“မရမက ခဏခဏ လာသာလာပါ ဆရာသမား”
နေမကောင်းလို့ရှိရင်တော့ ၄၅ လမ်းထပ်က ဒေါက်တာပရာဆပ်ဆိုတဲ့ ပန်ချာပီဆရာဝန်ကြီးနဲ့ ပြလေ့ရှိတယ်။ သိမ်ဖြူလမ်း ဆစ်ခ်ဘုရားရှိခိုးကျောင်းဘေးက ဂုရုနာနတ်ဆိုတဲ့ အခမဲ့ဆေးခန်းမှာလည်း ပြလို့ရတယ်။ အဲ့ဒီမှာလည်း ပန်ချာပီ ဆရာဝန်မတွေပဲ ထိုင်တာ။ ၄၆ လမ်းထိပ်မှာတော့ အာရိယဆမာ့ခ်ျ လို့ခေါ်တဲ့ ဟိန္နူအဖွဲ့အစည်းခန်းမ ရှိတယ်။ ၄၈ လမ်းထဲမှာတော့ ဟိန္နူဘုရားကျောင်း၊ ဗိုလ်တထောင်ဘုရားလမ်းထိပ်မှာတော့ ရာမကရစ်ရှနားခန်းမပေါ့။
သူတို့မင်္ဂလာဆောင်တွေ သွားရတာ သိပ်ပျော်စရာကောင်းတာပဲ။ ကြမ်းပြင်ပေါ်မှာ ငှက်ပျောဖက်ခင်းလို့ ထမင်းတွေ ဟင်းတွေ ပုံပြီး ကျွေးတယ်။ ငှက်ပျောဖူးရဲရဲပါတဲ့ ငှက်ပျောခိုင်ကလေးကို ပင်စည်အရင်းကဖြတ်လို့ ဟိုဘက်တစ်ပင် သည်ဘက်တစ်ပင် ထောင်ထားတာမြင်ရင် ဝါးတီးရှိပြီ လို့ အလိုလို နားလည်တယ်။ ကိုယ်က ကလေးဆိုတော့ မလိုင်လုံး၊ လဒူမုန့်၊ မုန့်တို့ဆမ်း၊ ကျာနဂျိုမုန့်တွေလည်း ခဏခဏ ကျွေးကြတယ်။
မနက်မနက်ဆို ၄၇ လမ်းထိပ်မှာ တိုရှေလုပ်ရောင်းတဲ့ ကုလားမကြီးတစ်ယောက် ရှိတယ်။ အာလူးတိုရှေ၊ ပဲဟင်းတိုရှေ၊ မဆလာတိုရှေ၊ ဆီတိုရှေ၊ ထောပတ်တိုရှေ၊ ကြက်ဥတိုရှေ၊ စုံလို့။ သူ့တိုရှေလေးတွေက မွှေးနေတာပဲ။ ညိုတိုတိုအမှုန့်လေးတွေ ဖြူးလိုက်ရင် ချိုနေတာပဲ။ နောက်တော်တော်ကြာတော့မှ မယ်မင်းကြီးမ အချိုမှုန့်ကလေးတွေဟာ ထန်းလျက်ခဲကို မှုန့်နေအောင် ထောင်းထားတာမှန်း သိတယ်။ စာကလေးခွေ၊ မြေပဲနဲ့ မုန့်ကြွပ်ကျော်ကလေးတွေကို ငရုပ်သီးစပ်စပ်နဲ့ မွှေထားတဲ့ ဂျလေဘီဆိုတာလေးလည်း စားလို့ကောင်းတာပဲ။ မန္တလေးဟာ တရုတ်အသွေးနဲ့ စွေးစွေးနီတယ်ဆိုရင် ရန်ကုန်ဟာ အိန္ဒိယသားတွေနဲ့ အရောင်စူးစူး အနံ့စူးစူး ရှိလိမ့်မယ်။ အရပ်ထဲ လည်ဆော့နေတဲ့ ကလေးပီပီ သူတို့နေတဲ့အိမ်ဆိုရင် တံခါးဝမှာ ကြိုးတန်းကလေးနဲ့ သီထားတဲ့ တမာရွက်ခြောက်ကလေးတွေ မြင်ရုံနဲ့ သိတယ်။ ကိုယ်တို့မမွေးခင်ကတည်းက သူတို့ရှိနေတယ်။ သူတို့က တစိမ်းတွေ မဟုတ်ဘူး။ ရပ်ဆွေရပ်မျိုး၊ အိမ်နီးနားချင်းတွေ။ မတူတာဆိုလို့ အနေအစား၊ ဘာသာစကား၊ ဓလေ့ထုံးစံကလေးတွေပဲ ရှိမယ်။ သည်အသက်သည်အရွယ်အထိ တစ်ခါမှသူတို့နဲ့ အငြင်းအခုန် ခိုက်ရန်ဖြစ်ပွားတာမျိုး မရှိဖူးဘူး။ တစ်ယောက်တစ်ယောက် ခင်ခင်မင်မင် လေးလေးစားစားပဲ နေကြတယ်။ အဲ့ဒါ မကောင်းဘူးလား။
