု့တွေကြောင့် သမိုင်းအထောက်အထားတွေအရ မြန်မာပြည်ကို အရင်ဆုံးရောက်ရှိခဲ့တဲ့ တိုင်းရင်းသားလူမျိုးစုတွေဟာ အင်အားကြီး စစ်မက်လိုလားလှတဲ့ ဗမာဘုရင်တွေကြောင့် အသက်ဘေးက လွှတ်ရာလွှတ်ကြောင်း ထွက်ပြေးကြရင်းနဲ့ တောင်ပေါ်ဒေသတွေကို ပြောင်းရွှေ့နေထိုင်ကြရပေမဲ့၊ ပြောင်းလဲလာတဲ့ ခေတ်ကြီးအရ ယနေ့မှာတော့ ဗမာလူမျိုးတွေအတွက် ၀င်ပေါက်ထွက်ပေါက်ကို အပိုင်ပေးရတဲ့အခြေအနေဖြစ်လာပါတယ်။ ဒါတွေဟာ ဗမာလူမျိုးတွေအတွက်တော့ ပထ၀ီ အကြောက်တရားကို ဖြစ်စေတဲ့ အချက်အလက်တွေပါပဲ။
-
ဆန်သာထွက်နိုင်ပြီး ဘာမှ သယံဇာတ မရှိတဲ့အပြင်၊ ဆန်ထုတ်ရောင်းဖို့ကလည်း နယ်စပ်ထွက်ပေါက်တွေလိုအပ်တဲ့ ဗမာလူမျိုးအများစုဟာ ဒီမိုကရေစီကို မလိုလားသလို၊ ဖက်ဒရယ်မူကိုလည်း ဘယ်တော့မှ လိုလားကြမှာမဟုတ်ပါဘူး။ ဒါ့အပြင်လည်း တိုင်းရင်းသားပေါင်းစုံဒေသတွေနဲ့ မြန်မာနိုင်ငံကြီးတခုလုံးကို ဖျက်ဆီးထားခဲ့ကြတဲ့ စစ်ဗိုလ်တွေအနေနဲ့တော့ တရားဥပဒေဆိုတဲ့ စကားကိုလည်း ပိုပြီး နားခါး အိပ်ရေးပျက်စေမှာပါ။ ဒါ့အပြင်လည်း လက်ရှိ ၀ ဒေသရဲ့ တိုးတက်ဖွံ့ဖြိုးမှု့တွေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးတွေကလည်း စစ်ဗိုလ်တွေတင်သာ မက၊ ဗမာလူမျိုးတွေကို အကြောက်တရားဖြစ်စေပါတယ်။
-
၂၀၁၅ ရွေးကောက်ပွဲကြီးကလည်း သိပ်မကြာခင် လာပါတော့မယ်။ ဘယ်ပါတီ၊ ဘယ်ခေါင်းဆောင်ကမှ ပထ၀ီ အကြောက်တရားကို ဖြေရှင်းနိုင်ကြောင်း ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မူဝါဒချမှတ်ပြီး၊ ဖြေရှင်းနိုင်ကြောင်း ကြေညာထားတာ မရှိသလို၊ တိုင်းရင်းသားပေါင်းစုံ လိုလားလှတဲ့ တရားဥပဒေအတိုင်း ဖြစ်စေရပါမယ်လို့ ကတိပေးတာတွေလည်း မရှိသေးတဲ့ အချိန်ကာလမှာတော့ ပထ၀ီ အကြောက်တရားအရ စစ်ဗိုလ်တွေနဲ့ ဗမာ ဗုဒ္ဓဘာသာအများစုကြောင့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဟာ ကြောက်ကန် အကန်ခံရပြီး ပျက်စီးမဲ့ အခြေအနေသာကိုသာ ဦးတည်နေပါကြောင်း ပထ၀ီ အကြောက်တရားနဲ့ ကြောက်ကန် ရေးသားတင်ပြအပ်ပါတယ်။
0 comments:
Post a Comment