Thursday, May 28, 2015

ဒူးကျီးပေါင်းအဆင့်-ဒူးခွင်ဒူးကားခြင်း


ဒူးနာခြင်းဖြစ်ပြီးမကြာခင်မှာဒူးကျီးပေါင်းဆိုတာ ဖြစ်လာတတ်ပါတယ်။အထူးသဖြင့် ဒူးနာချိန်ပျောက်ကင်း သည်အထိကုသမှု မရနိုင်သူများ၊ တလွဲကုသမှု ခံနေရသူများ ဂရုစိုက်မှုနဲပါးသူတွေ အနေနဲ့ ကျီးပေါင်း အဆင့်ကိုမလွဲမသွေရောက်ကြမှာဖြစ်ပါတယ်။ကျီးပေါင်းဖြစ်ပေါ်မှုကလဲအဆစ်တို့ရဲ့ပျက်စီးမှုပေါ်မှာပဲမူတည်ပါတယ်။လိမ်ညာဟန်ဆောင်မရတဲ့ဝေဒနာပါ။ အဆစ်တို့ရဲ့ပျက်စီးမှုက များခဲ့ရင် ကျီးပေါင်းအဆိုင်အခဲဖြစ်ဘို့က မြန်ပြီးများတတ်ပါတယ်။
ပျက်စီးမှုများတဲ့နေရာအစိပ်အပိုင်း ကနေပြီး ကျီးပေါင်းအရည်တွေကထွက်ရှိမှုက ပိုများတတ်တာမို့ကျီးပေါင်းအဆိုင်အခဲကလဲ ပိုများပါတယ်။ အဆိုင်အခဲ ဖြစ်တာများတဲ့နေရာ မှာအဆစ်ရဲ့တည်ဆောက်မှုပုံစံ တွေက ပိုပြီးအရုပ်ဆိုးတတ်ပါတယ်။ ပုံမှာပါတဲ့အတိုင်း ဒူးက အပြင်ကိုကားထွက်ပြီး ခြေဖျားက အထဲကိုဝင်သွားရာက ဒူးခွင်နေတဲ့ ပုံဖြစ်နေတာကို သတိထားမိမယ်ထင်ပါတယ်။ အရှေ့ကကြည့်ရင် ဒူးရဲ့အပြင်က အဆစ်ကြားမှာ ကျီးပေါင်းခုပြီး တွန်းခံထားသလို ဖြစ်နေတဲ့ ခြေဖျားတွေ အတွင်းပိုင်းဝင်သွားပြီး ဒူးကခွင်သွားတာဖြစ်သလို တကယ်လို့ အဆစ်ရဲ့အတွင်းကကျီးပေါင်းခံခဲ့ရင်ခြေဖျားတွေကအပြင်ကိုကားထွက်သွားမှာဖြစ်ပါတယ်။အနောက်တိုင်းနည်းကတော့ခွဲစိပ်ပြီး ကုကြမှာဖြစ်ပါတယ်။အခု ရိုးရာနည်းနဲ့ကုသရာမှာတော့ ရောဂါရဲ့ အတိမ်နက်ပေါ် မူတည်ပြီး နဂိုပုံစံကို ရက်တိုတိုနဲ့ ပြန်ရောက်နိုင်ပါတယ်။ပျောက်သွားကောင်းသွားတဲ့သူတွေကမနဲ တော့ပါဘူး။ဒီလိုပါပဲ ဖြစ်တုံးကဖြစ်ကြပြီး ကောင်းသွားတော့လဲ ဘာမှမဖြစ်ခဲ့သလို တခါက တဘ၀ လိုပါပဲ။ဒူးနာတာကို တသက်လုံးဒီလိုပဲသွားတော့မယ်လို့နားလည်ခံယူထားသူတွေကို သိစေချင်တာပါ။လူဖြစ်ရှုံးသလိုခံစားနေရတဲ့ သူတွေလိုပါပဲဒီရောဂါပျောက်သွားမယ်လို့ဆိုချင်ပါတယ်။ပျောက်တဲ့သူလဲမနဲတော့ပါဘူး။ဝေဒနာရှင်တို့ကြားဘို့သိဘို့ပဲ လိုအပ်ပါတယ်။ မကြာခင်မှာ ဒူး အသံမြည်နေတဲ့သူ တွေတွက် အဆစ်အားဖြည့်အဆီ ရရှိမှာဖြစ်ပါတယ်။ချဉ်ဆီခမ်းသူတွေကအသံမြည်တတ်ပါတယ်။နောက်မကြာခင်မှာဒူးနာတာကိုဖြစ်လာမှာပါ။ဒူးနာတာကြာလာရင်ဒူးကျီးပေါင်း ကဆက်ဖြစ်လာမှာဖြစ်ပါတယ်။အထူးဆင်ခြင်ရမှာကတော့အဆစ်ကြောင့် နာတာမှန်ရင် ပြင်းထန်တဲ့လှုပ်ရှားမှုကိုရှောင်ရမှာဖြစ်ပါတယ်။
ဆက်လက်ဖေါ်ပြပါမည်
အောင်စံမှီ(၀၉၄၉၈၀၇၃၃၇)
အမည်
အသက်နေရပ်ခံစားနေရတဲ့ဝေဒနာတွေကိုချန်မထားပဲချက်ဘောက်မှာဖြစ်သမျှရေးတင်ထားပါ။လိုင်းကောင်းတာနဲ့အဖြေနဲ့လိုအပ်တာကိုရေးထားပေးပါမယ်။အမ်အာအိုင်။အိပ်စရေးရှိသူကလဲဓါတ်ပုံရိုက်ပြီးတင်ထားပေး နိုင်ပါတယ်။ comment -အတွင်းဝင်ရောက်ရေးသားခြင်းမေးမြန်းခြင်းမပြုပါရန်နှင်း ချက်ဘောက်မှာ၊ ၀င်ရေးဘို့ အသိပေးပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...