အိမ်ထောင်ကျပြီး ၃၉ လမ်းမှာ နေတဲ့အခါကျတော့ သူတို့တွေအလယ်မှာ သွားနေရတာနဲ့ ဘာမှ မထူးဘူး။ ကိုယ်တို့တိုက် တစ်တိုက်လုံး အဲသည်ဘာသာဝင်တွေချည့်ပဲ။ ဘာပြဿနာမှ မရှိခဲ့ပါဘူး။ လမ်းပိတ်ပြီး တရားပွဲတွေလုပ်ရင် ကိုယ်ကတောင် ကြားထဲက အားနာနေမိသေး။ လမ်း ၃၀ ပတ်ချာလည်က မီးသီးမီးချောင်းဆိုင်တွေ၊ မဂိုလမ်းက ဆေးဆိုင်ဆေးခန်းတွေဘက် လျှောက်ကြည့်ပါဦး။ ဦးထုပ်ဖြူနဲ့ခြုံထည်နက်တို့ကမ္ဘာကို ရောက်နေသလား မှတ်ရမယ်။ ဘယ်သူကမှ ကျူးကျော်လာတာ မဟုတ်ဘူး။ သူတို့လည်း ကိုယ်မမွေးခင် ပဝေသဏီကကို ရှိနှင့်တာ။ တချို့ပလီကြီးတွေရဲ့သက်တမ်းဟာ သီပေါမင်း ပါတော်မူတဲ့နှစ်ထက် စောတယ်။ ကိုယ့်ဘုရင်ကို ရတနာဂီရိ ပို့သလိုပဲ မဂိုဘုရင်ကိုတော့ ကိုယ်တို့ဆီ ပို့ထားတယ် မဟုတ်လား။ ကိုယ်တွေကသာ ဟိုကို မလိုက်နိုင်တာ။ မဂိုတွေကတော့ စကြာသွားရာ ဗိုလ်ခြေပါခဲ့လို့ မဂိုလမ်း လို့တောင် ခေါ်စရာ ဖြစ်လာခဲ့တယ်လေ။ ရန်ကုန်မြို့ကြီးရဲ့ သမိုင်းထဲမှာ သူတို့အကြောင်းတွေ ချန်ထားလို့ မရဘူး။ မယ်သုန် နဲ့ ပေါက်စီ “ဂုဏ်ရည်မတူ” က ကတည်းက ချိုတကူးကလေး ရန်ကုန်သားဖြစ်နေပါပြီကော။
ကိုယ့်အဖိုးအဖွားတွေ တစ်သက်၊ ကိုယ့်အဖေအမေတွေ တစ်သက်၊ ကိုယ့်တစ်သက်၊ သည်လိုပဲ အတူတူနေလာခဲ့ကြတာ နှစ်လတွေရှည်ကြာခဲ့ပြီဆိုတော့ သူတို့တတွေရဲ့ မျိုးရိုးစဉ်ဆက်ကလည်း ကိုယ်တွေနဲ့ သီးခြားစိမ်းကား မနေပါဘူး။ ခေါင်းရင်းအိမ်ကမိသားစုဆို သူတို့က မောင်နှမကိုးယောက်၊ ကိုယ်တို့က မောင်နှမခြောက်ယောက် အပြိုင်းအယိုင်း၊ အရွယ်ရောက်၊ အသီးသီး အိမ်ထောင်ရက်သားကျ၊ သားတွေသမီးတွေ ပွားစီးလာကြတာ။ အဲ့သလောက် ခင်ခင်မင်မင် အတူယှဉ်တွဲ နေထိုင်လာကြတဲ့ မိသားစုလူမှုအသိုင်းအဝိုင်းတွေကြားမှာ စိတ်ဝမ်းကွဲပြား ညီညွတ်မှုပျက်ပြားအောင် သွေးထိုးလှုံ့ဆော်တဲ့သူတွေ တုတ်ရောင်းဓါးရောင်း လာလာလုပ်ကြတာ သိပ်ခက်တာပဲ။ လက်ဦးကတော့ ကိုယ်လည်း မသိချင် မမြင်ချင်ယောင် ဆောင်နေပါသေးတယ်။ ဒါပေသိ အခုလောက် အဓိပ္ပါယ်ပါတဲ့ စာကလေး ရေးမိရင်ကို အိမ်ရှိသမျှ မအေတွေနှမတွေ ကုလားနဲ့ ပေးစားခံရမတတ် မျိုးဖျက်သစ္စာဖောက် ကုလားကြောက်ကြီးအဖြစ် လာ ကလော်တုပ်ကြပါလေရော။ သူတို့ပြောတဲ့အတိုင်းသာဆိုရင် မွတ်စု လို့ နံမည်တပ်ထားတဲ့ တို့အမေလို မုတ်ဆိတ်ဖားကြီးတွေနဲ့ အကျွမ်းတဝင် ရင်းရင်းနှီးနှီး ရှိနေဖို့ ကောင်းတာပေါ့နော်။ ဒါပေမယ့်လည်း ကုလားကြီးတွေဘက်က ဂျီဟဒ်လုပ်မယ့် စာရင်းထဲမှာ ကိုယ့်နံမည်လည်း ပါနေမလား မပြောတတ်ပေါင်။ တော်ကြာနေရင်း Racist လို့ လာဆဲလိုက်၊ အစွန်းရောက်အမျိုးသားရေးဝါဒီ လို့ လာသမုတ်လိုက်၊ မဆီမဆိုင် လက်ပဲသား ဓါးနဲ့ချိုင်ပြီး ဆရာဝန်ဖြစ်လျက်သားနဲ့၊ ပညာတတ်ဖြစ်လျက်သားနဲ့၊
