Tuesday, May 26, 2015

ကျောက်ခေတ်လူသားများနေထိုင်ခဲ့သည်ဟု ယူဆရသော ကျောက်ဂူတစ်ဂူ သာစည်နှင့် ဝမ်းတွင်းမြို့အကြားတွေ့ရှိ


ရန်ကုန်၊ မေ ၂၄-ကျောက်ခေတ်လူ သားများ နေထိုင်ခဲ့သောကျောက်ဂူ ဟုယူဆရသည့် ကျောက်ဂူတစ်ဂူ သာစည်နှင့်ဝမ်းတွင်းမြို့အကြား၌ တွေ့ရှိထားကြောင်း မန္တလေးရှေး ဟောင်းသုတေသနပညာရှင် များထံ မှ သိရသည်။

အဆိုပါကျောက်ဂူပုံသဏ္ဌာန် မှာ မြွေတစ်ကောင်ပါးပျဉ်းထောင် နေဟန် ကျောက်ဂူပုံဖြစ်ပြီး အောက် တွင် လူဦးရေတစ်ရာခန့်နေထိုင်နိုင် ကြောင်း၊ နံရံများ၌လည်း လက်ဖဝါး ပုံ၊ အရုပ်ပုံ၊ မီးဆိုင်းပုံများကို ရှေး ကျောက်ခေတ် နံရံပန်းချီလက်ရာ များဖြင့် တွေ့ရှိရပြီး ကျောက်ဂူအ နောက်ဘက် ပေ ၂ဝနီးပါးအမြင့် ရှိသောကျောက်နံရံတွင်လည်း ထု ထည်ကြီးမားသည့် ဆင်တစ်ကောင် ပုံစံကိုရေးဆွဲထားသည်ကိုတွေ့ရှိပြီး ဂူအတွင်း၌ ထပ်မံလေ့လာစရာများ ရှိနေသေးကြောင်း ၎င်းကျောက်ဂူသို့ သွားရောက်ခဲ့သည့် ဦးဝင်းဘိုက ဆိုသည်။
ယင်းကဆက်လက်ပြီး''ကျောက် ဂူ မနီးမဝေးမှာက ကမ်းပါးနီရွာလေး ရှိတယ်။ အရင်ကတောစခန်းလို့ တော့ သိရတယ်။ ကျောက်ဂူက မီးခိုးငွေ့တွေကြောင့် သိပ်သဲသဲကွဲ ကွဲမမြင်ရဘူး။ ဆင်ပုံကြီးကတော့ တကယ့်အကြီးကြီးပဲ။ လက်ဖဝါးပုံ တွေလဲ တော်တော်တွေ့ရတယ်။ တ ခြားဟာတွေလဲတွေ့ရတယ်။ သေ ချာရှင်းလင်းပြီး ထပ်ကြည့်မှ ဂူထဲ ကဟာတွေကို အတိအကျသိရမယ်။ အဲဒီဂူပုံတွေဓာတ်ပုံရိုက်လာတယ်။ တွေ့တာသုံးလေးရက်လောက်ပဲရှိ သေးတယ်''ဟု ဆိုသည်။
ယင်းကျောက်ဂူတွေ့ရှိသည့် နေရာသို့ မန္တလေးရှေးဟောင်းသု တေသနပညာရှင်များနှင့်ဝါသနာရှင် များအဖွဲ့က မေလနောက်ဆုံးသီ တင်းပတ်အတွင်း သွားရောက်လေ့ လာမည်ဖြစ်ပြီး လေ့လာမှုရလဒ် သိ ရှိပြီးမှသာ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့်အမျိုး သားပြတိုက်ဦးစီးဌာနကို တင်ပြသွားရန် စီစဉ်ထားကြောင်း ယင်းအဖွဲ့မှ သိရသည်။