လူသားချင်း စာနာထောက်ထားမှုကင်းမဲ့သူကြီးအဖြစ် ရှေ့တင်ရော နောက်ကွယ်ပါ
ထောပနာပြုကြပါတယ်။ နေစမ်းပါဦး။ သူတို့နဲ့ကိုယ်နဲ့ကြားမှာ ဘယ်တုန်းကမှ ဘာတစ်ခုမှ အခြေအတင် ကတောက်ကဆ မဖြစ်ဖူးပါဘူး။ သူတို့လည်း ကျေကျေနပ်နပ် ကိုယ်လည်း ကျေကျေနပ်နပ်ပါပဲ။ ခင်ဗျားတို့က ဘယ်ကလာပြီး ဘာတွေကို မကျေမနပ် ဖြစ်နေရတာတုန်း။ ဘာတွေဖြစ်ချင်နေကြတာတုန်း။ လို့ မေးချင်လာပါတယ်။ တကယ်တမ်းကျတော့ အဲသည် ကျော်ကြီးမကျေ ဖြစ်နေတဲ့သူတွေကသာ သူတို့လည်းမသိ ကိုယ်လည်းမသိတဲ့ တစိမ်းတရံစာ စစ်စစ်ကြီးတွေ ဖြစ်ပါတယ်။ ဘယ်ကလောင်နေမှန်းမသိတဲ့ မီးတွေကို ကိုယ်တို့ဆီသယ်လာပြီး ကိုယ့်ဘာသာ အေးအေးချမ်းချမ်းနေနေတဲ့ ကိုယ်တို့ရပ်ရွာကို မီးလောင်တိုက်သွင်းချင်နေတာများလား။ ရည်ရွယ်ချက်ကတော့ မြန်မာပြည်မှာ ကုလား နဲ့ မြန်မာနဲ့ အချင်းချင်း အပြန်အလှန် သတ်ဖြတ်နေမှ၊ မီးရှို့ဖျက်ဆီးနေမှ၊ မျိုးချစ်တွေကလည်း ကာကွယ်လို့ကောင်း၊ အမှတ်တွေရ၊ မဲတွေရ၊ ဘင်္ဂလီတွေကလည်း ဇာတ်တွေနာ ငိုလို့ကောင်း၊ ကယ်မယ့်သူတွေ့၊ နော်ဝေ၊ဖင်လန်၊ အင်္ဂလန်ရောက်မှာကိုး။
တကယ်တမ်းတော့ အဲသည်အကြောင်းတွေကို သူများတွေမရေးခင် ကျောက်နီမော်မှာ
ဖြစ်စကတည်းက အစဉ်တစိုက် ရေးခဲ့ပြီးသားပါ။ ဖတ်တဲ့သူ သိတယ်။ မဖတ်တဲ့သူ မသိဘူးပေါ့။ ဘာဆန်းသလဲ။ နုတ်စ်အဟောင်းတွေထဲမှာ ရက်စွဲနဲ့ ပြန်ရှာရင်တောင် ဘယ်အချိန်မှာ ဘာတွေဖြစ်ပြီး ဘယ်လိုရေးခဲ့တယ်ဆိုတာ အသိသာကြီး။ အခုမှသာ ဘယ်သူကမှ လက်မခံချင်တဲ့ ရေမျောကမ်းတင်တွေကို ဘော်လီဘောပုတ်ပြီး ကိုယ့်ဆီလာထိုးချချင်တဲ့အတွက် ချေးခြောက်တွေ ရေလာနှူးကြတာ။ ကိုယ်တွေဖြင့် ဒါမျိုးတွေက ရိုး ဟိုး ဟိုး နေတာ ကြာပေါ့။ ရေးပြီးသားကိစ္စကြီး အပ်ကြောင်းထပ်နေမစိုးလို့
ပြန်တောင်မရေးချင်။ ခွေးသေကောင်ပုပ်ဆိုတာ ပယ်ပယ်နယ်နယ် တုတ်နဲ့ထိုင်ဆွလို့ ကောင်းတဲ့အရာ မဟုတ်ဘူး။ ကိုယ့်မှာ ရေးချင်စရာ၊ ရေးလောက်စရာ သာသာယာယာ အကြောင်းအရာတွေ ပြည့်လို့။ အဲ့ဒါကြီး ကောက်ကောက်ရေးလိုက်ရင်ဘယ်ကမှန်းမသိတဲ့သူတွေက ငါးရံ့ပြာလူး ဖြတ်ဖြတ်ခါ အနာပေါ်တုတ်ကျလွန်းလို့။ ကိုယ့်အာရုံနဲ့ကိုယ် သန့်သန့်လေးပဲနေချင်တာ။ ဝေါပေါ်မှာ ခွေးတစီစီ၊ ယင်တလောင်းလောင်း၊ ဝါသနာမပါဘူး။ အဲ့ဒီလူတွေကိုကြောက်လို့ မရေးပဲနေတာ မဟုတ်ပေါင်။ မခန့်ကို မခန့်တာ။ သူတို့လည်း မကြိုက်ရင် လာမဖတ်ကြနဲ့ပေါ့။ ကိုယ်သည်လောက် အပတ်တကုပ် ကြိုးစားအားထုတ် ရေးသားနေတာ သည်လိုလူတွေ ဖတ်ဖို့ မဟုတ်ဘူး။သည်လိုလူတွေ ချေချွတ်ဖို့လည်း စိတ်မဝင်စားဘူး။ သူတို့နဲ့လည်း ရန်မဖြစ်အားဘူး။ စာရေးတိုင်းရေးတိုင်း စေတနာတစ်ခုခုကိုသာ ရှေ့ထားဦးတည် ရေးသားနေကျမို့ သည်တစ်ခါလည်းပဲ စေတနာအရင်းခံတစ်ခုနဲ့ အနာဟောင်းတစ်ခု တူးဖော်မိပါတယ်။
ကိုယ်တို့မြန်မာတွေဟာ နိုင်ငံတကာအသိုင်းအဝိုင်းမှာ အလုပ်လုပ်ရင်းသော်လည်းကောင်း၊ ပညာရှာမှီးရင်းသော်လည်းကောင်း မွေးရပ်မြေကို စွန့်ခွာပြီး တစိမ်းတွေရဲ့ ရပ်ရွာမှာ ခိုလှုံနေကြရတယ်။ အကြောင်းတိုက်ဆိုင်လို့ အဲသည်အကြောင်းတွေကို တိုင်းတပါးသားက စပ်စုလာခဲ့သည်ရှိသော် (မနေ့ကဖတ်လိုက်မိတာတော့ အဲသည်ကိစ္စနဲ့ ပတ်သက်ပြီး ကျောင်းမှာ ဒီဘိတ်တင် ဆွေးနွေးကြရမတဲ့) ကိုယ်တို့ဆီက သတင်းစာရှင်းလင်းပွဲမှာပြောတဲ့ဟာတွေကို ခိုင်လုံသော အထောက်အထားလုပ်ပြီး မိုးကြိုးပစ်ရာ ထန်းလက်နဲ့ကာလို့ မရဘူး။ အစကတည်းက ရည်ရွယ်ချက်ရှိရှိ ကြိုတင်ကြံစည်ထားသူတွေက မဟုတ်တမ်းတရား လျှောက်ရေးထားတဲ့ ပလီစိချောက်ချက် စာရွက်စာတမ်းတွေနဲ့ အပင်းသွင်းထားပြီ။ သည်နေရာမှာ အချက်အလက် အကြောင်းအရာ ခိုင်ခိုင်မာမာ သက်သေသက္ကာယနဲ့ မရှင်းနိုင်ရင် ကြမ်းပိုးက လိပ်ဖြစ်တော့မယ်။ အဲ့ဒါကြောင့် ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံရတဲ့အထဲက
ခြေခြေမြစ်မြစ်ရှိတာကလေးတွေကို ကိုယ့်အမြင် ကိုယ့်အတွေးအဖြစ် ဝေငှလိုက်တယ်။ ကိုယ့်စကားတစ်ခွန်းတည်းနဲ့ မြန်မာတွေကျနေရတဲ့ သိက္ခာတွေ ဆည်တင်နိုင်ဖို့ မမျှော်လင့်ပါဘူး။ မြန်မာတွေ သိက္ခာကျရတာလည်း သည်တစ်နေရာတည်းမှ မဟုတ်တာ။ မမြင်ဖူးသော အရပ်တကာက ခုနစ်ရက်သားသမီးအပေါင်းတို့ ထင်ချင်မြင်ချင်သလို ထင်မြင်ကြကုန်။ ကိုယ်ကတော့ ကိုယ့်ရပ်ကိုယ့်ရွာမှာ ကိုယ်မမွေးခင်ကတည်းက အတူနေလာသူများနဲ့ သဟဇာတ မျှတစွာနေထိုင်နိုင်ဖို့ပဲ ရည်ရွယ်ပါတယ်။ ကမ္ဘာကြီး ငြိမ်းချမ်းဖို့ ရည်ရွယ်ရအောင် အလှမယ်ပြိုင်ပွဲဝင်နေတဲ့သူမှ မဟုတ်တာနော့။