မန္တလေးရှေးဟောင်းသုတေသ နပညာရှင်များနှင့်ဝါသနာရှင်များ အဖွဲ့တွင်ပါဝင်သည့် ကိုစိုးနိုင်က''ဒီ ကျောက်ဂူရှိတယ်ဆိုတာတော့ ကြား တယ်။ သေချာမသိကြဘူး။ ဒါကြောင့် အဲဒီနယ်မြေကို ကျွမ်းတဲ့ ကိုဝင်းဘိုကို ရှာတွေ့ရင်ပြောဖို့ အကူအညီတောင်း ထားတယ်။ သူက တွေ့တာနဲ့အ ကြောင်းကြားတယ်။ ပုံတွေလဲရိုက် လာတယ်။ ပုံတွေအရ ဒါဟာ ကျောက် ခေတ်လူသားတွေ နေထိုင်ခဲ့တာဖြစ် တယ်။ ကျန်တာတွေကတော့ အ သေးစိတ်ထပ်လေ့လာရဦးမယ်။ သေ ချာပြီဆိုရင်တော့ ရှေး/သုဘက်ကို အကြောင်းကြားမှာပါ။ သန်ဘက်ခါ လောက် အဲဒီနေရာကိုသွားဖို့စီစဉ် ထားတယ်''ဟု ဆိုသည်။
ယင်းဂူတည်ရှိရာနေရာသည် ပြဒါးလင်းဂူတည်ရှိရာတောင်ကြော တစ်ခုတည်းပေါ်တွင် တည်ရှိကြောင်း သိရသည်။ ထို့ပြင် ဓာတ်ပုံအထောက် အထားများအရ ယင်းကျောက်ဂူအ တွင်းမှ အရုပ်များသည် ပြဒါးလင်း ဂူအတွင်းမှ အရုပ်များကဲ့သို့ မျဉ်း ကြောင်းဖြင့်၊ လက်ဖြင့် ရေးထားခြင်း မဟုတ်ဘဲ လက်ဝါးဖြင့် နံရံကိုရိုက် ၍ ပါးစပ်ဖြင့် ဆေးကိုမှုတ်ကာ ရေး ထားသည်ကဲ့သို့ ထင်ရကြောင်း၊ ယင်း သို့သော နံရံပန်းချီမျိုးကို အင်ဒိုနီးရှား နှင့်ပြင်သစ်တို့တွင်လည်း တွေ့ရှိရ ကြောင်း၊ အင်ဒိုနီးရှားနှင့်ပြင်သစ်တို့မှ အရုပ်များကမူ လက်ဖြင့်ပွတ်၍ ရေး ထားခြင်းမျိုးဖြစ်ကြောင်း၊ သို့ရာတွင် ထိုနေရာသို့ သွားရောက်လေ့လာ ကြည့်ပြီးမှသာ သေသေချာချာသိ နိုင်မည်ဖြစ်ကြောင်း၊ ရှေးဟောင်းသု တေသနပညာကို စိတ်ဝင်စားစွာ လေ့လာလိုက်စားနေသူ ကိုစိုးနိုင်က ရှင်းပြသည်။
အဆိုပါကျောက်ဂူကြီး၏အ တွင်းသားနံရံများမှာ အမည်းရောင်များ ဖြစ်ပြီး ရှေးယခင်က ကျောက်ခေတ် နှောင်းနှင့်ကျောက်ခေတ်ဦးဟူ၍ နှစ် မျိုးရှိသည့်အနက် ယခုတွေ့ရှိရသည် မှာ ကျောက်ခေတ်ဦးပုံစံကျောက်ဂူ ဖြစ်နိုင်ကြောင်း ရှေးဟောင်းသုတေ သနပညာရှင် ဦးဝင်းမောင်တမ္မဝတီ က ဆိုသည်။
TGH
‪#‎Democracytoday‬
Photo Caption: ကျောက်ခေတ်လူသားများ နေထိုင်ခဲ့သည်ဟုယူဆရသော ကျောက်ဂူအားတွေ့ရစဉ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...