ရိုဟင်ဂျာ လို့ သူတို့ကိုယ်သူတို့ နံမည်သစ်ပေးထားတဲ့ ဘင်္ဂါလီတွေဟာ ဘင်္ဂလား-ရခိုင်နယ်စပ်မှာ ပဝေသဏီကတည်းက နိုင်ငံသားအဖြစ် အသိအမှတ်ပြုမခံရပဲ ဆွေစဉ်မျိုးဆက်နေလာကြတာ ငြင်းစရာ မရှိပါဘူး။ သို့သော်လည်း မြန်မာနိုင်ငံသား မိဘများက မွေးဖွားလာတာမဟုတ်ပဲ မြန်မာ့မြေပေါ်မှာ
မွေးဖွားရုံသက်သက်နဲ့ နိုင်ငံသားအဖြစ် အသိအမှတ်ပြု လက်ခံပေးလို့ရတဲ့ဥပဒေ မြန်မာပြည်မှာ မရှိပါဘူး။ သူတို့နည်း သူတို့ဟန်နဲ့သူတို့ အဲသည်အရပ် အဲသည်ဒေသမှာ ကာလရှည်ကြာ နေထိုင်လုပ်ကိုင် စားသောက်နေကြတာ ဘာပြဿနာ ရှိလို့လဲ။ သူတို့လည်း လူသားတွေပဲဟာ။ ဘယ်ဂြိုလ်ကမှ ကျလာတာ မဟုတ်ဘူး။ ဒါပေမယ့် သူတို့ကို လူမျိုးတုန်း သတ်ဖြတ်နေပါတယ်တို့၊ ရွာလုံးကျွတ် မီးလောင်တိုက်သွင်းပါတယ်တို့ ဆိုတဲ့ ကလိမ်စေ့ငြမ်းဆင် ပုံပြင်တွေကို ယုံချင်ရင်တော့ တခြား မကြည့်ပါနဲ့။ လွှတ်တော်ထဲက ဘင်္ဂါလီအမတ် ဦးရွှေမောင် ဆီမှာ သူ့မှတ်ပုံတင်၊ သူ့မိဘမှတ်ပုံတင် တောင်းကြည့်လိုက်ပါ။ ဗိုလ်ချုပ်အောင်ဆန်း နဲ့ ဒေါ်ခင်ကြည်က တိုင်းသိပြည်သိ မွေးထားတဲ့သမီးတစ်ယောက်လုံး ၅၉ (စ) နဲ့ ငြိနေတဲ့တိုင်းပြည်မှာ သူလိုလူတွေ လွှတ်တော်ထဲရောက်နေတာကိုကြည့်ရင် အဲသည်လူတွေအပေါ်ထားတဲ့ အစိုးရသဘောထားကို သိသာပါလိမ့်မယ်။ မရောက်ဖူးသေးရင် ဘူးသီးတောင်မောင်းတောကို အလည်သွားကြည့်ပါ။ လူနည်းစုကဘယ်သူ လူများစုကဘယ်သူ၊ ဘယ်သူက ဘယ်သူ့ကို တရွာလုံးဝိုင်းရိုက်၊ တစ်အိမ်လုံးသတ်ပစ်ပြီး မောင်းထုတ်လိုက်တယ် ဆိုတာ သိပါလိမ့်မယ်။ ဘင်္ဂါလီရွာမှာ ရခိုင်ဆိုတာ မူးလို့တောင် ရှူစရာ ရှာမရပါဘူး။ အနံ့ရတာနဲ့ သတ်ပစ်တာ။ သည်လူတွေက သူတို့ကို ရခိုင်တွေသတ်ပါတယ်ဆိုပြီး လှေကြီးစီးလို့ အခေါက်ခေါက်အခါခါ ပင်လယ်ထဲကို ထွက်ပြေးတယ်ဆိုတာ ယုံတဲ့သူတွေကအ တာလား။ လိမ်တဲ့သူတွေက ပိရိတာလား။
အခုမှ အသံကောင်းဟစ်ပြီး မြန်မာ လက်ညှိုးထိုးနေတဲ့ ထိုင်းတွေဆီမှာ တရားဝင်အလုပ်လုပ်နေတဲ့ အန်ဂျီအိုတွေ ရှိပါတယ်။ သူငယ်ချင်းတစ်ယောက် အဲသည်မှာ အလုပ်လုပ်တာပါ။ သူ့အလုပ်က ဘင်္ဂါလီရေမျောကမ်းတင်တွေ ရောက်လာရင် ကမ်းပေါ်ခေါ် ထမင်းကျွေး၊ အစားအသောက် နဲ့ရေဖြည့်ပေးပြီး လှေကို နိုင်ငံတကာရေပိုင်နက် ရေစီးကြောင်းထဲရောက်အောင် ဆွဲခေါ်သွား၊ အဲသည်ရောက်ရင် စက်ဖြုတ်ပြီး မျှောထည့်လိုက်ဖို့ပါ။ စက်မဖြုတ်ရင် ကမ်းပြန်ပြန် ကပ်လာတတ်တာရော၊ နောက်တစ်ခေါက် လူသစ်တွေ သွားတင်တာကြောင့်ရောမို့ စက်ဖြုတ်ပါသတဲ့။ ထိုင်းဝန်ကြီးချုပ်ကို သူ့ဆီက သတင်းထောက်က အဲသည်လူတွေကို လက်ခံထားဖို့ အစီအစဉ်ရှိမရှိ မေးတဲ့အခါ “မင့်အိမ်မှာနေရာအပိုရှိသလား။” လို့ မေးပါသတဲ့။ ဘင်္ဂါလီတွေ ရေကြောင်းသွားလာ ရွက်နာဝါ လုပ်ရတဲ့အကြောင်းရင်းဟာ သူတို့ပါးစပ်က အလွယ်တကူ စကားပြန်ကို ပြောတဲ့အတိုင်း မြန်မာတွေ ရခိုင်တွေက သတ်လို့ဆိုရင် သူတို့ကို မြန်မာစကား ရခိုင်စကား တစ်ခွန်းလောက် ပြောကြည့်ပါ။ လုံးဝနားမလည်ပါဘူး။ ဘာလို့ဆိုတော့ မြန်မာစကား နားလည်တဲ့ ဘင်္ဂါလီဟာ တတိယနိုင်ငံကို ဒုက္ခသည်ဗီဇာနဲ့ရောက်ဖို့ ရေကြောင်းက သက်စွန့်ဆံဖျား သွားစရာ မလိုပါဘူး။ ကုန်းကြောင်းကနေ မြန်မာပြည်တွင်းဝင်ရင် ပိုက်ဆံအကုန်အကျလည်း သက်သာပါတယ်။ ချင်းတောင်ဘက်က ပတ်သွားမလား။ အမ်းဘက်ကနေ တည့်ဆင်းမလား။ ပွဲစားတွေ ပြည့်နေတဲ့နေရာမှာတော့ ပြောရရင် အသည်းနာဖို့တောင်ကောင်းသေး။ ရဟန်းမှတ်ပုံတင်ကိုင်ထားတဲ့ မြန်မာဘုန်းကြီးတစ်ပါးက အဲသည် ထိပ်ဖြတ်သူငယ် အယောက် ၂၀ ကျော်ကို ကိုရင်ဝတ်ပေးပြီး တစ်ယောက် နှစ်သိန်း နဲ့ ရန်ကုန်အရောက်ပို့တာ ဖမ်းမိဖူးပါတယ်။ လူကိုလူချင်း ရောင်းဝယ်ဖောက်ကား ကုန်ကူးတဲ့အလုပ်ကို လုပ်သူအဖို့ တိုင်းပြည်ပဲဖြစ်ဖြစ် လူမျိုးပဲဖြစ်ဖြစ် ဘာသာတရားပဲဖြစ်ဖြစ် ပိုက်ဆံရမယ်ဆိုရင် နှစ်ခါ မစဉ်းစားပဲ ရောင်းစားပါလိမ့်မယ်။
အမ်းမှာ နှစ်နှစ်လောက် နေရတဲ့အခိုက် ရဲစခန်းကိုပို့ပေးရတဲ့ ရဲဆေးစာ ထက်ဝက်လောက်ဟာ ရိုးမပေါ်မှာဖမ်းမိတဲ့ ဘင်္ဂါလီကလေးတွေကို အသက်စစ်ဆေးပေးရတဲ့ ဆေးမှတ်ချက်တွေ ဖြစ်ပါတယ်။ သူတို့ကို ဖမ်းရမှာတောင် ကြောက်နေရတဲ့ဘဝ။ တစ်သုတ်တစ်သုတ် ဖမ်းမိလိုက်ရင် ရဲရော၊ လဝကရော၊ ဆရာဝန်ရော၊ အလုပ်တွေကို ရှုတ်နေတာပဲ။ သူတို့က အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ လာတာ။ ဝန်ဆောင်ခက အိမ်ကထွက်လာတုန်းက ပွဲစားကို ပေးလိုက်ပြီးသား။ နောက်တစ်ရစ်က လူ ရန်ကုန်ကိုရောက်မှ ဖုန်းဆက်လိုက်ရင် အိမ်ကလူက ပွဲစားကို ငွေချေမှာ။ မင်းဘူးအရောက် ဘယ်လောက်၊ ရန်ကုန်အရောက်က ဘယ်လောက်၊ (ရန်ကုန်မှာ နေစရာရော အလုပ်ပါ ပေးထားမယ့်သူရှိတယ်။ မသိရင် စုံစမ်းကြည့်။) စာအုပ်ထွက်အပြီး ဘယ်လောက်၊ မလေးအရောက် ဘယ်လောက်၊ အကုန် သူ့ဈေးနဲ့သူ အရစ်ကျပေး၊ ဟိုက ဒုက္ခသည်စခန်းရောက်ရင် အကျွေးကျေအောင်ဆပ်ပြီး နောက်တစ်ယောက်စာ စားရိတ်ပို့တာပါ။ သူ့ဟာနဲ့သူ အဆင်ပြေနေတဲ့ လမ်းကြောင်းကြီးကို ကိုယ်တွေသွားဖမ်းလိုက်မိမှ ကုလားအယောက် ၂၀ စာလောက်ကို အချုပ်ထဲမှာ ထမင်းချက်ကျွေးရသေး။ နေမကောင်း ဆေးအလကား ကုပေးရသေး၊ အသက်စစ်ဖို့ ဓါတ်မှန်တွေရိုက်(အဲ့ဒါ ဝန်ကြီးဌာနက စိုက်ရတာ)၊ အသက်မပြည့်ရင် လဝကကြီးတွေကိုယ်တိုင် ကိုယ့်စားရိတ်ကိုယ်စား၊ သူ့စားရိတ်ပါကိုယ်ကျွေးလို့ အိမ်တိုင်ယာရောက် ပြန်ပို့ရပါတယ်။ ပြန်ပို့တဲ့လဝကကြီး အမ်းပြန်မရောက်သေးခင် အဲသည်ကလေးက နောက်တစ်သုတ်နဲ့ ပါသွားပြန်ပါရော။ သူတို့က မြန်မာစကား ပြောနိုင်တာမို့ ဆေးရုံမှာကျကျနနကြီး အင်တာဗျူးဖူးပါတယ်။ သူတို့ကို မြန်မာပြည်ထဲမှာ နေမလား မေးကြည့်။ အသေသာခံလိမ့်မယ်။ မနေဘူး။ ဟိုကိုရောက်မှ အိမ်ကမိသားစု ငွေပြန်ပို့နိုင်မှာ။ သူလည်း ဟိုကလူ ငွေလှမ်းပို့လို့ ထွက်နိုင်တာ။ ဟိုရောက်သွားရင် သူတို့ဘဝက ကိုယ်တို့မြန်မာတွေထက် အဆပေါင်းများစွာ သာတယ်။ သနားအောင် ငိုပြတတ်ရုံနဲ့ အလုပ်မလုပ်ပဲ ထိုင်စားလို့ရပြီ။
အဲသည်လူတွေကို နဂိုတုန်းက မလေးက ကြည်ကြည်ဖြူဖြူ လက်ခံတာပါ။ ဒုက္ခသည်စခန်းတွေလည်း ဖွင့်ထားပေးတယ်။ တတိယနိုင်ငံတွေမှာ ခိုလှုံခွင့်ရအောင်လည်း အင်တာဗျူးတွေ လုပ်ပေးတယ်။ ကိုယ့်ကို အင်မတန်မေတ္တာထားတဲ့ ဆရာဝန်ကြီးတစ်ယောက်ဆိုရင် အဲသည် ဘင်္ဂါလီဒုက္ခသည်စခန်းမှာ အလုပ်လုပ်တာပါ။ သာဓုပါဗျာ။ သူတို့က လက်ခံလေ။ နောက်ထပ် လူလားမြောက်လာသမျှ ဒုက္ခသည် အလောင်းအလျာကလေးတွေ ဝင်လာမစဲ တသဲသဲ ရှိလေပေါ့။ မီးပွိုင့်မှာ တောင်းစားတဲ့ သားသည်အမေကို ပေးရကမ်းရသလိုပ။ သူငွေဝင်လမ်းဖြောင့်လေလေ၊ ရင်ခွင်ပိုက်ကလေးတွေ လိုက်ရှာပြီး နေ့စားနဲ့ ငှားစားလေလေပေါ့။ လူသားချင်း စာနာထောက်ထားတဲ့သူတွေကပဲ လူသားချင်း ကျွန်ပြုပြီး ရောင်းဝယ်ဖောက်ကားတဲ့သူတွေကို အားပေးအားမြှောက် ပြုရာရောက်တာ။ တစ်ရာကယ်လိုက်၊ တစ်သောင်းလိုက်လာမယ်။ တစ်သိန်းလောက်က တန်းစီထားပြီ။ ကယ်မယ့်ကယ်လည်း ဘင်္ဂလားဒေ့ရှ် တစ်နိုင်ငံလုံး ချောင်ဆင်းသွားတဲ့အထိ လိုက်ကယ်ကြပေါ့။
ဒါပေမယ့်လည်း အခုတလောမှာ သူတို့ဆီမလည်း ပေါ်လစီပြောင်းသွားလို့လား။ ကြာကြာဝါးလို့ ခါးမှန်းသိသွားသလား မပြောတတ်ဘူး။ လက်ခံရမှာ အင်တင်တင် ဖြစ်လာပုံရတယ်။ ဘင်္ဂါလီဆိုတဲ့အမျိုးကလည်း ကိုယ်တို့အခေါ်ဆို ခေါ်တောကုလား ခေါ်တယ်ဗျ။ လက်ဖျားနဲ့ တို့စရာမလိုဘူး။ ကြည့်ရုံလေး ထိုင်အကြည့်ခံလိုက်၊ ကြက်သီးတွေ ထလာလိမ့်မယ်။ ခေါ်တောကြည့်ကြည့်တယ်ဆိုတာ မကြားဖူးဘူးလား။ အခုတော့ “မင်းမျက်ဝန်းလေးက ထူးဆန်းတယ်။ မမြင်နိုင်တဲ့ အစွမ်းသတ္တိတွေရှိတယ်။” တို့ဘာတို့ သာသာယာယာ တေးသွားကလေးတွေ မဆိုနိုင်တော့ဘူး။ ဖောင်ပေါ်မျောလာတဲ့ သမ္ဗဝညီနောင်တွေကို ကမ်းကပ်မှာစိုးလို့ ဝါးလုံးရှည်နဲ့ လှမ်းတွန်းထုတ်သလို ထုတ်ကုန်ကြပြီ။ ဒါ ဘယ်သူ့အပြစ်ရှိရဦးမလဲ။ ခါတိုင်း ပြစ်တင်ဖေဖန်နေကျ မြန်မာအစိုးရပဲ ဆက်ပြောကြတာပေါ့။ ရိုးရာမပျက်လေ။ ကိုယ်တွေက လွန်စွာမှပင် စိုးရိမ်ပူပန်မိပါကြောင်းလို့ ဟစ်လိုက်ရင် ဘာတာဝန်မှ မရှိတော့ဘူး။
တကယ်တော့ အဲ့သလောက်တောင် ထမင်းရည်ပူလာ လျှာလွှဲစရာ မလိုပါဘူး။ လှေတော်သားမောင်ရို့ မြန်မာလိုတတ်သလား မေးလိုက်၊ တတ်ရင် ဘာမှမလုပ်နဲ့ အစီးလိုက် သည်ပြန်ပို့။ သူတို့ရပ်ရွာ မှည့်တစ်ပေါက်မစွန်းပဲ ရောက်စေရမယ်။ ဘယ့်နှယ်လဲ။ ပြန်လာမလား မေးကြည့်လိုက်။ သည်ပြန်ရမှာစိုးလို့ မြန်မာတွေက သူတို့ကို သတ်ပါလိမ့်မယ်လို့ မူလကျီသွန်နီလုပ်နေတာကို ယုံရင်လည်း ကုလသမဂ္ဂမဟာဝန်ရှင်တော်မင်းကြီးကိုယ်တိုင် ဦးစီးလို့ မောင်းတောအရောက် ပို့တော်မူ။ နောက်တစ်ခေါက်ပြန်ထွက်ရင် နောက်တစ်ခေါက် ပြန်ပို့ကြေး။ ကိုယ်က အဲသည်အလုပ် လုပ်နေတယ် မဟုတ်လား။ စိုးရိမ်မကင်းဘူးဆို။ ပို့မယ့်ပို့ ကူးတို့ရောက်အောင်သာ ပို့ခဲ့ပါလေ။ ခမျာများ သနားစရာ။ နိုင်ငံတကာက မူဆလင်ညီနောင်အချင်းချင်းတွေ ညှာတာထောက်ထားလို့ အကူအညီများ မစချင်ပါတယ်ဆိုလည်း သာဓုပါမောင်။ နောင်လာနောက်သားများအတွက်ပါ ပိုပိုသာသာလေး လှူခဲ့တန်းခဲ့ပါ။ တစ်ယောက်ကယ်လိုက်ရင် ဆယ်ယောက်ထပ်ထွက်လာမှာဆိုတော့
ညောင်စေ့လောက်လှူပြီး ညောင်ပင်ကြီးလောက် ကုသိုလ်ရပါလိမ့်မယ်။ သည်လိုမှ မဟုတ်ပဲ ဘယ်သူတွေ ဘာလုပ်လုပ် မြန်မာအစိုးရကိုမှ အားရပါးရ ကလော်တုပ်ချင်တာဆိုရင်တော့ ဘရားဗိုး ဝမ်းစမိုး တခဲနက်ကို ထောက်ခံအားပေးပါတယ်။ ဘယ်သူမှ မဆဲလည်း ကိုယ့်ဘာသာကိုယ် ဆဲနေရတာ အာတောင်ညောင်းလာပြီ။ ခများတို့ တလှည့်ဆဲတော့ ကျုပ်တို့ အနားရတာပေါ့။ ကိုယ့်ရဲ့ ကြိုးစားမှုကြောင့် တစ်ခုခု အရာထင်လောက်အောင် ပြောင်းလဲသွားလိမ့်မယ်လို့တော့ ကိုယ့်ကိုယ်ကိုယ် အထင်မကြီးလိုက်ပါနဲ့လေ။ ကုလသမဂ္ဂဆိုတာတောင် ဘယ်သူကမှ ဖင်ကြားမညှပ်တော့တာ ကြာပေါ့။ မနက်ဖြန်ကျ လှေတစ်စီး ထပ်ဆိုက်လာဦးမှာ။ သည်တစ်ခါ ဘယ်တွန်းထုတ်ကြမလဲ စဉ်းစားထား။
0 comments:
Post a Comment